ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
"စကားတစ်ခွန်း..."

ညနေခင်းအချိန်ဖြစ်၏ ။
ကျွန်တော်တို့ ဘုန်းကြီးကျောင်းတွင် ညနေ လေးနာရီ ရောက်တိုင်း ကိုရင်များ နှင့် ဘုန်းကြီးကေ​ျာင်းသူ၊သားများသည် ဘုန်ကြီးတာဝန်ပေးထားရာနေရာကိုယ်စီတွင် အမှိုက်များ လှည်းကျင်းရလေ့ရှိ၏ ။ ကလေးငယ်များမှာ ကျွန်တော်တို့အကြီးများ လှည်းပြီး၍ စုပုံထားသော အမှိုက်များကို ကျုံးရသည် ။

သပြေပင်အောက်တွင် ကျွန်တော်သည် အမှိုက်လှည်းနေ၏ ။ လှည်းပြီး၍ စုပုံထားသော အမှိုက်ပုံများကို ကျုံးရန် မိန်းကလေးအငယ်အုပ်စု ရောက်လာသည် ။

"ဟေ့ သူ နဲ့ မခေါဲနဲ့..၊ သူက အကျင့်မကောင်းဘူး "

"မမဝေခိုင်လည်း အတူတူပဲ ၊ အကျင့်ကောင်းလို့လား..၊သူများမုန့်တွေ မပေးပဲ လုစားတာ "

ကလေးငယ်အုပ်စုထဲမှ ဧကရီ အမည်ရှိသော မိန်းကလေးနှင့် သူအမ ဝမ်းကွဲ ဝေခိုင် တို့စကားများနေကြဟန်ရှိသည် ။
သူတို့ညီမနှစ်ယောက်သည် မတည့်အတူနေ၊မမြင်ရချောင်းကြည့် ဆိုသော သူများဖြစ်သည် ။
ဧကရီသည် စွာ၏။သွက်လက်၏ ။မဟုတ်မခံတတ်သော သူလည်းဖြစ်သည် ။ ဝေခိုင်မှာမူ မွေးရာပါ ဦးနှောက်ချို့ယွင်းမှုကြောင့် သာမန်လူတွေလို မဟုတ် ။ နည်းနည်းကျပ်မပြည့်လှ ။

အခုလည်း မည်က၊မည်လို ဖြစ်လာသည် မသိ ။ စကားများနေကြသည် ။

"ဘာဖြစ်လို့... ကြိုးခုန်တိုင်းဆော့တာကို ငါ မပါခိုင်းတာလဲ "
ဝေခိုင်က မေးလိုက်ခြင်းဖြစ်သည် ။

"မဝေခိုင်က ညစ်တာကိုး... ၊ ပြီးရင် သေရင်လည်း မသေဘူး ဆိုပြီး ငြင်းတာ ဥစ္စာ.."
ဧကရီက အသံခပ်စွာစွာနှင့် ပြန်ဖြေလိုက်၏ ။

"ဟုတ်တယ်..ဟုတ်တယ်...ဧကရီ ပြောတာ မှန်တယ် "

ဧကရီ အတန်းတူသူငယ်ချင်း မြကေခိုင်က သူ့သူငယ်ချင်းဘက်မှ ဝင်၍ ထောက်ခံကူပြောလိုက်သည် ။ ထိုအခါတွင် ေဝခိုင်လည်း သူရဲဘော် ပန်းစံပယ် ရှိရာကို လှည့်ပြီး...

" တွေ့လား...သူတို့ မနိုင်လို့ မပါခိုင်းတာကို ငါ့ကို ညစ်တာတဲ့...မရယ်ရဘူး..ဟား..ဟားး.."

"ငယ်ငယ်လေးရှိသေး သူများ မကောင်းကို ခွင်ဖန် ပြောတတ်နေပြီ..ကြီးလာရင် ယုတ်တမာ ဖြစ်မယ် ကောင်မ."

ဝေခိုင်က ဧကရီကို မခံချင်အောင် တမင် ဆွပြောလိုက်သည် ။

"လာ..လာ..ပန်းစံပယ် သူတို့နဲ့ မပေါင်း နဲ့ ညစ်ပတ်တယ်..၊ ကူးကုန်လိမ့်မယ်.."

"သမီးက လူပဲ ညစ်ပတ်တာ ၊မမကမှ စိတ်ညစ်ပတ်တာ... ၊ ဘာဆပ်ပြာနဲ့ တိုက်တိုက် ပြောင်မှာ မဟုတ်ဘူး "

ဧကရီက ပြန်ဖြေလိုက်၏ ။

"နင်..နင်..ဧကရီ ၊ မသာမ.. ခွေးမ..."
ဝေခိုင်သည် ဒေါသထွက်လာ၍ ဆဲသည် ။ ဧကရီ ကလည်း...

"သမီးက ခွေးဆို မမကလည်း သမီးစကားနားလည်တော့ မမလည်း ခွေးပဲလေ..နော..မြကေခိုင် "

"လာ..လာ..ပန်းစံပယ် ဒီနေရာက မြန်မြန်သွားမယ်..မုန်းစရာကောင်းတဲ့ သူ နဲ့ ဆက်မပြောချင်ဘူး..၊မုန်းဖို့ တအားကောင်းတာပဲ... "

ဝေခိုင်သည် ထိုသို့ ပြောပြီး အမှိုက်ပစ်ရန် ထွက်သွားသည် ။

ဝေခိုင် အမှိုက်ကုန်းနား သို့ မရောက်ခင် ဧကရီ ပြောလိုက်သော စကား တစ်ခွန်းသည် ကျွန်တော်တို့ အတွက် အလွန်မှတ်သား အတုယူစရာကောင်းနေသည်ကို ကြားသိလိုက်ရသည် ။

ထိုစကားတစ်ခွန်းမှာ...

"သမီးကို ကြိတ်မုန်းနေလို့... ထမင်း စားရမှာ မဟုတ်ဘူး.."

...............................................

-လောင်ချိတ်
❤36🍓7🐳1
"မဂဏန်းနေ့ နှင့် ရဲဘော်မောင်ပု (-1) "

"ဒီနေ့ အထက်က အမိန့်ကျလာတယ် "

"ရက်..ဆာ "

"ဒီနေ့ 7 ရက်နေ့မှ စပြီး ငါတို့ မော်တော်ပီကယ် ရဲဘော်တွေ မီးပွိုင့်တွေမှာ ကားတွေ၊ဆိုင်ကယ်တွေ လိုင်စင် စစ်ရမယ်... ၊ အထက်က အမိန့်ထုတ်ပြီးထားတဲ့ အတိုင်း ယနေ့ 7 ရက် 'မ ရက်မှာ မဂဏန်း
ကား၊ဆိုင်ကယ်တွေသာ မောင်းခွင့်ရှိမှာ ဖြစ်ပြီး ၊ စုံဂဏန်းလိုင်စင် ဖြစ်တဲ့ ကားတွေ၊ဆိုင်ကယ်တွေကို
မောင်းနှင်းနေတာတွေ့ရင် ဖမ်းရမှာ ဖြစ်ပြီး ဥပဒေအရ အရေးယူရမှာ ဖြစ်တယ် "

မော်တော်ပီကယ်ရဲဘော်တို့၏ ခေါင်းဆောင်ကြီးဖြစ်သူက
သူ့ရဲဘော်များကို
အမိန့်ပေးပြောကြားနေ၏ ။

ရဲဘော်တို့ကလည်း...

"ဟုတ်ကဲ့...ဆရာကြီး.."

"မရှင်းတာ ဘာရှိလည်း.."

"ဟို..ဆရာကြီး ကျနော် တစ်ခုလောက်မေးချင်လို့ "

ရဲဘော်များထဲမှ မောင်ပု ဆိုသူက လှမ်းပြောလိုက်သည် ။

"ဘာမေးချင်တာလဲ...ရဲဘော် မောင်ပု "

"ဒီလိုပါဗျ...ဆရာကြီး ၊ ကျနော်တို့
ဖမ်းလို့ မိလာတဲ့ သူတွေကို ဘယ်လိုမျိုး အရေးယူဆောင်ရွက်ရမလဲ.. ဆရာကြီးရှိ ခေါဲလာရမှာလား ၊ အဲ့နေရာမှာတင် စီရင်ဆုံးဖြတ်ပေးရမှာလား သိချင်ပါတယ် "

ဆရာကြီးလည်း မောင်ပု စကားကြောင့် ခဏတွေဝေသွားသည် ။ အထက်က အရေးယူဆောင်ရွက်မည်ဟုသာ သတင်းထုတ်ထားသည် ။ ဘယ်လို အရေးယူဆောင်ရွက်ပါဟူသော အမိန့်သတင်း က မလာသေးချေ ။ ထို့ကြောင့် အထက်ကမလာသေးသော အမိန့်မလာသေးသရွေ့အထိ ကိုယ့်ဘာသာကိုယ် ကြံပြီး အရေးယူဆောင်ရွက်ရန် အကြောင်းက ပေါဲလာသည် ။

"မောင်ပု ပြောတာ မှန်တယ်... ၊ အထက်က ဖမ်းဖို့ပဲ သတင်းလာသေးတယ် ၊ ဘယ်လိုအရေးယူရမလဲ သတင်းမကျသေးဘူး..၊ ဆိုတော့ အရင်လုပ်နည်းထုံးစံ အတိုင်းပဲ လုပ်ကြတာပေါ့ ရဲဘော်တို့ရာ..."

"ဟုတ်... ဆရာ "

ရဲဘော်တပည့်အားလုံးက ဟုတ် ဆရာ ဖြစ်နေကြသော်လည်း ရဲဘော်မောင်ပုမှာ ဤမော်တော်ပီကယ် တပ် ထဲသို့ရောက်တာ မကြာသေး ။

ထိုကြောင့် အရင်လုပ်နည်းထုံးစံ အတိုင်း အဓိပ္ပါယ်ကို နားမလည်နိုင်ပဲ ရှိ၏ ။

"ဆရာကြီး အရင် လုပ်နည်း ထုံးစံ ဆိုတာ ဘာပြောတာလဲဗျ.."

"ဟာ မင်းက အသစ်လား ရဲဘော်မောင်ပု... ၊ ရဲဘော် ငညစ် ရှင်းပြလိုက်စမ်းကွာ..၊ ငါ မနေ့က ဖမ်းလို့ ရလာတဲ့ ေဝစု ခွဲရဦးမယ်..၊ မင်းတို့ ဒီနေ့ လုပ်ရမယ့် တာဝန်ကို ရဲဘော်ငညစ်က တာဝန်ယူနေရာချပေးလိမ့်မယ်.. ၊ "

"ဟုတ် ဆရာ "

ရဲဘော်ငညစ် ဆိုသူသည် နာမည်နှင့် လိုက်ဖက်အောင် ညစ်ပတ်သည် ။ မောင်ပု နားသို့ရောက်လာသောအခါတွင် မောင်ပုမှာ ချွေးနံ နံလွန်း၍ နှာခေါင်းပိတ်ထားရ၏ ။

"ကဲ လာ...မောင်ပု.. ၊ အရင်လုပ်နည်းထုံးစံ ဆိုတာ...ဒီလို..."

