CB Bank Myanmar
Photo
CB UnionPay Card နဲ့ Alipay App ကိုချိတ်ဆက်ပြီး စမတ်ကျကျငွေပေးချေနိုင်ပါပြီ။

CB Bank ရဲ့ UnionPay Card တွေကို Alipay App မှာ ချိတ်ဆက်လိုက်ရုံနဲ့ တရုတ်နိုင်ငံတွင်းခရီးသွားလာမှု၊ Online Shopping ငွေပေးချေမှုတွေကို လွယ်ကူလျင်မြန်စွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

CB UnionPay Card နဲ့ Alipay ရဲ့ လွယ်ကူရိုးရှင်းတဲ့ ချိတ်ဆက်မှုကို ပုံမှာဖော်ပြထားတဲ့အတိုင်း အဆင့်ဆင့်ပြုလုပ်နိုင်ပါတယ်။

☎️ CB ဘဏ်ကတ်များနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1
Media is too big
VIEW IN TELEGRAM
CB Bank မိသားစုဝင်များရဲ့ ဆီမီး (၉,၀၀၀) ကပ်လှူပူဇော်ခြင်း အမှတ်တရ ပုံရိပ်များ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၀ ရက် (အင်္ဂါနေ့) က CB Bank မိသားစုဝင်များ စုပေါင်းပြီး လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆီမီး (၉,၀၀၀) ကပ်လှူပူဇော်ခဲ့ကြပါတယ်။

အခုလို သီတင်းကျွတ်ကာလ အခါသမယမှာ သက်တော်ထင်ရှား မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ရည်မှန်းပြီး အလင်းတိုင်များ ကပ်လှူပူဇော်ရခြင်း ကုသိုလ်ကောင်းမှု အဖို့ဘာဂကို CB Bank ရဲ့ မိတ်ဟောင်းမိတ်သစ် Customer များ၊ မိတ်ဖက်ပါတနာများ၊ ဝန်ထမ်းမိသားစုများအားလုံး ထပ်တူထပ်မျှ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းသာရတဲ့ ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေး ဖြစ်ပါ‌စေ။

နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ CB Bank 💙
❤3👍1
❤1
CB Pay နဲ့ Grab Driver/ Biker Top-up Code ဝယ်ယူတိုင်း Code ဖြည့် ဝန်ဆောင်ခအခမဲ့ အစီအစဉ်

သတ်မှတ်ကာလ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့ကနေ ၃၀ ရက်နေ့) အတွင်း ကြိုက်နှစ်သက်ရာ Grab Top-up Code ဝယ်ယူတိုင်း ဝန်ဆောင်ခအခမဲ့ ပရိုမိုးရှင်းလေး စီစဉ်ပေးထားပါတယ်။

CB Pay App ထဲကနေ Top-up Code ဝယ်ယူဖို့
🌟 CB Pay App ကို ဝင်၊
🌟 Pay Bill > Bill Type > Grab Driver/ Biker Top-up Code ကို နှိပ်၊
🌟 Biller > Grab Driver/ Biker Top-up Code > Phone Number ကို ရိုက်ထည့်ပြီး Package ရွေးချယ်လိုက်ရုံနဲ့ ဝယ်ယူနိုင်ပါတယ်။

🔵 ငွေပေးချေစဉ်က ဖြည့်စွက်ထားတဲဲ့ ဖုန်းနံပါတ်ကို Pin Code ပေးပို့မှာ ဖြစ်ပါတယ်။

အရေအတွက် ကန့်သတ်ထားလို့ အမြန်ဆုံးဝယ်ယူဖို့ မမေ့နဲ့နော်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ CB Bank ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍1
သီတင်းကျွတ်လပြည့်နေ့ နီးပြီ၊ ဝါလကင်းလွတ်ပြီ ဆိုတာနဲ့ လေးစားချစ်ခင်ရတဲ့ လူကြီးမိဘတွေ၊ ခင်မင်ရင်းနှီးရတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဆွေတွေကို ဂါရဝလက်ဆောင် ပေးအပ်ကြတာ မြန်မာတို့ရဲ့ ချစ်စဖွယ်ဓလေ့ထုံးတမ်း အစဉ်အလာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကာလမှာ အကြောင်းအမျိုးမျိုးကြောင့် လူချင်းမတွေ့နိုင်တဲ့ အဝေးရောက် ချစ်ခင်ရင်းနှီးသူတွေကို အမှတ်တရ "မုန့်ဖိုးလက်ဆောင်" ပေး‌ရင်း တန်ဖိုးထားမှုကို ဖော်ပြနိုင်ဖို့ CB Pay လက်ဆောင်ကတ်လေး စီစဉ်ပေးထားပါတယ်။

CB Pay နဲ့ မုန့်ဖိုးပေးဖို့
👉🏻 CB Pay App ထဲကိုဝင် 3 Lines Bar > Gift > Gift Card > Happy Thadingyut Festival ကို ရွေးပြီး CB Pay App ထဲက Gift Card လေးနဲ့အတူ မိနစ်ပိုင်းအတွင်း မုန့်ဖိုးလက်ဆောင်ပေးပို့နိုင်ပါပြီ။

သီတင်းကျွတ်ပိတ်ရက်တွေမှာ CB Pay နဲ့ မုန့်ဖိုးပေးရင်း ကြည်နူးချမ်းမြေ့စရာ အခိုက်အတန့်လေးတွေကို ရရှိပိုင်ဆိုင်နိုင်ပါစေ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay
❤3
ဒီနေ့ (၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက်နေ့) ဟာ မြန်မာလူမျိုးတို့ရဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်ရက်အပါအဝင်ဖြစ်တဲ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။

