ပုံပြင်များ
17.4K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
ဒီနေ့ဘာနေ့လည်းသိကြလား
ေမ့နေကြပြီလား?
🕊8❤6
“၂၀၂၆ ခုနှစ် ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်သော အမေဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့အခါသမယမှစ၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ အသက်ရှည်ပါစေကြောင်း လေးလေးနက်နက် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ

အမေ၏ မေတ္တာ၊ သတ္တိ၊ ဇွဲလုံ့လနှင့် အနစ်နာခံစိတ်တို့သည် ပြည်သူလူထုအတွက် အားတက်ဖွယ် အလင်းရောင်တစ်ရပ်အဖြစ် အစဉ်အမြဲ တည်ရှိနေပါစေ။ မည်သည့်အခက်အခဲ၊ မည်သည့်စိန်ခေါ်မှုများကိုမဆို ကျော်လွှားနိုင်သည့် ခွန်အားနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုများ အမြဲတမ်း ပြည့်ဝနေပါစေ။
မွေးနေ့မှစ၍ နောင်လာမည့်နေ့ရက်တိုင်းသည် ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ စိတ်အေးချမ်းသာယာခြင်းနှင့် မင်္ဂလာအပေါင်းတို့ဖြင့် ပြည့်နှက်နေသော နေ့ရက်များဖြစ်ပါစေ။ အမေကို ချစ်ခင်လေးစားကြသော ပြည်သူများ၏ မေတ္တာနှင့် ဆုတောင်းမေတ္တာများသည် အစဉ်အမြဲ အားအင်ဖြစ်စေပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့ကို  အမေရရှိနိုင်ပါ‌စေ။

အသက် (၈၁) နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာ ကျန်းမာစွာဖြင့် အသက်ရှည်တည်တံ့ကာ မေတ္တာ၊ ကရုဏာ၊ ဉာဏ်ပညာနှင့် ငြိမ်းချမ်းခြင်းတို့၏ အရိပ်အာဝါသအောက်တွင် သာယာအေးချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေကြောင်း၊ အလေးအနက် ဆုမွန်ကောင်းတောင်းအပ်ရပါတယ်ခင်ဗျာ
❤70🍓21
"မင်းကလည်း အေးစက်လိုက်တာ" လို့ သူတို့တွေ လွယ်လွယ်လေး ပြောချင်ပြောကြလိမ့်မယ်။ ဒါပေမဲ့ အဲဒီအေးစက်မှုရဲ့ နောက်ကွယ်မှာ ဘယ်လောက်တောင် ပူလောင်တဲ့ ဒဏ်ရာတွေကို ဖြတ်ကျော်ခဲ့ရလဲဆိုတာ ဘယ်သူမှ မမြင်ကြဘူး။
ဟုတ်ပါတယ်... ကျွန်မရဲ့ ပုံစံက ဒီအတိုင်းပဲ ဖြစ်နေတော့မှာဖြစ်ပြီး ဘယ်တော့မှလည်း ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူး
ကျွန်မမှာ အတိတ်ကရခဲ့တဲ့ နာကျင်စရာ သင်ခန်းစာတွေ ရှိခဲ့ဖူးတယ်။ အဲဒီ သင်ခန်းစာတွေကို အရိုးထဲအထိ နာနာကျင်ကျင် သင်ယူခဲ့ရပြီးပြီမို့ အခုတော့ အတိတ်ကအရာအားလုံးနဲ့ အဆင်ပြေပြေ ငြိမ်းချမ်းစွာ နေနိုင်နေပါပြီ။ စိတ်ကူးယဉ်ဆန်ပြီး အရာရာကို လိုက်ခံစားနေတဲ့၊ တစ်ဖက်လူရဲ့ အလိုကျ လိုက်ပြောင်းလဲပေးတတ်တဲ့ ကလေးကလားဆန်တဲ့ မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူး။
မျက်ရည်လွယ်ပြီး လူတိုင်းအပေါ် မျှော်လင့်ချက်တွေ ထားတတ်တဲ့အရွယ်ကို ကျော်ဖြတ်ခဲ့ပြီးပြီမို့ ကျွန်မရဲ့ ရင့်ကျက်မှုက သူတို့အမြင်မှာတော့ အေးစက်တယ်လို့ ထင်ရတာ ဖြစ်နိုင်ပါတယ်။
အခုအချိန်မှာ ကျွန်မနားမှာ ဘယ်သူမှမရှိလည်း ဘာမှမဖြစ်ဘူး။ကိုယ့်ရဲ့ နေ့စဉ်ဖြတ်သန်းမှုတွေထဲမှာတင် စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေပြေ နေတတ်နေပြီ။ တစ်ယောက်တည်း ကော်ဖီသောက်ရတာ၊ တစ်ယောက်တည်း စာဖတ်ရတာ၊ တစ်ယောက်တည်း ခရီးသွားရတာတွေကအစ ကျွန်မအတွက် လုံခြုံမှုနဲ့ လွတ်လပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်တယ်။ သူစိမ်းတစ်ယောက် ဝင်လာပြီး ရှုပ်ယှက်ခတ်သွားမယ့် စိတ်ရှုပ်ထွေးမှုမျိုးတွေထက်စာရင် ဒီအေးချမ်းတဲ့ တစ်ကိုယ်ရည်ကမ္ဘာကပဲ ကျွန်မအတွက် အကောင်းဆုံးပဲ။
ကျွန်မက ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ မိန်းမတစ်ယောက်ပါ။ ဘဝကို ရုန်းကန်ဖို့၊ အောင်မြင်ဖို့ ဒါမှမဟုတ် ပျော်ရွှင်ဖို့အတွက် ဘယ်ယောက်ျားရဲ့ အားကိုးမှုကိုမှ မလိုအပ်ဘူး။ ငွေကြေးအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရဖြစ်စေ တစ်ပါးသူအပေါ် မှီခိုပြီး အသက်ရှူရတဲ့ ဘဝမျိုးကို လုံးဝအဖြစ်မခံနိုင်တော့ဘူး။ ကိုယ့်ဘာကိုယ် ရွေးချယ်ခွင့်ရှိတယ်၊ ကိုယ့်ဘဝကို ကိုယ်တိုင် ပုံဖော်နိုင်စွမ်း ရှိတယ်။
ဒါဟာ ကျွန်မရဲ့ အရှိတရားပဲ။ ကျွန်မရဲ့ အကျင့်စရိုက်၊ ကျွန်မရဲ့ အေးစက်မှုနဲ့ ကျွန်မရဲ့ ဒီလိုနေထိုင်မှု ပုံစံတွေကို တစ်ဖက်လူက အဆင်မပြေဘူး၊ အလိုက်မဝင်ဘူးလို့ ခံစားရရင်... ကျွန်မနားကနေ အချိန်မရွေး လမ်းခွဲပြီး ထွက်သွားလို့ရပါတယ်။
ဘယ်သူ့ကိုမှလည်း ဆွဲမထားသလို၊ ဘယ်သူ့အလိုကျမှလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပြီး မျက်နှာချို သွေးနေမှာ မဟုတ်ဘူး။ ကျွန်မက ဒီပုံစံအတိုင်းပဲ ဆက်နေသွားမှာဖြစ်ပြီး၊ ဘယ်တော့မှလည်း ပြောင်းလဲမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် သစ္စာရှိရှိနဲ့ပဲ ဒီအတိုင်း အေးအေးလူလူ ဆက်ရှင်သန်သွားမှာပါ။
7❤34🍓5
" ပျော်ရွှင်စရာနေ့ရက်ကလေး ဖြစ်ကြပါစေ..."



