ATK Myanmar Food (Philippines)
675 subscribers
1.64K photos
81 videos
35 links
Order on telegram @Myanmarfoodph

မနီလာမြို့ရဲ့ တခုတည်းသော တရားဝင် မြန်မာအရသာစစ်စစ် စားသောက်ဆိုင် 🇲🇲
Restaurant & Cloud Kitchen providing authentic Myanmar food 💛

Facebook: www.facebook.com/atkmyanmarfoodph
Download Telegram
ဆိုင်ဖွင့်ပါပြီ

ဆိုင်မဖွင့်ခင် အစောကြီးထဲက central kitchen ကဆိုင်အတွက်လိုတာတွေနဲ့ ထမင်းဂျိုင့်ဆွဲစားသူတွေအတွက် စတင်ချက်ပြုတ်ရပါတယ်။

ဒီလို ဟင်းအရမ်းကောင်းတဲ့နေ့မျိုးကျ ထမင်းဂျိုင့်သမားတွေစားတာပဲ ကိုယ်တွေလဲ လိုက်စားဖြစ်တယ်။

ဆိုင်ကဟာတွေအရမ်းစားကောင်းတယ်ထင်နေကြရင် ထမင်းဂျိုင့် meal ကိုတော့မမှီပါ။ တခုချင်းကောင်းတာထက် ဟင်းအတွဲအစပ်လေးတွေကအသက်။ ၁၆ ရက်ကစပြီး လဝက်စမ်းစားချင်သူတွေဆက်သွယ်လို့ရပါတယ်။

📸 ပုစွန်နဲ့မကျည်းသီးထောင်းအစပ်ကြော်

ရွှေဖရုံ + မြန်မာပုစွန်ခြောက် အချိုချက်

ကြက်ဥမွှေကြော်

သူတို့အတွက်က ဒန့်သလွန်ရွက်ဟင်းခါးလေးပါပါသေး။ ရှလွတ်ကြီးပါ 😋
❤2🤩2
This media is not supported in your browser
VIEW IN TELEGRAM
ဒီည ထမင်းစားမလား? ခေါက်ဆွဲလား?
❤2👍1
ကဲ ညဘက် ဘာစားကြမလဲ ဖိလစ်ပိုင်ရောက်ချစ်မြန်မာများရေ ..

ပုံကတော့ မကျည်းသီးဟင်း ရိုက်ခတ်မှုလား .. ထမင်းလပေးစားဖို့လာမေးသူတွေအတွက် info လေးပါ။ အသေးစိတ်လဲတယောက်ချင်းလာမေးလို့ရပါတယ်။ အလုပ်ရှုပ်နေလို့ချက်ချင်းပြန်မဖြေဖြစ်ရင် အချိန်မရွေးစာပြန်လို့ရမယ့် personal acct လေးထားခဲ့ပေးပါ။

အားလုံးကိုကျေးကျေး ညနေခင်းလေးတွေ လှပကြပါစေ 🤍
❤2👍1
ဆိုင်ဖွင့်ပါပြီဂျို့ ဦးဦးဒေါ်ဒေါ်တို့ …
❤3
၅ နှစ်အတွင်းမှာ အမှတ်တရများစွာ ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။ 💛❤️🤍 25 ရက်မှာလည်း အမှတ်တရ တွေထပ်ဖန်တီးကြမယ်။

——//——

*သီတင်းကျွတ်ဖိတ်စာ*

တချို့က ဖောက်သည် .. သစ္စာရှိ

နာမည်နဲ့လူကျ .. မတွဲမိ။

သူ့ အကြောင်းစုံလား? ကိုယ်မသိ …

Telegram ပေါ်တော့ အရမ်းရင်းနှီး။

တချို့ကျ ပထမပိုင်းမှာ ကာကာ ပဲ ..

နောက်ပိုင်းကျမှ ဒါဒါတွေပေါ့ ဖြစ်လာခဲ့။

အကြံတွေပေးရင်း ပြသာနာတွေရှင်း

အတူတူဆိုခဲ့ကြတဲ့ အလွမ်းပြေသီချင်း။

အသံကုန်ဟစ်ပြီး ကဲခဲ့ကြတဲ့ ပွဲတော်များ ..

ညနက်တဲ့အထိ စကားတွေပြောရင်း ပဲလှော်စား …

တချို့ကျလဲ ကျေးဇူးကန်းပြီး ဒဲ့စော်ကား

အဲ့တော့ ဆီပူပူမှာ ကြုံကြိုက်လာရင် ထည့်ကြော်ရ !

အတူရီခဲ့ရ၊ အတူငိုခဲ့ကြ ..

