ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
မိမိက ကြွက်သေတစ်ကောင်ကို အရင်းနှီးပြုပြီး ပုံပြင်ထဲက လုလင်ပျိုလို ကြီးပွားချမ်းသာချင်သည် ။ သို့သော် မဖြစ် ။ မဖြစ်ဆိုသည်မှာလည်း ဟိုက ပုံပြင် ။ မိမိက တကယ့်လက်တွေ့ဘဝ ။ မတူရေးချ မတူ ။ ပုံပြင်သည် စိတ်ကူးကောင်းရင် ကောင်းသလို အံ့သြဖွယ်ရာ ဘဝအဖြစ်အပျက်များ ဖြစ်နိုင်သည် ။ အပြင်မှာက စိတ်ကူးကောင်းရင် ကောင်းသလို မဖြစ် ။

လောင်ချိတ်လည်း ပုံပြင်က ပုံပြင်...။ လက်တွေ့ဘဝက လက်တွေ့ဘဝ ။ ဆိုတာကို အသိတရားရသွားပြီးနောက်...

ကြွက်သေကို လက်နှင့် သုံးကြီမ် မြောက်ရမ်း၍ တောထဲသို့ ပစ်လိုက်တော့၏...။

-လောင်ချိတ် ♥[ 30.3.26]
#recpls@Myanmar_Story pls
❤34🕊4
ကွန်ဖြူးရှပ်က ပြောတယ်

ဖိနပ်တေ အ၀တ်စားတေက သစ်လေပိုကောင်းလေဘဲ

သူငယ်ချင်းကတော့ ကြာလေ ပိုကောင်းလေတယ့်...

#jett
❤59🍓13❤‍🔥4😍2
"နေ ဘာလို့ထွက်တာလဲ "
....................................

" ဟေ့..ကောင် ထက်ယံကျော် "

"ဘာတုန်း အကိုလောင်ချိတ် "

" မင်း ကို ငါ မေးခွန်းတစ်ခု မေးမယ်ကွာ "

ကျနော်ထက် ငယ်သော G-5 ဖြေပြီးထားသော ထက်ယံကျော် ကလေးအား မေးခွန်းတစ်ခု မေးရန် ကျနော်က စခေါဲလိုက်ခြင်း ဖြစ်၏ ။

" အခု ငါမေးမယ့် မေးခွန်းကို မင်း ဖြေနိုင်ရင် ကြံရည်တစ်ခွက် ဝယ်တိုက်မယ်ကွာ "

"တကယ်နော်..."

"အေးကွာ..မင်းသာ အ​ဖြေမှန် ဖြေနိုင်ရင် ဝယ်တိုက်မယ် "

ကြံရည်ဟု ဆိုလိုက်သဖြင့် ထက်ယံကျော်က စိတ်ဝင်စားဟန်ရှိသွားသည် ။

" ဘာမေးခွန်း မေးမှာတုန်းဗျ... ၊ ရတယ် မေး..မေး..အကိုလောင်ချိတ် "

"အေး...ဟုတ်ပြီ ၊ ' နေက ဘာဖြစ်လို့ ထွက်တာလဲ ' ...၊ မင်းကို အဖြေသုံးခု ဖြေခွင့်ပေးတယ် "

ထက်ယံကျော်သည် ခဏ မေးခွန်းအဖြေကို စဥ်းစားနေသည် ။ ပြီးမှ..

