ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
အချစ်တစ်ခုမှာ ပထမလူနဲ့ ဒုတိယလူဆိုတာရှိတက်ကြတယ်ဗျ
ဒါမဲ့ ပထမလူ ပြန်လာရင်တော့ ဒုတိယလူကအမြဲတမ်းရှုံးပြီးသားပဲ
မဟုတ်လား 🖤🥀🥀❤️‍🩹
😭78❤46💯11🍓9
ကျနော့်ကို လူတစ်ယောက်က မေးဖူးတယ်ဗျ ""မင်းမမီတဲ့ပန်းကို ခူးခဲ့ဖူးလားတဲ့""🥀
ကျနော်က ""မခူးခဲ့ပါဘူး""လို့ဖြေလိုက်တယ်..သူကထပ်ပြီးတော့🥀😔
မင်းကွာ..အမှန်တကယ် ခုံခုပြီး ခူးလို့ရပါလျက်နဲ့ ဘာလို့မခူးခဲ့ရတာလဲတဲ့
ကျနော်ပြန်ဖြေလိုက်ပါတယ်..အကယ်၍အဲ့ခုံကျိုးသွားခဲ့ရင်ရော နာကျင်ရမှာ ကျနော်လေလို့ပြန်ဖြေလိုက်တယ်
မဟုတ်လား😔😔
😭37❤25💯4💘3😁1
Adjustor ရဲ့ *အမှတ်တရနွေ* ဆိုတဲ့သီချင်းကို
ပြန်နားထောင်ဖြစ်တော့အရင်နှစ်ရဲ့
နွေရက်တွေမှာအတူတူရှိခဲ့ကြတုန်းက
အမှတ်တရတွေကိုပြန်သတိရတယ်
အဓိပ္ပာယ်များစွာနဲ့ပျော်ခဲ့ရတဲ့နွေရက်တွေပေါ့
အချစ်ရဲ့နွေရက်တွေမှာအတူတူရှိမနေဖြစ်ကြတော့တာဟာ ၀မ်းနည်းစရာနော်။
ဒါပေမယ့် အမှတ်တရတွေဆိုတာတော့မေ့ဖျက်ပစ်ဖို့သိပ်ခက်တယ်။
ပြန်တမ်းတပေမယ့် ပြန်ပြီးမရောက်ဖြစ်ကြတော့ဘူး
မတူညီတဲ့လမ်းတွေကိုဆက်ပြီးလှမ်းနေကြရင်း
နွေဦးကတော့ပုံမှန်အတိုင်းပြန်ရောက်လာပြန်ပါတယ်။

-ခက်နှောင်
❤37❤‍🔥5
ပန်းလေးတစ်ပွင့်ခူးချင်လို့မမှီလို့ခုံခုကာ ခူးမယ်ကြံတုန်း

အနားကလူက ခုံကြိုးသွားရင်ဘယ်လိုလုပ်မလဲ တယ့်မိတ်ဆွေ....

ကျွန်နော်ကလည်းပြုံးပီး ကဗျာတစ်ပုဒ်ရွတ်လိုက်မိတယ်..

အဝေးကလှမ်းကြည့် လှပသဖွယ်ပန်းလေးတစ်ပွင့်..

ရနံ့လေးကိုနမ်းရှိုက်ချင်မိသဖြင့် ခုံခုကာ ခူးမယ်ကြံသဖွယ်..

အမြင့်ကြောက်သော လုငယ်ခင်ဗျား..

အမြင့်ကပြုတ်ကျ နာကျင်သဖွယ် ပန်းလေးကိုထပ်ကြည့်ကာ...

ပြုံးပြုံးသဖွယ် ရယ်လိုက်မိ...
🌚

#Jett
Please open Telegram to view this post
VIEW IN TELEGRAM
❤50🍓5😁4❤‍🔥3
တစ်စုံတစ်ယောက်ကဘာလုပ်နေမှန်းမသိပေမဲ့
တစ်စုံတစ်ယောက်ကစောင့်နေရရှာတယ်

