Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
Forwarded from BECA Public FAQ
Media is too big
VIEW IN TELEGRAM
"BECA ဝင်ရောက်ဖြေဆိုနည်းအဆင့်ဆင့်လမ်းညွှန်ဗီဒီယို (‌Computer Version)" အသိပေးထုတ်ပြန်ခြင်း

၂၀၂၄ ခုနှစ်၊ အွန်လိုင်းအခြေပြု အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း
(Basic Education Completion Assessment, BECA) ဝင်ရောက်ဖြေဆိုရန် Computer ဖြင့်
Moodle LMS အကောင့်ကိုအသုံးပြုပြီး BECA ဝင်ရောက်ဖြေဆိုနည်းအဆင့်ဆင့် Computer Version ရှင်းလင်းချက်ဗီဒီယိုကို အသိပေးထုတ်ပြန်အပ်ပါသည်။

BECA ဆိုင်ရာ ဆက်သွယ်မေးမြန်းနိုင်မည့်နေရာများ

1. Channel 1 
BECA Official Email >> enquiry@be.moeedu.org

2. Channel 2 
BECA Official Email >> beca.info@be.moeedu.org 

BECA နှင့်စပ်လျဉ်း၍ မကြာခဏ စုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >> https://t.me/BECApublicFAQ

#NationalUnityGovernment #NUG #Ministryofeducation #NUGMOE #BECA #MBEH #Myanmar
❤20👍7
Forwarded from BECA Public FAQ
📣 📣 📣 ၄-၁၂-၂၀၂၄ 📣 📣 📣

"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (ဒသမတန်း စနစ်ဟောင်း) ဖြေဆိုခြင်းဆိုင်ရာ အွန်လိုင်း ဖြေဆိုသူကျောင်းသား/သူများလိုက်နာရန် စည်းကမ်းချက်များ ရှင်းလင်းခြင်းအစီအစဉ်" ကို

BECA ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအားရည်ရွယ်၍ ၄-၁၂-၂၀၂၄ ရက်နေ့တွင် ထပ်မံစီစဉ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

တက်ရောက်လိုသောကျောင်းသားများအနေဖြင့် Meeting Link ကို https://mes.moeedu.org တွင် မိမိကိုယ်ပိုင် ID , Password ဖြင့်ဝင်ရောက်၍ ပင်မစာမျက်နှာတွင် ရယူနိုင်ပါကြောင်း ကြေညာအသိပေးနှိုးဆော်အပ်ပါသည် ။
👍39❤7🔥1
Forwarded from BECA Public FAQ
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA Online)
ဖြေဆိုမည့်ကျောင်းသား/သူများ လိုက်နာရန် စည်းကမ်းချက်များကို အသိပေးကြေညာခြင်း"

၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်ဟောင်း ဒသမတန်း) ၏နောက်ဆုံးအကြိမ် ဖြေဆိုနိုင်သည့်ကာလသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်မှ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) နေ့အထိ ဖြစ်ပါသဖြင့် အင်တာနက်ရှိပြီး ဘေးကင်းလုံခြုံသည့် နေရာတွင် အွန်လိုင်းဖြေဆိုသူများလိုက်နာရန်

၁။ စည်းကမ်းချက်များ (၁၆) ချက်
၂။ ဖြေဆိုခွင့်
၃။ BECA ဆိုင်ရာ တရားဝင်ဆက်သွယ်မေးမြန်းနိုင်မည့် ဆက်သွယ်ရန်နေရာများကို

သိရှိနိုင်စေရန် ကြေညာအသိပေး‌ထုတ်ပြန်အပ်ပါသည်။

#NUGMOE
#BECA
#BasicEducationCompletionAssessment
#MBEH
#MyanmarBasicEducationHome
❤46👍34
"Merry Christmas"
December 25

အိမ်အိမ်ရဲ့ သူငယ်ချင်းလေးတွေနဲ့ ပြည်သူများအားလုံး ခရစ်စမတ်အခါသမယလေးမှာ ဘေးဘယာတွေ‌ဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာ လိုရာပန်းတိုင်တွေဆီကို အရောက်လှမ်းနိုင်ပါစေလို့ အိမ်အိမ်က ဆုမွန်ကောင်းပို့သအပ်ပါတယ်။

#NUGMOE
#MBEH
#MerryChristmas
❤134👍8
''ကရင်နှစ်သစ်ကူးနေ့''
(ပြာသိုလဆန်း ၁ ရက်)

မင်္ဂလာပါ သူငယ်ချင်းတို့ရေ

ဒီနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ပြာသိုလဆန်း ၁ ရက်ဟာ အိမ်အိမ်တို့ရဲ့သူငယ်ချင်း ကရင်လူမျိုးတွေရဲ့ "ကရင်နှစ်သစ်ကူးနေ့" ပဲ ဖြစ်ပါတယ်။

