❤2
CB Bank ရဲ့ "မေးလိုရာမေး Friday" အစီအစဉ်ကနေ ထပ်မံ ဖြေကြားပေးသွားမှာကတော့ "Ria ငွေလွှဲရင် CB Bank အကောင့် ရှိဖို့လိုလား" ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ပြည်ပရောက် မြန်မာနိုင်ငံသားများအနေနဲ့ ပြည်တွင်းက မိသားစုနဲ့ မိတ်ဆွေတွေကို ငွေလွှဲပေးပို့တဲ့အခါ Ria Money Transfer ကနေတစ်ဆင့် CB Bank အကောင့်ထဲကို အခုလွှဲ အခုရောက်စနစ်နဲ့ ငွေလွှဲပေးပို့နိုင်ပါတယ်။

ဒါ့အပြင် အကောင့်မရှိသေးတဲ့သူတွေအတွက်လဲ နီးစပ်ရာ CB Bank ဘဏ်ခွဲတွေကနေ ငွေလွှဲပေးပို့နိုင်ပါတယ်။ ဒါကြောင့် ပြည်တွင်းက ငွေလွှဲလက်ခံမဲ့သူအနေနဲ့ နီးစပ်ရာ CB Bank ဘဏ်ခွဲမှာ လျှို့ဝှက်ကုတ် (၁၁) လုံး၊ နိုင်ငံသားစိစစ်ရေးကတ် ပြသရုံနဲ့ ငွေသားထုတ်ယူနိုင်ပါတယ်။

Application ဒေါင်းလုတ်ရယူရန် - https://onelink.to/riamoneytransfer

ဘဏ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး နောက်ထပ်သိလိုတဲ့အကြောင်းအရာတွေကို Comment ရေးသားမေးမြန်းနိုင်ပါတယ်။ သိလိုတာတွေအတွက် CB Bank Contact Center (09 2 5555 7777) ကိုလဲ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
❤2
❤1
CB Bank အနေနဲ့ The Asset Triple A က ချီးမြှင့်တဲ့ မြန်မာ့အကောင်းဆုံး ဒီဂျစ်တယ်ဘဏ်ဆု (Digital Bank of the Year) ဆုကို (၅) ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒီဆုက ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု၊ ဒီဂျစ်တယ်ငွေကြေးစနစ် အသွင်ကူးပြောင်းမှုများကို တစိုက်မတ်မတ် ဖော်ဆောင်လျက်ရှိတဲ့ CB Bank အတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခု ဖြစ်တဲ့အပြင် အနာဂတ်မှာ ပိုမို ခေတ်မီဆန်းသစ်တဲ့ ဒီဂျစ်တယ်ဘဏ်တစ်ခု ဖြစ်လာစေဖို့ ထောက်ခံအသိအမှတ်ပြုခြင်း ဖြစ်တယ်လို့ ယုံကြည်ပါတယ်။

လက်ရှိမှာလဲ Digital Banking သုံးစွဲသူများအတွက် ပိုမိုထိရောက်ပြီး အဆင်ပြေချောမွေ့တဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်း အတွေ့အကြုံကောင်းများ ရရှိစေဖို့ အကောင်းဆုံး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို ထပ်မံအသိပေးကြေညာလိုပါတယ်။

CB Bank အနေနဲ့ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်တဲ့ ဘဏ်ဝန်ဆောင်မှုများ ပေးအပ်ရင်း အခုလို နိုင်ငံတကာ စံချိန်စံနှုန်းများအထိ ရောက်ရှိနိုင်အောင် ယုံကြည်စွာ အားပေးခဲ့ကြတဲ့ မိတ်ဟောင်းမိတ်သစ် Customer ကြီးများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ဝန်ထမ်းများအားလုံးကို အထူး ကျေးဇူးတင်ရှိပါကြောင်းနဲ့ လူမှုပတ်ဝန်းကျင်အတွက် ပြီးပြည့်စုံတဲ့ ဒီဂျစ်တယ်အနာဂတ်ကို ဖန်တီးပုံဖော်နိုင်ဖို့ CB Bank က ယုံကြည်မှုအပြည့်နဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလဲ ထပ်မံကတိကဝတ်ပြုအပ်ပါတယ်။
👍2
၂၀၂၆ ခုနှစ်၊ မေလ၊ ၁၁ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤2👍2
This media is not supported in your browser
VIEW IN TELEGRAM
📣 CB Pay သုံးနေပြီလား။