Hello

G-12 ဖြေထားသူအားလုံး မဂ်လာပါဗျ ။

28 ရက်နေ့အတွက် ရင်ခုန်နေကြပြီလားဗျ ။

လူကြီးတွေ၊ဆရာမတွေ ပြောပြောကြတဲ့ ဘဝရဲ့ အပြောင်းအလဲ တစ်ဆစ်ချိုး တစ်ခုပေါ့နော် ။

ရင်ခုန်စရာအချိန်လေးဟာဖြင့် ပိုပိုနီးလာလေ ထိုင်ရမလို ထရမလို ။
ဟိုဟာပဲ လုပ်ရမလိုလို သည်ဟာပဲ လုပ်ရမလိုလို ဖြစ်နေပြီလို့ ထင်ပါတယ် ။


" 2025-2026 ပညာသင်နှစ် G-12 ဖြေထားသူ ကျောင်းသား၊ကျောင်းသူအားလုံး အမှတ်ကောင်းကောင်း၊ ဂုဏ်ထူးအဆင့်များဖြင့် အောင်မြင်နိုင်ပါစေ ၊
ကိုယ့်တက်ချင်တဲ့ တက္ကသိုလ်ဝင်ခွင့်အမှတ်တွေ ရကြပါစေ...၊"

လို့...

ကျနော် မောင်လောင်ချိတ်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ဗျ.... ။

"28.6.26" ရက်နေ့မှာ G-12 ဖြေဆိုထားသူအားလုံး ဘဝမှာ ပျော်ရွှင်စရာအကောင်းဆုံးနေ့ရက်ကလေး ပိုင်ဆိုင်နိုင်ကြပါစေ...။

- လောင်ချိတ်
❤24❤‍🔥3🐳1🍓1
လမ်းဆုံးကို ရောက်တဲ့အထိ
ငါ မင်းနောက်ကို လိုက်နေခဲ့တယ်
ဒါပေမယ့် မင်းရဲ့ နှလုံးသားထဲမှာ
ငါ့အတွက် နေရာမရှိခဲ့ဘူး

လိုက်ဖမ်းခဲ့တဲ့ အချစ်တစ်ခု
နောက်ဆုံးတော့ လေထဲ ပျောက်သွားတယ်
ဒါပေမယ့် ငါ့နှလုံးသားကတော့
မင်းနာမည်ကိုပဲ တိတ်တိတ်လေး ခေါ်နေဆဲ...