"ကရင်နှစ်သစ်ကူးနေ့" လေးကို ကြိုဆိုဂုဏ်ပြုရင်းနဲ့ပဲ အိမ်အိမ်တို့ရဲ့သူငယ်ချင်းတွေအားလုံး စည်းလုံးညီညွတ် ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ အမြန်ဆုံးရောက်ရှိကြစေဖို့ ပြည်သူ့ဘုံရန်သူ အကြမ်းဖက်စစ်တပ်ကို အမြန်ဆုံး တွန်းလှန်ဖြိုချကြပါစို့နော် ✊✊✊✊✊

#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်ကိုအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
#ကရင်နှစ်သစ်ကူးနေ့
❤147👍11🔥2
''ကချင်ပြည်နယ်နေ့''
(ဇန်နဝါရီ ၁၀ ရက်)

သူငယ်ချင်းတို့ရေ
ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်နေ့ဟာ အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ ကချင်တိုင်းရင်းသားတို့ အလေးအမြတ်ထားရာ (၇၇) နှစ်မြောက် "ကချင်ပြည်နယ်နေ့" ပဲ ဖြစ်ပါတယ်။

ကချင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေနဲ့အတူတူ အိမ်အိမ်တို့အားလုံး လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမြန်ဆုံးရရှိအောင် ဆက်ပြီးလက်တွဲအားထုတ်သွားကြဖို့ ကချင်ပြည်နယ်‌နေ့ကို ဂုဏ်ပြုကြိုဆိုရင်း တိုက်တွန်းနှိုး‌ဆော်လိုက်ပါတယ်နော်။

#အရေးတော်ပုံအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#ကချင်ပြည်နယ်နေ့
❤127👍16🔥1
"တအာင်းအမျိုးသားတော်လှန်ရေးနေ့"
(ဇန်နဝါရီ ၁၂ ရက်)

ဒီနေ့ကျရောက်တဲ့ "တအာင်းအမျိုးသားတော်လှန်ရေးနေ့" ဟာ (၆၂) နှစ်မြောက် ဖြစ်ပါတယ်။

အိမ်အိမ်တို့လည်း တအာင်းသွေးသားညီအစ်ကို‌၊ မောင်နှမတို့နဲ့အတူ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် အတူတူလျှောက်လှမ်းကြပါစို့ ။

#အရေးတော်ပုံအောင်ရမည်

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
❤100👍13
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁/၂၀၂၅)
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်)

"ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE
❤45👍11
''နာဂနှစ်သစ်ကူးနေ့''
(ဇန်နဝါရီ ၁၅ ရက်)

သူငယ်ချင်းတို့ရေ
ဒီနေ့ ဇန်နဝါရီလ (၁၅) ရက်နေ့က အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ နာဂလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။

🎯 နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အရင်က ရွာအလိုက်ကျင်းပခဲ့ကြပြီး ၁၉၅၇ မှာ မြို့နယ်အဆင့်နဲ့ ၁၉၉၀ ပြည့်နှစ်မှာ နာဂမျိုးနွယ်စုအကြီးအကဲတွေရဲ့ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြပါတယ် ။ ပွဲတော်အတွင်းမှာလည်း “အာဟေး၊ အာဟေး” ဆိုတဲ့ မြန်မာဘာသာအရ “ကောင်းချီးမင်္ဂလာရှိပါစေ” ဆိုတဲ့ စကားနဲ့ နာဂလူမျိုး ညီအစ်ကိုမောင်နှမများက ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပျော်ရွှင်စွာဆင်နွှဲလေ့ ရှိကြပါတယ်။

အိမ်အိမ်က ဒီနေ့မှာကျရောက်တဲ့ "နာဂနှစ်သစ်ကူးနေ့" ကို ဂုဏ်ပြုရင်း အိမ်အိမ်တို့နဲ့အတူ တရားမဝင်စစ်ကောင်စီရဲ့ ဆိုးယုတ်တဲ့စနစ်ဆိုးကို လက်တွဲတော်လှန်နေကြတဲ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။

#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#နာဂနှစ်သစ်ကူးနေ့
❤59👍16🔥1
Forwarded from BECA Public FAQ
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၂/၂၀၂၅)
၁၃၈၆ ခုနှစ်၊ ပြာသိုလဆုတ် ၄ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း)
နှင့်စပ်လျဉ်း၍ အများပြည်သူသို့ အသိပေးတင်ပြခြင်း"


