Blood Money- သွေးစွန်းငွေ
Photo
𝗔𝗦𝗘𝗔𝗡 𝗠𝘂𝘀𝘁 𝗜𝗺𝗺𝗲𝗱𝗶𝗮𝘁𝗲𝗹𝘆 𝗦𝘁𝗼𝗽 𝗛𝗲𝗹𝗽𝗶𝗻𝗴 𝗠𝗶𝗻 𝗔𝘂𝗻𝗴 𝗛𝗹𝗮𝗶𝗻𝗴 𝗥𝗲𝗴𝗮𝗶𝗻 𝗣𝗼𝗹𝗶𝘁𝗶𝗰𝗮𝗹 𝗟𝗲𝗴𝗶𝘁𝗶𝗺𝗮𝗰𝘆 𝗪𝗵𝗶𝗹𝗲 𝗛𝗲 𝗖𝗼𝗻𝘁𝗶𝗻𝘂𝗲𝘀 𝘁𝗼 𝗞𝗶𝗹𝗹 𝗜𝗻𝗻𝗼𝗰𝗲𝗻𝘁 𝗖𝗶𝘃𝗶𝗹𝗶𝗮𝗻𝘀!!
To read-
Facebook link: https://www.facebook.com/share/p/18m2sYKWTC/
#ASEAN #SanctionAviationFuel #CutTheRoute #CloseTheSky #WhatsHappeninglnMyanmar #BloodMoneyCampaignMM
To read-
Facebook link: https://www.facebook.com/share/p/18m2sYKWTC/
#ASEAN #SanctionAviationFuel #CutTheRoute #CloseTheSky #WhatsHappeninglnMyanmar #BloodMoneyCampaignMM
Blood Money- သွေးစွန်းငွေ
Photo
■ ပါလက်စတိုင်း မလွတ်မြောက်သ၍ ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်
ဒီလ ကမ္ဘာတဝှမ်းက လမ်းမတွေပေါ်မှာ ပါလက်စတိုင်း အလံတွေ လွင့်နေပါတယ်။ ဆန္ဒပြသူတွေမှာ ကိုယ့်ပြဿနာ ကိုယ်စီ ရှိကြပေမယ့် ဘာလို့ ပါလက်စတိုင်း အလံကို ကိုင်ထားကြတာလဲ။
ပြင်သစ်မှာ ကျောင်းသားတွေက ဆရာ လုံလောက်ဖို့၊ စာသင်ခန်း မပြည့်ကျပ်နေဖို့ ဆန္ဒပြနေကြပါတယ်။ သူတို့ထဲမှာ ပြင်သစ် ကိုလိုနီဟောင်းတွေက လာခဲ့တဲ့ မိသားစုတွေရဲ့ သားသမီးတွေလည်း ပါပါတယ်။ ကိုယ့်မြေကို ဆုံးရှုံးရတာ၊ "အကြမ်းဖက်သမား" တံဆိပ်ကပ်ခံရတာ၊ ရဲရဲ့ ရိုက်နှက်မှုကို ခံရတာတွေကို သူတို့ ကိုယ်တိုင် သိပါတယ်။
ပါလက်စတိုင်း ထောက်ခံရေး ဆန္ဒပြပွဲတွေကို ပိတ်ပင်ခဲ့တဲ့၊ ကျောင်းဘတ်ဂျက်ကို ဖြတ်ပြီး စစ်ရေးအသုံးစရိတ်ကို တိုးနေတဲ့ ပြင်သစ်အစိုးရ တခုတည်းအောက်မှာ ဖိနှိပ်ခံရသူတွေ လက်တွဲလိုက်တာပါ။
ပါရီ ကျောင်းသားတွေအတွက် ပါလက်စတိုင်း အလံဟာ ကိုလိုနီလက်ကျန်၊ လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံတော် အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ သင်္ကေတပါ။
ပါရီ တခုတည်း မဟုတ်ပါဘူး။ နယူးယောက်က ဆန္ဒပြသူတွေဟာ သူတို့ အခွန်ငွေနဲ့ ဝယ်ထားတဲ့ ဗုံးတွေ ဂါဇာမှာ ကျနေတာ သိပါတယ်။ မက်ဒရစ်မှာ အိမ်က နှင်ထုတ်ခံရတာကို ဆန့်ကျင်သူတွေဟာ ကျောချစရာနေရာလေး ဆုံးရှုံးရတဲ့ ခံစားချက်ကို နားလည်ပါတယ်။ မက္ကဆီကိုစီးတီးမှာ ကျောင်းသားတွေအတွက် တရားမျှတမှု တောင်းသူတွေဟာ ဂါဇာ လူတွေရဲ့ ဒုက္ခကို မြင်ပါတယ်။ နေရာ မတူပေမယ့် ဒဏ်ရာ တူတာကိုး။
