Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
ဖေဖေ မေမေတို့က ကလေးတွေရဲ့ အခြေခံကျင့်ဝတ်တွေ၊ ဘာသာရေးဓလေ့ထုံးစံတွေ၊ ပညာရေးဆိုင်ရာရွေးချယ်မှုတွေစတဲ့ သူတို့လေးတွေရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ကြပါတယ်။ ဆယ်ကျော်သက် ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်လှုပ်ရှားမှုဆိုင်ရာ တိုးတက်မှုများအတွက် မိဘများရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။

ဘယ်လို အခန်းကဏ္ဍတွေလဲဆိုတာ အိမ်အိမ်နဲ့ အတူတူ လေ့လာကြည့်ရအောင်

၁. မိဘများဟာ ကလေးတွေရဲ့ အလေ့အကျင့်ကောင်းများအတွက် စံပြပုဂ္ဂိုလ် တွေဖြစ်ကြပါတယ်။

▪ ဆယ်ကျော်သက်အရွယ်တွေမှာ မိဘများရဲ့အပြုအမူတွေကို အသိစိတ်ကဖြစ်စေ၊ မသိစိတ်ကဖြစ်စေ ကလေးငယ်တွေက လိုက်လံတုပနိုင်ပါတယ်။ ဒါကြောင့် မိဘတွေဟာ ကလေးငယ်တွေရဲ့ စံပြ ပုဂ္ဂိုလ်တွေဖြစ်လာကြပါတယ်။ ဒီချိန်မှာ မိဘတွေအနေနဲ့ စံပြကောင်းတွေ ဖြစ်နေဖို့အရေးကြီး ပါတယ်။ ဒါမှပဲ သူတို့လေးတွေရဲ့ ရှေ့လျှောက်အနာဂတ်ကို အလေ့အကျင့်ကောင်းတွေနဲ့ ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

၂. ကျန်းမာသောလူနေမှုပုံစံတစ်ခုကိုလမ်းညွှန်ပေးရပါမယ်။

▪ မိဘတွေဟာ ကလေးတွေရဲ့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးနိုင်ဖို့ လမ်းညွှန်ရန်အတွက်လည်း နောက်ထပ် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအစာကို စားသောက်ပြီး မှန်ကန်တဲ့ လေ့ကျင့်ခန်း ပမာဏကို လုပ်ဆောင်ဖို့၊ အိပ်ချိန်မှန်ပြီး ပြင်ပနေရောင်ခြည်နဲ့ လေ၀င်လေထွက် မှန်ကန်သော ပမာဏကို ရရှိဖို့ ထိန်းကျောင်းပေးသင့်ပါတယ်။ ကလေးက ကျန်းမာတဲ့ နေထိုင်မှုပုံစံကို လိုက်နာရင် သူ့အတွက် အကျိုးရှိမှာပေါ့။ ဒါကြောင့်လည်း ကျန်းမာသန်စွမ်းပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူတစ်ဦးအဖြစ် ကြီးပြင်းလာပါလိမ့်မယ်။

၃. မိဘများဟာ ဆယ်ကျော်သက်ကလေးတွေအတွက် အကြီးမားဆုံး ပံ့ပိုးကူညီမှုမှာ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလည်းဖြစ်ပါတယ်။

▪ စိတ်ပိုင်းဆိုင်ရာ အားနည်းနေချိန်မှာ ကလေးကို ကူညီမယ်ဆိုရင် ကလေးတစ်ယောက်အနေနဲ့ မိဘများရဲ့ ပံ့ပိုးကူညီမှုရရှိတယ်လို့ ခံစားရမှာဖြစ်ပါတယ်။ မိဘတွေဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုရရှိတဲ့ ကလေးက စိတ်ပိုင်းဆိုင်ရာ အားကောင်းလာတတ်ပါသေးတယ်။ ဆယ်ကျော်သက်လို နုနယ်တဲ့အရွယ်မှာ ကလေးဟာ စိတ်ပိုင်းဆိုင်ရာ ပိုပြီးအားနည်းလာတတ်တာကြောင့် မိဘတွေရဲ့ ပံ့ပိုးကူညီမှုက ကလေးကို ပိုသန်မာစေပါတယ်။

ဒါတွေကတော့မိဘတွေအနေနဲ့ ဆယ်ကျော်သက်ကလေးတွေကြီးပြင်လာတဲ့အခါမှာကောင်းမွန်စွာ လမ်းပြထိန်းကျောင်းပေးနိုင်မဲ့ အချက်တချို့ ဖြစ်ပါတယ်။
ဒီထက်ပိုပြီးများများသိချင်ရင်တော့ https://www.growkido.com/role-of-parents-in-adolescence-period/ မှာဝင်ဖတ်ကြည့်ဖို့ အိမ်အိမ်က အကြံပေးချင်ပါတယ်။
ဒါဆိုနောက်မှ ပြန်တွေ့ကြမယ်နော်။

#MOE #NUG #MBEH #Parents #Role #Myanmar #Education
❤97👍92🔥5👎4