#NUG #NUGMOE #BECA #Grade12
❤53👍30
Forwarded from BECA Public FAQ
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] စနစ်ဟောင်း ဒသမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်‌ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) စနစ်ဟောင်း ဒသမတန်း" ဖြေဆိုခွင့်သည် လာမည့် "၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့" တွင် သုံးလတာ‌ဖြေဆိုခွင့် သတ်မှတ်ကာလပြည့်မည်ဖြစ်သောကြောင့် ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ (၁) လ" သာ ကျန်ရှိတော့ပါကြောင်း
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

#NUG #MOENUG #MBEH #BECA
#HomeBasedLearning #Myanmar
❤33👍11🔥1
"နွေဦးတော်လှန်ရေးနေ့ "
Spring Revolution Day
(ဖေဖော်ဝါရီလ ၃ ရက်)

အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရေ ...
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က မတရားအာဏာသိမ်းခဲ့တယ်။ ဒါကြောင့် တရားမျှတမှုကို မြတ်နိုးတဲ့ ပြည်သူလူထုတစ်ရပ်လုံးဟာ မတရားမှုကြီးကို ဆန့်ကျင်ဆန္ဒပြမှုတွေ စတင်ခဲ့တယ်။ လှုပ်ရှားမှုတွေ ပိုမိုအားကောင်းလာတဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ဟာ "နွေဦးတော်လှန်ရေးနေ့" ဖြစ်လာခဲ့တယ်။

"နွေဦးတော်လှန်ရေး နေ့"ဟာ အာဏာရှင်အမြစ်ဖြတ်ဖို့ အိမ်အိမ်တို့ အတွက်အားမာန်ဖြစ်စေတဲ့ သမိုင်းတွင်နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ သတ္တိ၊ အနာဂတ်မျိုးဆက်အတွက် စွန့်လွှတ်အနစ်နာခံနိုင်မှုနဲ့ စည်းလုံးညီညွတ်မှုတွေအတွက် ကိုယ်စားပြုတဲ့ "နွေဦးတော်လှန်ရေးနေ့"ကို ဂုဏ်ပြုကြမယ်နော် သူငယ်ချင်းတို့ရေ...။

#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#နွေဦးတော်လှန်ရေးနေ့
❤151👍9🔥1
"ကမ္ဘာ့ကင်ဆာနေ့ "
(World Cancer Day)
ဖေဖော်ဝါရီလ ၄ ရက်နေ့

အိမ်အိမ်ရဲ့ သူငယ်ချင်းတို့ရေ ...
ဒီနေ့ဟာ "ကမ္ဘာ့ကင်ဆာနေ့"ဖြစ်တယ်။
"ကမ္ဘာ့ကင်ဆာနေ့"ဟာ ကမ္ဘာတစ်ဝန်းကို ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အသိပညာမြှင့်တင်ရေးနဲ့  ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများကို အားပေးဖို့  ရည်ရွယ်ပြီး နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကျင်းပလေ့ရှိကြပါတယ်။

ဒီနှစ် ၂၀၂၅ ခုနှစ် "ကမ္ဘာ့ကင်ဆာနေ့"အတွက်" United by Unique"ဆိုတဲ့ ဆောင်ပုဒ်အရ မတူညီတဲ့ လိုအပ်ချက်တွေရှိကြတဲ့ ကင်ဆာရောဂါရှင်တွေ ရဲ့ တမူထူးခြားတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီး တညီတညွတ်တည်း ပူးပေါင်းကာကွယ် တိုက်ဖျက်ကြဖို့ တိုက်တွန်းနေကြတယ်။
"Close the Care Gap " ဆိုတဲ့ ကင်ဆာနေ့ရဲ့ အဓိကခေါင်းစဉ်အတိုင်း  လူတိုင်း လက်လှမ်းမီနိုင်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ရရှိနိုင်ရန် ဆန္ဒပြုရင်း  "ကမ္ဘာ့ကင်ဆာနေ့" ကိုဂုဏ်ပြုကြပါစို့။

#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#WorldCancerDay
❤69👍12
"ကချင်တော်လှန်ရေးနေ့"
(ဖေဖော်ဝါရီလ ၅ ရက်)

ဒီနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ဟာ ကချင်လူမျိုးတိုင်းရင်းသား ညီအစ်ကို‌မောင်နှမ‌တွေရဲ့ သမိုင်းကြောင်းအစဉ်အလာကြီးမားခဲ့တဲ့ "ကချင်တော်လှန်ရေးနေ့" (၆၄) နှစ်မြောက် ဖြစ်ပါတယ်။