#jett
❤32❤‍🔥11🍓3🥰1
သန္တဝတီမင်းသမီးလေး၏သစ္စာ အပိုင်း(၁)

ဟိုးရှေ့ရှေ့တုန်းကပေါ့ကွယ်....ကောပါလ လို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ပြည်ကြီးမှာ မင်းကျင့်တရားနှင့်အညီ အုပ်ချုပ်တဲ့ ဆာရာနခစ် လို့အမည်ရတဲ့ မင်းတရားကြီး အုပ်ချုပ်တော်မူသတဲ့။ဆာရာနခစ်မင်း အုပ်ချုပ်တဲ့ တိုင်းပြည်မှာရှိတဲ့ ပြည်သူ‌ပြည်သားတွေက ဘယ်အချိန်ကြည့်ကြည့်အလွန်ပျော်ရွှင် စိတ်ကောင်းထားရှိကြသူများဖြစ်တယ်။ဆာရနခစ်မှာ သားတော် ဗျစ်နခ လို့အမည်တွင်တဲ့ သားတော်လေးတစ်ယောက်ရှိသတဲ့။သားတော်လေးဟာ ငယ်ငယ်ကတည်းကတည်းက နန်းတော်မှာပဲ ကြီးပြင်းနေထိုင်ခဲ့ရပြီး မင်းသားတွေတက်မြောက်သင့်တဲ့ မြင်းစီး၊လှံပစ် စသောအတက်ပညာများကို သင်ကြားစေသတဲ့။ဒီလိုနဲ့ မင်းသားလေးရဲ့ 12နှစ်‌ပြည့်မွေးနေ့မရောက်ခင် တစ်ရက်အလိုမှာ ဆာရာနခစ်မင်းကြီးက အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ကောဝိလတိုင်းပြည်အရှင် ပြည့်ရှင်မင်းရဲ့ ညစာခေါ်ဖိတ်ခေါ်ခြင်းခံရသောကြောင့် သွားရောက်ခဲ့ရောက်သတဲ့။ ဖခင်ဖြစ်သူ မရှိတဲ့အချိန် မင်းသားလေးက နန်းတော်ထဲမှာ သူချစ်တဲ့ ‌‌မြင်းပေါက်လေးတစ်ကောင်နဲ့ ကျန်ခဲ့ရတော့တာပေါ့။မင်းသားလေးရဲ့ မိခင်ကြီးဟာ မင်းသားလေးကို မွေးပြီး နှစ်လအကြာမှာ ဆုံးပါးသွားရှာသတဲ့။ထိုကြောင့်သားတော်လေးဟာ သူချစ်တဲ့ မြင်းလေးနဲ့အတူ ဖခင်ဖြစ်သူပြန်အလာကိုစောင့်နေတာပေါ့ကွယ်။
"အရှင်မင်းသား မအိပ်သေးဘူးးလား "
ဘေးနားမှာရှိတဲ့ မှူးမတ်တစ်ဉီးက မေးမြန်းသတဲ့။
"မအိပ်သေးဘူးးး မင်းမှူးမတ်တို့ရ ကျနော် ခမည်းတော်ပြန်လာတာကိုစောင့်ရမှာဗျ "
"မင်းသားလေး အခုချိန်ကမိုးတွေရွာလေ‌တွေတိုက်နေတော့ အရှင်မင်းကြီးက အဲ့မှာနေဖို့များတယ် ထင်ပါတယ် အရှင့်မင်းသားလေး"
"အော် ရပါတယ် အခုလိုစိတ်ပူပေးလို့ မင်းမှူးမတ်ကို ငါမင်းသားကျေးဇူးတင်ပါတယ် ဒါမဲ့ ငါ့အဖေက ဒီညပြန်လာခဲ့မယ်လို့ ငါ့ကိုဂတိပေးခဲ့တယ်"
မင်းမှူးမတ်လည်း မင်းသားလေးရဲ့ ဘေးနားမှာ အစောင့်နှစ်ရပ်ထပ်မံချထားပြီး နန်းရင်ပြင်တွေ ကျန်ရှိသောအစောင့်တပ်သားများကို စောင့်ကြပ်ထားစေ၏။
ထိုညက မိုးများသည်းထန်စွာရွာလို့နေသည်။
ကောဝိလတိုင်းပြည်ကြီးဘက်တွင်လည်း ရှင်ဘုရင်များ ညစာစားပွဲများ တစ်ခန်းတစ်နားကြီးပနေကြတော့သည်။‌ပြည့်ရှင်မင်းကြီးနှင့် ဆာရနခစ် မင်းတရားကြီးတို့က ငယ်သူငယ်ချင်း များဖြစ်ကြသတဲ့။သို့သော်လည်း ဆာရနခစ်မင်းမှာ စားသောက်နေရင်း စိတ်ထဲတွင်
"အင်းးးးဒီအချိန် ငါ့သားတော် ငါ့ကိုစောင့်မျှော်နေချေရဲ့မိုးကလည်းသည်းထန်စွာရွာနေသတဲ့ ငါဘယ်လိုလုပ်ရမလဲ ခက်ပေစွ ခက်ပေစွ..."
လို့ စိတ်မချမ်းမသာဖြစ်နေသတဲ့။ထို့သိုဖြစ်နေသည်ကို ပြည့်ရှင်မင်းကြီးက သိသောအခါ
"‌အိုးးးချစ်လှစွာသော ငါ့သူငယ်ချင်းကြီး ဘာတွေများအဆင်မပြေစရာရှိလို့လဲ တစ်ခုခုများလိုအပ်နေလို့လား "
ထိုသို့မေးသောအခါ ဆာရနခစ်မင်းကြီးက
"အိုးးး ငါ့ရဲ့ ငယ်စဉ်ကတည်းက ညီအကိုရင်းချာသဘောထားရသော ငါ့သူငယ်ချင်းရေ .. ငါအခု ပြန်မှ ရတော့မှာ နန်းတော်မှာ ငါ့ရဲ့ သားတော်လေးတစ်ပါးပဲ ကျန်ခဲ့တာ သူ့ကို ဒီည ပြန်လာပါမယ်လို့ဂတိပေးထားတာ အခုက မိုးတွေကသည်းကြီးမဲကြီးရွာနေတော့ ငါအခက်တွေ့နေတာသူငယ်ချင်းကြီး"
" အိုးးးသူငယ်ချင်းဆာရနခစ်မင်း အခုချိန် မင်းသွားရင် ညကြီးမိုးချုပ် တောရိုင်းသတ္တဝါ အကြမ်းအရိုင်းမမြင်အပ်မြင်အပ်ပုဂ္ဂိုလ်တွေနဲ့ တွေ့နိုင်ချေရှိတယ် ဒါကြောင့် ဒီည ဒီမှာပဲ နားပါလို့ ငါပြောလိုတယ် မင်းတကယ်လို့ ဒီညပြန်မယ်ဆိုရင်လည်း ငါရဲ့ မှုးမတ် ၁၅၀ကို စီးတော်ယာဉ်နဲ့တကွ ပြန်လည်ပို့ဆောင်ပေးတော်မူမယ်ကွဲ့ "
ထိုသို ပြည့်ရှင်မင်းရဲ့ စကားကြောင့် ဆာရနခစ်မင်းကြီးလည်း ချက်ချင်းပြန်ဖို့ စိတ်အားထက်သန်သွားပြီး
"သူငယ်ချင်း ငါဒီညပြန်မယ် ငါ့ကို ကူညီပေးပါအုံးးး နက်ဖန် ငါ့သားမွေးနေ့လည်းရှိသေးတော့ ငါဒီညအမီပြန်မှရမယ် ငါ့ဖိတ်ကြားထားတာလည်း မမေ့ပါနဲ့အုံးးး "
"ဟုတ်ပီ့း သူငယ်ချင်း ဆာရနခစ်မင်း ငါကိုယ်တော် မင်းရဲ့သားတော် ၁၂နှစ်ပြည့်မွေးနေ့ကို လာရောက်ပါ့မယ် ...အခုတော့ နန်းတော်ကို အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်ပါစေ"
ထိုသို့ပြောပြီး ပြည့်ရှင်မင်းကြီးလည်း အစစအရာရာ စီစဉ်ပေးကာ မင်းမှုးမတ်အခြွေအရံတွေနဲ့တကွ ကောပါလ တိုင်းပြည်ကို လိုက်ပို့တော်မူစေသည်။