▪️ ဂါဇာက ကိန်းဂဏန်းများ
ဂါဇာ အစိုးရ မီဒီယာရုံးရဲ့ ၂၀၂၆ အောက်တိုဘာ ၇ အထိ စာရင်းအရ လူ ၇၄,၂၅၀ သေဆုံးခဲ့ပြီး ကလေး ၂၁,၉၇၆ ဦး ပါဝင်ပါတယ်။ ၉,၅၀၀ ဟာ အပျက်အစီးအောက်မှာ ပျောက်ဆုံးနေဆဲ၊ ဒဏ်ရာရသူ ၁၇၅,၂၇၈ ဦး၊ ကလေး ၆၂,၂၄၇ ဦး မိဘမဲ့ဖြစ်ခဲ့ရပြီး ကလေး ၆၅၀,၀၀၀ ကျော် ကျောင်းမတက်ရတော့ပါဘူး။
ဒါတွေဟာ ကမ္ဘာကြီးရဲ့ မျက်စိရှေ့မှာ နေ့တိုင်း တိုက်ရိုက် ဖြစ်ခဲ့တာပါ။ ဘယ်သူမှ "မသိခဲ့ဘူး" လို့ မပြောနိုင်ပါဘူး။
▪️ အပြစ်မကင်းတဲ့ အနောက်အုပ်စု
၂၀၂၅ စက်တင်ဘာမှာ ကုလ စုံစမ်းရေး ကော်မရှင်က အစ္စရေးဟာ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ပြင်သစ်အပါအဝင် အနောက်အုပ်စု အစိုးရ အများအပြားက လက်နက်ရောင်းချမှုနဲ့ ကုန်သွယ်မှုတွေကို ဆက်လုပ်ခဲ့ကြပါတယ်။
ပါရီက ကျောင်းသားရဲ့ လက်ကို ပြတ်တဲ့ထိ ရိုက်နိုင်တဲ့ ပြင်သစ်အစိုးရရဲ့အာဏာ၊ မက်ဒရစ်က အဘွားအိုကို အိမ်က နှင်ထုတ်တဲ့ အာဏာနဲ့ ဂါဇာကို ဗုံးကြဲတဲ့ အာဏာတွေဟာ တခုနဲ့တခု ချိတ်ဆက်နေပါတယ်။
အာဏာဟာ ဇီယွန်နစ် အစိုးရနဲ့ အနောက်အုပ်စု အစိုးရတွေ လက်ထဲမှာ ရှိနေသ၍၊ အလွဲသုံးစား လုပ်ခံနေရသ၍ ပါလက်စတိုင်း လွတ်လပ်မှာ မဟုတ်သလို ဘယ်နေရာက ဖိနှိပ်ခံ ပြည်သူမှလည်း တကယ် လွတ်လပ်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ပါလက်စတိုင်း အလံဟာ ခုခံမှုရဲ့ သင်္ကေတ ဖြစ်လာတာပါ။
ဒါဟာ ဂျူးလူမျိုးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဇီယွန်နစ် နိုင်ငံရေးစနစ်နဲ့ ဖိနှိပ်တဲ့ အာဏာကို ဆန့်ကျင်တာပါ။
အာဏာဟာ လူတစုရဲ့ လက်ထဲကနေ ပြည်သူ အားလုံးရဲ့ လက်ထဲ ရောက်လာတဲ့နေ့မှာ ပါလက်စတိုင်းရော ကျနော်တို့ပါ လွတ်မြောက်လာပါလိမ့်မယ်။
▪️တောင်းဆိုခြင်း
Burma for Palestine အနေနဲ့ တောင်းဆိုချင်တာကတော့ အာဏာနဲ့ ကာပြီး သွေးခွဲတဲ့ အလွှာတွေကို ဖယ်လိုက်ပြီး ဖိနှိပ်ခံရသူအချင်းချင်း မြင်အောင်ကြည့်ပေးဖို့ပဲ ဖြစ်ပါတယ်။
No one is free until Palestine is free!
