INDIAN CINEMA NEWS MYANMAR
89 subscribers
43 photos
3 videos
1 link
Download Telegram
Tiger Shroffရဲ့ နောက်ထွက်လာမဲ့ကားသစ် GANAPTHမှာ Amitabh Bachan ပါမည်။
~~~~~~~~~~~~~~~~
Bollywood ရဲ့ အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့Tiger Shroffရဲ့ Ganapthကားမှာ Amitabh Bachan က cameoအနေဖြင့် ခနတာမျှပါမယ်လို့သိရပါတယ်။
.
GANAPTH ဇာတ်ကားက မွန်ဘိုင်းမြို့မှာနေတဲ့ ကလေ‌ကချေကောင်လေးတစ်ယောက်က ကမ္ဘာ့အကောင်းဆုံး လက်ဝှေ့သမားတေထဲကတစ်ယောက် ဖြစ်လာပုံကို ရိုက်ကူးထားတာဖြစ်ပြီးတော့ Amitabh Bachan က ထိုကားမှာ နည်းပြဆရာအဖြစ်နဲ့ ခနတာမျှပါဝင်ရုံသာမက ဇာတ်ကားရဲ့ နောက်ခံစကားပြောတဲ့နေရာမှာလည်း ပါဝင်ထားပါသေးတယ်။
.
GANAPTH ကို၂၀၂၂,ဒီဇင်ဘာ၂၃မှာရုံတင်မှာဖြစ်ပြီး Kangana ရဲ့ Queen(2013), လက်ပွားမင်းသားHrithik Roshan ရဲ့ Super30(2019)တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာVikas Bahlက ရိုက်ကူးထားတာဖြစ်ပါတယ်။
-----------------
#ICNM
👍3😁1
Vicky Kaushal ရဲ့ စူပါဟီးရိုး ဇာတ်ကားမှာ Samantha prabhu ပါဝင်ဖို့ ဆွေးနွေးနေ
~~~~~~~~
URIမင်းသားVicky Kaushal ရဲ့ စူပါဟီးရိုးဇာတ်ကားThe Immortal Ashwatthamaဟာ အစက ၂၀၂၁လောက်ကတည်းက ရိုက်ကူးဖို့ရှိခဲ့ပေမဲ့ ဘတ်ဂျက်များလွန်းတာရယ်၊ကိုးဗစ်ရောဂါရယ်ကြောင့် မရိုက်ဖြစ်ဘဲ နားထားလိုက်ရပြီး ခုချိန်မှာတော့ ပြန်လည်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
.
မင်းသမီးနေရာမှာတော့ အစကSara Ali Khan နဲ့ ရိုက်ကူးမှာဖြစ်ပေမဲ့ ခုချိန်မှာတော့ Samantha prabhu နဲ့ ရိုက်ကူးဖို့ ဆွေးနွေးနေတယ်လို့ သတင်းတေထွက်နေပါတယ်။
.
THE IMMORTAL ASHWATTHAMA ဇာတ်ကားကိုတော့ Vicky ရဲ့URI(2019)ရဲ့ ဒါရိုက်တာAditya Dharကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးသွားမှာဖြစ်ပါတယ်။
--------------------
#ICNM
Heart of Stone ရုပ်ရှင်အတွက် Alia Bhatt ရဲ့ ဇာတ်ဝင်ခန်းရိုက်ကူးမှုတေ ဒီနေ့‌ ပေါ်တူဂီမှာ ပြီးသွားပြီဖြစ်ပြီး Alia Bhatt ဒီနေ့ အိန္ဒိယကို ပြန်လာပါတော့မယ်။
.
Heart of Stone ကိုNetflix ကနေထုတ်လွှင့်သွားမှာ ဖြစ်ပြီး Wonder Womanမင်းသမီးGal Gadot က အဓိကပါဝင်သွားမှာဖြစ်ပြီးတော့ spy/thriller အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။
.
