👍1
CB Bank Myanmar
Photo
နေ့စဉ်ဘဝမှာ ဆက်စပ်စရာ အကြောင်းပြချက်လဲ မရှိ၊ နဂိုကတည်းက သိကျွမ်းခဲ့သူလဲ မဟုတ်ပါဘဲနဲ့ လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်ယောက်က အွန်လိုင်းကနေ စဉ်ဆက်မပြတ် ချဉ်းကပ်နေပြီဆိုရင် သတိထားဖို့ လိုအပ်နေပါပြီ။ မသမာသူတွေဟာ ငွေကြေးနဲ့ ပတ်သက်ပြီး အကျိုးအမြတ်ရယူနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ချဉ်းကပ်လှည့်ဖြားလျက် ရှိပါတယ်။ ဒါကြောင့် အယုံမလွယ်ပါနဲ့။

လင့်ခ် (Link) အတုတွေကို ဝင်ရောက်ဖို့ မက်လုံးပေး သွေးဆောင်ခြင်း၊ အလုပ်ခေါ်စာအတုတွေနဲ့ လှည့်စားခြင်း၊ ဘဏ် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုရဲ့ တာဝန်ရှိသူဟန်ဆောင်ပြီး ခြိမ်းခြောက်ခြင်းတို့အပြင် ချစ်ခင်ဟန်နဲ့ လှည့်စားခြင်းကိုလဲ နည်းပရိယာယ်တစ်ခုအဖြစ် အသုံးပြုလာကြပါတယ်။

ဒီလို အဖြစ်အပျက်တွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့
❌ အယုံအလွယ်ပါနဲ့။
❌ ကိုယ်ရေးအချက်အလက်၊ နေရပ်လိပ်စာ စတာတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မတင်ပါနဲ့။
❌ တစ်ဦးသာ သိရမဲ့အချက်အလက်တွေကို ဘယ်သူနဲ့မှ မမျှဝေပါနဲ့။

🔵 ငွေကြေးလိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မသမာမှုတွေကို ရှောင်ရှားနိုင်ဖို့ အစဉ်အမြဲ သတိရှိရပါမယ်။

☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 )
👍1
သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိတဲ့ မနက်စာ Menu တွေနဲ့ မန္တလာမြေက အစားအစာတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် စားချင်သူတွေအတွက် သီရိနွယ်ကဖေး (Thiri Nwel Cafe)၊ ကမာရွတ်ဆိုင်ခွဲ မှာ CB Pay ရဲ့ MMQR ပရိုမိုးရှင်း ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

🌟 ပရိုမိုးရှင်းအစီအစဉ် - CB Pay နဲ့ MMQR Scan ဖတ် ပေးချေလိုက်ရုံနဲ့ ကျသင့်ငွေအတွက် 5% Discount

🗓️ ပရိုမိုးရှင်းကာလ - ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့မှ ဩဂုတ်လ၊ ၃၁ ရက်နေ့အထိ။

🏡 သီရိနွယ်ကဖေး (ကမာရွတ်ဆိုင်ခွဲ)
၆၁၇/ ၃၊ ပြည်လမ်း၊ မာလာလမ်း (သုခကမ္ဘာဆေးရုံလမ်း) ဂုတ်ခြံ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤3
❤2
Media is too big
VIEW IN TELEGRAM
CB ဘဏ်ကတ်တွေကို တစ်နေရာတည်းကနေ စီမံခန့်ခွဲနိုင်မဲ့ CB Card+ App

CB Card+ App ထဲမှာ ကိုယ်တိုင် Register လုပ်နိုင်မဲ့ နည်းလမ်းအဆင့်ဆင့်ကို ဒီဗီဒီယိုမှာ အသေးစိတ် ကြည့်ရှုနိုင်ပါတယ်။

📱 CB Card+ Application ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbcardapp

ပိုမို သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 ) ကို (၂၄) နာရီပတ်လုံး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

#CBBank #Letswin_wintogether
#CBCard+ #Register #PrepaidCard #CreditCard
သင်္ကြန်ပိတ်ရက်မှာ ခရီးသွားဖို့ ကြိုတင်စီစဉ်နေသူတွေအတွက် CB Pay နဲ့ တိုက်ရိုက်ငွေပေးချေနိုင်တဲ့ YOLO Travel4u ရဲ့ ခရီးသွားဝန်ဆောင်မှုတွေ ရှိနေပါတယ်။

