📸 Are you photogenic?

မိုးဦးရာသီမှာ ရန်ကုန်မြို့ရဲ့ အလှအပကို အပေါ်စီးကနေ ခံစားမယ်၊ လတ်ဆတ်တဲ့ မိုးလေအေးနဲ့အတူ စိတ်အေးလက်အေး Relax လုပ်မယ်၊ သူငယ်ချင်းတွေနဲ့ Chill မယ်၊ ချစ်ရသူနဲ့ အမှတ်တရကောင်းလေး ဖန်တီးမယ်ဆိုတဲ့သူတွေအတွက် အခိုက်အတန့်လေးတွေ ပိုမိုသက်ဝင်လှပဖို့ CB Bank နဲ့ Yangon Yangon Rooftop Bar တို့ ပူး‌ပေါင်းပြုလုပ်တဲ့ "Capture the Moment with CB" Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီ Campaign မှာ ပါဝင်လိုသူတွေအနေနဲ့
🌟 Yangon Yangon Rooftop Bar ရောက်တဲ့အခါ CB Bank Signage ပါအောင် ဓာတ်ပုံရိုက်၊
🌟 ရိုက်ထားတဲ့ ပုံကို #capturethemomentwithCB #CBBank #yangonyangonrooftopbar ဆိုတဲ့ Hashtag (၃) ခုနဲ့အတူ Facebook မှာ Public နဲ့ ပိုစ့်တင်
🌟 Yangon Yangon Rooftop Bar က တာဝန်ရှိသူတွေက မှတ်တမ်းရယူပြီးတဲ့အခါ Drink ဒါမှမဟုတ် ဟင်းပွဲတစ်မျိုး လက်ဆောင်ရယူနိုင်မှာ ဖြစ်ပါတယ်။

လက်ဆောင်ရွေးချယ်ရာမှာလဲ Drink နဲ့ ဟင်းပွဲနှစ်မျိုးထဲက တစ်မျိုးရွေးချယ်ရမှာဖြစ်လို့ အစားအသောက်ချစ်သူလေးတွေက မာလာအာလူးချောင်းကြော်နဲ့ မာလာကြက်အရေခွံကြော် ကြိုက်နှစ်သက်ရာတစ်ပွဲ၊ ဒါမှမဟုတ် Drink ကိုပဲ ရွေးချယ်ချင်ရင်တော့ Sky Blue, Yangon Lady, Mojito နှစ်သက်ရာတစ်ခွက် ရယူနိုင်ပါတယ်။

🗓 ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ။

🔵 Capture the Moment with CB အကြောင်း အသေးစိတ်ဖတ်ရှုရန် - [ https://bit.ly/4uqVlZl ]

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1👍1
📣 ထီကံစမ်းတော့ မလို့လား။

ဂဏန်း (၅) လုံးပါ အွန်လိုင်းထီလက်မှတ်ကို Aung Bar Lay Application မှာ CB Pay နဲ့ ငွေပေးချေပြီး ထီကံစမ်းနိုင်ပါတယ်။

CB Pay နဲ့ ထီကံစမ်းဖို့
🔹 အောင်ဘာလေ App ထဲကိုဝင်၊
🔹 နှစ်သက်ရာ ထီလက်မှတ်ကို ရွေး၊
🔹 "ငွေပေးချေမှုနည်းလမ်း ရွေးချယ်ပါ" ထဲက CB Pay ကို ရွေး၊ လိုအပ်တဲ့ အချက်အလက်ဖြည့်စွက်ပြီး ငွေပေးချေနိုင်ပါပြီ။

အောင်ဘာလေရဲ့ (၃) နှစ်ပြည့်နှစ်ပတ်လည်မှာ CB Pay နဲ့ ထီကံစမ်းပြီး ထီဆုကြီး ကံထူးနိုင်ကြပါစေ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

