ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
ညတိုင်းငါ့မာမင်းကြောင်းလေးကို တွေးပီး အတွေးထဲမာ ဇာတ်လမ်းလေးတေရေးနေရတယ့် ညတေ များလှပါပီ 🌚
Please open Telegram to view this post
VIEW IN TELEGRAM
❤31❤‍🔥14🍓9🎉1
Pretty Little Baby
သီချင်းဆိုကြမယ် ပျင်းလို့
ရတဲ့သူဆက်ဆိုကြပါလားတစ်ကြောင်းချင်းစီပေါ့
🫶 You can ask the flowers 🫶
❤19🍓5🥰3🐳1
ပုံပြင်များ
ကျွီ..... တံခါးဖွင့်သံကြောင့် " အဆင်သင့်ဖြစ်နေပြီပဲ ဒီလိုကျတော့ မေမေ့သားက ချစ်စရာလေး " အတတ်နိုင်ဆုံးအပြုံးတုတခုကိုဖန်တီးပြီး " မေမေ့သားမို့ ချစ်စရာကောင်းတာပါ " " အချိန်မလွန်ခင်သွားရအောင် " ခေါင်းသာငြိမ့်ပြပြီး မေမေ့နောက်ကလိုက်သွားလိုက်တယ်.... လပြည…
အဆက်ဒီနေ့ သို့မဟုတ် မနက်ဖြန်လာပါမယ် စောင့်နေကြရဲ့လားရှင့် ဒီတစ်ခါတကယ်ဇာတ်သိမ်းမှာမလို့ ကြာသွားတာပါရှင့် တင်မလို့စာစီထားတာကိုဖျက်ချမိသွားတာလို့ အစကပြန်လုပ်နေရတယ် မပျော်တော့ဘူး🥹🤌
🍓8🐳3
𝙋𝙖𝙧𝙩..18 <End>
သံသရာ....<𝘾𝙮𝙘𝙡𝙚>

တမာန့်လက်ဖဝါးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားနေသည်။ မကြောက်ရန်သေချာချော့ပြောပြီး သဘော်ကမ်းဆိုက်သည်နှင့် ရှေ့ဆုံးတန်းစီကာဝင်ခဲ့ကြသည်။

တဖက်မှာတော့...
" တောက်စ် ! ငါဒီလောက်စောင့်ကြည့်နေရတဲ့ကြားထဲက မြင့်အောင် မင်းသားကိုသေချာမကြည့်ထားဘူးလား !"

" ကျမလည်း သေချာကြည့်ထားတာပဲ ခင်စိန်နဲ့စကားပြောနေတုန်း ပျောက်သွားတာ "

" မင်းပြောလိုက်ရင် ဒီလိုချည်းပဲ .... စောသက်လယ်ထူး ငါစကားကိုလွန်ဆန်ရဲနေတယ်ပေါ့ "

ဖုန်းကိုထုတ်ကာ တနေရာကိုဖုန်းဆက်ပြီး ခဏကြာတော့ သူ့တပည့်များထပ်ရောက်လာပြီး

" လေဆိပ်, သဘော်တွေအသွားအလာလုပ်တဲ့နေရာမှာပိုက်စိပ်တိုက်ရှာလာ! "

ဦးထူးမြတ်ကိုအရိုအသေပေးကာ ကားပေါ်တက်ပြီးအမြန်မောင်းထွက်ကြသည်။
" ဇိုရာ မင်းငါနဲ့လိုက်ခဲ့ "
" ဟုတ်ကဲ့ ဆရာ "
" သားကိုဘာမှမလုပ်ပါနဲ့ ကိုထူးမြတ် ကျမဆီသေချာခေါ်လာပေးပါ "
ဒေါသတကြီးနဲ့ပြန်ကြည့်ပြီး
" မင်းနဲ့ငါရဲ့ သား မဟုတ်ဘူး! "

ဝေါ့ခနဲ့ကားကိုအမြန်မောင်းပြီး တနေရာပြီးတနေရာဆက်ရှာကြသည်။ တူ တူ တူ

" ပြော "
" လေဆိပ်ကိုသေချာစစ်ကြည့်ပြီးပါပြီ ဆရာ သူတို့ ဒီကိုမလာခဲ့ဘူး"

ဖုန်းချပြီးတခုခုကိုတွေးမိသွားသည်နှင့်...

" ဇိုရာ ကမ်းဆိပ်ကိုမောင်း "

🧭_

ကျောက်ဆူးချထားသည်ကိုဆွဲတင်ပြီးသည်နှင့်စတင်ထွက်ခွာရန် ခရီးသည်များကို Captain ကအသိပေးသည်နှင့် မောင်းနှင်ရန်စက်ကို နှိုးလိုက်သည်။
" ဟေး စော ဘယ်သွားမလို့လဲ "
ထင်မှတ်မထားသည့်ဖြစ်ရပ်ကြောင့် မျက်လုံးလေးပြူးကာပြန်ကြည့်နေမိသည်။ သူ့ကို ပြုံးပြပြီး ဘေးခုံကိုလာထိုင်နေတဲ့ တေဇကြောင့် စော တခုခုကိုစိုးရိမ်စပြုလာသည်
" ကိုတေဇ ခင်ဗျားလည်း ဒီမှာနေတာလား "
" မဟုတ်ပါဘူး ဦးလေးက သဘော်မောင်းတဲ့ captain လေ ငါလည်း စာမေးပွဲပြီးသွားလို့ပျင်းနေတာနဲ့လိုက်လာခဲ့တာ .... ရလိုရငြား မင်းကိုလည်းတွေ့ရအောင်လို့ "

