Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
နေအိမ်အခြေပြုပညာသင်ယူခြင်း အစီအစဉ်မှာ ကျောင်းသူ၊ ကျောင်းသားတွေထိရောက်စွာ ပညာသင်ကြားနိုင်ဖို့ လုပ်ဆောင်ရမယ့်အချက်လေးတွေကို အိမ်အိမ်က ပြောပြပေးမယ်နော်။

Read More > https://www.facebook.com/BE.moeNUG/posts/133804928954039
👍11
စင်္ကာပူနိုင်ငံ ရဲ့ နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) စနစ်

https://www.facebook.com/102412615426604/posts/134337532234112/?d=n

#MOENUG #HomeBasedLearning #Myanmar
👍4❤1
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-1)

တိုးတက်လာတဲ့ခေတ်နဲ့အညီ ကွန်ပျူတာတွေ ခေတ်အဆက်ဆက် ပြောင်းလဲတိုးတက်လာတဲ့အကြောင်းကို "အိမ်အိမ်"က ပြောပြပေးဖို "လုံးလုံး" ကို ဖိတ်ခေါ်ထားပါတယ်။ "လုံးလုံး" ကိုနှုတ်ဆက်လိုက်ပါအုံး!

▪️ ကွန်ပျူတာတွေရဲ့ တီထွင်မှုအစကဘာလဲ?
▪️ ကွန်ပျူတာတွေ ဘယ်လိုအလုပ်လုပ်သလဲ?
▪️ ကွန်ပျူတာကို ဦးဆုံးတီထွင်ခဲ့သူဟာ ဘယ်သူတွေလဲ?
▪️ ကွန်ပျူတာတွေရဲ့ လုပ်မှုအဆင့်ဆင့်အသေးစိတ်နဲ့ ကွန်ပျူတာဟာ လူသားတွေကို ဘယ်လိုအကျိုးရှိတဲ့ အကူအညီတွေပေးခဲ့လဲ ? ဆိုတာတွေကို ခု videoလေးမှာ ကြည့်ရှူနိုင်ပါတယ်။

သူငယ်ချင်းတိုရေ ဒီလိုဗဟုသုတရဖွယ် "Basic Computer Knowledge For Kids" Video Series လေးကို အပတ်စဉ် စနေနေ့ည (၈) နာရီတိုင်း ဒီ Page ကနေ "လုံးလုံး" က တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူဖိုမမေ့ပါနဲ့နော်…

#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍12❤8
အားလုံးပဲ မင်္ဂလာပါ။ပထမဦးစွာ နေအိမ်အခြေပြုသင်ယူခြင်း အစီအစဉ်မှာ ပါဝင်ကူညီပေးမယ့် ဆရာ၊ဆရာမအားလုံးကို လှိုက်လှဲစွာအထူးကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

▪ ဆရာ၊ဆရာမဆိုတာ ကျောင်းသူ၊ကျောင်းသားလေးဆိုတဲ့ ပန်းကလေးတွေကို ပွင့်လန်းလာအောင် သေချာပြုစုပျိုးထောင်ပေးတဲ့ ဉယျာဉ်မှုးတွေပဲဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်ကို ကောင်းမွန်တဲ့အတတ်ပညာတွေလမ်းပြသင်ကြားပေးနိုင်ဖို့အတွက် ကိုယ်တိုင်က ရှိသင့်ရှိထိုက်တဲ့ ပညာဝမ်းစာပြည့်နေဖို့ လိုအပ်ပါတယ်။ ဒါမှသာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကျောင်းသားကျောင်းသူလေးတွေအပေါ် အကောင်းမွန်ဆုံးလမ်းပြပေးနိုင်မှာပါ။
▪ ဒီလိုလမ်းပြသင်ကြားပေးနိုင်အောင် ဆရာမတွေကို Teacher Educationဆိုင်ရာ အသိပညာ Webinarတွေ အပတ်စဉ်စနေနေ့တိုင်း မျှဝေပေးနေပါတယ်။ မိမိမှာရှိတဲ့ အရည်အချင်းတွေကိုလည်း ပိုတိုးတက်အောင်ပြင်ဆင်ထားပြီးသားဖြစ်သလို၊ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေကိုလည်း စည်းစနစ်ကျစွာပိုပြီး သင်ကြားပြသပေးနိုင်အောင်လို့ ဒီအစီအစဉ်မှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ပါရစေ။
Read More > https://www.facebook.com/BE.moeNUG/posts/136397558694776

#MOENUG #HomeBasedLearning #Myanmar
👍9
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-2)

သူငယ်ချင်းတို့ရေ ဒီတစ်ပတ်မှာလည်း လုံးလုံးက နောက်ထပ် ကွန်ပျူတာနဲ့ပတ်သက်တဲ့ ဗဟုသုတရဖွယ်တွေကို ထပ်ပြီးပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Episode-2 မှာတော့…

◼ကွန်ပျူတာဆိုတာဘာလဲ?
◼ကွန်ပျူတာကို အသုံးပြုပြီး ဘယ်လိုအရာတွေ လုပ်ဆောာင်နိုင်မလဲ?
◼နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ ကွန်ပျူတာပစ္စည်းတွေက ဘာတွေလဲ?
◼ကွန်ပျူတာကို ဘယ်လိုဖွဲ့စည်းထားသလဲ?
◼Hardware ဆိုတာ ဘာလဲ?
◼Software ဆိုတာ ဘာလဲ? ဆိုတာတွေကို ကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။

“Basic Computer Knowledge For Kids” Video Series လေးကို လုံးလုံးက အပတ်စဉ် စနေနေ့ ည (၈) နာရီတိုင်း ဒီ Page မှာ တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှူဖို့ မမေ့ပါနဲ့နော်...