Crd
😭47❤16🍓5
ယောင်္ကျားချင်းလက်ထပ်လို့ ကမ္ဘာကြီးပျက်စီးသွားသလား။
မိန်းမချင်း လက်ထပ်လို့ ကမ္ဘာကြီးဟာ ရပ်တန့်သွားသလား။
လိင်တူလက်ထပ်လိုက်လို့ ကမ္ဘာမြေကြီးဟာ ယိုင်နဲ့မသွားဘူး။
စိမ်းလန်းတဲ့ ဘယ်အခြမ်းမှလဲ လိင်တူအချစ်ကြောင့် ခြောက်သွေ့မသွားနိုင်ဘူး။
လူနှစ်ယောက်အတူအိုမင်းကြတဲ့အခါ ကမ္ဘာမြေကြီးကလက်ခုပ်တီး။
ပန်းတွေပွင့်တယ်။ ပင်လယ်ရေလည်းကုန်ခမ်းမသွားသလို ကောင်းကင်ကြီးလဲ မှောင်မိုက်မသွားဘူး။ လူအချင်းချင်း ချစ်ကြတာပဲ "ဖိုနဲ့မ" ပဲကွာတာပါ။

ချစ်ခြင်းမေတ္တာကြောင့် ကြွေကျရတဲ့ မျက်ရည်တိုင်းဟာလည်း အရောင်အတူတူပါပဲ။

လူသားတစ်ယောက်ကို လူသားတစ်ယောက်က မြတ်မြတ်နိုးနိုး ချစ်ခွင့်ရတာဟာ စကြဝဠာရဲ့ အလှပဆုံးသောဆုလာဘ်ပါ။ ဒီအလှတရားကို လိင်အင်္ဂါ ခွဲခြားမှုတွေနဲ့ ညစ်ညမ်းအောင် လုပ်ဖို့  မထိုက်တန်ပါဘူး။

သဘာဝတရားက ပန်းတွေကို အရောင်စုံပွင့်လန်းခွင့်ပေးထားသလို နေမင်းကလဲ ပန်းလေးတွေကို အရောင်မခွဲခြားဘဲ အလင်းပေးပါတယ်။
လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း  သက်တန့်ရောင်စုံ ခြယ်သခွင့်ရှိပါတယ်။

လူနှစ်ယောက်ရဲ့ လက်ချင်းချိတ်ထားမှုဟာ ကမ္ဘာမြေကြီးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။

ကိုယ်တိုင် လျှောက်လှမ်းနေတဲ့ လမ်းမဟုတ်ရင်တောင်၊ အခြားသူရဲ့ လမ်းထက်မှာ ပွင့်နေတဲ့  ပန်းလေးတွေကို အသိမှတ်ပြုပေးတာဟာ အမြင့်မြတ်ဆုံး လူသားဆန်မှုပါပဲ။

လောကကြီး ပျက်စီးတာဟာ လိင်တူချင်းချစ်လို့မဟုတ်ဘူး၊ ကိုယ်နဲ့မတူတာကို လက်မခံနိုင်တဲ့ အမုန်းတရားတွေကြောင့်ပဲ။
#crd
🍓47❤41💯6🐳3😁2
စာသားလေးကြိုက်လို့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ် မင်"ကBl Ficတွေရေးတာကိုရပ်နားလိုက်ပါပြီ ဒီChလေးကိုလည်းနှုတ်ဆက်ခဲ့ပါတယ် မင်"မှာဝတ္ထုတစ်ပုဒ်ဖန်တီးဖို့လေ့လာစရာတွေလည်းများပါသေးတယ် စာဖတ်သူအကြည်ဓာတ်တို့ရဲ့ရင်ထဲ"သံသရာ"Ficလေးကိုအမှတ်ရနေစေချင်ပါတယ် ကျေးဇူးတင်လျက်ပါ...🙌🍀
😭26❤7🍓6🐳4❤‍🔥3
What would l do?

if l did not a love you baby 😔
Please open Telegram to view this post
VIEW IN TELEGRAM
❤21🎉6❤‍🔥5💯4
နံရံတစ်ဖက်က ကမ္ဘာ