#NoOneIsFreeUntilPalestineIsFree #Gaza #Palestine #Paris
#BurmaforPalestine #BloodMoneyCampaignMM

🤣1
Blood Money- သွေးစွန်းငွေ
Photo
📢 အာဆီယံ အရပ်ဖက် အဖွဲ့အစည်း ညီလာခံ / အာဆီယံ လူထု ဖိုရမ် ၂၀၂၆ ၏ တက်ရောက်သူအားလုံး ပါဝင်နိုင်သော အပြန်အလှန် ဆွေးနွေးပွဲ (အွန်လိုင်း ပေါင်းဆုံရာနေရာ) |
⚠️ ဆွေးနွေးမည့် ခေါင်းစဉ် : အရှေ့တောင်အာရှနဲ့ ကမ္ဘာတဝှမ်းမှာ ဖြစ်နေတဲ့ အကျပ်အတည်း၊ ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေကြလဲ
အပြန်အလှန် ပါဝင်ဆွေးနွေးဖို့ ယခုမှ လင့်ခ်မှတဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါပြီ။
🔗 Register လင့်ခ်: https://us06web.zoom.us/meeting/register/4E89KxLjSkmOqm_h8HGymw
#ACSCAPF2026 #ResistBusinessAsUsual #DisruptReclaimRebuild
#WhoProfitsFromWar #ASEAN #CorporateAccountability
#BloodMoneyCampaignMM #WhatsHappeningInMyanmar

Zoom
Welcome! You are invited to join a meeting: Who Benefits from Crises, Conflicts, and Wars Across Southeast Asia and Beyond? /…
Co-convened by:
Blood Money Campaign (Burma/Myanmar)
Progressive Muslim Youth Association
Sitt Nyein Pann Foundation
Southern Initiative
Network for Human Rights Documentation - Burma
EarthRights International
Friends Against Dictatorship (FAD)
ETOs Watch…
Blood Money Campaign (Burma/Myanmar)
Progressive Muslim Youth Association
Sitt Nyein Pann Foundation
Southern Initiative
Network for Human Rights Documentation - Burma
EarthRights International
Friends Against Dictatorship (FAD)
ETOs Watch…
Blood Money- သွေးစွန်းငွေ
Photo
📢 ASEAN Civil Society Conference/ASEAN Peoples’ Forum (ACSC/APF) 2026 | Plenary Panel and Interactive Workshop (Online Convergence Space
⚠️ Topic: Who Benefits from Crises, Conflicts, and Wars Across Southeast Asia and Beyond?
Registration is now open! Sign up through the link to join the interactive discussion.
🔗 Register Link: https://us06web.zoom.us/meeting/register/4E89KxLjSkmOqm_h8HGymw
#ACSCAPF2026 #ResistBusinessAsUsual #DisruptReclaimRebuild
#WhoProfitsFromWar #ASEAN #CorporateAccountability
#BloodMoneyCampaignMM #WhatsHappeningInMyanmar
⚠️ Topic: Who Benefits from Crises, Conflicts, and Wars Across Southeast Asia and Beyond?
Registration is now open! Sign up through the link to join the interactive discussion.
🔗 Register Link: https://us06web.zoom.us/meeting/register/4E89KxLjSkmOqm_h8HGymw
#ACSCAPF2026 #ResistBusinessAsUsual #DisruptReclaimRebuild
#WhoProfitsFromWar #ASEAN #CorporateAccountability