#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍15❤4
Media is too big
VIEW IN TELEGRAM
Basic Computer Knowledge For Kids (Episode-3)
သူငယ်ချင်းတို့ရေ ဒီတစ်ပတ်မှာလည်း လုံးလုံးက နောက်ထပ် ကွန်ပျူတာတွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေ အကြောင်းကို လေ့လာကြည့်လိုက်ရအောင်
ဒီ Episode-3 မှာတော့…
◼Input Devices, Output Devices, Storage Devices စတဲ့အကြောင်းတွေကြည့်ရှူနိုင်မှာပဲ ဖြစ်ပါတယ်။
ဒီ Video Series လေးကို လုံးလုံးက အပတ်စဉ် စနေနေ့ ည (၈) နာရီတိုင်း မှာ တင်ဆက်ပေးသွားမှာဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှူဖို့ မမေ့ပါနဲ့နော်...
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
❤4
Media is too big
VIEW IN TELEGRAM
နေအိမ်အခြေပြု ပညာသင်ယူခြင်း အစီအစဉ်တွင် မိဘ၊ အုပ်ထိန်းသူများအနေဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် အချက်များ

#MOENUG #HomeBasedLearning #Myanmar
👍8
နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
========
နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ်မှာ ကလေးငယ်များ နေအိမ်တွင် လုံခြုံ၊ လွတ်လပ်၊ ပျော်ရွှင်စွာ ပညာဆက်လက်သင်ယူနိုင်ဖို့အတွက် မိဘအုပ်ထိန်းသူတွေက ဘယ်လိုနည်းလမ်းတွေနဲ့ ပံ့ပိုးကူညီပေးသင့်သလဲဆိုတာကို အိမ်အိမ်က ပြောပြပေးသွားမှာဖြစ်ပါတယ်။
👍11
ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (International Day of Democracy) ကို အိမ်အိမ်နဲ့အတူ ကြိုဆိုကြရအောင်နော်..
လွတ်လပ်မှုရဲ့တန်ဖိုးနဲ့ လူ့အခွင့်အရေးကိုလေးစားခြင်း၊ လူတန်းစားပေါင်းစုံ မဲပေးခွင့်ရှိပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲကို သက်မှတ်ကာလအတိုင်း ကျင်းပခြင်းတို့ဟာ ဒီမိုကရေစီရဲ့ မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။ ၎င်းတို့ကို အခြေခံ၍ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် နိုင်ငံများမှ မိမိတို့၏ ဒီမိုကရေစီ ကျင့်သုံးမှုခရီးစဥ်ကို ပြန်လည်သုံးသပ်မှုများ ပြုလုပ်လေ့ရှိပါတယ်။
သူငယ်ချင်းတို့လဲ ဒီနေ့မှာ ဒီမိုကရေစီရဲ့တန်ဖိုးတွေကို အချင်းချင်းဆွေးနွေးတာ (သို့) မိမိဘာသာပြန်သုံးသပ်ပြီး ဖြတ်သန်းနိုင်ပါစေလို့ အိမ်အိမ်ကဆုတောင်းပေးလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤8👍4
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ကြားကာလနေအိမ်အခြေပြုသင်ယူခြင်းပညာရေးအစီအစဉ်တွင် ပါဝင်သင်ယူနိုင်မယ့် အတန်းများကတော့
◼KG
◼Grade 1 (သင်ရိုးသစ်)
◼Grade 2 (သင်ရိုးသစ်)
◼Grade 3 (သင်ရိုးသစ်)
◼Grade 4 (သင်ရိုးသစ်)
◼Grade 6 (သင်ရိုးသစ်)
◼Grade 7 (သင်ရိုးသစ်)
◼Grade 8 (သင်ရိုးဟောင်း)
◼Grade 9 (သင်ရိုးဟောင်း)
◼Grade 10 (သင်ရိုးသစ်)
◼Grade 11 (သင်ရိုးဟောင်း) တို့ပဲ ဖြစ်ပါတယ်။

https://www.facebook.com/BE.moeNUG/posts/142875494713649
👍33❤11🔥3👎2
Media is too big
VIEW IN TELEGRAM
သူငယ်ချင်းတို့ရေ ဒီတစ်ပတ် စနေနေ့မှာတော့ ကွန်ပျူတာတစ်လုံး အလုပ်လုပ်ဆောင်ဖို့အတွက် ဘယ်စက်ပစ္စည်းကိရိယာတွေက ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ပေးနေသလဲဆိုတာကို ပြုံးပြုံးက မျှဝေပေးသွားမှာဖြစ်ပါတယ်။ ဒီ Episode-4 မှာတော့… ◼ကွန်ပျူတာတစ်လုံးရဲ့ အတွင်းအစိတ်အပိုင်းတွေက ဘာတွေလဲ?? ◾️အတွင်းအစိတ်အပိုင်းတွေက ဘယ်လိုအလုပ်လုပ်ကြသလဲ? ဆိုတာကို အသေးစိတ်ပြောပြပေးသွားမှာ ဖြစါပါတယ်။ နောက်တစ်ပတ် စနေနေ့မှာလည်း ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို ပြုံးပြုံးက ထပ်ပြောပြပေးမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှူဖို့မမေ့နဲ့နော် သူငယ်ချင်းတို့ရေ…
#MOENUG #HomeBasedLearning #Myanmar #Basic #Computer
👍19❤2