ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
‎
‎အမနာရူမိရော....
‎
‎​နာရူမီက ပြန်သွားပီလေ......ကျောင်းကပေးထားတယ့် project ဆိုလားဘဲလုပ်ရမာမို့.....
‎
‎နာကာမာရူ:အော်.....(စိတ်ပျက်သောအသံဖြင့်)
‎
‎ထိုချိန်တွင် နာကာမာရူရဲ့နောက်ကျော်ကို အားပြင်းပြင်းနဲ့ အပုတ်ခံလိုက်ရပါသည်...
‎
‎နာကာမာရူသည် ဒေါသထွက်သွားပီး နောက်ကျောကို လှည့်ကြည့်ကာ..... ဘယ်ကောင်.........လဲဆိုပီးလှည့်ကြည့်လိုက်ကာ.....
‎
‎နာကာမာရူနောက်တွင် နာကာမီရောက်နေကာ
‎
‎Hi ကိုရီး နာကာမာရူ.....ဆိုပီးရယ်ပြကာနှုတ်ဆက်လိုက်ပါတယ်....
‎
‎နာကာမာရူသည်ရမ်းအံသြော်သွားပါသည် နာကာမီရဲ့မျက်နှာသည်.....အရမ်းကိုအရင်ကထက်.......
‎
‎နာကာမာရူ:နာကာမီ.....နင်...နာကာမီရောဟုတ်ရဲ့လား အရင်ကထက်ပိုရုပ်ဆိုးလာတာဘဲ.....
‎
‎မရိးနာရူမီနဲ့ညီမရင်းရောဟုတ်ရဲ့လား.....
‎
အပိုင်း 4 feel လာမှရေးမည်😑
❤23🍓12❤‍🔥4🥰2
𝙋𝙖𝙧𝙩..12
သံသရာ....<𝘾𝙮𝙘𝙡𝙚>

အိမ်အပေါ်ထပ်မှ မယ်ဒလင်ကိုမြှောက်ကာ လူစုကိုမေးနေသည်..... ၄နှစ်အရွယ်ကလေးတဦးကထလာပြီး ထိုလူကြားထဲမှ တစုံတယောက်ကိုလက်ညိုးထိုးပြလိုက်သည်..... တကိုယ်လုံးတုန်ကာ ခေါင်းပင်မမော့ရဲသောကောင်လေးတဦး၏ ပစ္စည်းဖြစ်တာကြောင့်....
" မင်း!ဒီပစ္စည်းကိုလာတီးပြ "

" ဗျ.. ဗျာ သားလား "
ဦးမောင်ကို ထိုကောင်လေးကိုအတန်ကြာကြည့်နေမိသည် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းလေးနဲ့..

" ဟုတ်တယ် မင်းကို ပြောနေတာ "
ဘေးဘက်ကိုလှည့်ကြည့်တော့လည်းမိဘများက သွားရန်ခေါင်းငြိမ့်ပြသဖြင့် သူတလှမ်းချင်းစီသာလျှောက်လာမိသည်။ ဦးမောင်ကို လက်မှမယ်ဒလင်ကိုယူကာစတင်တီးခတ်တော့ ထိုလူက သူ့ကိုသေချာကြည့်နေတယ်..... အရမ်းကြောက်နေတာမို့ ပြန်မကြည့်ရဲ.... အလောင်းတွေကိုကျင်းတခုထဲပစ်ထည့်နေစဥ် ဂီတသံတခုကြောင့် မိုးကောင်း ခြေလှမ်းတို့ရပ်ကာ အသံလာရာကိုရှာနေမိသည်.. စောနမှ မျက်ရည်အဝိုင်းသားနဲ့သူ့ကိုကြည့်နေတဲ့ကောင်လေး ဦးမောင်ကို,ကိုကြည့်တော့ ကောင်လေးကိုပြုံးပြီးကြည့်နေတာကို တွေ့တာကြောင့် မျက်မှောင်ကြုတ်ကာ အလောင်းတွေကိုသာဆက်သယ်နေသည်။.....
" ဗိုလ်ကြီး ကျတော်တို့ ဝင်သိမ်းပြီးပါပြီ"

" ........."

" ရွာသားတွေကတော့များတယ် အယောက်၂၀၀‌‌ေကျာ်ရှိပါတယ် "

" ......"

" အလေးပြုပါတယ် ဗိုလ်ကြီး "

အခြေစိုက်စခန်းဆီသတင်းပို့ပြီးသည်နှင့် မယ်ဒလင်တီးနေသည့်ထိုကောင်လေးကို ဦးမောင်ကိုပတ်ရှာနေသည်။ ရုတ်တရက်ဝင်စီးတာကြောင့် ရွာခံတချို့လည်းထိခိုက်ဒဏ်ရာများရနေတယ်.... ဆေးတပ်တချို့ကိုခေါ်ကာ မိုးကောင်းကဦးဆောင်ပြီး ဆေးလိုက်ကုပေးသည်။ မနိမ့်မမြင့်ကုန်းလေးပေါ်မှာတဲအိမ်တွင်အော်သံများကြား၍ သေနတ်ကိုဘေးလွယ်ကာ မိုးကောင်း အလျှင်အမြန်လျှောက်လာသည်
" လွတ်.. ! သားကို လွတ်! "

" မင်းအငြိမ်နေစမ်း ကောင်လေး ဒီထက်အသားမနာချင်ရင်! "
သူထင်သည်မှာမလွဲ.....မိမိအထက်လူကြီးဖြစ်သော်လည်း အကျင့်များကမကောင်း သူတားမှရမည်မို့ တံခါးကိုအားနဲ့ဆွဲဖွင့်လိုက်သည်။
တံခါးပွင့်သွားတော့ ရုန်းနေသောလက်တို့ငြိမ်သွားကာ နှစ်ယောက်လုံး ကြည့်နေတယ်....

" မင်းဘာလာလုပ်တာလဲ ကိုယ့်နေရာကိုယ်သွား "
သူ့ရှေ့ကကောင်လေး၏အဝတ်များကိုထပ်ပြီးဆုတ်ဖြဲနေတာကြောင့်....

" ဆရာ ကျတော်တို့ ဒီလိုမလုပ်သင့်ဘူး ထင်တယ် "
"မင်းက ဘာကောင်မို့ငါ့ကို ကောင်းတယ် မကောင်းဘူး လာပြောနေရတာလဲ "

ကော်လံစကိုဆွဲကာ ဒေါသထွက်နေတာကြောင့် မိုးကောင်း မျက်လွှာချလိုက်တယ်...

" ထွက်သွား ငါ့အမိန့်မရပဲ ဝင်မလာနဲ့ "
တံခါးကိုပြန်ဆောင့်ပိတ်ကာ ထွက်ပြေးဖို့ကြံနေသောကောင်လေးကိုခါးမှဆွဲဖက်ပြီး အတင်းအကြပ်ထပ်နမ်းသည်။

ကျွီ.....

" ဆရာ ကျတော် ပြောတာနားထောင်ပေးပါ "
တွန့်ကြေနေတဲ့သူ့အဝတ်ကိုအားပါ"ဆွဲချပြီး မိုးကောင်းခြေထောက်တဖက်ကိုစစ်ဖိနပ်ဖြင့်ကန်ထည့်လိုက်သည် နာသော်လည်း ခန္ဓာကိုယ်ကိုထိန်းကာ ပြန်ရပ်နေသည်....

ခွပ်.... အထိုးခံလိုက်ရတာကြောင့်လဲကျသွားပြီး ပြန်ထဖို့ပြင်တော့ အကန်ခံလိုက်ရ၏

" ဒီနေရာမှာ ငါက မင်းတို့ရဲ့ ဆရာ ခေါင်းဆောင် ငါပြောတာပဲနားထောင်ရမယ် လာသင်ပြစရာမလိုဘူး နောက်ဆုံးအကြိမ်သတိပေးလိုက်မယ် တပ်သား ငါ့ကို လာမရှုပ်နဲ့ "

တဲထဲပြန်ဝင်ပြီး ထပ်မံရမ်းကားနေတော့သည်.... လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး တံခါးကိုထပ်ဖွင့်တော့ သူ့ကို စိတ်ပျက်နေသည့်ပုံစံနဲ့ ကြည့်ပြီး ထပ်ထိုးရန်လက်ရွယ်လိုက်ရုံရှိသေး....

ဒုတ်....... ခေါင်းကိုသေနတ်ဒင်နဲ့ရိုက်ချလိုက်တာကြောင့် ဦးမောင်ကို သတိမေ့သွားသည်.... ကျန်တဲ့စစ်သားများကလည်း သူ့ကို မျက်လုံးပြူးကာကြည့်နေကြတယ်.....

အခင်းများဖြစ်ပွားပြီး ဗိုလ်ချုပ်ကြီးက မိမိတို့နားခိုရာနေရာသို့ ဆိုက်ရောက်လာခဲ့သည်... မိုးကောင်းဆီတည့်တည့်လျှောက်လာပြီး...

" ဗိုလ်ကြီး ကျတော် "

ဖြန်းးးးးးး !
ပူထူသွားသောပါးကို ဂရုမစိုက်ပဲ ရှင်းပြရန်ကြိုးစားနေသေးသည်...

" မင်းမှာ အပြစ်ရှိလား မရှိဘူး တပ်သားမိုးကောင်း "

" ရှိပါတယ် ဒါပေမယ့် ဗိုလ်ကြီး "

" ဒါပေမယ့်တွေဘာတွေ ငါမကြားချင်ဘူး သူက မင်းထက်ရာထူးမြင့်တယ် အာဏာရှိတယ် ကိုယ့်အထက်လူကြီးကို ဒီလိုလုပ်တာ အပြစ်ရှိလား မရှိဘူးလား! "

" ရှိပါတယ်ဆရာ "

မျက်နှာကိုအောက်ချကာဖြေနေတာကြောင့် ဦးမောင်ကို နှုတ်ခမ်းတို့တွန့်ချိုးကာပြုံးလိုက်သည်။ အနောက်ဘက်ကိုပြန်လှည့်ပြီး သစ်ပင်ပေါ် လက်ထောက်ထားလိုက်တယ် ..

