❤1
📷 Capture the Moment with CB

CB Bank နဲ့ Yangon Yangon Rooftop Bar တို့ ပူးပေါင်းပြုလုပ်တဲ့ "Capture the Moment with CB" Campaign ကာလကို နောက်ထပ်တစ်ကြိမ် ထပ်မံ တိုးမြှင့်ပေးလိုက်ပါပြီ။

Yangon Yangon Rooftop Bar မှာ Chill ရင်း Food or Drinks လက်ဆောင် ရယူနိုင်မဲ့ အခွင့်အရေး ရှိနေပါသေးတယ်။

ရွေးချယ်နိုင်တဲ့ လက်ဆောင်တွေကတော့
🔷 Snack ချစ်သူတွေအတွက် မာလာအာလူးချောင်းကြော် သို့မဟုတ် မာလာကြက်ရေခွံကြော် (၁)ပွဲ၊
🔷 Drink ကြိုက်သူများအတွက် Sky Blue, Yangon Lady, Mojito ပါဝင်ပြီး ကြိုက်နှစ်သက်ရာ Snack or Drink တစ်မျိုးကို စိတ်ကြိုက်ရွေးချယ် ရယူနိုင်ပါတယ်။

ပရိုမိုးရှင်းကာလကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်နေ့ အထိ တိုးမြှင့်ပေးထားတာ ဖြစ်လို့ ရုံးဆင်းတာနဲ့ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ ရုံးအဖွဲ့တွေ၊ သူငယ်ချင်းတွေနဲ့အတူ Yangon Yangon Rooftop Bar ကို အခုပဲ ချိန်းလိုက်တော့နော်။

လက်ဆောင်တွေရယူဖို့ လုပ်ဆောင်ရမဲ့ အဆင့်တွေနဲ့ "Capture the Moment with CB" အကြောင်း အသေးစိတ်ဖတ်ရှုရန် - [https://bit.ly/4uqVlZl]

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
👍1
❤1
CB ဘဏ်ကတ်၊ CB Pay App သုံးစွဲသူတိုင်း သုံးပန်လှ (ဖိုးစိန်လမ်းဆိုင်ခွဲ) မှာ လျှော့ဈေး ရယူနိုင်ပါပြီ။

ပရိုမိုးရှင်းကာလ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၁၅ ရက်နေ့ကနေ ဒီဇင်ဘာလ၊ ၁၅ ရက်နေ့အတွင်း) သုံးပန်လှ Food & Drink (ဖိုးစိန်လမ်းဆိုင်ခွဲ) မှာ ကြိုက်နှစ်သက်ရာ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App နဲ့ ငွေပေးချေတိုင်း 20% လျှော့ဈေးခံစားခွင့်နဲ့ စိတ်ကြိုက်သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤1
နေ့စဉ်သွားရေးလာရေးအတွက် ကားကလေးတစ်စီး လက်ဝယ်ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေပြီလား။

ချေးငွေသက်တမ်း အနည်းဆုံး (၁) နှစ်ကနေ အများဆုံး (၅) နှစ်အတွင်း အရစ်ကျပေးသွင်းရုံနဲ့ ကိုယ်ပိုင်ကားတစ်စီး ဝယ်ယူနိုင်မဲ့ CB Bank Car Loan အစီအစဉ် ရှိနေပါတယ်။ လစဉ်ပုံမှန် ဝင်ငွေရှိသူတိုင်း ဝယ်ယူနိုင်မှာဖြစ်လို့ နီးစပ်ရာ CB Bank ဘဏ်ခွဲတိုင်းမှာ လာရောက်လျှောက်ထားနိုင်ပါတယ်။

🔵 CB Bank Car Loan အကြောင်း အသေးစိတ်ဖတ်ရှုရန် - https://bit.ly/4uw6lFp )

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
❤2
❤1
🔊 CB Bank ရဲ့ "မေးလိုရာမေး Friday" အစီအစဉ် ပြန်လည်ရောက်ရှိလာပါပြီ။

ဒီနေ့အတွက် ဖြေကြားပေးမှာကတော့ "လွှဲပို့ကံထူးဝသန်ဦး" အစီအစဉ်အကြောင်းပဲ ဖြစ်ပါတယ်။ ကံစမ်းမဲကာလကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။

ကံစမ်းမဲ အစီအစဉ်မှာ Western Union, Ria Money Transfer, Krung Thai Bank, GME Remit, SBI Remit, Merchantrade, Pay2Home, Thunes အစရှိတဲ့ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများကနေ လွှဲပြောင်းပေးပို့လာတဲ့ ငွေလွှဲများအားလုံး ပါဝင်ပါတယ်။