မချိုမချဥ်ပြုံးပြပြီး တမာန်ကိုပြန်ကြည့်သည်။ တေဇမှာ သူတယောက်ထဲအထင်နဲ့ စကားတွေများနေတာ ဘေးကတမာန်ကိုမတွေ့မိ...
" စော အကိုလား "
" မဟုတ်ပါဘူး "
" အော် သိပြီး သူငယ်ချင်းလား ဘယ်ကိုသွားကြမလို့လဲ "
သူငယ်ချင်းဆိုသည့်စကားကြောင့် စောရော တမာန်ပါ တေဇကိုပြုံးပြတော့...
" သူ့ကောင်လေးပါ "
"ကောင်လေး? ဟားဟား မင်းတို့ ငါ့ကို မနောက်ပါနဲ့ကွာ "
" မနောက်ပါဘူး အကိုပြောတာအမှန်ပါ "
ရယ်နေသောမျက်နှာမှာပြန်တည်သွားပြီး မိမိရှေ့က နှစ်ယောက်ကိုအကဲခတ်နေမိသည်။ စောက ဒီလိုစိတ်ဝင်စားသည်ကို သူမသိခဲ့..... စတွေ့တုန်းက အများနဲ့မတူပဲတမူကွဲထွက်နေသည့်စောကို အမြဲလိုလိုအရိပ်တကြည့်ကြည့်, ကြည့်နေမိသည်။ ယခုလည်း သူ့ကို တွေ့ချင်လွန်း၍ မရမကလိုက်လာခဲ့သည်မှ တွေ့မယ်တွေ့တော့ ကောင်လေးရှိနေသည်တဲ့လား.... ဝမ်းနည်းစိတ်ကိုပြန်ထိန်းပြီး
" ဟုတ်ပါပြီးကွာ မင်းတို့က ဘယ်ကိုသွားမလို့လဲ မဟုတ်မှ ခိုးပြေးကြမှာလား "
" ရှူးးး တိုးတိုးပြော ကိုတေဇ "
တိုးတိုးပြောရန်အချက်ပြလိုက်သည်။
" ဖေကြီးက ကျွန်တော့်ကို အကိုနဲ့လုံးဝသဘောမတူဘူး "
နားလည်အောင် သူတလုံးချင်းသေချာပြောပြတော့ တေဇမှာ ခေါင်းတငြိမ့်ငြိမ့်နဲ့အာရုံစိုက်နားထောင်နေတယ်...
" ဖေကြီးဘယ်ချိန်လိုက်လာမလဲ မသိဘူး "

စိုးရိမ်စိတ်နဲ့ပြောတော့ တမာန်ကဖက်ထားပေးသည်.... မိမိသဘောကျရတဲ့သူက သူချစ်ရတဲ့သူနဲ့ပျော်ရွှင်ဖို့ဆို သူ့အချစ်တွေစတေးလိုက်ဖို့ထိုက်တန်ပါတယ်.....ခပ်ယဲ့ယဲ့ပြုံးပြလိုက်ပြီး

" မင်းအဖေလိုက်လာရင် ဒီထဲကတနေရာရာမှာ ပုန်းနေလိုက်ကြလေ ငါ့ဦးလေးပိုင်တဲ့သဘော်မို့ အာဏာပိုင်တွေလည်း သိပ်စစ်ဆေးတာ မဟုတ်ဘူး "
" တကယ်လား မင်းတကယ် ကူညီမှာလား "
" အင်းးး "
တမာန့်လက်ကိုသေချာပြန်ဆုပ်ကိုင်ပြီး ဒီနေရာကအမြန်ထွက်နိုင်ဖို့ကိုသာစိတ်အားထက်သန်နေကြသည်။ မင်းပျော်နေတယ်မလား မင်းအပြုံးတွေမြင်ရရင် ငါပျော်တယ်.....သူတို့ရှေ့မှထွက်လာပြီး သဘော်ဦးပိုင်းကို ထွက်လာခဲ့လိုက်သည်။ ကျလုဆဲဆဲမျက်ရည်ကို ခပ်ပြင်းပြင်းတိုက်လာတဲ့လေတွေနဲ့လွင့်စင်စေလိုက်တယ်....
" ဟျောင့် တေဇ မင်းက ဒီမှာကိုး ငါကမင်းကိုလိုက်ရှာနေတာ "

ပုခုံးကိုခပ်ကြမ်းကြမ်းဖက်ကာအနားလာရပ်တဲ့ အဆောင်တူသူငယ်ချင်းကိုပြန်ပြုံးပြလိုက်မိသည်။
" မင်းတခုခုဖြစ်နေတာလား "
မျက်နှာကိုချက်ချင်းလွဲပြီး
" ဘာဖြစ်ရမှာလဲ ဘာမှမဖြစ်ပါဘူးကွ ဟားဟား "

" တခြားသူကိုသာမင်းလိမ်လို့ရမယ် ငါ့ကိုတော့လိမ်လို့မရဘူး "

ခုံတလုံးယူပြီး ထိုင်ချလိုက်တော့ သူလည်းလိုက်ထိုင်မိသည်။ စတွေ့တုန်းက လူသားကျောက်ရုပ်လေးရဲ့အကြောင်းကိုခပ်ပြုံးပြုံးလေးပြောပြကာ သတိရနေမိပြန်တယ်

" မင်းသူ့ကိုသဘောကျတာ ငါရိပ်မိပါတယ် ဒီခေတ်ကိုကလည်း ကိုယ့်အချစ်ကို လိင်မခွဲခြားပဲချစ်နိုင်ကြတယ်လေ "

" ငါလည်း ငါသဘောကျရတဲ့သူ့ကိုပိုင်ဆိုင်ချင်ပေမယ့် သူလည်းသူချစ်ရတဲ့သူနဲ့နေချင်တယ်လေသံသရာလည်ပုံလေးက လှတယ် မျက်ရည်တွေနဲ့ အဟင်း "
" အားမငယ်ပါနဲ့ကွာ မင်းကို ချစ်တဲ့သူရှိနိုင်ပါတယ် "
" ဒါနဲ့ ငါတို့ ဒီတခေါက်ပြန်လှည့်ရင် ကရင်ပြည်နယ်ဘက်ကိုလည်ဦးမလား "
" ဟင့်အင်း မသွားတော့ဘူး ငါရန်ကုန်ပြန်တော့မှာ "
" မင်းသဘောပါပဲ "
❤23🍓2
ကျောက်တန်းတွေနဲ့ လေလှိုင်းတွေကို မျက်စိတဆုံးလိုက်ကြည့်ပြီး စကားတွေအများကြီးထပ်ပြောခဲ့ကြသည်။
ဝူးးးးး ဝူးးးး ဝူးးးးး

သဘော်နဲ့မလှမ်းမကမ်းနေရာက တခြားသဘော်တစီးရဲ့အချက်ပေးသံကြောင့် ခေါင်းလေးတွေပြူထွက်လာကြသည်။

( Captain ship ကိုရပ်ပေးဖို့တောင်းဆိုချင်ပါတယ် ကျွန်တော်တို့ရှာဖွေစရာရှိလို့ပါ) 2
တယောက်တပေါက်စကားသံကြောင့် တမာန် ပြတင်းပေါက်အနီးကိုသွားရပ်ပြီး ချောင်းကြည့်သည်။ ဦးထူးမြတ်... စောလက်ကိုဆွဲကာ ငါးတွေထားတဲ့ခုံတန်းဘက်ပြေးလာခဲ့သည်။
" ကျွန်တော် ကြောက်တယ် အကို "
" မကြောက်နဲ့ ကိုယ်ရှိတယ် လာ "
လူတွေကိုတိုးပြီး နောက်မြီးပိုင်းထိပြေးလာခဲ့တယ်....
" ကိုတေဇ ဖေကြီးလိုက်လာပြီး "

