❤5👍1
❤1
CB Bank Myanmar
Photo
ဒီဂျစ်တယ် ငွေပေးချေမှု (Digital Payment) ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ချိန်မှာ တစ်နေရာရာသွားတိုင်း ငွေသားတွေအများကြီး ကိုင်ဆောင်သွားဖို့ ပြင်ဆင်နေတုန်းလား။ 

နေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်နေတဲ့ခေတ်မှာ ငွေသားကိုင်တွယ်သုံးစွဲမှုကနေ ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို တဖြည်းဖြည်း အသွင်ကူးပြောင်းလာပါပြီ။ ဒါကြောင့် ပိုမိုလုံခြုံစိတ်ချရတဲ့ ငွေကြေးစီမံခန့်ခွဲသုံးစွဲမှု ဒီဂျစ်တယ်အရွေ့တစ်ခုမှာ ပါဝင်စီးမျောရုံနဲ့ (၂၁) ရာစု နည်းပညာခေတ်ရဲ့ ဆန်းသစ်တဲ့ လူနေမှုဘဝ အားသာချက်တွေကိုပါ ခံစားနိုင်မှာ ဖြစ်ပါတယ်။ 

ဒီဂျစ်တယ် ငွေပေးချေမှု (Digital Payment) တွင်ကျယ်လာတာနဲ့အမျှ Mobile Banking/ Pay Application တွေကနေ 
🌟 ငွေပေးချေခြင်း၊ 
🌟 ငွေလွှဲပေးပို့ခြင်း၊ 
🌟 ပုံမှန် ပေးဆောင်နေကျ လစဉ်ကြေးတွေကို လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ခြင်း၊
🌟 MMQR လက်ခံတဲ့ ဆိုင်တွေမှာ ကြိုက်နှစ်သက်ရာ Pay အားလုံးနဲ့ ငွေပေးချေနိုင်ခြင်းစတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ဒါ့အပြင် ဘဏ်ကတ်ကိုင်ဆောင်အသုံးပြုခြင်းအားဖြင့်လဲ ဈေးဝယ်စင်တာများ၊ POS စက်နဲ့ ငွေပေးချေမှု လက်ခံတဲ့ ဆိုင်များ၊ E-commerce Website များမှာ ငွေပေးချေခြင်းများပြုလုပ်နိုင်ပါတယ်။ 

လုပ်ငန်းရှင်တွေအနေနဲ့ ဒီဂျစ်တယ် ငွေပေးချေမှု (Digital Payment) ကို အားထားခြင်းအားဖြင့်
🔵 လုံခြုံစိတ်ချရခြင်း၊
ငွေသားအမြောက်အမြား သယ်ဆောင်၊ သိမ်းဆည်းစရာမလိုတဲ့အပြင် အပိုဝန်ဆောင်ခ ပေးဆောင်စရာမလိုဘဲ ဘဏ်ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ကိုယ်တိုင်ရယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

🔵 အခွင့်အလမ်းသစ်များ ရရှိနိုင်ခြင်း၊
Digital Payment စနစ်က MSME လုပ်ငန်းရှင်များအတွက် Transaction Data Footprint (ငွေပေးချေမှုမှတ်တမ်း) များနဲ့ Digital Credit Ecosystem အတွက် အခြေခံအချက်အလက်များ ဖန်တီးပေးနိုင်ပါတယ်။ ဒီလိုအရာတွေက လုပ်ငန်းအတွက် ယုံကြည်စိတ်ချခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်လာပြီး ဒီဂျစ်တယ်ချေးငွေ လျှောက်ထားရယူနိုင်မဲ့ အခွင့်အလမ်းအသစ်များပါ ရရှိစေနိုင်ပါတယ်။

🔵 လုပ်ငန်းတိုးချဲ့နိုင်ခြင်း၊
MSME လုပ်ငန်းရှင်များအနေနဲ့ MMQR စနစ် (အထူးသဖြင့် CB Bank MMQR ဝန်ဆောင်မှု) ကို အသုံးပြုခြင်းဖြင့် ငွေသားကိုင်တွယ်သုံးစွဲမှုကို လျှော့ချနိုင်ရုံသာမကဘဲ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ CB Bank MMQR Merchant Loan ဝန်ဆောင်မှုကိုလဲ လျှောက်ထားရယူနိုင်မှာ ဖြစ်ပါတယ်။

