MZP Japanese Dramas
97.1K subscribers
22 photos
22 links
Download Telegram
Tokyo Salad Bowl (2025)
*

ဂျ
ပန် မှုခင်းစုံထောက်စီးရီးကြိုက်သူတွေအတွက် ကားအသစ်လေး ထွက်လာပါပြီ။ 

ကိုဒါမာရိဆိုတဲ့ကောင်မလေးဟာ တိုကျိုမြို့က နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဌာနမှာ
အလုပ်လုပ်နေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ သူဟာ ဆံပင်အစိမ်းရောင်တောက်တောက်ကို
ဆိုးထားပြီး အမြဲ အားအင်အပြည့်ရှိနေပေမဲ့ ရုံးကအလုပ်တွေထက် အပြင်မှာဖြစ်နေတဲ့
ကိစ္စသေးသေးလေးတွေကို လိုက်လံဖြေရှင်းနေတတ်သူတစ်ယောက်ပေါ့။

မာရိအလုပ်လုပ်တဲ့ရုံးကတော့ တိုကျိုမြို့မှာရှိတဲ့ ဂျပန်မဟုတ်တဲ့ တခြားနေထိုင်သူနိုင်ငံသားတွေရဲ့
ပြဿနာတွေကို လိုက်လံဖြေရှင်းပေးရတဲ့ ရုံးတစ်ခုလည်းဖြစ်ပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာ တရုတ်မလေးတစ်ယောက်က သူ့သူငယ်ချင်းကို ဆက်သွယ်လို့မရဖြစ်နေတာကို
မာရိတစ်ယောက် ကူညီဖြေရှင်းပေးဖို့လုပ်ရင်းနဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဌာနရဲ့ စကားပြန်စင်တာမှာ
အလုပ်လုပ်နေတဲ့ အာရိကီနိုနဲ့တွေ့ဆုံပြီး အမှုကို အတူတူလိုက်ဖို့ဖြစ်လာခဲ့ပါတော့တယ်။

မာရိနဲ့ အာရိကီနိုတို့ ဂျပန်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံခြားသားတွေရဲ့ ပြဿနာတွေကို အတူတူ
လိုက်ဖြေရှင်းပေးရင်းနဲ့ မြေအောက်ဂိုဏ်းတစ်ခုဖြစ်တဲ့ ဗိုလန်တီယာဆိုတဲ့ အဖွဲ့ကို
စုံစမ်းဖို့ ဖြစ်လာတဲ့အချိန်မှာတော့ ..........

ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး။

Channel ကို အရင် Join ပါ
https://t.me/+Or7Q5PABdL9hMDdl

ဇာတ်ကား Link
https://t.me/c/2243318060/58

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤12❤‍🔥3😁1
Black Swan Lake (2021)
**

စ/ဆုံး

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို ဂျပန် mystery series တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

မိသားစုတစ်ခုတည်ဆောက်ချင်ဇောနဲ့ မလုပ်သင့်တဲ့လုပ်ရပ်ကို လုပ်မိခဲ့ရာကနေ 18နှစ်ကြာပြီးတဲ့နောက်

ထိုမကောင်းမှုက ကိုယ့်ဆီပြန်လာခဲ့ပါတော့တယ်...

ဇာတ်လမ်းအကျဉ်း
.............

မိန်းကလေးတစ်ဦးဟာ ပြန်ပေးဆွဲဖမ်းဆီးခံထားရပြီး၊ သူဝတ်ထားခဲ့တဲ့ ဂါဝန်နဲ့ အတွင်းဝတ်တွေကို အပိုင်းပိုင်းဖြတ်ကာ

မိသားစုဆီကို ပြန်ပေးသမားက ပေးပို့လာကြောင်း ရုပ်မြင်သံကြားတစ်ခုက သတင်းတင်ဆက်ခဲ့ပါတယ်...

ဇိုင်းဇန်း ရှိုးတာက ဒီအမှုနဲ့ တစ်ပုံစံတည်းဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့၁၈ နှစ်က ဖြစ်ရပ်တစ်ခုကို အမှတ်ရပြီး တုန်လှုပ်သွားပါတော့တယ်...

အဲဒီအချိန်အခါတုန်းက ရှိုးတာဟာ သီးသန့်လုံခြုံရေးအေဂျင်စီတစ်ခုမှာ စုံစမ်းစစ်ဆေးရေးအဖြစ် အလုပ်လုပ်နေခဲ့ပြီးတော့

တာနိအိုကာ ဆိုအိချိရိုဆိုတဲ့ လူတစ်ယောက်က သူ့သမီးဖြစ်သူ နာနာအဲ ကို ရှာဖို့ အကူအညီတောင်းခဲ့ပါတယ်...

နာနာအဲ ကို ဖမ်းဆီးခဲ့တဲ့သူကလည်း သူမရဲ့ ဓာတ်ပုံ‌တွေ၊ အင်္ကျီအပိုင်းအစတွေ၊ အတွင်းခံအဝတ်အချို့နဲ့ လက်သည်းစတွေကို

သူ့အဖေဆီ ပေးပို့ခဲ့ပါတယ်...ဇိုင်းဇန်းက တာနီအိုကာမိသားစုရဲ့အမှုကို ဖြေရှင်းပိတ်သိမ်းပြီးတဲ့နောက်

ဦးလေးရဲ့ လုပ်ငန်းကို ဆက်ခံကာ မိသားစုတစ်ခုကို ပျော်ရွှင်စွာထူထောင်ခဲ့တဲ့နောက်....

18နှစ်အကြာမှာ အချစ်ဆုံးသမီးဖြစ်သူ မီကာ ဟာလည်း မတော်တဆပျောက်ဆုံးသွားခဲ့ပြီး

သူမရဲ့ ပစ္စည်းအချို့ကိုလည်း ထပ်တလဲလဲ ဇိုင်းဇန်းဆီ ပေးပို့လာပါတယ်...ဒီအချိန်မှာပဲ ဇနီးဖြစ်သူ ယူကိုဆီမှာလည်း

သူတစ်ယောက်တည်းပဲသိတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုရှိနေပါတယ်...မီကာရဲ့ ပျောက်ဆုံးမှုကို ဇိုင်းဇန်းကိုယ်တိုင်စုံစမ်းကြိုးစားရင်း

ယူကိုရဲ့ အတိတ်ကအကြောင်းအရာ‌တွေကို တွေ့ရှိလာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ...

ပြန်ပေးသမားကို ဖမ်းမိမလား...အတိတ်က ဇိုင်းဇန်းမှားခဲ့တဲ့အမှားက ဘာဖြစ်မလဲ...