ဖျောင်းးးးးး ဖျောင်းးးးးးးး ဖျောင်းးးးးးးးး

ကျောပြင်ကိုကြိမ်ဝါးနဲ့အရိုက်ခံပြီးပြစ်ဒဏ်ခံယူရသည်မှာ အလွန်ရက်စက်ရာကျတယ်မလား နာနေလည်းကြိတ်ကာခံနေရသည် မိမိမှာအပြစ်ရှိတာကိုး..အံကြိတ်ကာတောင့်ခံနေရတယ်....

ဖျောင်းးးးးး ဖျောင်းးးးးးး ဖျောင်းးးးးးးး

" သူ့ကို လွတ်လိုက်ပါ ဆရာ သူ့မှာ အပြစ်မရှိဘူးလေ ဒီလူမှာအပြစ်ရှိတာ ခင်ဗျားမှာဦးနှောက်မရှိဘူးလား! "

မိမိရှေ့မှာရပ်ကာ,ကာကွယ်ပြောနေသော ထိုကောင်လေးကို မိုးကောင်း ပြန်လှည့်ကြည့်မိတယ်..... မင်းက တကယ် အရှုပ်ထုတ်ပဲကွာ

" မသတ်ပဲအရှင်ထားလိုက်လို့မာန်တက်နေတာလား မင်းလိုကောင်ကများ ဗိုလ်ချုပ်ကို ဒီလိုလေသံနဲ့ပြောရဲတယ် ကဲကွာ!"
❤17💯2💘2🥰1🤩1
သူ့ရှေ့ကကောင်လေးကိုရင်ခွင်ထဲဆွဲထည့်ပြီးအမြန်ကာကွယ်လိုက်တာကြောင့်ရိုက်ချက်တွေက သူ့ကျောပြင်ကိုသာထိသွားသည်။
ဖျောင်းးးးးးး ဖျောင်းးးးးးး ဖျောင်းးးးးးးးး

15မိနစ်အကြာရိုက်ပြီးတော့ ရပ်တန့်ကာကြိမ်ဝါးကိုပစ်ချပြီး ဦးမောင်ကို ထွက်သွားသည် ။

" မင်း အဆင်ပြေလား "

အရိုက်ခံရတာငါမှမဟုတ်တာ ငါက သူ့ကိုပြန်မေးရမှာလေ....အရပ်ကသူ့ထက်ခေါင်းနှစ်လုံးစာမြင့်တာမို့ ပြန်မော့ကြည့်နေရသည်။ မရယ်မပြုံးရင်တောင် ဒီလူကချောလိုက်တာ.... စိတ်ထဲမှာတွေးပြီးသူ့အမေးကိုပြန်မဖြေမိ

" ထိခိုက်မိသွားလို့လား "

ရင်ခွင်ထဲမှအတင်းပြန်ရုန်းကန်ထွက်ပြီး..

" သား အဆင်ပြေပါတယ် ခင်ဗျားကိုသာမေးရမှာ အဆင်ပြေရဲ့လား "

" အင်း ပြေတယ် "

ထိုမျှသာပြောပြီး သေနတ်ကိုလွယ်ကာ သူရှေ့မှထွက်သွားတော့ လိုက်ကြည့်နေမိတယ်... . ပြဿနာတချို့တက်ခဲ့ပြီနောက် မိုးကောင်းထိုကောင်လေးနဲ့အကြည့်ချင်းတောင်ထပ်မဆုံတော့...သူလာရင် ရှောင်ထွက်သွားပြီး စားစရာလာပေးရင် အခြားသူများကိုသာပေးလိုက်တယ်..... ဒီဇင်ဘာလရဲ့အအေးဒဏ်ကပိုလာတာမို့ မီးပုံဝိုင်းပတ်ပတ်လည် အိပ်သူကအိပ် မီးလှုံသူကလှုံ..... မိုးကောင်း ဒီရွာထဲရောက်လာသည်မှာ၁လပင်ကျော်နေပြီး.... ရွာသားတွေနဲ့လည်း စကားအနည်းငယ်စပြောဖြစ်လာတယ်... . အထက်ကအမိန့်မကျသေး၍သူတို့တပ်စု ဒီရွာလေးထဲမှာသာ ရက်တွေအတော်ကြာခဲ့ရတယ်.... လူများတာကိုမကြိုက်တဲ့ မိုးကောင်းက သီးသန့်မီးပုံတခုလုပ်ပြီး မီးလှုံနေသည်....
ကျောပိုးအိတ်မှ ခရုခွံအသေးလေးကိုထုတ်ကာ မှုတ်ကစားနေလိုက်တယ် သံစဥ်အတိုင်းစီးမျှောကာမှုတ်နေစဥ် အနောက်ကခြေသံကြောင့် ရပ်တန့်လိုက်ပြီး

" သား ဒီမှာ ထိုင်လို့ရမလား "

တချက်သာကြည့်ပြီး ခရုခွံကိုဆက်မှုတ်ရန်ပြင်လိုက်တယ်.. . သူ့အရှေ့မှာထိုင်ပြီး ငြိမ်ပြီးနားထောင်နေတဲ့ကောင်လေးကို ဂရုမစိုက်ပဲ မျက်လုံးမှိတ်ကာ တီးမှုတ်နေလိုက်သည်။ အတန်ကြာအောင်တီးမှုတ်ပြီးတော့ ထိုကောင်လေးစကားစလာသည်...

" အဲ့တာ ဘာလဲ "

" ခရုခွံ "

" ခင်ဗျားတို့က ဘာလို့တခြားစစ်သားတွေနဲ့မတူတာလဲ အဝတ်အစားကအစ အရောင်ကွာတယ် "

" အင်း ငါတို့က ကရင်စစ်သား
( တောသူပုန် =ယမန်ခေတ်ကသီးခြားအဖွဲ့အစည်း) "

" အော်..... ခင်ဗျား နာမည်ကရော "

မေးခွန်းတွေကိုဆက်ကာမေးနေတာကြောင့် သူမဖြေချင် .. သေနတ်ကိုကောက်ကိုင်ကာ ထသွားရန်ပြင်တော့...

" သား တောင်းပန်ပါတယ် ခင်ဗျားကိုခင်ချင်လို့ စကားလာပြောမိတာပါ "

" မင်းမှာ သူငယ်ချင်း မရှိဘူးလား "

ခပ်ငေါက်ငေါက်ပြောလိုက်တော့.....

" ဟင့်အင်း သားမှာ သူငယ်ချင်း မရှိဘူး "

ဝမ်းနည်းသွားသည်ထင် မျက်လွှာချပြီးလက်နှစ်ဖက်ကိုယှက်ကာ‌ေဆာ့ကစား‌နေသည်.....
" ငါက မင်းရန်သူ သူငယ်ချင်းလုပ်ဖို့မသင့်တော်ဘူး ဆိုတာ မင်းမစဥ်းစားမိဘူးလား "

" ရန်သူလည်းလူပဲလေဗျာ သားကအဲ့လိုတော့မခွဲခြားချင်ဘူး လူချင်းအတူတူပဲ အကုန်လုံးက ရန်သူ လို့ သတ်မှတ်လို့သာ ခွဲခြားနေကြတာ "

မျက်လုံးအဝိုင်းသားနဲ့ သူ့ကို တလုံးချင်းစီရှင်းပြနေတာကြောင့် ဘာမှပြန်မပြောမိ.... သက်ပြင်းတချက်ချကာ ထိုင်နေသည့်နေရာတွင်ပြန်ထိုင်လိုက်မိသည်....

" မင်းနာမည် ဘယ်လိုခေါ်လဲ "

" သားမှာ နာမည်မရှိဘူး "

မျက်မှောင်ကြုတ်လိုက်ပြီး..

" မင်းမိဘတွေက မင်းကို နာမည်မပေးဘူးလား "

" သားကမွေးစားဦးလေးနဲ့နေတာ တရွာလုံးကတော့ ဖိုးဝလုံး လို့ပဲခေါ်ကြတယ် ဒီဆံပင်ပုံစံကြောင့် "

လက်ညိုးလေးကိုအပေါ်မြှောက်ပြီး သူ့ရဲ့ဆံပင်လုံးလုံးလေးကိုထိုးပြသည်..... ငယ်ငယ်လေးနှင့်စွန့်ပစ်ခံရတာမို့ မိုးကောင်း သနားမိသည်။

" ငါ့နာမည် မိုးကောင်း ကရင်လူမျိုး အဖေနဲ့အမေက ခရစ်ယာန်ဘာသာဝင်တွေ "
အသိမိတ်ဆွေများကိုတောင် လိုသည်ထက်ပိုမပြောတတ်သည့်သူ... ယခုတော့ အရှေ့က,ကလေးကို သူဘာလို့စကားတွေအများကြီးပြောမိလည်းမသိ.... သူ့ကို သနားလို့နေမှာပါဟုတွေးပြီး စကားဆက်ပြောသည်။.

" မင်းဒီမှာနေတာကြာပြီလား "

" ဟုတ် အတော်ကြာနေပါပြီး ဦးလေးရဲ့ဆိတ်တွေကို နေ့တိုင်းကျောင်းပေးနေရတာ တခါတလေ မိဘတွေကို သတိရပေမယ့် သားအနေနဲ့ကမဖြစ်နိုင်ဘူးလေ ဒါပေမယ့် သားပျော်နေပါပြီး "

ငိုချင်နေသည့်စိတ်ကိုထိန်းကာ သူ့ကို ပြုံးပြနေတာကြောင့် သူလည်းပြန်ပြုံးပြမိနေသည်...