YOLO Travel4u ရဲ့ လေယာဉ်လက်မှတ်၊ အဝေးပြေးကားလက်မှတ်၊ Hotel Booking နဲ့ ခရီးသွား Package တွေကို CB Pay ထဲက Ticketing Payment ကနေတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဝယ်ယူဖို့
🔵 အရင်ဆုံး CB Pay App ထဲကို ဝင်၊
🔵 Pay Bill > Bill Type > Ticketing Payment ကို နှိပ်၊
🔵 YOLO Travel4u ကို ရွေး၊
🔵 ပြီးတဲ့အခါ အချက်အလက်တွေနဲ့ ငွေပမာဏ ဖြည့်စွက်ပြီး ငွေပေးချေလိုက်ရုံပါပဲ။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍2
CB Bank Myanmar
Photo
ဘဏ်ဝန်ဆောင်မှု ယာယီရပ်နားထားခဲ့သည့် CB Bank လွိုင်ကော် (လောပိတ) ဘဏ်ခွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၁၈ ရက်နေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ် Customer များအား လေးစားစွာ အသိပေးကြေညာအပ်ပါသည်။

CB Bank ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လွိုင်ကော် (လောပိတ) ဘဏ်ခွဲ

🏦 အမှတ် (၂၇/ခ) ၊ ‌လောပိတလမ်း၊ ရှမ်းစုရပ်ကွက်၊ လွိုင်‌ကော်မြို့၊ ကယားပြည်နယ်။
☎ +9583-2224246
📍 https://maps.app.goo.gl/6v1D8fPr6GrYo8Ln8
❤3
❤5
CB Bank Myanmar
Photo
CB Bank အနေနဲ့ ရေရှည်တည်တံ့မှု (Sustainability) ကဏ္ဍမှာ ထိရောက်တဲ့ ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့တဲ့အတွက် "ESBN Asia-Pacific Green Deal Silver Badge" ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်။

(၂၀၂၅) ခုနှစ်မှာလဲ "ESBN Asia-Pacific Green Deal Green Badge" ရရှိခဲ့ပြီး ဒီနှစ်မှာ Silver Badge အဖြစ် တိုးမြှင့်ရရှိခဲ့တာက CB Bank ရဲ့ "ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုခရီးစဉ်"(Sustainability Journey) အတွက် သိသာထင်ရှားတဲ့ တိုးတက်မှုခြေလှမ်းတစ်ရပ် ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒီအောင်မြင်မှုမှတ်တိုင်က ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ESG (Environment, Social, and Governance) လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့မှုရဲ့ ရလဒ်ဖြစ်သလို ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ခိုင်မာတဲ့ ကတိကဝတ်လဲ ဖြစ်ပါတယ်။

ဒါကြောင့် CB Bank အနေနဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲများကို ဆက်လက်ဖော်ဆောင်ရင်း လေးစားချစ်ခင်ရတဲ့ Customer များ၊ မိတ်ဖက်များနဲ့အတူ Sustainability Goal များကို တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးကာ လူထုပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုများကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလဲ ထပ်မံကတိကဝတ် ပြုအပ်ပါတယ်။
❤5👍1
👍2
CB Bank Myanmar
Photo
အွန်လိုင်းပေါ်ကနေ ကိုယ်ရေးအချက်အလက်တွေကို အလွယ်တကူ Share နေတုန်းပဲလား။ အယုံမလွယ်ပါနဲ့။

မသမာသူတွေက အကြောင်းပြချက်မျိုးစုံနဲ့ နိုင်ငံသားစိစစ်ရေးကတ်ဓာတ်ပုံကို တောင်းဆိုတတ်ကြပါတယ်။

တကယ်တော့ နိုင်ငံသားစိစစ်ရေးကတ်ဆိုတာ ကိုယ်ပိုင်ဘဏ်အကောင့်များ၊ ဘဏ်ကတ်များ၊ Mobile Wallet, Pay App များအပါအဝင် အခြားသော ပိုင်ဆိုင်မှု အချက်အလက်များကို အတည်ပြုရာမှာ အဓိကလိုအပ်တဲ့ သက်သေခံကတ် ဖြစ်ပါတယ်။ ဒါကြောင့်လဲ မသမာသူတွေက နိုင်ငံသားစိစစ်ရေးကတ် အတုအယောင်များ ဖန်တီးပြီး လိမ်လည်မှုများ ပြုလုပ်ကြပါတယ်။

အထူးသဖြင့် အွန်လိုင်းလိမ်လည်သူတွေဟာ

🚫 အလုပ်အကိုင်အခွင့်အလမ်းအတုများနဲ့ ဖြားယောင်းပြီး နိုင်ငံသားစိစစ်‌ရေးကတ် ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်များကို တောင်းခံခြင်း၊
🚫 ငွေကြေးဆုမဲများ၊ ကံစမ်းမဲများ ကံထူးကြောင်း အယုံသွင်းပြီး တောင်းယူခြင်း၊
🚫 ဘဏ်ဝန်ထမ်းအယောင်ဆောင်ပြီး ဖိအားပေး တောင်းဆိုခြင်း၊
🚫 ဝန်ဆောင်မှု တစ်စုံတစ်ရာ ပေးအပ်မည်ဖြစ်ကြောင်း လှည့်ဖြားပြီး တောင်းခံခြင်း စတဲ့ နည်းလမ်းများကို အသုံးပြုလေ့ ရှိကြပါတယ်။