" ငါပြောထားသလိုလုပ်လိုက် "
တမာန်ခေါင်းအမြန်ငြိမ့်ပြပြီး ငါးလှောင်ထားသည့် သေတ္တာကြီးထဲ နှစ်ယောက်အမြန်ဝင်ပုံးနေလိုက်ကြသည်။ အပေါ်မှ အဝတ်တခုထပ်အုပ်ပြီး ရေခဲတွေနဲ့ဖုံးထားလိုက်သည်။

" တေဇ မင်းက ဘာလို့လိုက်ကူညီနေတာလဲ "
" မင်းမသိတာတွေကျန်ပါသေးတယ် ဦးလေးဆီပြန်သွားရအောင် လာ "
မျက်မှောင်ကြုတ်ပြီး တိတ်တဆိတ်သာ တေဇနောက်ပြန်လိုက်သွားမိသည်။ မျက်လုံးတွေကတော့ ရေခဲတွေအုပ်ထားတဲ့ သေတ္တာကြီးထဲမှမခွာ...
" လာစမ်းပါကွာ "
လည်ပင်းကိုဖက်ကာခေါ်လိုက်မှ ပါသွားသည်။
" ဆရာတို့ဘာများရှာဖွေချင်ပါသလဲဗျာ
" ကျုပ်တို့လူရှာချင်လို့ပါ "
" ရပါတယ် ရပါတယ် သေချာရှာကြပါဗျဆရာတို့လည်းစိတ်သန့်သွားရအောင်"

ခွင့်ပြုချက်ရတာနဲ့ တဖက်သဘော်မှ boat အသေးစားလေးများ ၄,၅စီး သူတို့စီကူးလာနေသည် အနက်ရောင်အဝတ်အစားများနှင့် လူတွေအပြည့်...
" ဟဲ့ အဲ့တာ ဦးထူးမြတ် တပည့်တွေမလား ကြေးစားလူသတ်သမားတွေလေ "
" ဟုတ်တယ်လေ ညည်းမသိဘူးလား ဒီဒေသမှာနာမည်ကြီးပဲ "
သူ့ရှေ့ကခရီးသည်နှစ်ယောက်ရဲ့တီးတိုးတဲ့အသံကို ကြားဖြစ်အောင်ကြားလိုက်သေးသည်။ တေဇကိုအမြန်တားမှဖြစ်မည်....
" အကုန်ရှာ တယောက်မှမလွတ်စေနဲ့ "

ဦးထူးမြတ်ဆီကအမိန့်ရတာနဲ့ သဘော်ရဲ့အနောက်ပိုင်းရော ရှေ့ပိုင်းကိုပါပတ်ရှာမွှေနှောက်နေကြသည် ။ ဦးလေးဘေးမှာရပ်နေတဲ့တေဇကို လက်မြောက်ကာခေါ်ပြီး
" ငါမင်းကို ပြောသားပဲ မင်းကောင်လေးရဲ့အဖေက လူဆိုးကြီးဟ အမြန်ပြောပြလိုက်ပါကွာ သူရှာတွေ့သွားရင် ငါတို့အကုန်သေမှာ "

ဘေးနှစ်ဖက်နှစ်ချက်လူရှိကိုသေချာပြန်ကြည့်ပြီး ထောင့်နေရာဆွဲကပ်လိုက်သည်။
" ငါတို့မပြောရင် သူမသိဘူး စိုင်းလွှမ်း မင်းပါးစပ်ပိတ်ထား !"
" ဒါပေမယ့်... "

သူ့ကိုဒေါသတကြီးနဲ့ကြည့်သွားတဲ့တေဇကြောင့် တမျိုး နေရာတိုင်းကိုမွှေနောက်ကာရှာနေတဲ့အနက်ရောင်ဝတ်စုံတွေနဲ့လူကတမျိုး ကြောက်ချွေးတွေပါပျံနေပြီး..... မိသွားရင် အကုန်သေမှာ.....
" ဒီလူကိုတွေ့မိလား "
" မတွေ့မိပါဘူး "

ဓာတ်ပုံကိုပါပြပြီးလိုက်ရှာနေတာမို့ ရှာမတွေ့အောင် တေဇဆုတောင်းနေရတယ်.... သဘော်အနှံ့ရှာပြီးသွားတော့
" ဒီမှာ မရှိဘူး ဆရာ "
" သွားကြမယ် "
boat ပေါ်ဆင်းမည်အပြု...
" ဆရာ ကျွန်တော် တွေ့လိုက်တယ်! "

တွေ့လိုက်တယ် ဆိုသည့်အော့သံကြောင့် ခြေလှမ်းတို့ရပ်သွားကာ အသံရှိရာကိုတည်တြည့်မတ်မတ်လျှောက်လာတယ်...
" မင်းဘာလုပ်တာလဲ! "
" ငါတို့အကုန်သေမယ့်ဖြစ်ရပ်ကို မလိုချင်လို့ပါကွာ "
တီးတိုးစွာပြောပြီး....
" သူ့ကိုလား "
တပည့်လက်ထဲကပုံကိုထောင်ပြလိုက်တော့...
" ဟုတ် ဟုတ်ပါတယ် ဆရာ "
" ဘယ်မှာလဲ "
တုန်တုန်ရီရီနဲ့ ငါးထည့်လှောင်ထားတဲ့ သေတ္တာကိုလက်ညိုးထိုးပြလိုက်တယ်.....
" မင်းသေချာလား "
" သေချာပါတယ် ဆရာ "
လက်အမူအရာလုပ်ပြပြီးတာနဲ့ အပေါ်က ရေခဲဖုံးထားတဲ့အဝတ်ကိုဆွဲလှန်ပစ်လိုက်သည်။
" မင်းလာစမ်း! "
စောလက်ကိုအကြမ်းပတမ်းဆွဲကာ ထွက်သွားရန်ပြင်လိုက်တော့ တမာန်ကပြန်ဆွဲထားပြန်တယ်....