‎တစ်ခါက ဆင်းရဲသားကောင်လေးတစ်ယောက် သည် အပြင်ဘက် အေးစက်ကြမ်းကြုတ်လှသော နေရာတွင် ဗိုက်ဟောင်းလောင်းနဲ့ စားကြွင်းစာကျန်တေလိုက်ရှာရင်း..
‎
‎ညစ်ပတ်နေတယ့် ပေါင်မုန့်အပိုင်းစ​လေးကိုတွေ့ကာ ကောက်စားနေရင်း
‎
‎ရုတ်တရက်အလင်းရောင်တစ်ခုကိုမြင်လိုက်ရသောအခါ အနားတိုးကပ်သွားကာ..
‎
‎ကြည့်လိုက်သောအခါ နံရံတစ်ဖက်ကမိသားစုငယ်လေးကို တွေ့လိုက်ရတယ်..
‎
‎နွေးနွေးထွေးထွေးနဲ့ ရယ်မောသံတေပြည့်နေတယ့်ထမင်းဝိုင်းတစ်ခု
‎
‎ထမင်းမကုန်တော့လို့ မိခင်အတင်းခွံကျွေးတာ ခံနေရတယ့်ငါနဲ့ရွယ်တူ ကလေးကလေးတစ်ယောက်
‎
‎က​လေးဘက်က ကာပြောပေးနေတယ့် ဖခင်တစ်ယောက်ရဲ့စကားသံ ​ဘေးနားမာသူ့ကိုဆူပူနေတယ့် အမတစ်ယောက်..
‎
‎.ဒီချိန်တွင်ထမင်းဝိုင်းထဲက မိခင်သည် နံရံတစ်ဖက်က ကောင်လေးကို သားလေး လာလေ အမေမင်းတွက်ထမင်းပြင်ထားတယ်လေ မင်းဖေမင်းညီမင်းအမ တေလည်းမင်းကိုစောင့်နေတယ်...
‎
‎
‎ထိုမြင်ကွင်းကိုကြားလိုက်ရသောကောင်လေးသည် မျက်လုံးထဲက မျက်ရည်တေရေအိုင်ငယ်တိုင်းစီးကျလာကာ...
‎
‎ပါးစပ်က မေမေ မေမေ ဆိုပီးရေရွတ်ကာ..
‎
‎.ရှေ့ကိုဆက်လျှောက်ရင်း ရုတ်တရက်တားဆီးခံလိုက်ရတယ့် စကားသံ..
‎
‎လူလေး အဲ့ကိုမသွားနဲ့ အဲ့တာ သားကောင်ဖမ်းစားတယ့် ထောင်ချောက်ဘဲ မင်းအဲ့ကိုသွားရင် အစားခံရလိမ့်မယ် နောက်ပြန်ဆုတ်.
‎
‎ဆိုပီးအသံနက်တစ်ခုကို ကြားလိုက်ရသော အခါကောင်လေးသည် သတိပြန်ဝင်ပီး ကမ္ဘာပေါ်မာ ကြောက်စရာကောင်းသောအရာကိုတွေ့လိုက်ရသဖြင့်..
‎
‎အဝေးသို့ပြေးထွက်ကာ တော်ဝေးရောက်သောချိန်တွင် ငါအသက်ဘေးကလွတ်လာပီဘဲ..
‎
‎ငါဘာလို့မျက်ရည်တေကျနေရတာလဲ?
‎
‎ဟ ဟ ဟ ဟဆိုပီးငိုသံသည် တစ်မြို့လုံးကိုပဲ့တင်သံထပ်သွားပါသည်...
‎
‎နောက်ဆယ်နှစ်နေသောအခါ...
‎
‎လမ်းဖြတ်ကူးနေသာ မိန်းကလေးငယ်သည် အလင်းရောင်တစ်ခုကိုတွေ့ရသဖြင့် အနားသွားသောအခါ.........
‎
‎ပြီးပါပီ
‎
❤45❤‍🔥6🐳4✍2🎉2💯1🙈1
Happy Birthday General Aung San...

Feb-13:2:2026
❤‍🔥45🎉31❤30🍓7
Happy Valentine's Day 💘
❤‍🔥41😭29❤26🍓11🤩3🕊3🎉2🐳2
အားလုံးကိုပြောစရာရှိလို့ပါခင်ဗျ
ကျနော်က ဒီထဲက အိန်ဂျယ်ခန့်ထားတဲ့ အက်မင် တစ်ယောက်ပါ
ကျနော်က ဒီနှစ်Grade 12 တက်ရမှာဆိုတော့ နက်ဖန်ညကျရင် ဖုန်းလုံးဝမကိုင်ရတော့ဘူး နောင်နှစ်ကျမှ ပြန်ဆုံကြပါ့မယ်ဗျ
‌ကျနော်ကို အက်မင်ခန့်ပေးတဲ့ ဒီချန်နယ်ရဲ့ အုံနာမမအိန်ဂျယ်ကို လည်းကျေးဇူးတင်ပါတယ်ဗျာ။အရင်လို အားပေးမှုလေးတွေလည်း ဆက်ရှိနေပါစေလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ
အားလုံးကို ချစ်တယ် ဘိုင်"
With love to all, with love to🥹

