❤1
CB Bank က မြန်မာနိုင်ငံတစ်ဝန်းမှာ နေထိုင်ကြသူများ၊ ဘဏ်ဝန်ဆောင်မှု နယ်ပယ်မှာ လုပ်ကိုင်လိုသူများ၊ ဘဏ်လုပ်ငန်းအတွေ့အကြုံ ရယူလိုသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ဖန်တီးပေးလျက် ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ မော်လမြိုင်မြို့က CB Bank ဘဏ်ခွဲတွေမှာ ခေါ်ယူနေတဲ့ ရာထူးနေရာများကို စုစည်းဖော်ပြလိုက်ပါတယ်။

🤝 အငယ်တန်းလက်ထောက်

🔹 အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်ပါတယ်။
🔹 ကွန်ပျူတာ အသုံးပြုနိုင်ရပါမယ်။
🔹 အမျိုးသားများအနေနဲ့ အရပ်အမြင့် အနည်းဆုံး (၅-ပေ၊ ၃-လက်မ)၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး (၅-ပေ၊ ၂-လက်မ) ရှိရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။

🤝 ငွေကြေးဝန်ထမ်း

🔹 တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အသိအမှတ်ပြုကောလိပ် သို့မဟုတ် တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ပါတယ်။
🔹 အမျိုးသားများအနေနဲ့ အရပ်အမြင့် အနည်းဆုံး (၅-ပေ၊ ၃-လက်မ)၊ အမျိုးသမီးများအနေနဲ့ အနည်းဆုံး (၅-ပေ၊ ၂-လက်မ) ရှိရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။

🤝 ရုံးအကူ (အမျိုးသား)

🔹 အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရပါမယ်။
🔹 ကျန်းမာကြံ့ခိုင်သူ ဖြစ်ရပါမယ်။
🔹 အကျင့်စာရိတ္တကောင်းမွန်ပြီး ဆက်ဆံရေး ပြေပြစ် ကောင်းမွန်သူ ဖြစ်ရပါမယ်။

အထက်ဖော်ပြပါအချက်အလက်များနှင့် ကိုက်ညီပါက ကိုယ်ရေးရာဇဝင်အကျဉ်း (CV) တွင် လျှောက်ထားလိုသည့် ရာထူးကို ထည့်သွင်းရေးသားဖော်ပြပြီး
🌟 လိုင်စင်ဓာတ်ပုံ (၂) ပုံ၊
🌟 ပညာအရည်အချင်း ထောက်ခံစာမိတ္တူ၊
🌟 သက်ဆိုင်ရာ ထောက်ခံစာများ၊
🌟 အလုပ်သမားမှတ်ပုံတင် (လေဘာ) မိတ္တူ၊
🌟 မှတ်ပုံတင်မိတ္တူ၊
🌟 အိမ်ထောင်စုဇယားမိတ္တူ တို့ကို ပြည့်စုံစွာ ပူးတွဲပြီး talent@cbbank.com.mm ကို အီးမေးလ်ပေးပို့ လျှောက်ထားနိုင်ပါတယ်။

Viber ကနေ လျှောက်ထားလိုပါက Viber နံပါတ် (+959 880 925 621) ကနေလဲ လျှောက်ထားနိုင်ပါတယ်။

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက

CB Bank (မော်လမြိုင်) ဘဏ်ခွဲ
🏦 အမှတ် (၁၅၁)၊ ကမ်းနားလမ်း၊ ဖက်တန်းရပ်ကွက်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
☎️ ၀၁၂၃၁၇၉၉၃

🤝 Join us! Grow with us! Let's win-win together! 🤝
❤3
CB Bank Myanmar
Photo
မိုးအေးအေးမှာ ထိုင်းအစားအစာ ပူပူနွေးနွေးစားဖို့ အစီအစဉ်ရှိတယ်ဆိုရင် Manora ရဲ့ ပရိုမိုးရှင်းကလဲ အသင့်စောင့်ကြိုနေပါတယ်။