အခုလို ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယက စတင်ပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေ၊ စီးပွားလာဘ်လာဘများ ပိုမိုတိုးတက် ပွားများပါစေကြောင်း CB Bank မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
❤9
❤1
CB UnionPay Card နဲ့ WeChat Pay App ချိတ်ဆက်နိုင်တာ သိပြီးပါပြီလား။

တရုတ်နိုင်ငံကို ခရီးထွက်တဲ့အခါပဲဖြစ်ဖြစ်၊ အွန်လိုင်းကနေ ဝယ်ယူမှုတွေပြုလုပ်တဲ့အခါပဲဖြစ်ဖြစ် ငွေပေးချေမှုတွေကို အလွယ်တကူနဲ့ အဆင်ပြေချောမွေ့စွာပြုလုပ်နိုင်ဖို့ CB UnionPay Card တွေကို WeChat Pay (Weixin Pay) နဲ့ ချိတ်ဆက်အသုံးပြုနိုင်အောင် စီစဥ်ပေးထားပါတယ်။

CB UnionPay Card နဲ့ WeChat Pay App ရဲ့ လွယ်ကူရိုးရှင်းတဲ့ ချိတ်ဆက်မှုကို ပုံမှာ ဖော်ပြထားတဲ့အတိုင်း အဆင့်ဆင့်ပြုလုပ်နိုင်ပါပြီ။

☎️ CB ဘဏ်ကတ်များနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤2
❤5
Media is too big
VIEW IN TELEGRAM
CB Rewards ပွိုင့်တွေကို CB Card+ App ထဲကနေ ဘယ်လိုလဲလှယ်အသုံးပြုရမလဲ။

Redeem ပြုလုပ်ပုံအဆင့်ဆင့်ကို ဒီဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

📱 CB Card+ Application ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbcardapp

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍1
❤1
CB Pay နဲ့ တစ်လနှစ်ကြိမ် ငွေကျပ်သိန်းပေါင်း (၁,၅၀၀) ကံထူးမဲ့သူတွေက ဘယ်သူတွေ ဖြစ်မလဲ။

CB Pay နဲ့ ငွေပေး‌ချေပြီး ကံစမ်းနိုင်တဲ့ ဂဏန်း (၅) လုံးပါ အောင်ဘာလေအွန်လိုင်းထီ ဆုကြေးငွေကို ကျပ်သိန်းပေါင်း (၁,၅၀၀) အထိ တိုးမြှင့်သတ်မှတ်လိုက်ပါပြီ။

CB Pay နဲ့ ထီကံစမ်းဖို့
🔹 အောင်ဘာလေ App ထဲကိုဝင်၊
🔹 နှစ်သက်ရာ ထီလက်မှတ်ကို ရွေး၊
🔹 "ငွေပေးချေမှုနည်းလမ်း ရွေးချယ်ပါ" ထဲက CB Pay ကို ရွေးပြီး လိုအပ်တဲ့ အချက်အလက်ဖြည့်စွက်လိုက်ရုံနဲ့ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

☎️ CB Bank ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
👍1
🔊 CB Bank ရဲ့ "မေးလိုရာမေး Friday" အစီအစဉ် ပြန်လည်ရောက်ရှိလာပါပြီ။

ဒီတစ်ပတ်မှာတော့ " CB UnionPay Card ထဲကို မြန်မာကျပ်ငွေ ထည့်လို့ရလား" ဆိုတဲ့ မေးခွန်းကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။

CB UnionPay Card က မြန်မာငွေကျပ်ထည့်သွင်းအသုံးပြုရတဲ့ ကတ်အမျိုးအစားဖြစ်ပါတယ်။ ကတ်ထဲကို ငွေဖြည့်သွင်းဖို့ နီးစပ်ရာ CB Bank ဘဏ်ခွဲများနဲ့ CB Pay App ထဲကနေ လွယ်ကူမြန်ဆန်စွာ လုပ်ဆောင်နိုင်ပါတယ်။

CB Pay ကနေ CB UnionPay Card ထဲကို ငွေဖြည့်သွင်းဖို့
🔹 CB Pay App ထဲကိုဝင်၊
🔹 Menu Bar ကို နှိပ်၊
🔹 Card Payment > Card Category > Card Type ကို ရွေး၊ လိုအပ်တဲ့ကတ်အချက်အလက်များကို ဖြည့်စွက်ပြီး ဆောင်ရွက်နိုင်ပါတယ်။

ဘဏ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး နောက်ထပ်သိလိုတဲ့အကြောင်းအရာတွေကို Comment ရေးသားမေးမြန်းနိုင်ပါတယ်။

☎️ သိလိုတာတွေအတွက် CB Bank Contact Center (09 2 5555 7777)
❤1
❤1
🔊 CB Pay အသုံးပြုနေတဲ့ ရုပ်ရှင်ချစ်သူတွေအတွက် သတင်းကောင်း

CB Pay နဲ့ SKYNET Appliation သက်တမ်းတိုးဝယ်ယူတိုင်း 20% Discount ရယူနိုင်ပါပြီ။

ပရိုမိုးရှင်းကာလ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်နေ့) အတွင်း SKYNET App ကနေတစ်ဆင့် SKYNET E-Pin Package သက်တမ်းတိုးဝယ်ယူပြီး CBPay နဲ့ ပေးချေတိုင်း လျှော့ဈေးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် SKYNET Application ရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို မလွတ်တမ်းကြည့်ရှုခံစားနိုင်ဖို့ အခုပဲ CB Pay နဲ့ သက်တမ်းတိုး ဝယ်ယူလိုက်တော့နော်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍1