CRPH Myanmar
14K subscribers
2.88K photos
75 videos
6 files
437 links
Committee Representing Pyidaungsu Hluttaw
Download Telegram
❤18
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

၁၅ အောက်တိုဘာလ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) တို့သည် ၂၀၂၆ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၅ နာရီတွင် Online မှ တဆင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်နှင့် PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် PNLO ဒု- ဥက္ကဋ္ဌ (၁) ခွန်ထွန်းတင် နှင့် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တို့က နိဂုံးချုပ်စကားပြောကြားခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။

#SCEF
❤13
❤14
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေး

၁၆ အောက်တိုဘာလ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) တို့သည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ ညနေ (၅)နာရီအချိန်တွင် Online မှ တဆင့် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်အမှာစကားပြောကြားခဲ့ပြီး SCEF ၏ နိုင်ငံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူးက ဆွေးနွေးတင်ပြခဲ့ကာ မေးခွန်းမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အထွေထွေအတွင်းရေးမှူး ကိုဆောင်းခက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

#SCEF
❤13👍1
❤16👍1
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည် အတိုင်ပင်ခံ ကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေး

၁၈ အောက်တိုဘာလ ၂၀၂၆

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-(NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH) တို့သည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့ ညနေ (၅)နာရီအချိန်တွင် Online မှ တဆင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် SCEF အလှည့်ကျသဘာပတိ ခူဦးရယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး SCEF ၏ နိုင်ငံရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ SCEF အတွင်းရေးမှူးအဖွဲ့ဝင် ပဒိုစောတာဒိုမူးက ဆွေးနွေးတင်ပြခဲ့ကာ မေးခွန်းမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။
ထို့နောက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-(NMSP-AD) မှ ဗိုလ်ချုပ် နိုင်လယီကောင်းက နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

#SCEF
❤12👍1
❤11👍1
“CRPH အနေဖြင့် ပြည်သူ့အရင်းအမြစ်များ ပြည်သူ့ထံ ပြန်လည်အကျိုးပြုပြီး မိမိတို့၏ လုံခြုံရေးအတွက် လူတိုင်း အသံထွက်ခွင့်ရရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် ဆက်လက်ကတိပြု ကြိုးပမ်းသွားပါမှာ ဖြစ်ပါတယ်။”

၈-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံအစည်းအဝေးတွင် "ဟိမဝန္တာဒေသနှင့် အခြားဘေးအန္တရာယ်ကျရောက်လွယ်သော ဒေသများတွင် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ဘေးဒဏ်ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန် လွှတ်တော်ဆိုင်ရာ အရေးပေါ် ဆောင်ရွက်ချက်" Emergency Item အပေါ် အပြန်အလှန်ဆွေးနွေးမှုတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင် ၏ ဆွေးနွေးချက်အား ပြည်သူလူထုသို့ မြန်မာဘာသာဖြင့် အစီရင်ခံတင်ပြအပ်ပါသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံအား တန်ဇန်းနီးယားနိုင်ငံ၊ အာရူးရှားမြို့၌ ၅-၁၀-၂၀၂၆ ရက်နေ့မှ ၉-၁၀-၂၀၂၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင် (ရန်ကင်းမဲဆန္ဒနယ်) ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၄) နိုင်ငံမှ နိုင်ငံတော်အဆင့် လွှတ်တော်များဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်မှစ၍ IPU ၏ တင်းပြည့်အဖွဲ့ဝင် ဖြစ်လာခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ တရားမဝင် စစ်အာဏာသိမ်းမှုနောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် CRPH အား IPU ၏ အဓိကမိတ်ဖက်အဖြစ် ယနေ့ထိတိုင် အသိအမှတ်ပြုထားပြီး မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် IPU ၏ အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ တရားဝင်ကိုယ်စားပြုသူများအဖြစ် ပါဝင်တက်ရောက်လျက်ရှိပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

https://youtu.be/UOdehasFpi0
❤13👍1
“အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများကို ထိတွေ့ဆက်ဆံခြင်းများမှတစ်ဆင့် တရားဝင်မှုပေးကာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်းအားဖြင့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါ။”

၈-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံအတွင်း “အားလုံးပါဝင်နိုင်မှု၊ ယုံကြည်မှုနှင့် အခွင့်အလမ်းများမှတစ်ဆင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို မြှင့်တင်ခြင်းနှင့် အသိုက်အဝန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် General Debate တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင် ၏ ဆွေးနွေးချက်အား ပြည်သူလူထုသို့ မြန်မာဘာသာဖြင့် အစီရင်ခံတင်ပြအပ်ပါသည်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

https://youtu.be/oooyLcbwK9k
❤14👍1
“ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ယူနစ်များ၏ ကိုယ်စားလှယ်တွေကို စုစည်းကာ ကျွန်မတို့အားလုံး မျှဝေထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။”

