▪️သိပ်ကောင်းတဲ့စာတစ်ပုဒ်မို့
ဖတ်ဖြစ်အောင်ဖတ်လိုက်ပါ…
ငါးတစ်ကောင်
ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ..
လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..
သေပါစေတော့ ပေါ့ …
ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို
ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …
ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကိုနာအောင် ဝိုင်းကိုက်ကြမယ် "
ဆိုပြီး ဝိုင်းကိုက်ကြလေတော့..
ငါးက..နာလွန်းပြီး
တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ
ရောက်သွားနိုင်ခဲ့တယ်. . .
တစ်ချို့ နာကျင်ခြင်းတွေဟာ..
တစ်ချို့တိုက်ခိုက်မှု့တွေဟာ .
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။
တစ် ခါ တ လေ
တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း, ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...
နင်းတတ်ရင်..အားလုံးဟာ
လှေကားထစ်တွေချည်းပါပဲ။
ဘဝမှာအခက်အခဲကြုံလာရင်
"အရာရာဟာ ကောင်းဖို့ဖြစ်လာတာပါ"
ဆိုတဲ့ ပုံပြင်လေးကို သတိရပါ.."
#crd_to_writer
#မေတ္တာဖြင့်မျှဝေပါသည်....

❤62👍57👏3✍1🔥1
P2 End
"ဒီနှစ်တော့ ကျွန်တော်ငွေကြေးအဆင်မပြေလှလို့အဖေ့အတွက် နွားတစ်ချို့၊၀က်တစ်ချို့၊ဘဲငန်းတစ်ချို့၊သစ်သီးသစ်နှံနဲ့ အရက်တစ်ချို့ပဲ ယူလာနိုင်ပါတယ် အဖေ ၊ဒီမှာပါ၊အဖေ့ကို အသက်မက ချစ်မြတ်နိုးပြီး လာမယ့်နှစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ စေတနာ မေတ္တာ ထားတဲ့ သားရဲ့ နုံချာလှတဲ့ ဒီလက်ဆောင်လေးကို လက်ခံပါလို့ပန်ကြားပါရစေ "
သမက်အကြီးက အဲဒီလိုပြောဆိုပြီးတော့ သူ့ရဲ့ ပန်းချီကားချပ်ကြီးကို တလေးတစား ကမ်းပေးလိုက်တာပေါ့။
"အို.ကောင်းလိုက်တာကွယ် ၊ကျေးဇူးတင်လိုက်တာ ၊
ဒါပေမယ့် အဖေ သတိပေးပါရစေ ၊သားက ဒီနှစ်အခြေအနေမကောင်းလို့ ဆင်းရဲနေတယ်ဆိုပေမယ့် အဖေ့ကိုလာကန်တော့တဲ့ လက်ဆောင်ကများလွန်းတယ် ၊သား
ဒီလောက် အသုံးအဖြုန်းမကြီးနဲ့ကွယ့်"
ယောက္ခမကြီးကလည်း လေးလေးနက်နက် ပြောလိုက်တယ် ။
"ကဲသားငယ်ကရော ခုအချိန်ကြီးမှာ အဖေ့ကိုဘာနဲ့ ကန်တော့မှာလဲ"
ယောက္ခမကြီးက သမက်အငယ်ကို မေးလိုက်သတဲ့ ။အဲဒီတော့ သမီးငယ်ရဲ့ လင်တော်မောင်ဟာ ရှေ့ကိုတိုးလာပြီး သေသေချာချာဝှက်လာခဲ့တဲ့ မီးသွေးခဲတစ်ခဲကို အင်္ကျီအောက်က ထုတ်လိုက်တယ်။ပြီးတော့ သူ့မယားညီ အစ်ကိုရဲ့ ပန်းချီကားထဲက တိရစ္ဆာန်ပုံတွေကို ကမ်းပြင်ပေါ်မှ ခပ်ကြမ်းကြမ်းဆွဲလိုက်တယ် ။
"အဖေ..အဖေ့ကို နှစ်သစ်မှာ ဆထက်တစ်ပိုးတိုးလို့ ကြီးပွားချမ်းသာပါစေလို့ ဆုတောင်းရင်း အဖေ့ကို ဒါတွေနဲ့ကန်တော့ပါတယ် ။ကြမ်းပြင်နဲ့ မဆန့်တော့တဲ့ အတွက် ဒီလောက်ကြီးမားတဲ့ နွားတွေ၊၀က်တွေ ၊ဘဲငန်းတွေ ကိုပါ လက်ခံပါ လို့ တောင်းပန်ပါရစေ အဖေ"
"ကောင်းမှ ကောင်းကွယ်"
ယောက်မကြီးက မိန်ကမိန့်ကြီးပြုံးရင်း ပြောလိုက်တယ် ။
"မင်းဟာ မင်းမယားညီအစ်ကိုထက်တောင် အမြော်အမြင်ကြီးသေးတယ် ၊ဒါပေမယ့် မင်းလဲ ဖြုန်းလွန်းတယ်လို့ထင်တယ်ကွယ့်။မင်းတို့နှစ်ယောက် အဖေ့ကို ခုလို အလိုက်တသိ လာကန်တော့ကြတဲ့ အတွက် အဖေကလဲ အတုံ့အပြန်အနေနဲ့ မင်းတို့ကို ဒီပုလင်းထဲက အရက်ကို တိုက်လိုက်ပါရစေကွယ်"
ယောက္ခမကြီးက သမက်နှစ်ယောက်ကို အဲဒီလိုပြောဆိုပြီး တော့ အရက်ငှဲ့ဟန် လုပ်လိုက်သတဲ့ ။ပြီးတော့ အရက်နှစ်ခွက် ကမ်းပေးတဲ့ ပုံစံ သမက်နှစ်ယောက်ကို ကမ်းပေးလိုက်သတဲ့ ။ပြီးတော့ အရက်ခွက် လှမ်းယူတဲ့ ပုံစံ လှမ်းယုလိုက်ပြီး သောက်လိုက်ကြသတဲ့ ။နောက်ပြီး စိတ်ထဲမှာတော့ ကျိတ်ပြီးတော့ မှတ်ချက်ချလိုက်သတဲ့ ။
ငါတို့ယောက္ခမကြီး ရဲ့ အဆင့်ကိုမှီဖို့ အတော်ကြိုးစားရဦးမှာပဲ တဲ့
မှတ်သားချီးကျူးစရာကောင်းတာက ကပ်စီးကုတ် မယ်ဆိုတဲ့သူဟာ သူများကို ဘာမှမပေးချင်ဘူးဆိုရင် ကိုယ်လည်း ဘာမှပြန်မမျှော်လင့်သင့်ဘူးကွဲ့
ဒါမှလည်း ညီမှမှာပေါ့
#Crd✍️✍️✍️✍️✍️

❤167☃5👌4🍓4✍3👻2❤🔥1
ငိုမိမှာစိုးလို့ ခေါင်းမော့ထားခဲ့တာ။သန်မာလိုက်တာဆိုတဲ့ စကား တွေကြားရင်လေ ကျွန်မခပ်မဲ့မဲ့လေးပြုံးဖြစ်တယ်။ဒီကောင်မလေး ဘယ်လောက် မျက်ရည်လွယ်တယ်ဆိုတာ တစ်လောကလုံးမှာ သူ တစ်ယောက်တည်းပဲ သိခဲ့တာလေ။အခု အရာရာသိပါတယ်ဆိုတဲ့ လူတစ်ယောက်ကလဲ ကျွန်မအနားရှိမနေတဲ့အခါ ဘယ်သူရှေ့မှာမှ မငိုဖြစ်တော့ရုံပါ ။