ကဲ့ ဘဝပညာသင်စာပေးမဲ့ ပုံပြင်လေးမအားဖြစ်တဲ့ကြားထဲကနေပြီး ရေးသားတင်ပေးလိုက်ပါတယ်နော်။အပိုင်းလေးက လေးပိုင်းပဲရှိတာပါ။ ပုံပြင်ကြိုက်နှစ်သူလေးတွေ အသဲလေးတွေပေးခဲ့ကြအုံးနော်။မေ့မသွားပါနဲ့အုံးး🫶
❤101🍓8❤‍🔥3🐳3
သန္တဝတီ မင်းသမီးလေးရဲ့သစ္စာ အပိုင်း(၂)

အချိန်ကလည်း ညနက်နေပြီဖြစ်သလို မိုးကလည်း သဲကြီးမဲကြီးရွာနေတောတာပေါ့။‌လမ်းသွားရာ ‌နေရာတိုင်းမှာ အပင်တွေက ယိမ်းယိုင်နေပြီး လေပြင်းတွေကလည်း တိုက်နေတာပေါ့ကွယ်။
ဒီလိုနဲ့ တော့အုပ်ထဲ ဝင်ပြီး လမ်းတစ်ဝက်လောက်အရောက်မှာ ဆာရာနခစ် ဘုရင်ကြီးကို သယ်လာတဲ့ ဝေါ်ယာဉ်ကြီးဟာ ရုတ်တရက်ရွေ့မရတော့ဘူးသတဲ့ မြင်းတွေကလည်း ရှေ့ဆက်မတိုးကြတော့ဘဲ ရပ်မြဲတိုင်း ရပ်နေကြတော့တယ်။
"‌အရှင် မင်းမြတ် ဘုရား ကျနော်မျိုးတော့ ဒီအချိန်ကြီး မိုးတွေရွာနေတာ အနှောက်တစ်ခု ရှိပုံပဲ အခု မြင်းတွေလည်း သွားမရတော့သလို အရှင် မင်းမြတ်ရဲ့ ဝေါ်ယာဉ်ကလည်း မရွေ့တော့ဘူးဘုရား"
ဆာရာနခစ်မင်းကြီးရဲ့ ကိုယ်ရံတော်တစ်‌
ယောက်က လျှောက်တင်သတဲ့။ဘုရင်းကြီးလည်း
"အင်း....ခက်ပေစွ..ခက်ပေစွ..နောင်တော်ပြောတဲ့စကားကမှန်နေပြီ ငါကိုယ်တော်မြတ် တစ်ခုခုလုပ်မှ ရတော့မယ် .. မင်းတို့တစ်‌တွေ စိတ်မပူကြပါနဲ့ "
ထိုသိုပြောနေစဉ် လေပြင်းမုန်းတိုင်းများ တိုက်ခက်လာတော့သည်။
ဘုရင်မင်းမင်းမြတ်ရဲ့ မလှမ်းမကမ်း အနီးတစ်ခုမှာလည်း တောင်ကျချောင်းတစ်ခုရှိသတဲ့။ထိုတောင်ကျချောင်းမှ မြစ်ရေ များသည်လည်းတစ်ဖြည်းဖြည်း မြင့်တက်လာပြီး ရေစီးနှုန်းက လည်း သန်သထက်သန်လာတော့သည်။ထိုသို ဖြစ်နေသည်ကို ရှင် ဘုရင် ကြီးမသိချေ။
ရှင်ဘုရင် မင်းမြတ်လည်း ဝေါ်ယာဉ်ပေါ်မှ ဆင်းကာ
"ဟာ..အရှင်မင်းကြီး ဝေါ်ယာဉ်ထဲပဲ နေတော်မူပါ အရှေ့မှာ မြစ်တစ်ခုရှိပါတယ် အဲ့မြစ်ကလည်း ရေတွေ အလွန်သန်နေပါတယ် နောက်ပြန်ဆုတ်မှ ရပါ့မယ် ဘုရား"
" ဒီည ပြန် ရမယ် နို့မဟုတ် ရင် ငါ့‌သားတော် ငါ့ကို စောင့်မျှော်နေရှာရောပေါ့ "
ထိုသို့ပြောနေချိန် သစ်ပင်ကြီးတစ်ပင်လဲကြလာရာ ငယ်သားတစ်ယောက်ရဲ့ ခေါထောက်ပေါ်သို ကျသွားတော့သည်။
"အားးးးးးး"
နာလွန်းလို့ အော်တဲ့အသံကြီး တစ်သံ တောအုပ်ထဲ ဟိန်းထွက်သွားတော့သည်။တပ်သားများလည်း လူစုမကွဲတစ်ကွဲ ဖြစ်ကုန်ကြနေတော့၏။
ထိုအချိန် အတွင်းပင် လေဒီပါ လို့ အမည်ရတဲ့ မှော်အတက်အောက်လမ်းကို ကျွမ်းကျင်စွာတက်တဲ့ စုန်းမကြီးတစ်ဉီးသည် မိန်းမပျိုလေးတစ်ယောက်ပုံစံဖြင့် အရှင်မင်းကြီးအနီးထံ သို့ လျှောက်လာတော့သည်။
ဘုရင်ကြီးလည်း
"အယ် အသင်မိန်းမပျို...အသင်သည် ရုပ်လေးချောပါလျက် အခုလို မိုးကြီးသဲထန်စွာရွာနေတဲ့အချိန် တစ်ယောက်ထဲ ဘာထွက်လုပ်သလဲ"
" မှန်လှ ပါ ကျတော်‌မျိုးမအတွက်စိုးမရိမ်ပါနဲ့ အရှင်းမင်းကြီးသာမကြာခင် သေရပါလိမ့်မယ် သိပ်မကြာခင် မြစ်ရေတွေက မတရားတက်လာပြီး မြွေပေါင်းများစွာကလည်း အရှင်မင်းကြီးကို ကိုက်သတ်ပါလိမ့်မယ်"
ရှင်ဘုရင်ကြီးလည်း ထိတ်လန့်သော အမူအယာဖြင့်
"အယ် ... အသင်ဘာတွေပြောနေတာပါလိမ့် နမိတ်မရှိ နမ မရှိ နဲ့ အစောင့် တပ်သားတွေ သူကို ခေတ္တခဏဖမ်းကြစမ်း"