🔵 ငွေကြေးကို ပိုမိုတိကျစွာ စီမံခန့်ခွဲနိုင်ခြင်း၊
Digital Payment စနစ်ကြောင့် ပြန်အမ်းငွေအတွက် အကြွေစုဆောင်းထားစရာမလိုဘဲ ကျသင့်ငွေကို တိတိကျကျ လက်ခံနိုင်ပါတယ်။

CB Bank ရဲ့ ဘဏ်ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက နီးစပ်ရာ CB Bank ဘဏ်ခွဲများ သို့မဟုတ် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့် ရှိနေပါတယ်။
❤1
Kumon Learning Centre (Kumon Yangon) ရဲ့ ကျောင်းလခတွေကို CB Pay ထဲကနေ အလွယ်တကူ ပေးသွင်းနိုင်ပါပြီ။

ကျောင်းလခပေးသွင်းဖို့
🔹 CB Pay App ထဲကိုဝင်၊
🔹 Pay Bill > Bill Type ထဲက Education Payment မှာ Kumon Learning Centre ကို ရွေး၊
🔹 လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်စွက်ပြီး အလွယ်တကူ ပေးသွင်းလိုက်ရုံပါပဲ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍2
Happy International Women's Day!

ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုပါတယ်။ နယ်ပယ်အသီးသီးမှာ ကိုယ်စီကိုယ်င လှုပ်ရှားရုန်းကန်နေကြတဲ့ အမျိုးသမီးများအားလုံးကိုလဲ လေးစားစွာ ဂုဏ်ပြုလိုက်ပါတယ်။
❤3👍1
❤1
အွန်လိုင်းပေါ်မှာ မသိတဲ့တစ်စုံတစ်ယောက်ဆီကနေ နိုင်ငံသားစိစစ်ရေးကတ်ဓာတ်ပုံ တောင်းဆိုလာတာမျိုး ကြုံဖူးပါသလား။ အယုံမလွယ်ပါနဲ့နော်။

နိုင်ငံသားစိစစ်ရေးကတ်ဆိုတာ ကိုယ်ပိုင်ဘဏ်အကောင့်များ၊ ဘဏ်ကတ်များ၊ Mobile Wallet များအပါအဝင် အခြားသော ပိုင်ဆိုင်မှုများ၊ အချက်အလက်များကို အတည်ပြုရာမှာ အဓိကလိုအပ်တဲ့ သက်သေခံကတ် ဖြစ်ပါတယ်။ ဒါကြောင့် မသမာသူတွေက နိုင်ငံသားစိစစ်ရေးကတ် အတုအယောင်များ ဖန်တီးပြီး လိမ်လည်မှုများ ပြုလုပ်တတ်ကြပါတယ်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်သူတွေက
🚫 အလုပ်အကိုင်အခွင့်အလမ်းအတုများနဲ့ ဖြားယောင်းပြီး နိုင်ငံသားစိစစ်‌ရေးကတ် ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်များကို တောင်းခံခြင်း၊
🚫 ငွေကြေးဆုမဲများ၊ ကံစမ်းမဲများ ကံထူးကြောင်း အယုံသွင်းပြီး တောင်းယူခြင်း၊
🚫 ဘဏ်ဝန်ထမ်းအယောင်ဆောင်ပြီး ဖိအားပေး တောင်းဆိုခြင်း၊
🚫 ဝန်ဆောင်မှု တစ်စုံတစ်ရာ ပေးအပ်မည်ဖြစ်ကြောင်း လှည့်ဖြားပြီး တောင်းခံခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုလေ့ ရှိကြပါတယ်။

ဒါကြောင့် ငွေကြေးလိမ်လည်မှု အန္တရာယ်ကနေ ကင်းဝေးစေဖို့ နိုင်ငံသားစိစစ်ရေးကတ်အပါအဝင် တစ်ဦးတည်းသာ သိထားသင့်တဲ့ ကိုယ်ရေးအချက်အလက်တွေကို ဘယ်သူ့ကိုမှ မမျှဝေမိစေဖို့ အထူးသတိပြုသင့်ပါတယ်။
❤4
❤1
မန္တလေးမြို့ရှိ CB Bank ဘဏ်ခွဲများတွင် တာဝန်ထမ်းဆောင်ရန် လစ်လပ်ရာထူးများ

🤝 အငယ်တန်းလက်ထောက်

🔹 အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါတယ်။
🔹 ကွန်ပျူတာ အသုံးပြုနိုင်ရပါမယ်။
🔹 အမျိုးသားများအနေနဲ့ အရပ်အမြင့် အနည်းဆုံး (၅-ပေ၊ ၃-လက်မ)၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး (၅-ပေ၊ ၂-လက်မ) ရှိရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။