ထက် ။ " နေရှိလို့ ထွက်တာ "

ကျနော် ။ " တစ်ခု ရှိပြီ "

ထက် ။ " ထွက်ချင်လို့ ထွက်တာ "

ကျနော် ။ " ဟုတ်ပြီ... နှစ်ခု ၊ နောက်ဆုံးအဖြေတစ်ခုပဲ ကျန်တော့တယ်.. ဘာဖြစ်မလဲ "

ထက် ။ " အချိန် ကျလို့ ထွက်တာ "

ထိုကောင် ထက်ယံကျော် သည် သူသိသော ကတ်သီးကတ်ဖဲ့ အဖြေများကို ဖြေသည် ။ သူပြောတဲ့ အဖြေတွေ အကုန်လုံးက မမှားပါ ။ သို့သော်လည်း ကျနော်မှာ 'နေဘာဖြစ်လို့ ထွက်တာလဲ ' အဖြေကို သူမည်သို့ အဖြေမှန်မှန် ဖြစ်စေကာမူ...ကျနော်သည် သူအဖြေမဟုတ်တဲ့ ကတ်သီးကတ်ဖဲ့ အဖြေမှန်ကို ပြောရန် အစကတည်းက ရည်ရွယ်ထားပြီး ဖြစ်သောကြောင့်...

" မှားတယ်...၊ တကယ်တော့ မိုးမချုပ်သေးလို့ နေထွက်တာ... "

"ဟင်...ဟာ..၊ အဲ့ဒါတော့ အကိုလောင်ချိတ် ညစ်တာပေါ့ဗျာ "

"ဟာ..ဟေ​ျာင့် စဥ်းစားကြည့်လေ ညကြီးမိုးချုပ် နေထွက်လား ပြော "

"ဘယ်လိုလုပ် ထွက်မှာလဲ "

"အေးလေ ၊ အဲ့ဒါကြောင့် မိုးမချုပ်သေးလို့ နေထွက်တာပေါ့ကွ "

ကျနော်မှာ ကြံရည်သောက်ရမယ် ထင်ပြီး မျှော်လင့်ချက်နှင့် ဖြေသော ထက်ယံကျော်ကို ကြည့်ကာ အသံကျယ်ကျယ်လောင်လောင် ထွက်သည့်အထိ ရယ်မိပါသည် ။

-လောင်ချိတ် ♥ *2.4.26*
❤38😁30🐳1
ချစ်တယ်လို့ပြောဖို့ နောက်ကျသွားပီလား😔

#jett
Please open Telegram to view this post
VIEW IN TELEGRAM
❤27😭16🕊6😁5❤‍🔥3🍓1💘1
မင်းလူတစ်ယောက်ကို လွှတ်မချနိုင်ဘဲ
တသသ စွဲလမ်းနေရင်
တစ် ဖက်က မင်းကို ဘယ်လိုတောင်
စွန့်ပစ်ခဲ့သလဲဆိုတာ ပြန်သတိရလိုက်ပါ
တစ်ဖက်ကတောင် မင်းကိုစွန့်လွှတ်ဖို့မကြောက်ဘူး
မင်းကရောဘာအတွက် မစွန့်လွှတ်နိုင်ရမှာလဲ
တစ်ဖက်ကတောင် ဒီဆက်ဆံရေးအပေါ်
ဘာမှမဖြစ်ခဲ့သလို့ နေပြီး
ဆက်ဆံရေးအသစ်တောင် စရင် စတင်နေလောက်ပြီး
မင်းကသာ အခုထိ လမ်းပျောက်နေပြီး လွမ်းဆွတ်နေဆဲ
သိပ်လွမ်းလို့ မျက်ရည်ကျပြီး အိပ်မပျော်တဲ့ညမှာ
တစ်ဖက်က ချစ်သူနဲ့ဖုန်းပြောရင် အိပ်ပျော်သွားတယ်တဲ့
တန်ရဲ့လား ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါဦး
ချစ်လို့ရတယ်
ရူးမိုက်လို့ရတယ်
တစ်ဘဝစာတော့ မဖြစ်သင့်ဘူး
နှစ်ချီပြီး မဖြစ်သင့်ဘူး
လူနှစ်ယောက်ရဲ့ အဆုံးသတ်မှာ
ပေါင်းစည်းနိုင်မလားဆိုတာ
ကိုယ်တို့ ကြိုသိနိုင်တဲ့အရာ မဟုတ်ဘူး မဖန်တီးနိုင်ဘူး
❤82😭45❤‍🔥11💯7🍓7💘2🥰1
တစ်ချို့ကပြောကြတယ် ပန်းပေးရင်အလှမ်းဝေးတယ်တဲ့
ဒါမဲ့ စာဖတ်သူတို့ရေ ပေးတက်ရင်နီးစပ်ပါတယ်ဗျ