ကချင်‌တော်လှန်ရေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေထဲမှာ အစောဆုံးထဲကတစ်ခုဖြစ်ပါတယ်။ ကချင်အမျိုးသားတစ်ရပ်လုံးအပေါ် အခွင့်အရေးဖိနှိပ်မှုတွေ၊ ပင်လုံကတိက၀တ် ဖောက်ဖျက်ပျက်ကွက်မှုတွေကြောင့် စစ်အာဏာရှင်အဆက်ဆက်ကို တော်‌လှန်ဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  ကို ၁၉၆၁ ခု၊ ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီလို စတင်တည်ထောင်ခဲ့တဲ့နေ့ကို "ကချင်တော်လှန်ရေးနေ့" အဖြစ်သတ်မှတ်ပြီး နှစ်စဉ်အခမ်းအနားများနဲ့ အလေးအနက်ကျင်းပကြပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို ရွပ်ရွပ်ချွံချွံ တော်လှန်ခဲ့၊ တော်လှ‌န်‌နေဆဲဖြစ်တဲ့ ကချင်‌သွေးချင်းတို့ရဲ့ တော်လှန်ရေးနေ့ကနေ အားအင်သစ်လောင်းရင်း တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို အရောက်လှမ်းနိုင်ပါစေကြောင်း အိမ်အိမ်က ဆုတောင်းကြိုဆိုလိုက်ပါတယ်။

#NUG #MOENUG #MBEH
❤82👍10
ရှမ်းအမျိုးသားနေ့ (ရှမ်းပြည်နယ်နေ့)
(ဖေဖော်ဝါရီလ ၇ ရက်)

ဒီနေ့က ဖေဖော်ဝါရီ (၇) ရက်၊ (၇၈) ကြိမ်မြောက် "ရှမ်းအမျိုးသားနေ့ (ဝါ) ရှမ်းပြည်နယ်နေ့" ပဲဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၆) ရက်ကနေ (၁၂) ရက် အတွင်း ကျင်းပတဲ့ ပင်လုံညီလာခံမှာ ရှမ်းအမျိုးသားသီချင်းနဲ့ ဝါ စိမ်း နီ ရှမ်း အမျိုးသား အလံတော်ကို အသိအမှတ် ပြုခဲ့ပြီး ဖေဖော်ဝါရီ (၇) ရက်နေ့ကို ရှမ်းအမျိုးသားနေ့ ၊ ဖေဖော်ဝါရီ (၁၂) ရက်ကို ပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့အဖြစ် ပြဋ္ဌာန်းသတ်မှတ်ခဲ့ပါတယ် သူငယ်ချင်းတို့ရေ။

၁၉၆၂ ခုနှစ်မှာ အစိုးရက "ရှမ်းပြည်နယ်နေ့" လို့ပြောင်းလဲခဲ့ပေမဲ့လည်း ရှမ်းပြည်နယ်က တိုင်းရင်းသားသွေးချင်းတွေကတော့ "ရှမ်းအမျိုသားနေ့" အဖြစ်ကျင်းပတာက ပိုမိုသင့်တော်တယ်လို့ ဆိုကြပါတယ်။

အိမ်အိမ်တို့မြန်မာနိုင်ငံအတွင်း နေထိုင်တဲ့တိုင်းရင်းသားတွေ အားလုံး ချစ်ခင်စည်းလုံးဖို့ဆိုတာဟာ တစ်ဦးနဲ့တစ်ဦး တန်ဖိုးထားလေးစားဖို့၊ အချင်းချင်း ပိုမိုသိနားလည်ဖို့၊ တန်းတူအခွင့်အရေးများရရှိဖို့ ဆိုတဲ့ အခြေခံလွတ်လပ်ခွင့်တွေ ရှိဖို့လိုပါတယ်။ လွတ်လပ်ခွင့်တွေကိုပိတ်ဆို့တားဆီး‌နေတဲ့ စစ်အာဏာရှင်တွေကိုလည်း လက်တွဲညီညီတွန်းလှန်ကြဖို့ အိမ်အိမ်ကတိုက်တွန်းလိုက်ပါရစေ။

#NUG #MOENUG #MBEH
❤58👍14
This media is not supported in your browser
VIEW IN TELEGRAM
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)]
စနစ်ဟောင်း ဒသမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်ခြင်း"

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်‌ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)" စနစ်ဟောင်း ဒသမတန်းဖြေဆိုခွင့်သည် လာမည့် "၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့" တွင် သုံးလတာ‌ဖြေဆိုခွင့် သတ်မှတ်ကာလပြည့်မည် ဖြစ်သောကြောင့် ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ (၂၀) ရက်" သာ ကျန်ရှိတော့ပါကြောင်း
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ အချိန်မီသတိပြု ဖြေဆိုနိုင်ရန် ထပ်မံကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

#NUG #MOENUG #MBEH #BECA
#HomeBasedLearning #Myanmar
❤37👍3