Loon'Bar
❤77😭31🍓9🐳2💘1
ကဲ့...အားလုံးပဲမဂ်လာပါဗျာ ကျနော်ကတော့ တစ်ပတ်မှာတစ်ရက်လောက်အီဂျစ်နတ်ဘုရား/မ တွေနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို ကြိုးစားပြီး အကျဉ်းချုပ်တင်ပေးသွားမှာဖြစ်ပါတယ်။အခုပြောပြသွားမှာကတော့ အချစ်နတ်ဘုရားမHathorဖြစ်ပါတယ်။
ပုံမှာပြထားတဲ့ အချစ်နတ်ဘုရားမHarthorကတော့ အီဂျစ်ရဲ့ လူအသိအများဆုံးနတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။💞

Hathor ဟာ ရှေးဟောင်းအီဂျစ်ယဉ်ကျေးမှုထဲမှာ အချစ်၊ အလှတရား၊ ပျော်ရွှင်မှုနဲ့ မိခင်သဘောထားကို ကိုယ်စားပြုတဲ့ နတ်ဘုရားမဖြစ်ပါတယ်။ သူမကို နွားဦးခေါင်း သို့မဟုတ် နွားခေါင်းကွင်းပါတဲ့ အမျိုးသမီးပုံစံနဲ့ ဖော်ပြကြပြီး နေရောင်စက်ဝန်း (sun disk) ကို ခေါင်းပေါ်မှာ ထားရှိထားတတ်ပါတယ်။ သူမဟာ လူတွေကို ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ဂီတအနုပညာတွေ ပေးစွမ်းတဲ့ နတ်ဘုရားမလည်း ဖြစ်ပါတယ်။

Hathor ကို အီဂျစ်ယုံကြည်ချက်အရ မိခင်သဘောထားနဲ့ ကာကွယ်ပေးသူအဖြစ်လည်း ယူဆကြပါတယ်။ တချို့ဒဏ္ဍာရီများမှာ သူမဟာ မာန၊ ဒေါသရှိတဲ့ အခြေအနေကနေ လူသားတွေကို အန္တရာယ်ပေးနိုင်သလို နောက်ဆုံးမှာ ပြန်လည်သနားတတ်တဲ့ dual nature ရှိသူလည်း ဖြစ်ပါတယ်။ အကျဉ်းချုပ်ဆိုရင် Hathor ဟာ အချစ်တစ်ခုတည်းသာမက ဘဝရဲ့ပျော်ရွှင်မှုနဲ့ အမျိုးသမီးအင်အားကို ကိုယ်စားပြုတဲ့ အရေးကြီးနတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။
ကဲ့ စာဖတ်သူတို့လည်း ကိုယ်ချစ်ရသူနဲ့ အဆင်မပြေရင် ယုံယုံကြည်ကြည့်ဆုတောင်းကြည့်ပါ။comment အောက်မှာပုံချပြပေးထားပါတယ်ဗျ။ တကယ်မှန်ပါလိမ့်မယ်။
ပုံကို ကျနော့်ဘာသာပြုထားတာမို့ saveယူရင် #crd ပေးပါတယ်

အသဲလေးပေးခဲ့ကြအုံး အားရှိအောင်လို့🥹
❤46🥰8🍓5❤‍🔥4🤩2💘1
ဒီထဲကသူတွေတစ်ခုလာပြောမို့
ငရုတ်သီးစားလို့ စပ်ရင် ရေသောက်လို့ရပေမဲ့
လွမ်းရတဲ့ခံစားချက်က ဖြေဖျောက်ရခက်တယ်ဗျာ🥹😭
😭38❤‍🔥6🤩3❤2🍓2✍1
"ချစ်တယ် "

ထိုစကားကို ကြားတော့ ယွန်း သည် ရုတ်တရက် အံ့သြရှက်ဖြာသွား၏ ။

သူမသည် ထိုစကားကို ယခုဘဝတွင် ကြားများ ကြားရဦးမလားဟူ၍ပင် သူ့ကိုယ်သူ သိမ်ငယ်စိတ် ခဏခဏ ဝင်ဖူး၏ ။