#BloodMoneyCampaignMM #WhatsHappeningInMyanmar
Zoom
Welcome! You are invited to join a meeting: Who Benefits from Crises, Conflicts, and Wars Across Southeast Asia and Beyond? /…
Co-convened by:
Blood Money Campaign (Burma/Myanmar)
Progressive Muslim Youth Association
Sitt Nyein Pann Foundation
Southern Initiative
Network for Human Rights Documentation - Burma
EarthRights International
Friends Against Dictatorship (FAD)
ETOs Watch…
Blood Money Campaign (Burma/Myanmar)
Progressive Muslim Youth Association
Sitt Nyein Pann Foundation
Southern Initiative
Network for Human Rights Documentation - Burma
EarthRights International
Friends Against Dictatorship (FAD)
ETOs Watch…
Blood Money- သွေးစွန်းငွေ
Photo
■ အစ္စရေး ရွေးကောက်ပွဲနဲ့ ပါလက်စတိုင်းတွေ
အစ္စရေးမှာ ဒီအပတ် ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဝန်ကြီးချုပ် နေတန်ယာဟုနဲ့ စစ်ဦးစီးချုပ်ဟောင်း ဂါဒီ အိုင်ဆင်ကော့တ်တို့ ကြားမှာ အပြိုင်အဆိုင်ပါပဲ။
ဂျာနယ်လစ် ပီတာ အိုဘွန်း (Peter Oborne) က Zeteo မှာ ဒီရွေးကောက်ပွဲကို "အစ္စရေး သမိုင်းမှာ လူမျိုးရေး အခွဲခြားဆုံး ရွေးကောက်ပွဲ" လို့ ရေးသားခဲ့ပါတယ်။
ဒီရွေးကောက်ပွဲက "လူမျိုးရေးခွဲခြားမှုတွေကို ပေါ်တင်ပြော၊ ဖိနှိပ်မှုတွေ ဘယ်လိုလုပ်မယ်ဆိုတာကို ကတိပေးပြီး ရွေးကောက်ပွဲကြီးက အောင်မြင်နေတယ်" လို့ ဆိုလိုတာပါ။
▪️ နေတန်ယာဟု အနိုင်ရရင်
နေတန်ယာဟုဟာ အစ္စရေးရဲ့ လက်ယာ အစွန်းရောက်တွေနဲ့ ပူးပေါင်းပြီး မဲဆွယ်ခဲ့ပါတယ်။ အိုဘွန်းရဲ့ အမြင်အရ သူ အနိုင်ရရင် ပါလက်စတိုင်းတွေအပေါ် ရက်စက်မှုတွေ ချက်ချင်း ပိုဆိုးလာမှာ သေချာပါတယ်။ ဒါပေမယ့် အစ္စရေးဟာ ကမ္ဘာ့အလယ်မှာ အထီးကျန် "အပယ်ခံ နိုင်ငံ" ဖြစ်သွားပါလိမ့်မယ်။
နေတန်ယာဟုကိုယ်တိုင်ကတော့ "စီးပွားရေး ပိတ်ဆို့မှုတွေ တို့မမှုပါ' ဆိုပြီး ပိတ်ဆို့အရေးယူမှုတွေနဲ့ စီးပွားရေး အထီးကျန်မှုကို ရင်ဆိုင်ဖို့ ခရစ်ပတိုငွေကြေး သုံးနိုင်မယ့် နည်းလမ်းတွေ လေ့လာနေတယ်လို့ ကြွားခဲ့ပါတယ်။
▪️ လစ်ဘရယ် ရွေးချယ်စရာ အိုင်ဆင်ကော့တ်
အိုင်ဆင်ကော့တ်ကို နေတန်ယာဟုကို အစားထိုးမယ့် "လစ်ဘရယ်" ရွေးချယ်စရာအဖြစ် ပုံဖော်ကြပါတယ်။ ဒါပေမယ့် သူကလည်း ပါလက်စတိုင်းတွေ၊ ပါလက်စတိုင်းရွာတွေ အိမ်တွေကို အင်နဲ့အားနဲ့ အကြမ်းဖက်ပြီး အစ္စရေးလုံခြုံရေးအတွက် လုပ်ကိုင်တာ တရားတယ်လို့ ပြောသူပါပဲ။
ဘယ်လောက်ထိလဲဆိုရင် ပါလက်စတိုင်းရွာတွေကို
အရပ်သား ရွာတွေအဖြစ် မမြင်ဘဲ စစ်စခန်းတွေလို့ပဲ မြင်တယ်လို့ပဲ ပြောခဲ့တာပါ။ ဒါကို အစ္စရေးမှာတော့ ဒါဟီယာ ဝါဒလို့ အစ္စရေးမှာ ကျူးကျော်ခေါ်ပါတယ်။
ဒါပေမယ့် သတင်းထောက်အိုဘွန်းရဲ့ အဆိုအရ ခု အိုင်ဆင်ကော့တ်ရဲ့ တကယ့် ရည်မှန်းချက်က နိုင်ငံတကာမှာ အစ္စရေးရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ပြုပြင်ဖို့ပါ။ ဒါပေမယ့်လည်း ပါလက်စတိုင်းတွေကို ဘာပဲလုပ်ရလုပ်ရ လုပ်မယ်လို့ သဘောထားရှိပါတယ်။