ရဲဘော်ငညစ် ရှင်းပြပြီးသောအခါတွင် ရဲဘော်မောင်ပုမှာ

"သြော်...အဲ့လိုကိုး..."

"ရဲဘော် ရပြီလား... ၊ ရပြီဆို ကိုယ့်တာဝန်ကျရာ နေရာ ခွဲမယ်..."

"..."

ရဲဘော်ငညစ်နေရာခွဲပေးပြီးနောက် မော်တော်ပီကယ် ရဲဘော်တို့သည် ကိုယ်တာဝန်ကျရာနေဆီ
အသီးသီးထွက်သွားလေ၏ ။



-လောင်ချိတ်

အပိုင်း (2) ကို
ညကျမှ ဆက်တင်ပေးပါမယ်။
အားရှိအောင် react လေးတွေ ေပးကြပါဦးနော်..။ 🥰
❤31😁7🍓2🐳1
"မဂဏန်းနေ့ နှင့် ရဲဘော်မောင်ပု (2) "

မီးပွိုင့်၏ မနီးမဝေးအရိပ်ရ နေရာတစ်နေရာတွင် မော်တော်ပီကယ်ရဲဘော် သုံးဦး ကား၊ဆိုင်ကယ် လိုင်စင်များကို တစ်စီးပြီး တစ်စီး စစ်နေကြရသည် ။

"ရပ်စမ်း..."

ကားတစ်စီးကို မော်တော်ပီကယ်ရဲဘော်တစ်ဦးက တားလိုက်၏ ။

"မင်း လိုင်စင်က 2A/ နဲ့ ဖြစ်နေတာ မင်း မသိဘူးလား "

ကားပိုင်ရှင်သည် ကားပေါဲက ဆင်းလာ၍ မိမိ ကားနံပါတ်ကို ပြန်ငုံကြည့်၏ ။

"အဲ့တာ ဘာဖစ်လို့ လဲ ၊ ဘာကိစ္စရှိလို့လဲ "

ကားပိုင်ရှင်က လေသံမာမာနှင့် ပြန်ပြောလိုက်သည် ။

"ဟျောင့်. အစိုးရက စက်သုံးဆီခြိုးခြံချွေတာရေးအတွက် အမိန့်ထုတ်ထားတာ မင်းမသိဘူးလားကွ..၊ မ ဂဏန်းနေ့မှာ မ နဲ့ စတဲ့ လိုင်စင်ကားတွေသာ မောင်းခွင့်ရှိတယ်ဆိုတာ ၊ စုံ ဂဏန်းနေ့မှာသာ စုံဂဏန်းလိုင်စင်တွေ မောင်းခွင့်ရှိတာ.. "

ကားသမားသည် ခေါင်းကုတ်၍ နေလေသည် ။

"မသိဘူးဗျ ...၊ ကျနော်က ဖုန်းလည်း မသုံးဘူး ၊သတင်းစာလည်း မဖတ်ဘူး "

ရဲဘော်မောင်ပုသည် ထုတ်ပြန်ထားသော အမိန့် မသိသူအား မည်သို့ အရေးယူရန် ကောင်းမည်လဲဟု သူရဲဘော်အဖော်တစ်ဦးကို ခေါဲပီး တိုင်ပင်၏ ။

"ဘယ်လို လုပ်မလဲ ရဲဘော်၊ သူက မသိဘူးတဲ့ "

"လွယ်ပါတယ် ရဲဘော် မောင်ပုရာ ဆရာကြီး ပြောထားတဲ့ အရင်လုပ်နည်းထုံးစံ အတိုင်း အရေးယူလိုက်ကွာ.."

"ဟာ..ငါက ဒီနေ့မှ ပထမဆုံး အလုပ်ဝင်တာလေကွာ ၊ လုပ်စမ်းပါကွာ မင်းပဲ ငါ့ကို သင်ပေးစမ်းပါ "
"အေး..အေး..အယ့်လိုဆိုလည်း ငါဘယ်လိုလုပ်လည်း ကြည့်ထား "

ရဲဘော်သည် ကားပိုင်ရှင်ရှိရာကို သွားပြီး

"ညီလေး..ဒီနေ့ မဂဏန်းလိုင်စင်ထွက်ရမယ့်နေ့မှာ စုံဂဏန်းလိုင်စင်ကား မောင်းတဲ့အတွက် ညီလေးကို ဥပဒေအရ အရေးယူရလိမ့်မယ်..."

"ကျ​နော်မှ မသိတာဗျာ.."

ရဲဘော်သည် ဆက်မမေးပဲ ကားအတွင်းသို့ ကိုယ့်တစ်ပိုင်းဝင်ပြီး စီယာတိုင်ရှေ့တွင် တင်ထားသော ကားလိုင်စင် မှတ်ပုံတင်ကို ယူလိုက်သည် ။

"သိတာ မသိတာ မင်းအပိုင်း..၊ ဥပဒေက ဥပဒေ... ၊ မင်း အရေးယူမခံခြင်ရင် သွားလေ "

"ဆရာက ကျနော် ကားလိုင်စင်ယူထားတာ ဘယ်လိုသွားမလဲဗျ.."

"အဲ့ဒါ ငါကိစ္စ မဟုတ်ဘူး "

မော်တော်ပီကယ် ရဲဘော်သည် ကားလိုင်စင်ကို ယူပြီး ရဲဘော်မောင်ပု ရှိရာသို့ ထွက်လာသည် ။

"တွေ့လား.. ရဲဘော်မောင်ပု ၊ ကြည့်ထား ခဏနေရင် သူ ကားလိုင်စင်ကို လာရွေးလိမ့်မယ်. "

ရဲဘော်ပြောတာ မှန်၏ ။ ခဏအကြာတွင် ကားပိုင်ရှင်သည် လာရွေး၏ ။ လူသူလေးပါးကြည့်ပြီး
ရဲဘော်လက်ထဲသို့ ပိုက်ဆံတစ်ထုတ် ထိုးပေးသည် ။ ရဲဘော်လည်း ပိုက်ဆံထုတ်ကို ဘောင်းဘီအိတ်ထဲသို့ အမြန်ထိုးထည့်လိုက်၏ ။

"ဝေါ..."

ကားထွက်သွားပြီးနောက် ...

"တွေ့ပြီလား..ရဲဘော် မောင်ပု.."

"ဟာ အဲ့ဒါက လုပ်နည်းထုံးစံလားဗျ ရဲဘော်ရ. "

"အေးပေါ့ကွ...၊ ဒါပေမယ့် လူသူလေးပါးတော့ ကြည့်ပြီး လုပ်ရတယ်ကွ ၊ အမှုရှင် အရိပ်အခြေအနေကို ကြည့်ပြီး လုပ်တတ်ရတယ် "

"ဟာဗျာ..အဲ့လိုကြီးတော့ ကျနော် မလုပ်ရဲပါဘူးဗျာ "

"မလုပ်ရဲ လုပ်ကြည့်စမ်းရမှာပေါ့..တစ်ခါလုပ်ဖူးရင် နောက်ခါဆိုတာလည်း လုပ်ရဲလာလိမ့်မယ် ရဲဘော်..ရောမရောက် ရောမလိုကျင့် ဆိုသလို ဒီအသိုင်းအဝိုင်းမှာ ေရာက်ရင် သူတော်ကောင်း လုပ်လို့ ပြုတ်ထွက်သွားတာပဲ အဖတ်တင်မယ် "
...........................

[ ရဲဘော် မောင်ပု နေရာမှာ စာဖတ်သူဆိုလျှင် ဘာလုပ်မည်နည်း ။
စာဖတ်သူသည် ရဲဘော် မောင်ပု ဖြစ်သည် ။ ထိုကြောင့် နောက်ထက် ဖြစ်လာမည့် အဖြစ်အပျက်တို့သည် စာဖတ်သူ မိတ်ဆွေ၏ လုပ်ရပ်များပေါဲတွင်သာ မူတည်သည် ။]

" ပြီး..."

-လောင်ချိတ်

#reapls@Myanmar_Story
❤32🍓4🐳1
"အားလုံးဟာ အစပဲ ကောင်းတယ် "

ငယ်ငယ်က ကျနော်တို့တွေ စာအုပ်အသစ်လေးတွေကို ကြိုက်နှစ်သက်ကျတယ် ။ ကြာလာလို့ ဟောင်းသွားတော့  အစက အသစ်လောက်တော့ တန်ဖိုးမထားချင်တော့ဘူးမလား ။

ဘာလို့လဲ... ။

အတန်း တစ်တန်းတက်တိုင်း ဆရာမအသစ်နဲ့ သင်ရမယ်  ဆိုတဲ့ စိတ်ကြောင့်လည်း ရင်ခုန် ၊ လှုပ်ရှားခဲ့ကျတယ် မလား ။
G-2 လည်း အခု ဆရာမ ၊ G-3 လည်း အရင် ဆရာမ ဆို ကျနော်တို့တွေ ဆရာမ အကြောင်းကို ကောင်းကောင်း သိခဲ့ကျတော့ ရင်ခုန်လှုပ်ရှားမှုကို ရမယ် မဟုတ်ဘူးမလား ။

ဘာလို့လဲ...။

ဖုန်းအသစ် ဝယ်ဝယ်ချင်းမှာလည်း ကျနော်တို့ ဒါကတော့ ဝယ်ထားတာမကြာသေးတဲ့ အကောင်းစား ဖုန်းလေး တစ်လုံး ဖြစ်တယ်ဆိုတဲ့ အသိစိတ် နဲ့ လက်က မချနိုင်... ။ ကိုင်နေရရုံနဲ့ အချိန်ပြည့် ပြုံးပျော်လို့ ။ တစ်နှစ်လောက်လည်း ကြာရော ဖုန်းအသစ် ဒီဇိုင်းတွေ ထပ်မြင်လာတော့ အဲ့အသစ်တွေကို လိုချင်လာပြန်ရော မဟုတ်လား ။

ဘာလို့လဲ...။

ချစ်သူရည်းစားဆိုလည်း အစပိုင်းလောက်ပဲ သည်းသည်းလှုပ် ချစ်ပြတတ်ကြတာမလား ။ချစ်သူတွေ ဖြစ်ဖြစ်ချင်းတော့ ဂရုစိုက်လိုက်ကျတာ သူ့မိဘနှစ်ပါးထက်တောင် ပိုကျမလားပဲ ။ ထမင်းစားပြီးပြီးလား..။ အချိန်နောက်ကျရင် ဗိုက်ဆာလွန်ပြီး ဗိုက်အောင့်၊ဗိုက်နာလိမ့်မယ်.. သွားစားချေ.. အချစ်ရေ..ေဘဘီရေ..။ ရေမချိုးရသေးရင်လည်း အခုသွားချိုးအုန်း.. အချိန်နောက်ကျရင် နှာစေး၊လိမ့်မယ် ။ ကြာကြာလည်း မချိုးနဲ့.. အအေးပက်လိမ့်မယ် ။
ဆရာဝန်တွေတောင် သူတို့လောက် တတ်သိမယ် မထင်ဘူး ။

ဤသို့ဖြင့်... မြန်မာကားတွေထဲကလို..