ယခုကြားများ ကြားရသောအခါကျလည်း ကိုယ့်နားကိုယ့်ပင် မယုံကြည်နိုင်လောက်အောင် ဖြစ်​ေန၏ ။

ယွန်း သည်လည်း ချစ်တယ်
လာပြောသူ အမျိုးသားတယောက်အား ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည် ။

အမျိုးသားမှာ နေတိုးလို ရုပ်ရည်မျိုး မဟုတ်ပဲ ။
ကျားကြီး ၏ ရူပါကာလိူမျိုး
မြင်သူတိုင်း ကြောက်လန့်ရလောက်သော ပုံဖြစ်၏ ။

သို့သော်လည်း  သူမှ မပြောလျှင်လည်း သည်ကမ္ဘာတွင် သူ့ကို ချစ်တယ် လာပြောမည့်သူ ရှိမည် မထင်တော့သည်ကို သိ၍...

"ရှင်တကယ်...ကျွန်မကို ချစ်တာလား "

"မချစ်ပဲနဲ့ ဖင်ယားပြီး လာဖွင့်ပြောပါ့မလားကွာ..တကယ်ချစ်လို့ ချစ်တယ် ပြောတာပေါ့ဗျာ "

အမျိုးသားကို ကြည့်ရတာ နောက်နေသည့် ပုံ မပေါက်ပါ ။ သူတကယ့်ပင် ငါကို ချစ်တာလား ။ ဘာဖြစ်လို့ ချစ်တာလဲ ။ ငါတို့က တယောက်ကို တယောက်လည်း မသိကြပဲနဲ့ ။ ယွန်းက တွေးမိသည် ။

" ရှင် နဲ့ ကျွန်မက အခုမှ တွေ့ကြတာလေ ၊ ကျွန်မက ဘယ်လို ယုံကြည်ရမလဲ "

"ဒဿဂီရီတောင်... မယ်သီတာပုံကိူ မြင်မြင်ချင်း ချစ်မိသွားသေးတာပဲ ၊ ကိုယ့်ကလဲ ဥမ္မာဒန္တီလိူ လှတဲ့
မင်းကို မြင်မြင်ချင်း ချစ်မိသွားတာဟာ ဆန်သလားဟင် "

အမျိုးသားစကားကို ကြားတော့ ယွန်း၏ မျက်နှာမှာ
နီမြန်းသွားလေ၏ ။
ပြောတက်လိုက်တာကွယ် ။

တခြားမိန်းကလေးတို့မှာ သူတိူ့ကို ချစ်တယ်လာပြောသော အမျိုးသားတယောက်ယောက်ကို မည်သို့စဥ်းစားပြီး ဘယ်လို အဖြေပေးမည်ကို မသိ ။

ယွန်းကတော့ စဥ်းစားပြီးပြီ။
ချစ်တယ် လို့ ပြန်ပေးလိုက်ရန်ဖြစ်သည် ။

အခွင့်အရေးသည် နှစ်ခါလာသည် မရှိလို့ ကြားဖူးသည် ။ ဟုတ်လား မဟုတ်လားတော့ ယွန်းသည် မသိချင်ပါ ။ သူသိသည်က သူများအတွဲတွေလို သူလည်း ချစ်သူတယောက်နှင့် လမ်းပေါဲထွက်ပြီး လူများ မျက်စိစပါးမွှေး စူးအောင် လုပ်ချင်သည် ။

ထို့ကြောင့်...ယွန်းသည်

"ကျွန်မလည်း.... ရှင် ကို ချစ်...ချစ်..."

အသံသည် ရှေ့ဆက် မသွားပဲ လည်ချောင်းထဲတွင် တစ်ဆို့နေသလို ဖြစ်နေ၏ ။ ခံစားရနေသည် ။ ကြိုးစားပြီး အသံထွက်ကြည့်သော်လည်း ထွက်မလာ ။

"ဗွမ်း..."

"အာမလေး... သေပါပြီ... ဟဲ့"

"ဟဲ့ မိယွန်း ဘာတွေ ချစ်..ချစ် ယောင်နေတာလည်း..ထတော့ နေမြင့်နေပြီ... တကဲတည်းတော် လှုပ်နှိုးနေတာကိုလည်း မသိဘူး.. ရေ နဲ့ ပက်မှပဲ နှိုးတော့တယ်..."