Manora Thai Cuisine & Bistro မှာ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App ကို အသုံးပြုပြီး အနည်းဆုံး ငွေကျပ် (၅၀,၀၀၀) နဲ့အထက် ပေးချေလိုက်ရုံနဲ့ 10% လျှော့ဈေး ရရှိနိုင်မှာဆိုတော့ ထိုင်းအစားအစာ ကြိုက်နှစ်သက်သူတွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးပဲနော်။

အများဆုံး ငွေကျပ် (၂၀,၀၀၀) အထိ သက်သာခွင့် ရရှိမှာဖြစ်ပြီး ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အထိပါ။

ဒါကြောင့် Manora မှာ ထိုင်းအစားအစာတွေ သွားစားရင်လဲ CB ဘဏ်ကတ်၊ CB Pay နဲ့ပဲ ငွေရှင်းကြမယ်နော်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤3
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၂၇ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤3
🛎 City Mall Online ကနေ ဈေးဝယ်လေ့ရှိတဲ့ CB VISA Card ကိုင်ဆောင်သူများအတွက် အထူးလျှော့ဈေးအစီအစဉ်။

City Mall Online ရဲ့ (၉) နှစ်ပြည့် ဈေးရောင်းပွဲတော်ကြီးမှာ ကြိုက်နှစ်သက်ရာ CB VISA Card နဲ့ ပေးချေပြီး အထူးလျှော့ဈေးများ ရယူနိုင်ပါပြီ။

ပရိုမိုးရှင်းကာလ (၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၂ ရက်နေ့) အထိ City Mall Online ကနေ မှာယူပြီး CB VISA Card နဲ့ ပေးချေတိုင်း
🔷 ငွေကျပ် (၂၅၀,၀၀၀) နှင့်အထက် ဝယ်ယူပါက ငွေကျပ် (၃၅,၀၀၀) လျှော့ဈေး၊
🔷 ငွေကျပ် (၁၅၀,၀၀၀) နှင့်အထက် ဝယ်ယူပါက ငွေကျပ် (၁၈,၀၀၀) လျှော့ဈေး၊
🔷 ငွေကျပ် (၉၉,၀၀၀) နှင့်အထက် ဝယ်ယူပါက ငွေကျပ် (၉,၉၀၀) လျှော့ဈေး ခံစားခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။

📌 City Mall Online မှ မှာယူရန် - https://cmhl.me/4pyQ8O1

☎️ CB Bank ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777)
❤3👍2
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကောင်းမှုကုသိုလ်များ ထုံမွမ်းလွှမ်းခြုံတဲ့ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) ဖြစ်ပါစေကြောင်း CB Bank မိသားစုက ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
❤14👍1
CB Bank နဲ့ Yangon Yangon Rooftop Bar တို့ ပူးပေါင်းပြုလုပ်တဲ့ "Capture the Moment with CB" Campaign ကာလကို အားလုံးအတွက် ထပ်မံ တိုးမြှင့်ပေးလိုက်ပါပြီ။

ပိတ်ရက်တင်မကဘဲ ကြားရက် ရုံးဆင်းချိန်တွေမှာပါ သူငယ်ချင်းတွေနဲ့အတူ Yangon Yangon Rooftop Bar မှာ ရှုခင်းတွေခံစား အပန်းဖြေရင်း အခမဲ့ Food & Drink တွေ ရယူလိုက်ပါ။

ရွေးချယ်နိုင်တဲ့ လက်ဆောင်တွေကတော့
🔷 Snack ချစ်သူတွေအတွက် မာလာအာလူးချောင်းကြော် သို့မဟုတ် မာလာကြက်ရေခွံကြော် (၁)ပွဲ၊
🔷 Drink ကြိုက်သူများအတွက် Sky Blue, Yangon Lady, Mojito ပါဝင်ပြီး ကြိုက်နှစ်သက်ရာ Snack or Drink တစ်မျိုးကို စိတ်ကြိုက်ရွေးချယ် ရယူနိုင်ပါတယ်။