တပ်သားများလည်း ထိုမိနိးမပျို လက်ကို ဖမ်းမည် အလုပ် ရုတ်တရက်အငွေ့အဖြစ် ပေါ်လာကာ ပျောက်သွားတော့သည်။
"ဟားးးး..ဟားးးး..ဟားးး"
ကြောက်စရာကောင်းသော ရယ်သံကြီး ထွက်ပေါ်လာသည်။
ထိုအသံကြီးနဲ့အတူ
" ဘုရင်မင်းမြတ်ကို သတိပေးခဲ့တယ်နော် ကျန်တာက ကိုယ့်အပိုင်းပဲ "
"ဘုရင်ကြီးလည်း ကြောက်လန့်ကာ ငါကိုယ်တော် ဘာလုပ်ရပါ့မလဲ"
" အရှင်မင်းကြီးကို အခုချက်ချင်း အိမ်ပြန်ရောက်အောက် လုပ်ပေးနိုင်ပါတယ် အားလုံးသော တပ်သားအပေါင်းကိုပေါ့ "
"ဟေ ဟုတ်လား ကူညီစမ်းပါ ငါကိုယ်တော်ကို ..ငါကိုယ်တော် မင်းလိုချင်သမျှ ဖြည့်ဆည်းပေးပါ့မယ်"
"ဟားးး ကြိုက်ပြီလေ ဒါဆိုရင် ကျနော် မျိုးမ တစ်နောက်ထပ် နောင်ဆယ်နှစ် ‌ရောက်ရင် ကျနော်မျိုးမ နန်းတော်ထဲ လာခဲ့ပါ့မယ် အဲ့ကျမှ တောင်းပါမယ်..."
"ကောင်းပါပြီ သင်လိုချင်တာ ငါပေးပါ့မယ် အသင်က ဘယ်သူလဲ သိပါရစေ .."
" အရှင်မင်းကြီး ကျနော်မျိုးမနာမာ်ကို မသိတာကောင်းပါတယ် အဲ့ကျမှ တစ်ခါတည်းပြောပြပါ့မယ် မင်းကြီး .. အရှင်မင်းကြီးသာအပြောနဲ့ ဂတိတည်ပါစေ မတည်ခဲ့သည်ရှိသော် တိုင်ပြည် ငတ်မွန်ခေါ်င်ပါး ကပ်ရောဂါဘေးကျရောက် ပါလိမ့်မယ် "
"ကောင်းပါပြီ ငါကိုယ်တော် ဂတိတည်ပါ့မယ်"
ထိုသို့ပြောပြီး လေဒီပါ စုန်းမကြီးလည်း လက်ဖြောင့် တစ်ချက်တီးလိုက်ကာ ....အရှင်မင်းကြီးနဲ့ တကွ မင်းမှုးမတ်အပေါင်းတို့ အားလုံး နန်းတော် ဂိတ်ဝသို့ ရောက်ရှိ လာတော့သည်။
❤48❤‍🔥2🍓1
ဘုရင်ကြီးလည်း အံဩကာ ပြုံးတော်မူနေသတဲ့။ထိုအချိန် ဘုရင်ကိုယ်စားလှယ် တစ်ဉီးက
"အရှင်မင်းကြီး ဘုရား သူတောင်းဆိုမဲ့ အရာက ဘာပါလိမ့် ဘာလို့လွယ်လွယ်ဂတိပေးလိုက်တာပါလိမ့် "
"ငါ့ရဲ့ ကိုယ်ရံတော် မင်းမှုးမတ်ရေ ငါဂတိငါ့တည့်မှာပါ သူအနေနဲ့ သူက အာဏာလား ငွေလား ဂုဏ်လား ငါအားလုံးဖြည့်ဆည်းပေးနိုင်ပါတယ် အေးဆေးပေါ့ ..ဒါတွေ ငါ့သားတော်မသိစေနဲ့ ..ဘာမှ မဖြစ်ခဲ့သလို နေကြပါ ကြားကြလား"
"မှန်လှ ပါမင်းကြီး ဘုရား "
ထိုသိုပြောကာ နန်းတော်ထဲသို တင်ကြစဉ် အားလုံးသော နန်းတော်ထဲမှာရှိတဲ့ မင်းမှုးမတ်များကလည်း အံ့ဩလိုနေကြသတဲ့။
"ဟာ မင်းကြီး ညတွင်ကြီး ပြန်လာတာပဲနော်"
"ဟုတ်တယ် မင်းကြီး မနက်ကျမှ ပြန်လာမယ် ထင်နေတာ"
အစောင့်တပ်သားတွေ တစ်ယောက်တစ်ပေါက်ပြောနေကြတဲ့ အချိန် မင်းသားငယ် ဗျစ်နခ မင်းသားလေးကြားတော်မူပြီး ခမည်းတော်ထံ အမြန်ပြေးလာတော့သည်။
"ခမည်းတော်..."
"လာပါအုံး သားတော်လေးရ "
သားအဖနှစ်ယောက်ပျော်ရွှင်နေကြတော့သည်။ မင်းသားလေးက
"ငါမင်းသားပြောသားပဲ ငါ့ ခမည်းတော်ပြန်လာမှာပါလို့ပြောတယ်မလား ဟ ဟ "
ကလေးပီပီ ဘေးနားကမှုးမတ်တစ်ယောက်ကို ဟားတိုက်လိုက်သည်။
"ခမည်းတော်လည်း ငါ့သားတော်လေးကို ဂတိတည်ရမှာပေါ့ ကဲ့ အိပ်ရာ ဝင်ကြမယ် နက်ဖန် သား အသက် ၁၂ နှစ်ပြည့်မွေးနေ့ရှိတယ် အဖေသူငယ်ချင်းတွေ လာကြမှာ စောစောအိပ်မှ ရမယ် "
"ဟုတ်ကဲ့ပါ ခမည်းတော် "
သားအဖနှစ်ယောက် စကားတစ်ပြောပြောနဲ့ အိပ်စက်ဆောင်ထဲသို့ ဝင်ကာ အိပ်ပျော်သွားကြတော့သည်။

