CB Lucky Box ကံထူးရှင် (၁၀) ဦးကို ဆုလက်ဆောင်ချီးမြှင့်ခဲ့တဲ့ အမှတ်တရပုံရိပ်တွေကို အားလုံးနဲ့အတူ မျှဝေလိုက်ပါတယ်။

CB Bank ကို (၃၃) နှစ်ကျော် ကာလပတ်လုံး ယုံကြည်စွာအားပေးခဲ့ကြတဲ့ မိတ်ဟောင်းမိတ်သစ် Customer များ၊ CB Lucky Box အစီအစဉ်မှာ ပါဝင်ပေးခဲ့ကြသူများ အားလုံးကို ကျေးဇူး အထူးတင်ရှိပါတယ်။

နောက်ထပ်ရင်ခုန်စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းများစွာကို ပြုလုပ်ပေးသွားဦးမှာဖြစ်လို့ CB Bank Facebook စာမျက်နှာမှာ ဆက်လက် စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 )
❤5👍1
ဒီလအတွက် လျှပ်စစ်မီတာဘေလ် ဆောင်ပြီးပြီလား။

အခုလို ပူပြင်းတဲ့ရာသီမှာ မီတာဆောင်ဖို့ တကူးတက အပြင်ထွက်စရာ မလိုတော့ပါဘူး။ CB Pay App နဲ့ဆိုရင် လျှပ်စစ်မီတာဘေလ်ကို သက်မှတ်ကာလအတွင်း အချိန်မရွေး၊ နေရာမရွေး ဖုန်းထဲကနေ အလွယ်တကူ ပေးဆောင်နိုင်ပါတယ်။

CB Pay နဲ့ မီတာဆောင်ဖို့ CB Pay App ထဲကိုဝင် Pay Bill > Bill Type > Electricity Bill မှာ လိုအပ်တဲ့ အချက်အလက်တွေကို မှန်ကန်စွာ ဖြည့်စွက်ဖို့ပဲ လိုပါတယ်။

☎ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 )
❤2
❤1👍1
CB Bank Myanmar
Photo
⚠️ ပမာဏတစ်ခု ရင်းနှီးမြှုပ်နှံထားရုံနဲ့ လအနည်းငယ်အတွင်း အမြတ်အစွန်း အများကြီးရရှိနိုင်မဲ့ အခွင့်အရေး။
⚠️ အပေါင်ပစ္စည်း ပေးစရာမလိုဘဲ ချက်ချင်းလက်ငင်း ချေးငွေ ရယူခွင့်။
⚠️ အစုရှယ်ယာဝယ်ယူပြီး ဘာမှလုပ်စရာမလိုဘဲ အချိန်နဲ့တစ်ပြေးညီ ဝင်ငွေတိုးပွားနေမယ်ဆိုရင် စိတ်ဝင်စားလား အစရှိတဲ့ မက်လုံးတွေနဲ့ ဖြားယောင်းလာခဲ့ရင် သေချာချင့်ချိန်ပြီး စဉ်းစားဖို့ လိုအပ်ပါတယ်။ အယုံမလွယ်ပါနဲ့။

အွန်လိုင်းပေါ်က မသမာသူတွေက ဒီဂျစ်တယ် နည်းပညာရော၊ ကြိုတင် အကွက်ချ ပြင်ဆင်ထားတဲ့ နည်းလမ်းအသစ်အဆန်းတွေကိုပါ အသုံးချပြီး ပုံစံမျိုးစုံနဲ့ ချဉ်းကပ်လာတတ်ကြပါတယ်။

ဒါကြောင့်
👉🏻 ဆိုရှယ်မီဒီယာကနေ ချိတ်ဆက်လာတဲ့ ချေးငွေကမ်းလှမ်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်များအားလုံးကို တရားဝင်ခွင့်ပြုချက်ရရှိထားတဲ့ အဖွဲ့အစည်းတွေရဲ့ ကမ်းလှမ်းချက် အစစ်အမှန် ဟုတ်/မဟုတ် စိစစ်ခြင်း၊
👉🏻 အတည်မပြုနိုင်တဲ့ ဘဏ်အကောင့်များ၊ Pay Account များကို ငွေလွှဲမပေးပို့ခြင်း၊
👉🏻 သံသယဖြစ်ဖွယ်တစ်စုံတစ်ရာ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဘဏ် သို့မဟုတ် ရဲဌာနများကို အမြန်ဆုံး သတင်းပေးပို့ခြင်းများ ပြုလုပ်သင့်ပါတယ်။

🔵 ငွေကြေးလိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မသမာမှုတွေကို အစဉ်အမြဲ သတိထားရှောင်ရှားဖို့ မမေ့လိုက်ပါနဲ့နော်။
👍3
Outlet A မှာ CB ဘဏ်ကတ်၊ CB Pay နဲ့ ပေးချေရင်း 20% လျှော့ဈေး ရရှိမဲ့ အခွင့်အရေး