🔵 "လွှဲပို့ကံထူး ဝသန်ဦး" Lucky Draw အစီအစဉ်အကြောင်းအသေးစိတ် ဖတ်ရှုရန် - https://bit.ly/4xZoYnw

ပိုမိုသိရှိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

ဘဏ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး နောက်ထပ်သိလိုတဲ့အကြောင်းအရာတွေကို Comment ရေးသားမေးမြန်းနိုင်ပါတယ်။
❤1
❤1
"အယုံမလွယ်ပါနဲ့"

(၂၁) ရာစုခေတ်ရဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ မသမာသူတွေရဲ့ အယောင်ဆောင်လိမ်လည်မှု နည်းစနစ်များကလဲ အချိန်နဲ့အမျှ ဆန်းသစ်လျက်ရှိပါတယ်။

ဒါကြောင့် အင်တာနက်အသုံးပြုမှု၊ စမတ်ဖုန်း (Smart Phone) အသုံးပြုမှုနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့ လူကြီးသူမတွေ၊ မြို့ပြနဲ့ ဝေးရာမှာ နေထိုင်ကြတဲ့ အပေါင်းအသင်း မိတ်ဆွေတွေကို အွန်လိုင်းပေါ်က ငွေကြေးလိမ်လည်မှုများအကြောင်း အခါအခွင့်သင့်တိုင်း သတိပေးနှိုးဆော်နေဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် အောက်မှာ ဖော်ပြထားတဲ့ အခြေခံအချက် (၆) ချက်ကို စွဲမြဲစွာ မှတ်မိနေစေဖို့ တိုက်တွန်းပြောကြားသင့်ပါတယ်။

၁) ခန့်မှန်းရမလွယ်ကူတဲ့ လျှို့ဝှက်နံပါတ်ကိုသာ အသုံးပြုပါ။
၂) မသိတဲ့ ဖုန်းနံပါတ်၊ ဆိုရှယ်မီဒီယာအကောင့်တွေကနေ ပေးပို့လာတဲ့ သံသယဖြစ်ဖွယ် လင့်ခ်တွေကို မနှိပ်မိစေဖို့ သတိပြုပါ။
၃) ဘဏ်စာရင်းကို ပုံမှန် စစ်ဆေးပါ။
၄) OTP ကို ဘယ်သူနဲ့မှ မမျှဝေဖို့ သတိရှိပါ။
၅) နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစွာ သိမ်းဆည်းပါ။
၆) ဘဏ်ကတ်များ ပျောက်ဆုံးပါက သက်ဆိုင်ရာဘဏ်ကို ချက်ချင်းဆက်သွယ်ပါ။

🔵 ငွေကြေးလိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မသမာမှုတွေကို ရှောင်ရှားနိုင်ဖို့ အစဉ်အမြဲ သတိရှိရပါမယ်။

CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
👍1
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၁ ရက်။

အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။

🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu)

☎️ CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
👍1
📱 CB Pay နဲ့ ကျောင်းလခ ပေးသွင်းနိုင်တဲ့ ‌Ascend Internation School

Ascend International School ကျောင်းလခများကို CB Pay ရဲ့ Education Payment ကနေတစ်ဆင့် လွယ်ကူမြန်ဆန်စွာ ပေးသွင်းနိုင်ပါပြီ။

CB Pay ကနေ ကျောင်းလခပေးသွင်းဖို့
🔹 CB Pay App ထဲကို ဝင်၊
🔹 Pay Bill > Bill Type ထဲက Education Payment ကို နှိပ်၊
🔹 Biller မှာ Ascend International School ကို ရွေး၊
🔹 လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်စွက်ပြီး အလွယ်တကူ ပေးသွင်းနိုင်ပါတယ်။

📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay

☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
❤3
👍2
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးလည်ပတ်မှု ပိုမိုကောင်းမွန်စေဖို့၊ လုပ်ငန်းတိုးချဲ့နိုင်ဖို့ CB Bank ရဲ့SME Term Loan ဝန်ဆောင်မှု ရှိနေပါတယ်။

SME Term Loan ဆိုတာ စက်ပစ္စည်းဝယ်ယူခြင်း၊ စက်ရုံတည်ဆောက်ခြင်း၊ ကုန်ပစ္စည်း ဝယ်ယူခြင်း၊ ကုန်ကြမ်းပစ္စည်း သိုလှောင်ခြင်းနဲ့ လုပ်ငန်းလည်ပတ်ဖို့ အသုံးပြုခြင်းများအတွက် ဦးစားပေးတဲ့ ချေးငွေဖြစ်ပါတယ်။ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများကို အာမခံထားပြီး ချေးငွေလျှောက်ထားနိုင်သလို တစ်နှစ်ကို အတိုးနှုန်း 13% p.a. နဲ့ ချေးငွေသက်တမ်း အများဆုံး (၃) နှစ်အထိ လျှောက်ထား ရယူနိုင်ပါတယ်။
 