ဒါပေမယ့်လေ လူတွေရှေ့မှာ မျက်ရည်တွေကျပြနေလို့မရဘူး သိလား။ကျွန်မ တစ်ချိန်က အငိုသန်ခဲ့ဖူးတယ် ပြီးတော့ ထစ်ကနဲရှိမျက်ရည်တွေကျခဲ့ဖူးတယ်။
အဲ့ဒီအချိန်တွေတုန်းက စာနာသလိုလိုနဲ့ ခဏခဏ ထိုးနှက်ခံရတာ ပဲ။သနားသလိုလိုနဲ့ နှပ်ချသွားကြတတ်တယ်။အဆိုးဆုံးက ကူညီမ လိုနဲ့ အဖျားရှုးသွားကြတာပဲ များတာပါ။ဒဏ်ရာတွေ ရလာတာများ သွားတဲ့အခါ ကျွန်မ တစ်ယောက်တည်း ရှင်သန်တတ်လာတယ်။ ငိုချင်လာတဲ့အခါ ကောင်းကင်ကို မော့ကြည့်ပြီး စကားတွေပြော တတ်လာတယ်။ ဒါတွေက ခဏပါ မကြာခင်မှာ ပြီးသွားမှာပါဆို ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးစကားပြောတာမျိုးပေါ့ ။
ဒီလိုပါပဲ ပျော်စရာတွေရှားတဲ့ အခြေအနေမှာ ငိုစရာတွေတော့ အများသားပေါ့။ဒါပေမယ့် ဘယ်အချိန် လဲကျသွားမလဲဆိုပြီး စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာခေါင်းကိုမော့ထားရင်းပဲ နေ့ရက်တွေကို ကျော်ဖြတ်ပါတယ်။အနည်းဆုံးတော့ သန်မာတယ် ထင်ခံရလဲ အဆင်ပြေတာပဲလေ ။
#ကျေးကို
#Crd
ခံစားချက်နဲ့တိုက်ဆိုင်လို့ ယူတင်လိုက်ပြီ🥺

❤105🥰7🔥5🍓3✍1👾1
❤58😭37❤🔥11🍓2
အခုဖြစ်ပေါ်သွားတဲ့ ငလျင်ဟာ Magnitude 7.7 အထိ အင်အားပြင်ထန်ခဲ့ပြီးတော့ ဗဟိုချက်က
စစ်ကိုင်းတိုင်းနဲ့ ၂၇ ကီလိုမီတာအကွာမှာလို့ အကြမ်းဖျင်း သိရပါတယ်။ တိတိကျကျသိရတာမဟုတ်ပေမဲ့ မြန်မာနိုင်ငံ အလယ်ဗဟိုကနေ စတယ်လို့သိရပါတယ်။
၁၉၃၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ဟာ 7.8 magnitude ပဲရှိခဲ့တာပါ။ ဒီတော့
အင်အား 7.7 magnitude ဆိုတာဟာ အရမ်းကိုပြင်းထန်တဲ့ ငလျင်ဖြစ်ခဲ့ပြီးတော့ အဆောက်အဦးတွေပြိုကျပျက်စီးတာတွေ၊ ဗဟိုဧရိယာနဲ့ နီးကပ်လေ ပိုပြီးတော့
အန္တရာယ်များလေပဲဖြစ်ပါတယ်။ လမ်းလျှောက်ကောင်းကောင်းလျှောက်မရတာတွေ၊ လူတွေယိမ်းထိုးနေတာတွေ၊ ခေါင်းမူးတာတွေလိုမျိုး အသေးစား သက်ရောက်မှုတွေလည်းရှိနိုင်ပါတယ်။
ငလျင်လှုပ်ပြီဆိုတာကိုသိတာနဲ့ ပထမဆုံး တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်အရင်လုပ်ပါ။ ပြာယာခတ် စိတ်မလှုပ်ရှားကြပါနဲ့။ အတတ်နိုင်ဆုံး ကွင်းပြင်လိုနေရာမျိုးမှာ ဆောင့်ကြောင့်ထိုင်ချပြီးနေပါ။ ကွင်းပြင်လိုနေရာမျိုးကိုမသွားနိုင်ပဲ တိုက်အမြင့်မှာရောက်နေသူတွေကတော့ တောင့်တောင့်တင်းတင်းရှိမဲ့ စားပွဲတွေအောက်မှာ ခန္ဓာကိုယ်ကိုဝပ်ပြီးတော့ ခေါင်းကို ဂရုတစိုက်ကာကွယ်ထားပါ။ သတိထားကြပါ။ ငလျင်ဟာ နောက်ဆက်တွဲ ထပ်လာနိုင်သေးတာမလို့ပါ။