ကိုယ့်ကိုယ်ကိုယ် ဆုချဖို့အတွက်ပဲဖြစ်ဖြစ်၊ ချစ်ရသူတွေကို လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် စဉ်းစားနေတယ်ဆိုရင် Outlet A (Branded Factory Outlet) ဆိုင်က အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေကို 20% လျှော့ဈေးနဲ့ ဝယ်ယူနိုင်မဲ့ ပရိုမိုးရှင်းက အသင့်စောင့်ကြိုနေပါတယ်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့မှ မတ်လ၊ ၃၁ ရက်နေ့အတွင်း Outlet A မှာ အနည်းဆုံး (၅၀,၀၀၀) ကျပ်ဖိုး ဝယ်ယူပြီး CB ဘဏ်ကတ်တစ်ခုခု သို့မဟုတ် CB Pay နဲ့ ငွေပေးချေလိုက်ရုံနဲ့ 20% လျှော့ဈေး ရရှိမှာဖြစ်လို့ များများဝယ်ယူလေ၊ ပိုမိုသက်သာလေပါပဲ။ အများဆုံး (၁၀၀,၀၀၀) ကျပ်အထိ သက်သာခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။
CB ဘဏ်ကတ်၊ CB Pay နဲ့အတူ အဝတ်အစားအသစ်တွေ အများကြီးဝယ်ပြီး အများကြီးသက်သာဖို့ ပရိုမိုးရှင်းကာလအတွင်း Outlet A (Branded Factory Outlet) ဆိုင်ခွဲတွေကို အရောက်လှမ်းခဲ့လိုက်ပါ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
❤4
၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂ ရက် (တနင်္လာနေ့) သည် “တပေါင်းလပြည့်နေ့” နှင့် “တောင်သူလယ်သမားနေ့” ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် CB Bank ဘဏ်ခွဲများအားလုံး ပိတ်ထားမည် ဖြစ်ပါသည်။

ရုံးပိတ်ရက်အတွင်း ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်း၊ ငွေထုတ်စက်) တို့အပြင် CB Bank ၏ ဒီဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သည့် CB Pay, CB Bank iBanking နှင့် CB Card+ App တို့မှ ဝန်ဆောင်မှုများ ရယူနိုင်သကဲ့သို့ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်ပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပါသည်။
❤4👍2
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့ကနေ ဧပြီလ၊ ၃၀ ရက်နေ့အတွင်း Aung Bar Lay Application မှာ CBPay နဲ့ ထီလက်မှတ် (၃) စောင် ဝယ်ယူတိုင်း Spin Wheel တစ်ကြိမ်လှည့်ခွင့် ရရှိမှာဖြစ်ပါတယ်။

Grand Prize ဖြစ်တဲ့ iPhone 17 Pro Max အပါအဝင်
🎁 Daily Pop ဆု ငွေကျပ် (၂၀၀,၀၀၀) နဲ့
🎁 Daily Twing ဆု ငွေကျပ် (၅၀,၀၀၀) ကို နေ့တိုင်း Spin လှည့်ရင်း ကံထူးနိုင်ဦးမှာပါ။

☎ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 )
👍3❤1
Media is too big
VIEW IN TELEGRAM
CB Rewards ပွိုင့်တွေကို CB Card+ App ထဲကနေ ဘယ်လိုလဲလှယ်အသုံးပြုရမလဲ။

Redeem ပြုလုပ်ပုံအဆင့်ဆင့်ကို ဒီဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

📱 CB Card+ Application ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbcardapp

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍4
နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖက်ရှင်အတွက် အခုကတည်းက ကြိုတင်ပြင်ဆင်တော့မလို့လား။

Meland Export ဆိုင်မှာ အနည်းဆုံး ငွေကျပ် (၅၀,၀၀၀) ဖိုး ဝယ်ယူပြီး CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay နဲ့ ငွေပေးချေတိုင်း 20% လျှော့ဈေး ခံစားနိုင်ပါပြီ။

🔵 အများဆုံး ငွေကျပ် (၁၀၀,၀၀၀) အထိ သက်သာခွင့်။

🗓 ပရိုမိုးရှင်းကာလ ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၃၁ ရက်နေ့အထိ။

☎ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 )
❤2
ဒီနေ့ (၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂ ရက်နေ့) မှာ ကျရောက်တဲ့ “တောင်သူလယ်သမားနေ့” ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။
👍7❤2
Indian Association Myanmar (iAM) က ကြီးမှူးကျင်းပတဲ့ (၂၀၂၆) ခုနှစ် ဟိုလီပွဲတော် (Holi Festival) မှာ CB Bank က Super Sponsor အဖြစ် ပါဝင်အားဖြည့်ခဲ့ပါတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့ နွေဦးရောက်ရှိခြင်း၊ ကောင်းမွန်ခြင်းများ အသစ်ပြန်လည် စတင်ခြင်း အထိမ်းအမှတ်နဲ့ ကျင်းပကြတဲ့ ဆေးရောင်စုံပွဲတော်ကို ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၁ ရက်နေ့က ရန်ကုန်မြို့၊ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ဟိန္ဒူဘာသာဝင် မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ပျော်ရွှင်စွာ ဆင်နွှဲခဲ့တဲ့ ပုံရိပ်လေးတွေကို အားလုံးနဲ့အတူ ပြန်လည်မျှဝေလိုက်ပါတယ်။
❤4👍1