📥 Aung Bar Lay App ကို ဒေါင်းလုတ်ရယူရန် - https://aungbarlayeu.page.link/euapp
❤4
Sakura Tower ရဲ့ အထပ် (၂၀) မြောက် Rooftop မှာ Yangon Downtown ရဲ့ ညနေခင်းအလှကို ခံစားရင်း စိတ်ပေါ့ပါးစွာ အပန်းဖြေမဲ့သူတွေ၊ Sky View နဲ့အတူ အမှတ်တရလေးတွေ ဖန်တီးမဲ့သူတွေအတွက် Yangon Yangon Rooftop Bar မှာ CB Bank ရဲ့ ပရိုမိုးရှင်း ရှိနေပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လကနေ ဩဂုတ်လ၊ ၃၁ ရက်နေ့အတွင်း Yangon Yangon Rooftop Bar မှာ Food & Drinks တွေ စိတ်ကြိုက်သုံးဆောင်ပြီးတဲ့အခါ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay နဲ့ ပေးချေမယ်ဆိုရင် 10% လျှော့ဈေး ခံစားနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ပရိုမိုးရှင်းကာလအတွင်း Yangon Yangon Rooftop Bar မှာ အပန်းဖြေမယ်ဆိုရင် CB ဘဏ်ကတ်၊ CB Pay နဲ့ ငွေရှင်းခဲ့ဖို့ လုံးဝမမေ့နဲ့နော်။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1
၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁၅ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
👍1
❤2
CB Bank Myanmar
Photo
တရုတ်တစ်နိုင်ငံလုံးမှာ CB-UPI ကတ်နဲ့ စမတ်ကျကျ ငွေပေးချေလို့ရပြီဆိုတာ သိပြီးပြီလား။

တရုတ်နိုင်ငံကို အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်၊ အလည်အပတ်ခရီးပဲဖြစ်ဖြစ် သွားရောက်တဲ့အခါ ငွေပေးချေမှုများကို အလွယ်တကူ ပြုလုပ်နိုင်ဖို့ Nihao China App မှာ CB-UPI ကတ်နဲ့ ချိတ်ဆက်အသုံးပြုလို့ရအောင် စီစဉ်ပေးထားပါပြီ။

CB-UPI ကတ်ကို Nihao China App မှာ ချိတ်ဆက်ထားရုံနဲ့ လက်ထဲမှာ ယွမ်ငွေကိုင်ဆောင်ထားစရာ လုံးဝမလိုတော့ဘဲ တရုတ်နိုင်ငံအတွင်းက နာမည်ကြီးနေရာများ၊ ဟိုတယ်များ၊ Metro/ Bus များ၊ Shopping Mall များနဲ့ စားသောက်ဆိုင်များမှာ ဖုန်းထဲကနေ မိနစ်ပိုင်းအတွင်း ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

Nihao China App မှာ CB-UPI ကတ်ကို ထည့်သွင်းချိတ်ဆက်ဖို့အတွက်

🔹 အရင်ဆုံး Nihao China App ကို ဝင်ပါ၊
🔹 ညာဘက်က Intl/HK/MO/TW ကို ရွေးချယ်ပါ၊
🔹 Country or Region မှာ Myanmar လို့ ရိုက်ထည့်ပါ၊ Myanmar ပေါ်လာရင် နှိပ်ပြီး ဝင်လိုက်ပါ၊
🔹 ညာဘက်ထောင့်ဆုံးက လူပုံစံ Icon ကို နှိပ်ပါ၊
🔹 မိမိ Email နဲ့ Register ပြုလုပ်ပါ၊
🔹 Register လုပ်ပြီးနောက် Tour Wallet ကို နှိပ်ပါ၊
🔹 Bank Card ဘေးနားက (+) ကို နှိပ်ပြီး မိမိရဲ့ ဖုန်းနံပါတ်နဲ့ CB-UPI ကတ်အချက်အလက်များ ဖြည့်စွက်ကာ Card Bind လုပ်ပါ (CB Bank မှာ CB-UPI ကတ်ဖွင့်လှစ်ထားတဲ့ ဖုန်းနံပါတ်ဖြစ်မှသာ OTP Code ရရှိနိုင်မှာဖြစ်ပါတယ်)၊
🔹 CB-UPI ကတ်ကို Bind လုပ်ပြီးရင်တော့ ဖုန်းထဲက Nihao China App ကနေတစ်ဆင့် တရုတ်တစ်နိုင်ငံလုံးမှာ အလွယ်တကူ ငွေပေးချေနိုင်ပါပြီ။

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤6
“Toy for Joy: Small Gifts, Big Smiles”