" တစ်နှစ်ခန့် ကြာသော်..."

သူ့ဘာသာသူ ဘာလုပ်လုပ် အရေးတယူ လုပ်မမေးတော့ဘူး ။ အဲ့လို မမေးတော့တဲ့ အခါ ချစ်သူမိန်းကလေးက ပြဿနာ စပြီ ။
ရှင် စကားတိတ်သွားတယ်နော်...။
အရင်လို မဟုတ်တော့ဘူး.. ။ အချိုးတွေ ပြောင်းလာတယ် ။ ဘာဖစ်လို့လဲ... ။ အသစ်တွေ့ နေပြီလား ။ ကျမကို စိတ်ကုန်သွားပြီလား..။ စသဖြင့်...။ ပွစိပွစိနှင့် ပေါက်ပေါက် ဖောက်လေတော့သည် ။

ယောကျာ်းလေးကလည်း မချစ်တော့လို့ စိတ်ကုန်နေတော့ ဘာမှ မပြော ။ ဖြေရှင်းချက်မပေးတော့ ။
သူကျေနပ်လောက်တဲ့ အထိလည်း မရှင်းပြတော့ဘူး ။

ပြတ်ချင်ရင် ပြတ် ။ မပြတ်ချင်နေ ။ငါကတော့ ဂရုစိုက်နေမှာ မဟုတ်တဲ့ အချိုး နဲ့ ။

ထိုအခါ ချစ်သူရည်းစားနှစ်ဦးလည်း အချိန်ကြာလာလို့ ဟောင်းသွားရော ပြတ်သွားကရော... ။

ဘာလို့လဲ...။

(ခြွင်းချက်...အချစ်စစ် အချစ်မှန်နှင့် ချစ်သောသူများ နှင့် သစ္စာထားသော စုံတွဲများ မပါ)

အကြောင်းရင်းကတော့...ဦးနှောက် ဂေါက်သွားတဲ့ အထိ စဥ်းစားစရာ မလိုပါဘူး ။

အဖြေက ရှင်းလွန်းပါတယ်ဗျာ...

" အားလုံးဟာ အစမလို့ " ဖြစ်ပြီး
ပျော်စရာ၊ကြည်နူးစရာ ၊ မြတ်နိုးနေကြတာပါ...။

-လောင်ချိတ်

#reapls@Myanmar_Story
❤51❤‍🔥11💯8🍓2💘1
ကိုယ်ချစ်တဲ့သူကလည်း ကိုယ့်ကိုမချစ်နိုင်
ကိုယ့်ကိုချစ်တဲ့သူကိုလည်း ကိုယ်ကမချစ်နိုင်.
❤51❤‍🔥12💯5
To Someone

နွေရာသီဘဲရှိသေးတာ မိုးတေက ရွာတယ် ချစ်ရယ်

ရာသီဥတုတေတောင်ဖောက်ပြန်နေတာ မင်းပေါ်ထားတယ့် ချစ်သက်သေတေကတော့

ခုတော့ မဖောက်ပြားသေးပါဘူး..

ရာသီဥတုကအေးအေးလေးနဲ့ မင်းရဲ့အနွေးဓာတ်လေးကိုဖက်ထားပီး

တစ်နေ့တာကို တူကုန်ဆုံးချင်မိတယ်..

မဟုတ်ဘူးတစ်နေ့တာ ဘဲမဟုတ် ဖစ်နိင်ရင် တစ်ဘ၀လုံးတူကုန်ဆုံးချင်မိတယ်..

ဒီဘက်မာတော့ မိုးကအေးနေတာဘဲ

ဟိုဘက်မာရော မင်းကိုယ့်ကိုသတိရသေးရဲ့လား?


#Jett
❤40🎉3🍓2❤‍🔥1
ဒီထဲမှာ မဲပြိုင်ချင်တယ်ဗျာ
ကိုကိုတွေကောင်းရင် 🕊
မမတွေကောင်းရင်❤️‍🔥
ညီမလေးတွေကောင်းရင်🍓
မောင်‌တွေကောင်းရင် ❤️
ပြထားတဲ့ Emoji လေးတွေပေးခဲ့ကြနော်
အိုင်ကတော့ "" ❤️‍🔥 ""
မေ့ကျန်ခဲ့လို ကြည့်နေတဲ့သူတွေထဲမှာ ကိုယ်က Single ဆိုရင် 🐳 အဲ့ဒါပေးခဲ့နော်
🕊124🐳78❤59❤‍🔥47🍓21✍2💘2💯1
သာယာလှပသော နွေမနက်ခင်းများမှာ
လူသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ၊
ကျန်းမာရွှင်လန်းလို့ ပျော်ရွှင်စရာနေ့ရက်များ ပိုင်ဆိုင်ကြပါစေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ...။🌷🕊🍓💛

-လောင်ချိတ်🌷
❤32🍓10❤‍🔥3
Hii
မင်မင် လက်ရှိရေးနေတဲ့Bl ficလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင်

ဇာတ်လမ်းအကျဉ်းလေးကတော့
ငယ်ငယ်ထဲကမိဘတွေမရှိတော့ပဲ တစ်ယောက်ထဲကြီးပြင်းလာခဲ့ရတဲ့ Parry ဆိုတဲ့ကောင်လေးက တစ်နေ့မာ အချိန်ခရီးသွားမှုတစ်ခု မထင်မှတ်ပဲဖြစ်သွားပြီး အပြိုင်ကမ္ဘာကိုရောက်သွားခဲ့ပြီး အဲ့ကမ္ဘာမှာရှိတဲ့ မင်းသားလေး ကိုချစ်ကြိုက်မိသွားတဲ့အကြောင်းလေးပါရှင်။သူတို့ရဲ့ ချစ်ကြည်နူးတစ်တီတူးမှုလေးတေနဲ့ နောက်ဆုံးမာ ဘယ်လိုဇာတ်သိမ်းလေးဖြစ်သွားမလဲဆိုတာကို အားပေးဖတ်ရှု‌ေပးကြပါအုံးရှင့်။

#eaint
❤31🥰2🍓2❤‍🔥1
🕊"ဦးနှောက်မရှိသော ကမ္ဘာကြီး အလိုရှိသည် "🕊

M E:
ကျနော် ဒီနေ့မှ တွေးမိတာ တစ်ခုရှိတယ်

B K:
ဘာများလဲ

M E:
လူတွေသာ ဦးနှောက်မရှိရင် ကမ္ဘာကြီးက စိမ်းလန်းစိုပြေ သာယာနေမာဗျ

B K:
ဘယ်လို

M E:
စစ်ပွဲလည်း မရှိဘူး ။
ကမ္ဘာကြီးပူနွေးလာမှုလည်း မရှိဘူး ။
အနုမြူလည်း ထွင်နိုင်မာ မဟုတ်ဘူး ။ တခြားသေစေနိုင်တဲ့ လကိနက်တေရောပေါ့ ။

အသိဥာဏ်ရှိတော့ ဟိုထွင်ဒီထွင်နဲ့ဗျာ ။ အယ်ဖက်နိုဘလ်က ဥာဏ်ကြီးတော့ ဒိုင်းနမိုက်ကို ထွင်ခဲ့တယိ ။ သူထွင်တာက ကေ​ျာက်တွေ ခွဲဖို့ သက်သက်ပဲ ။ လူတွေက ဦးနှောကိပါတော့ လူတေကို သေစေတဲ့ နေရာတွေပါ အသုံးပြုတတ်လာကျတယ် ။ အဲ့တော့ အယ်ဖက်လ်နိုဘယ်လည်း သူတီထွင်မှုကို ပြန်နောင်တရခဲ့တယ် ။ တလွဲနေရာတွေမှာ အသုံးချလာလို့ပေါ့ ။

ဒီနေရာမှာ အယ်ဖက်လ်နိုဘယ်သာ ဦးနှောက်မရှိရင် ဖောက်ခွဲရေးပစ္စည်းဖစ်တဲ့ ဒိုင်းနမိုက်ကို တီထွင်ခဲ့မှာ မဟုတိဘူး ။ သူတီထွင်မှုကို တခြားဦးနှောက်ကြီးတဲ့ သူတေက ပြန်လေ့လာ အဲ့ထကိပိုပြင်းတဲ့ အရာတွေကို ရှာဖွေတီထွင် စမ်းသပ်ရင်းနဲ့ ကမ္ဘာကိုပျက်စီးစေမယ့် အနုမြူဗုံးတွေအထိ တိုးတက်လာပါရော...

ဦးနှောက်မပါခဲ့ရငိ ကမ္ဘာကြီးဟာ အခုထကိစာရင် ငြိမ်းချမ်းမယ် ထင်တယ်

ကမ္ဘာကြီးမှာ အရူးတွေပြည့်နေရင် ဘယ်လောက်ပျော်စရာကောင်းမလဲနော်....

B k:
အဲ့လိုမရဘူးလေ

ဆင့်ကဲပြောင်းလဲရမှာ ဦးနှောက်နဲ့

မဟုတ်ရင် ဒိုင်နိုဆောတွေလို ပျောက်ကွယ်သွားမှာ

M E:
အနည်းဆုံးတော့ ကမ္ဘာကြီးဟာ စိမ်းလန်းစိုပြေကျန်ခဲ့မယ် မဟုတ်လားဗျာ...။

ကမ္ဘာမြေပေါဲမှာနေပြီး ကမ္ဘာကြီးကို ဦးနှောက်တွေနဲ့ ပြန်ဖျက်စီးနေသလိူ ဖစ်နေတော့ လူမျိူးမတုန်းပဲ ကမ္ဘာကြီး မျိုးတုန်းသွားရင်ရော...