ယူကိုကလည်း ဘာတွေလျှို့ဝှက်ထားခဲ့တာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/77

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤21👍2❤‍🔥1🥰1
Unmet: Diary of a Brain Surgeon (2024)
**

အပိ
ုင်း (၁ မှ ၁၁) စ/ဆုံး

အနှစ်သာရရှိတဲ့ ဂျပန် ဆရာဝန်ကားကောင်းလေးတွေ ကြည့်ချင်နေကြတဲ့ CM ချစ်ပရိသတ်တို့အတွက်
အခုတစ်ခါမှာတော့ cast character chemistry script အဘက်ဘက်ကနေ ကြည့်ရှုသူတွေဆီက
positive review တွေ ပိုင်ဆိုင်ထားတဲ့ medical series သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီဇာတ်လမ်းလေးကတော့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး
မီယာဘိတစ်ယောက် မမျှော်လင့်ထားတဲ့ မတော်တဆမှုတစ်ခုကြောင့် ဘဝရဲ့အချိုးအကွေ့တစ်ခုကို
ရောက်သွားပြီး သူ့ရဲ့ဘဝလမ်းကို ပြန်လည်ရှာဖွေရပုံလေးကို တင်ဆက်ထားတာပါ။

ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်မလေး မီယာဘိဟာ မထင်မှတ်ထားတဲ့မတော်တဆမှုတစ်ခုကြောင့်
ဦးခေါင်းထိခိုက်မှုဖြစ်သွားပါတယ်။

ခွဲစိတ်မှုရဲ့နောက်ဆက်တွဲရလဒ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကမှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတဲ့အပြင်
နောက်ထပ် memory အသစ်တွေကိုလည်း တစ်ရက်စာအပြင် ပိုမမှတ်နိုင်တော့ပါဘူး။

ဒီလိုနဲ့ အာရုံကြောခွဲစိတ်ဆရာဝန်ဘဝကနေ သူနာပြုအဖြစ် အလုပ်ပြန်လုပ်နေတုန်း ဦးနှောက်ခွဲစိတ်ဆရာဝန်
ဒေါက်တာဆန်းပေးနဲ့ ဆုံဖို့ဖြစ်လာတဲ့အခါ...

ဒေါက်တာဆန်းပေးက ထက်မြက်တယ် တော်တယ်ဆို‌ပေမဲ့ တစ်ဖက်က သူ့ရဲ့အကျင့်စရိုက်ကြောင့်
နာမည်ဆိုးတွေလည်းထွက်ထားတဲ့အတွက် မီယာဘိတစ်ယောက် ယုံရခက် မယုံရခက်ဖြစ်နေချိန်
သူ့ရဲ့မှတ်ဉာဏ်ပျောက်နေတာအတွက် ဒေါက်တာဆန်းပေးမှာ အဖြေရှိတယ်ဆိုတာကို သိလိုက်ရချိန်မှာတော့...

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/95

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤26❤‍🔥3🥰3
Hello, Nice to Meet You. Let's Get Divorced
Hajimemashite Konnichiwa Rikonshite kudasai
(တွေ့ရတာ၀မ်းသာပါတယ် မင်္ဂလာပါ ကွာရှင်းပေးပါ)

အသက်ဆယ့်ခြောက်နှစ် အရွယ်မှာပဲ မျက်နှာ‌ေတာင်မမြင်ဘူးတဲ့လူတစ်ယောက်နဲ့ စာရွက်ကလေးတစ်ခုသက်သေထားပြီး လက်ထပ်ပြီးသား မိန်းကလေးတစ်ဦးဖြစ်သွားရတဲ့ ယူကီမိသားစုရဲ့ သခင်မလေးယူကီရီယို နဲ့

စီးပွားရေးလုပ်ငန်းတွေ လက်လွှဲယူခွင့်ရနိုင်ဖို့ ယူကီမိသားစုမျိုးရိုးနာမည်ကိုလိုအပ်နေခဲ့တဲ့ မာဆာမိုတိုတာကာမီနဲ

နှစ်ယောက်သားဟာ မျက်နှာတောင်မမြင်ဖူးပဲ ဆယ်နှစ်ကြာစာချုပ်အရလက်ထပ်ထားတဲ့ခင်ပွန်းနဲ့ဇနီးသည်ဖြစ်နေခဲ့ကြပါတယ်

တစ်ရက်မှာတော့ ယူရီဟာကွာရှင်းဖို့အတွက်တိုကျိုမှာရှိတဲ့ တာကာမီနဲဆီလာရင်း ပထမဆုံးအကြိမ်မြင်တွေ့ရတဲ့ ဇနီးအပေါ် စိတ်၀င်စားမှုကြောင့် ကွာရှင်းမပေးချင်တဲ့ တာကာမီနဲနဲ့ အကြောင်းအမျိုးမျိုးကြောင့် အတူတူနေဖို့ဖြစ်လာခဲ့ကြတဲ့အခါ
တစ်ဖက်မှာလည်း ရီယိုအပေါ် မထားသင့်တဲ့ အကြံအစည်တွေနဲ့အတူ ထိန်းချုပ်ဖို့ကြိူးစားနေသူတွေ
ချစ်စရာအလွဲလေးတွေနဲ့အတူ မကွာရှင်းပေးချင်လို့ မိန်းမကို အမျိုးမျိုးလိုက်လုပ်ပေးတဲ့ CEO ကြီးကိုလည်း ချစ်စရာကောင်းစွာ မြင်ရမှာပါ
ကွာရှင်းဖို့တိုကျိုကို လာခဲ့တဲ့ ရီယိုတစ်ယောက် တစ်ကယ်ပဲ ကွာရှင်းနိုင်မလား ဇာတ်လမ်းလေးရဲ့အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာ
တူတူစောင့်ကြည့်လိုက်ရအောင်နော်

Channel ကို အရင် Join ပါ
https://t.me/+kpBZkU5NLYMwZGZl

ဇာတ်ကား Link
https://t.me/c/2691547697/4

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤35🥰3👍2❤‍🔥1
Talentless TAKANO (2024)
**
အပိ
ုင်း (၁ မှ ၈) စ/ဆုံး

တခနို ဆုမဲကိုဆိုတဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိပြီးတော့
စကားပြောရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောတတ်တဲ့ကောင်မလေးတစ်ယောက်ပါ။

တကယ့်အမှန်တရားကို ဘေးထား သူမှန်တယ်ထင်ရင် မှန်တာပဲဆိုပြီး ပြောတတ်တဲ့
အူကြောင်ကြောင် ကောင်မလေးတစ်ယောက်ပေါ့။ ဒီလိုနဲ့ သူ့ရဲ့ အူကြောင်ကြောင်
စကားတွေကိုပဲ ကြွေဆင်းသွားပြီး အလုပ်အင်တာဗျူးအောင်ကာ အလုပ်ရသွားပါတော့တယ်။

ဒါပေမဲ့လည်း သူဟာ မိတ္တူစက်ကိုတောင် မသုံးတတ်တဲ့အထိ အူကြောင်ကြောင်လေးနဲ့
အလုပ်မှာ တလွဲတွေလုပ်ရင်း ဌာနအတွက် အပျင်းပြေစရာလေးတစ်ခုလို ဖြစ်လို့နေပါတယ်။

သူနဲ့အတူပဲ အင်တာဗျူးအောင်လာတဲ့ ဟိ၀ဒ မီချီတိုဆိုတဲ့ ကောင်လေးကတော့ တခနိုနဲ့ မတူဘဲ
ပေါင်းသင်းဆက်ဆံရေးမှာ အားနည်းပေမဲ့ အလုပ်လုပ်ရာမှာတော့ တော်လွန်းသူတစ်ယောက်ပါ။

ဒီလိုနဲ့ သူတို့နှစ်ယောက်ကို လုပ်ငန်းပါတနာအဖြစ် အတူတွဲပြီး ပရောဂျက်တွေ ကိုင်ခိုင်းလိုက်တဲ့အချိန်မှာတော့ ....

တခနိုရဲ့ ဘယ်လိုတလွဲတချော်အတွေးတွေနဲ့ ကုမ္ပဏီပရောဂျက်တွေကို ဘယ်လိုတွေလုပ်မလဲ ......

တခနိုနဲ့ ဟိ၀ဒတို့ရဲ့ တွဲဖက်လုပ်ဆောင်ချက်တွေကရော ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ .....