ဖုန်းထဲကနေ ငွေလွှဲဖို့ မိနစ်ပိုင်းလေးပဲ အချိန်ပေးပါ။ CB Pay App ထဲကနေ ငွေလွှဲပေးပို့နည်းကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါပြီ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1👍1
နိုင်ငံခြားခရီးစဉ်အတွက် လက်မှတ်ဝယ်တော့မလို့လား။ CB Pay နဲ့ဆိုရင် လွယ်ကူတယ်၊ မြန်ဆန်တယ်။ နောက်ပြီးအချိန်ကုန်လဲ သက်သာတယ်နော်။

ဒါ့အပြင် Million Holiday Travels and Tours နဲ့ ချိတ်ဆက်ပြီး အာရှနဲ့ ဥရောပနိုင်ငံတွေကို အလည်အပတ်ခရီးထွက်မဲ့သူတွေအနေနဲ့လဲ CB Pay ရဲ့ Ticketing Payment ကနေတစ်ဆင့် မိနစ်ပိုင်းအတွင်း အလွယ်တကူ ငွေပေးချေနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ငွေပေးချေဖို့
🔹 CB Pay App ထဲကို ဝင်၊
🔹 Pay Bill > Bill Type မှာ Ticketing Payment ကို နှိပ်၊
🔹 Biller မှာ Million Holiday Travels and Tours ကို ရွေး၊
🔹 လိုအပ်တဲ့ အချက်အလက်တွေနဲ့ ကျသင့်ငွေပမာဏကို ဖြည့်စွက်ပြီး Confirm နှိပ်လိုက်ရုံပါပဲ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤2
CB Bank က မိတ်ဟောင်းမိတ်သစ် Customer များအတွက် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ယခုတွင်လည်း CB Pay App ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ၂၀၂၆ ခုနှစ်၊ မေလ၊ ၁၅ ရက်နေ့၊ ည (၁၁:၀၀) မှ ၁၆ ရက်နေ့၊ နံနက် (၂:၀၀) နာရီအထိ CB Pay ဝန်ဆောင်မှုများ ခေတ္တရရှိမည်မဟုတ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက အချိန်နှင့်တစ်ပြေးညီ ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။

လူကြီးမင်းတို့၏ နားလည်ပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိပါသည်။
👍1
CB Pay ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါပြီ။

နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီးစီးပြီ ဖြစ်ပါသဖြင့် CB Pay ဝန်ဆောင်မှုများအားလုံးကို ယခုအချိန်မှစ၍ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဝန်ဆောင်မှု ခေတ္တရပ်ဆိုင်းထားရသည့်အပေါ် နားလည်ပေးကြသည့် Customer များအား CB Bank အနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။
❤1
အရင်းနှီးဆုံးသူစိမ်းလေးကိုတောင် မပြောပြရမဲ့ အရာတွေထဲမှာ Password နဲ့ OTP လဲ ပါတယ်နော်။ 🙅🏻‍♀️🙅🏻

Mobile Wallet များ၊ Pay App များ၊ အင်တာနက်နဲ့ ချိတ်ဆက် အသုံးပြုရတဲ့ ကိုယ်ပိုင်ဘဏ်စာရင်းများ လုံခြုံမှုရှိစေဖို့ တစ်ခါသုံးကုတ်နံပါတ် (OTP)၊ ကိုယ်တိုင် သတ်မှတ်ထားတဲ့ လျှို့ဝှက်နံပါတ် (Password) စတာတွေကို ဘယ်သူ့ကိုမှ မပေးမိဖို့ အရေးကြီးပါတယ်။ ဒါတွေက တစ်ဦးတစ်ယောက်တည်းပဲ သိထားရမဲ့ Privacy ပါ။

🔵 ငွေကြေးလိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မသမာမှုတွေကို အစဉ်အမြဲ သတိထားရှောင်ရှားဖို့ လိုအပ်ပါတယ်။

CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
👍2
ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအနေနဲ့ ပြည်တွင်းမှာ ရှိတဲ့ မိသားစုနဲ့ ချစ်ရသူတွေကို ငွေလွှဲပေးပို့တဲ့အခါ အနီးစပ်ဆုံး CB Bank ဘဏ်ခွဲများ ဒါမှမဟုတ် CB Bank အကောင့်ထဲကို "အခုလွှဲ အခုရောက်စနစ်" နဲ့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်ပါတယ်။

🌟 နိုင်ငံတကာကနေ ပြည်တွင်းကို တိုက်ရိုက်ငွေလွှဲပေးပို့နိုင်တဲ့ Western Union, Ria Money Transfer နဲ့ Thunes
🌟 ဂျပန်နိုင်ငံကနေ CB Bank အကောင့်ထဲကို တိုက်ရိုက်ငွေလွှဲပေးပို့နိုင်တဲ့ SBI Remit
🌟 ထိုင်းနိုင်ငံကနေ CB Bank ကို ငွေလွှဲပေးပို့နိုင်တဲ့ KrungThai Bank
🌟 ကိုရီးယားနိုင်ငံကနေ ငွေလွှဲနိုင်တဲ့ GME Remit
🌟 စင်္ကာပူနိုင်ငံကနေ CB Bank Account ထဲကို တိုက်ရိုက်ငွေလွှဲပေးပို့နိုင်တဲ့ Pay2Home
🌟 မလေးရှားနိုင်ငံကနေ ငွေလွှဲပေးပို့နိုင်တဲ့ Merchantrade Remit စတဲ့ နိုင်ငံတကာငွေလွှဲတွေကို CB Bank Account သို့မဟုတ် နီးစပ်ရာ CB Bank ဘဏ်ခွဲတွေမှာ လက်ခံရယူနိုင်ပါတယ်။

အသေးစိတ် သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
❤1
၂၀၂၆ ခုနှစ်၊ မေလ၊ ၁၈ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
❤2
CB Pay App ဗားရှင်းအသစ် အဆင့်မြှင့်တင်ပြီးပြီလား။

ပိုမိုကောင်းမွန် မြန်ဆန်သွက်လက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ CB Pay App ဗားရှင်းအသစ် (V.1.34.0) ကို ဒေါင်းလုတ်ရယူနိုင်ပါပြီ။

ဖုန်းထဲမှာ CB Pay App ရှိနေရုံနဲ့
🌟 ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ်၊ ငွေစု စတဲ့ ဘဏ်ဝန်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ရယူနိုင်ခြင်း၊
🌟 အကြွေးဝယ်ကတ် ငွေပြန်လည်ပေးသွင်းနိုင်ခြင်း၊
🌟 လျှပ်စစ်မီတာဘေလ် အပါအဝင် အင်တာနက်ဘေလ်၊ ကျောင်းလခ၊ Property ငှားရမ်းခ စတဲ့ ဘေလ်အမျိုးမျိုးကို ပေးသွင်းနိုင်ခြင်း၊
🌟 ဖုန်းဘေလ်ဝယ်ယူနိုင်ခြင်း၊
🌟 အာမခံ ပရီမီယံကြေး (Insurance Payment) ပေးသွင်းနိုင်ခြင်းများ အပါအဝင် နေ့စဉ်လူနေမှုဘဝမှာ မဖြစ်မနေလိုအပ်တဲ့ ငွေကြေးဝန်ဆောင်မှုများစွာကို အချိန်မရွေး၊ နေရာမရွေး ရယူနိုင်မှာ ဖြစ်ပါတယ်။

📥 CB Pay App ကို ဗားရှင်းမြှင့်တင်ရန် - https://onelink.to/cbpay

သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
❤1
Media is too big
VIEW IN TELEGRAM
CB Card+ App ထဲကနေ အချိန်၊ နေရာမရွေး ATM PIN ပြောင်းလဲနိုင်တယ်ဆိုတာ သိပြီးပါပြီလား။