ယွန်းရဲ့ အမေ ဒေါဲဂွတ်က သူ့မကို ရေနဲ့ပက်၍ နှိုးလိုက်ခြင်းဖြစ်၏ ။

"ဟာ...မေမေကလည်း သမီးအိမ်မက်လေးတောင် ဆုံးအောင် မစောင့်ဘူး...သမီးမှာ ဆင်ပြောင်ကြီး အမြှီးကျမှ တစ်ဆိုသလို ချစ်သူတွေ ဖြစ်ခါနီးမှ..."

ယွန်းသည် သူ့အ​ေမကို
စိတ်ဆိုးဆိုးနှင့် အိပ်ရာခင်းများကိုပင် မခေါက်တော့ပဲ မျက်နှာသစ်ရန် ရေကန်နားသို့ ထသွားလေတော့၏ ။

-လောင်ချိတ်
😁42❤19🍓4🐳2
ကဲ့အားလုံးပဲ မဂ်လာပါ အခုတစ်ပတ်ပြည့်သွားတဲ့အတွက် အားလုံးကို ဗဟုသုတဖြစ်ဖွယ် ပြောပြပေးသွားမဲ့ နတ်ဘုရားမကတော့ Hecate လို့ခေါ်တဲ့ အလင်း၊အမှောင်၊မာယာ သုံးပါးကို ပိုင်ဆိုင်တဲ့ မျက်နှာသုံးဖက်ရှိတဲ့ နတ်ဘုရားမအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။

Hecate ဟာ ဂရိဒဏ္ဍာရီထဲမှာ အမှောင်၊ လမင်းအလင်း နဲ့ မာယာအင်အား တွေကို ကိုယ်စားပြုတဲ့ နတ်ဘုရားမဖြစ်ပါတယ်။သူမကို မီးတိုင် ကိုင်ထားတဲ့ အမျိုးသမီးအဖြစ် သို့မဟုတ် သုံးမျက်နှာ/သုံးကိုယ်ပုံစံနဲ့ ဖော်ပြကြပြီး လမ်းဆုံများ (crossroads) ကို ကာကွယ်စောင့်ရှောက်သူအဖြစ် ယုံကြည်ကြပါတယ်။ လမင်းရဲ့ အလင်းနဲ့ ဆက်နွယ်သလို ညဘက်ရဲ့ အမှောင်အင်အားနဲ့လည်း နီးစပ်ပါတယ်။
Hecate ဟာ မာယာ၊ မှော်ပညာနဲ့ နတ်ဝိညာဉ်များကို ထိန်းချုပ်နိုင်တယ်လို့ ယုံကြည်ကြပြီး လမ်းညွှန်ပေးသူအဖြစ်လည်း ထင်ရှားပါတယ်။ သူမဟာ လူတွေကို အမှောင်ထဲကနေ အလင်းဘက်သို့ လမ်းပြပေးနိုင်တဲ့ dual nature ရှိသူဖြစ်ပြီး ကာကွယ်မှုနဲ့ စမ်းသပ်မှု နှစ်မျိုးလုံးကို ကိုယ်စားပြုပါတယ်။ အကျဉ်းချုပ်ဆိုရင် Hecate ဟာ အမှောင်နဲ့အလင်း ကို ညီမျှစွာ ကိုယ်စားပြုတဲ့ အာဏာရှိ နတ်ဘုရားမတစ်ပါးဖြစ်ပါတယ် 🌗❤️‍🔥

ကဲ့...ဒီထဲက စာဖတ်ပရိတ်သတ်လေးတွေလည်း Hecateဆိုတဲ့ နတ်ဘုရားမကို ယုံကြည်ရင် ကိုယ်လိုချင်တဲ့ မာယာ‌၊မှော်ပညာတွေကိုပါရစေနိုင်မှာပါ။သူရဲ့ပုံကို comment အောက်မှာချပေးထားပါတယ်ဗျ။ Recလေးတွေပေးခဲ့ကြပါအုံး။ရေးရတဲ့သူအားတက်အောင်လို့🫶
❤34🍓3🥰2
"လူရိုး မောင်မောင်"

မနေ့ညကပေါ့ ။
မမက ကျနော်ကို ဘားခေါဲသွားတယ်။

ဘားရောက်တော့ မမက ဘီယာနှစ်ခွက်မှာတယ်။

"ရော့...မောင်လေး ဘီယာသောက် "