အတူတူကခုန်ရင်းနဲ့ စိတ်ဒဏ်ရာကုသ။

တချို့ကိုပြန်မတွေ့တော့ပါ ရေမြေခြား

အသစ်ရောက်လာတဲ့လူတွေနဲ့ ထပ် ပေတေကြ။

ဘာပဲပြောပြော ချစ်မိပါတယ် အားလုံးကို ..

ကိုယ့်အပေါ်မှာ မကောင်းစိတ်ထားတောင် တအားမမုန်းလို။

တကယ်တော့ မွေးမြေ အဝေးမှာ အားတွေငယ်

ဟန်ဆောင်ထားတဲ့ မာနတွေကြား အမှားတွေနဲ့။

ဘာပဲဖြစ်ဖြစ် တွေ့ကြမယ်ကွာ သီတင်းကျွတ်ပွဲမှာ

စိတ်ညစ်တာတွေ ပျောက်သွားတဲ့အထိ မင်းလွှတ်ကဲပါ

တယောက်ထဲလား စိတ်မပူနဲ့ ကြောက်နေလားကွာ

မြန်မာဆိုရင် သူငယ်ချင်းပဲလို့ (အားလုံးက) စောင့်နေကြမှာ

အောက်တိုဘာ နှစ် ငါး .. ညနေ ခြောက်နာရီ..

မီးရောင်စုံတွေကြား (သူငယ်ချင်း) မင်း အရောက်လာခွီ!

ညသန်းခေါင်ထိ ကဲကြမယ်ကွာ ဘယ်သူ့မှ အားမနာ

မြန်မာစာတွေ ဗိုက်ပေါက်တဲ့အထိ လုကာ စားမှာ

လူစုသာထားပါ

အနုပညာသမားလား

ပွဲမတိုင်ခင် အသံလေး တချက်တော့ ဥတာ မမှားပါ!

မီးထွန်းဖို့ယူလာခဲ့နော် လျှစ်စစ်ဖယောင်းတိုင်

ပျော်ပျော်ရွှင်ရွှင် တီးကြရအောင် တယောက်က မောင်းကိုင်

မောင်/မယ် မရွေးခင် ကံစမ်းမဲတွေ ဖောက်ကြမှာပေါ့ …

မကျည်းရည် နဲ့ လဖက်ရည်တွေလည်း သောက်ကြတာပေါ့!

နောက်မှလာမပြောနဲ့

ယောက်ဖ ဘာသဘောလဲ

တယောက်မှ လာမပြောခဲ့ လို့

ဖောက်ကြမှာ မောတယ်!

ဒါကြောင့် …

ဖိတ်တယ် ကြားတယ် ခုထပ် အော်ကာ ဟစ်

မင်းမလာဘူးဆို အဲ့ဒါ ဘော်ဒါ မစစ်!

Memory တွေ ဖန်တီးကြမယ် မပျက်မကွက် လာခဲ့ပါ

မျှော်နေကြမယ့် တို့တွေကို ထည့်တွက်ကာ ငှဲ့ညှာ!

See You All on 25th

ATK Family 🤍

မှာစားဘူးပြီးဖိတ်စာမရသေးသူများဆက်သွယ်ပေးပါ။ ကြိုးစားတော့ ရသလောက်ဆက်ပို့ပေးနေပါတယ်။ မစားဘူးလည်း ဝင်ပေါက်မှာ လက်ပတ်ဝယ်ပြီးတက်လာခဲ့လို့ရပါတယ်။
❤5🥰3❤‍🔥2
This media is not supported in your browser
VIEW IN TELEGRAM
ဆိုင်ဖွင့်ပါပြီ .. မနက်ဖြန်လဲဆိုင်ပိတ်မယ်။ ဒီညလဲ ၉ နာရီလောက်ပိတ်မယ်ဆိုတော့ မပိတ်ခင် ဘာတွေ လာစားကြမလဲ မှာစားကြမလဲကွယ်?
❤2👍2
This media is not supported in your browser
VIEW IN TELEGRAM
ဆိုင်ပြန်ဖွင့်ပြီနော့ ၊ မှာကြတော့ လာကြတော့ပေါ့ 🤍
❤2🤩1
This media is not supported in your browser
VIEW IN TELEGRAM
ဆိုင်ဖွင့်နေပြီတော့ .. လာမယ် မှာမယ် စားမယ် သောက်မယ် ချစ်ချစ်တို့ရေ …
❤3
ကဲဘာမှာစားကြဦးမလဲဒီည?