သူတို့နှစ်ယောက်ရော ရှေ့ဆက် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမဲ့

ဂျပန် drama office ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/125

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤21👍3❤‍🔥1🥰1
Aoshima-kun is a Bully!(2024)

**

ဒီ
တစ်ခါ CM ပရိသတ်ကြီးအတွက် ဂျပန်အချစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်
ပေးချင်ပါတယ်။ အသက် ၃၅နှစ်အရွယ် ရည်းစားမရှိ အနေအေးတဲ့ မမနဲ့
ရုပ်ချောပြီး အလုပ်မှာတော်တဲ့ နာမည်ကြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ၂၆နှစ်
မောင်လေးတို့ရဲ့ အချစ်တစ်ခုကို ခံစားကြည့်ရှုရမှာပါ။

ဇာတ်လမ်းအညွှန်းကတော့
*

အ
ာအိုရှိမနဲ့ ယူကီနိုဟာ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့ တစ်ခါမှ မျက်မှန်း
မတန်းမိကြပါဘူး။ တစ်နေ့မှာတော့ ယူကီနို သွားတတ်တဲ့ စားသောက်ဆိုင်တစ်ခုမှာ
မတော်တဆတွေ့ကြရာကနေ အတူတူထိုင်ဖို့ ဖြစ်လာရင်း ရင်းနှီးသွားကြပါတယ်။

ဒီအချိန်မှာ ယူကီနိုဆီကို .. လက်ထပ်တော့မယ့် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတဲ့အခါ
"ချစ်သူကောင်လေးနဲ့အတူ မင်္ဂလာဆောင်လာခဲ့မယ်" ဆိုတဲ့ကတိကို မှတ်မိသွားပါတယ်။
ဒါပေမဲ့ လမ်းခွဲပြီးတာက ၆ လလောက်ရှိပြီ ဖြစ်တာမို့ ကြံရာမရဖြစ်နေပါတော့တယ်။

နောက်အပတ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်အတွက် ယူကီနိုက အာအိုရှိမကို ချစ်သူအဖြစ်
တစ်ရက်လောက် သရုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။ မမျှော်လင့်ဘဲ အာအိုရှိမက
သဘောတူလိုက်တော့ စိတ်သက်သာရာရသွားပေမဲ့ တကယ်တော့ အာအိုရှိမမှာလည်း
အစီအစဉ်တစ်ခုရှိပါတယ်။

အတုအယောင်ချစ်သူတွေလို သရုပ်ဆောင်နေရင်းနဲ့ယူကီနိုကို စိတ်ဝင်စားလာတဲ့ အာအိုရှိမ...

အမြဲတမ်း စကားကို တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ ငယ်ရွယ်ချောမောတဲ့ အာအိုရှိမကို
ခံစားချက်တွေ‌ပေါက်ဖွားလာတဲ့ ယူကီနို...

သူတို့ရဲ့ “အချစ်စာချုပ်” တစ်ခုဟာ ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကိုတော့ ဇာတ်လမ်း‌လေးထဲမှာ
ကြည့်ရှူအားပေးကြပါဦးနော် .. ။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/146

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤45👍4🥰2❤‍🔥1😁1
Teasing Master Takagi-san (2024)

အပိုင်း(၁ မှ ၈) စဆုံး

IMDb ~~~ 7.8

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ ဂျပန်ရုပ်သံ TBS ချန်နယ်က ၂၀၂၄ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့

"Teasing Master Tagaki-san" " Karakai Jozu no Takagi-san" ဆိုတဲ့ ဂျပန်ကာတွန်းကို စီးရီးအဖြစ် ဖန်တီးတင်ဆက်ထားတဲ့ ချစ်စရာကောင်းတဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဒီTeasing Master Takagi-san စီးရီးကို ဇာတ်ကောင်များရဲ့ ၁၀ နှစ်ကျော်ကြာပြီးနောက် လူလတ်ပိုင်းအရွယ်မှာ သူတို ပြန်လည်ဆုံတွေ့ချိန်အကြောင်း ရုပ်ရှင်အနေနဲ့လည်း စိတ်ကြည်နူးဖွယ် ဖန်တီးတင်ဆက်ပေးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။

ဇာတ်လမ်းအကျဉ်း

တာခဂိဆိုတဲ့ ကျောင်းသူလေးကတော့ သူငယ်ချင်းတွေကို စနောက်ရတာကို နှစ်သက်သူဖြစ်ပါတယ်။ သူရဲ့စနောက်မှုကို အခံရဆုံးသူက သူရဲ့ဘေးခုံက ကျောင်းနေဖက် ရိုးအလွန်းတဲ့ နီရှီခါတာဖြစ်ပါတယ်။ တာခဂိက နီရှီခါတာအကြောင်းကို ခရေစေ့တွင်းကျ သိနေတာမို တာခဂိကို နီရှီခါတာ လက်တုန့်ပြန်ဖိုဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမဲ့လည်း နီရှီခါတာကလည်း သူစနောက်ခံရတိုင်း တေးမှတ်ထားကာ တာခဂိကို လက်တုန့်ပြန်ဖို အမြဲကြံစည်တွေးတောနေခဲ့ပါတယ်။ တာခဂိ က နီရှီခါတာကို မရိုးအောင် ဘယ်လိုတွေ ဆက်ပြီး စနောက်သွားမှာလဲ...နီရှီခါတာ ကရော သူရည်မှန်းသလို တာခဂိကို လက်တုန့်ပြန်စနောက်ခွင့်ရပါ့မလား...
အထက်တန်းတက်စ ပရစ်ဖူးအရွယ် ရင်ခုန်သံအကြောင်း စလေ့လာမိစ ဆယ်ကျော်သက်လူငယ်လေးများရဲ့ အရမ်းလှပတဲ့ ကျောင်းတက်ချိန် အမှတ်တရများကို ဒီTeasing Master Tagaki-sanမှာ ကြည်နူးဖွယ် ကြည့်ရှုခံစားလိုက်ကြရအောင်နော်။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/165

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤37❤‍🔥3👍3🥰2
The Hot Spot (2025)
**

အာကာသစူးစမ်းမှုတွေများလာတာနဲ့အမျှ ကျွန်တော်တို့လူသားတွေဆီမှာ အတွေးတစ်ခု
ဝင်လာပါတယ်။ ဂြိုဟ်သားဆိုတဲ့ concept တစ်ခုပါ။

ပထမဆုံးအနေနဲ့ စပြီးသိချင်လာတာကတော့ ဂြိုဟ်သာဆိုတာ တကယ်ရှိလားပေါ့။

ရှိရင်ဘယ်လိုပုံစံဖြစ်မလဲ၊ သူတို့က လူသားတွေထက် ထူးခြားသာလွန်နေမလားကနေစလို့

လူသားတွေကို အန္တရာယ်ပေးလာနိုင်မလား၊ တစ်ချိန် ကမ္ဘာကိုကျွန်ပြုလာနိုင်မလား စသဖြင့်
စိတ်ကူးယဉ်မေးခွန်းတွေ ဒုနဲ့ဒေးပေါ့။

ဒါဆို ဂြိုဟ်သားတွေက လူတွေနဲ့ပုံစံတူဖြစ်ပြီးတော့ လူတွေကြားမှာ ရောနှောရှင်သန်နေတယ်ဆိုရင်ရော...

ခိယိုမိဟာ စင်ဂယ်မားသားတစ်ယောက်ဖြစ်ပြီး ဟိုတယ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူတစ်ယောက်ပေါ့။

သူတို့ဟိုတယ်မှာ တာကာဟာရှိဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရှိပါတယ်။

အရမ်းကိုရိုးအေးလွန်း စကားနည်းလွန်းပြီး ဟိုတယ်ကရေပူစမ်းကို အလုပ်ဆင်းချိန်မှာ
အမြဲသုံးနေတတ်တဲ့သူပေါ့။

ဒါပေမဲ့ တစ်နေ့ ခိယိုမိစက်ဘီးနဲ့ဒုက္ခရောက်နေတုန်း တာကာဟာရှိက ခိယိုမိကိုရော စက်ဘီးကိုပါ
လူသာမန်မဟုတ်တဲ့အင်အားနဲ့ မ,ပြလိုက်တာကို မြင်လိုက်ရတဲ့အခါ...