ပရိုမိုးရှင်းကာလကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၃၁ ရက်နေ့ အထိ တိုးမြှင့်ပေးထားတာ ဖြစ်လို့ ရုံးဆင်းတာနဲ့ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ ရုံးအဖွဲ့တွေ၊ သူငယ်ချင်းတွေနဲ့အတူ Yangon Yangon Rooftop Bar ကို အခုပဲ ချိန်းလိုက်တော့နော်။

လက်ဆောင်တွေရယူဖို့ လုပ်ဆောင်ရမဲ့ အဆင့်တွေနဲ့ "Capture the Moment with CB" အကြောင်း အသေးစိတ်ဖတ်ရှုရန် - [https://bit.ly/4uqVlZl]

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤3
❤1
🍀 ဒီလအတွက် ထီကံစမ်းဖို့ အချိန်မီသေးတယ်နော်။ 🍀

ဂဏန်း (၅) လုံးပါ အွန်လိုင်းထီလက်မှတ်ကို Aung Bar Lay Application မှာ CB Pay နဲ့ ငွေပေးချေနိုင်ပါတယ်။

CB Pay နဲ့ ထီကံစမ်းဖို့
🔹 အောင်ဘာလေ App ထဲကိုဝင်၊
🔹 နှစ်သက်ရာ ထီလက်မှတ်ကို ရွေး၊
🔹 "ငွေပေးချေမှုနည်းလမ်း ရွေးချယ်ပါ" ထဲက CB Pay ကို ရွေး၊ လိုအပ်တဲ့ အချက်အလက်ဖြည့်စွက်ပြီး ငွေပေးချေနိုင်ပါတယ်။

☎️ CB Bank ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤2👍1
❤1
CB Bank Myanmar
Photo
CB Pay နဲ့ဆိုရင် ကျောင်းလခပေးသွင်းဖို့ အချိန်မရွေး၊  နေရာမရွေး အလွယ်တကူ လုပ်ဆောင်နိုင်ပါပြီ။

KBTC Group ရဲ့ ကျောင်းခွဲတွေထဲက ဘယ်ကျောင်းကိုမဆို ကျောင်းလခပေးသွင်းဖို့ 
🔹CB Pay App ထဲကို ဝင်၊
🔹Pay Bill > Bill Type ထဲက Education Payment ကို နှိပ်၊
🔹Biller မှာ KBTC Group ကို ရွေး၊ 
🔹လိုအပ်တဲ့ အချက်အလက်တွေကို ဖြည့်စွက်လိုက်ရုံပါပဲ။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤2👍1
CB Pay နဲ့ငွေရှင်းရင်း 10% လျှော့ဈေး ရယူနိုင်မဲ့ အခွင့်အရေး

Shwe Yoe Yar Restaurant မှာ CB Pay နဲ့ အနည်းဆုံး ငွေကျပ် (၃၀,၀၀၀) နဲ့အထက် ပေးချေတိုင်း 10% လျှော့ဈေး ရယူနိုင်မဲ့ ပရိုမိုးရှင်းရှိနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ အများဆုံး ပြန်အမ်းငွေကျပ် (၅၀,၀၀၀) အထိ ခံစားရရှိနိုင်မှာဖြစ်ပြီး ပရိုမိုးရှင်းကာလကိုတော့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ CB Bank ရဲ့ ဘဏ်ဝန်ဆောင်မှုများနဲ့ ပတ်သက်ပြီး သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤5
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၃ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤5
This media is not supported in your browser
VIEW IN TELEGRAM
🔊 CB Bank နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုနဲ့အတူ ငွေသားဆုလက်ဆောင်များ လစဉ်ကံထူးနိုင်မဲ့ "လွှဲပို့ကံထူး ဝသန်ဦး" Lucky Draw အစီအစဉ်