Heart of Stone ဟာ Alia Bhatt ရဲ့ ပထမဆုံးhollywoodကားဖြစ်သလို ဇာတ်ကားရိုက်ကူးနေချိန်မှာလည်း Ranbir Kapoor ရဲ့ ရင်သွေးလေးကိုကိုယ်ဝန်ဆောင်ထားရပြီဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~
#ICNM
👍1
Godfather ရုပ်ရှင်မှာSalman Khanပါမည်။
~~~~~~~~~~~~~~~~~~~
Tollywood မင်းသားRam Charan (ဘိုင်ရာဗာ)ရဲ့အဖေ Chiranjeevi ခေါင်းဆောင်မင်းသား‌နေရာက‌နေ ပါဝင်ထားတဲ့ Godfatherရုပ်ရှင်မှာ Salman Khanက အရေးကြီးသောနေရာကနေ ပါဝင်သွားမှာဖြစ်မယ်လို့ သိရပါတယ်။
.
ထို့အပြင် Salman Khan က အနုပညာကြေးမယူဘဲ Chiranjeevi ကို လေးစားသောအနေဖြင့်သာ ရိုက်ကူးပေးခဲ့တယ်လို့ဆိုပါတယ်။
.
Godfather ရုပ်ရှင်ဟာ Drishyam မင်းသားကြီးMohanalရဲ့၂၀၁၉တုံးကထွက်ရှိခဲ့တဲ့Luciferရုပ်ရုင်ရဲ့offical remakeဖြစ်ပြီးLuciferရဲ့ဒါရိုက်တာ Prithviraj Sukumaranရော Godfatherရုပ်ရှင်မှာcameoအနေဖြင့် ခနပြန်လည်ပါဝင်သွားအုံးမှာပါ။
.
ရုံတင်ရက်ကတော့၂၀၂၂,အောက်တိုဘာ၅ရက်ဖြစ်ပြီး တစ်လောက မင်္ဂလာဆောင်သွားတဲ့ တောင်ပိုင်းမင်းသမီးNayantharaကလည်း မင်းသမီးနေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။
---------------------
#ICNM
Godfather ရှုတင်မှာတုံးက Salman Khanနဲ့ ဒါရိုက်တာMohan Rajaကို အတူတွေ့ရစဉ်။
.
Godfather ရုပ်ရှင်မှာ တောင်ပိုင်းမင်းသားကြီးChiranjeeviက ခေါင်းဆောင်မင်းသားနေရာက ပါဝင်သွားမှာဖြစ်ပါတယ်။
ခုSalman Khanပါဝင်တဲ့scenceတေကတော့ အကုန်ရိုက်ကူးလို့ပြီးသွားပါပြီ။
---------------------
#ICNM
Akshay Kumar ရဲ့ နောက်ထွက်လာမဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်Capsule Gillရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံတစ်ပုံ။
.
Capsule Gillဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီးတော့ သတ္တုတူးဖော်ရေးအကြီးအကဲ Jaswant Singh Gillရဲ့အကြောင်းကို ပုံဖော်ထားတာပါ။
Jaswant Singh Gillဆိုတာ 1989,နိုဝင်ဘာ၁၃ရက်တုံးက Raniganiမှာရှိတဲ့ ကျောက်မီးသွေးတွင်း ရေကြီးတုံးက လူပေါင်း၆၅ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့သူဖြစ်ပါတယ်။
.
Capsule Gillကို Akshay ရဲ့ Rustom(2016)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာTinu Suresh Desaiဘဲ ရိုက်ကူးသွားမှာဖြစ်ပြီး မင်းသမီးParineeti Chopraက မင်းသမီးနေရာကနေ ပါဝင်သွားအုံးမှာ‌ပါ။
.
ထွက်ရှိမဲ့ရက်စွဲကတော့ ၂၀၂၂,ဒီဇင်ဘာ၈ရက်ဖြစ်ပါတယ်။
-------------------------
#ICNM
👍5
This media is not supported in your browser
VIEW IN TELEGRAM
စက်တင်ဘာလ၂ရက်နေ့မှာ Disney+Hotstar ကနေ ထုတ်လွှင့်သွားမဲ့ မင်းသား Akshay Kumarနဲ့ မင်းသမီးRakul Prett Singhတို့ရဲ့Cuttputlli Trailerထွက်ရှိလို့ လာပါပြီ။
.