ဒါမဲ့ မင်းကရော နီးစပ်ခဲဖူးလို့လား🥹
❤25😭22💘16❤‍🔥13🍓5😁3💯3🥰1😍1
ဟေးးးသကြန်ရောက်ဖို့က လေးရက်ပဲလိုတော့တယ်နော်
မဲပြိုင်ကြရအောင် ကြည့်ချင်လို့

‌ရေဆော့ရေပတ်ခံလျှောက်လည်ပြီးအပြတ်ကဲမယ်ဆိုတဲ့သူတွေက 🐳 အဲ့ဒါလေးပေးခဲ့

ဘုရားတရားလုပ်ပီး အေးဆေးနေမယ် ဒါမှမဟုတ် တစ်ယောက်တည်းသီးသန့်နေချင်ရင် 🕊ပေးခဲ့ကြ

Loon ကတော့ 🐳
🤭😂
🕊135🐳90❤21😭4🍓1
သူရယ်နေတယ်

ငါ့အိမ်မက်တေကို လက်လျှော့ပစ်ဖို့စဉ်းစားတိုင်း

သူ့အပြုံးကိုဘဲ မြင်ယောင်နေတယ်

ဒီနေ့လည်းရယ်ပြန်ပီ

#jett
❤‍🔥26❤23🍓7😍1
" 💦သကြ်န်အကြို ဆုတောင်း 💦 "

ရှာပုံတော် မင်းသားကြီး.  . .
ဒီနှစ်တော့ သူချစ်သူကို
ရှာတွေ့ပါစေ...

ကျနော်တို့လည်း ပျော်ရပါစေ . . .
ချစ်သူတွေလည်း ပျော်ကြပါစေ. . .

မပျော်ရွှင်ရတဲ့ စိတ်ဝေဒနါတွေ
ရှိရင်လည်း
သကြ်န်ရေနဲ့ ဆေးကြောပြီး
ပျောက်ကင်းနိုင်ပါစေ. . . ။

-လောင်ချိတ် 🌷

( မနက်ဖြန် ကျရောက်မယ့် သကြ်န်အကြိုနေ့မှာ အားလုံးသောသတ္တဝါတို့
ကိုယ့်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...) 🥰😊
❤84🍓12💘7🥰4😁1🐳1💯1
လူတစ်ယောက်ကပြောခဲ့တယ်

စကားကောင်းတေအများရီးပြောတာထက်

အလုပ်ကောင်းတစ်ခုလုပ်လိုက်တာက

ပိုတန်ဖိုးရှိတယ်တဲ့

#jett
2❤43🍓28💯10❤‍🔥3🎉3
ဒါလည်းမှန်ပါတယ်လေ

မေတ္တာဆိုတာရောင်ပြန်ဟက်တက်လားဆို
ရောင်ပြန်ဟက်တက်တယ်
ကိုယ်လိုချင်တဲ့သူဆီကမရတာတစ်ခုတည်းပါ.
❤34😭25🍓7❤‍🔥5💯5😍1
မနက်ခင်းအလွမ်းစာ