▪️ ပါလက်စတိုင်းတွေအတွက် ဘယ်ရလဒ်က အကောင်းဆုံးလဲ
သတင်းထောက်အိုဘွန်းရဲ့ အဖြေက ရှင်းရှင်းပါပဲ။ နေတန်ယာဟု နိုင်ရင် ပိုပြီး ရက်ရက်စက်စက်မှု တွယ်ခံရမယ်၊ ဒါပေမယ့် အစ္စရေးကို ကမ္ဘာ့ အပယ်ခံ ဖြစ်စေမယ်။ အိုင်ဆင်ကော့တ်သာ နိုင်ရင် ဘဝက နည်းနည်း ကြောက်စရာ လျော့သလို ဖြစ်သွားမှာဖြစ်ပေမယ့် ဖိနှိပ်မှုတွေက တအိအိနဲ့ ဆက်ရှိပါလိမ့်မယ်။
▪️ ရွေးကောက်ပွဲ ရလဒ်
မဲရေတွက်မှု အများစု ပြီးဆုံးချိန်မှာ နေတန်ယာဟုဘက်က နေရာ ၅၃ နေရာ၊ အိုင်ဆင်ကော့တ်ဘက်က ၄၈ နေရာ ရရှိထားပါတယ်။ အာရပ် ပါတီတွေက နေရာ ၁၉ နေရာ ရပြီး သမိုင်းမှာ အမြင့်ဆုံး ဖြစ်ပါတယ်။
ဘယ်ဘက်ကမှ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ နေရာ ၆၁ နေရာ မရသေးပါဘူး။
▪️ မြင်ဖို့၊ မမေ့ဖို့၊ ရပ်တည်ဖို့
ရိုင်းရိုင်းပြော၊ ဝုန်းဒိုင်းတွေလုပ်ကြတဲ့ နေတန်ယာဟု အစား ယဉ်ယဉ်ကျေးကျေး ပြောကြတဲ့လူတွေ အစားထိုးလည်း ဆက်ဖိနှိပ်အုံးမှာပါပဲ။
တဆက်တည်းမှာလည်း ရွေးကောက်ပွဲတွေ အတည်တကျလုပ်လည်း အစ္စရေးရဲ့ ကျူးကျော်မှုတွေကို မေ့လိုက်လို့ မရပါဘူး။ ဒီရွေးကောက်ပွဲ ကျင်းပနေတဲ့ အစ္စရေးနိုင်ငံလို့ ပြောကြတဲ့နေရာရဲ့အောက်မှာ ပါလက်စတိုင်းတွေသွေးတွေ ပေနေပါတယ်။
ပါလက်စတိုင်းတွေ လိုအပ်တာက ပိုယဉ်ကျေးတဲ့ သိမ်းပိုက်သူ၊ ကျူးကျော်သူ မဟုတ်ပါဘူး။ သိမ်းပိုက်မှုတွေ အဆုံးသတ်ဖို့ပါ။
မတရားမှုတွေကို စေ့စေ့တွေးဖို့၊ ဖိနှိပ်ခံတွေဘက် ရပ်တည်ဖို့ တိုက်တွန်းပါတယ်။
#Palestine #IsraelElection #EndTheOccupation
ကိုးကား -
- Zeteo UK: The Most Racist Election in Israel's History (Peter Oborne) (https://zeteouk.substack.com/p/the-most-racist-election-in-israels)
- Ynet: Netanyahu bloc at 53 seats, Eisenkot bloc at 48 as nearly all votes counted(https://www.ynetnews.com/article/hjnatbkaml)
- Times of Israel: Arab parties surge to 19 (https://www.timesofisrael.com/with-85-of-votes-counted-netanyahu-bloc-has-53-seats-eisenkots-48-arab-parties-surge-to-19/)
- Haaretz: Arab parties at historic hig (https://www.haaretz.com/israel-news/elections/2026-10-28/ty-article-live/over-70-of-votes-counted-arab-parties-at-historic-high/000001a1-81fb-d6da-a7eb-e7ff6bb30004)
- Bloomberg: Netanyahu overtakes Eisenkot in tight vote(https://www.bloomberg.com/news/articles/2026-10-28/israeli-vote-too-close-to-call-between-netanyahu-and-eisenkot)

zeteo.uk
The Most Racist Election in Israel’s History
If Netanyahu stays, Israel will become a pariah state – so the Israeli establishment is doing everything it can to ensure that he loses. But a Gadi Eisenkot victory won’t help Palestinians either.
