❤2
"သည်တန်ခူး ရွှင်မြူး၊ နှစ်ကူးရောက်ပြီလေ . . ."

အရပ်လေးမျက်နှာကနေ ပျံ့လွင့်လာတဲ့ သင်္ကြန်တေးသီချင်းသံများနဲ့အတူ တစ်နှစ်မှာတစ်ကြိမ်သာ ကျရောက်တဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ရဲ့ အငွေ့အသက်တွေက ပိုမိုအသက်ဝင်လျက်ရှိပါတယ်။ ပျော်ရွှင်စရာ အတာသင်္ကြန်အကြိုနေ့လေး ဖြစ်ပါစေ။

အပြင်မထွက်ဘဲ အိမ်မှာပဲနေပြီး Money Fasting လုပ်မဲ့သူတွေကရော ဒီနေ့တစ်နေ့တာလုံး No-Spend Day ဖြစ်အောင် နေနိုင်ခဲ့ရဲ့လား။ 96 Hrs Money Fasting ရဲ့ ပထမဆုံး Day 1 အတွေ့အကြုံလေးတွေကို Comment မှာ မျှဝေပေးပါအုံး။

သင်္ကြန်ရုံးပိတ်ရက်တွေမှာလဲ CB Bank ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့်ရှိနေပါတယ်။
❤3
CB Bank Myanmar
Photo
မြန်မာ့ရိုးရာ အတာသင်္ကြန် အကျနေ့ အခါသမယကို ရောက်ရှိလို့လာပါပြီ။ ဒီနေ့မှာလဲ မဟာသင်္ကြန်ရဲ့ အငွေ့အသက်တွေနဲ့အတူ စိတ်ချမ်းမြေ့ဖွယ် အခိုက်အတန့်ကောင်းလေးတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အပြင်မထွက်ဘဲ အိမ်မှာပဲ Money Fasting လုပ်နေတဲ့သူတွေကရော Day 2 မှာ အတူတူဆက်ပြီး ကြိုးစားဖို့ Ready ပဲလား။

No-Spend Day လို့ သတ်မှတ်ထားတဲ့အတွက် Money Fasting ပြုလုပ်နေတဲ့ (၉၆) နာရီအတွင်း အွန်လိုင်းကနေ ‌ပစ္စည်းမှာတာ၊ ဈေးဝယ်တာမျိုးကိုပါ ယာယီဖြတ်တောက်ထားဖို့ မမေ့ပါနဲ့နော်။ နောက်ပြီး အခုလို ပိတ်ရက်ရှည်ကာလမှာ စိတ်ရောကိုယ်ပါ အနားယူနိုင်ဖို့
🌟 ကိုးကွယ်ယုံကြည်မှုအလိုက် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊
🌟 တရားထိုင်ခြင်း၊
🌟 Social Detox ပြုလုပ်ခြင်း (Social Media အသုံးပြုမှု ယာယီရပ်နားခြင်း၊)
🌟 မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်ဖွယ် အခိုက်အတန့်ကောင်းများ ဖန်တီးခြင်း၊
🌟 စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ပန်းထိုးခြင်း စသဖြင့် ဝါသနာပါရာ အလုပ်များအတွက် အချိန်ပေးခြင်း၊
🌟 နှစ်သက်တဲ့ အစားအသောက်များကို ကိုယ်တိုင်ပြင်ဆင်သုံးဆောင်ခြင်း စတာတွေကိုလဲ လုပ်ဆောင်နိုင်ပါတယ်။

CB Bank ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့်ရှိနေပါတယ်။
❤3
CB Bank Myanmar
Photo
"အတာသင်္ကြန် အကြတ်နေ့"