🔵 ငွေကြေးလိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မသမာမှုတွေကို ရှောင်ရှားနိုင်ဖို့ အစဉ်အမြဲ သတိရှိရပါမယ်။

CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 - 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
❤2👍1
❤3
CB Bank Myanmar
Photo
ဒီလအတွက် မီတာဘေလ်ဆောင်ပြီးပြီလား။

ဖုန်းထဲမှာ CB Pay App ရှိနေရုံနဲ့ အပြင်ထွက်စ‌ရာမလိုဘဲ အိမ်ကနေ သက်သောင့်သက်သာ မီတာဆောင်နိုင်ပါတယ်။

🌟 CB Pay App ထဲကို ဝင်၊
🌟 Pay Bill > Bill Type > Electricity Bill ကို ရွေး၊
🌟 မီတာစာရွက်မှာပါတဲ့ မီတာနံပါတ် (Meter Number) နဲ့ ဘားကုတ် (Barcode) ကို ဖြည့်စွက်ပြီး အလွယ်တကူ မီတာဘေလ်ဆောင်နိုင်ပါပြီ။

☎ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤3
၂၀၂၆ ခုနှစ်၊ မတ်လ၊ ၂၇ ရက် (သောကြာနေ့) သည် “တပ်မတော်နေ့" ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် CB Bank ဘဏ်ခွဲများအားလုံး ပိတ်ထားမည် ဖြစ်ပါသည်။

ရုံးပိတ်ရက်အတွင်း ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်း၊ ငွေထုတ်စက်) တို့အပြင် CB Bank ၏ ဒီဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သည့် CB Pay, CB Bank iBanking နှင့် CB Card+ App တို့မှ ဝန်ဆောင်မှုများ ရယူနိုင်သကဲ့သို့ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်ပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပါသည်။
👍3
နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါတိုင်း CB-UPI ကတ်လေး ယူဆောင်သွားဖို့ မမေ့နဲ့နော်။

CB-UPI ကတ်ကိုင်ဆောင်သူတွေအတွက် စင်္ကာပူနိုင်ငံက Takashimaya Department Store နဲ့ Bacha Coffee မှာ အထူးပရိုမိုးရှင်းအစီအစဉ်တွေ စောင့်ကြိုနေပါတယ်။ ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၃၁ ရက်နေ့အထိဖြစ်ပြီး ကြိုက်နှစ်သက်ရာ CB-UPI ကတ်နဲ့ ပေးချေလိုက်ရုံနဲ့ အထူးလျှော့ဈေးခံစားခွင့်တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤2
နိုင်ငံရပ်ခြားကို ခရီးသွားတဲ့အခါတိုင်း CB-UPI ကတ်လေး ယူဆောင်သွားဖို့ မမေ့နဲ့နော်။

CB-UPI ကတ်ကိုင်ဆောင်သူတွေအတွက် စင်္ကာပူနိုင်ငံက Takashimaya Department Store နဲ့ Bacha Coffee မှာ အထူးပရိုမိုးရှင်းအစီအစဉ်တွေ စောင့်ကြိုနေပါတယ်။ ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ မတ်လ၊ ၃၁ ရက်နေ့အထိဖြစ်ပြီး ကြိုက်နှစ်သက်ရာ CB-UPI ကတ်နဲ့ ပေးချေလိုက်ရုံနဲ့ အထူးလျှော့ဈေးခံစားခွင့်တွေ ရယူနိုင်မှာ ဖြစ်ပါတယ်။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤1
CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေ လဲလှယ်နိုင်ပါတယ်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့၊ ဘုရားဖူးဖို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် သတ်မှတ်ပမာဏအတိုင်း နိုင်ငံခြားငွေများ ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤1
ဘဏ်လုပ်ငန်းနယ်ပယ်မှာ Professional တစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ စဉ်းစားနေပြီလား။

CB Bank နဲ့အတူ လက်တွဲလုပ်ကိုင်မဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိပါတယ်။

🌟 CB Bank မှာ ခေါ်ယူလျက်ရှိတဲ့ ရာထူးနေရာများကို ကြည့်ရှုရန် - https://bit.ly/4bTwi9O

လျှောက်ထားလိုသူများအနေနဲ့
🔹 ကိုယ်ရေးအကျဉ်းအပြည့်အစုံ (CV) ကို recruitment@cbbank.com.mm သို့ လိပ်မူပြီး အီးမေးလ်ပေးပို့၍ဖြစ်စေ၊
🔹 CB Bank (HR Division) : Complex 45 - (၄၅) လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်ကို လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။

🤝 Join us! Grow with us! Let's win-win together! 🤝
❤5