ကလေးငယ်တွေဟာ ပိုမိုလှပတဲ့ အနာဂတ်ကမ္ဘာအတွက် မရှိမဖြစ်အရေးပါတဲ့ အရုဏ်ဦးရဲ့ အလင်းရောင်ခြည် ဖြစ်ပါတယ်။ ဒါကြောင့် CB Bank အနေနဲ့လဲ ကလေး၊ လူငယ်တွေအတွက် အကျိုးပြုနိုင်မဲ့ လုပ်ဆောင်ချက်တွေမှာ တစ်ဖက်တစ်လမ်းကနေ တတ်အားသရွေ့ ကူညီထောက်ပံ့ အားပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၆ ရက်နေ့ (စနေနေ့) မှာလဲ Singapore Association of Myanmar - SAM က ဦးဆောင်ပြုလုပ်ခဲ့တဲ့ “Toy for Joy: Small Gifts, Big Smiles” အစီအစဉ်မှာ CB Bank က Corporate Partner အဖြစ် အတူတကွ လက်တွဲပြီး ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်အားဖြည့်ခဲ့ပါတယ်။ ရန်ကုန်ကလေးဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံကြီးတို့မှာ တက်ရောက်ဆေးကုသမှု ခံယူနေတဲ့ ကလေးငယ်တွေအတွက် CB Bank မိသားစုဝင်များက လက်ဆောင်ပေးအပ်ထားတဲ့ အရုပ်ကလေးတွေကို သွားရောက်မျှဝေပေးခဲ့ပြီး ဆေးရုံမှာ မရှိမဖြစ် လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေနဲ့ စားသောက်ကုန်များကိုလဲ လှူဒါန်းပေးခဲ့ပါတယ်။

ကလေးတွေအတွက် အခုလို ကောင်းမွန်တဲ့ အမှတ်တရများစွာ ဖန်တီးပေးရုံသာမကဘဲ လူမှုအသိုင်းအဝိုင်းအနေနဲ့ ကလေးလူငယ်တွေအပေါ် တန်ဖိုးထားအလေးပေးမှုကိုဖော်ပြတဲ့အစီအစဉ်မှာ CB Bank ကလဲ တစ်ဖက်တစ်လမ်းက ပါဝင်ခွင့်ရတဲ့အတွက် အထူးဝမ်းမြောက် ဂုဏ်ယူမိပါတယ်။
❤3
". . . မိုးလေးဖွဲတုန်း . . . ဂေါ့ဖ်ရိုက်မယ် . . ."

ကျန်းမာရေးအတွက် လေကောင်းလေသန့် ရှူရှိုက်ရင်း၊ လေ့ကျင့်ခန်းလဲ လုပ်ရင်း ဂေါ့ဖ်ရိုက်ကြမဲ့ ဝါသနာရှင်များအတွက် 50% Discount ပရိုမိုးရှင်းအစီအစဉ်။

၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁၅ ရက်နေ့ကနေ နိုဝင်ဘာလ၊ ၃၀ ရက်နေ့အတွင်း Yangon Golf Club မှာ CB VISA Signature Card နဲ့ CB VISA Infinite Card များကို အသုံးပြုပြီး ငွေပေးချေတိုင်း 50% လျှော့ဈေးရယူနိုင်ပါပြီ။

Yangon Golf Club မှာ ဂေါ့ဖ်ကစားတဲ့အခါ
🌟 Green Fees
🌟 Buggy Hiring Fees နဲ့
🌟 Caddie Fees တို့အတွက် ကြိုက်နှစ်သက်ရာ CB VISA Signature Card ဒါမှမဟုတ် CB VISA Infinite Card နဲ့ ငွေပေးချေတိုင်း 50% လျှော့ဈေး ရယူနိုင်မှာ ဖြစ်ပါတယ်။ ခံစားခွင့်ကို အများဆုံး ငွေကျပ် (၁၅၀,၀၀၀) အထိ သတ်မှတ်ထားပါတယ်။

🔵 စိတ်ဝင်စားသူတွေက Yangon Golf Club Reception (+959 882 561 500) မှာ အနည်းဆုံး (၂) ရက် ကြိုတင်ပြီး Booking ပြုလုပ်ထားဖို့ မမေ့နဲ့နော်။

Yangon Golf Club
☎️ +959 882 561 500
⛳ ခရေပင်လမ်း၊ ဒညင်းကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။

☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍1
❤1
❌ ဒီလထဲ အပိုဝင်ငွေလေးရှိပေမဲ့ ဘယ်လိုကုန်သွားလဲ မသိဘူး။
❌ လစာတိုးပေမဲ့ အသုံးစရိတ်ထဲ ပါသွားတယ်။
❌ အိုတီကြေးတွေကို သီးသန့်စုမယ် တွေးထားပေမဲ့ သုံးလိုက်မိတယ်။

ပိုရပိုသုံး အလေ့အထ (Lifestyle Inflation) ဆိုတာ ဝင်ငွေတိုးပွားလာတာနဲ့အမျှ အသုံးစရိတ် ပိုမိုမြင့်တက်လာခြင်းကို ဆိုလိုပါတယ်။ ဒီလို အမူအကျင့်မျိုးဟာ ကိုယ်တိုင်တောင် သတိမထားမိဘဲ အမှုမဲ့ အမှတ်မဲ့ ပြုလုပ်မိတတ်တဲ့ အမူအကျင့် ဖြစ်လို့ ငွေကို စနစ်တကျ စုဆောင်းလိုသူတိုင်း မဖြစ်မနေ သတိပြုဆင်ခြင်သင့်ပါတယ်။

