BBC News မြန်မာ
✔
39.9K subscribers
6.53K photos
877 videos
4 files
6.74K links
နောက်ဆုံးရ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများကို တင်ဆက်ပေးနေသော ဘီဘီစီမြန်မာပိုင်း ​၏ တရားဝင်တယ်လီဂရမ် ချန်နယ် ဖြစ်ပါသည်။

https://www.bbc.com/burmese
Download Telegram
UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက '' ဝ'' အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းရေးမူဘောင်အတွင်းကနေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပန်ဆန်းမြို့မှာ “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) နဲ့ နေပြည်တော်ရဲ့ NSPNC ( အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ) တို့ နိုဝင်ဘာ ၄ ရက်မှာ တွေ့ဆုံချိန် အဲဒီလိုပြောတာလို့ ဆိုပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqj34d2ymrjnt?at_campaign=ws_telegram
💩17❤6🤣6🤮4🖕2👎1
မြန်မာ့သနပ်ခါးကို ယူနက်စကိုရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် Evaluation အဖွဲ့ (Evaluation Body) က ကနဦးသတ်မှတ်လိုက်ပြီလို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (MCHT) ဥက္ကဋ္ဌ ‌ဒေါ်စန္ဒာခင်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ့သနပ်ခါးကို ယဉ်ကျေးမှုဓလေ့(Practice of Thanakha Culture in Myanmar) အဖြစ် ယူနက်စကို စာရင်းမှာ ထည့်သွင်းနိုင်ဖို့ အဆိုပြုထားတာ ၂၀၂၅ ခုနှစ်ကတည်းက ဖြစ်ပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqj34d2ymrjnt?at_campaign=ws_telegram
❤43👏7👍5🔥1
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ဘွန်းခရိုင်က ကုန်လှောင်ရုံတစ်ခုမှာ နာမည်ကြီးအလှကုန်ပစ္စည်းအတုအရေအတွက် ၁၅,၀၀၀ ကျော်ကို နိုဝင်ဘာ ၃ ရက်မှာ ဖမ်းမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

အဲဒီဖမ်းဆီးမှုမှာ မြန်မာလုပ်သား ၈ ဦးနဲ့ တရုတ်အလုပ်သမား တစ်ဦးကိုလည်း ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

သုံးစွဲသူတွေဆီပေးပို့ဖို့ ထုပ်ပိုးထားတဲ့ ပါဆယ်အထုပ်ပေါင်း ၁,၀၀၀ ကျော်လည်းတွေ့ခဲ့ရပြီး အဲဒီထဲမှာ ၂၁ ထုပ်ကတော့ သုံးစွဲသူတွေဆီ ပေးပို့တဲ့လမ်းမှာရောက်နေပြီလို့ ထိုင်းရဲတပ်ဖွဲ့က ကပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cqj34d2ymrjnt?at_campaign=ws_telegram
👍9❤3🔥3
အမေရိကန်ရဲ့ မြန်မာ့အရေးမဟာဗျူဟာသစ်မှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို တန်ပြန်မယ်လို့ဆိုထားပေမဲ့ လက်တွေ့မှာ တရုတ်ကိုကျော်လွန်နိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။

အမေရိကန်အနေနဲ့ မြန်မာ့မြေပေါ်မှာ "တရုတ်နဲ့အမေရိကန် ကြိုက်တာရွေး" ဆိုတဲ့ ပုံစံမျိုးနဲ့ ချဥ်းကပ်မှာမဟုတ်ဘူး လို့ ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။

အမေရိကန်အေဂျင်စီတွေအနေနဲ့လည်း မြန်မာ့အရေးမှာ တရုတ်ထဲထဲဝင်ဝင် ပါဝင်နေသလိုမျိုး မလုပ်နိုင်တာကို ရှင်းရှင်းလင်းလင်းနားလည်ထားကြတယ် လို့ သူက ပြောပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cm0rleyp1nr9o?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
💩12🖕4👍3❤2🔥2
ရွေးကောက်ပွဲညက ဒီမိုကရက်တွေအတွက် အိပ်မက်တစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဇန်နဝါရီလရောက်ရင်တော့ လက်တွေ့အခြေအနေကို ရင်ဆိုင်ရပါတော့မယ်။

အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းစစ်ဆေးမယ်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားသောက်ကုန်နဲ့ ဓာတ်ဆီစရိတ်တွေ လျှော့ချမယ်၊ အီရန်စစ်ပွဲကို ထိန်းချုပ်မယ်ဆိုပြီး မဲဆွယ်စည်းရုံးရေးကာလအတွင်း လပေါင်းများစွာ ကတိပေးခဲ့ပြီးနောက် အခုတော့ အဲဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပိုပြီးခက်ခဲတဲ့လုပ်ငန်းစဉ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။

ဝါရှင်တန်မှာ အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားတယ်ဆိုတာနဲ့ ဒီမိုကရက်တွေဟာ သူတို့ လိုချင်တဲ့ ဥပဒေပြုရေးအစီအစဉ်စာရင်းထဲက အချက်တွေကို ချက်ချင်းစတင်အကောင်အထည်ဖော်နိုင်မယ်လို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။

ဒီမိုကရက်တွေက ကွန်ဂရက်ကို ထိန်းချုပ်ထားပေမဲ့ ရီပတ်ဘလီကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဥပဒေကြမ်းတွေကို ပယ်ချနိုင်တဲ့အာဏာ ရှိနေဆဲဖြစ်ပါတယ်။
ဆိုတော့ ဒီမိုကရက်တွေ လုပ်နိုင်မှာ ဘာတွေရှိလဲ၊ ဘာတွေ မလုပ်နိုင်မှာရှိလဲ။

အပြည့်အစုံ ဖတ်ရှုရန် - https://bbc.in/4iqiBDT?at_campaign=ws_telegram
❤16👍11🤮2🔥1
ဂျပန်အစိုးရအနေနဲ့ မြန်မာကို FATF ရဲ့ အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့တာမရှိဘူးလို့ ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းက ‌ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာကို FATF (ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့)စာရင်းကနေ ဖယ်ရှားပေးဖို့ ထောက်ခံတဲ့နိုင်ငံတွေထဲမှာ ဂျပန်လည်း ပါဝင်တယ်လို့ သတင်းတွေကို ဂျပန်အစိုးရက အခုလိုငြင်းဆိုလာတာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်ကနေ ၃၀ ရက်အထိ ကျင်းပခဲ့တဲ့ ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့(FATF)ရဲ့ မျက်နှာစုံညီ အစည်းအဝေးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်တဲ့ ဗဟိုဘဏ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cm3ell19z52xt?at_campaign=ws_telegram
❤20🤣8👍4🔥1💩1
လာမယ့် ၂၀၂၇ ခုနစ်၊ ဧပြီ ၄ ရက်နေ့မှာ လွှတ်တော်သုံးရပ်ပေါင်းက လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို မနေ့ ညပိုင်းက ကြေညာပါတယ်။

အစိုးရအဖွဲထဲရောက်သွားသူတွေကြောင့် လစ်လပ်သွားတဲ့မဲဆန္ဒနယ်တွေရော၊ နယ်မြေလုံခြုံရေးကြောင့်မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေလည်း ပါလာတာတွေ့ရပါတယ်။ ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်တွေထဲမှာ ဒုသမ္မတ ဦးညိုစောရဲ့ ရန်ကုန်က ကိုကိုးကျွန်းမြိုနယ်လည်းပါသလို နေပြည်တော်က ဇဗ္ဗူသီရိ၊ဥတ္တရသီရိနဲ့ ဒက္ခိဏသီရိမြိုနယ်တွေလည်း ပါဝင်ပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cm3ell19z52xt?at_campaign=ws_telegram
🤣20💩7🖕5❤2🔥1😁1
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက ဖုန်းဆိုင်တစ်ဆိုင်ကို မနေ့က လူ ၂ ဦးထက်မနည်းပါတဲ့ အုပ်စုတစ်စုက ဓားပြတိုက်မှုမှာ ဆိုင်ရှင်ဇနီးမောင်နှံ ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတချို့က ဘီဘီစီကို ပြောပါတယ်။