Blood Money- သွေးစွန်းငွေ
Photo
(English below)
အာဆီယံ အရပ်ဘက် အဖွဲ့အစည်း ညီလာခံ / အာဆီယံ လူထု ဖိုရမ် ၂၀၂၆ တွင် မြန်မာအရပ်ဘက် အဖွဲ့အစည်းများက ပြည်သူ့အသံများကို ပိုမိုကျယ်လောင်စွာ ထုတ်ဖော်တင်ပြခဲ့
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှ ၂၉ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇုန်မြို့တွင် ကျင်းပခဲ့သည့် ၂၁ ကြိမ်မြောက် အာဆီယံ အရပ်ဘက် အဖွဲ့အစည်း ညီလာခံ / အာဆီယံ လူထု ဖိုရမ် (ACSC/APF) ၂၀၂၆ သို့ မြန်မာနိုင်ငံဆိုင်ရာ ဦးဆောင်ကျင်းပရေးကော်မတီ (Myanmar NOC) နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများက ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါအဖွဲ့တွင် မြန်မာအရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။
ACSC/APF သည် အရှေ့တောင်အာရှတဝန်းရှိ အရပ်ဘက် အဖွဲ့အစည်းများ၊ ရပ်ရွာ အခြေပြုအဖွဲ့များနှင့် လူထုလှုပ်ရှားမှုများ စုံလင်စွာ ပါဝင်တက်ရောက်ကြသည့် နှစ်စဉ်ကျင်းပသော လူထုဖိုရမ် တခုဖြစ်သည်။ ယင်းဖိုရမ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်း ကိုယ်စားလှယ်များသည် နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆင့်များ၌ ဖြစ်ပေါ်နေသည့် အကြောင်းအရာနှင့် ပြဿနာအမျိုးမျိုးကို ဆွေးနွေးဖော်ထုတ်ပြီး ဖြေရှင်းနိုင်ရေး ဆွေးနွေးကြသည်။
ယခုနှစ်ဖိုရမ်၏ ဆောင်ပုဒ်မှာ “ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်မှုများကို ခုခံတွန်းလှန်ကြ၊ ပြောင်းလဲကြ၊ ပြန်လည်ရယူကြ၊ ပြန်လည်တည်ဆောက်ကြ” (“Resist Business-As-Usual: Disrupt, Reclaim, Rebuild”) ဖြစ်သည်။
Myanmar Civil Society Amplified People’s Voices at the 2026 ASEAN Civil Society Conference/ASEAN People’s Forum
The Myanmar National Organizing Committee (Myanmar NOC) for ACSC/APF and its partners, comprised of representatives from 24 Myanmar civil society organizations, participated in the 21st ASEAN Civil Society Conference/ASEAN People’s Forum (ACSC/APF) 2026, held in Quezon City, Philippines, from 27 to 29 October.
The ACSC/APF is the most inclusive annual gathering of civil society organizations, grassroots groups, and people’s movements across Southeast Asia, where the civil society representatives of ASEAN Member States discuss and address various issues across national, regional, and global boundaries. This year’s Forum theme is “Resist Business-As-Usual: Disrupt, Reclaim, Rebuild”.
#ACSCAPF2026 #ResistBusinessAsUsual #DisruptReclaimRebuild #Minority #Intersectionality #ASEAN #Statelessness #Displacement #BloodMoneyCampaignMM #WhatsHappeningInMyanmar
Facebook: https://www.facebook.com/share/p/1FHc3CXHs2/

Block A-6 ပြည်သာယာစီမံကိန်း
ပြည်သာယာစီမံကိန်း (Pyitharyar Integrated Project – PIP) သည် ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်ကမ်းခြေ၏ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်တွင် တည်ရှိသည့် မြန်မာနိုင်ငံ၏ ပထမဆုံး အလွန်နက်ရှိုင်းသော ပင်လယ်ရေအောက် သဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေးစီမံကိန်း ဖြစ်လာနိုင်သည့် Block A-6 စီမံကိန်းဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဓာတ်ငွေ့စတင်တွေ့ရှိခဲ့ကာ Woodside နှင့် TotalEnergies တို့ ၂၀၂၂ ခုနှစ်တွင် ထွက်ခွာသွားခဲ့သော်လည်း MPRL E&P က စီမံကိန်းကို ဆက်လက်ဦးဆောင်နေပြီး လက်ရှိတွင် ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ ခန့်မှန်းချက်အရ ဓာတ်ငွေ့သိုက် ၂.၄ ထရီလီယံကုဗပေခန့်ရှိပြီး တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၄၀၀ မှ ၅၅၀ အထိ ထုတ်လုပ်ရန် ရည်မှန်းထားကာ ယခုအခါ FEED အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာသွားသော်လည်း စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်နေခြင်းနှင့်အတူ “ပြည်သာယာ” ဟု အမည်ပေးထားသည့် ဤစီမံကိန်းမှ အမှန်တကယ် ဘယ်သူတွေ အကျိုးအမြတ်ရရှိကြမှာလဲ။ ပြည်သူတွေကရော အမှန်တကယ် ပြည်သာနိုင်ပါ့မလား။
အသေးစိတ်ဖတ်ရှုရန် -
Facebook: https://www.facebook.com/share/p/1HJRx5tTXK/
#PyiTharYar #SanctionMOGE #WhatsHappeningInMyanmar
#BloodMoneyCampaignMM

Facebook
Blood Money - သွေးစွန်းငွေ
Block A-6 ပြည်သာယာစီမံကိန်း
✦ ပြည်သာယာစီမံကိန်း (Pyitharyar Integrated Project – PIP) သည် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၏ အနောက်ဘက် ပင်လယ်ပြင် မိုင် ၁၈ ခန့် (ကီလိုမီတာ ၃၀ ခန့်) အကွာတွင်...