" အကိုပြုံးနေရင် အရမ်းချောတယ် "
ရုတ်တရက် စကားသံကြားလိုက်ရ၍ မိုးကောင်း ခေတ္တမျှ မှင်သက်ပြီး ....

" ဟဟား မင်းမမြှောက်လည်း သူငယ်ချင်းလုပ်လို့ရပါတယ်ကွာ "

" တကယ်ပြောတာပါဆို အကိုပြုံးရင် အရမ်းချောတယ် မျက်နှာတည်တည်ကြီးနဲ့ပဲ အမြဲနေလို့လား မသိဘူး "
ဒီကလေးပြောလည်းပြောချင်စရာ မိမိကိုယ်၌ကလည်း အမြဲတမ်း မပြုံးတတ် မျက်နှာတည်ပြီးနေတာများသည်မို့....

" အေးပါကွာ "
စကားဝိုင်းမှာပြန်တိတ်သွားပြီး မိုးကောင်း ထိုကလေးကိုသေချာကြည့်နေမိသည်.... မျက်နှာဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနှင့် အလွန်ပင်ချစ်စရာကောင်းသည်ဟု မှတ်ချက်ချလိုက်သည်.. နေပါဦး ငါက ဒီကောင်လေးကို ချစ်စရာကောင်းတယ် လို့ တွေးမိလိုက်တာလား.. သူ့ရှေ့က ကောင်လေးကတော့ စာအုပ်တအုပ်ကိုထုတ်ပြီး တခုခုကိုရေးခြစ်နေသည်။ သူသိချင်လာတာကြောင့်....

" ဘာတွေရေးနေတာလဲ "

Part 1 Part 4 Part 7 Part 10
Part 2 Part 5 Part 8 Part 11
Part 3 Part 6 Part 9 Part 12
❤27🥰3🍓3
ဇာတ်သိမ်းဖို့သိပ်မလိုတော့ပါဘူးရှင့် စောင့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ် ကျန်းမာရေးဂရုစိုက်ကြပါအကြည်ဓာတ်တို့✨🍀
❤23🥰3❤‍🔥1
စိတ္တဇကျောင်းတော်ကြီး™ Ep 1

နွေရာသီကျောင်းသုံးလပိတ်တာကလည်း တစ်ရက်ထဲလိုပါပဲ။ ရွက်ဟောင်းကြွေပြီး ရွက်သစ်ရွက်နုတွေ စတင်ထိုးထွက်လာတဲ့ မိုးဉီးကာလအစကတော့ ကျနော်တို့ရဲ ကျောင်းဖွင့်ချိန်လေးပေါ့ဗျာ။ ကျနော်ကတော့ ရဲခန့် ဖြစ်ပါတယ်။စူးစမ်းရတာဝါသနာပါပြီးတော့ အမြဲတမ်းပျော်ပျော်ပဲနေတက်ပါတယ်။အခုတော့ ကျနော်တို့က Grand 12 ကိုရောက်ခဲ့ပြီပေါ့ဗျာ။ကျောင်းကလည်း နက်ဖြန်ဖွင့်မှာဆိုတော့ နည်းနည်းတော့ဒီနေ့အလုပ်ရှုပ်နေတယ်ဗျို့။

" သားရေ နက်ဖြန်ကျရင် ကျောင်းစတက်ရတော့မယ်နော် ဒီညစောစောအိပ်အုံးး""

ဖုန်းထဲတွင် ဈာန်ဝင်သောကျနော်လည်း အမေ့အသံကြားလိုက်တော့ အရှိန်ခဏပျတ်သွားကာ

" ဟုတ်ကဲ့ပါ အမေ..သားမနက်ကျရင် စောစောထပါမယ်"

လှမ်းအော်ပြောလိုက်သည်။သို့ပေမဲ့ ဖုန်းဆက်ကြည့်မယ်လို့ တွေးသော်‌ငြားလည်း ပင်ပန်းလို့လားမသိ။တစ်ချိုးတည်း အိပ်ပျော်သွားတော့သည်။

တီ....တီ....တီ....တီ.............
နာရီအချက်ပေးမြည်သံကြောင့် ကျနော်နိုးလာခဲ့သည်။နာရီကြည့်တော့ ခြောက်နာရီခွဲနေပြီ။ကျောင်းကတော့ ကိုးနာရီမထိုးခင် ဆယ့်ငါးမိနစ်အလိုမှတက်တော့ အေးဆေးမှီပါသည်။သို့နှင့် အမြန်ထကာ အိပ်ယာသိမ်းရေမိုးချိုးပြီးအောက်ထပ်သို့ဆင်းလာတော့သည်။‌ အောက်တွင်မနက်စာပြင်ပေးနေသော ကျနော်အမေက

" သားရေ အခုမှ ရှစ်နာရီပဲရှိသေးတာကိုးးဘာလို့အကျီအဖြူတွေကို အစောကြီးဝတ်ထားတာလဲ ပေကျံကုန်တော့မယ်"

ရောက်လာချင်းပင် စတင်သတိပေးတော့သည်။ကျနော်လည်း

"မဟုတ်ပါဘူးးအမေရ သားလည်းမနက်စာစားပြီးတာနဲ့ကျောင်းကိုဒီနေ့စောစောသွားမလို့ပါ သားရဲ့မနှစ်က သူငယ်ချင်းတွေ ပြန်တက်လား ကျောင်းပြောင်းသွားကြလား သိချင်လို့ပါ"

"အေးပါငါ့သားရယ် စာတွေလည်းလုပ်အုံးးးနောက်ဆုံးနှစ်ရောက်နေပြီ "

အမေလည်း ကျနော့်ကို မှာစရာရှိတာတွေမှာရင်း၊ကျနော်လည်းမနက်စာအမြန်စားရင်းသွက်သွက် သွက်သွက် နဲ့ အိမ်ကအမြန်ထွက်လာလိုက်သည်။ကျနော်တို့ကျောင်းက ကျနော့်အိမ်နဲ့ နည်းနည်းလှမ်းသည်။ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရသည်။ အခုတော့ကျောင်းတော်ကြီးကို ရောက်ပါပြီဗျို့။ဘာမှတော့မပြောင်းလဲသေးပါဘူးးဗျာ။ကျနော်တို့ကျောင်းကြီးက အင်မတန်ကျယ်တယ်။ဧက၄၀ကျော်ကျော်လောက်ကို ကျယ်တာ။ကျောင်းမှာ အဆောင်တော်တော်များများလည်းရှိတယ်။မသုံးတော့တဲ့အဆောင်တွေ၊ဂျပန်ခေတ်ကအဆောင်တွေအများကြီးရှိတယ်။တစ်ချို့နေရာတွေဆို အဆောင်တွေက ရှိတယ်လို့တောင်မထင်ရဘူးးမြတ်ရိုင်းပင်တွေပေါက်ပြီး ဖုံးကွယ်နေတော့သည်။ကျနော်တို့အဆောင်ရောက်ဖို့ အင်ကြင်းဆောင်၊ခရေ၊နှင်းဆီ၊ကံ့ကော် စတဲ့အဆောင်လေးခုကို ဖြတ်ပြီးမှ ကျနော်တို့အခုတက်ရမဲ့ စံကားဝါဆောင်ကို ရောက်တာဗျ။နည်းနည်းတော့လှမ်းတယ်။ငါးမိနစ်ပေါ့။
ကျနော်လည်း ကျနော့်အဆောင်ရှေ့ရောက်တော့ အပေါ်ထပ်ကို မတက်သေးးးဘဲ
ဟူးး™ သက်ပြင်းတစ်ချက်ချကာ စိတ်ထဲမှာ ငါ့သူငယ်ချင်းတွေရော ပြန်တက်ပါ့မလားးတွေးနေလိုက်သည်။ ထိုသို့တွေးတောနေစဉ် ကျနော်ဘေးနားသို့ လူနှစ်ယောက် ပခုံးပုတ်လိုက်သည်။ကျနော်လှည့်ကြည့်လိုက်တော့ အရမ်းပျော်သွားတော့သည်။ဝဏ္ဏနဲ့ မင်းခန့်ဖြစ်လို့နေသည်။
( ဝဏ္ဏ-စာအလွန်ကြိုးစားပြီး ထက်မြတ်တဲ့သူတစ်ယောက်ဖြစ်တယ်။တစ်ဖတ်သားအားအမြဲကူညီတက်တယ် )
( မင်းခန့် - ကြည့်တော့သာ ရင့်ကျတ်သလိုထင်ရပေမဲ့ ပေါင်းကြည့်မှ ပျော်ပျော်နေတက်သူတစ်ဉီးဖြစ်သည်။စာတော်ပြီး အမြဲတမ်းတစ်ခုခု တီထွင်ဖန်တီးနေတက်သည် )

"ဟာ ...မင်းတို့တွေပါလားးးငါမှာ အဖော်ရပြီကွာ...ပြန်ပြီးတော့သူငယ်ချင်းတွေတွေ့ရပါ့မလားဆိုပြီးတော့"

ကျနော်လည်းဝမ်းသာအားရပြောလိုက်သည်။ဝဏ္ဏကလည်း

"ငါတို့လည်း ပြန်တက်တာ သူငယ်ချင်းတွေဆုံပါ့မလားဆိုပြီး အခုတော့ရပြီငါတို့သုံးကောင်"

"အေးပေါ့ကွာ သုံးယောက်ပေါင်းလောင်းကျော်ကြရတော့တာပေါ့"

ဝဏ္ဏပြောတဲ့စကားကို မင်းခန့်က ထောက်ခံလိုက်ကာ မီးလောင်ရာလေပင့်လိုက်တော့သည်။ကျနော်လည်း

"မင်းတို့ကို ကြည့်ရတာ အားကျပါတယ် စာတွေပိုင်နေပြီးသားမလားး"