ကဲ့တင်ပေး လိုက်ပြီးနော် နေမကောင်းတဲ့ ကြားထဲကနေ အပိုင်း၂လေးကို မနည်းရေးတင်ထားရတာနော် အားရှိအောင်အသဲလေးတွေပေးခဲ့ကြပါအုံး
ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုသင်ခန်းစားတွေ ရမလဲ နောက်လာမဲ့ အပိုင်း၃+၄ လေးကို စောင့်မျှော်ကြည့်ပါနော်ခင်ဗျ
❤84🍓5❤‍🔥4
Sex နဲ့ Love
‎
‎Sex ဟာ ခန္ဓာကိုယ်ရဲ့ ခံစားချက်တစ်ခု ဖြစ်နိုင်တယ်။
‎Love ကတော့ နှလုံးသားရဲ့ နားလည်မှုတစ်ခု ဖြစ်တယ်။
‎
‎Sex က အချိန်တစ်ခဏကို ဖြည့်ဆည်းပေးနိုင်ပေမယ့်၊
‎Love ကတော့ ဘဝတစ်လျှောက်လုံးကို အဓိပ္ပာယ်ရှိစေတယ်။
‎
‎Sex ကို ဆန္ဒနဲ့ ဆုံးဖြတ်နိုင်ပေမယ့်၊
‎Love ကိုတော့ လေးစားမှု၊ ယုံကြည်မှုနဲ့ တာဝန်ယူမှုတို့က ရှင်သန်စေတယ်။
‎
‎Sex နဲ့ Love ကို ခွဲခြားသိမြင်နိုင်တဲ့အခါ
‎လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်တွေက ပိုမိုရင့်ကျက်လာတယ်။
‎
‎ချစ်ခြင်းမေတ္တာဆိုတာ
‎ရယူဖို့ထက် တန်ဖိုးထားတတ်ခြင်း၊
‎ပိုင်ဆိုင်ဖို့ထက် နားလည်ပေးတတ်ခြင်း၊
‎ဆန္ဒတစ်ခုထက် လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို လေးစားတတ်ခြင်း ဖြစ်တယ်။
‎
‎ကျွန်နော် ဥပမာလေး တစ်ခုပြောပြမယ် အရောင်တေစွန်းနေတယ့်စာရွက်ဖြူလေးတစ်ရွက်က ဈေးဆိုင်မာ ချထားတယ်
‎
‎အဲ့တာကို၀ယ်သူတေက အမှိုက်လိုမြင်ပီး ရှောင်ဖယ်သွားကြတယ် အဲ့ချိန်မာဘဲ
‎
‎၀ယ်သူတစ်ယောက်ထပ်လာတယ် သူကတော့ အဲ့စာရွက်ဖြူလေးကို အမှိုက်လို့ မမြင်ဘဲ အနုပညာတစ်ခုလို့မြင်ပီး ဈေးကြီးပေး၀ယ်သွားတယ်
‎
‎ဒါရဲ့ဆိုလိုရင်းကိုနားလည်မယ်ထင်ပါတယ်
‎
‎#jett
❤84🍓18❤‍🔥3🐳2💯2
ကျွန်နော့်အဖွားဆုံးသွားပါပီ ဒီနေ့တင်