" လက်ထိတ်ခတ်လိုက် "
ဝိုင်းချုပ်ထားပြီး လက်ကောင်ဝတ်တဖက်ကိုသာ ချိတ်ထားလိုက်ရသည်။
" ကျွန်တော် ပြန်မလိုက်ဘူး လွတ်! "
ဖြန်းးးးးးးး
" လာစမ်း! "
တေဇရှေ့ကဆွဲခေါ်သွားတာမို့ စောသူ့မျက်လုံးတွေကို မုန်းစရာသဖွယ်သေချာကြည့်သွားသည်။

" ငါမင်းကို ရွံတယ် "
ထိုကောင်လေးဆီမှ မုန်းသည်ဆိုတာထက် ရွံတယ်ဆိုတဲ့အသုံးအနှုန်းကြောင့် တေဇ တောင့်တောင့်ကြီးဖြစ်သွားရသည်.... မျှော်လင့်မထားတဲ့အခြေအနတွေမှ မျှော်လင့်မထားတဲ့သူ့ဆီကစကားသံ..... လက်သီးကို ခပ်တင်းတင်းဆုပ်ထားပြီး အနောက်ကိုလှည့်ကာ အားရပါးရထိုးချလိုက်သည်။
ခွပ်.... ခွပ်

" မင်းကို သတ်မယ်! "
လျှင်မြန်တဲ့လက်သီးချက်ကြောင့် ပထမတချက်နဲ့တင်ပစ်လဲသွားတော့ သူ့ကိုခွကာနောက်တချက်ထပ်ထိုးပြန်တယ်...
" တူလေး ရပ်တော့ ရပ်တော့ ! "
ဦးလေးဖြစ်သူမှာတေဇကိုအမြန်လာဆွဲပြီး ဘေးဘက်ကိုကပ်ထားလိုက်ရသည်။

" ငါမင်းကို သတ်မယ် စိုင်းလွှမ်း! "
" တူလေး တော်ပြီး စိတ်ကိုငြိမ်ငြိမ်ထား "
.....🧭
" ကျွန်တော်ပြန်မလိုက်ဘူး ဖေကြီး ကျွန်တော့်ကိုလွတ်ပါ! "
တဖက်မှာလည်းလက်ထိပ်ခတ်ပြီးချုပ်ထားရန် အခက်တွေ့နေသည်။
ဒုန်းးးးးးး အားးးးးး
❤14🍓5
အရှေ့ကလူကိုအားနဲ့ဆောင့်ကန်ချပြီး အတင်းရုန်းထွက်ကာ လွတ်သွားတဲ့လက်တဖက်ကို ဘေးနားက သစ်သားတုံးနဲ့လှမ်းယူပြီးရိုက်ချလိုက်သည် ။ တုတ်နဲ့ဝင်လာတဲ့တယောက်ကိုတော့အသာအယာရှောင်ပြီး ရေထဲပစ်ချလိုက်တယ်..... boat ပေါ်တက်တော့မည့် ဦးထူးမြတ်ဆီအမြန်ပြေးပြီး စောလက်တဖက်ကိုပြန်ဆွဲယူကာ ဆွဲထားတဲ့ ကျန်တဖက်ကို အားနဲ့ဖြုတ်ချလိုက်သည်။ သူတို့နှစ်ယောက်အတွက်လွတ်လမ်းကမရှိ.... ဖမ်းရန်ဝင်လာတဲ့သူတွေနဲ့အပြန်အလှန်ထိုးကြရင်း သဘော်ဦးပိုင်းဆီပြေးလာခဲ့သည်။ ရုတ်တရက်သူ့လက်ကို တယောက်ယောက်ကဆွဲထားတာကို အမြန်လှည့်ကြည့်တော့

" ငါ့သားကို လွှတ် မင်းကို လွှတ်လို့ပြောနေတယ် လွှတ်စမ်း! "
သူ့နောက်မှာလည်း တပည့်တွေထပ်ရောက်လာတာတွေ့တော့ အချိန်ဆွဲနေလို့မဖြစ် .... မျက်စိထဲပေါ်လာတဲ့ သစ်သားတုတ်ကို ကျန်လက်တဖက်နဲ့ဆွဲယူပြီး ဦးထူးမြတ်ခေါင်းပေါ်ရိုက်ချလိုက်သည် ။

အားးးးးးးးး ငါ့ခေါင်း အ့

လက်လွတ်သွားသည်နှင့် စောလက်ကိုပြန်ဆွဲကာ သဘော်ထိပ်ပိုင်းဆီပြေးလာပြီး ရေထဲခုန်ချရန် ကြည့်တော့ ရေကနက်နေတယ်....

" လက်မြှောက်ထား! "
အော်သံကြောင့် နှစ်ယောက်သားပြန်လှည့်ကြည့်မိတော့ ဦးထူးမြတ်က ပစ္စတိုနဲ့ချိန်ထားနေသည်။
တယောက်ကိုတယောက်ကြည့်ပြီး ရေထဲခုန်ချဖို့ဟန်ပြင်နေသည်ကိုရိပ်မိတဲ့ ဦးထူးမြတ်မှာ
" မင်းတို့ကို ရပ်လို့ပြောနေတယ်! "

ဒိုင်းးးးးးးး ပထမကျည်ဆံမှာ သံတိုင်ကိုသာထိသွားတယ်

ဒိုင်းးးးးးးး ခုန်ချသွားသည့် တမာန့်ဦးခေါင်းထဲ

ဗြုန်းးးးးးးးးးးးး ရေထဲကျသွားတော့ တမာန် မလှုပ်ရှားတော့ပေ....

" ပစ်! "
ရေထဲကျသွားတာကိုထပ်ပစ်ရန်အမိန့်ပေးနေတာကြောင့် တပည့်တွေက ကျည်ကုန်တဲ့အထိ ကျသွားတဲ့နေရာကိုဝိုင်းပစ်ကြသည်။

ရေထဲကျပြီးကတည်းက မလှုပ်ရှားလာသော တမာန်ကို စောပခုံးလှုပ်ကာခါယမ်းလိုက်တယ်.... ခေါင်းထဲကသွေးတွေထွက်လာတာကိုမြင်တော့ ရင်ခွင်ထဲဖက်ထားလိုက်ပြီး ငိုနေမိသည်။ အပေါ်က ပစ်ချလာသည့်ကျည်ဆံတွေက တမာန်ခေါင်းပေါ် ဒုတိယအကြိမ်ထပ်ဝင်သွားပြန်တယ်.... ရေအောက်ထဲရောက်နေသည်မို့သူလည်းအသက်ရှူရခက်လာသည်.... တမာန်ရဲ့လက်တဖက်ကလွတ်နေတဲ့လက်ထိပ်ကိုမြင်တော့... ပြုံးလိုက်မိတယ် ရှင်လည်း အတူတူ သေလည်း အတူတူပေါ့... လွတ်နေတဲ့လက်ထိပ်တဖက်ကိုသူလက်ထဲထည့်ပြီးလောခ့်ချလိုက်သည်။.... သူ့ဘဝတွင် ပထမအကြိမ်သာထိတွေ့ဖူးတဲ့အကို့နှုတ်ခမ်းတွေကို နမ်းရှိုက်ကာ ရင်ခွင်ထဲဝင်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။
ကျွန်တော်တို့နောက်ဘဝကျရင် အတူရှိနိုင်အောင်လို့........