သူတို့မကြိုက်တဲ့စကားနဲ့ ဆေးထိုးပစ်လိုက်သည်။ချက်ချင်းဆိုသလိုပင် ကျနော်ထင်သည့်အတိုင်း မင်းခန့်က

" ဘာစာရတာလဲ စောက်ကန်လိုက်လို့ ကလားပြည်ရောက်သွားမယ် ဘာမှတ် "

"ကလားပြည်မပြောနဲ့ အမှန်ပြောတော့အထိနာနေပြီမလား...ဟမ်"

ကျနော်လည်း မင်းခန်နဲ့ တစ်ယောက်တစ်ခွန်းပြောနေကျရင်း အနားက ကျနော်သူငယ်ချင်း ဝဏ္ဏက

"မင်းတို့တွေလည်း ငါမပြောချင်တော့ဘူးး အပေါ်တက်မယ် လာ...သွားမယ်"

အပေါ်သို့တက်ရန်ခေါ်တော့သည်။ဒါတောင် မင်းခန့်က ဝဏ္ဏကိုပြောလိုက်သေးသည်။

"မပြောချင်လည်း မပြောနဲ့ပေါ့ မင်းကို ဘယ်သူကပြောခိုင်းနေလို့လဲ"

လို့ အနောက်က စပ်စပ်ထိမခံသော လေသံမျိုးဖြင့် ပြောလိုက်သည်။ ဝဏ္ဏလည်း ဘာမှမပြောဘဲ အပေါ်ထပ်သို့ တက်သွားလေတော့သည်။ကျနော်တို့အခန်းကအစွန်ဆုံးအခန်းဗျ။ပြီးတော့ ‌အစွန်ရဲ့ ဝရံတာ ညာဘက်ခြမ်းမှာက အဆောင် ပျက်ကြီးတွေပဲရှိတော့တာ။သစ်ပင်တွေနဲ့ ဖုံးကွယ်နေလို့။အရိပ်တော့ရပါတယ်။
❤49🥰4🤩4🍓3❤‍🔥2
အတန်းထဲရောက်ရောက်ချင်း ကျနော်သေချာကြည့်လိုက်ပါသည်။ဒီအဆောင်ကမသုံးတာကြာပြီထင်။ကျနော်တို့က တစ်ခါမှ မနေခဲ့ရဘူးအခုတက်တဲ့အဆောင်က။မနှစ်ကကျတော့ကျနော်တို့က ဇီဇဝါဆောင် မှာပဲ စာသင်ခဲ့ရတာ။
အခုတော့နေသားကျအောင်နေကြည့် ရပါအုံးမယ် ။ကျနော်တို့သုံးယောက်လည်း ဒုတိယမြောက်အတန်းကိုယူကာ ပြတင်းပေါက်ဘေးနားမှာ ကျနော်နေရာ ယူလိုက်ကာ ကျနော်ဘေးနားမှာ ဝဏ္ဏနဲ့ မင်းခန့်တို့က ထိုင်ကြသည်။
အတန်းထဲ တစ်ချက် ဝေ့ကာကြည့်လိုက်တော့ ကျနော်တို့နဲ့ မသိတဲ့သူတစ်ချို့လည်းပါတယ်။ထို့သို့ ဟိုကြည့်ဒီကြည့်လုပ်နေစဉ် အတန်းထဲသို့
ဖူးငယ်နဲ့ ဝတီ တို့နှစ်ယောက်ဝင်လာကြတော့သည်။ထိုသူတို့မှာ ကျနော့်သူငယ်ချင်းများဖြစ်ကြသည်။
( ဖူးငယ် - အရပ်ပုပြီး ချစ်ဖို့အလွန်ကောင်းသူ၊စာကိုပုံမှန်အတိုင်းလေးလုပ်ပြီး စိတ်တည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်တယ် )
( ဝတီ - မိန်းကလေးတွေထဲမှာ စာအတော်ဆုံးလို့ ပြောရလောက်သူ၊ပျော်ပျော်နေတက်သူဖြစ်ပြီး ကလေးဆန်တက်သူဖြစ်သည် )
ကျနော်လည်း သူတို့နှစ်ယောက်ကိုတွေ့တွေ့ချင်းပင်
"ဟေးးးးဖူးငယ်ရေ ငါတို့ ဘေးနားရဲ့ Role 2မှာထိုင်"

ဝမ်းသားအားရ‌အော်ပြောလိုက်သည်။ဖူးငယ်နဲ့ဝတီတို့လည်း ကျနော်တို့ဘက်စီ လာကာ

" တော်သေးတယ် နင်တို့တွေပြန်တက်ကြလို့ ငါက ငါတစ်ယောက်ထဲပဲထင်နေတာ ဝတီကို လှေကားအတက်မှာ‌တွေ့လို့"

သူလည်း ကျနော့်နည်းနည်း သူ့တွေးထားတဲ့အတိုင်းလာရင်ဖွင့်ပြောပြသည်။မင်းခန့်လည်း

" ငါတို့တွေအားလုံးး လူစုံမှာပါ အေးဆေးပေါ့ ဒါနဲ့ ဇင်ဇင်တို့ရော မတက်ဘူးးလား အစကနင်နဲ့တစ်တွဲတွဲကို "

မင်းခန့်လည်း ဖူးငယ်ကို မေးလိုက်သည်။

"အမှန်တကယ်တော့ဟေ...သူနဲ့အတူလာမလို့ အဲ့ဒါ သူဒီနေ့ ကျောင်းလာမလို့ လုပ်နေတုန်း လမ်းမှာ သစ်ပင်တစ်ပင်က သစ်ကိုင်းရဲ့ အချွန်နဲ့ ဘယ်လိုဆိုလားပဲဟာ ခြစ်မိတာ အကျီပြဲသွားလို့လားပဲ အိမ်ပြန်ပြီး အဝတ်အစားလဲရတာ အဲ့တော့ငါလည်းမစောင့်တော့ဘူးး"

ဖူးငယ်တစ်ယောက် စိတ်ညစ်တဲ့အသံစူးစူးလေးနဲ့ပြောလိုက်သည်။
ကျနော်လည်း

"ဇင်ဇင်ကလည်း မနှစ်ကအတိုင်းပဲ နမော်နမဲ့နဲ့ ဘာမှမဖြစ်ပါဘူးးအဓိက ငါတို့လူစုံကြတယ်
ဝတီ...နင်ရဲ့ တွဲဖော်နှစ်ယောက်ရော ရွန်းလဲ့နဲ့ နှင်းအိတို့ မတက်ဘူးးလားး"

" မတက်ကြဘူးလား တက်ကြမလားးငါလည်းမသိဘူးးးးဟူးးသူတို့မတက်ရင် ငါတစ်ယောက်တည်း"

ကျနော်လည်း အားပေးစကားပြောမလို့လုပ်တုန်း ဖူးငယ်က

"ဘာမှမဖြစ်ပါဘူးးးကိုးနာရီမှကျောင်းတက်မှာကိုးးးအခုမှ ရှစ်ခွဲပြီး ငါးမိနစ်ပဲရှိသေးးလာမှာပါ သူတို့မတက်တော့လည်း ဘာဖြစ်လဲ ငါတို့ရှိပါတယ်နင်ကလည်း အေးဆေးပေါ့"

အားပေးလိုက်သည်။အနားက မင်းခန့်ကလည်း

"ငါတို့က နင့်သူငယ်ချင်းတွေလို့ မဟုတ်လို့ကတော့ အရေခွံဆွဲနွှာပစ်လိုက်မယ်"

"မင်းတို့ကလည်း သူက သူ့ဘာသာ သူ့သူငယ်ချင်းတွေတတ်မလားးတွေးနေတာသွားစနေသေးး"

မင်းခန့်က ဝတီကို စလိုက်တော့ ဝဏ္ဏလည်း ဝင်ပြောလိုက်သည်။မင်းခန့်ကလည်းမျက်မှောင်ကြီးကြုတ်လိုက်ကာ
ဝဏ္ဏကိုပြောမလို့ လုပ်နေစဲ ......

"ဟောဟိုမှာ သုံးယောက်လာပါပြီ ...ငါပြောသားပဲ နင်တို့ကို တက်မှာပါလို့ နင်တို့ကမယုံကြတာကိုးးး"

အောင်မြင်သူတစ်ယောက်လို လေသံမျိုးဖြင့် ဂုဏ်ယူဝင့်ထည်စွာ ပြောကြားလိုက်တော့သည်။
❤66🍓5🥰2🤩2❤‍🔥1🕊1
ကဲ့ ကျနော်ရေးတင်ပေးလိုက်ပြီဗျာ
အခုမှရေးတာ‌ဆိုတော့အားရှိအောင် အပေါ်ရောအောက်ရော အသဲလေးတွေပေးတာ များစေချင်မိတယ်🥺
❤56❤‍🔥4🥰2🍓2😍1
𝙋𝙖𝙧𝙩..13
သံသရာ....<𝘾𝙮𝙘𝙡𝙚>

" မှတ်ထားတာပါ သားမှာသူငယ်ချင်း ရှိနေပြီး ဆိုတာ "
သူ့အပြုံးတွေက ဘာလို့ငါ့ကိုစိတ်ကြည်လင်နေစေတာလဲ.... ပြီးတော့ သူငါ့အနားရှိနေရင်စိတ်ရှုပ်စရာတွေက ဘာလို့မရှိတော့တာလဲ သာမန်ဆို ဒီခံစားချက်တွေက ကိုယ်သဘောကျနေတဲ့သူမှဖြစ်ရမှာလေ ပြီးတော့သူက
ယောကျ်ားလေး.... ငါဘာတွေတွေးနေတာလဲကွာ... မင်းအသိဝင်စမ်း မိုးကောင်း ..... ခေါင်းကိုဘယ်ညာခါယမ်းပြီး အတွေးတွေကိုတွန်းထုတ်လိုက်သည်။
" ဘာဖြစ်လို့လဲ အကို ခေါင်းကိုက်လို့လား "
ခေျာင်းတချက်ဟန့်ပြီး....