"ကျနော်ဟာ ဘီယာမသောက်တတ်ဘူး မမ "

ကျနော်က တကယ်ပင် အရက်၊ဘီယာသောက်ဖို့ မပြောနှင့် ။ အနံ့ပင် ခံနိုင်သူမဟုတ် ။

"ဒါဖြင့် ဘာသောက်မလဲ "

"မန်ကျည်းဖျော်ရည် "

"ဟာ...မောင်ကလည်း သည်ဆိုင်မှာ ဘယ်လိုလုပ် အဲ့ဒါမျိုးရမှာလဲ "

မမက နှုတ်ခမ်းလေးဆူပြီး ဒေါနဲ့ပြောလိုက်တော့ ကျနော်ဟာ နောက်ကို လှည့်ပြီး ကြိတ်ရယ်မိတယ် ။

"မရဘူး မောင်... မူးယစ်စေတဲ့တစ်ခုခုတော့ မောင် သောက်ကိုသောက်ရမယ် "

"ကျနော်မှ မသောက်တတ်တာ မရယ် "

မမက ကျနော်ကို မျက်စောင်းထိုးပြီး အပြင်ထွက်သွားတယ် ။ မမ စိတ်ဆိုးနေပြီ ဆိုတာ သိပြီလေ ။ ကျနော်လည်း စိတ်ဆိုးပြီး ထွက်သွားတဲ့ မမနောက်ကို လိုက်သွားတယ် ။
မမကို ချော့ဖို့ပေါ့ဗျာ ။

"အို...မမ ၊ မမကလည်းဗျာ ဘာဖြစ်လို့ စိတ်ကောက်သွားရတာတုန်းဗျ "

"သွား ...လာမမေးနဲ့ စိတ်ကောက်တယ် "

ကျနော်ဟာ နောက်ကို ကျောပေးပြီး လှည့်နေတဲ့ မမကို သိုင်းဖက်လိုက်တယ် ။မမက ရုန်းတယ် ။ကျနော်ကလည်း ပိုပြီး တင်းကျပ်စွာ ဖက်ပြန်တယ် ။ မမ အထာတွေလေ အဲ့ဒါပေါ့ ။ ကျနော်ကလည်း အဲ့ဒီအထာလေးတွေကို အရမ်းချစ်တယ် ။

"ပြောပါ မမရယ် ၊ စိတ်မကောက်ပါနဲ့  ကျနော် မမဟာ မကောက်မှ ပိုလှတာ "

"ဟွန့်...၊ မမ ဘာလို့သောက်စေချင်လဲ ဆိုတာ မောင် တကယ်ပဲ မသိတာလား ၊ မသိချင်ယောင်ဆောင်တာလား "

"ဟောဗျာ...၊ မသိလို့ပဲ မမကျနော်ကို စိတ်ဆိုးသွားတာ မဟုတ်လား "

ရုတ်တရက် ကျနော်နှုတ်ခမ်းကို မမက အနမ်းပေးလိုက်တယ် ။
ပြီးမှ...ချစ်စရာမျက်နှာပေးနဲ့...

"ဟောဒီက လူရိုးမောင်မောင်လေးကို ယုတ်မာချင်လို့...သိလား..ဟွန့်..
ယောကျာ်းက မယုတ်မာလို့...၊ မိန်းမဖြစ်တဲ့ မမကပဲ ယုတ်မာရတော့မှာပေါ့... "

"သြော်...မမက ကျနော််ကို ယုတ်မာချင်လို့ တိုက်တာပေါ့နောိ..."

မမကိုပင် စောင့်ခေါဲမနေတော့ပဲ ကျနော်သည် ဆိုင်ထဲသိူ့ ကျည်ဆန်ရထား၏ မြန်နှုန်းသကဲ့သို့ ဝင်ပြီး
တစ်ခွက်ပြီး တစ်ခွက် မော့ချလိုက်ရာ မှောက်မှ တော်တော့၏ ။

-လောင်ချိတ်
😁40❤24🐳1
‌ဒီထဲမှာ zodiac signs တွေထဲမှာ ဘယ် signs ကိုအကြောက်ဆုံးလဲ။ပြောပေးခဲ့ကြပါလား😑😑
❤10❤‍🔥10🍓5🙈2💯1