Cuttputlli ဟာThriller အမျိုးအစားဖြစ်ပြီးတော့ ၂၀၁၈မှာထွက်ရှိခဲ့တဲ့ တမီးလ်ဗားရှင်း Ratsasan ကို Remakeပြန်ရိုက်ထားတာဖြစ်ပါတယ်။
မူရင်း ဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်ရေးသမားတေပါ အကြိုက်တွေ့စေခဲ့ပြီးတော့၂၀၁၉မှာ တေလ်လဂူ ဗားရှင်းအနေနဲ့ Rakshasuduဆိုပြီးတော့ ဘောလီဝုဒ်ထက်အရင် တောင်ပိုင်းမှာဘဲ Remake ပြန်ရိုက်ထားပါသေးတယ်။
.
ခု ဟင်ဒီဗားရှင်းCutputtliကိုတော့ Akshayရဲ့ Bell Bottomဒါရိုက်တာ Ranjit M Tiwariကိုယ်တိုင် ရိုက်ကူးမှာဖြစ်ပြီးတော့ တောင်ပိုင်းဗားရှင်းတေထက် သာမလားဆိုတာကိုတော့ စောင့်ကြည့်ကြတာပေါ့ဗျာ။
---------------
#ICNM
👍1
Vijay နဲ့Sanjay Duttတို့နှစ်ယောက်ရဲ့ ရုပ်ရှင်သစ်လာမည်။
---------------------------
တစ်နှစ်တစ်ကားဆိုသလို ပုံမှန်ထွက်ရှိတဲ့ တောင်ပိုင်းမင်းသားကြီး Vijayဟာ သူ့ရဲ့67ကားမြောက်ရုပ်ရှင်မှာ ဒါရိုက်တာLokesh Kanagarajနဲ့ ထပ်မံလက်တွဲသွားမှာဖြစ်ပြီး ထိုကားမှာ K.G.F 2ထဲက ဗီလိန်ကြီး Sanjay Duttက Vijay နဲ့ အပြိုင်ချဲကြမဲ့ ဗီလိန်နေရာကနေ ပါဝင်သွားမယ်လို့ သိရပါတယ်။
.
ဒါရိုက်တာ Lokesh Kanagarajဆိုသူကတော့ ပရိတ်သတ်တေနဲ့ စိမ်းတဲ့ဒါရိုက်တာမဟုတ်ဘဲ Vijayရဲ့Master,ပရိတ်သတ်တေ အကြိုက်တွေ့စေခဲ့တဲ့ Kaithi နဲ့ Vikram တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။
.
ခု‌နောက်ထွက်လာမဲ့ Vijayရဲ့67ကားမြောက်ရုပ်ရှင်ကိုတော့ Lokesh Kanagarajကဇာတ်ညွှန်းရေးလက်စဖြစ်ပြီးတော့ ရုပ်ရှင်နာမည်ကိုတော့ မပေးရသေးပါဘူး။ဒီနှစ်ကုန်ပိုင်းလောက်မှာ ရိုက်ကူးရေးစမှာဖြစ်ပြီး ၂၀၂၃ Dilwale လောက်မှာ ရုံတင်မယ်လို့ စီစဉ်ထားကြပါတယ်။action/Thriller အမျိုးအစားဖြစ်ပြီးတော့ ဒီကားမှာVijayကို ဂန်းစတားတစ်ယောက်အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။
.
ဒီကားမှရရှိမဲ့Vijay ရဲ့ အနုပညာကြေးကို မသိရသေးပေမဲ့ Sanjay Dutt ကတော့ အိန္ဒိယရူပီး ၁၀ကုဠေ ရရှိတယ်လို့သိရပါတယ်။
#ICNM
👍1
ဝန်ကြီးချုပ်မင်းသား Mahesh Babu ရဲ့ ရုပ်ရှင်ကားသစ် ဒီနေ့စရိုက်ပြီ။
--------------------------
တောင်ပိုင်း စူပါစတားတေထဲကတစ်ယောက်ဖြစ်တဲ့ Mahesh Babu ဟာ ဒီနေ့ ဟိုက်ဒရာဘတ်မှာ သူ့ရဲ့၂၈ကားမြောက် ရုပ်ရှင်သစ်အတွက် သူပါဝင်ရမဲ့ ဇာတ်ဝင်ခန်းတေကို စတင်ရိုက်ကူးနေပြီလို့ သိရပါတယ်။
.