" အဟမ်း ဘာမှမဖြစ်ပါဘူး နားထဲပိုးကောင်လေးဝင်သွားလို့ခါထုတ်နေတာ "
" အဲ့ခရုခွံမှုတ်နည်းသင်ပေးလို့ရမလား သားကို "

လက်ထဲကခရုခွံကိုငုံကြည့်လိုက်ကာ

" မင်းသင်ချင်လို့လား "
ခေါင်းကိုမဆက်မပြတ်ငြိမ့်ပြနေသည့်ကောင်လေးကြောင့် နှုတ်ခမ်းများကွေးအောင်ရယ်ပြလိုက်ပြီး သူ့အနားသို့သွားထိုင်လိုက်သည်။

" မင်းသင်ချင်ရင် သင်ပေးမယ် ဒါက ဒီလိုမှုတ်ရတယ် လက်ကိုဒီနေရာမှာထား..... "
သူတို့မသိလိုက်သည်မှာ တဲမြင့်ပေါ်က ဒေါသတကြီးနဲ့ကြည့်နေသည့်မျက်ဝန်းတစုံရှိနေသည်ကို....

" တောက်စ်! မင်းငါ့အကြောင်း သိသွားစေရမယ် မိုးကောင်း "
_ _ _ _ _ _ _ _ _ _ _

ရက်တွေလတွေ တလပြီးတလကုန်လွန်တော့ သူလည်း ဒီရွာနဲ့အတော်ပင်နေသားတကျရှိလာသည်။ နောက်တခုကတော့ ထိုကလေးနဲ့လည်း ပို၍ခင်တွယ်နေမိပြီး.... ကင်းစောင့်လျှင်အနားလာကာ အဖော်လုပ်ပေးတတ်ပြီး မုန့်တွေကိုလည်းလာကျွေးနေသေးသည်.....

" မင်းတို့ရွာက အတော်ကျယ်တာပဲ ငါစသိတုန်းကထက်လည်းပိုလှလာတယ် "

ကင်းစောင့်ရန်တောင်ထိပ်တနေရာသို့ အေးဆေးလျှောက်လာကာ..... ထိုကောင်လေးကတော့ အနောက်က တကောက်ကောက်လိုက်ပါလာသည်...
" ဟုတ်တယ်ဗျ အာ ဒါနဲ့ အကို့ကို လျှို့ဝှက်ချက်တခုပြောပြမယ် "

ခြေလှမ်းတို့ရပ်တန့်ကာ....
" ထူးထူးဆန်းဆန်း ပြောပါဦး မင်းမှာလည်း လျှို့ဝှက်ချက်ရှိတာလား "

" ရှိတာပေါ့ သားပြမယ် လာ "
သူ့လက်ကိုဆွဲပြီး တောင်ဘေးရဲ့တနေရာကိုပြေးသွားတာကြောင့် ကြောင်တောင်တောင်နှင့်လိုက်ပါမိသွားသည်...... စမ်းချောင်းလို့ထင်ရတဲ့ဘေးဘက်က ဂျောင်နားမှာ ဂူတဂူ.....

" ဒီမှာလေ သားလျှို့ဝှက်ချက် "

ဂူပေါက်ကိုလက်ညိုးထိုပြပြီး အပေါ်ကအကိုင်းအခက်တွေကို ဖယ်ရှားလိုက်တော့.....

" မင်းလျှို့ဝှက်ချက်က ဒါလား..... ဒါနဲ့ နေပါဦး ဘယ်လိုသိတာလဲ ဒီဂူကို "

" သားဆိတ်တွေပျောက်သွားတုန်းကလာရှာရင်းတွေ့တာ "

သူအထဲသို့ ငုံ့ကြည့်လိုက်တော့ မှောင်မဲနေသည်။ အတွင်းပိုင်းနက်မည့်ပုံပင်..... အထဲသို့မြင်ရသလောက်ကြည့်ပြီး သစ်ကိုင်းတွေနဲ့ပြန်ဖုံးထားလိုက်သည်။
" သွားကြရအောင် ကင်းစောင့်ဖို့အချိန်ကျပြီး "

ဖိုးဝလုံး လက်ကိုဆွဲကာ တောင်ထိပ်သို့ပြန်တက်ခဲ့သည်။ ထိုကောင်လေးကတော့ စကားတွေ တရစပ်ပြောနေခဲ့သည်....
အချိန်အားဖြင့် ၄လနီးပါးခန့် ထိုရွာကို တပ်စွဲထားကြသည်.... သူတို့ မည်သို့မည်ပုံဥပဒေကြမ်းကိုရေးဆွဲခဲ့လည်းမသိပေမယ့် မိုးကောင်းအတွက် ဒါတွေက သိပ်အရေးမကြီးတော့ပေ...... အိမ်ပြန်ချင်သည် အိမ်ကိုလွမ်းနေသော်လည်း တာဝန်ကလည်းမပြီးသေး ကလေးတွေကိုလည်း ဒုံးအက (ကရင်ရိုးရာအက)သင်ပေးရဦးမည်...... ဒီတာဝန်ပြီးသွားရင် ဖိုးဝလုံးလေးကို အိမ်ခေါ်သွားမယ် ပြီးရင် စာသင်ပေးမယ်..... တဲအိမ်လေးပေါ်တယောက်ထဲအတွေးများနေရင်း အရှေ့ကအရိပ်ကြောင့် ပြန်မော့ကြည့်တော့....

" ဘာတွေတွေးနေတာလဲ အကို "

ပြောပြောဆိုဆို ထိုကလေးက သူနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်တယ်.....
" အိမ်ကိုလွမ်းလို့ပါ "

" အကို အိမ်ပြန်ရင် သားသတိရနေတော့မှာပဲ "
တချက်ပြုံးပြလိုက်ပြီး..

" မင်းရော လိုက်ချင်လား "

" သားမှလိုက်လို့မရတာ ရရင်တောင် အကိုကခေါ်သွားလို့မရဘူးလေ "

ဟိုတခါပြောလိုက်သည့် ရန်သူဆိုတဲ့စကားကို ဒီကလေးထပ်တွေးမိပြန်သည်ထင်.....
" ရပါတယ် မင်းဆန္ဒရှိရင် "

ပျော်သွားသည်ဖြစ်မည် မျက်လုံးလေးများဝိုင်းစက်သွားကာ အရှေ့သွားတွေပေါ်တဲ့အထိရယ်ပြတော့တယ်.....
" ဟုတ် ဟုတ် သားလိုက်မယ် "

ရေဒီယိုလိုင်းတိုင်ကိုထောင်ပြီး သီချင်းတွေကိုရှာဖွေနေမိသည်.... တောကျသည့်နေရာမို့ ရေဒီယိုလိုင်းမိဖို့ဆိုတာ သိပ်ပြီးလွယ်ကူမနေ..... ရုတ်တရက် မြန်မာသံစဥ်လိုင်းကသီချင်းစတင်ထုတ်လွင့်နေတော့ မိုးကောင်း ရပ်လိုက်သည်..... အသံကိုချဲ့လိုက်ကာ ကျောက်တုံးပေါ်တင်ထားလိုက်သည်.....


သူ့ကိုမှချစ်မိနေပါတယ်

တွေ့နေမြင်နေကျမို့ ဖြေဖျောက်ဖို့လည်း မလွယ်
မျက်စိထဲတဝဲလည်လည်

သူ့အလှပင့်ကူမှေးသဖွယ်

ရစ်ပတ်ဖွဲ့နှောင်ထား လို့

ရုန်းထွက်ဖို့လည်း ခက်လှတယ်

သူ့ကိုကွယ် စိုးမိုးနိုင်လွန်းတယ်

နှစ်ယောက်သားသီချင်းကိုလိုက်ဆိုရင်း ပျော်ရွှင်ခဲ့ကြသည် ကင်းချိန်းတဲ့ရက်မဟုတ်သောကြောင့် ဘာသာစကားတချို့နဲ့ ဒုံးအကတွေလည်းဒီက‌ေလးကိုသင်ပေးလိုက်ရသေး....

" ဒီအကကို မင်းသဘောကျရင် အကိုသင်ပေးမယ် ဒါပေမယ့် မင်းက သေချာအာရုံစိုက်ဖို့တော့လိုတယ်နော် တခါပဲသင်ပေးမှာ "

" သားသိပါတယ် အကိုရာ သင်မှာသာသင်ပေးပါနော် "
သိပ်မသင်လိုက်ရပါ ဒီကလေး ဥာဏ်ကောင်းသားပဲဟုတွေးပြီး နောက်တဆင့်ထပ်သင်ပေးပြန်သည်....

" ဟဟား မင်းကကွက်တွေမှားနေတယ် ရောကုန်ပြီးကွ စောနက အကနဲ့ "
❤23🐳2🍓2🥰1💯1
" တော်ပြီဗျာ သားမသင်နိုင်တော့ဘူး အရမ်းညောင်းတာပဲ "

ဆူအောင့်အောင့်လုပ်ပြီး မြက်ခင်းပေါ်အားရပါးရလဲချကာ ချွေးတွေ မျက်နှာတပြင်လုံးစိုရွဲလာတာကြောင့် ဆံပင်ဝိုင်းကိုအပေါ်သို့သပ်တင်ပြီး အမောဖြေနေရှာသည် ။ မျက်လုံးမှိတ်ကာ လေကိုအားရပါးရရှူနေတော့ မိုးကောင်း ရယ်မိသည်... ဒီကလေးနှယ် အသက်ကငယ်ငယ်လေးနဲ့ အမောမခံနိုင်ဘူး....
" အသက်ကလက်တောက်လောက်လေးနဲ့ အမောမခံနိုင်ဘူး ထ, အကိုစခန်းပြန်ရတော့မယ် "

" အကိုပြန်နှင့် သားခဏနေအမောပြေရင်လိုက်ခဲ့မယ် "
မျက်လုံးကမဖွင့်.....