-လောင်ချိတ်🌷

#reapls@Myanmar_Story
🍓20❤11
ရွှေတော်မင်းသား၏နှလုံးသားအမိန့် ( Crown of his desire ) Ep 1

အချိန်အားဖြင့် ည၁၀နာရီကျော်ပေါ့ ဒီအချိန်ဟာ Parryလိုတစ်ကောင်ကြွက်တစ်ယောက်အတွက်တော့ ပုံမှန်အိမ်ပြန်ချိန်လိုဖြစ်နေပါပြီ။
အလုပ်မှာပင်ပန်းသမျှတွေကို အိမ်ဘေးလမ်းကြားက အရက်ဆိုင်မှာဖြေဖျောက်တယ် စိတ်လွတ်လက်လွတ် မူးတယ် ဒါပြီးရင်တော့ သူ့ရဲ့အိမ်ပြန်ချိန်ပဲပေါ့ ။
ငယ်ငယ်က‌တည်းကမိဘတွေဆုံးပါးသွားသူမို့ အဒေါ်နဲ့နေရာကနေ အဆင်မပြေမှုအမျိုးမျိုးကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ဝမ်းကျောင်းလာခဲ့တာကြာပါပြီ။
အလုပ်အကိုင်ကလဲ အဆင်‌မပြေတာမို့ အိမ်လခ မပေးနိုင်ခဲ့သည့်လပေါင်းလဲမနည်းးတော့။အိမ်ရှင်နဲ့ မျက်နှာချင်းမဆိုင်မိအောင်ပင် လူခြေတိတ်ချိန်မှ ပြန်လာလေ့ရှိသည်။

အိမ်ပြန်ရောက်သည်နှင့်ရှုပ်ပွနေသော အဝတ်ပုံများကို ခြေထောက်ဖြင့်ဟိုတွန်းသည်တွန်း တွန်းဖယ်ကာ အိပ်ခန်းဝဆီဦးတည်သွားလိုက်လေသည်။
တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် ဘယ်သူကမှလဲ အရေးတယူအဖက်လုပ်သည်ဟူ၍မရှိ။
ရုတ်တရက်ဖုန်းမှနိုတီလေးတစ်ခုကျလာသည်။ ဖုန်းဖွင့်ကြည့်လိုက်သောအခါ tiktokမှဖြစ်သည်။ Parry သည်editorတစ်ယောက်ဖြစ်လိုသောကြောင့် သူ၏edit video လေးများကို tiktokတွင်တင်လေ့ရှိသည်။သို့သော်လည်း ကံတရား၏ မျက်နှာသာမပေးမှုကြောင့် သူ့vdများမှာ like 10ခုထက်ပင်မကျော်တတ်ပေ။
parryသည် ဖုန်းကို ယူကာtiktokအကောင့်ထဲဝင်ကြည့်လိုက်သည်။ သူအရက်ဆိုင်မှာ မူးမူးရူးရူးedit၍ တင်လိုက်သောvdလေးသည် like 11ခုနှင့် cmလေး 1ခုပေါ်နေသည်။ဒီလိုcmလာမန့်သည်မာအလွန်ရှားသောကြောင့် Parryသည်အလွန်စိတ်လှုပ်ရှားသွားကာ cmလေးကိုဖတ်ရန်နှိပ်လိုက်သည်။
သို့သော် သူနှိပ်လိုက်သည့်အခါcmမှာ ပျောက်သွားလေသည် ။tt error ဖြစ်သည်ဟုထင်ကာ Parryသည်ဒီတိုင်းသာထားလိုက်လေသည်။
နာရီကိုကြည့်မိချိန်တွင်11:12မိနစ်ဖြစ်နေလေပြီ။Parryသည်ရေချိုးခန်းဘက်သို့ဦးတည်သွားကာ ခြေလက်သန့်စင်၍မျက်နှာသစ်နေလေသည်။မျက်နှာသစ်ရင်း မှန်ထဲတွင်မြင်တွေ့ရသော သူ၏ပုံရိပ်ကိုကြည့်ကာ အသက်ရှင်ရသည်မှာအဓိပ္ပာယ်မဲ့လာသည်ဟု ခံစားနေရသည်။ငါးမိနစ်လောက် ငူငူငိုင်ငိုင် ရပ်နေပြီးနောက် အိပ်ခန်းဘက်သို့ပြန်လှည့်လာကာဖုန်းနာရီကိုကြည့်လိုက်သည်။

ဟမ် "11:12" မဟုတ်သေးပါဘူး ငါရေချိုးခန်းထဲဝင်သွားတာ အနည်းဆုံးငါးမိနစ်လောက်ကြာနေပြီကို ဖုန်းနာရီကလဲမမှန်တော့ဘူးထင်တယ်။နာရီတစ်လုံးလောက်တော့ဝယ်မှဖြစ်မယ်။ပြောပြောဆိုဆိုနှင့် ttထဲ ဝင်ကြည့်လိုက်တော့ သူ့vdတွက်cm12ခုပေါ်နေသည် ။

ဘယ့်နှယ့်ပါလိမ့် likeကျမတိုးပဲcmပဲတိုးလာတယ်
ဝင်ကြည့်လိုက်သောအခါ cmအကုန်ပျောက်သွားလေသည်အချိန်မှာလဲ11:12မိနစ် ။
Parryနည်းနည်းမူမမှန်သလိုခံစားလာရသည်။ အလုပ်မှသူငယ်ချင်းကို ချက်ချင်းဖုန်းဆက်ကာ ဘယ်နှနာရီထိုးပြီလဲ ဟု မေးလိုက်လေသည်။

Parryမင်းနဲ့လဲတကယ်ပဲကွာ ပင်ပန်းလို့အိပ်နေပါတယ်ဆို ဒီအချိန်ကြီးဖုန်းဆက်ပြီးနာရီမေးရတယ်လို့
ပြောပါကွာ ငါ့ဖုန်းနာရီမမှန်ဘူးထင်လို့
၁၁နာရီ၁၂မိနစ်တဲ့င့ါကောင်ရေ

ဘာာ!

Parryအနည်းငယ်ကြောင်အမ်းအမ်းဖြစ်သွားသည်။
မင်းကိစ္စပြီးပြီမလား ငါပြန်အိပ်ပြီ" ဟုပြောကာ သူငယ်ချင်းဖြစ်သူကဖုန်းချသွားလေသည်။

ဒါဆို ငါ့နာရီမှားတာမဟုတ်ဘူးပေါ့ တကယ်ပဲအချိန်တေရပ်နေတာလား။မဟုတ်သေးပါဘူးကွာ ဘာတေဖြစ်နေတာလဲ ။တော်ပြီ အိပ်တာပဲအေးတယ် ရပ်ချင်တဲ့အချိန်ရပ် ရပ်တော့လဲအလုပ်မသွားရတော့ဘူးပေါ့။

ပြောပြောဆိုဆိုနှင့် Parryသည်မီးပိတ်ကာ အိပ်ယာဝင်လိုက်လေသည်။


မနက်မိုးလင်းသောအခါ
.
.
.
ဆူးရှသောအလင်းတစ်ခုParry၏မျက်နှာကိုရိုက်ခက်လာသည်။

Parry" ထတော့ သခင်လေး"Derwin"က ဒီနေ့ တောလိုက်ထွက်မှာ မင်းလိုက်သွားရမယ်လေ။ မင်းတော့သခင်လေးအပြစ်ပေးတာခံရတော့မှာပဲ။

ဟင်"
သခင်လေးဟူသော အသံကိုကြားမှ Parryအလောတကြီးထလိုက်သည်။

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့

ဟင် ငါ့အိမ်လဲမဟုတ်ပါ့လား ငါ ငါဘယ်ကိုရောက်နေတာလဲ။
ဟျောင့်Parry မင်းဘာတေကြောင်နေတာလဲ။ အမြန်ထ သခင်လေးမင်းကို စောင့်နေတယ်။

ကျနော်အနည်းငယ်ကြောင်အမ်းသွားပေမဲ့ သခင်လေးဟူသော နာမည်သည်ကျနော့်စိတ်ကိုလွှမ်းမိုးနေလေသည်။ သိချင်ဇောနဲ့ ကျနော် သူတို့ခေါ်ရာနောက်ကိုသာအမြန်လိုက်သွားလိုက်လေသည်။
မိနစ်အနည်းငယ်လမ်းလျှောက်ပြီးနောက် ကျနော်ရောက်ရှိနေသောနေရာသည် နန်းတော်ကြီးတစ်ခုဖြစ်မှန်းကျနော်သိလိုက်သည်။

ငါဒီနေရာကိုဘယ်လိုရောက်လာတာလဲ။ငါညကအိမ်မှာပဲအိပ်နေခဲ့တာပါ။

Parry!

အတွေးပေါင်းများစွာနှင့်ကြောင်အမ်းနေချိန်အတွင်း ကျနော့်နာမည်ကိုစူးစူးရှရှခေါ်သံတစ်ခုကြားလိုက်၍ အလန့်တကြားမော့ကြည့်မိလိုက်လေသည်။
ရှေ့တွင်မြင်လိုက်ရသောမြင်ကွင်းကား

တည်ကြည်ခံ့ညားသောအမျိုးသားငယ်တစ်ဦး အပြစ်ပြောစရာမရှိလောက်အောင်ပြည့်စုံသော
သွယ်လျသောလက်‌ချောင်းကလေးများ ဖွေးဥသောခြေဖဝါးနုနုကလေးများ
အိုးးဒီအမျိုးသားဟာ သိပ်ကိုပြည့်စုံလွန်းပါပေတယ်။
အမျိုးသားတစ်ဦးဟာ ‌ကျနော်တွေ့ဖူးသမျှ အမျိုးသမီးတွေထက် အလွန်တရာ လှပနေသည်မှာ ဖြစ်နိုင်ပါ့မလား ဟုပင်ကျနော်တွေးတောနေမိသည်။
ထိုအမျိုးသားငယ်၏မျက်နှာကို ကျနော်ကြည့်မိလိုက်ချိန်

ဟင် စူးရှလိုက်တဲ့မျက်ဝန်းတွေ အကြည့်ချင်းမဆုံဝံ့အောင် ပြတ်သားမှုတွေနဲ့ စူးရှ‌မှုတွေက ထိုအမျိုးသား၏မျက်ဝန်းများတွင်ပေါ်လွင် နေလေသည်။
❤32🍓6🥰4❤‍🔥1🐳1
ကျနော်စကားမပြောနိုင်အောင်ပင်ငေးကြည့်နေမိသည်။
ထိုအချိန်တွင်

Parry! မင်းဘာ့ကြောင့်ဒီလောက်နောက်ကျနေရသလဲ!ဟမ် မေးနေတာဖြေလေ

"အော် အာ ဟိုကျနော် အိပ်ပျော်သွားလို့ပါ။"

"ဘာ အိပ်ပျော်သွားလို့ဟုတ်လား။"

"ဟုတ် ဟုတ်ပါတယ် ။ဒါနဲ့ခများးကဘယ်သူလဲဟင်။"

ဘာ!