အဖွားကိုပြောချင်တာက ရမ်းချစ်ပါတယ် နောင်ဘ၀ကျရင်လည်း သားအဘွားမြေးဘဲမြဲဖစ်ချင်ပါတယ်ဗျာ
😭147🕊45❤14🎉2
ပုံပြင်များ pinned «ကောက်ရိုး တခု အရင်းပြု (ဂျပန် ပုံပြင်) . တခါတုန်းက ကြင်နာသနား တတ်ပြီး အလုပ်ကြိုးစားတဲ့ လူဆင်းရဲလေး တယောက်ရှိသတဲ့။ အဆင်ပြေ ချမ်းသာချင်လို့ နေ့တိုင်း ဘုရားကျောင်းမှာ သွားဆုတောင်းတယ်တဲ့။ တနေ့ကျတော့ ဆုတောင်းနေရင်း "မင်းဒီက ထွက်သွားသွားချင်း ကိုင်မိတဲ့ ပစ္စည်းကို…»
ယောကျာ်းတို့ ဇွဲသေခါမှလျှော့တဲ့

ဘာဖြစ်လဲ သည်တစ်ယောက် ငြင်းတော့

နောက်တစ်ယောက်ပေါ့

နောက်တစ်ယောက် ထပ်ငြင်းတော့ နောက်ဆယ်ယောက်ပေါ့...