𝗘𝗻𝗱𝗶𝗻𝗴..........
❤22🍓5🐳2
အာပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ် တကယ်တော့ဒီFicလေးက ဖြစ်ရပ်မှန်သက်သက်ရှိပါတယ် ဇာတ်ညွှန်းအတွက်ကူညီပေးခဲ့တဲ့အမ့ကိုလည်းကျေးဇူးတင်ပါတယ်ရှင် ဒီFicကိုတခြားwebsiteတွေပေါ်ပြန်တင်ခွင့်မပေးပါဘူးရှင့် ပြိုင်ပွဲဝင်ဖို့ကြိုးစားရေးခဲ့ရတာမလို့ပါ ဒါမယ့်ပြိုင်ခွင့်မရခဲ့ပါဘူး ကဲနောက်ဆုံးတော့သံသရာFicကိုနှုတ်ဆက်လိုက်ရပါပြီ S2လုံးဝမရှိပါဘူး‌ ။🍀💓
𝑨𝒖𝒕𝒉𝒐𝒓 - 𝑺𝒖𝒆 𝑲𝒉𝒂𝒕 𝑵𝒘𝒆 @nyx_jd4
❤‍🔥16❤12🍓2🎉1
:လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့
ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။
ဥာဏ်ရည်မြင့်မှသာ ဘယသိက္ခာရှိတာလဲ
ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။
လူတစ်ယောက်ဖြစ်နေရင်
ဘယ်အရာကို ထိန်းသိမ်းရမလဲ
ဘယ်အရာက မလုပ်သင့်ဘူးလဲ
ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ
ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲ
ဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။
ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး
အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး
လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး
သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့
စိတ်ချမ်းသာဖို့ဘဲသိကြတာ။
ဒါကို "မရှက်တတ်ဘူးလား,မရှက်ဘူးလား
သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။
"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။
ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင်
သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။
အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။"
Credit-original writer
#winchomyanmar
❤44🍓5
ပုံပြင်များ
စိတ္တဇကျောင်းတော်ကြီး Ep3 ဟူးးးးအိပ်ကောင်းခြင်းလည်းမအိပ်ရ၊စားကောင်းခြင်စလည်းမစားရဆိုတာ ဒါကိုပြောတာဗျို့..ဒါနဲ့.... ကျနော်တို့ ခေါင်းထောင်လာတာ မြင်တဲ့နှင်းအိက "ဟိုအကောင်သုံးကောင် ပြန်အိပ် ဘာမှမဖြစ်ဘူး" လို့ ခပ်စွာစွာပြောလေသည်။ကျနော်လည်းဘာမှမလုပ်။ကျနော်…
စိတ္တဇကျောင်းတော်ကြီး Ep-4