မနက်ခင်းကိုမင်း reply ပြန်ပီလားဆိုတယ့် စိတ်နဲ့စိတ်အားထက်သန်စွာနိုးထ

ခုထိ reply မလာသေးတယ့် မင်းရဲ့အကောင့်ကိုကြည့်ပီး

နှလုံးသားထဲကနေ ငါခုထိအိမ်မက်ကနေမနိုးသေးဘူးဘဲဆိုပီးတော့ နေ့တိုင်းလို ‌နှစ်သိမ့်

နေ့လည်ဘက်အလွမ်းစာ

ဘာလိုလိုနဲ့ နေ့ခင်းရောက် ရာသီဥတုပူရတယ့်ကြား

မင်းကြောင်းတွေးရင် ပူပင်သောကတေကပိုများ

ဒီပူတေအားလုံးပြေလျော့ဖို့တွက် မင်းဆီက reply တစ်ခုနဲ့တင် ပြေပျောက်

ညနေဘက်အလွမ်းစာ

ညနေခင်းတစ်ဖြတ်ရောက်တော့ ကန်ပေါင်မာထိုင်ပီး ဘော်ဒါတေနဲ့

ချစ်ကြောင်းတေ အနာဂါတ်ကြောင်းတေ

ဆေးလိပ်လေးဖွာရင်းဆွေးနွေး

အကုန်လုံးက ကြေကွဲလူငယ်တေဖစ်နေတော့

Double j ရဲ့ why song နားထောင်ပီးမင်းကြောင်းတွေးရင်း

ဆွေးတာနေ့စဉ်အလုပ်လိုဖစ်

ညဘက်အလွမ်းစာ

ညဘက်ရောက်လာပြန်တော့ လွမ်းတယ့်စိတ်တေဟာ တိုင်ဖုန်းမုန်တိုင်းလို ပိုသည်းထန်လာ

But not same တိုင်ဖုန်းက အရာအားလုံးကိုဖျက်စီးနိုင်ပီး

ငါကတော့ မင်းကိုဖျက်စီးဖို့မပြောနဲ့ဖျက်စီးပိုင်ခွင့်တောင်မရှိ..😔

#jett
Please open Telegram to view this post
VIEW IN TELEGRAM
❤35❤‍🔥12🍓2🕊1🐳1
ဒီနေ့ တရားပွဲလေးရှိလို့ ကျနော်သွားနာပါရဲ့ မလိုက်စဖူးအလိုက်ထူးပေါ့ဗျာ
စာဖတ်သူတို့ရေ တရားခေါင်းစဉ်က
ပြန်လည်ဆုံစည်းခွင့်ရချင်တယ်တဲ့
ဟောဗျာ ငိုပြန်လာခဲ့ရတယ်။
စကားလေးတစ်ခွန်း ရလာခဲ့တယ်။

တစ်ချို့ကိစ္စတွေမှာ အရှုံးပေးလိုက်ရင် နှလုံးသားအေးရတယ်တဲ့ဗျာ😭
😭59❤17💯4😍2🍓2
မိုးကောင်းကင်‌ ပေါ်က အလှတရားတေဟာ ဝေးကွာလွန်းသလို

လှပလွန်းလို့ မထိရက်နိုင်ခဲ့ပါ

#jett
❤33❤‍🔥8💘6🍓2
" ကံကောင်းခြင်းသည်"
.....................................

-ကျနော်ငယ်ငယ်က ပိုက်ဆံကောက်ရတဲ့ သူတွေကို တွေ့ရင် အားကျတယ် ။ ပိုင်ရှင် မပေါဲနိုင်တဲ့ အများသွားလမ်းမကြီးပေါဲမှာတို့ ၊ ပွဲစျေးတန်း လမ်းမပေါဲတွေမှာပေါ့ဗျာ ။ အဲ့လိုနေရာတွေမှာ ပိုက်ဆံ ကောက်ရတဲ့သူတွေဟာ ထီမထိုးပဲ ထီပေါက်တဲ့ သူတွေလို့ ကျ​နော်တော့ မြင်တယ် ။ ပိုက်ဆံတန်ဖိုးကြီးတာလေး ကောက်ရရင် လူတွေ ပိုပျော်ကြတယ် ။ ရာတန်၊လေးတွေဆိူရင်တော့လည်း ပျော်ကြတာပါပဲ ။ အလကားရတဲ့ ငွေ မပျော်ပဲ နေနိုင်မလားဗျာ ။