တစ်ရာမှာ တစ်ယောက်မရရင်

တစ်ထောင်မှ တစ်ယောက်ပေါ့

တစ်သောင်းမှာ...တစ်ယောက်...

တစ်နေ့တစ်လံ ပုဂံ ဘယ်ရွေ့မလဲ ငါ့ကောင်ရာ...

ဘနားနား ဆိုထားသလိုပေါ့

" အရှုံးမပေးနဲ့ ကြိုးစား.."

- လောင်ချိတ်
1😁37❤21❤‍🔥4🎉4🤩1💯1
အချစ်ဟာ
မီးတစ်ခုဆိုရင်
မျှော်လင့်ချက်ဟာလောင်ဆာပါပဲ

မယ်ညို။
ပြာ
8❤26❤‍🔥24😭12🕊5🍓4🎉1
Kpay က ညညဆိုဒုက္ခတေပေးတယ်ဟ😭

ဘာလို့ချစ်မိသွားတာလဲတယ့်

အဲ့တာကို ကိုယ်တော့မသိဘူး သူများတေပြောတာတော့ အပြုံးလေးက လှလို့ ရုပ်လေးကချောလို့ စိတ်ထားလေးကောင်းလို့

စတယ့်ကြောင်းပြချက်ကိုယ်စီရှိကြတယ်

ကျော်ကျတော့ မင်းကို ဘာလို့ချစ်မိသွားလဲကိုမသိတာ မင်းဖစ်နေလို့ဘဲလား ဒါမှမဟုတ်

ဘာလို့ချစ်မိသွားလဲဆိုတာမသိတာကမှ ချစ်လား l don't know however မင်းပြုံးရင်ကိုယ်ပျော်တယ်

မင်း၀မ်းနည်းရင်ကိုယ်၀မ်းနည်းတယ် မင်းကိုမတွေ့ရတယ့်ချိန်တေဆို စက္ကန့်တိုင်းကိုရေတွက်နေမိတယ် ဒါကိုလူတေကချစ်လို့ခေါ်ကျတာလား😔

#jett
Please open Telegram to view this post
VIEW IN TELEGRAM
❤‍🔥27❤24🐳5💯5
"Jul 19 "

(အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းဆွတ်တမ်းတလျက်...)

-ကမ္ဘာဟာ မပျက်သေးပါဘူး

ဒါပေ့မယ် ကျနော်တို့တွေ

ယနေ့လို

ရက်မျိုး ရောက်တိုင်း...

ကမ္ဘာပျက်ကြရတယ် ။

-တုတ်ကြီး
❤63😭30❤‍🔥7🍓3🐳2
အတိတ်သမိုင်း

လူသေရင်တောင်
နာမည်မသေတဲ့ သမိုင်းဟာ...
၁၉ ဇူလိုင်တဲ့လား....

ရာသီစက်ဝန်းဟာ
တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်နဲ့
အသက်တွေကို ဖက်နဲ့ထုပ်ထားရင်း...

၁၉ ဇူလိုင်ကို ရင်ထဲက
မျက်ရည်တွေနဲ့ ကြိုဆိုမိပြန်တယ်။

မေ့မရတဲ့ သမိုင်းဟာ ၁၉ ဇူလိုင်..
မေ့မရတဲ့ အာဇာနည်ဟာ ၉ဦး...

ဗိုလ်ချုပ်ကို ရှေ့မှာထားလို့
ကျန် ၈ဦးကို ဂါရဝပြုရင်း
အတိတ်သမိုင်းဆီ တစ်ကျော့
လည်ကာငေးလို့ လွမ်းမောရဦးမယ်။

နိုင်ငံရဲ့ သမိုင်းဟာ
အတိတ်ရဲ့ သမိုင်း
၇၉နှစ်တိုင် ၁၉ ဇူလိုင်...။

- လိပ်ပြာ
❤44😭41❤‍🔥13🍓6💯3
Grade 12 ဖြေပြီးတဲ့ အကိုအမတွေဆီကနေ ကျနော် လွန်းက MOTi လေးတွေ လိုချင်ပါတယ် တစ်ခြားသူတွေလည်း အပန်းမကြီးရင် ပြောခဲ့ပေးပါနော်ဗျ။လွန်း စိတ်ဓာတ်ကျနေလို့ပါ
ဘာသာတွေထဲမှာ အခက်ခဲဆုံး ဘာသာကိုလည်းပြောပြခဲ့ပေးပါအုံးဗျ😭
1❤34🍓6
တစ်ချို့စည်းတွေက
ကျော်ဖို့ မဟုတ်ဘူး
စောင့်ဖို့
1❤64
တစ်ခါတစ်လေတော့လည်း
ဘဝကြီးကဟာသတစ်ခုလိုပဲ
ကိုယ်မပိုင်ဆိုင်ထားတဲ့ အရာတစ်ခုကို
လိုက်ပြီးချုပ်ချယ်သဝန်တိုမိနေတာ
1❤59❤‍🔥14
Please open Telegram to view this post
VIEW IN TELEGRAM
❤5