‎ကျ‌နော်တို့ကျောင်းဆင်းပြန်ချိန်ကတော့ ညနေ သုံးနာရီကျော်ခန့်ဖြစ်သည်။အချိန်ကလည်းကုန်တာ တစ်နေ့ထက်တစ်နေ့ မြန်လာသည်။ရာသီဉတုကတော့ မိုးရာသီဖြစ်သဖြင့်ကောင်ူကင်တစ်ခွင်လုံး မိုးသားများဖုံးလွှမ်းလျက်ရှိသည်။မကြာမှီမိုးရွာတော့မည့်အလား။
‎
‎" အမေရေ ကျနော်ပြန်ရောက်ပြီ ‌ရေချိုးလိုက်အုံးးမယ်ဗျို့"
‎
‎ကျနော်လည်း အိမ်ပြန်ရောက်ရောက်ခြင်း အမေ့ကိုအသိပေးလိုက်ပြီး ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။ရေချိုးရင်းနဲ့ပင်အောက်ထပ်ကအမေ့ဖြစ်သူက အပေါ်ထပ်သို့တက်လာရာ ကျနော့်အခန်းတံခါးကို လာခေါက်ပြီး
‎
‎"ဒေါက်...ဒေါက်...ဒေါက်...."
‎
‎"သားရေ နင်ကျူရှင်မသွားဘူးလား ဘယ်အချိန်လဲကျူရှင်က"
‎
‎"သားတို့ကဒီနေ့လေးနာရီမှပါအမေ ညကျရင်လည်း ညဂိုက်ကရှိသေးတယ်ရှစ်ခွဲမှပြန်ရောက်မှာ"
‎
‎ကျနော်လည်း ရေချိုးခန်းထဲကနေပြီးအမေကြားအောင်လှမ်းအော်ပြောပစ်လိုက်သည်။တစ်အောင်ကြာတော့အမေထွက်သွားသည်။အမှန်တကယ်တော့ အမေက ကျနော့်အတွက် ညနေစာစားဖို့အတွက်ပြင်ပေးမလို့ပါ။အဲ့လိုပါပဲ မိဘတွေကစိတ်ပူတက်ကြတယ်။
‎
‎ကျနော်လည်း ခေါင်းတောင်မဖြီးနိုင်။အောက်ထပ်သို့ အဝတ်အစား ကရုန်းကသုန်း ဝတ်ပြီးပျာတိပျာယာဆင်လာသည်။
‎ထိုနောက်လွယ်အိတ်ကိုယူကာ
‎
‎"အမေရေသွားပြီဗျို့ "
‎
‎"ဟေးးးဟိုကောင်လေး လာကြိုရအုံးမှာလားနင့်အဖေကိုလာကြိုခိုင်းရမလားး"
‎
‎"ဟာ..ရတယ်ရတယ်အမေရေ သားသူငယ်ချင်ူပြန်လိုက်ပို့ပေးလိမ့်မယ် တကူးတကလာမကြိုပါနဲ့"
‎
‎ဒီအရွယ်ကြီးရောက်လာပြီ။စိတ်ကတော့မချသေးမိဘတွေခင်ဗျာ။ချစ်တာကိုးး။ကျနော်လည်း လာမကြိုဖို့ပြောလိုက်သည်။မိဘတွေလည်း ကျနော်အတွက်နဲ့ မပင်ပန်းစေချင်ဘူးး။လူတိုင်းပဲဗျာ။မဟုတ်လားး။ညဘက်ဆိုတာကမိဘတွေကအသက်ကြီးနေပြီ။မတော်တစ်ယော် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ကျနော်တို့ကလူငယ်တွေ ထောင်ကျကျပြားကျကျရတယ်။လောလော လောလော နဲ့ထွက်သွားတာ ထီးယူဖို့တောင်မေ့သွားတော့သည်။
‎
‎အခြားတစ်ဖတ်တွင်လည်း
‎
‎" လရောင်ရေ ဒီနေ့ကျောင်းတက်ရတာအဆင်ပြေရဲ့လားး"
‎
‎လရောင်ရဲ့အကိုတစ်ဝမ်းကွဲဖြစ်သူမဂ္ဂကမေးလိုက်သည်။
‎
‎"ပြေပါတယ် အားလုံးကလည်းဖော်ရွေကြတယ်မာနလည်းမကြီးဘူးးကျနော်တို့အရင်ကကျောင်းထက်တော့အများကြီးသာတယ်"
‎
‎"အော်အေးပါကွာ ..ငါလည်းအဲ့လိုပဲထင်ပါတယ် အဓိကတော့ ဒီကျောင်းမှာတက်ခဲ့သူတွေ၊ဒီနယ်ခံဒေသကိုကျွမ်းသူတွေနဲ့ အရင်ခင်မင်အောင်လုပ်ရမယ် အဲ့ဒါမှ ငါတို့လည်းအဖော်ရမှာ...ရှိတဲ့အဖော်အများစုက အရင်ကျောင်းမှာကျန်ခဲ့ပြီ"
‎
‎မဂ္ဂ အရင်ကသူငယ်ချင်းတွေကိုသတိရတာ်ထင်ပါရဲ့။ငြူးငြူပြီး အေးဆေးတည်ငြိမ်နေသောအသံဖြင့် ညီဖြစ်သူလရောင်အားပြောလိုက်သည်။
‎
‎"ဘာမှမဖြစ်ပါဘူးးဘာမှလည်းမတွေးနဲ့ မင်းပဲစိတ်ဆက်တာ..အေးဆေးပဲနေ ငါအတွက်ကရတယ် "
‎
‎သတို့ညီအကိုနှစ်ယောက် ခြံထဲကပန်းပင်များစွာတို့ရဲ့အလယ်တစ်ခုဖြစ်သော မြေကွက်လပ်လေးတွင် ဒန်းစီးရင်းပြောကြကာ ခြံရှေ့တွင် မိန်း ကလေးတစ်ဉီးရဲ့ ခေါ်သံကြားလိုက်ရသည်။
‎
‎"မဂ္ဂရေ...လရောင် တို့ညီအကိုတို့"
‎
‎ သို့နှင့်လရောင်လည်းတံခါးသွားဖွင့်ပေးခဲ့သည်။
‎ကြည့်လိုက်တော့ သူတို့ညီအကိုနှစ်ယောက်ရဲ့ ငယ်ငယ်ကတည်းကပေါင်းလာသော ဆည်းဆာဖြစ်လို့နေသည်။ဆည်းဆာ သည် ယနေ့ကျောင်းတွင် ဒု-မော်နီထွက် ခန့်ခံထားရသောတစ်ယောက်ဖြစ်သည်။ဆည်းဆာသည် အသားဖြူပြီး နက်မှောင်တောက်ပသောဆံကေသာများကိုပိုင်ဆိုင်ထားသည်။ကြင်နာတက်ပြီး တစ်ဖတ်သားအားအမြဲတမ်းကူညီတက်သည်။ဤသို့ မဂ္ဂနှင့်လရောင်ကျောင်းပြောင်းတော့ သူလည်း အိမ်မှာ သူ့အဖေရဲ့ ကုမဏီကြောင့် နေရာပြောင်းရွေ့ခဲ့ရသည်။ဆည်းဆာအမှန်တကယ်တော့ ဒီကျောင်းကိုမတက်ချင်ပါဘူးးးမတက်ရင်လည်းသူအဖေသူ့ကိုရွေးချယ်ခိုင်းတဲ့လမ်းကိုရွေးရမှာမလို့ပါပဲ။ဒီကျောင်းကို ‌စတင်ပြီးမရောက်ခင်က တစ်ပတ်အလိုဖြစ်သည်။
‎
‎"သမီးရေ ဆည်းဆာ ကျောင်းတွေဖွင့်တော့မယ် သမီးဘော်ဒါနေမှာလားး"
‎
‎မိခင်ဖြစ်သူ အသံကြောင့် သမီးဖြစ်သူဆည်းဆာကလည်း
‎
‎"ဟာအမေသမီးဘော်ဒါမနေချင်ဘူးလေအမေရာ အမေတို့ကို ‌ပြောထားတယ်လေ အကောင်းဆုံးကျူရှင်လေးတက်ပြီး ကြိုးစားပေးမယ်လို့ သမီးဘယ်ပုံသေနည်းနဲ့မျှမနေနိုင်ဘူးးဘော်ဒါကတော့"
‎
‎ဆည်းတာလည်း အပြတ်အသားငြင်းပစ်လိုက်သည်။ထိုငြင်းသံကို ဖခင်ဖြစ်သူကြားတော့
‎
‎"ဘော်ဒါက သမီးနေရမယ် မရဘူးးအဖေတို့ကလည်း ကုမဏီတစ်ခုကြောင့် သမီးကို ကျောင်းပြောင်းရမလို့ဖြစ်နေချိန်မှာ အဖေရဲ့သူငယ်ချင်းက ဘော်ဒါနေဖို့ပြောတယ် အဲ့ဒါလည်းကောင်းတယ်လို့အဖေထင်တယ်"
‎