အဲဒီလိုနဲ့ စပ်စုစိန်လုပ်ရင်း တာကာဟာရှိဟာ ဂြိုဟ်သားတစ်ယောက်ဆိုတာသိလိုက်ရပြီး
ယုံရခက်မယုံရခက်နဲ့ အဒေါ်ကြီးတို့ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ အတင်းတုပ်ရာကနေ
မိနာပုနဲ့ ဟာချိတို့ပါ သိသွားချိန်မှာတော့....

ဂြိုဟ်သားဦးဦးနဲ့ အန်တီမမ ၃ ယောက် ဘယ်လိုတွေတစ်စခန်းထကြမလဲဆိုတာ ဖူဂျီတောင်အလှကြီးနဲ့အတူ
စိတ်ဝင်စားဖွယ် ရှုစားလိုက်ရအောင်ပါ။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/186

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤24🥰3❤‍🔥1
Business Marriage (2024)
**
အ
ပိုင်းသစ် (၁ မှ ၉) စ/ဆုံး

ရိုမန့်တစ်ဖန်တီးမှုလေးတွေကိုမှ နှစ်သက်သူပရိသတ်များအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့
ဂျပန်စီးရီးလေးကတော့ Comedy,Romance အမျိုးအစားဖြစ်တဲ့ Business Marriage ဆိုတဲ့
အပိုင်းတိုလေး ၉ ပိုင်းပါဝင်တဲ့ မီနီစီးရီးလေးဖြစ်ပါတယ်။

"Business Marriage" ဆိုတဲ့ နာမည်ကြီးကာတွန်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်း
ဖန်တီးတာဖြစ်တဲ့အတွက် ပရိသတ်တွေအကြိုက်တွေ့မှာအသေအချာပါပဲ။

ဇာတ်လမ်းအကျဉ်း
ဆာယာမာ မီယာဘိဟာ အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ အရောင်းအဖွဲ့က ဝန်ထမ်းတစ်ယောက်ပါ။
သူရဲ့ ချစ်သူသက်တမ်း ၆နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ချစ်သူရဲ့စွန့်ပစ်ခံလိုက်ရတဲ့အတွက်
သူ့ဘဝကို အလုပ်ထဲမှာပဲ နှစ်မြှုပ်ထားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အလွန်အောင်မြင်တဲ့
ကုမ္ပဏီ CEO တစ်ဦးဖြစ်သူ ဒိုနိုဆဲ ဆုခါဆာဟာ သူ့အသိုင်းအဝိုင်းက လူတွေ မျှော်လင့်ချက်တွေကို
ဖြည့်ဆည်းဖို့အတွက် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုကို ရှာဖွေနေပါတယ်။
ဒိုနိုဆဲက အိမ်ပြောင်းနေဖို့ တိုက်ခန်းအသစ်ရှာချိန်မှာ အဆင့်မြင့်ဇိမ်ခံတိုက်ခန်းကို လိုက်လံပြသပေးတဲ့
မီယာဘိနဲ့ဆုံမိပြီး လိုက်ပြတဲ့တိုက်ခန်းက လက်ထပ်ကြတော့မယ့် စုံတွဲများအတွက် အထူးအခွင့်အရေး
၆လတာ အခမဲ့နေထိုင်ခွင့်ကို သိသွားခဲ့ပါတယ်။ ဒိုနိုဆဲက အဆင့်မြင့်တိုက်ခန်းမှာ နေဖူးချင်သူ မီယာဘိကို
"စီးပွားရေးလက်ထပ်ပွဲ" လုပ်ဖို့ အဆိုပြုရင်း တိုက်ခန်းမှာ အခမဲ့နေထိုင်ခွင့်ရဖို့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ သူ့အပေါ်ကို မီယာဘိက ရိုမန့်တစ်ခံစားချက်မျိုး ပေါ်လာရင် ကွာရှင်းမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပါ။
အတူတူနေလာကြရင်း တစ်ဦးရဲ့ကိုယ်ရည်ကိုယ်သွေးတွေက ကျန်တစ်ဦးအပေါ် လွှမ်းမိုးလာအောင်
ဖန်တီးပေးနေတဲ့ မြားနတ်မောင်ကျူးပစ်ရဲ့ အစီအစဉ်မှာ သူတို့နှစ်ဦး သတ်မှတ်ချက်ကို လိုက်နာနိုင်ကြပါ့မလားဆိုတာ...

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/209

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤36🥰3❤‍🔥1
My Girlfriend's Child (2024)
*****
အပိုင်း (၁ မှ ၁၂) စ/ဆုံး

ဆယ်ကျော်သက်တဲ့ .. ၊ သိပ်ကို စိတ်ကူးယဉ်လို့ကောင်းပြီး အရာရာကိုနားလည်စပြုလာတဲ့
ဘဝရဲ့ သိပ်ကိုပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု .. ရည်မှန်းချက်ကိုယ်စီ မျှော်လင့်ချက်ကိုယ်စီနဲ့
ကိုယ့်ရဲ့ပန်းတိုင်ကိုလျှောက်လှမ်းဖို့ စိတ်အားထက်သန်မှုတွေ ပြည့်ဝနေတဲ့ အချိန်ကာလလေး...

ပြောရမယ်ဆိုရင် တာဝန်ဆိုတာ ကျောင်းစာနဲ့ စာမေးပွဲလောက်သာ စိတ်ထဲရှိတဲ့ ကျောင်းနေ
အရွယ်လေးတွေပေါ့လေ .. တာ့ကာရနဲ့ဆချီတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်
သိပ်ချစ်ကြတဲ့ချစ်သူနှစ်ယောက် .. ၊ တာ့ကာရက ကျောင်းတွင်းမှာ ထူးချွန်တဲ့အားကစားသမားဖြစ်ပြီး
တောက်ပတဲ့အနာဂတ်တစ်ခုကို မျှော်မှန်းနေတဲ့ကျောင်းသားလေးဖြစ်ပြီးတော့ ဆချီကတော့ ချစ်ရသူကို
အရာရာပုံအပ်ထားတဲ့ သာမန် ပျော်ရွှင်တဲ့ကျောင်းသူလေးပေါ့လေ။

ဒါပေမဲ့ ဆယ်ကျော်သက်စုံတွဲတွေရဲ့ မဟာအိပ်မက်ဆိုးကြီးတစ်ခု ဒီစုံတွဲဆီကို ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာပါတော့တယ်။ အဲဒါကတော့ ဆချီနဲ့တာ့ကရတို့ အတူနေချိန်မှာ ကွန်ဒုံးပေါက်သွားပြီး
ဆချီတစ်ယောက် ကိုယ်ဝန်ရလာတာပါပဲ။

အသက်မပြည့်သေးတဲ့ချစ်သူတွေကြား ကိုယ်ဝန်ရလာတဲ့အခါမှာ တစ်ခုတည်းသောရွေးစရာက
ကိုယ်ဝန်ဖျက်ချတာပဲလို့ လူတိုင်းထင်ကြပေမဲ့ ဆချီနဲ့ တာ့ကာရကတော့ ရဲတင်းစွာနဲ့ပဲ
ဒီကလေးလေးရဲ့ မိဘတွေဖြစ်ဖို့ ရွေးချယ်လိုက်ချိန်မှာတော့....