#Angel
#crd

❤88🍓4⚡2
နောက် နှစ်နည်းနည်းကြာရင်
မင်း အိမ်ထောင်ကျသွားတဲ့အကြောင်းကို
ငါ တစ်ယောက်ယောက်ဆီက ပြန်ကြားမယ်
အနည်းငယ် ငြိမ်သက်သွားမယ်
ပြီးရင် နောင်တလေး မဆိုသလောက်ရမယ် ဒါပါပဲ နောက်ဆုံးရဲ့ နောက်ဆက်တွဲဆိုတာ ဒါပါပဲ။🍓
#crd
မင်း အိမ်ထောင်ကျသွားတဲ့အကြောင်းကို
ငါ တစ်ယောက်ယောက်ဆီက ပြန်ကြားမယ်
အနည်းငယ် ငြိမ်သက်သွားမယ်
ပြီးရင် နောင်တလေး မဆိုသလောက်ရမယ် ဒါပါပဲ နောက်ဆုံးရဲ့ နောက်ဆက်တွဲဆိုတာ ဒါပါပဲ။
#crd
Please open Telegram to view this post
VIEW IN TELEGRAM
❤44❤🔥10✍4😭3
❤67🍓8❤🔥4🐳1
ယောင်္ကျားချင်းလက်ထပ်လို့ ကမ္ဘာကြီးပျက်စီးသွားသလား။
မိန်းမချင်း လက်ထပ်လို့ ကမ္ဘာကြီးဟာ ရပ်တန့်သွားသလား။
လိင်တူလက်ထပ်လိုက်လို့ ကမ္ဘာမြေကြီးဟာ ယိုင်နဲ့မသွားဘူး။
စိမ်းလန်းတဲ့ ဘယ်အခြမ်းမှလဲ လိင်တူအချစ်ကြောင့် ခြောက်သွေ့မသွားနိုင်ဘူး။
လူနှစ်ယောက်အတူအိုမင်းကြတဲ့အခါ ကမ္ဘာမြေကြီးကလက်ခုပ်တီး။
ပန်းတွေပွင့်တယ်။ ပင်လယ်ရေလည်းကုန်ခမ်းမသွားသလို ကောင်းကင်ကြီးလဲ မှောင်မိုက်မသွားဘူး။ လူအချင်းချင်း ချစ်ကြတာပဲ "ဖိုနဲ့မ" ပဲကွာတာပါ။
ချစ်ခြင်းမေတ္တာကြောင့် ကြွေကျရတဲ့ မျက်ရည်တိုင်းဟာလည်း အရောင်အတူတူပါပဲ။
လူသားတစ်ယောက်ကို လူသားတစ်ယောက်က မြတ်မြတ်နိုးနိုး ချစ်ခွင့်ရတာဟာ စကြဝဠာရဲ့ အလှပဆုံးသောဆုလာဘ်ပါ။ ဒီအလှတရားကို လိင်အင်္ဂါ ခွဲခြားမှုတွေနဲ့ ညစ်ညမ်းအောင် လုပ်ဖို့ မထိုက်တန်ပါဘူး။
သဘာဝတရားက ပန်းတွေကို အရောင်စုံပွင့်လန်းခွင့်ပေးထားသလို နေမင်းကလဲ ပန်းလေးတွေကို အရောင်မခွဲခြားဘဲ အလင်းပေးပါတယ်။
လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သက်တန့်ရောင်စုံ ခြယ်သခွင့်ရှိပါတယ်။
လူနှစ်ယောက်ရဲ့ လက်ချင်းချိတ်ထားမှုဟာ ကမ္ဘာမြေကြီးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။