✦ ပြည်သာယာစီမံကိန်း (Pyitharyar Integrated Project – PIP) သည် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၏ အနောက်ဘက် ပင်လယ်ပြင် မိုင် ၁၈ ခန့် (ကီလိုမီတာ ၃၀ ခန့်) အကွာတွင်...
Blood Money- သွေးစွန်းငွေ
Photo
နယ်စပ်ဂိတ်ကို ပိတ်ပြီး လူသ၊တ်ဖို့ဆက်လုပ်တဲ့ အစ္စရေး
| Burma for Palestine
ကုလသမဂ္ဂနဲ့ အီဂျစ်ဘက်က ကော်မတီကတနင်္လာနေ့ ညနေမှာ အကြောင်းကြားစာ တခုရပါတယ်။ အဲ့စာက ဂါဇာနဲ့ အီဂျစ်ကြား ရာဖာဂိတ်ကို အစ္စရေးက အပြည့်အဝ လုံးဝ ပိတ်လိုက်မယ်လို့ ရက်ရက်စက်စက် အကြောင်းကြားလိုက်တာပါ။
ဒီအကြောင်းကြားစာက သာမန်ပို့လိုက်တဲ့ စာတခုမဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ လူတွေရဲ့ကိစ္စကြီးပါ။ အဓိပ္ပာယ်က လူသားချင်း စာနာမှု အကူအညီတွေ၊ ကုန်ပစ္စည်းတွေတွေ၊ အစားအသောက်တွေ၊ လောင်စာဆီနဲ့ ချက်ဖို့ပြုတ်ဖို့လိုတဲ့ ဂတ်စ်တွေ အီဂျစ်ကနေ ဂါဇာထဲ ဝင်ခွင့် ပိတ်ခံလိုက်ရတာပါ။
▪️ ဒီဂိတ်က ဘာကြောင့် အရေးကြီးလဲ
အီဂျစ်ကနေ တနေ့ကို ကုန်တင်ကား ၅၀ ကနေ ၆၀ လောက် ဝင်ပါတယ်။ အရေးကြီးဆုံးကတော့ "လောင်စာဆီနဲ့ ဂတ်စ်လိုဟာတွေက ဒီလမ်းကြောင်းကနေပဲ အကုန်ဝင်တာ" လို့ ပါလက်စတိုင်း အရာရှိက Drop Site News ကို ပြောပြတာပါ။
ဆိုလိုတာက ဒီဂိတ် ပိတ်လိုက်တာနဲ့ ဂါဇာက လူတွေ ထမင်းချက်ဖို့ ဂတ်စ်တို့၊ ဆေးရုံတွေ မီးစက်မောင်းဖို့ ဆီတို့ ပြတ်သွားနိုင်ပါတယ်။ ဆေးရုံမှာ အခြေအနေမကောင်းတဲ့လူနာတွေရဲ့ အသက်တွေ ပါသွားအုံးမှာပါ။
▪️ အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်မှု
၂၀၂၅ အောက်တိုဘာ အပစ်ရပ် သဘောတူညီချက်ထဲမှာ ဂါဇာကို အကူအညီပေးတဲ့ ကုန်ကား တနေ့ ၆၀၀ ဝင်ခွင့် ရရမှာပါ။ ဒါပေမယ့် အစ္စရေးက တနေ့ အစီး ၂၀၀ လောက်ပဲ ဝင်ခွင့်ပေးခဲ့ပါတယ်။ အဲ့အမောင့်က သဘောတူထားတာရဲ့ သုံးပုံတပုံပဲ ရှိပါတယ်။
အခု အဲဒီထဲက တလမ်းကိုပါ ထပ်ပိတ်လိုက်တာပါ။
အပစ်ခတ်ရပ်ရေး စာချုပ်ထဲက တခြားသဘောတူညီချက်တွေကိုလည်း ချိုးဖောက်ပြီး လူထောင်ချီကို သ၊တ်ထားတဲ့ အစ္စရေးအနေနဲ့ လူတွေအသက်ရှင်ဖို့လိုတဲ့ ဂိတ်တခုကိုပိတ်ခြင်းက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျုးလွန်တာပါပဲ။
▪️ ဆောင်းရဲ့ တိုက်ခိုက်မှုအောက်က ဂါဇာ
အဆိုးဆုံးတွေထဲ တခုအနေနဲ့ ဒီပိတ်ဆို့မှုက ဆောင်းအဝင်နဲ့ ကွက်တိဖြစ်နေတာပါ။ ဂါဇာကလူတွေအနေနဲ့ ယာယီ တဲတွေ၊ ပျက်စီးနေတဲ့ အိမ်တွေထဲမှာ ဆောင်းတွင်းကို စတင် ရင်ဆိုင်နေရချိန်မှာ ဖြစ်လာတာပါ။
တဖက်မှာလည်း စားနပ်ရိက္ခာ အကူအညီတွေ လျှော့ခံရတာ၊ ကုန်ဈေးနှုန်းကလည်း ခေါင်ခိုက် လာတာတွေကြောင့် အစားအစာ မလုံလောက်တဲ့ကိစ္စက ပါလက်စတိုင်းတွေအတွက် ပိုဆိုးလာနေပါတယ်။
▪️ မြင်ဖို့၊ မမေ့ဖို့၊ ရပ်တည်ဖို့