သီတင်းကျွတ်ပွဲကတော့ ၃ ရက်ပဲလိုတော့တယ်နော်။ တို့မြန်မာတွေအားလုံးဆုံချင်တယ် အားလုံးကြိုးစားလာကြပါ။

အစားအစာပိုင်းကတော့ ကျွေးမှာရှိသလို မီနူးထဲပါတာရော မပါတာရော ရောင်းပေးဦးမှာပေါ့။ ဘူးသီးကြော်၊ သင်္ဘောသီးထောင်း၊ စမူဆာသုပ်တွေမျှော်လင့်လို့ရပါတယ်၊

ကံစမ်းမဲနဲ့ တခြားပျော်စရာတွေလဲရှိမယ်။ ဂစ်တာတွေဘာတွေချမယ့်လူတွေလဲယူလာပေါ့ရတယ်။ လာမယ့်လူတွေလဲ စာရင်းလာပေးကြပါဦး ကံစမ်းမဲထဲပါအောင်၊

ဖိတ်စာကတော့ လူမစုံလောက်တော့ပါ။ receipt or မှာဘူးတဲ့အကောင့် or နာမည်လေးတွေနဲ့ ဖိတ်စာလာတောင်းကြပါ၊ အကုန်ပို့ပေးပါ့မယ်နော်။ ထပ်ရှာပြီးလည်း ဆက်ပို့ပေးနေပါ့မယ်။

မှာစားဘူးပြီး မဖိတ်ဖြစ်တာတွေရှိရင် ခွင့်လွှတ်ကြဖို့ အနူးအညွ?တ်တောင်းပန်ပါတယ်၊ ဖိလစ်ပိုင်ရောက်မြန်မာအားလုံး လွတ်လပ်စွာ လာဆင်နွှဲလို့ရပါတယ်။ ဖိတ်စာမပါရင် စတုဒီသာနဲ့ကံစမ်းမဲအတွက်လက်မှတ်ဝယ်ပြီးတက်လာလို့ရပါတယ်။ customer ဖြစ်နေရင်တော့မဝယ်စေချင်တာမို့လှမ်းတောင်းပေးကြပါဦးဖိတ်စာ။

ကျေးဇူးပါ။ see u all!
❤3
OMG သီတင်းကျွတ်ပွဲရောက်ဖို့ ၂ ရက်ပဲလိုတော့တယ် :D

ပျော်ကြမယ်နော် ချစ်မြန်မာ သယ်ရင်းများ

လာဖို့ လိပ်စာ နဲ့ directions ဒီမှာကြည့်ပါ။

ATK Myanmar Food လို့သာရှာလိုက် Google, Waze, Grab, Joy ride, in drive app, green GSM app တိုင်းမှာပေါ်ပါတယ်
❤3👍1
ကံစမ်းမဲအပြင် သီတင်းကျွတ်မောင်၊ မယ် နဲ့ super special customer ဆုတွေဘယ်သူတွေ ဆွတ်ခူးကြမလဲ?

ကိုယ့်ကိုထမင်းကျွေးနေတဲ့ customer တိုင်းကတော့ special customer တွေချည်းပါပဲ၊ စပယ်ရှယ်တွေမို့ စိတ်၊ ကိုယ် အပင်ပန်းခံပြီး ဒီလိုပွဲတွေ စီစဉ်ပေးတာပါ။

အသိအမှတ်ပြုတယ် လုပ်ပေးရကျိုးတန်တယ်လို့ ကျေနပ်စေချင်တယ်ဆိုရင် ဘာလုပ်ပေးရမလဲဆိုတော့

မဖြစ်ဖြစ်အောင်လာပါ၊ တယောက်ထဲဖြစ်နေလဲထွက်ခဲ့ပါ။

ရောက်လာပြီဆို အကုန်မေ့ပြီး တညတာလေးမှာ အစွမ်းကုန်ပျော်ပေးပါ။

အဲ့ ၂ ခုပဲတောင်းဆိုချင်ပါတယ်။

ခုလောလောဆယ်နဲ့ မနက်ဖြန်နဲ့ သဘက်ခါပွဲချိန်ရောက်တဲ့အထိကတော့ ဘာစားကြမလဲ? ဆိုင်ဖွင့်ပါတယ်နော်။ အားပေးကြလို့ရပါတယ်🤍
❤3🥰1😍1
ဆိုင်ဖွင့်ပါပြီ .. မနက်ဖြန်ညနေ ၄ နာရီအထိပုံမှန်အတိုင်းမှာလို့ရပါတယ်..