ဇာတ်ကားရဲ့ အမည်ကိုတော့ သတ်မှတ်ခြင်းမရှိသေးပေမဲ့ လက်ရှိမှာတော့SSMB 28ဆိုပြီး ယာယီပေးထားပါတယ်။
ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအပိုင်းကိုတော့ ပရိတ်သတ်တေနဲ့မစိမ်းတဲ့Jr.Ntrရဲ့ Aravindha Sametha (2018)နဲ့ Allu Arjun ရဲ့ Ala Vaikunthapurramuloo(2021)ကို ရိုက်ကူးခဲ့တဲ့ Trivikram Srimivasကဘဲ တာဝန်ယူထားတာဖြစ်ပါတယ်။
.
Trivikram Srimivasရိုက်ကူးမှာဖြစ်တာကြောင့် ပရိတ်သတ်တေအ‌နေနဲ့ ဇာတ်အိမ်မခိုင်မှာ မပူရဘဲ စောင့်ရကျိုးနပ်တဲ့ကားဖြစ်လာမှာတော့ အသေအချာပါဘဲ။
မင်းသမီးနေရာမှာတော့ Pooja Hegde က ပါဝင်သွားမှာဖြစ်ပြီး ဧပရယ်၂၈,၂၀၂၃မှာ ရုံတင်သွားမှာဖြစ်ပါတယ်။
--------------
#ICNM
👍3👏1
ဘာဟုဘာလီဒါရိုက်တာနဲ့ ရိုက်ကူးမဲ့Mahesh Babuရဲ့ ၂၉ကားမြောက်ရုပ်ရှင်
---------------------
ဘာဟုဘာလီ၊R.R.Rတို့နဲ့ပရိတ်သတ်တေရဲ့ အသည်းကို ‌ခြွေ‌နိုင်ခဲ့တဲ့ ဒါရိုက်တာကြီး SS Rajamouliဟာ နောက်ထပ်ရိုက်မဲ့သူ့ရဲ့ဇာတ်ကားသစ်မှာ Mahesh Babuနဲ့ လက်တွဲသွားမှာဖြစ်ပြီး ဇာတ်ညွှန်းကိုစတင်ရေးနေပြီဖြစ်ကြောင်း မီဒီယာတေကို အသိပေးလာပါတယ်။
.
မကြာသေးမီက ကျင်းပခဲ့တဲ့ရုပ်ရှင်ပွဲတော်တစ်ခုရှိ အင်တာဗျုးမှာ ဒါရိုက်တာSS Rajamouliက
"ကျွန်တော် Mahesh Babuနဲ့ နောက်ရိုက်မဲ့ရုပ်ရှင်ဟာ ကမ္ဘာအနှံပတ်ပြီး စွန့်စားခန်းဖွင့်မဲ့ဇာတ်ကားမျိုးဗျ။
အဲ့ဒီကားက James Bond ဒါမှမဟုတ် Indiana Jonesတို့လို စွန့်စားခန်းဖွင့်မဲ့ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။"လို့
မီဒီယာတေကို ဖြေကြားထားပါတယ်။
.
ဇာတ်ညွှန်းရေးသားစဲဖြစ်တာကြောင့် ခေါင်းဆောင်မင်းသမီးကတော့ ဘယ်သူဖြစ်မလဲဆိုတာ ကိုတော့ မသိရသေးပါ။
ခေါင်းဆောင်မင်းသားနေရာက ရိုက်ကူးမဲ့ Mahesh Babu အတွက် ဒီကားက ၂၉ကားမြောက် ရုပ်ရှင်ဖြစ်လာမှာဖြစ်ပြီးတော့ SS Rajamouli ရိုက်ကူးမှာဖြစ်တာကြောင့် ကျိန်းသေပေါက် အောင်မြင်မှုတေများစွာရရှိလာအုံးမဲ့ ကားတစ်ကားဖြစ်ပါတယ်။
-------------------
#ICNM
👍3👏1
Helloမဂ္ဂဇင်းပေါ်က Nora❤️
❤3
မနှင်းဆီ♥️
❤1
Katrina Kaif in red dress ❤️
❤1
Ram charan (ဘိုင်ရာဗာ) တို့ လင်မယား ဂျပန်နိုင်ငံ တိုကျို မြို့မှာ ‌လျှောက်လည်။
🥰4❤1