ထိုအမျိူသားငယ်၏မျက်ဝန်းထဲတွင် ဒေါသများဖြစ်ပေါ်လာသည်ကိုမြင်‌ေတွ့လိုက်ရသည်။

"မင်းဘယ်လောက်တောင်သောက်စားမူးရစ်ခဲ့လို့ ငါ့ကိုတောင်မေ့နေရတာလဲParry
မင်းတော်တော်အတင့်ရဲလှပါလား"

"ကျနော် တောင်းပန်ပါတယ် သခင်လေး ။"

ဘာမှန်းမသိပေမဲ့လဲ ထိုအမျိုးကိုစိတ်အနှောက်အယှက်မဖြစ်စေချင်သောကြောင့် ကျနော်တောင်းပန်လိုက်လေသည်။

"မင်းရဲ့အပြစ်ဟာသိပ်ကြီးသွားပြီ ငါလိုမင်းသားတစ်ပါးကိုတောင် ဘယ်သူလဲမေ့ရလောက်အောင်အထိ မူးရစ်ပျော်ပါးတဲ့အတွက် ဒီနေ့မင်းကိုအပြစ်ပေးရမယ် ....."

"မင်းဒီနေ့ တနေကုန် ငါ့အနားမာနေပြီး ငါခိုင်းတာမှန်သမျှမင်းလုပ်ပေးရမယ်။ဒါငါပေးတဲ့အပြစ်ပဲ။"

ထိုသို့ပြောကာ မျက်စောင်းတစ်ချက်ထိုး၍ လှည့်ထွက်သွားလေသည်။

အို...အမျိုးသားတစ်ယောက်ဖြစ်ပါလျက် ဘာကြောင့်ဒီအမျိုးသားရဲ့မျက်ဝန်းတွေက ငါ့ကိုဆွဲဆောင်နေရတာလဲ။
ဘယ်လိုအပြစ်မျိုးပဲဖြစ်ပါစေလေ ဒီအပြစ်ကို ကျနော်တစ်သက်လုံးသာ အပေးခံချင်တော့သည်။
ဒီနေ့တင်မဟုတ်ပဲ နောက်နေ့ နောက်နေ့တေ ဖြစ်နိုင်ရင် တစ်ဘဝလုံးသာ ထိုအမျိုးသားနားမှာ နေလိုက်ချင်တော့သည်။

အညွှန်း
❤32🍓5😍3❤‍🔥1🥰1🐳1
ကဲ့...ဖတ်ချင်တဲ့ အကြည်ဓာတ်လေးတွေကို ပေးထားတဲ့ ဂတိအတိုင်း အိမ့် တင်ပေးလိုက်ပြီရှင့်
အားရှိအောင် React လေးတွေပေးသွားပါအုံးရှင်👀😘
❤40🍓8🥰6❤‍🔥5
Hi အားလုံးပဲမဂလာပါ ကျွန်နော်က

အတ္တနဲ့မာနကြားကသူတို့

သာမာန်အထက်တန်းကျောင်းသူဘ၀

စတယ့် ဇာတ်လမ်းလေးတေကိုရေးထားတယ့် အပျော်တမ်းစာရေးဆရာ Jett ဘဲဖစ်ပါတယ်

ခုကျွန်နော် စာရေးဆရာပိုးပြန်ထလာလို့ ဒီအပေါ်က မပြီးသေးတယ့် ဘယ်ဇာတ်လမ်းကို

အပီးထိရေးပေးရမလဲဗျ

ဒါမှမဟုတ် ကျွန်နော်ခုမှစရေးမယ့်

တိမ်တေပေါ်မာ မင်းရယ်ကိုယ်ရယ်ဘဲရှိမယ်

ဆိုတယ့် ဒီဇာတ်လမ်းလေး ရေးပေးရမလားဗျ


အပေါ်က ဇာတ်လမ်းတေရဲ့ link ကို cm မာချထားပေးပါမယ်ဗျ
❤15🎉4🍓4❤‍🔥2
ရွှေတော်မင်းသား၏နှလုံးသားအမိန့် ( Crown of his desire ) Ep 2



"Parry မင်းဘာလုပ်နေတာလဲ ငါ့နောက်လိုက်ခဲ့လေကွာ"
"အော် ဟုတ် ဟုတ်ကဲ့"

"ပြောပါအုံး"

ခင်မျာ...ကျနော်ဘာပြောရမှာလဲဟင်"

"မင်းမနေ့ညကဘယ်တွေရောက်နေခဲ့တာလဲ" မင်းကိုငါ့ရဲ့အနားမှာနေပြီး ငါ့ကိုစောင့်ရှောက်ဖို့အမိန့်ပေးထားရက်နဲ့ ဘာလို့ငါ့နားမနေရတာလဲ"

ဟို ကျနော် မနေ့ညက ကျနော့်အိမ်မှာပဲရှိနေခဲ့တာပါ"
ဘာ..မင်းရဲ့အိမ် ဟုတ်လား

ဟုတ် ဟုတ်ကဲ့

Parry!

ခင် ခင်မျာ ကျနော်ဘာအမှားလုပ်မိလို့လဲဗျ။

မင်းဘာဖြစ်နေရတာလဲ။မင်းမှာဘယ်ကအိမ်ရှိလို့ ။မင်းငယ်ငယ်လေးထဲကငါနဲ့ဒီနန်းတော်ထဲမာအတူနေလာခဲ့တာလေ။

ဟင် ကျနော်တကယ်ကြီး ဒီမှာငယ်ငယ်လေးထဲကရှိခဲ့တာလား။

မင်းတော့ရူးသွားပြီparry။ ကြည့်ရတာ မနေ့ညကတစ်ယောက်ယောက်က မင်းမှတ်ဉာဏ်တွေကိုခိုးယူသွားပုံပဲ။

ဟင် အဲ့လိုလုပ်လို့ရလားဟင်။

ဟာကွာ...မင်းကိုရွဲ့ပြောနေတာကွ

မင်းသားDerwin တစ်ယောက်စိတ်မရှည်ဟန်ဖြင့် Parryကိုမျက်စောင်းတစ်ချက်ထိုးကာလှည့်ထွက်သွားလေသည်။

ဒီမင်းသားကတော့ မျက်စောင်းပဲထိုးနေတယ် ။ အဲ့မျက်လုံးလေးကဒီတိုင်းနေရင်းတောင်လူကိဆွဲဆောင်နေရတဲ့ထဲ"

Parry! ဘာတေတိုးတိုး² ပြောနေတာလဲ လိုက်မလာပဲနဲ့။

လာပါပြီသခင်လေး။

Parryတစ်ယောက်ပြာယာခက်သွားပြီးမင်းသားလေးနောက်ကိုအမြန်လိုက်သွားရလေသည်။

ခနအကြာလမ်းလျှောက်ပြီးနောက်...နန်းတော်အနောက်ဘက်ရှိ တောင်ကုန်းပေါ်သို့ရောက်လာလေသည်။

ဝါးးး လှလိုက်တာ ဒီလောက်လှတဲ့ရှုခင်းမျိုး ကျနော်ဒီတစ်သက်မမြင်ဖူးသေးဘူး ဒါပထမဆုံးပဲ။

ဘာ..ဘာပြောလိုက်တယ်Parry
မင်းနဲ့ငါနဲ့ ဟိုးအရင်ထဲက အမြဲဒီမာလာထိုင်နေကျလေ ။ဘာကိုပထမဆုံးလဲကွ။

အော်ဟုတ်လား အမြဲလာထိုင်ခဲ့ကြတာလား ကျနော်မသိလို့ပါ။

မင်းတော့တကယ်ရူးနေပြီပဲ..

မင်းသားDerwinမှာစကားပြောရင်း တောင်ကုန်း၏အစွန်းကိုလမ်းလျှောက်သွားရာ ရုတ်တရက်ခြေချော်သွားလေသည်။

မင်းသား"

Parryမှ မင်းသား၏လက်ကိုလှမ်းဆွဲကာ ရင်ခွင်ထဲသို့ ဆွဲဖက်ထားလိုက်လေသည်။

မင်းသားDerwinမှာရှက်ကိုးရှက်ကန်းဖြစ်၍ ပါးလေးများရဲသွားကာ Parryရင်ခွင်ထဲမှအတင်းတိုးထွက်လိုက်သည်။

သတိထားမှပေါ့ဗျာ ။ပြုတ်ကျသွားရင်ဘယ့်နှယ့်လုပ်မလဲ ။ကျုပ်တော့ရင်ကျိုးရချည်ရဲ့.။

ဘာပြောတယ်Parry။ငါပြုတ်ကျတာကိုမင်းကဘာကိစ္စရင်ကျိုးရမာတုန်း။

အော် ဟိုအဲ့တာက ကျနော်ကစိတ်ပူလို့ပါ။

ဟင့်..မင်းကြည့်ရတာမူကိုမမှန်ဘူး။

ဟောကြည့် ဒီမင်းသားငါ့ကိုမျက်စောင်းထိုးပြန်ပြီ။
ငါ့စိတ်ကိုလာဆွနေတယ် ခုနထဲက မှတ်လောက်အောင်ဖတ်နမ်းလိုက်ရမာကွာ။

Parryတစ်ယောက် တစ်ယောက်ထဲတွေးတာပြုံးစိစိဖြစ်နေလေသည်။

မင်းကဘာကိုပြုံးနေတာလဲParry

အာဟို ဘာမှမဟုတ်ပါဘူး သခင်လေးကချစ်ဖို့ကောင်း...