စိတ်ကစားတတ်တဲ့အရွယ်ရယ်လို့ ရောက်လာပြီဆိုရင် ချစ်သူရည်းစားကိစ္စ ချစ်တင်းနှောတာတွေ
ကိုယ်ဝန်တွေ အစရှိသဖြင့် ရှောင်လွှဲမရနိုင်တဲ့ ကိစ္စတွေ ..  Teen sex education နဲ့
သူ့ရဲ့အကျိုးဆက်တွေကို ကိုယ့်ရဲ့လုပ်ရပ်ကို တာဝန်ယူနိုင်ဖို့ ဘယ်လောက်ထိ ရုန်းကန်ရလဲဆိုတာကို
သေချာရိုက်ကူးပြထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာမိုလို့ ကြည့်ရှုခံစားနိုင်ဖို့ အခုပဲ
တင်ဆက်ပေးလိုက်ရပါတယ်။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/233

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤67🤔3🥰2❤‍🔥1👍1
Switched (2018)
***

စ/ဆုံး

Switched ဂျပန်စီးရီးသည် ဆယ်ကျော်သက်လူငယ်တွေ လူ့ဘဝမှာ ကြုံတွေ့ဖြတ်သန်းနေကြရတဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲများနှင့်

ကိုယ်ပိုင်ရပ်တည်ချက်ကို စိတ်ဝင်စားဖွယ်ရာ တင်ဆက်ထားတဲ့  sci-fi အမျိုးအစားဖြစ်ပါတယ်...ဂျပန်ကာတွန်းစီးရီးကို ဇာတ်ကားအဖြစ်

ပြန်လည်အသက်သွင်းတင်ဆက်ထားပြီး ချစ်ခင်ရသူတွေအပေါ် တန်ဖိုးထားတတ်စေရန် ပညာပေးတင်ဆက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်...

ဇာတ်လမ်းအကျဉ်း
-------------

အထက်တန်းကျောင်းသူ 'အာယုမိ ကိုဟိနတ'ဟာ ရုပ်ချော သဘောကောင်း ချစ်ခင်သူများပြီး မိဘအသိုင်းအဝိုင်းကအစ သူများအားကျချင်စရာ

ဘဝမျိုးကို ပိုင်ဆိုင်ထားသူပါ...အစစအရာရာပြည့်စုံသူတစ်ဖြစ်တဲ့ အာယုမိ မှာ ချစ်ရတဲ့ ချစ်သူ မီဇုမိုတို ခိုရှီရို ကိုလည်းရှိနေပြီး

ဘဝက နေပျော်ကျေနပ်စရာတွေ အပြည့်ဖြစ်နေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့မှာ သူတို့အတန်းထဲက 'ဇင်းကို အူမီနဲ'ဆိုတဲ့ ကောင်မလေးနဲ့

အာယုမိတို့ ရုတ်တရက် ခန္ဓာကိုယ်ချင်း လဲသွားခဲ့ပါတယ်...ခန္ဓာကိုယ် ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ အာယုမိဟာ ကျောင်းနေသူငယ်ချင်း၊

မိဘ၊ ချစ်သူကအစ အရာအားလုံးဆုံးရှုံးသွားခဲ့ရပါတယ်...ဒီနောက်မှာတော့ ဘဝမှာ လုံးဝမထင်မှတ်စရာ အတွေ့အကြုံတွေ

မယုံနိုင်စရာ အဖြစ်အပျက်တွေနဲ့ အာယုမိ ကြုံတွေ့လာခဲ့ရပါတယ်...

အာယုမိ အနေနဲ့ သူ့ရဲ့မူလဘဝကို ပြန်လည်ရရှိအောင် လုပ်နိုင်ပါ့မလား...

ဇင်းကိုအူမီနဲက သူမခန္ဓာကိုယ်ကို ဘာလို့လိုချင်ခဲ့ပြီး ဘယ်လိုနည်းလမ်းနဲ့ ရသွားခဲ့တာလဲ...

ဇင်းကိုအူမီနဲက အာယုမိရဲ့ဘဝမှာ နေထိုင်ရင်း သူမျှော်လင့်ခဲ့သမျှအားလုံးရရှိပြီး ပျော်နေရဲ့လား...

အာယုမိ ကရော သူ့မူလဘဝကို ပြန်ရဖို့ ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက် ကြည့်ရှုလိုက်ပါဦးနော်...

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/262

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤31❤‍🔥2😁2👍1🥰1👌1
Tokyo 23-ku Onna (2019)
***

စ/ဆုံး

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် Supernatural/Horror အမျိုးအစား ဂျပန်ဇာတ်လမ်းတွဲလေးတစ်ခု

တင်ဆက်ပေးလိုက်ရပါတယ်...Horror ကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ...

ဇာတ်လမ်းအကျဉ်း
-------------

အလွတ်တမ်းစာရေးဆရာ Harada Ririko နဲ့တက္ကသိုလ်ဆရာဟောင်း Shimano Hitoshi တို့နှစ်ယောက်ဟာ

တိုကျိုက ကြောက်စရာဇာတ်လမ်းတွေဖြစ်ပျက်ခဲ့တဲ့နေရာတွေကို သွားရောက်ခဲ့ကြပါတယ်...

23 ward လို့လူတွေသိကြတဲ့နေရာမှာ ဒီလိုကိစ္စတွေအများကြီးဖြစ်ပျက်ခဲ့ပါတယ်...

ပျောက်နေတဲ့မိခင်ကိုရှာဖို့ ရှီဘုယ ရထားလိုင်းတွေမှာ ပတ်သွားနေတဲ့ ရုံးဝန်ထမ်းအမျိုးသမီး...

Koto ward မှာအလောင်းဝှက်ထားတဲ့အမျိုးသမီး...

ညမိုးချုပ် တက္ကဆီလိုက်စီးတဲ့ အမျိုးသမီးဒီဇိုင်နာ CEO ရဲ့ လျှို့ဝှက်ချက်...

စသဖြင့် စသဖြင့် အများကြီးကို ဇာတ်လမ်းမြှုပ်ကွက် အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမှာမလို့

ဒီဇာတ်လမ်းလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦးရှင်...

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/276

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤32🥰2👍1🤔1
Love in the Air: Premonition of Love (2024)

***
အပို
င်း (၁ မှ ၈) စ/ဆုံး


ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ စီးရီးလေးကတော့ Thai BL series ကို remake ပြန်ရိုက်တာဖြစ်ပြီး

ငယ်ရွယ်တဲ့ အချစ်ဇာတ်လမ်းလေးတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ ဂျပန်ဘီအယ်လ်စီးရီးလေးဖြစ်ပါတယ်။

မုန်တိုင်းနဲ့အတူ မိုးရေက ပါလာစမြဲပါပဲတဲ့၊ မိုးတွေသည်းသည်းမည်းမည်းရွာနေတဲ့အချိန်မှာပဲ

ရဲအိနဲ့ ကိုင်တို့နှစ်ယောက် အာရရှီနဲ့ ဖူမာဆိုတဲ့ ကောင်ချောလေးနှစ်ယောက်နဲ့ ဆုံတွေ့ကြပါတော့တယ်။

အာရရှီကတော့ အနုပညာလက်ရာများကို ဖန်တီးတဲ့နေရာမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီးတော့

ဖူမာကတော့ ခရီးသွားလုပ်ငန်းနဲ့ ဂိမ်းပိုင်းမှာ ပရော်ဖက်ရှင်နယ်ဆန်သူဖြစ်ပါတယ်။

အာရရှီနဲ့ ဖူမာတို့နှစ်ယောက်ဟာ မြေအောက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူများလည်းဖြစ်ပါတယ်။