" ဒီနေရာမှာ မင်းကို ဘယ်လိုစိတ်ချလို့ရမှာလဲ "

" နီးနီးလေးပဲကိုဗျာ ဟိုမှာ ဆိတ်တဲလေးတောင်မြင်နေရတာ "

" ဖိုးဝလုံး ထ ခေါင်းမမာနဲ့ "

" မပြန်ဘူးဗျာ အကိုပဲအရင်ပြန် "

" ကျစ်! ဒီကလေးကတော့ကွာ "
ခါးကိုကိုင်းပြီးသူ့လက်ကိုဆွဲထတော့ အတင်းပြန်အိပ်ချပြီးရုန်းတယ်.... နာသွားမှာစိုးလို့ ဖြည်းဖြည်းဆွဲထတာကို ဂျစ်ကန်ကန်လုပ်နေသေးသည်.... နောက်တခါထပ်ဆွဲတော့ သူ့ကိုပြန်ဆွဲချနေတာကြောင့် လက်ထောက်ဖို့ကလည်း သတိလက်လွတ်ဖြစ်ပြီး သူ့နှုတ်ခမ်းအစုံက ဖိုးဝလုံးရဲ့ နှုတ်ခမ်းပေါ်သို့..... 1 sec 2 sec 3sec 4sec 5sec နီးကပ်နေသည့်အနေအထားနဲ့ အသက်ရှူသံတွေက မျက်နှာကိုထိရိုက်နေသည်..... အယောင်ယောင်အမှားမှားနဲ့ အမြန်ထကာ သေနတ်ကိုကောက်လွယ်ပြီး စခန်းထဲပြန်ခဲ့သည် ထိုကောင်လေးကတော့ ဘယ်လိုပုံစံနဲ့ကျန်နေခဲ့လဲ သူမသိ......... ရင်ခုန်နှုန်းကလည်းဘာလို့ဒီလောက်မြန်နေမှန်းသူအဖြေမထုတ်မိခဲ့ချေ ။ ငါတို့က မဖြစ်နိုင်ဘူး.... ငါတို့က ယောကျ်ားလေးတွေ ဟုတ်တယ် ငါတို့က ယောကျ်ားလေးတွေ ....
ခြေလှမ်းတွေကိုအရှိန်တင်ကာ ကင်းမစောင့်တော့ပဲ ယာယီတဲထဲ ဝင်သွားလိုက်မိသည်။
.................

ငါ့ကို အကို မုန်းသွားပြီလား မသိဘူး.... လဲချနေတဲ့နေရာကသူပြန်မထမိသေး ပူပူနွေးနွေးထိတွေ့ထားတဲ့နှုတ်ခမ်းကိုသာလက်ချောင်းနဲ့ထပ်ခါကိုင်နေမိသည်။

" တောင်းပန်ပါတယ်.....သား အကို့ကို သဘောကျနေမိပြီ ထင်တယ် "

ဆံပင်ကိုပြန်ပြင်ပြီး ဖုန်မှုန့်ကိုသေချာခါထုတ်ကာ ဆိတ်တဲလေးဆီပဲဦးတည်သွားလိုက်တော့တယ်... နောက်နေ့တွေဘယ်လိုရင်ဆိုင်ရမလဲ
စဥ်းစား၍မရ.....

နောက်နေ့မနက်ရောက်တော့ အကိုက သူ့ရှေ့လုံးဝပေါ်မလာတော့ချေ ။ တကယ် မုန်းသွားသည်ထင် .... စဥ်းစားရင်းမျက်ရည်ဝဲလာတာကြောင့် လက်ဖဝါးနဲ့ခပ်ကြမ်းကြမ်းသုတ်လိုက်ကာ ဆိတ်ကျောင်းရန်ထွက်ခဲ့လိုက်သည် ။....... သားတို့က ယောကျ်ားလေးတွေ ဆိုတာ မှန်ပေမယ့် လူတဦးက လူတဦးကိုချစ်တာပဲလေ အကို့ကိုရော သားချစ်လို့ရမလား..... အခြောက်တယောက်လို့ အကိုသတ်မှတ်ထားရင်လည်း သတ်မှတ်လိုက်ပါ သားဘဝရဲ့အစိတ်အပိုင်းတိုင်းက အမြဲတမ်း အလင်းရောင်ကင်းမဲ့နေခဲ့တယ်
အကိုနဲ့မတွေ့ခင်တုန်းကပေါ့ သားရဲ့မှတ်ဥာဏ်ထဲမှာအကိုက စိတ်ထားအကောင်းဆုံးနဲ့ သဘောအကောင်းဆုံးပါ ။..... စာအုပ်လေးကိုပြန်ပိတ်ပြီး စလွယ်သိုင်းလွယ်အိတ်ထဲ ပြန်ထည့်ကာ ဆိတ်တွေကိုနောက်တနေရာထပ်မောင်းသွားသည်......
......

" ဟိုကောင်လေး မင်းဆီသိပ်မလာတော့သလိုပဲ "

ရေနွေးကြမ်းကို သောက်ရန်ပြင်နေစဥ် သူငယ်ချင်းရဲ့အမေးကြောင့် သူ့အတွေးများ အဲ့နေ့က အဖြစ်အပျက်ကိုသာမှတ်မိနေသည်.... မတွေးမိအောင်နေရင်းက ထပ်ပြီးမှတ်မိနေပြန်တယ်.....

" မင်းတို့ ရန်ဖြစ်ထားကြတာလား "

ထပ်မေးခံလိုက်ရတော့ စိတ်ရှုပ်လာတာကြောင့်

" ရန်ဖြစ်ရအောင် ငါတို့က ဘယ်အခြေအနေမှာရှိနေလို့လဲ ငါက သူ့ရန်သူ "
ခလွမ်းးးးးးး

ပြောချင်ရာပြောထည့်လိုက်တော့ အနောက်မှာ အဲ့ကလေးရောက်နေတာ သူမသိလိုက်.... အခုလည်း သူ့အဖို့စားစရာလာပေးရင်းကြားသွားသည်ထင်..... မိုးကောင်း ထိုင်ရာမှချက်ချင်းထပြီး သူ့ဆီလျှောက်လာတော့ မျက်ရည်အဝိုင်းသားနဲ့ တချက်ကြည့်ပြီး တောစပ်ထဲပြေးဝင်သွားတယ်..... ရှင်းပြရမည်လား ချော့ရမည်လား မတွေးတတ်တော့ပေ သူ့နောက်လိုက်သွားရန်အလှည့်.....

" မိုးကောင်း မင်းကို အဖွဲ့မှူးကခေါ်နေတယ် "

" ခန ငါ..."

" အခုချက်ချင်းလာခဲ့ဖို့ အမိန့်ပေးလိုက်တာ "
အမိန့်ဆိုတာကြောင့် သူသွားမှဖြစ်တော့မည်..... ကိုယ်ရှင်းပြတာကို မင်းနားလည်မယ် လို့ မျှော်လင့်ပါတယ်......ယူနီဖောင်းကိုဝတ်ပြီး ခြေလှမ်းများကိုသုတ်ခြေတင်ကာ အမြန်လျှောက်လာခဲ့သည်.....

" အလေးပြုပါတယ် အဖွဲ့မှုး"

" အင်း အလေးပြုပါတယ် မင်းကို ခိုင်းစရာရှိလို့"

" ဟုတ်ကဲ့ "

" ယာယီစခန်းမှာ ဗိုလ်ချုပ်ရောက်နေတယ် မင်းဒီစာရွက်တွေခဏသွားပို့ပေးနိုင်မလား မင်းလုပ်နိုင်မယ်လို့ငါယုံတယ် "
သူမသွားချင်....ဖိုးဝလုံးလေးကိုချော့ရဦးမည်မလား.... ဒါပေမယ့် တာဝန်ကလည်းအရေးကြီးနေတယ်... သူဘာအဖြေမှပြန်မပေးမိပဲ တောင့်တောင့်ကြီးရပ်နေမိတယ် ။
" ဒီစာရွက်တွေကိုတင်ပြပြီးရင် ငါတို့ အိမ်ပြန်လို့ရပြီး "

ထပ်မံပေါ်ထွက်လာတဲ့စကားကြောင့်

" ဟုတ်ကဲ့ ကျွန်တော် လုပ်နိုင်ပါတယ် "

" အင်း ခဏနေ စတင်ထွက်ခွာဖို့ပြင်ပါ "

အိမ်ပြန်ရမည်ဆိုတာကြောင့် သူအရမ်းပျော်သွားမိသည်.... ဒီစာရွက်တွေကိုသာပို့ပြီးရင် ဖိုးဝလုံးလေးကို ချော့ပြီးအိမ်ခေါ်သွားရမည်.....ကိုယ့်အတွေးနဲ့ကိုယ်မို့ မိုးကောင်း ပျော်နေမိတယ်.... ဒါပေမယ့် သူ့စိတ်ထဲလေးနေသလိုခံစားမိနေသည်။
❤34🍓6🥰4💯2🐳1
အခုက‌အတိတ်ကိုဇာတ်ကြောင်းပြန်နေတာပါရှင့် အားလုံးပဲကောင်းသောညချမ်းလေးဖြစ်ပါစေအကြည်ဓာတ်တို့... reactများများရရင်မြန်မြန်တင်ပေးပါမယ်။🍀✨
❤28❤‍🔥4🥰3
Morning 🤩

Recတွေအရမ်းပျောက်တယ်နော်စိမ်းကားနေတာလားစာဖတ်သူလေးတို့ရေ❤️
Please open Telegram to view this post
VIEW IN TELEGRAM
🍓44❤24❤‍🔥11💯2✍1🥰1
နောက် နှစ်နည်းနည်းကြာရင်
မင်း အိမ်ထောင်ကျသွားတဲ့အကြောင်းကို
ငါ တစ်ယောက်ယောက်ဆီက ပြန်ကြားမယ်
အနည်းငယ် ငြိမ်သက်သွားမယ်
ပြီးရင် နောင်တလေး မဆိုသလောက်ရမယ် ဒါပါပဲ နောက်ဆုံးရဲ့ နောက်ဆက်တွဲဆိုတာ ဒါပါပဲ။🍓

#crd
Please open Telegram to view this post
VIEW IN TELEGRAM
❤44❤‍🔥10✍4😭3
ချစ်တယ်....