ဓားပြတိုက်တဲ့အုပ်စုမှာ “သေနတ်တွေပါတယ်၊ ဆိုင်ရှင်အမျိုးသမီးက အပြင်ထွက်အော်ပြီး အကူအညီတောင်းလို့ သေနတ်နဲ့ ပစ်လိုက်တာ” လို့ သိရတဲ့ အကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cm3ell19z52xt?at_campaign=ws_telegram
😢25❤3🥰3👍2🔥2💩1
ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်ထဲကို စစ်တပ်က မနေ့နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်သည်တစ်ဦး သေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နောက်ထပ် ဒေသခံ ၁၂ ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သူက ဆိုပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cm3ell19z52xt?at_campaign=ws_telegram
😡14🤣5😢4🤬2❤1👏1
နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်စုးကြည်နဲ့ သားဖြစ်သူတို့ ဖုန်းပြောခွင့်ရခဲ့တဲ့အကြောင်းကို ပြည်ထောင်စုလွှတ်တော်မှာ လူ့အခွင့်အရေးကော်မရှင်ရဲ့အစီရင်ခံစာကို ဆွေးနွေးကြရင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထည့်သွင်းဆွေးနွေးသွားတာပါ။

“ဒေါ်စုကြည်က ဖုန်းဆက်လို့ရပြီးတော့ ကျန်တဲ့အကျဉ်းသားတွေက ဖုန်းဆက်ခွင့်မရဘူးဆိုရင် ကော်မရှင်က ထောက်ပြသင့်တယ်” လို့ သူက မနေ့က အစည်းအဝေးမှာ ပြောလိုက်တာပါ။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cm3ell19z52xt?at_campaign=ws_telegram
😁16🤣5❤3👏3🔥1🍌1
စစ်ကိုင်း - ကချင်အစပ်၊ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် မော်လူးမြို့အနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်ရှိနေတယ်လို့ မော်လူးမြို့ခံတစ်ဦးက ‌ဒီနေ့ မနက်ပိုင်း ပြောပါတယ်။

'' မနေ့က တော်တော်ဆိုးတယ်၊ ကျွန်မဆိုင်နားတင် ဒရုန်းကျတာ၊ မြို့ထဲမှာလက်နက်ကြီးကျည်နဲ့ ဒရုန်းထိတာတော်တော်များတယ်၊ အရင်နေ့ထက်စာရင် ဒီမနက်တော့ငြိမ်နေတယ်၊ ဒါပေမဲ့ မြို့ အခြေအနေကတော့ မ‌ကောင်းပါဘူး။ လန့်နေရတာပဲ'' လို့ အဝတ်အထည်ဆိုင်ဖွင့်ထားတဲ့ မော်လူးမြို့ခံကပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.bbc.com/burmese/live/cm3ell19z52xt?at_campaign=ws_telegram
👍13❤3🔥2
အီရန်စစ်ပွဲကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဟက်ဂ်ဆက်သ်ကို အစားထိုးဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ အမေရိကန်မီဒီယာတွေက ဖော်ပြကြပါတယ်။ အီရန်စစ်ပွဲကို ကိုင်တွယ်ပုံဟာ ရီပတ်ဘလီကန်ပါတီ ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတဲ့ အကြောင်းရင်းတစ်ခုအဖြစ်လည်း အပြစ်တင်ခံနေရပါတယ်။
ရာထူးက ထွက်တော့မယ့် ရီပတ်ဘလီကန်လွှတ်တော်အမတ်တစ်ဦးကတော့ ဟက်ဂ်ဆက်သ်ကို စွပ်စွဲပြစ်တင်ရေး မဲခွဲဆုံးဖြတ်မှုကို လာမယ့်သီတင်းပတ်အတွင်း အစောဆုံး စတင်ဖို့ ကြိုးပမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cm0j00gnx452o?at_campaign=ws_telegram မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
👍11🔥3❤2