"ဘာ ဘာပြောတယ်"
"အော် မဟုတ်ပါဘူး ဘာမှမဟုတ်တော့ပါဘူး"
"ဘာမှမဟုတ်ရင်ပြီးတာပဲ ငါနန်းတော်ကိုပြန်ချင်ပြီ "

"သခင်လေးသဘောပါဗျာ။
နန်းတော်သို့ပြန်ရောက်သောအခါ ဥယျာဉ်ထဲတွင် သီးနေသော ပန်းသီးများကို မင်းသားDerwinတစ်ယောက်ရုတ်တရက်တွေ့လိုက်ရသည်။

Parryရေ ဟိုမာပန်းသီးတွေသီးနေပြီ ငါ့ကိုခူးပေးပါကွာ ငါပန်းသီးစားချင်တယ်။

ဟာ သခင်လေး ပန်းသီးစားချင်တယ်ဆို နန်းတော်ထဲက ချက်တဲ့ပြုတ်တဲ့လူတေကိုပြောရမာလေ သူတို့စီစဉ်ပေးမာပေါ့။နန်းတေယ်မှာစဖိုမှူးမရှိဘူးလား။ ကျနော်ရုပ်ရှင်တွေထဲမာကြည့်ဖူးတာတြော နန်းတော်ထဲမာစဖိုမှူးတေအများကြီးရှိပါတယ်။

ရုပ်ရှင်ဆိုတာဘာပြောတာတုန်းParry။မင်းငါ့ကိုဘာစကားတွေပြောနေတာတုန်းညမနက်ထဲကနေခုချိန်ထိ။လမ်းဘေးမှာတစ်ညလောက်အိပ်လိုက်ရလို့ ရူးသွားတာလား"

ကျနော်လဲအဲ့တာပဲစဉ်းစားနေတာ ။ကျနော်မနေ့ကမှအိမ်မာအိပ်နေတုန်းရှိသေး။မိုးလင်းတော့ဒီကိုရောက်နေတယ်။ဒါမဲ့တစ်ခုကောင်းတာက ဒီမာကျအလုပ်မသွားရတော့ဘူးလေ။

Parryကကျေနပ်အားရသောမျက်နှာဘေးဖြင့်ပြုံးပြံးကြီးပြောနေလေသည်။မင်းသားကတော့နားမလည်နိုင်သောမျက်လုံးလေးများဖြင့် ကြောင်အမ်းအမ်းလေးကြည့်နေလေသည်။

တော်တော့Parry ။မင်းရဲ့ဟာသတွေတော်လိုက်တော့။ ငါဒီအပင်ကပန်းသီးစားချင်တယ် ခုချက်ချင်းခူးပေးစမ်း။

မင်းသားကပန်းသီးပင်ကို‌ မော့ကြည့်၍ လက်ညှိုးလေးထိုးပြကာ ပြောနေလေသည်။Parryကတော့မင်းသားကိုကြည့်ကာ "အဲ့မလေးအမေရေ ဒီမင်းသားကတော့ ငါဖက်နမ်းမိတော့မာပဲ တကယ့်ကလေးလေးပါကွာ" ဟုတွေးကာ ပြံုး‌ေနလေသည်။

Parry" ခူးပေးလို့ပြောနေတယ်လေကွာ

အော်ဟုတ် ဟုတ်ကဲ့

မွေးထဲကခုချိန်ထိသစ်ပတ်ငုတ်တိုတောင်မတက်ဖူးတဲ့Parryတစ်ယောက်အနည်းငယ်တော့အခက်တွေ့သွားသည်

ဟို ကျနော် သစ်ပင်မတက် တတ်ဘူးခမျ

ဘာပြောတယ် သစ်ပင်မတက်တတ်ဘူးဟုတ်လား
ငါလုပ်ထည့်လိုက်ရ။
ငယ်ငယ်ထဲကမျောက်ရှုံးအောင်ဆော့တဲ့လူက သစ်ပင်မတက်တတ်ဘူးတဲ့။မင်းငါ့ကို မခူးပေးချက်လို့မလား


မဟုတ်ရပါဘူးဗျာ ကျနော်တကယ်

Parry!

မင်းသား၏မျက်ဝန်းထဲတွက်ဒေါသရိပ်များ‌မြငါလိုက်ရသောကြောင့် Parryခမျာ ပြာပြာသလဲဖြစ်သွားရှာသည်။

ကျနော် ခူးပေးပါ့မယ်ဗျာ ဒေါသမထွက်လိုက်ပါနဲ့

ဒီလိုနဲ့ ဟိုနင်းဒီနင်းဖြင့် နောက်ဆုံးအပင်ပေါ်ရောက်သွားလေသည်။

ကျနော်ခူးပြီး ပစ်ချလိုက်မယ်နော် အဆင်ပြေတယ်မလား။

"အေး ပြေတယ်"

ကဲရော့ဗျာ အဲ့မာသုံးလုံးတောင်ခူးပေးတာ အကြိုက်သုံးဆောင်ပါဗျာ

ပန်းသီးခူးပြီးပြန်ဆင်းမယ်အလုပ်
မင်းသား" ကျနော် မ မဆင်း‌တတ်တော့ဘူး
ကယ်ပါအုံးဗျာ။
❤26❤‍🔥2🍓2
Parryခမျာငိုသံနဲ့တောင်းပန်ရှာသည်။သို့သော်လည်းမင်းသားက သစ်ပင်ကိုင်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထား၍ အော်နေသောParryကိုကြည့်ကာ အားရပါးရရယ်မောနေလေသည်။

မင်းသား" ကျနော့်ကိုကယ်ပါအုံး ကျနော်ဒီမာပဲတစ်သက်လုံးနေရတော့မလားမသိ ။ကယ် ကယ်ပါအုံး"

ဟားဟား" မင်းဘာမင်းတက်တုန်ူကတက် တတ်ပြီး ဘာလို့ပြန်မဆင်းတတ်တာတုန်း။ ရအောင်ဆင်းကွာ ငါမကူညီတတ်ဘူး ။နေအရမ်းပြင်းလို့ ငါနန်စတော်ထဲပြန်ဝင်တော့မယ်။ တာ့တာ

ပြောပြောဆိုဆိုနှင့်မင်းသားကရယ်မောကာထွက်သွားလေသည်


မင်းသားအစုတ်ပလုတ် သူမြိုဖို့လဲငါကခူးပေး ..အယ်ကန်တော့" သူစားဖို့လဲငါကခူးပေးရသေးတယ်။ ဒုက္ခပါပဲ မဆင်းတတ်တော့ဘူး

မင်းသားDerwinက ထွက်လာရင်စ ဥယျာဉ်တံခါးဝရောက်သောအခါ

"အစောင့်တွေ Parryကိုသွားကူညီလိုက်ပါအုံး"

"ဟုတ်ကဲ့ပါသခင်လေး"

မင်သားသည်ထိုသို့အမိန့်ပေးပြီးနောက် နန်းတော်ထဲသို့ ရယ်မောကာဝင်သွားလေတော့သည်။

အညွှန်း
Ep 1
❤17🍓3🤩2🐳2
မာနနဲ့အတ္တကြားကသူတို့ အပိုင်း 15

‎ပြောပြမတတ်တယ့် အရာတစ်ခု ငါ့ဆီဆီရောက်ဖို့နီးကပ်လာပီဆိုတာ ခံစားမိသည် ဒါပေမယ့် နှလုံးသားက ရင်ခုန်နေရတာလဲ?
‎