အကိုက ညီမ အသွင်ပြင်ကိုဘဲသဘောကျတာပါတယ့် တစ်ကယ်ချစ်လို့မဟုတ်ပါဘူးတယ့်....

ဟောကြည့်ခက်ပီ သဘောကျတယ်ဆိုတာ အမျိုးမျိုးရှိတယ်လေ ညီမရဲ့..

ညီမရဲ့ စကားပြောပုံဆိုပုံ နေပုံထိုင်ပုံကိုသဘောကျတယ့်လူလည်းရှိတယ်..

ညီမရဲ့ ရုပ်ရူပကာအသွင်ပြင်ကိုသဘောကျတာကလည်း ချစ်ခြင်းတစ်မျိုးပါဘဲ..


ရုပ်ရူပကာကို သဘောကျတာကလည်းတဏှာမဟုတ်ရပါဘူး ကလေးမရယ်...

ဒီခေတ်ရီးမာအသပြာပေးရုံနဲ့ လိုချင်တာရနေတယ့်ချိန်မာ..

မင်းဖြစ်နေလို့ကို အကိုကသဘောကျရတာပါကွာ
❤71🍓8❤‍🔥4🙈4🐳3🤩1
စိတ္တဇကျောင်းတော်ကြီး™ ( Ep 2 )

( ဇင်ဇင် - ချစ်ဖို့ကောင်းတဲ့ထဲမပါသော်လည်း အလွန်နန်းဆန်သူ၊တစ်ခုခုဖြစ်လျှင်မားမားမတ်မတ်ရပ်တည်ပေးသူ၊သနားတက်သူ )ဖြစ်သည်။
(နှင်းအိ - မျက်မှန်လေးတပ်ကာစိတ်ထားကောင်းသူတစ်ဉီးဖြစ်ပြီး ကိုယ့်စတိုင်ကိုယ်နေရတာကို ဝါသနာပါသူဖြစ်သည် )
(ရွှန်းလဲ့ - စာအလွန်တော်ပြီ ညဏ်အင်မတန်ကောင်းသူဖြစ်ပြီး တည်တည်ငြိမ်ငြိမ်ပဲ နေတတ်သူ ဖြစ်သည် )
.........ကျနော်တို့လည်း မင်းခန့်ပြောလိုက်သောအခါ အနောက်လှည့်ကြည့် လိုက်သည်။ဟုတ်ပါသည်။ဇင်ဇင်၊ရွှန်းလဲ့ နှင့် နှင်းအိ တို့ သုံးယောက်ပင်ဖြစ်သည်။ ကျနော်လည်း

" ငါ့သူငယ်ချင်းတွေ ပြန်တတ်ကျသားပဲ
ပြောရင်းအသက်ရှည်အုံးမယ် နင်တို့အကြောင်းပြောနေတာအခုက"

ကျနော်ပြောလိုက်သောအခါ ဇင်ဇင်က ဟန်ပန်အမူအယာမပျက်။ခဏငြိမ်သက်နေပြီးနောက်

"ငါတို့လည်း ကျောင်းဝမှာတွေ့လို့ အတူလာတာ"

လို့ ရွှန်းလဲ့ဝင်ပြောလိုက်သည်။အကုန်လုံးကတော့ဘာမှမပြောင်းလဲခဲ့ပေ။ပြောင်းလဲသွားတာဆိုလို့ အသက်အတန်း အပြင်ဘာမှမရှိချေ။
ရုတ်တရက်....

"ကဲ့ကဲ့ ငါတို့သူငယ်ချင်းတွေပြန်ဆုံတယ်အခုက
...အတူထိုင်ကြမယ် ရွန်းလဲ့ရေ ၊ငါရယ်၊ ဝတီရယ်က အတူထိုင်နေကျဆိုတော့ ထိုင်မယ်၊ဇင်ဇင်နဲ့ ဖူးငယ်တို့လည်းအတူထိုင်ကြ...နို့မဆို ကျောင်းသားသစ်တွေရောက်လာရင် ဘယ်သူ့အကြောင်းမှကောင်းကောင်းသိမှာမဟုတ်ဘူးးး"

စိုးရိပ်တကြီး ‌သတိပေးနေသော နှင်းအိအား ကျနော့်စိတ်ထဲတွင် ပြုံးမိပါသည်။သူပြောတာလည်းမှန်ပေသည်။လူအသစ်ဆိုလည်း တစ်ယောက်အကြောင်း တစ်ယောက်မသိတော့ ပေါင်းရသင်းရအဆင်ပြေမည်မဟုတ်ပေ။ကျနော်တို့သူငယ်ချင်းလည်း စကားအနည်းငယ်ပြောပြီးနောက်

"ဒေါင်.........ဒေါင်..........ဒေါင်.........ဒေါင်......."

မနက်ကိုးနာရီစတင်ထိုးသဖြင့် ကျောင်းတတ်သွားခဲ့တော့သည်။ကျနော်တို့အတန်းပိုင်မှာ
သချာ်ဆရာမတစ်ယောက်ဖြစ်သည်။ကျောင်းတက်ပြီးသောအခါ ကျနော်တို့၏ ပထမဆုံးအချိန်တွေ နှုတ်ဆက်ခြင်း၊အတန်းသားအားလုံးးးအားးလူစစ်ဆေးခြင်း သည့်စာရင်းဇယားများနှင့်အလုပ်ရှုပ်ကာ စာသင်ချိန်တစ်ချိန်ကုန်ဆုံးသွားတော့သည်။အတန်းထဲတစ်ချက်ရှိုးလိုက်တော့ မနှစ်က ကျနော်သူငယ်ချင်းများဖြစ်ကြသော ကောင်းခန့်၊မြတ်ကို၊ထွဋ်ခေါင်နှင့် စွမ်းထက်တို့လည်း ပြန်တက်ကြသည်။
မိုးနည်းနည်းအုံ့မှိုင်းနေတော့ နေရထိုင်ရအလွန်သက်သာလှသည်။မုန့်စားကျောင်း ဆင်းချိန်သို့ ရောက်လာသောအခါ ကျနော်လည်း မုန့်ဝယ်ရန် အောက်ထပ်သို့ဆင်းလားကြပါသည်။သို့သော် မင်းခန့်နှင် ဝဏ္ဏကတော့မပါ။အဂ်လိပ်ဆရာမ အလုပ်တစ်ခုခုကို ပေးခဲ့ခြင်းကြောင့် ကျနော့်ကိုပဲ ပိုက်ဆံပေးကာ မုန့်များမှာလိုက်ပါတော့သည်။
မုန့်ဈေးတန်းသွားရင်းးးးး

"ဟဲ့ ရဲ့ခန့် နင်လည်းကျောင်းပြန်တက်နေတာပါလားးးး"

ထိုအသံကိုရင်းနှီးဖူးသည်။မုန့်ဈေးတန်းတွင်လူကများနေတော့ ဘယ်သူကခေါ်နေမှန်းမသိ။ပတ်လှည့်ကြည့်လိုက်တော့မှ အီကို ယူထားတဲ့ ကျနော့်သူငယ်ချင်း ကြည်ဖြူဖြစ်လေတော့သည်။

(ကြည်ဖြူ - အသားဖြူဖြူ၊အနောက်တိုင်းဆံနွယ်သာကို ပိုင်ဆိုင်ထားပြီး မဟုတ်လျှင်မခံတက်သောစိတ်ထားရှိသူ၊ဖေးမကူညီတက်သူဖြစ်သည် )

"ဟာ...သူငယ်ချင်းးးးနင်လည်းတတ်တာပါလားးး
နင်တို့ကဘယ်အဆောင်လဲ "

ကျနော်လည်း ကြုံတုန်း ခရေပင် ပင်စည်ကိုအုတ်ပတ်ခွေထားတဲ့ အုတ်ခုံပေါ်မှာ ထိုင်ရင်းမေးလိုက်သည်။

" ငါတို့ကနင်တို့ရဲ့ မျက်စောင်းထိုးအဆောင်ရှေ့တည့်တည့်က ငုဝါဆောင်ဟေးး"

စွာစွာနဲ့ လက်ပေါက်ခတ်သည့်အသံနဲ့ပြောလိုင်လေသည်။သူဆိုသည်မှာလည်း အဲ့အကျင်ကမပျောက်သေးးး။

"အော်အေးပါဟာ ငါက နင်မတက်ဘူးးထင်လို့
အခုကငါတို့သူငယ်ချင်းတွေအကုန်တက်တယ် ငါနဲ့လိုက်ခဲ့မလားးငါတို့အဆောင်ကို"

"ငါနောက်နေ့မှ လာခဲ့မယ်အခုတော့ ငါ့သူငယ်ချင်းတွေလည်း မုန့်တွေမှာထားလို့ အရင်သွားလိုက်အုံးမယ် ငါတို့သူငယ်ချင်းတွေ ပြန်တက်ပြီ ပြန်ဆုံရတာပဲ ဝမ်းသာပါတယ်ဟာ"

"အေးအေးကြည်ဖြူရေ ငါလည်းသွားလိုက်အုံးမယ် နောက်နေ့မှ လာခေါ်မယ်"