‎အဖေဖြစ်သူကလည်း သူ့သမီးဆည်းဆာကို အသံမာမာဖြင့်ပြောလိုက်သည် ။ဆည်းဆာကလည်း အောက်ထပ်သို့ ခေတ္တဆင်းလာကာ
‎
‎"အဲ့ဆိုသမီးက ဘော်ဒါမနေရင် သမီးက‌အဖေတို့လုပ်ငန်းရှိတဲ့နေရာမှာ ကျောင်းပြောင်းတင်ရမှာပေါ့"
‎
‎"ဟုတ်တယ်သမီး အဲ့ဒါကြောင့် ဒီကျောင်းမှာပဲတက်ချင်သေးရင် ဘော်ဒါသာနေလိုက်သမီး...သမီးအတွက်ပြောပြတာနော်.."
‎
‎"အဖေတို့ရာအဖေတို့ကလည်း သမီးဆန္ဒ..အဟင့် ...အဟင့်..."
‎
‎ဆည်းဆာလည်း ငိုယိုပြီးအပေါ်ထပ်သို့တက်သွားရာ ငိုနေတော့သည်။အမှန်တကယ်တော့ ဆည်းဆာက ဒီကျောင်းမှာပဲသူကဆက်တက်ချင်တာပါ။ဘော်ဒါလည်းမနေချင်ဘူးး။ကျောင်းပြောင်းရင်လည်း‌ ဒီကသူငယ်ချင်းတွေနဲ့ မခွဲနိုင်။ပြီးတော့ သူငယ်ချင်းသစ်ရဖို့ဆိုတာလည်းမလွယ်ဘူး။တစ်ယောက်အကြောင်းတစ်ယောက်သိနေမှကောင်းတာ လေ။မဟုတ်လားး။🥺
❤35🍓4❤‍🔥3🥰1🎉1🤩1
‎သို့ပေမဲ့ သူအတွက် ကံတရားကြီးကမျက်နှာပေးလိုက်သည်လားမသိ။သူရဲ့ငယ်ငယ်ကတည်းကပေါင်းလာကြတော့ အဂ္ဂနဲ့လရောင်လည်း သူ့အဖေပြောင်းတဲ့ကျောင်းကို ပြောင်းမှာလို့ကြားသိရတော့ အဖေဖြစ်သူကို ကျောင်းပြောင်းဖို့သဘောတူကြောင်းနဲ့ အဲ့နေရာမှာပဲ အကောင်းဆုံးကျူရှင်တက်ပြီး ဘော်ဒါမနေဖို့ပြောကာ သူတို့သူငယ်ချင်းသုံးယောက်လည်း အခုတက်နေသောကျောင်းတော်သစ်ဆီကို ရောက်လာခဲ့ရခြင်းဖြစ်တော့သည်။
‎
‎လရောင်လည်း ခြံတံခါးဖွင့်ပေးလိုက်ပြီး
‎
‎"လာလေသူငယ်ချင်း ဘယ်သူများလဲလို့ ငါတို့ကဲ့ချစ်သူငယ်ချင်းကြီးပဲ"
‎
‎အေးပါဟာ ဒီနေ့ပျောင်းတက်ရတာအဆင်ပြေမပြေသိချင်လို့နင်တို့ဆီလာခဲ့တာ"
‎
‎ထိုသို့ပြောကာခြံထဲကိုဝင်သွားကာ သုံးယောက်သားဒန်းစီးရင်း ဆည်းဆာဘက်က
‎
‎"နင်တို့‌က ယောက်ကျားလေးတွေဆိုတော့ အပေါင်းအသင်းရဖို့ကမြန်ပါတယ် ငါကျတော့အခုမှဆိုတော့ တစ်ယောက်တည်း"
‎
‎ဆည်းဆာလည်း မျက်‌မှောင်ကြီးကြုတ်ကာ စိတ်မပါသောလေသံဖြင့် တုံးတိတိကြီးပြောလိုက်သည်။လရောင်ကသိတော့
‎
‎"အော် နင်ကလည်း ရမှာပါ အားလုံးကခင်ပါတယ် ဖော်ရွေကြတယ် မာနမကြီဘူးးအဓိကတော့ဟာ မော်နီးထွက် ဆိုတဲ့ဇင်ဇင်ဆိုလားးပဲ သူတို့အဖွဲ့နဲ့ရင်းနှီးအောင်နေ"
‎
‎"အေးပါဟာ ငါလည်းနက်ဖန်ကျမှ သူတို့နဲ့စကားစပြောကြည့်လိုက်မယ် ခင်မင်မှုရသွားတာပေါ့ မုန့်စားကျောင်းသွားရင်လည်းတူတူပေါ့ အဖော်ရှိသွားတာပေါ့"
‎
‎"ငါပြောပြမယ် ဒီနေ့ကကြာသပတေး နက်ဖန်ကသောကြာ ကျောင်းကနက်ဖန်တစ်ရက်ပဲတက်ရမှာ စနေနေ့သူတို့အားလားမေးကြည့်လိုက်မယ် မုန့်စားရင်းမိတ်ဆက်ကြတာပေါ့"
‎
‎အားတွင်ထိုင်နေသော မဂ္ဂကစကားဝင်ထောက်ပေးလိုက်သည်။ဆည်းဆာတစ်ချက် စဉ်းစားနေပြီးတော့
‎
‎"အဲ့ဒါလည်းကောင်းတာပဲ အပြင်မှာ လွတ်လွတ်လပ်လပ်ဆွေးနွေးလို့ရတာပေါ့ မဟုတ်ဘူးးလား"
‎
‎"ထောက်ခံတယ်သူငယ်ချင်းရေ"
‎
‎လ‌ရောင် လည်း သူ့အကို ပြောတဲ့အကြံကို သဘောကျကာ ဆည်းဆာဘက်ကိုလည်း        အပြည့်အဝထောက်ခံပေးလိုက်သည်။ရုတ်တရက်ဆည်းဆာက
‎
‎"ဟဲ့နင်တို့နှစ်ယောက်ရဲ့ မိဘတွေရော ပြန်မလာ‌ကြသေးဘူးလားး"
‎
‎"နိုးးးမလာဘူးဒီနှစ်ကုန်မှလို့ပြောတာပဲ ခြံစောင့်ကြီး ဉီးဝင်းနဲ့ အိမ်အကူ အန်တီ‌မြိုင်တို့ပဲရှိတာ"
‎
‎လရာင်လည်း သူတို့မိဘတွေအကြောင်းပြောပြလိုက်သည်။
‎
‎"သူတို့လည်းမအားလို့ပါဟာ ဘာမှမဖြစ်ဘူးးအကူအညီလိုရင် ငါ့ကိုသာဖုန်းဆက်လိုက် နင်တို့ညီအကိုနှစ်ယောက်ပဲ နေရဲတယ်အိမ်ကြီးထဲမှာ ငါဆိုမနေတော့ဘူးးကြောက်လို့ ဟားးးဟားးး"
‎
‎လရောင်လည်းဘာဆက်ပြောရမှန်းမသိ။ကြောင်လည်းကြောင်သွားသည်။သူ့ဘာသာသဘောကျပြီး သူ့ဘာသာရယ်လို့နေသည်။
‎အားတွင်မဂ္ဂဖြစ်သူလည်းပြုံးမိတော့သည်။ထို့နောက် စကားများဖောင်ဖွဲ့ပြောဆိုကာ လေးနာရီဆယ်မိနစ်လောက်တွင်ပြန်သွားတော့သည်။
‎
‎×............×............×............×............×...........×...................×............×.............×...........×..........×.....
‎
‎အခုမှပဲ ကျနော်ရင်ထဲကအလုံးကြီးကျသွားတော့သည်။အချိန်ကြည့်တော့ လေးနာရီကျော်ချေပြီ။ကျူရှင်အခုမှရောက်တယ်။အမောတောင်ဆို့မယ်။ထီးလည်းမပါဆိုင်ကယ်လည်းမပါတော့ ပြေးလာရတာ ဖက်ဖက်မောပဲ...။ဘာမှလည်းမပြောနိုင်ပေ။ကျူရှင်ရောက်တော့
‎
‎"ဟာ ဘာတွေတုန်းဟ လပြည့်ရ"
‎
‎ထိုစကားသံနဲ့အတူ ကျနော်မျက်လုံးပြူးမျက်ဆံပြူးဖြစ်ကာ အံဩသွားပြီးပါးစပ်မှ အာမေဋိတ်အသံပါထွက်သွားတော့သည်။
‎
အညွှန်း
Episode 1
Episode 2
Episode 3
‎
‎
‎
❤52🍓3❤‍🔥1😍1🐳1💯1
ကဲ့တင်ပေးလိုက်ပါပြီဗျာ အဆက်လေးတွေကို မှန်မှန်ဆက်တင်ပေးပါမယ်ဗျာ
အသဲလေးတွေပေးကြအုံး မေ့နေပြီလား🥺😔🫶
❤42🍓7🥰3❤‍🔥1
မြကျွန်းညိုမှလိပ်ပြာဝှက်တမ်း