ဒီလိုနဲ့ ရဲအိနဲ့ ကိုင်တို့သူငယ်ချင်းနှစ်ယောက်ရယ် အာရရှီနဲ့ ဖူမာတို့ ခပ်လန်းလန်းကိုလူချောနှစ်ယောက်တို့

ဘယ်လိုတွေ ဆုံတွေ့ပြီးတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို ဆူးငြောင့်ခလုတ်တွေ

ဖြစ်လာမလဲဆိုတာကို စီးရီး‌လေးထဲ ကြည့်လိုက်ရအောင်နော် ။
 
Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/293

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤48🥰3👍2🎉1
Destiny (2024)
*
အပ
ိုင်းသစ် (၁ မှ ၉) စ/ဆုံး


ပျော်ရွှင်မှုဆိုတာကို တောင့်တခဲ့တဲ့ကောင်မလေးတစ်ယောက်…..
ပျော်ရွှင်မှုဟာ ရောက်လာခဲ့ပေမဲ့လည်း တစ်သက်တာ မတည်မြဲခဲ့တဲ့အခါမှာ ဘဝကို
ဘယ်လိုခံစားချက်တွေနဲ့ ဆက်ပြီး ဖြတ်သန်းမလဲ...

ခါနာဒဲဆိုတဲ့ကောင်မလေးဟာ အလယ်တန်း တတိယနှစ်ရောက်လာတဲ့အချိန်မှာ အဖေဖြစ်သူဟာ
မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ အဖေဖြစ်သူရဲ့ သေဆုံးမှုအပြီးမှာ အမေဖြစ်သူနဲ့
အမေ့ဇာတိ နာဂိုနိုမြို့ကို ပြောင်းရွေ့နေထိုင်ကာ ဘဝကို အထီးကျန်စွာ ဖြတ်သန်းခဲ့ရပါတယ်။

ခါနာဒဲဟာ ဆုံးပါးသွားတဲ့သူမရဲ့အဖေလို အမှုစစ်တစ်ယောက်ဖြစ်ချင်ခဲ့တဲ့အတွက် တက္ကသိုလ်မှာ
ဥပဒေမေဂျာယူခဲ့ကာ ဘဝအတွက် သူငယ်ချင်းအဓိပ္ပာယ်ကို ပြည့်ပြည့်ဝဝဖော်ပြနိုင်တဲ့ သူငယ်ချင်း
လေးယောက်နဲ့ဆုံတွေ့ခဲ့ရတာ သူမရဲ့ဘဝဟာ ပန်းခင်းသဖွယ် သာယာပျော်ရွှင်ဖွယ်ကောင်းခဲ့ပါတယ်။

သို့သော်လည်း သူမအဖေရဲ့ သေဆုံးမှုမှာ သူငယ်ချင်းမိဘတွေ ပါဝင်နေတယ်ဆိုတာ သိလာခဲ့တဲ့နောက်မှာ
သူတို့ သူငယ်ချင်းဆက်ဆံရေးဟာ ဆုံးခန်းတိုင်ခဲ့ကြပါတယ်။ အချိန်ကာလကြာလာပြီးနောက် ခါနာဒဲဟာ
အမှုစစ်ဖြစ်လာခဲ့ပြီးနောက် အဖေဖြစ်သူ သေဆုံးမှုနဲ့ ဆက်စပ်တဲ့အမှုတွေကို တွေ့ရှိလာရချိန် သူ့အဖေ
အမှုကိစ္စရဲ့ အမှန်တရားကို ရှာဖွေဖို့ရာ အကြောင်းဖန်လာခဲ့ပါတော့တယ်။

ဒီအမှန်တရားနောက်ကွယ်မှာ သူငယ်ချင်းမိဘတွေက တကယ်ပဲ ပါဝင်ပတ်သတ်နေသလား..
သူငယ်ချင်းဆက်ဆံရေးတွေကရော ဘယ်လိုဖြစ်သွားမလဲ...
ခါနာဒဲကရော နောက်ဆုံးမှာ အေးချမ်းတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့
ကြည့်ရှုရမှာ ဖြစ်တာမို့ လက်မလွှတ်ဘဲ ခံစားကြည့်ရှုကြည့်ပါဦး ပရိသတ်ကြီးတို့ရေ..

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/314

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤45❤‍🔥2👍2👏2🥰1👌1
Take Me, I'm Yours (2024)
*

စ/
ဆုံး

Take Me, I'm Yours ဆိုတဲ့ Webtoon ကို ပြန်လည်ရိုက်ကူးပုံဖော်တင်ဆက်ထားတဲ့ ဂျပန်စီးရီးလေးဖြစ်ပါတယ်...

ရောအဲမိသားစုရဲ့ သားဖြစ်သူ အိချီဂျော ရောအဲဟာ အရမ်းကို ပြီးပြည့်စုံတဲ့သူတစ်ယောက်ပါ...ဒါပေမဲ့ တစ်ရက်မှာတော့

အက်စီးဒန့်တစ်ခုကြောင့် ကိုမာဝင်လို့သွားပါတော့တယ်...အဲဒီတစ်ရက်တည်းမှာပဲ မိုရီခါဝ နတ်ဆူမိဆိုတဲ့ ကောင်မလေးဟာလည်း

အက်စီးဒန့်ဖြစ်ခဲ့ပြီး ကိုမာဝင်ခဲ့ပါတယ်...ဒါပေမဲ့လည်း အံ့ဖွယ်ဖြစ်ရပ်တစ်ခုအနေနဲ့ မိုရီခါဝ နတ်ဆူမိဟာ ကိုမာဝင်နေရာကနေ

ပြန်လည်သတိရလို့လာခဲ့ပြီး ရက်နည်းနည်းအကြာမှာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါတယ်...ဒီအချိန်မှာပဲ ထူးဆန်းမှုတစ်ခုဖြစ်ခဲ့ပြီးတော့

မိုရီခါဝ နတ်ဆူမိတစ်ယောက်ဟာအိချီဂျောရောအဲရဲ့ ဝိညာဉ်ကို မြင်တွေ့နေရပါတယ်...အဲဒီမှာပဲ အိချီဂျောရောအဲဟာ

သူအက်စီးဒန့်ဖြစ်တဲ့ နောက်ကွယ်က အကြောင်းအရာကိုရှာဖွေပေးဖို့ မိုရီခါဝ နတ်ဆူမိကို တောင်းဆိုလာပါတော့တယ်...

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး...

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/335

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤61👍5🤔3🤣1
Our Youth (2024)
****

စ/ဆုံး

ဒီတစ်ခေါက်မှာတော့ ကိုရီးယား BL Webtoon "Our Youth" (미성년) ကို ပြန်လည်ရိုက်ကူးထားတဲ့

ဂျပန် BL Series 'Our Youth' ကို တင်ဆက်ပေးလိုက်ပါတယ်...

ဘဝမှာ ဆယ်ကျော်သက်အရွယ်တုန်းက ကျောင်းတက်ရင်းနဲ့ ရင်ခုန်စေခဲ့တဲ့သူ ရှိကြလား...

ဒီဇာတ်ကားလေးထဲမှာတော့ အထက်တန်း ကျောင်းသားလေးတွေ ဖြစ်ကြတဲ့ စာဂျပိုးကောင်လေးနဲ့

ဂျစ်ကန်ကန်လူဆိုးလေးတို့ကြားက ဖြူစင်ရိုးသားတဲ့ အချစ်တစ်ခုကနေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲပြီး

၁၅၀၀ အချစ်အဖြစ် ပေါက်ဖွားလာပုံကို ကြည်ကြည်နူးနူး ကြည့်ရှုရမှာဖြစ်ပါတယ်...