ပိုက်ဆံကောက်ရတဲ့ သူတွေအကြောင်း၊ မြင်ရကြားသိရတော့ ကျနော်လည်း အားကျတာပေါ့ ။ သူတို့လို ကောက်ရချင်တယ် ။ ကံကောင်းချင်တယ်ပေါ့ဗျာ ။ ကံကောင်းမှ ကောက်ရမယ် မဟုတ်လားနော...။

အဲ့လိုနဲ့ ခပ်ငယ်ငယ် ကျနော် ကလေးအတွေးနဲ့ ပိုက်ဆံကောက်ရနိုး ၊ ကောက်ရမလားဆိုပြီး ရွာရိုးကိုးပေါက် လျှောက်ရှာတော့တာပဲ ။ ရွာလမ်းတသ်လမ်းခြင်း လမ်းလျှောက်ရင်း မြေကြီးအောက်ကိုပဲ သေချာကြည့်လျှောက်တယ် ။ လမ်းမှာတွေ့တဲ့ သူငယ်ချင်းတွေ နဲ့ အသိလူကြီးတွေကတော့ မေးရှာတယ် ။

" လောင်ချိတ်.. ဘယ်သွားမလို့လဲ "

" သူငယ်ချင်း ဘာတွေထွက်ရှာနေတာလဲ ၊ ဘယ်အိမ်သွားမလို့လဲ ၊ ဇော်နိုင် တို့အိမ် ဘောလုံး သွားကန်မလို့လား "

စသဖြင့် မေးကြတာပေါ့။ ကျ​နော်ကလည်း ကိုယ့်အကြောင်းနဲ့ ကိုယ် ဆိုတော့

" ဘယ်မှ မဟုတ်ပါဘူးကွာ..၊ ကျန်းမာရေးအတွက် လမ်းထွက်လျှောကိတာပါဗျ..၊ "

အဲ့သလို ပြန်ဖြေတာပေါ့ ။ အမှန်တိုင်း​ပြောလိုက်မှဖြင့် ကျနော်နဲ့ အတူတူ ပိုက်ဆံ ကောက်ရမလား ထွက်ရှာရင် သူတို့အရင်ဦးအောင် တွေ့သွားရင် ဘယ်လိုလုပ်မလဲနော

ရွာလမ်းတွေ တစ်ဝက်သာ ကျိုးသွားတယ်။ ကျနော် ဘယ်လောက်မှ ကောက်မရ၊မတွေ့ပါ ။ ငါးဆယ်တန်ကို မတွေ့ ။ ဆိုးလိုက်တဲ့ ကံပါလားနော် ။ တချို့တွေကျ ထောင်တန်၊ရာတန်တွေ ကောက်ရပြီး မိမိကြမှ တစ်ရာ ၊ ငါးဆယ်ပင် မတွေ့ ။

သို့သော် ကျနော်သည် ငယ်ရွယ်သူပီပီ လက်မလျော့သေး ။ နောက်ကျန်သေးသော လမ်းများတွင် လျှောက်၍ ရှာပါသည် ။

ကံ များမကောင်း၍လား မသိပါ ။ ကျနော် တစ်ရွာလုံး လမ်းမများ လျှောကိ၍ ရှာသော်လည်း ပိုက်ဆံ တစ်ပြားတစ်ရွက်မှ ကောက်မရ ။

တစ်ရက် ကျနော်တို့ အသင်းသားသူငယ်ချင်းများနှငိ့ ရွာထဲ အမှိုက်လိုက်ကောက်ရသည်။ ကျနော်တို့ကျောင်းအုပ်ဆရာကြီးက အသင်းအလှည့်ကျ ရွာထဲသို့ အမှိုက်များ ကောက်ခိုင်းလေ့ရှိသည် ။ ဒီနေ့က ကျနော်တို့ အပြာသင်းအလှည့်ကျပါ ။