"အပစ်ရပ်" ဆိုတဲ့ စကားလုံးက ဗုံးကျတာ တခုတည်းကို တားဖို့လုပ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အစားအစာတို့၊ ရေ၊ ဆီ၊ ဆေးဝါးလို လူတွေအသက်ရှင်ဖို့လိုတာတွေကို ဂါဇာထဲ ဝင်ခွင့်ပေးရမှာပါ။
ဂိတ်တခုကို ပိတ်လိုက်တာက အစ္စရေးဘက်က ကြည့်ရင်တော့ စာရွက်ပေါ်က ဆုံးဖြတ်ချက် တခုပဲ ဖြစ်ပေမယ့် ဂါဇာက မိသားစုတွေအတွက်တော့ ဒီဆောင်းတွင်းမှာ ပိုချမ်းဖို့၊ ပိုပြီး ငတ်ပြတ်ဖို့ ဖြစ်လာပါပြီ။
ဖိနှိပ်မှုဆိုတာ လေယာဥ်ဗုံးနဲ့ပဲ လာတာ မဟုတ်ပါဘူး။ ပိတ်ထားတဲ့ ဂိတ်တွေနဲ့လည်း လာပါတယ်။
ခုချိန်က နေရာတိုင်းမှာ ဒုက္ခသည်တွေကို ဖိနှိပ်ဖို့ကို တခြားဒုက္ခသည်တွေက လှုံ့ဆော်နေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ မတရားမှုတွေကို စေ့စေ့တွေးဖို့၊ ဖိနှိပ်ခံတွေကို မမေ့ဘဲ သူတို့ဘက် အပြတ်အသတ် ရပ်တည်ဖို့ တိုက်တွန်းပါတယ်။
အခက်အခဲ ကြုံသူတွေဆီ အကူအညီရောက်ဖို့၊ အခက်အခဲတွေ မရှိတော့ဖို့ လိုပါတယ်။ ဒုက္ခသည်တွေနဲ့ အတူရပ်တည်ပေးဖို့လည်း လေးလေးနက်နက် တောင်းဆိုလိုက်ပါတယ်။
#Gaza #Rafah #Palestine #EndTheSiege
#B4P #BloodMoneyCampaignMM
ကိုးကား -
- Drop Site News: Israel orders complete closure of Gaza crossing with Egypt, blocking aid and commercial goods

Block A-6 Pyitharyar Project (Part-1)
The Pyitharyar Integrated Project (PIP) is an offshore natural gas development project in Block A-6, located off the coast west of Ngwe Saung Beach in Ayeyarwady Region. It could become Myanmar’s first ultra-deepwater natural gas development project. The project began in 2007, and gas was first discovered in 2012. Although Woodside and TotalEnergies withdrew in 2022, MPRL E&P has continued to lead the project and now holds 100% ownership. According to the company’s estimates, the gas reserves amount to approximately 2.4 trillion cubic feet (TCF). The project aims to produce between 400 and 550 million cubic feet of gas per day and has now reached the Front-End Engineering Design (FEED) stage. Despite the withdrawal of international companies, the project is still moving forward. So, who will actually benefit from this project named “Pyitharyar” (Prosperity)? Will it truly bring prosperity to the people?
To read in details -
Facebook: https://www.facebook.com/share/p/1J8cWFFDyi/
#ပြည်သာယာ #PyiTharYar #SanctionMOGE #WhatsHappeningInMyanmar