CB Bank ရဲ့ ကြိုက်နှစ်သက်ရာ နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှုကို အသုံးပြုပြီး ငွေလွှဲတစ်ကြိမ်ပေးပို့တိုင်း (Transaction တစ်ကြောင်းတိုင်း) ကံစမ်းခွင့်တစ်ကြိမ် ရရှိနိုင်ပါတယ်။ ကံစမ်းမဲကာလကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

ဆုလက်ဆောင်များအနေနဲ့
🌟 ပထမဆု ငွေကျပ်သုံးသိန်း (၁) ဆု၊
🌟 အထူးဆု ငွေကျပ်တစ်သိန်း (၁၀) ဆု ပေးအပ်သွားမှာ ဖြစ်သလို စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကံထူးရှင် (၁၁) ဦးကို လစဉ်ရွေးချယ်ပြီး ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

🔵 "လွှဲပို့ကံထူး ဝသန်ဦး" Lucky Draw အစီအစဉ်အကြောင်းအသေးစိတ် ဖတ်ရှုရန် - https://bit.ly/4xZoYnw

☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤3👍1
❤1
အနားယူဖို့ လိုအပ်နေပြီလား။

ရာသီဥတုအေးအေးလေးမှာ ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်နဲ့ ကိုယ်ကို အပြည့်အဝအနားပေးပြီး သက်သောင့်သက်သာ အနားယူချင်တဲ့သူတွေအတွက် အထူးလျှော့စျေးအစီအစဥ် ရှိနေပါတယ်။

ရွေးချယ်စရာ Massage Therapy မျိုးစုံရှိတဲ့ VITAL Wellness Center မှာ ဝန်ဆောင်မှုတွေရယူပြီး ကြိုက်နှစ်သက်ရာ CB ဘဏ်ကတ်၊ CB Pay App နဲ့ ငွေပေးချေတိုင်း 20% Discount ရရှိနိုင်မှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၃၀ ရက်နေ့အထိဖြစ်လို့ စိတ်ရောကိုယ်ပါ ပြန်လည်လန်းဆန်းစေဖို့ အပြည့်အဝအနားယူချင်တဲ့ အချိန်တိုင်း CB ဘဏ်ကတ်၊ CB Pay App နဲ့ရှင်းဖို့ မမေ့နဲ့နော်။

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1
🔊 CB Bank ရဲ့ "မေးလိုရာမေး Friday" အစီအစဉ် ပြန်လည်ရောက်ရှိလာပါပြီ။

ဒီတစ်ပတ်မှာတော့ "CB ဘဏ်အကောင့် Inactive ဖြစ်နေရင် ဘယ်လိုပြန်ဖွင့်ရမလဲ" ဆိုတဲ့ မေးခွန်းကို ဖြေကြားပေးမှာ ဖြစ်ပါတယ်။
 
Inactive ဖြစ်နေတဲ့ CB ဘဏ်အကောင့်ကို ပြန်လည်အသုံးပြုနိုင်ဖို့ အကောင့်ပိုင်ရှင်ကိုယ်တိုင်က
🌟 ငွေစုစာအုပ်၊
🌟 မှတ်ပုံတင်မူရင်းတို့ကို ယူဆောင်ပြီး ဘဏ်စာရင်းဖွင့်ခဲ့တဲ့ CB Bank ဘဏ်ခွဲမှာ Active ဖြစ်အောင် အလွယ်တကူ ပြန်လည်ဆောင်ရွက်နိုင်ပါတယ်။
 
လက်ရှိအသုံးပြုနေတဲ့ CB ဘဏ်အကောင့်က Inactive ဖြစ်၊ မဖြစ် အသေးစိတ် စစ်ဆေးလိုပါကလဲ CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
 
❤2👍1