🤝 ငွေကြေးဝန်ထမ်း

🔹 တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါတယ်။
🔹 အမျိုးသားများအနေနဲ့ အရပ်အမြင့် အနည်းဆုံး (၅-ပေ၊ ၃-လက်မ)၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး (၅-ပေ၊ ၂-လက်မ) ရှိရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။

🤝 ရုံးအကူဝန်ထမ်း (ကျား)

🔹 အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်သူ ဖြစ်ရပါမယ်။
🔹 အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။

🤝 လုံခြုံရေး (ကျား/မ)

🔹 ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး သွက်လက်တက်ကြွသူ ဖြစ်ရပါမည်။
🔹 ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရပါမည်။
🔹 ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမည်။

အထက်ဖော်ပြပါအချက်အလက်များနှင့် ကိုက်ညီပါက ကိုယ်ရေးရာဇဝင်အကျဉ်း (CV) တွင် လျှောက်ထားလိုသည့် ရာထူးကို ထည့်သွင်းရေးသားဖော်ပြပြီး
🌟 လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
🌟 ပညာအရည်အချင်း ထောက်ခံစာမိတ္တူ၊
🌟 သက်ဆိုင်ရာ ထောက်ခံစာများ၊
🌟 အလုပ်သမားမှတ်ပုံတင် (လေဘာ) မိတ္တူ၊
🌟 မှတ်ပုံတင်မိတ္တူ၊
🌟 အိမ်ထောင်စုဇယားမိတ္တူ တို့ကို ပြည့်စုံစွာ ပူးတွဲပြီး talent@cbbank.com.mm ကို အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။

Viber ကနေ လျှောက်ထားလိုပါက Viber နံပါတ် (+959 880 925 621) ကနေလဲ လျှောက်ထားနိုင်ပါတယ်။

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက

CB Bank အထက်မြန်မာပြည်ဇုန်ရုံး
🏦 (၂၆) လမ်းနှင့် (၈၈) လမ်းထောင့်၊ သီရိဟေမာ အရှေ့ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။
☎️ ၀၁၂၃၁၇၉၉၃

🤝 Join us! Grow with us! Let's win-win together! 🤝
❤3
🍽 Dinner Date လား၊ Hang Out လား။

အရသာရှိတဲ့ ညစာတစ်နပ်က တစ်နေ့တာလုံး ပင်ပန်းထားသမျှကို ကုစားပေးနိုင်တဲ့ ဓာတ်စာလို့ မှတ်ယူထားတဲ့ Foodie လေးတွေအတွက် သတင်းကောင်း ရှိနေပါတယ်။

တစ်ခုခုစားဖို့ အပြင်လဲ သွားချင်တယ်၊ ဘာစားရမလဲ စဉ်းစားရခက်နေတယ်ဆိုရင်တော့ CB VISA Card ကိုင်ဆောင်အသုံးပြုသူတိုင်း 10% လျှော့ဈေးခံစားခွင့်ရရှိနိုင်တဲ့ လူကြိုက်အများဆုံးဆိုင်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဒါကြောင့် ဘယ်ကိုပဲ သွားသွား CB ဘဏ်ကတ်လေးတွေ ယူဆောင်သွားဖို့ မမေ့ပါနဲ့နော်။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤2
❤2👍1
သင်္ကြန်ပိတ်ရက်မှာ ခရီးသွားဖို့ ကြိုတင်စီစဉ်နေတဲ့ CB Pay အသုံးပြုသူတွေအတွက် Flymya အထူးပရိုမိုးရှင်းအစီအစဉ်

ပရိုမိုးရှင်းကာလ - ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၃၁ ရက်နေ့အထိ။

🌟 CB Pay App ထဲကနေ Flymya မှာ ကားလက်မှတ်၊ လေယာဉ်လက်မှတ် ဝယ်ယူရင်ပဲဖြစ်ဖြစ်၊
🌟 Flymya Website နဲ့ App မှာ Booking တင်ပြီး CB Pay နဲ့ ငွေပေးချေရင်ပဲဖြစ်ဖြစ် 10% လျှော့ဈေး (အများဆုံး ငွေကျပ် (၁၀,၀၀၀) အထိ သက်သာခွင့်) ရရှိနိုင်ပါပြီ။

🔵 Promo Code မှာ FLYCBM26 လို့ ရိုက်ထည့်ဖို့တော့ မမေ့ပါနဲ့နော်။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤3