ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
အခုဖြစ်ပေါ်သွားတဲ့ ငလျင်ဟာ Magnitude 7.7 အထိ အင်အားပြင်ထန်ခဲ့ပြီးတော့ ဗဟိုချက်က
စစ်ကိုင်းတိုင်းနဲ့ ၂၇ ကီလိုမီတာအကွာမှာလို့ အကြမ်းဖျင်း သိရပါတယ်။ တိတိကျကျသိရတာမဟုတ်ပေမဲ့ မြန်မာနိုင်ငံ အလယ်ဗဟိုကနေ စတယ်လို့သိရပါတယ်။

၁၉၃၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ပဲခူးငလျင်ဟာ 7.8 magnitude ပဲရှိခဲ့တာပါ။ ဒီတော့
အင်အား  7.7  magnitude ဆိုတာဟာ အရမ်းကိုပြင်းထန်တဲ့ ငလျင်ဖြစ်ခဲ့ပြီးတော့ အဆောက်အဦးတွေပြိုကျပျက်စီးတာတွေ၊ ဗဟိုဧရိယာနဲ့ နီးကပ်လေ ပိုပြီးတော့
အန္တရာယ်များလေပဲဖြစ်ပါတယ်။ လမ်းလျှောက်ကောင်းကောင်းလျှောက်မရတာတွေ၊ လူတွေယိမ်းထိုးနေတာတွေ၊ ခေါင်းမူးတာတွေလိုမျိုး အသေးစား သက်ရောက်မှုတွေလည်းရှိနိုင်ပါတယ်။

ငလျင်လှုပ်ပြီဆိုတာကိုသိတာနဲ့ ပထမဆုံး တည်တည်ငြိမ်ငြိမ်လေးဖြစ်အောင်အရင်လုပ်ပါ။ ပြာယာခတ် စိတ်မလှုပ်ရှားကြပါနဲ့။ အတတ်နိုင်ဆုံး ကွင်းပြင်လိုနေရာမျိုးမှာ ဆောင့်ကြောင့်ထိုင်ချပြီးနေပါ။ ကွင်းပြင်လိုနေရာမျိုးကိုမသွားနိုင်ပဲ တိုက်အမြင့်မှာရောက်နေသူတွေကတော့ တောင့်တောင့်တင်းတင်းရှိမဲ့ စားပွဲတွေအောက်မှာ ခန္ဓာကိုယ်ကိုဝပ်ပြီးတော့  ခေါင်းကို ဂရုတစိုက်ကာကွယ်ထားပါ။ သတိထားကြပါ။ ငလျင်ဟာ နောက်ဆက်တွဲ ထပ်လာနိုင်သေးတာမလို့ပါ။

#Angel

#crd
❤88🍓4⚡2