မိုးစင်စင်လင်းလို့ နံနက်ခင်းအလင်းရောင်စကတည်းက နေဝင်ဖျိုးဖျအချိန်အထိ ရေပက်သူ၊ ရေပက်ခံသူ၊ စတုဒိသာ လှူဒါန်းသူ၊ သုံးဆောင်သူ၊ လှည့်လည်ကြည့်ရှုသူတွေနဲ့အတူ အတာသင်္ကြန်ရဲ့ တတိယမြောက် အကြတ်နေ့ကလဲ သင်္ကြန်မူ၊ သင်္ကြန်ဟန်အတိုင်း သိုက်သိုက်ဝန်းဝန်း ရှိခဲ့ပါတယ်။

အိမ်မှာပဲနေရင်း 96 Hrs Money Fasting လုပ်ကြတဲ့သူတွေကရော တတိယနေ့မှာ ဆက်ပြီး တောင့်ခံနိုင်သေးရဲ့လား။ (၆၈) နာရီတိတိ ကုန်ဆုံးပြီးချိန်မှာ Money Fasting လုပ်ရတာ လွယ်ကူလား၊ ခက်ခဲလား ဆိုတာ Comment မှာ မျှဝေပေးပါအုံး။

CB Bank ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့်ရှိနေပါတယ်။
❤2
CB Bank Myanmar
Photo
အတာသင်္ကြန်ရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ အတက်နေ့ အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ဘေးဘယာကင်းကွာပြီး ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

အိမ်မှာနေရင်း 96 Hrs Money Fasting လုပ်တဲ့သူတွေအတွက်လဲ အထူးဂုဏ်ယူပါတယ်။ အခုဆိုရင်တော့ No-Spend Day လေးရက်၊ (၉၆) နာရီတိတိ ပြည့်ဖို့ (၁၀) နာရီပဲ လိုပါတော့တယ်။

ဒီရက်တွေမှာ မလိုအပ်ဘဲ ကုန်သွားမဲ့ အသုံးစရိတ်တွေကို ဘယ်လောက်တောင် ထိန်းသိမ်းလိုက်နိုင်လဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ ထိန်းချုပ်နိုင်ခဲ့သလဲဆိုတာ ပြန်သုံးသပ်ကြည့်ရင် အင်မတန် ဂုဏ်ယူစရာကောင်းပါတယ်။ ဒီအလေ့အထကို အခြေခံပြီး နောင်မှာလဲ တစ်ပတ်ကိုတစ်ကြိမ် ဒါမှမဟုတ် တစ်လတစ်ကြိမ်လောက် No-Spend Day သတ်မှတ်ပြီး ငွေစုဆောင်းဖို့ တိုက်တွန်း၊ အားပေးလိုပါတယ်။

Money Fasting လုပ်တဲ့ (၉၆) နာရီမှာ ဘယ်နှနာရီလောက် ပိုက်ဆံလုံးဝ မသုံးဘဲ နေနိုင်ခဲ့သလဲဆိုတာ Comment မှာ မျှဝေပေးပါအုံး။

CB Bank ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

🔵 ဘဏ်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုများအတွက် CB Bank က အမြဲတမ်း အသင့်ရှိနေပါတယ်။
❤2
"နှစ်ဆန်းတစ်ရက်နေ့" မြန်မာနှစ်သစ်ကူးမှ စတင်ပြီး တစ်နှစ်ပတ်လုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ ရွှင်လန်းချမ်းမြေ့ပါစေ။
❤11👍1
အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
❤2
Media is too big
VIEW IN TELEGRAM
အခုလို အလွန်အမင်း အပူချိန်လွန်ကဲနေတဲ့အချိန်မှာ လျှပ်စစ်မီတာဘေလ်ဆောင်ဖို့ တကူးတက အပြင်ထွက်စရာမလိုတော့ပါဘူး။ ဖုန်းထဲမှာ CB Pay App ရှိနေရုံနဲ့ လျှပ်စစ်မီတာဘေလ်ကို မိနစ်ပိုင်းအတွင်း လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ပါပြီ။