ထိုသို့ အချင်းချင်းနှုတ်ဆက်စကားပြောကာ ကျနော်လည်း ဇီဇဝါအဆောင်ရှိရာ ကျနော့်အတန်းဆီသို့ပြန်လာလိုက်သည်။
အတန်းလှေကားးအတက်တွင် ကျနော်တို့အတန်းထဲကလားမသိ။ယောက်ကျာ်းလေးတစ်ယောက်နဲ့တွေ့သည်။သူကပင် စတင်ပြီး

"အမ်းးးသူငယ်ချင်းးငါနာ့မည်က ခွန်းစစ်ပါ ဒီနှစ်မှကျောင်းပြောင်းလာတော့ ငါ့ကို ခင်မင်ပေးပါအုံးးကွာ"

ကျနော်ထင်ပါသည်။သူ့ကြည့်ရတာ ဖော်ရွေပြီးတက်ကြွမဲ့ပုံဖြစ်သည်။အသစ်ပြောင်းလာတာတော့အမှန်ပင် ကျနော်လည်း တစ်ခါမှမတွေ့ဖူးးပေ။ကျနော်လည်း

"အော် အေးပါကွာ...အတန်းထဲကျရင် မိတ်ဆက်ပေးမယ် ငါနဲ့သိတဲ့သူတွေအားလုံးကို "

"ကျေးဇူးပါသူငယ်ချင်း အားရင်လည်း ကျောင်းတစ်ပတ်လှည့်ပြပေးပါအုံး မင်းတို့သူငယ်ချင်းတွေနဲ့ ငါဒကာခံပေးပါ့မယ်ကွာ"

"ရပါတယ် အချင်းချင်းပဲကူညီကြရတာပေါ့ကွာ"

သူလည်း ယဉ်ကျေးပျူငှာစွာပြောဆိုသဖြင့် ကျနော့်ဘက်ကလည်း တည်ငြိမ် ဖော်‌‌ရွေစွာပြန်ပြောဆိုရသည်။ကျနော်ထက်တော့ အရပ်ရှည်ပြီး ကိုယ်ခန္ဓာထွားကြိုင်းသည်။သို့ပေမဲ့လည်း သူ့စိတ်ဓာတ်အကြောင်းမသိတော့ သိပ်မယုံရဲသေးးပါဘူးးဗျို့...

သို့နှင် အတန်းထဲရောက်သောအခါ ကျနော်ဝင်ဝင်ချင်းပင် ဖူးငယ်က

"မုန့်တွေကလည်း အများကြီးပဲ ...ဘာလဲ...ငါတို့ကို မုန့်ဝယ်ကျွေးတာလားးး"

မငေါ့တစ်ငေါ့မေးလိုက်သည်။
❤37❤‍🔥3😁2🥰1🤩1🍓1
"ငါ့တစ်ယောက်တည်းဟာမဟုတ်ဘူးးဟ နောက်နေ့မှဝယ်ကျွေးမယ် ဝဏ္ဏနဲ့ မင်းခန့်ဟာလည်းပါတယ်"

"မရဘူးးးပေးဒီကို....ငါတစ်ထုပ်ယူမယ်"

ဇွတ်တဇွတ် အပြုံးချိုချိုလေးနဲ့ ပြောကာ ယူသွားပါလေတော့သည်။ဖြစ်ချင်တော့ ယူသွားသောမုန့်သည် ကျနော်မုန့်ဖြစ်လို့နေသည်။သူငယ်ချင်းပဲလေ ကျွေးရတာပေါ့ဗျာ....

"ပါလာပြီးလားးငါတို့မုန့်တွေ "

ကျနော့်အကောင်နှစ်ကောင့်ထိုင်ခုံရှေ့ရောက်သွားတော့ ဝဏ္ဏက ကြောင်တောင်တောင်ကြီးနဲ့မေးကာ မင်းခန့်ကလည်း

"ငါတို့လည်း အခုမှ ပြီးလို့ နောက်နေ့မှ မုန့်ဈေးတန်းအတူသွားကြတာပေါ့"

လို့ပြောဆိုကာ ကျနော်တို့သုံးယောက်လည်း မုန့်အတူစားကာ စကားပြောဆိုနေကြတော့သည်။

တစ်ဖတ်တွင်လည်း နှင်းအိတို့က လည်း မုန့်အတူတူစားနေရင်း နှင်းအိနဲ့ ခပ်လှမ်းလှမ်းနေရာမှာ ကျနော်နဲ့တွေခဲ့တဲ့ ခွန်းစစ်ဖြစ်နေသည်။
သူ့ကြည့်ရတာ တစ်ခုခုကို ပြောမလို့ပါပဲ ဒါမဲ့လည်း ခေါက်တုန့်ခေါက်ပြန် ထပ်ကာထပ်ကာလျှောက်လို့နေသည်။ ပြီးမှမနေနိုင်တော့ဘဲ

"အဲ့ ....သူငယ်ချင်း "

မပွင့်တစ်ပွင့်အသံနှင့် လက်သီးအပေါ်ကို ထောင်ဆုပ်ကာ သူတို့အားခေါ်နေသည်။သို့ပေမဲ့မကြားးးပေ။သို့နှင့်

"မှန်ချောင်မ ဟုတ်ပါဘူးးး မျက်မှန်နဲ့တက်ထား""

စကားတောင်မဆုံးးသေးးးနှင်းအိလည်း အနောက်ကြည့်လိုက်ကာ သူ့အားး

"နင်ဘယ်သူ့ကို မှန်ချောင်လို့ခေါ်တာလဲ ငါ့ကိုလားး"

သူ့ကိုမှန်ချောင်လို့ ပြောသွားတာတင်းသွားပုံရသည်။ကြားကြားချင်းပင် အနောက်သို့လှည့်ကာ ဉီးစွာရန်တွေ့သည့်နေသဖြင့် ပြောလိုက်သည်။

"မဟုတ်ပါဘူးးဗျာ..နာမည်မသိလို့ပါ...စိတ်မဆိုးပါနဲ့ဗျ"

သူလည်း တောင်းတောင်းပန်ပန်ပြောနေရသည်။ထိုနောက်ဇင်ဇင် ဝင်လာပြီး

"ဘာဖြစ်လို့လဲ နှင်းအိ"

"မဟုတ်ဘူးးဟာ သူကလည်းနာမည်မသိလို့ နည်းနည်းအထင်လွှဲသွားတာ သူ့ကို မှန်ချောင်မ လို့ခေါ်လိုက်တာ"

အနားကနေပြီး ဝတီက သေသေချာချာရှင်းပြပေးသည်။ဇင်ဇင်လည်းသူပြောတဲ့စကားထဲတွင် ဘာကို သဘောကျသွားသည်လားမသိ။

"ဟားးးးဟားးးဟားးးအ....ဟ...အဟ..ဟားး"

အူတက်ကာရယ်မောနေသည်။သူရယ်တော့အနားကရွှန်းလဲ့နှင့် ဝတီတို့ကလည်းရယ်မိကျတော့သည်။

"နင်တို့ဘာရယ်ကြတာလဲ့ ငါကိုလှောင်တာလားးးဟမ်..."

"မဟုတ်ပါဘူးးဟာ နင်ကလည်းးစိတ်ချည်းပဲစိတ်လျှော့"

အနားတွင် ရှိသူ ရွှန်းလဲ့က ဝင်ထိန်းလိုက်သည်။ကြောင်တောင်တောင်ဖြစ်နေသူ ခွန်းစစ်က ရုတ်တရက်

" ကျနော်နာမည်မသိလို့မှားခေါ်မိတာစိတ်မဆိုးးပါနဲ့ သူ့အကျီမှာ အိမ်မြောင်ချီး ကျသွားတာတွေ့လို့ ပြောမလို့ပါ အဲ့ဒါကျနော်နဲ့ လည်း မသိလို့ပါ"

ထို့သို့အကျိုးအကြောင်းရှင်းပြလိုက်သောအခါ နှင်းအိလည်း ပြန်ကြည့်လိုက်မိတော့သည်။မှန်ပါသည် အိမ်မြောင်ချီးတုံးလေး သူ့ပခုံးပေါ်တွင် ကျနေခြင်းဖြစ်သည်။
ထိုအခါမှ သူတို့လေးယောက်လည်း ခွက်တိုးခွက်လန် ရယ်မောကျကာ မုန့်စားပြီး အိပ်နေသော ကျနော်တို့သူငယ်ချင်းသုံးယောက်လည်း နိုးသွားလေတော့သည်။
Next coming Ep 3
Ep 1
❤36🍓3❤‍🔥2😁2🎉2🥰1🤩1
ကဲ့ အပိုင်းနှစ်လေးလာပါပြီဗျာ။ဖတ်ချင်သူများအတွက်။အသဲလေးတွေပေးခဲ့အုံးးးဗျို့။အဲ့ဒါမှရေးရမဲ့ကျနော်လည်းအားရှိမှာ🥺🥺
❤62🥰3❤‍🔥2🍓2🤩1
ချစ်နေသေးရင်ဘာမှမတွေးပဲ ပြန်လာခဲ့ပေးပါ မောင်❤️
❤70😭16❤‍🔥7😁4🕊3
​ပြန်မလာတော့ဘူးဆိုတာသိသိရက်နဲ့
ပြန်လာအောင် Tarotတွေမေး
ဘုရားစာတွေရွတ်
ယတြယာတွေချေတဲ့
ဒီမိန်းမ မှမရူးရင် ဘယ်သူရူးမလဲ😔
😭69❤25😁4
တံငါသည်တစ်ယောက်ရဲ့ စိတ်ကျေနပ်မှုဟာ

ငါးတစ်ကောင်အတွက်တော့ သေဒဏ်ပဲ ။🐟

#crd
Please open Telegram to view this post
VIEW IN TELEGRAM
❤59💯3❤‍🔥1