ဒါကြောင့် လစာတိုးလာတဲ့အခါ၊ ဘောနပ်စ်ရတဲ့အခါ၊ ဒုတိယဝင်ငွေလမ်းကြောင်းကနေ အပိုဝင်ငွေ ရလာတဲ့အခါတွေမှာ အခြေခံအသုံးစရိတ်တွေကို အရင်အတိုင်းပဲ ပုံမှန် ထိန်းထားနိုင်အောင် ကြိုးစားရပါမယ်။ ပြီးတဲ့အခါ ပိုထွက်လာတဲ့ ဝင်ငွေကို စုဆောင်းငွေစာရင်းထဲ ထည့်တာ၊ အကြွေးဆပ်တာ၊ ရင်းနှီးမြှုပ်နှံတာမျိုး ပြုလုပ်သင့်ပါတယ်။

ပိုရပိုသုံး မဖြစ်ရအောင် အပိုဝင်ငွေမှန်သမျှကို စနစ်တကျ စုဆောင်းချင်တယ်ဆိုရင်တော့ CB Bank မှာ (၇) ရက် စုဆောင်းရုံနဲ့ အတိုးနှုန်း 10.50% p.a. ရယူနိုင်မဲ့ 7 Days Fixed Deposit၊ (၁၅) ရက်တိတိ စုဆောင်းရုံနဲ့ အတိုးနှုန်း 10.75% p.a. ရယူနိုင်မဲ့ 15 Days Fixed Deposit အပါအဝင် အခြားအပ်ငွေစာရင်း အမျိုးအစား‌တွေလဲ ရှိတဲ့အတွက် စုဆောင်းငွေ တိုးပွားလိုသူများအနေနဲ့ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ လာရောက်အပ်နှံနိုင်ပါတယ်။

CB Bank ရဲ့ ဘဏ်ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါကလဲ နီးစပ်ရာ CB Bank ဘဏ်ခွဲများ သို့မဟုတ် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့် ရှိနေပါတယ်။
❤3
မျိုးဆက်သစ်လူငယ်တွေဟာ အနာဂတ်ကမ္ဘာမြေ ပိုမိုလှပစေဖို့ အရေးပါဆုံး‌ ကြယ်ပွင့်ကလေးတွေ ဖြစ်ပါတယ်။

ဒါကြောင့် CB Bank က လူငယ်တွေရဲ့ ရည်မှန်းချက်၊ အားသာချက်နဲ့ အရည်အချင်းတွေကို ပိုမိုတောက်ပလာအောင် တစ်ဖက်တစ်လမ်းကနေ မြေတောင်မြှောက်ပေးနိုင်ဖို့ အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ အိုင်တီပိုင်းကို စိတ်ဝင်စားလေ့လာနေတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းအသစ်တွေ ဖန်တီးပေးနိုင်ဖို့ ၂၀၂၆ ခုနှစ်၊ ဇွန်လ၊ ၁၈ ရက် (ကြာသပတေးနေ့) က ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (UCSY) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 10th MCPA Day & Career Fair 2026 မှာ Main Contribution အဖြစ် အားဖြည့်ပါဝင်ခဲ့ပါတယ်။ ဒီပွဲကို CB Bank ရဲ့ HR ဌာနက တာဝန်ရှိသူများကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဘဏ်ဝန်ဆောင်မှုနယ်ပယ်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အကြံပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။

CB Bank ဟာ မြန်မာ့ဘဏ်လောကမှာ ခေတ်နဲ့အညီ ပြောင်းလဲလျက်ရှိတဲ့ ဒီဂျစ်တယ်နည်းပညာ တိုးတက်မှုကို တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိသလို ဘဏ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လေ့လာသင်ယူလိုတဲ့ လူငယ်တွေကိုလဲ အခွင့်အလမ်းများ ‌ဖန်တီးပေးရင်း လူမှုပတ်ဝန်းကျင် တိုးတက်ရေးအတွက်ပါ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဘဏ်ဝန်ဆောင်မှုနယ်ပယ်ကို စိတ်ဝင်စားပြီး လုပ်ငန်းအတွေ့အကြုံရယူလိုတဲ့လူငယ်တွေကလဲ ကိုယ်ရေးအကျဉ်းအပြည့်အစုံ (CV) ကို recruitment@cbbank.com.mm ကို လိပ်မူပြီး အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။

CB Bank က မျိုးဆက်သစ်လူငယ်တွေကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။

🤝 Join us! Grow with us! Let's win-win together! 🤝
❤2
❤1