မိသားစုအခြေအနေ လုံးဝမတူတဲ့ သူတို့နှစ်ယောက်မှာ တစ်ယောက်က အိမ်ထောင်ရေးအဆင်မပြေတဲ့

မိဘတွေဆီက ဆင်းသက်လာပြီး တစ်ယောက်ကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ခံနေရတာပါ...

ကျောင်းရဲ့ပြဿနာအိုးလေး ဟရူကီကို တည်ငြိမ်သူ မိနဆဲဂျင်းဟာ အမြင်မကြည်ခဲ့ပေမဲ့

ဟရူဟီရဲ့ လျှို့ဝှက်ချက်ကို သိပြီးနောက် ကရုဏာဖြစ်မိပါသတဲ့...အဲဒီကနေစပြီး ခပ်မြန်မြန်ရင်းနှီးသွားကြရင်း

ခံစားချက်တွေ ထပ်တူကျသွားပါတော့တယ်...မိသားစုရဲ့ ဖိအားပေးမှုနဲ့ ဂရုမစိုက်မှု‌တွေကြားမှာ အချင်းချင်း မှီခိုရင်း၊

ရယ်မောအောင် ကူညီဖေးမကြရင်း ကျောင်းသားဘဝကို အတူတူရှေ့ဆက်လျှောက်လှမ်းပုံကို ကြည့်ရှုရမှာဖြစ်ပါတယ်...

ဒီဇာတ်လမ်းလေးထဲမှာတော့ အရွယ်တစ်ခုရောက်ရင်အိမ်ထောင်ပြုဖို့ ဖိအားတွေအပြင်

ဥပဒေအရ တရားမဝင်နိုင်တဲ့ ဆက်ဆံရေးဟာ အမှီခိုမဲ့ပြီး အားငယ်ရကြောင်း ထည့်သွင်းရိုက်ကူးထားတာကြောင့်

LGBT အများစု အပြင်မှာကြုံနေရတဲ့အဖြစ်တွေကို လက်တွေ့လောကနဲ့ ချိန်ထိုးပြီး ထပ်တူခံစားရင်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်...

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/377

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤74👍8❤‍🔥4🥰3🔥2👏1😁1
Marry My Husband: Japan (2025)

****

2024 ရဲ့ နာမည်အကြီးဆုံး Kdrama တွေထဲက တစ်ခုဖြစ်တဲ့ အွန်နီး Park Min Young ရဲ့
Marry My Husband ကို Japan remakeပြန်ရိုက်ထားတဲ့ ဂျပန်ဇာတ်လမ်းတွဲလေးကို
မျှော်နေသူတွေအတွက် CM teamကနေ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။

မူရင်း South Korea ဇာတ်လမ်းကလည်း ရှယ်လောင်ရှယ်ကြမ်း ရှယ်လန်းတဲ့ ဇာတ်ကားကောင်းဆိုတာ
ထွေထူးညွှန်းဖို့မလိုတဲ့အပြင်  The Glory ဒါရိုက်တာကိုယ်တိုင် ရိုက်ကူးထားတဲ့ဇာတ်ကားကလည်းဖြစ်၊
မင်းသား‌ချော ဆာတိုတာခဲရုနဲ့ မင်းသမီး ကိုရှိဘဖုကာတို့က အကောင်းဆုံး သရုပ်ဖော်ထားတာဖြစ်လို့
အခုပဲ လက်မနှေးတမ်းရှုစားဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

မီဆာရဲ့ဘဝဟာ တစ်သက်လုံးမိသားစုကိုငဲ့ရ ခင်ပွန်းဖြစ်သူ တိုမိုယကို ပံ့ပိုးရ ပတ်ဝန်းကျင်က
လူတွေကို ကူညီရနဲ့ပဲ တစ်သက်လုံးဖြတ်သန်းခဲ့ရသူ...
ဒါပေမဲ့ သူကိုယ်တိုင် နာမကျန်းဖြစ်လာပြီး နေရမယ့်ရက် လက်ချိုးရေရတဲ့အချိန်မှာတော့
ရင်နင့်စရာ အမှန်တရားတစ်ခုက သူ့ကိုစောင့်နေပါသတဲ့။ အဲဒါကတော့ ချစ်ရတဲ့ခင်ပွန်းက
အချစ်ရဆုံးသူငယ်ချင်း ရဲအိနနဲ့ ဖောက်ပြန်နေပြီး မီဆာသေရင်ရမယ့် အာမခံတွေကို အပိုင်စီးဖို့
ကြံနေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ သူတို့အခြေအတင်ဖြစ်ကြပြီး နောက်ဆုံးမှာ မီဆာတစ်ယောက်
တိုက်ပေါ်က တွန်းချခံရတဲ့အထိ အဖြစ်ဆိုးနဲ့ကြုံလိုက်ရတော့တာပေါ့။
ဒါပေမဲ့ ကံကြမ္မာနတ်မင်းက မီဆာကိုသနားလို့ ဒုတိယအကြိမ် အခွင့်အရေးပေးခဲ့ပြီး
လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလကို ပြန်ရောက်သွားချိန်မှာတော့...
တစ်ချိန်ကအမှားတွေကို ပြန်လည်ပြင်ဆင်ရင်း မီဆာတစ်ယောက် တိုမိုယနဲ့ ရဲအိနကို
ဘယ်လိုလှလှပပ လက်စားချေပြမလဲဆိုတာ ရှုစားရမှာပါ။

Same Storyကို Different scene, Different cultureနဲ့တင်ဆက်ထားတဲ့ Marry My Husband
remake လေးကရော ဘယ်လောက်ထိ ပရိသတ်နှလုံးသားကိုဖမ်းစားနိုင်မလဲဆိုတာ အခုပဲ ရှုစားလိုက်ကြပါဦးစို့။

Channel ကို အရင် Join ပါ
https://t.me/+0oWNh2Rq0585MGY1

ဇာတ်ကား Link
https://t.me/c/2243318060/616

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤119👍7🥰5❤‍🔥3👏3🕊3🔥1👌1👻1
Alice in Borderland S3 (2025)

****

"Alice in Borderland" Season 2 ဟာ မူရင်း manga (ဂျပန်ကာတွန်း) ရဲ့ ဇာတ်လမ်းကို ပြီးပြည့်စုံအောင်
အဆုံးသတ်ပေးခဲ့ပါတယ်။ Arisu နဲ့ Usagi တို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဂိမ်းကမ္ဘာထဲက ခရီးစဉ်ဟာ
အဖြေတစ်ခုရရှိသွားခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ မေးခွန်းများစွာနဲ့ ကျန်ရစ်ခဲ့ပါတယ်။
ဒါပေမဲ့ Season 2 ရဲ့ နောက်ဆုံးပြကွက်မှာ ပြသသွားတဲ့ "Joker" ကတ်ကြောင့် Season 3 အတွက်
မျှော်လင့်ချက်မီးပွားလေးကတော့ ရှိနေဆဲပါ။
ဒီ Joker ကတ်ဟာ ဂိမ်းတွေအားလုံး တကယ်ပဲ ပြီးဆုံးသွားပြီလား...
ဒါမှမဟုတ် ပိုပြီး ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခု ကျန်နေသေးသလားဆိုတဲ့ အတွေးကို ဖြစ်စေပါတယ်။
အပိုင်း ၁ ဟာ Season 2 အပြီး တကယ့်ကမ္ဘာမှာ ဘဝသစ်ပြန်လည်စတင်နေကြတဲ့ Arisu (Kento Yamazaki) နဲ့
Usagi (Tao Tsuchiya) တို့ရဲ့ ပုံမှန်ဘဝကို ပြန်လည်မိတ်ဆက်ပေးထားပါတယ်။
သူတို့နှစ်ဦးဟာ အခုဆိုရင် လက်ထပ်ထားကြပြီး Borderland က ကြောက်စရာအဖြစ်အပျက်တွေကို မေ့ထားပုံရပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ အိပ်မက်တွေနဲ့ မရှင်းလင်းတဲ့ အမှတ်တရ အပိုင်းအစတွေထဲမှာ Borderland ရဲ့ အရိပ်အယောင်တွေက
ခြောက်လှန့်နေဆဲပါ။ ဇာတ်လမ်းဟာ အသက်ရှင်ကျန်ရစ်သူတွေကို လေ့လာမှုပြုလုပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့
ပါမောက္ခတစ်ဦးဖြစ်သူ Ryuji Matsuyama ဆိုတဲ့ ဇာတ်ကောင်အသစ်တစ်ဦးကို မိတ်ဆက်ပေးလာပါတယ်။
သူဟာ သေလွန်ပြီးနောက်ဘဝကို အလွန်အမင်း စိတ်ဝင်စားသူဖြစ်ပြီး Arisu တို့ရဲ့ အတွေ့အကြုံတွေရဲ့ နောက်ကွယ်က
အမှန်တရားကို သိချင်နေသူပါ။ တစ်နေ့မှာတော့ Usagi ဟာ ရုတ်တရက် အကြောင်းအရင်းမသိရဘဲ ပျောက်ဆုံးသွားပြီး
Arisu ဟာ သူ့ချစ်သူကို ကယ်တင်ဖို့အတွက် သူထင်မှတ်မထားတဲ့ နည်းလမ်းနဲ့ ကြောက်မက်ဖွယ်ရာ Borderland ထဲကို
တစ်ကျော့ပြန်သွားဖို့ အခြေအနေဖန်တီးလာတဲ့အခါမှာတော့...


Channel ကို အရင် Join ပါ
https://t.me/+fHHGmWMEtmc3M2Rl

ဇာတ်ကား Link
https://t.me/c/2982156145/10

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤167👍12❤‍🔥6🥰6🤔6😁2🕊1🤨1
Doctor-X: Surgeon Michiko Daimon (2012)
***********

Season (1)

အပိုင်း ( ၁ မှ ၈ ) စ/ဆုံး

လတ်တလော ရေပန်းစားနေတဲ့ Doctor-X kdrama စီးရီးရဲ့ မူရင်းဗားရှင်းကို တခဲနက်တောင်းဆိုနေကြတဲ့ ပရိသတ်ကြီးအတွက် Masterpiece လို့ တင်စားထားရတဲ့ ဆူရှီမြေက Doctor-X Medical Drama စီးရီးတွဲကြီးထဲကမှ Season (1) ကို တင်ဆက်ပေးလိုက်ပါပြီ။

ဒီဇာတ်လမ်းလေးကတော့ "ဆရာဝန်လိုင်စင်မလိုတဲ့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူး" ဆိုတဲ့ စကားကို အမြဲပါးစပ်ဖျားမှာ တပ်ထားပြီး ကိုယ်မှန်ရင် ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခတွေကိုတောင် ဂရုမစိုက်တတ်တဲ့ ဆတ်ဆတ်ကြဲအမျိုးသမီးခွဲစိတ်အထူးကု ဒါအိမို မီချီကို တစ်ဖြစ်လဲ ဒေါက်တာ X အကြောင်းဖြစ်ပါတယ်...

ဒါအိမို မီချီကိုဆိုတာ ခွဲစိတ်ဖို့ သက်သက်အတွက်ပဲ မွေးဖွားလာတဲ့ အလွတ်တန်းဆရာဝန်မလေးတစ်ယောက်၊ ဆေးရုံတစ်ရုံကနေ တစ်ရုံကို လှည့်လည်သွားလာနေတဲ့ Freelance ဆရာဝန်တစ်ယောက်ဖြစ်ပြီး ခွဲစိတ်ပညာကို အရိုးထဲအထိစိမ့်အောင်ချစ်မြတ်နိုး ဝါသနာပါတဲ့ဆရာဝန် ..

ဆေးရုံတွေဆိုတာက လူနာကိုကယ်တင်ဖို့ထက် ရာထူးအာဏာပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏစွဲတွေနဲ့ နိုင်ငံရေးပရိယာယ်တွေ ကြွယ်ဝတဲ့နေရာကြီးဖြစ်နေချိန် ..

အကျင့်ပျက်ခြစားပြီး လုပ်ငန်းခွင်ကြမ်းတမ်းတဲ့ တက္ကသိုလ်ဆေးရုံကြီးလို နေရာမျိုးဆီကို မိချီကိုတစ်ယောက် ရောက်လာတဲ့အခါ...

တခြားဆရာဝန်တွေက ရာထူးတက်ဖို အထက်ဖားအောက်ဖိကြ၊ အမှားတွေကို ဖုံးကွယ်ကြနဲ့ အာလူးဖုတ်နေချိန်မှာ မိချီကိုကတော့ aura အပြည့် swag အပြည့်နဲ့ ဟန်ပဲရှိတဲ့ ဆရာဝန်လောကရဲ့ဘိုးတော်တွေကို ဘယ်လိုပညာပေးသွားမလဲဆိုတာကို Season (7) ခုစာ တဝကြီး ရှုစားရမှာပါ။

ဂျပန်ရဲ့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး Ryoko Yonekura, Yuki Uchida နဲ့ Kei Tanaka စတဲ့ ထိတ်ထိတ်ကြဲတွေ ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင်ကို ရှယ်မိုက်တာပါ။

ရာထူးအာဏာကို မက်မောတဲ့ ဆရာဝန်တွေကြားမှာ မိချီကိုတစ်ယောက် ကျရှုံးမှုဆိုတာ မရှိတဲ့ သူ့ရဲ့ ခွဲစိတ်မှတ်တမ်းနဲ့ "ကျွန်မ မကျရှုံးဖူးဘူး"ဆိုတဲ့ ဆောင်ပုဒ်စကားအတိုင်း လူနာတွေကို ဘယ်လိုအကြိတ်အနယ် ကယ်တင်သွားမလဲ...

ဆေးရုံအုပ်ကြီးတွေရဲ့ အကောက်ကြံမှုတွေကိုရော ဘယ်လို အပိုင်ဖြုတ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာမို့လို Medical Drama ကြိုက်တဲ့သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။

Channel ကို အရင် Join ပါ
https://t.me/+IiGcqg5O6Ak3OTA1

ဇာတ်ကား Link
https://t.me/c/4169862139/12

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤26❤‍🔥1🥰1🎉1
Doctor X-Surgeon Michiko Daimon S02 (2013)
*********

Season 2

အပိုင်း ( ၁ မှ ၉) စ/ ဆုံး

တခဲနက် တောင်းဆိုကြတဲ့ Doctor X ပရိသတ်တွေအတွက် Season 2 ကိုပါ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီနော် ..

Channel ကို အရင် Join ပါ
https://t.me/+IiGcqg5O6Ak3OTA1

ဇာတ်ကား Link
https://t.me/c/4169862139/37

ဇာတ်လမ်းအစုံကြည့်ရန်
https://t.me/addlist/ueNwQploRbQ1MGM1
❤25🥰4❤‍🔥1