အတန်းစဥ်လိုက် လမ်းများခွဲပြီး အမှိုက်ကောက်ရမည် ဖြစ်၏ ။ ကျနော်တို့ အတန်းက ရွာရှေ့ဘက်ခြမ်းရှိ လမ်းသုံးလမ်းတွင် တာဝန်ကျ၏ ။ ပထမဆုံး ကျနော်တို့သည် ပထမဆုံးလမ်းကို ဝင်ပြီး အမှိုက်များ ကောက်ရပါတော့သည် ။

"ဟေ့...ကလေးတွေ.. လာ.. လာ.. ထမနဲ ဝင်စားသွားဦး "

ကျနော်တို့ လမ်းဆုံးခါနီးအရောက်တွင် အိမ်တစ်အိမ်က ထမနဲမုန့်စားရန် လှမ်းဖိတ်၏ ။ ကျနော်တို့ကလည်း တညီတညွှတ် ပြေးဝင်သွားတော့တယ် ။ ကလေးဆိုတော့ မုန့်လို့ ကြားတာနဲ့ အူရွှင်၊အူမြူးလာတာမျိူးဗျ ။ ကျနော်တို့ ယောကျာ်းလေးများကတော့ ထမနဲကို အားရပါးရ စားကြ၏ ။ တစ်ဇွန်းပြီး တစ်ဇွန်း မရပ်မနား အားပေးကြတာ ဇွန်းကို မနားရပါဘူးဗျာ ။ မိန်းကလေးတွေကတော့ မိန်းကလေးပီပီ ရှက်သလိုလို အားနာသလိုလို အားရပါးရ မလွေးရဲကြ။ သြော် ။ မိန်းကလေး ဖစ်ရတယလည်း မလွတ်လပ်ချေတကား ။

ကျနော်တို့သည် အမှိုက်လိုက်ကောက်သောကြောင့် လိမ္မာသော ကလေးများထင်၍လား မသိ ။ လမ်းတစ်လျှောက်တွင် အိမ်များမှ လက်ဖက်သုတ် ၊ အချိုရည် ၊ စသဖြင့် တတ်နိုင်သော မူန့်များဖြင့် အိမ်ရှင်တို့က ေခါဲယူကျွေးကြပါသည် ။ ကျနော်တို့ အဖွဲ့မှ မဟုတ် ။ အခြားသော အသင်းအဖွဲ့သားတို့သည်လည်း မုန့်များ စားကြရသည် ။ အမယ် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ "ငါက မင်းတို့ထကိ ပိုကောင်းကောင်းစားရတယ် " ဆိုပြီး ကြွားတတ်ကြသေးသည် ။

ထိုနေ့က ကျနော်သိခဲ့ရသည်မှာ ကံကောင်းခြင်းဆိုသည်မှာ ပိုက်ဆံကောက်ရမလားဟူ၍ လမ်းတစ်လျှောက် ရှာဖွေနေရခြင်း မဟုတ်ပဲ ။ အများပြည်သူ သွားနေကျ လမ်းများတွင် သန့်သန့်ရှင်းရှင်း ဖြစ်စေခြင်းငှာ အမှိုက်များကောက်၍ ကုသိုလ်ယူပြီး အလုပ်လုပ်ရခြင်းပေ ဖြစ်သည် ။

ကံကောင်းခြင်းသည် ရှာဖွေရခြင်း မဟုတ်ပဲ ကိုယ်တိုင် အများအတွက် အလုပ်လုပ်ပေးခြင်း ဖြစ်သည် ။