‎
‎ကျော်၀ဏသည် မြက်ခင်းစိမ်းထဲမာ လဲလျောင်းနေသော သက်ထားစံကို ဘေးနားက ကျောက်တုန်းရီးနောက်တွင် ပုန်းပီး အိမ်ပြန်တယ့်ထိ အန္တာရယ်ကင်းအောင် စောင့်ပေးနေစဉ်
‎
‎သက်ထားစံသည်၀ဏပေးခဲ့သော ဆွဲကြိုးကို ကိုင်ကာ ၀ဏနင်ဘယ်မာလဲ ငါစောင့်နေရတာ အရမ်းပင်ပန်းနေပီ....
‎
‎ထိုချိန်တွင် ရထားလုံးတစ်စီးရောက်ကာ ရထားပေါ်ကအစေခံများသည် မမလေးပျောက်နေလို့ သခင်ရီးကတစ်မြို့လုံးလိုက်ရှာနေတာ...
‎
‎ဆောရီးပါ လေညှင်းခံချင်လို့အပြင်ထွက်လာလိုက်တာ လုပ်ရှုပ်စေမိလို့တောင်းပန်ပါတယ်ဆိုပီး ရထားလုံးပေါ်တက်ကာ ဝေးသို့ထွက်သွားပါတယ်..
‎
‎ထိုမြင်ကွင်းကို ငေးကြည့်နေရင်းကျော်၀ဏသည်
‎
‎ကျွန်နော် မင်းဆီပြန်ရောက်ဖို့ရက်ကနီးကပ်နေပါပီ မင်းဘေးက မမြင်ရတယ့် အန္တာရယ်တေကို ရင်ရှင်းထုတ်ပစ်မှရမယ်
‎
‎နောက်တစ်နေ့မနက်ရောက်သောအခါ
‎
‎sky blue အိမ်တော်ကတစ်နေရာတွင် တတိယသခင်မလေး သည် မနေ့ညက လွတ်လိုက်တယ့်လုပ်ကြံရေးသမားတေရဲ့ အဆက်သွယ်မရသော့သဖြင့်...
‎
‎အိမ်အစေခံတစ်ယောက်ကိုလှမ်းခေါ်ကာ ခုချက်ချင်း assassin's စံအိမ်ကို အကြောင်းကြားစမ်း...
‎
‎ထိုချိန်တွင် အိမ်အစေခံသည် assassin's စံအိမ်လား သူတို့ မနေ့ညကဘဲ အကုန်သတ်ခံလိုက်ရပီလေ..
‎
‎ဟင်ဘယ်တုန်းကလဲ ဘယ်သူတေသတ်တာလဲ ဒါနဲ့နင်ကရောဘယ်သူလဲ အသစ်၀င်တယ့်သူလား?
‎
‎ဘယ်တုန်းကလဲဆို မနေ့ကည 2 နာရီလောက်ပေါ့ ဘယ်သူသတ်တာလဲဆို ငါပေါ့ ငါကဘယ်သူလဲ မင်း သတ်ခိုင်းလိုက်တယ့်သူရဲ့ အရိပ်ကိုတောင်နင်းလို့မရအောင်..
‎
‎သူ့ရှေ့ကာကွယ်ပေးမယ့်သူဘဲ
‎
‎၀ဏသည်မျက်မှောင်ကိုကြုတ်ကာ ဒါငါမင်းကိုနောက်ဆုံးသတိပေးတာဘဲ မင်းကိုဖစ်နိုင်ရင်ခုသတ်ချင်တာ မမလေး အန္တာရယ်ပိုကျမာစိုးလို့ လွှတ်ပေးလိုက်တာ..
‎
‎ဒါပေမယ့် မင်းရဲလက်ချောင်းတစ်ဖက်ကိုငါယူသွားရမယ် ..
‎
‎၀ဏသည်ဓားကိုထုတ်ကာ လက်ချောင်းကို.လျှပ်စီးလျှင်ဖြင့်ဖြတ်ကာ တစ်ခဏလေးတင်ဘဲ ပျောက်ကွယ်သွားပါတော့တယ် ...
‎
‎ကျန်ခဲ့တယ့်သူကတော့ နာကျင်စွာအော်ကာ အလူးလဲ ခံစားနေခဲ့ရသည် ..
‎
‎နေ့လယ်ပိုင်းသို့ရောက်သောအခါ.....
‎
‎အခန်းထဲမာ လှဲနေသော သက်ထားစံသည် အစေခံမလေး တစ်ယောက်လာကာ
‎
‎မမလေး မမလေးကို သခင်ကြီးကခေါ်ခိုင်းလိုက်ပါတယ်...
‎
ဘာပြောမို့တယ့်လဲ ဘာတွက်ခေါ်ခိုင်းလိုက်တာလဲ?
‎
‎သခင်ကြီးပြောတာကတော့ ၀ဏဆိုတယ့်သူနဲ့ တွေ့ပေးမို့တယ့်..
‎
‎သက်ထားစံသည် ၀ဏလို့ကြားကာနဲ့အခန်းထဲကနေ တန်းထကာ ဧည့်ခန်းမသို့ အပျော်ရွှင်အပြေးလွှားသွားနေခဲ့သည်..
‎
‎ဧည့်ခန်းထဲသို့ရောက်သောအခါ ဆံပင်နက်နက် ကိုယ်လုံးကိုယ်ပေါက် ကောင်းကောင်းနဲ့ အကြည့်တေစူးရှသော ကောင်လေးတစ်ယောက်သည် ၀ဏဖစ်နေမှန်းသူသိခဲ့သဖြင့်
‎
‎အပြေးလွှားပွေးဖက်လိုက်သည် သို့သော်..ကျော်၀ဏရဲ့ မျက်နှာသည် အေးစက်စက် ဖစ်နေသည်..
‎
‎လွန်ခဲ့တယ့် နာရီ၀က်တုန်းက......
‎
‎၀ဏမင်းရဲ့အောင်မြင်မှုတေကိုငါကြားတယ် မင်းကိုမိုက်ခဲဆီပို့လိုက်တာ ကောင်းသွားတယ်..
‎
‎ခုမင်းပြန်ရောက်ပီဆိုတော့ သက်ထားစံကိုမင်းကာကွယ်ပေးရမယ် ...
‎
‎စကားမဆုံးသေးခင်ကျော်၀ဏသည် ဟုတ်ကဲ့ပါဗျ ကျွန်နော်ဒီတွက်ဘဲ မမလေးကိုကာကွယ်ဖို့ မမလေးနဲ့နီးစပ်နိုင်ဖို့ တွက်ကြိုးစားခဲ့တာပါ..
‎
‎အေငါပြောသလိုဘဲ မင်းသူ့ကိုကာကွယ်ပေးရမယ် ခွေးတစ်ကောင်လိုပေါ့..
‎
‎သခင်သေဆိုသေ ရှင်ဆိုရှင်
‎
‎ငါပြောမယ် မင်းသက်ထားစံကို ခံစားချက်ရှိနေတာငါသိတယ် ဒါကြောင့်ဘဲမင်းကို အဲ့မိုက်ခဲဆီ အပ်လိုက်တာဘဲ..
‎
‎ဒါပေမယ့် မင်းတို့ကမဖစ်နိုင်ဘူး မင်းနဲ့သူ ရှုပ်ရှုပ်ရှက်ရှက်ကြားရင် မင်းကိုမသတ်ဘူး
‎
‎ငါသူ့ကိုဘဲသတ်ပစ်မာ Grand blue အင်ပါယာရီးကို သိက္ခာကျစေလို့..
‎
‎၀ဏသည်ထိုစကားကိုကြားလိုက်ရသောအခါ မျက်နှာသည်အေးခဲသွားကာ..
‎
‎ဟုတ်ပါတယ်လေ ငါက ကျွန်တစ်ယောက်ဘဲ ခုကစပီး မမလေးပေါ်ခံစားချက်တေ ထုတ်ပြလို့မဖစ်ဘူး
‎
#အပိုင်းသစ်မကြာခင်လာမည်
2❤30❤‍🔥4🍓4
ရွှေတော်မင်းသား၏နှလုံးသားအမိန့် ( Crown of his desire ) Ep 3

ညဘက်သို့ရောက်သောအခါ Parryတစ်ယောက် နန်းတော်ရှေ့ အုတ်ခုံမှာထိုင်ရင်း သူဒီကမ္ဘာကိုဘယ်လိုရောက်လာရသလဲ ဆိုတဲ့အကြောင်းကို တွေးတောနေလေသည်။


ငါ ဘာလို့ ဒီကိုရောက်လာရတာလဲ။ဒီနေရာကငါနဲ့ဘယ်လိုသက်ဆိုင်လို့လဲ။ပြီးတော့ အရင်ကဒီကမ္ဘာမှာရှိနေတဲ့Parryဆိုတဲ့လူကကော ဘယ်ကိုရောက်နေရတာလဲ။ငါဘာဆက်လုပ်ရမလဲ ။ပြန်ဖို့နည်းလမ်းရှာရမလား ဒီမာပဲဆက်နေရမလား။
အတွေးပေါင်းစုံဖြင့်Parryတစ်ယောက်စိတ်ညစ်နေချိန်။

Parryရေ"

မင်းသားကိုငယ်စဉ်ကတည်းကပြုစုစောင့်ရှောက်လာသောအထိန်းတော်ကြီး Marina(မာရီနာ) စီမှခေါ်သံဖြစ်သည်။

မင်းသား နေမကောင်းဖြစ်ပြီး မင်းနာမည်ပဲခေါ်နေလို့ ခနလိုက်ကြည့်ပါအုံး

ဟုတ်လား လာပြီ"ကျနော်လာပြီ

နန်းဆောင်ထဲရောက်တော့ မင်းသားDerwinက ကယောင်ကတမ်းဖြင့် Parryနာမည်ကိုပါးစပ်ကနေ တဖွဖွခေါ်နေလေသည်။

မင်းသား ကျနော်ဒီမှာရှိပါတယ် ကျနော်ရောက်ပါပြီ။
ပြောပြောဆိုဆိုနှင့် Parryက Derwin ၏နှဖူးကိုလက်ဖြင့်စမ်းကြည့်လိုက်လေသည်။

ဟင် ကိုယ်တေ တအားပူနေပါလား။ဆေးလေးဘာလေးကောမတိုက်ထားဘူးလားဗျာ။

ခုလေးတင် သမားတော်ကြီးပေးခဲ့တဲ့ဆေးတိုက်ပြီးပါပြီ ။မင်းသားက Parryနာမည်ပဲခေါ်နေလို့။ကြည့်ရတာ နေ့လည်က နေပူထဲထွက်တာများသွားလို့‌ဖျားပြီထင်ပါရဲ့။မင်းသားကသိပ်သနားဖို့ကောင်းတယ်။ငယ်ငယ်ကထဲက မိခင်ကလဲဂရုမစိုက်တော့ သူ့ခမျာ သူ့အပေါ်ကောင်းတဲ့‌လူဆို ခင်တွယ်ရှာတယ်။

အင်းး ကျနော်ဒီညဒီမာစောင့်အိပ်ပေးခွင့်ရမလားဗျာ ကျနော် မင်းသားကိုစိတ်မချလို့ပါ။

အေးပါကွယ် ။မင်းရှိတော့ငါလဲစိတ်ချရတာပေါ့။တစ်ခုခုဆို လာပြော ။ကဲ ငါသွားပြီ

ဟုတ်ကဲ့ပါ။
Parryက မင်းသားဘေးမာထိုင်နေစဉ်

Parry"ငါ့ကိုမထားခဲ့ပါနဲ့။ ငါ့မာမင်းပဲရှိတာ ။ငါ့ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့။

မင်းသား ကျနော်ဒီမာရှိပါတယ် ။
Parryက မင်းသား၏လက်ကလေးများကို မရဲတရဲနှင့်လှမ်းကိုင်ထားလိုက်လေသည်။

နူးညံ့လိုက်တဲ့အထိအတွေ့။ အမျိုးသမီးတစ်ဦးထက်ကိုပိုပြီး နုဖက်နေတဲ့လက်ကလေးတေပါလား။

Parryတစ်ယောက်မင်းသားကိုကြည့်ရင်း မထင်မှတ်ပဲ မျက်ရည်များဝဲလာမိသည်။

ငါသာ ဒီကမ္ဘာက သူတကယ်သိခဲ့တဲ့လူမဟုတ်မှန်း သူသိသွားခဲ့ရင် ငါ့ကိုမုန်းနေမလား။ ပြီးတော့ ငါကကော မင်းသားကိုခွဲပြီး ဟိုဘက်ကမ္ဘာကိုပြန်နိုင်မှာတဲ့လား။
ငါဘာတေဖြစ်နေတာလဲ ငါ မင်းသားကိုချစ်မိနေတာလား။

အတွေးပေါင်းများစွာနှင့် မင်စသား၏လက်ဖျားလေးများကိုဆုပ်ကိုင်ရင်း အိပ်ပျော်သွားခဲ့လေသည်။


မနက်မိုးလင်းသောအခါ...

ဟင်..Parry

ကုတင်ပေါ်ခေါင်းမှောက်ကာ အိပ်ပျော်နေသောParryကိုတွေ့လိုက်ရ၍မင်းသားအလွန်အံ့‌ဩသွားလေသည်။

Parry ထတော့။

ဟင် မင်းသား နိုးနေပြီလား ကျနော် ညက..

မင်းဘာလို့ငါ့လက်ကိုကိုင်ထားတာလဲ လွှတ်စမ်းကွာ။

အော်ဟုတ် တောင်းပန်ပါတယ်မင်းသား ညကမင်းသားကို ကျနော့်နညမည်ကိုခေါ်ပြီး မထားခဲ့ပါနဲ့ပြောနေလို့ ကျနော်က လက်လေးကိုင်ထားပေးရတာ။

ဘာ..ငါက ညကအဲ့လိုပြောခဲ့တယ်ပေါ့။

ဟုတ်တယ်လေ မင်းသား

လျှောက်ပြောမနေနဲ့Parry။ ငါဘယ်တော့မှအဲ့လိုပြောမှာမဟုတ်ဘူး။ဘယ်သူ့ကိုမှလဲငါမလိုဘူး။ငါတစ်ယောက်ထဲနေနိုင်တယ်။
ဖယ်စမ်းကွာ။

ပြောပြောဆိုဆိုနှင့်မင်းသားက အပြင်ဘက်သို့ထွက်သွားလေသည်။

ဟင်းး သိပ်ခေါင်းမာတာပဲ မင်းသားရယ်။
ဘာလို့အဲ့လောက်သန်မာပြနေရတာလဲ။ တိုင်းပြည်တပြည်လုံးရဲ့မင်းသားဖြစ်တာနဲ့ပဲ အားမငယ်တတ်ရတော့ဘူးတဲ့လား။ ကျနော်ကလေ မင်းသားကို ကလေးလေးလိုပဲမြင်တာပါ။ဒါကြောင့်သိပ်ဟန်ဆောင်မနေပဲ ကျနော့်ပုခုံးကိုမှီချပြီး အားရပါးရ ငိုလိုက်စမ်းပါ။

အညွှန်း
Ep 1
Ep 2
❤35🍓4❤‍🔥2🎉2
Morning 28ရက်နေ့ရောက်လာပြီ
ဘာလိုလိုနဲ့1y ပြည့်သွားပြီနော်
😭37❤23💯3
"ကြွက်သေတစ်ကောင် အကြောင်း "

*1*

" လောင်ချိတ်ရေ...သားလေး လောင်ချိတ်ရေ..."