သီတင်းကျွတ်ပွဲမှာ ပျော်ကြရဖို့ကတော့ တရက်ပဲလိုပါတော့တယ်။အိပ်ချိန်မရှိအောင် ပြင်ဆင်နေပါပြီ.. တချို့ဟာလေးတွေပြီးနေပါပြီ .. ကုန်ခြောက်အမျိုးအစားအသစ် ငါးပိကြော် debut လုပ်နိုင်ဖို့လဲ လုပ်နေကြပါပြီ။


ပျော်စရာတွေ အများကြီး စီစဉ််ထားပေမယ့် (မေးနေကြလို့) မီးပန်းဖောက်ဖို့တော့မပါပါဘူး.. ဖောက်ချင်ရင်ယူလာလို့ရပါတယ် …

နှစ်သက်ရာဝတ်လာလို့ရပါတယ် .. နွေးထွေးလုံခြုံတဲ့နေရာမှာ မိတ်ဆွေသူငယ်ချင်းတွေ ပျော်ကြမယ့်ပွဲမို့ ဘာသတ်မှတ်ချက်မရှိပါ။ ဘီယာ ဘာညာကအစ စီစဉ်ထားလို့ ပြင်ပအစားအသောက်တွေယူမလာဖို့နဲ့ ဆေးလိပ်သောက်လို့ရတဲ့နေရာလေးတွေမှာဆေးလိပ်သောက်ပေးကြဖို့တခုပါပဲ။

ကျန်တာတော့ အစွမ်းကုန် ပျော်ပေးကြဖို့ပဲ အဓိကပါ..

ဖိတ်စာပေါ်ကလူ နဲ့ လူစာရင်းပေးထားသူတွေပဲ အခမဲ့ဝင်လို့ရမှာမို့ လာမယ်ဆို ဖောက်သည်တိုင်းဆက်သွယ်ပေးကြပါ။ ဖိတ်စာချက်ချင်းပို့ပေးပါ့မယ်…

နောက်ဆုံးအနေနဲ့ကတော့ ATK ပွဲတွေရဲ့ထုံးစံအတိုင်း ပွဲစီစဉ်သူတွေ ဘာမှသိပ်ရိုက်နိုင်မှာမဟုတ်လို့ ဓါတ်ပုံ video လေးတွေ ရိုက်ထားပြီး ပွဲပြီးရင် ပို့ပေးကြပါ။

အားလုံးဆုံတွေ့ပျော်ရွှင်ကြမယ်နော်…
❤2🥰1
ဒီညအစီအစဉ်လေးပါ။ ဖယောင်းတိုင်လေးတွေမမေ့နဲ့နော်၊ အားလုံးတွေ့မယ် ဆုံမယ် ပျော်မယ် ပါးမယ်။ memory လေးတွေ အတူတူဖန်တီးကြမယ် 🤍❤️

Can’t wait to see you all!
Please open Telegram to view this post
VIEW IN TELEGRAM
❤3🤩1👌1
Live stream finished (38 seconds)
Live stream finished (4 minutes)
This media is not supported in your browser
VIEW IN TELEGRAM
မနေ့ကလာကြတာ
ရော လက်ဆောင်တွေပေးကြတာရော အရမ်းကိုကျေးဇူးတင်ပါတယ်။ အစားအစာ သစ်သီးတွေ ပေးသူတွေကုသိုလ်ရအောင်ဆွမ်းကပ်ပေးဆုတောင်းပေးပါတယ်။

ညနေ ၆ - ည ၉ မှာ ရောက်လာပြီးပြန်သွားကြရသူတွေနဲ့ ဓါတ်ပုံလေးရိုက်ပြီး သေချာတောင် စကားမပြောရ၊ ကျေးဇူးမတင်ရ၊ အစားအစာတွေနှောင့်နှေးရတာတွေ အထူးတောင်းပန်ပါတယ်။ နောက်ကွယ်မှာဖြစ်သွားရတဲ့ အဆင်မပြေသော တနေ့လုံး ကိစ္စတွေနဲ့ အပြစ်မရှောင်ပါဘူး။ လိုအပ်တာတွေ အတွက်တောင်းပန်ပါတယ် တကယ်။

ရှေ့လျှောက် အားလုံး ပြည့်စုံ ပျော်ရွှင်ရဖို့ နှစ်ဆတိုးကြိုးစား သွားမှာပါ။ မနေ့က မြန်မာသီချင်းတွေ ဆိုကြပျော်ကြတာ ကြည်နူးမိလို့ ကာရာအိုကေ ညတွေ လဲအပတ်စဉ်လုပ်ပေးသွားပါ့မယ်။

Happy Thadingyut ပါ 🤍❤️💛

ကျေးဇူးတင် တောင်းပန်လွှာအပြည့်အစုံ

https://www.facebook.com/share/v/1Ds7p9ZfBh/?mibextid=wwXIfr

PS ထုံးစံအတိုင်း ဓါတ်ပုံ video တွေက မရှိသလောက်ပဲမို့ အဆင်ပြေရင် အစောပိုငးပုံလေးတွေတချက်ပို့ပေးကြပါဦး
❤5🥰2