ကိုယ်တိုင် လျှောက်လှမ်းနေတဲ့ လမ်းမဟုတ်ရင်တောင်၊ အခြားသူရဲ့ လမ်းထက်မှာ ပွင့်နေတဲ့ ပန်းလေးတွေကို အသိမှတ်ပြုပေးတာဟာ အမြင့်မြတ်ဆုံး လူသားဆန်မှုပါပဲ။
လောကကြီး ပျက်စီးတာဟာ လိင်တူချင်းချစ်လို့မဟုတ်ဘူး၊ ကိုယ်နဲ့မတူတာကို လက်မခံနိုင်တဲ့ အမုန်းတရားတွေကြောင့်ပဲ။

🍓47❤41💯6🐳3😁2
ကဲ့...အားလုံးပဲမဂ်လာပါဗျာ ကျနော်ကတော့ တစ်ပတ်မှာတစ်ရက်လောက်အီဂျစ်နတ်ဘုရား/မ တွေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ကြိုးစားပြီး အကျဉ်းချုပ်တင်ပေးသွားမှာဖြစ်ပါတယ်။အခုပြောပြသွားမှာကတော့ အချစ်နတ်ဘုရားမHathorဖြစ်ပါတယ်။
ပုံမှာပြထားတဲ့ အချစ်နတ်ဘုရားမHarthorကတော့ အီဂျစ်ရဲ့ လူအသိအများဆုံးနတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။💞
Hathor ဟာ ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုထဲမှာ အချစ်၊ အလှတရား၊ ပျော်ရွှင်မှုနဲ့ မိခင်သဘောထားကို ကိုယ်စားပြုတဲ့ နတ်ဘုရားမဖြစ်ပါတယ်။ သူမကို နွားဦးခေါင်း သို့မဟုတ် နွားခေါင်းကွင်းပါတဲ့ အမျိုးသမီးပုံစံနဲ့ ဖော်ပြကြပြီး နေရောင်စက်ဝန်း (sun disk) ကို ခေါင်းပေါ်မှာ ထားရှိထားတတ်ပါတယ်။ သူမဟာ လူတွေကို ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ဂီတအနုပညာတွေ ပေးစွမ်းတဲ့ နတ်ဘုရားမလည်း ဖြစ်ပါတယ်။
Hathor ကို အီဂျစ်ယုံကြည်ချက်အရ မိခင်သဘောထားနဲ့ ကာကွယ်ပေးသူအဖြစ်လည်း ယူဆကြပါတယ်။ တချို့ဒဏ္ဍာရီများမှာ သူမဟာ မာန၊ ဒေါသရှိတဲ့ အခြေအနေကနေ လူသားတွေကို အန္တရာယ်ပေးနိုင်သလို နောက်ဆုံးမှာ ပြန်လည်သနားတတ်တဲ့ dual nature ရှိသူလည်း ဖြစ်ပါတယ်။ အကျဉ်းချုပ်ဆိုရင် Hathor ဟာ အချစ်တစ်ခုတည်းသာမက ဘဝရဲ့ပျော်ရွှင်မှုနဲ့ အမျိုးသမီးအင်အားကို ကိုယ်စားပြုတဲ့ အရေးကြီးနတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။
ကဲ့ စာဖတ်သူတို့လည်း ကိုယ်ချစ်ရသူနဲ့ အဆင်မပြေရင် ယုံယုံကြည်ကြည့်ဆုတောင်းကြည့်ပါ။comment အောက်မှာပုံချပြပေးထားပါတယ်ဗျ။ တကယ်မှန်ပါလိမ့်မယ်။
ပုံကို ကျနော့်ဘာသာပြုထားတာမို့ saveယူရင် #crd ပေးပါတယ်
အသဲလေးပေးခဲ့ကြအုံး အားရှိအောင်လို့🥹

❤46🥰8🍓5❤🔥4🤩2💘1