CB Pay ကနေ လျှပ်စစ်မီတာဘေလ် ပေးဆောင်နည်း အဆင့်ဆင့်ကို ဒီ Video ထဲမှာ အသေးစိတ်ကြည့်ရှုနိုင်ပါတယ်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
👍2
👍3
CB Bank ရန်ကင်း (သစ္စာလမ်း) ဘဏ်ခွဲကို ၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၃ ရက်နေ့မှစတင်၍ ရန်ကင်း (ရန်ရှင်းလမ်း) ဘဏ်ခွဲအဖြစ် အမည်နှင့်လိပ်စာ ပြောင်းလဲဖွင့်လှစ်ကာ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

CB Bank ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရန်ကင်း (ရန်ရှင်းလမ်း) ဘဏ်ခွဲ (လိပ်စာအသစ်)

🏦 အခန်းအမှတ် (၀၆) ၊ Space@Yankin ၊ ရန်ရှင်းလမ်း၊ (၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
☎ +951-9541098, +951-9559538, +951-9558353
📬 ykn.yanshinbr@cbbank.com.mm
❤5👍4
CB Bank PCL (ရုံးချုပ်) မှာ တာဝန်ထမ်းဆောင်ဖို့ ရုံးအကူ (အမျိုးသမီး) ဝန်ထမ်းများ ခေါ်ယူလျက် ရှိပါတယ်။

လိုအပ်ချက်များ
🔷 အခြေခံပညာ အထက်တန်းအဆင့်ရှိသူများ လျှောက်ထားနိုင်ပါတယ်။
🔷 အကျင့်စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ရပါမယ်။
🔷 ရိုးသားကြိုးစားပြီး အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်ရပါမယ်။
🔷 လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးစဉ်းစားမှာ ဖြစ်ပြီး လုပ်ငန်းအတွေ့အကြုံမရှိသူများလဲ လျှောက်ထားနိုင်ပါတယ်။
🔷 အသက် (၁၈-၂၅) နှစ်အတွင်း ပိုမိုသင့်လျော်ပါတယ်။

အထက်ဖော်ပြပါအချက်အလက်များနဲ့ ကိုက်ညီပါက ကိုယ်ရေးရာဇဝင်အကျဉ်း (CV) မှာ လျှောက်ထားလိုတဲ့ ရာထူးကို ထည့်သွင်းရေးသားဖော်ပြပြီး
🌟 လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
🌟 သက်ဆိုင်ရာ ထောက်ခံစာများ၊
🌟 အလုပ်သမားမှတ်ပုံတင် (လေဘာ) မိတ္တူ၊
🌟 မှတ်ပုံတင်မိတ္တူ၊
🌟 အိမ်ထောင်စုဇယားမိတ္တူ နဲ့အတူ talent@cbbank.com.mm ကို အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။

Viber ကနေ လျှောက်ထားလိုပါက Viber နံပါတ် (+959 880 925 621) ကနေလဲ လျှောက်ထားနိုင်ပါတယ်။
ဖုန်းနံပါတ် (+951 2317993) ကိုလဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက

CB Bank (HR Division)
🏦 Complex 45 - (၄၅) လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - (+၉၅၁) ၂၃၁၇၉၉၃

🤝 Join us! Grow with us! Let's win-win together! 🤝
❤2👍1
❤2
ဘဏ်လုပ်ငန်းနယ်ပယ်မှာ Professional တစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ဖို့ စဉ်းစားနေပြီလား။ CB Bank နဲ့အတူ လက်တွဲလုပ်ကိုင်မဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နွေးထွေးစွာ ဖိတ်ခေါ်လျက်ရှိပါတယ်။

လတ်တလော ခေါ်ယူလျက်ရှိတဲ့ ရာထူးနေရာများ

Administration Division
🌟 Junior Assistant

Business & Institutional Banking Division
🌟 SME Banking Supervisor

Cards, Merchant & Payment Services Division
🌟 Supervisor (Debit & Prepaid Card Operations)

Compliance Division
🌟 Assistant Manager (Correspondent, Advisory and Business Compliance Office)

Construction Division
🌟 Senior Assistant

Digital Marketing Department (Marketing Division)
🌟 Assistant Manager (Content Strategist)
🌟 Assistant Manager (TikTok Content Specialist)