Channel အရင်Joinပါ
https://t.me/+OcIBACkf_zZkODRl

ဖတ်ရန်Link
https://t.me/c/3475461150/4

Channel အရင်Joinပြီးမှ ဖတ်ရန်Linkကိုနှိပ်ပေးပါ

မဟုတ်ရင် ဖတ်လို့ရမှာမဟုတ်ပါဘူးရှင့်
❤️

Bl or Gl စာအုပ်လေးတွေဖတ်ချင်ရင်လည်းJoinထားပါရှင့်
🫥
Please open Telegram to view this post
VIEW IN TELEGRAM
❤81🍓9🥰2🐳2
Rec Pls🙂
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥30🍓10❤9🎉3
ကိုယ် အချစ်ဆုံးလူဟာ
ကိုယ့်ကို တကယ်မချစ်မှန်း
သိလိုက်ရတဲ့အချိန်ကြောင့်
ဘဝမှာ ရုတ်တရက်
ပျော်စရာနေ့ရက်တွေ ပျောက်ဆုံးကုန်တယ် ။

လွန်းတိမ်ညို
ချီအာဒီ
😭64❤45❤‍🔥4🍓3💯1
"သံသရာ" ပြီးတော့Bl Ficအသစ်ရေးမလို့ကို အပိုင်း၁‌ေရးပြီးသွားပြီ introရေးဖို့လမ်းပျောက်နေတာနဲ့တိုင်ပတ် ကယ်ကြဖာရှင်😔🤌
❤34🍓7
ကျနော်ကဒီထဲကadminတစ်ယောက်ပါ။ပြောစရာရှိလို့လာပြောပြတာပါ အားမနာတော့ဘူး။
ကျနော်တို့ စာပိုဒ်တစ်ခုတင်တိုင်း အောက်ကကောမန့်မှာ ကိုယ်accကိုဟက်တဲ့ လင့်တွေရှိပါတယ်။မဆီမဆိုင်တာတွေပို့နေလို့လည်း အဲ့လူတွေ ဘာမှမထူးပါဘူး။အကုန်လုံးလည်းသိတယ်။ကလိမ်ကကျစ်ညဏ်တွေနဲ့ ကျနော်တို့ချန်နယ်ထဲကသူတွေကို‌ သွေးယောင်လှည့်ဖြားပြီးလာမခေါ်နဲ့။ဘယ်သူမှ စိတ်မဝင်စားကြဘူးးး။အုံအုံလည်း လိုင်း တက်လာတိုင်းအဲ့စာတွေကိုဖျတ်ပစ်နေရတယ်။
အဲ့ဒါဒီထဲကစာဖတ်ပရိတ်သတ်လေးတစ်ဉီးတစ်ယောက်ခြင်းဆီကိုပြောချင်တာလေးက အဲ့လိုလူမျိုးတွေ့ရင် အကုန်လုံးသူ့အကောင့်ကို ပျက်အောင် Rpထုပေးကြပါဗျာ
Accခိုးတာဟက်တာခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေဗျာ
❤‍🔥32❤23🍓7🤩1
☃️ Morning ☃️

ဘာလိုလိုနဲ့ Sweet December တောင်ရောက်လာပြီ

အချ်ိန်တွေကလည်းအပြောင်းလဲ မြန်သလို

လူတွေကလည်းအပြောင်းလဲမြန်ကြတယ်

ဒီနှစ်တည်းရလိုက်တဲ့ သင်ခန်စားတွေက မနည်းမနောပါပဲ

ပျော်စရာတွေကောဝမ်းနည်းစရာတွေကော အများကြီးပါပဲ

ဘာပဲ ဖြစ်ဖြစ်ပါအနားမှာရှိပေးတဲ့သူတွေကော
ထွက်ခွာသွားတဲ့သူတွေကော ကျေးဇူးပါပဲ

နောင်တတွေရခဲ့လားလို့မေးရင်တော့ (ဟအင်း) ပါပဲ
အရာအားဟာ နောင်တရဖို့မှမဟုတ်ပဲ ဖြစ်ပျက်ခဲ့တဲ့အရာတွေကနေ သင်ခန်စားတွေရယူဖို့ပါပဲ

ကိုယ့်အနားကထွက်ခွာသွားတဲ့လူတွေကိုလည်းအပြစ်မမြင်ရက်သလို ထာဝရဘေးမာနေပေးပါမယ်ဆိုတဲ့ ကတိတွေဟာလည်းအမှန်တိုင်းယုံရမနေဘူးလေ

ကတိဆိုတာလူတိုင်းပေးတက်ပေမယ် လူတိုင်းမတည်နိုင်ကြဘူးမလား

ဘေးနားမှာအခုချိန်ထိနေနေပေးတဲ့လူတွေကိုလည်း ကျေးဇူးပါ

December လအစလေးကနေ နောက်နှစ်ပေါင်းများစွာထိပျော်ရွှင်စွာနေနိုင်ကြပါစေရှင်🌟🌟
Please open Telegram to view this post
VIEW IN TELEGRAM
❤36💘12❤‍🔥8🍓4🐳3
ဒီနှစ်ဆောင်းအရမ်းအေးတာမို့ ဂရုစိုက်ကြနော်〰️
Please open Telegram to view this post
VIEW IN TELEGRAM
❤54🍓11🐳2
ဒီဇင်ဘာလရယ် မင်းဘာဖြစ်လို့အရမ်းအေးစက်နေရတာပါလိမ့်
မင်းအေးစက်တဲ့အပြင် လူတွေကပါ မင်းလိုပဲအေးစက်သွားခဲ့ပြီ😔
ရက်စက်လိုက်တာဒီဇင်ဘာရယ်

Loon
😭71❤35💯9🍓5💘4