" ဗျာ.. အမေ "

"သည်မီးဖိုချောင်ထဲ လာခဲ့ဦး... ကြွက်ထောင်ချောက်ထဲ မိပြီး သေနေတဲ့ ကြွက်ကို လာယူဦး "

မျက်နှာသစ်ပြီး မန်ကျည်းပင်အောက်တွင် ကုလားထိုင်တစ်လုံးနှင့် ဇိမ်ကျနေသော လောင်ချိတ်သည် မီးဖိုချောင်ထဲသို့ ထသွားလိုက်၏ ။

ကြွက်ထောင်ချောက်တွင် မိနေသော ကြွက်မှာ လျှာတစ်လစ်နှင့် မသာပေါဲနေသည် ။ အကောင်ကလည်း အရမ်းမကြီးသော်လည်း သေးတော့ မသေးလှ ။

" အမေ သည်ကြွက်ကို ဘာလုပ်လိုက်ရမလဲ "

"တောထဲ လွှင့်ပစ်လိုက်လေ "

"ဟာဗျာ...အမေကလည်း အရေခွံဆုတ်ပြီး ကျော်စားရအောင်လေဗျာ "

"ဟဲ့..သား အဲ့ကြွက်က အိမ်ကြွက်ဟဲ့... ၊ မြေကြွက်မဟုတ်ဘူး ၊ စားလို့မရဘူး ၊ ရောဂါတွေ ရတတ်တယ်.. သွား..လွှင့်ပစ်လိုက် "

မိထားသော ကြွက်မှာ စားလို့ရသော မြေကြွက် မဟုတ်သောကြောင့် လောင်ချိတ်လည်း တောထဲသို့ လွှတ်ပစ်ရန် သွားရလေတော့သည် ။

*2

လက်ထဲတွင် ရှိသော ကြွက်သေကို ကြည့်ပြီး လောင်ချိတ်သည် ခုနှစ်တန်းနောက သင်ခဲ့ဖူးသော ပုံပြင်ဝတ္ထုတစ်ပုဒ်ကို သတိရမိလေသည် ။


ပုံပြင်ထဲမှာ
ကြွက်သေတစ်ကောင်ကို အရင်းအနှီးပြုပြီး ​ချမ်းသာကြွယ်ဝသွားသော လုလင်တသ်ယောက်အကြောင်းကို ဖြစ်၏ ။
တစ်နေ့တွင် လုလင်ပျိုတစ်ယောက် လမ်းလျှောက်ထွက်ရင်း သူဋ္ဌေးတစ်ယောက်က သူအိမ်တွင်
မိ၍ သေနေသော ကြွက်တစ်ကောင်ကို လုလင်ပျိုအား ပေးလိုက်သည် ။ လုလင်ပျိုကလည်း သာမန်လုလင်ပျို မဟုတ် ။ ပညာအမြော်အမြင် အလွန်ကြီးမားသူ ဖြစ်သည် ။ ကြွက်သေကို ကြည့်ပြီး လုလင်ပျိုသည်
သည်ကြွက်ကို ကြောင်စာ အဖစ်ရောင်းလျှင် ငွေအနည်းငယ်ရမည် ဖြစ်သည် ။ ထိုငွေ အနည်းငယ်နဲ့ အဖျော်ယမကာ ကို ပြန်ဝယ်၍ ယာတောထဲမှ မောပန်းပြီး ပြန်လာသော လူတို့အား

ပြန်ရောင်းလေသည် ။ ထိုမှ တစ်ဆင့် အမျိုးမျိုုး ဉာဏ်ရှိသလောက် လုပ်ဆောင်သွားလေရာ နောက်ဆုံးတွင် ချမ်းသာကြွယ်ဝသော သူဋ္ဌေးတစ်ဦး ဖြစ်သွားလေ၏ ။

ထိုပုံပြင်ထဲတွင် လုလင်ပျိုတောင်မှ ကြွက်သေ တစ်ကောင်ကို အရင်းအနှီးပြုပြီး ချမ်းသာသွားသေးလျှင် မိမိလည်း ထိုလုလင်ပျိုကဲ့ သို့ ကြွက်သေကို အရင်းနှီးပြုပြီး သူဋ္ဌေးမဖြစ်နိုင်ဘူးလို့ ပြောနိုင်လား ။

*3

ပထမဦးဆုံး ကြွက်သေကို ရောင်းရန် လောင်ချိတ်သည် သူ့အမေညီမ အဒေါဲအေးပြုံးအိမ်သို့ သွားသည် ။ အဒေါဲအေးပြုံးအိမ်သို့ ရောက်သောအခါတွင် အဒေါဲအေးပြုံးမှာ မီးဖိုချောင်ထဲတွင် ဟင်းချက်နေလေသည် ။ ဒေါဲအေးပြုံးသား စောပြုံးမှာ ထမင်းစားဖို့ ဟင်းအကျက်ကို စောင့်နေဟန်တူသည် ။ ထမင်းစားဝိုင်းတွင်ထမင်းခူးပြီးသားဇလုံနှင့် စောင့်နေသည် ။

"အဒေါဲ အေးပြုံး "

လောင်ချိတ်က သူအဒေါဲကို ခေါဲလိုက်သည် ။

"ဟဲ့ ...လောင်ချိတ် မနက်စောစော ဘာကိစ္စလဲ "

"

သြော်...။ ဟုတ်သားပဲ အဒေါဲအေးပြုံးတို့အိမ်မှာ ကြောင်မှ မရှိပဲ ။ ကြွက်သေကို ရောင်းချင်စော အားကြီးရင်းနှင့် ဘာမှကို မစဥ်းစားမိလိုက် ။

"ကြောင် မရှိလည်း ...အဒေါဲတို့အိမ်မှာ ခွေးရှိသားပဲဗျာ "

ကြောင်မရှိသော်လည်း အဒေါဲတို့အိမ်တွင် ခြံစောင့်အဖြစ် မွေးထားသော ခွေးထီးလေးတစ်ကောင်တော့ ရှိသည် ။

"ခွေးက...ကြေးများတယ် လောင်ချိတ်ရဲ့...နင် ကြွက်သေ စားမှာ မဟုတ်ဘူး.. ၊ ဒေါဲမပြားအိမ်ကို သွားရောင်းကြည့်ချေ...မပြားမှာက မွေးထားတဲ့ ကြောင်တွေ ပေါတယ်... "

"အဲ့ဒါဆိုလည်း သွားပြီဗျာ... "

လောင်ချိတ်သည် သူ့အဒေါဲကို နှုတ်ဆက်ပြီး ခြံထဲမှ ထွက်လာပြီး ကြောင်မွေးထားသည်ဆိုသော ဲဒေါဲမပြားတို့ အိမ်သို့ ကူးလာ၏ ။

ဒေါဲမပြားမှာ သူကြောင်ကလေးများနှင့် ဆော့နေသည် ။

"ဒေါဲပြား... ကျနော် ကြောင်စာ လာရောင်းတာ "

ကြောင်ကလေးများနှင့် ဆော့နေ​သော မပြားသည် လောင်ချိတ်ကို လှည့်ကြည့်လိုက်သည် ။

"ဘယ်လိုကြောင်စာတုန်း... မောင်လောင်ချိတ်ရဲ့..၊ အန်တီက ကြောင်စာဆို သန့်မှ ကောင်းမှ ကျွေးတာနော် "

"ဟုတ် သန့်ပါတယ်ဗျ ၊ အခုကျနော် ယူလာတဲ့ ကြောင်စာက ဒီနေ့ မနက်မှ အသေမိထားတာ မကြာသေးဘူး... ၊ ဒီမှာ ကြည့် "

လောင်ချိတ်က ပြောပြောဆိုဆိုနှင့် လတ်လတ်ဆတ်ဆတ်ကြွက်သေကို ပြလိုက်သည် ။ ကြွက်သေကို မြင်သော အခါတွင် ဒေါဲမပြားသည်် မျက်မှောင်ကြုံ့မိလေသည် ။ ကြွက်သေကို ကြောင်စာ တဲ့ ။ တချို့ ကြောင်မွေးသူများမှာတော့ မသိ ။ ဒေါံဲမပြားမှာ သူကြောင်ကလေးတွေကို အသားဆိုလျှင် ခုတ်ထစ်ပြီးသော ဝက်သား၊အမဲသားတို့ကိုသာ ကျွေးသူဖြစ်၏ ။ အခု လောင်ချိတ်၏ ကြွက်သေကိုမှု ကြောင်ကလေးများအား ကျွေးဖို့မဆိုနှင့် မြင်တောင် မမြင်စေချင်...။

" ဟဲ့  လောင်ချိတ်.. ၊ နင်ကြွက်သေကို မြန်မြန် ဖွက်ဟဲ့ ၊ ငါ့ကြောင်လေးတွေ မြင်ကုန်လိမ့််မယ် ၊ ငါက ကြွက်သေ မပြောနဲ့ ၊ အရှင်ဆိုရင်တောင် ကျွေးမှာ မဟုတ်ဘူး ၊ မယူတော့ပါဘူးအေ..၊ နင် ကြွက်သေကို တခြား ကြောင်ရှိတဲ့ အိမ်တွေ သွားရောင်းကြည့်စမ်းအေ.."

ဒေါဲမပြားသည် ထိုသို့ ပြောပြီး အိမ်ထဲသို့ ဝင်သွားလေသည် ။

*4*

တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး ကြွက်သေ ရောင်းရတာ
လောင်ချိတ်သည်
စိတ်ပျက်လာ၏ ။ ဘယ်သူမှ မဝယ်ကြ ။ မဝယ်ကြသည်မှာ ကြွက်တို့သည် ဤရွာတစ်ဝိုက်တွင် ပေါလွန်း၍လား မပြောတတ်
❤60🍓2🎉1