CB Card+ App မှာ ခေတ်မီဒီဂျစ်တယ် နည်းပညာစနစ်တွေပါဝင်တဲ့အတွက် ATM PIN အသစ်ပြောင်းလဲနိုင်ဖို့ ATM စက်တွေ လိုက်ရှာနေစရာမလိုတော့ပါဘူး။ ဖုန်းထဲကနေ အလွယ်တကူ ပြောင်းလဲနိုင်ပါတယ်။
CB Card+ App နဲ့ ATM PIN အသစ်ပြောင်းလဲခြင်း (Reset ATM PIN) ပြုလုပ်ပုံ အဆင့်ဆင့်ကို ဒီဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

📱 CB Card+ Application ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbcardapp

အသေးစိတ် သိလိုတာမှန်သမျှအတွက်လဲ CB Bank Contact Center ( 09 2 5555 7777 ) ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
❤2
CB Bank (ရုံးချုပ်) နဲ့ ရန်ကုန်မြို့တွင်း ဘဏ်ခွဲတွေမှာ တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းများ ခေါ်ယူလျက် ရှိပါတယ်။

🤝 လုံခြုံရေး (အမျိုးသား/အမျိုးသမီး)
🔹 ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး သွက်လက်တက်ကြွသူ ဖြစ်ရပါမယ်။
🔹 ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရပါမယ်။
🔹 ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနဲ့ ပူးပေါင်းတာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရပါမယ်။

🤝 ယာဉ်မောင်း (အမျိုးသား)
🔹 ယာဉ်မောင်းလိုင်စင်ရှိသူများ လျှောက်ထားနိုင်ပါတယ်။
🔹 ကျန်းမာသန်စွမ်းသူ ဖြစ်ရပါမယ်။
🔹 ရိုးသား၍ အကျင့်စာရိတ္တ ကောင်းမွန်သူဖြစ်ရပါမယ်။

အထက်ပါ အချက်အလက်များနဲ့ ပြည့်စုံပါက ကိုယ်ရေးရာဇဝင်အကျဉ်း (CV) တွင် လျှောက်ထားလိုတဲ့ ရာထူးကို ထည့်သွင်းရေးသားပြီး
🌟 လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
🌟 ပညာအရည်အချင်း ထောက်ခံစာမိတ္တူ၊
🌟 သက်ဆိုင်ရာ ထောက်ခံစာများ၊
🌟 ယာဉ်မောင်းလိုင်စင်မိတ္တူ၊ (ယာဉ်မောင်းရာထူး လျှောက်ထားပါက)
🌟 အလုပ်သမားမှတ်ပုံတင် (လေဘာ) မိတ္တူ၊
🌟 မှတ်ပုံတင်မိတ္တူ၊
🌟 အိမ်ထောင်စုဇယားမိတ္တူ တို့ကို ပြည့်စုံစွာ ပူးတွဲပြီး talent@cbbank.com.mm ကို အီးမေးလ်ပေးပို့နိုင်သလို Viber နံပါတ် (+959 880 925 621) ကနေလဲ လျှောက်ထားနိုင်ပါတယ်။

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက

CB Bank (HR Division)
🏦 Complex 45 - (၄၅) လမ်း၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - (+၉၅၁) ၂၃၁၇၉၉၃

🤝 Join us! Grow with us! Let's win-win together! 🤝
❤1
❤2
CB Bank Myanmar
Photo
The British School Yangon ကို ကျောင်းလခပေးသွင်းလိုတဲ့ ကျောင်းသားမိဘတွေ ပိုမိုအဆင်ပြေစေဖို့အတွက် CB Pay ရဲ့ Education Payment ကနေတစ်ဆင့် လွယ်ကူမြန်ဆန်စွာ ပေးသွင်းလို့ရအောင် စီစဉ်ပေးထားပါပြီ။

ကျောင်းလခပေးသွင်းဖို့
✔ CB Pay App ထဲကို ဝင်၊
✔ Pay Bill > Bill Type ထဲက Education Payment ကို နှိပ်၊
✔ Biller မှာ The British School Yangon ကို ရွေး၊
✔ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်စွက်ပြီး ပေးသွင်းနိုင်ပါတယ်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1
❤2