-လောင်ချိတ် 🌷*26.4.26*

#reapls@Myanmar_Story
❤58💯8🥰4🍓2
Happy birthday to me ❤️
❤136🎉81🍓20🕊3🐳2💘1
တစ်ခါတစ်လေကျတော့ အချစ်တစ်ခုမှာ အနာကျင်ဆုံးက ဘာလဲဆိုတာ အခုမှ သဘောပေါက်သွားတယ်
အဓိက စကားလုံး တွေပဲ
သုံးလည်းတည်းဆိုပေမဲ့ အနက်အဓိပ္ပာယ်က လေးနက်တယ်သိမ်မွေ့တယ် မုန်းလွယ်တယ် မာယာများတာတွေနဲ့ နောက်ကွယ်မှာပြည့်နှက်နေတာချည်းပဲ

မလိမ္မာသူတစ်ယောက်ကို စကားလုံး လှလှလေးနဲ့ပြောရင် သူ့ဘက်ကလက်ခံနိုင်လောက်တဲ့အထိ ဖြစ်လာသလို
ကိုယ်ငြီးငွေ့ပြီး မုန်းတီးလာသူတစ်ယောက်နဲ့ မတွေ့မခေါ်မပြောချင်တော့ရင်လည်း ရက်စက်ကြမ်းကြုတ်ခံစားရမဲ့ စကားလုံးလှလှလေးတွေနဲ့ ပြောတက်ကြတယ်။
အခုတော့ဒါတွေကိုနားလည်သွားပါပြီလေ။
စာဖတ်သူလေးတို့ရော❤️‍🩹
❤52💯11🍓5😭5
𝑯𝒂𝒑𝒑𝒚 𝑴𝒂𝒚 𝑭𝒊𝒓𝒔𝒕 𝑫𝒂𝒚
အားလုံးပဲနေ့သစ်လူသစ်နဲ့ စိတ်နှလုံးကျန်းမာပျော်ရွှင်နိုင်ကြပါစေ ကံကောင်းကြပါစေနော်။
🍓40❤23🎉5
ဗုဒ္ဓမြတ်စွာဘုရားက ဟောဖူးတယ် ။

"သံသရာမှာ သတ္တဝါတိုင်းဟာ ဆွေမျိုးတော်စပ်ခဲ့ဖူးသူချည်းပဲ " တဲ့ ။

ဆိုလိုချင်တာက ကျနော်တို့ အားလုံးဟာ သံသရာစက်ဝိုင်းကြီးရဲ့ ဘဝတစ်နေရာမှာ အမိ၊အဖ၊အဘိုး၊အဘွား၊ ဦးလေး၊အဒေါဲညီကိုမောင်နှမ သူငယ်ချင်း ၊ သား..သမီး စသဖြင့် တော်စပ်ခဲ့ဖူးသူချည်းပဲ ။

အဲ့သည် အချက်ကို ကောက်ချက်ချပြီး ကြည့်မယ်ဆို ကျနော်တို့တွေ
တစ်ယောက် နှင့် တစ်ယောက် အမုန်းတရား ပွားစရာ ဘာအကြောင်းမှ မရှိဘူး ထင်တယ် ။

ကိုယ့်မသေချင်ရင် ရန်သူကို သတ်ရတဲ့ စစ်ပွဲတွေကိုလည်း ထိုအသိတရားသာ နှလုံးသွင်းနိုင်မယ်ဆို စစ်ကနေ အချစ် ဖြစ်လာမည် ထင်သည် ။

မည်သို့ဆိုစေကာမူ... ကျနော်ကတော့ ထိုတရားအသိလေးကို လူတိုင်းနှလုံးသွင်းနိုင်ပြီး တစ်ယောက် ကို တစ်ယောက် အမုန်းအဃာတရားတွေ မရှိစေပဲ တစ်ဦးကို တစ်ဦး စာနာနားလည်ပေးကာ မေတ္တာထားစေချင်ပါသည် ။

-လောင်ချိတ် 🕊

#reapls@Myanmar_Story
❤43🕊10✍6🍓3🎉2💯2🥰1