🔵 SME Term Loan ရယူဖို့ လိုအပ်တဲ့ အချက်အလက်များ၊ ချေးငွေပမာဏ၊ အတိုးနှုန်းများကို ကြည့်ရှုရန် - https://bit.ly/sme-term-loan
 
☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
👍2
"EVERMORE ELEGANCE ထာဝရအချစ်” Chatrium Wedding Fair 2026 ပွဲမှာ CB Bank ကလဲ အားလုံးနဲ့အတူ ရှိနေပါတယ်။

ဒီပွဲမှာ CB Bank Wedding Deposit အပ်နှံမဲ့ မင်္ဂလာမောင်နှံတိုင်း
🌟 အတိုးနှုန်း 12.5% p.a. ရရှိနိုင်ခြင်း၊
🌟 Wedding Package များကို IPP စနစ်နဲ့ ဝယ်ယူနိုင်ခြင်း အစရှိတဲ့ အထူးခံစားခွင့်များပါ ရယူနိုင်ဖို့ စီစဉ်ပေးထားပါတယ်။

ဒါ့အပြင် Booth တိုင်းမှာ CB Bank MMQR ရှိနေမှာ ဖြစ်တဲ့အတွက် ကြိုက်နှစ်သက်ရာ Pay အားလုံးနဲ့ ငွေပေးချေနိုင်မဲ့အပြင် CB POS စက်များ ထားရှိပေးထားလို့ Prepaid Card, Credit Card, ဘဏ်ကတ်များ အားလုံးနဲ့ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

"EVERMORE ELEGANCE ထာဝရအချစ်” Chatrium Wedding Fair 2026 ပွဲအခမ်းအနားကို တက်ရောက်သူတိုင်း အများဆုံး 20% အထိ လျှော့ဈေးခံစားခွင့် ရရှိနိုင်မဲ့အပြင် Wedding Exhibition, Bridal Show နဲ့ ဟန်းနီးမွန်း ခရီးစဉ် Lucky Draw ဆုမဲများကိုလဲ ကံစမ်းနိုင်ပါတယ်။

ဒါကြောင့် မင်္ဂလာပွဲအတွက် လိုအပ်တာတွေကို တစ်နေရာတည်းမှာ အစုံအလင် လေ့လာဝယ်ယူရင်း CB Bank ရဲ့ မင်္ဂလာလက်ဖွဲ့အစီအစဉ်မှာ ပါဝင်နိုင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်။

"EVERMORE ELEGANCE ထာဝရအချစ်” Chatrium Wedding Fair 2026

နေ့ရက် - ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ။
အချိန် - နံနက် (၁၁း၀၀) မှ ည (၇း၀၀) အထိ။
နေရာ - Chatrium Hotel Royal Lake Yangon
👍2
အသိပေးကြေညာခြင်း

CB Bank က မိတ်ဟောင်းမိတ်သစ် Customer များအတွက် အကောင်းဆုံးဘဏ်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ယခုတွင်လည်း CB Pay App ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၅ ရက်နေ့၊ ည (၁၁:၀၀) မှ ၂၆ ရက်နေ့၊ နံနက် (၀၀:၃၀) နာရီအထိ CB Pay ဝန်ဆောင်မှုများ ခေတ္တရရှိမည်မဟုတ်ပါကြောင်း လေးစားစွာ ကြိုတင်အသိပေးအကြောင်းကြားအပ်ပါသည်။

ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါက အချိန်နှင့်တစ်ပြေးညီ ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။ အကြောင်းတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက CB Bank Contact Center (09 2 5555 7777) သို့ အချိန်မရွေးဆက်သွယ်နိုင်ပါသည်။

လူကြီးမင်းတို့၏ နားလည်ပေးမှုအပေါ် ကျေးဇူးအထူးတင်ရှိပါသည်။
👍2❤1
CB Bank Myanmar
Photo
CB Pay ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပါပြီ။

နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီးစီးပြီ ဖြစ်ပါသဖြင့် CB Pay ဝန်ဆောင်မှုများအားလုံးကို ယခုအချိန်မှစ၍ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့စွာ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဝန်ဆောင်မှု ခေတ္တရပ်ဆိုင်းထားရသည့်အပေါ် နားလည်ပေးကြသည့် Customer များအား CB Bank အနေဖြင့် အထူးကျေးဇူးတင်ရှိပါသည်။
❤1