၈-၁၀-၂၀၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ၏ (၁၅၃) ကြိမ်မြောက် အထွေထွေညီလာခံအတွင်း “အားလုံးပါဝင်နိုင်မှု၊ ယုံကြည်မှုနှင့် အခွင့်အလမ်းများမှတစ်ဆင့် ကောင်းမွန်သောအုပ်ချုပ်ရေးကို မြှင့်တင်ခြင်းနှင့် အသိုက်အဝန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် General Debate တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာအောင် ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်

(မိန့်ခွန်းအပြည့်အစုံအား https://youtu.be/oooyLcbwK9k တွင် ကြည့်ရှုနိုင်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
❤16👍2
ဒေါက်တာစင်သီယာမောင် အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ချီးမြှင့်ခံရခြင်းအတွက် ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

၁။ ဂျပန်နိုင်ငံက ပေးအပ်ချီးမြှင့်သော (၁၃) ကြိမ်မြောက် အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ကို လက်ခံရရှိခဲ့သည့် ဒေါက်တာစင်သီယာမောင် အား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဂုဏ်ယူကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၂။ ဒေါက်တာစင်သီယာမောင်သည် ထိုင်း-မြန်မာနယ်စပ်တွင် မယ်တော်ဆေးခန်းကို တည်ထောင်၍ ရွှေ့ပြောင်းလုပ်သားများ၊ စစ်ဘေးရှောင်ဒုက္ခသည်များ၊ မိခင်နှင့် ကလေးများ၊ ခြေလက်အင်္ဂါများ ရင်းနှီးပေးဆပ်ခဲ့ကြရသော ရဲဘော်များနှင့် နွမ်းပါးရုန်းကန်နေရသူများအား လူသားချင်းစာနာထောက်ထားရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်ပေါင်း (၄၀) ကျော် ကာယအား၊ ဉာဏအားတို့ အရင်းတည်၍ စွမ်းဆောင် ကြိုးစားခဲ့သူတစ်ဦးဖြစ်ကာ ယနေ့အချိန်ထိတိုင် သူမ၏ စာနာသော နှလုံးသား၊ ပြည့်ဝသော စိတ်ထားတို့ဖြင့် ဆက်လက် စွမ်းဆောင်ကြိုးစားဆောင်ရွက်နေသည့်အတွက် ယခုကဲ့သို့ ထိုက်တန် စွာ အသိအမှတ်ပြု ဂုဏ်ပြုခံရခြင်းဖြစ်ပါသည်။

၃။ ယခုပေးအပ်ချီးမြှင့်ခံရသည့် ငြိမ်းချမ်းရေးဆုသည် ဒေါက်တာစင်သီယာမောင်အပါအဝင် သူမတည်ထောင်ထားသော မယ်တော်ဆေးခန်းမိသားစုများနှင့် ဝန်းရံကူညီပူးပေါင်းလုပ်ဆောင် နေကြသော ပုဂ္ဂိုလ်များ၏ စုစည်းညီညွတ်မှုအင်အားတစ်ရပ်ကိုလည်း ဂုဏ်ပြုဖော်ညွှန်းလျက် ရှိပါသည်။

၄။ ဒေါက်တာစင်သီယာမောင်၏ ခေါင်းဆောင်မှု၊ လူသားဆန်သည့် ဂုဏ်အရည်အချင်းများ နှင့် ခွဲခြားဆက်ဆံမှုမရှိသော မွန်မြတ်သည့် လူသားအကျိုးပြု လုပ်ဆောင်ချက်များသည် မျိုးဆက် သစ်လူငယ်များအတွက် အားကျအတုယူဖွယ် ဂုဏ်ထူးဝိသေသများဖြစ်ပါသည်။ ဒေါက်တာ စင်သီယာမောင်သည် အနာဂတ်တွင်လည်း လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများကို ဆက်လက်အောင်မြင်စွာ ကြိုးစားလုပ်ဆောင်သွားနိုင်မည်ကို ယုံကြည်ပါကြောင်းနှင့် ဘေးကင်းကျန်းမာပါစေကြောင်း မိမိတို့အနေဖြင့် ဆန္ဒပြု ဆုမွန်ပါးလျက် ဤသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ
❤10👍2
❤13