Finance Division
🌟 Project Management Associate
🌟 Manager (Financial Planning & Analysis)

Fraud Risk Division
🌟 Assistant Manager (Fraud Risk)

Risk Management Division
🌟 Manager (Credit Risk)

Technology Division
🌟 Senior Associate (Data Center Support)
🌟 Supervisor/ Assistant Manager (Sr .Net Developer)
🌟 Supervisor/ Assistant Manager (Sr Java Developer)
🌟 Assistant Manager (Security Engineer)
🌟 Assistant Manager (Network Engineer)
🌟 Technical Support

Position တစ်ခုချင်းစီအလိုက် အသေးစိတ်အချက်အလက်များကို ကြည့်ရှုရန် - https://bit.ly/4tBmFo2

လျှောက်ထားလိုသူများအနေနဲ့
🔹 ကိုယ်ရေးအကျဉ်းအပြည့်အစုံ (CV) ကို recruitment@cbbank.com.mm သို့ လိပ်မူပြီး အီးမေးလ်ပေးပို့၍ဖြစ်စေ၊
🔹 CB Bank (HR Division) : Complex 45 - (၄၅) လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်ကို လူကိုယ်တိုင် လာရောက်၍ ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။

🤝 Join us! Grow with us! Let's win-win together! 🤝
👍4
"ငွေကြိုလွှဲပါ" ဆိုတိုင်း အလျင်စလိုနဲ့ ငွေလွှဲတော့မလို့လား။ အယုံမလွယ်ပါနဲ့။

မသမာသူတွေက အွန်လိုင်းရှော့ပင်းပေ့ချ် အတုအယောင်တွေ၊ နာမည်အသင့်အတင့်ရှိထားပြီးသား ပေ့ချ်တွေနဲ့ နာမည် ဆင်တူတဲ့ပေ့ချ်အတုတွေ ဖန်တီးပြီး ငွေကြိုတင်တောင်းခံတာမျိုး ပြုလုပ်လေ့ရှိကြပါတယ်။ ဒါကြောင့် အွန်လိုင်းကနေ ဈေးဝယ်တဲ့အခါ ပေ့ချ်အစစ်အမှန်ဖြစ်ရဲ့လား၊ ပေ့ချ်မှာတင်ထားတဲ့ ဖုန်းနံပါတ်၊ လိပ်စာစတဲ့ အချက်အလက်တွေက အစစ်အမှန်ဖြစ်ရဲ့လား စစ်ဆေးသင့်ပါတယ်။

🔴 နောက်ပြီး ဘယ်ကိုပဲလွှဲလွှဲ ငွေမလွှဲခင်မှာ ပေးပို့မဲ့သူရဲ့ ဖုန်းနံပါတ်၊ ဘဏ်စာရင်း၊ နာမည်စတဲ့ အချက်အလက်တွေ ကိုက်ညီကြောင်း သေချာစစ်ဆေးဖို့လဲ မမေ့ပါနဲ့နော်။

CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
👍2
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၃၀ ရက် (ကြာသပတေးနေ့) သည် “ကဆုန်လပြည့်နေ့” ဖြစ်ပြီး မေလ၊ ၁ ရက် (သောကြာနေ့) သည် “အလုပ်သမားနေ့” ဖြစ်ပါသဖြင့် အဆိုပါနေ့များတွင် CB Bank ဘဏ်ခွဲများအားလုံး ပိတ်ထားမည် ဖြစ်ပါသည်။

ရုံးပိတ်ရက်အတွင်း ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်း၊ ငွေထုတ်စက်) တို့အပြင် CB Bank ၏ ဒီဂျစ်တယ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြစ်သည့် CB Pay, CB Bank iBanking နှင့် CB Card+ App တို့မှ ဝန်ဆောင်မှုများ ရယူနိုင်သကဲ့သို့ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်ပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိုင်ပါသည်။
❤3👍1
၂၀၂၆ ခုနှစ်၊ ဧပြီလ၊ ၂၇ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
👍4❤1