Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလောတွင် လူနေအိမ်များပျက်စီး

စစ်အာဏာရှင်တပ်က ပုလောလမ်းပိုင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာပါ။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141095/
🔥2❤1👍1
ထိုင်းတွင် မြန်မာလုပ်သားသုံးရာကျော် နစ်နာကြေးမရဘဲ ရုတ်တရက် အလုပ်ထုတ်ခံရ

အလုပ်ထုတ်ခံရတာမှာ လုပ်သက်ခြောက်နှစ်အထိရှိတဲ့ အလုပ်သမားတွေ ပါဝင်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141106/
😢4🔥2
နိုဝင်ဘာ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

*********

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ထားဝယ်တန်ဆောင်တိုင်ကာလမှာ ပစ်ခတ်သတ်ဖြတ်၊ လူဖမ်းတာနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း

- စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ပုလောမှာ လူနေအိမ်တွေ ပျက်စီးခဲ့ရတာ

- ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာ ဒီကနေ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အခြေအနေ

- လောင်းလုံးမြို့နယ် တောင်ပြိုကပ်ဘေးသင့်ရွာတွေထဲက ယားနာဖြစ်နေတဲ့ရွာတွေကို ရေတွင်းသန့်စင် ဆေးမှုန့်တွေဖြန့်ဝေပေးမယ့်သတင်း

- မြိတ်မြို့ လျှပ်စစ်မီတာခ ဈေးထပ်တက်သွားတဲ့အကြောင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

https://youtu.be/9j-oNCzLwfg
❤2👍2🔥1🥰1
ထားဝယ်တန်ဆောင်တိုင်ဘုရားလှည့်ပွဲည မြင်ကွင်းများ

Dawei Watch | ဓာတ်ပုံသတင်း

ထားဝယ်ဒေသ၏ အထင်ကရ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ယနေ့ အဖိတ်နေ့ (နိုဝင်ဘာလ ၂၃ ရက်) ညနေ ၅ နာရီမှစ၍ ထားဝယ်မြို့တွင် ကျင်းပနေသည်။

ရပ်ကွက်၊ ကျေးရွာ အသီးသီးက ပင့်ဆောင်ပူဇော်ထားသော နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ကိုယ်စားရုပ်ပွား၊ စေတီများနှင့် ဝသုန္ဒြေနတ်မင်းတို့ကို ကနုတ်တံကဲ၊ လျှပ်စစ်မီး၊ ပန်းများဖြင့် အလှဆင်ထားသော လှည်းများဖြင့် ပင့်ဆောင်ကာ ထားဝယ်မြို့အတွင်း တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်အထိ ညလုံးပေါက်အပူဇော်ခံမည်ဖြစ်သည်။

ဘုရားလှည့်လည်မည့်လမ်းကြောင်းကိုလည်း ယခင်နှစ်များထက် နှစ်လမ်းတိုးချဲ့လှည့်လည်မည်ဖြစ်သည် ။

လမ်းတလျှောက်တွင် ဘုရားဖူးရန် စောင့်ဆိုင်းနေသူများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းလှူသူများကို တွေ့ရသည်။

မြို့တွင်းဘုရားဖူးများအပြင် ရပ်ဝေးဘုရားဖူးအချို့တွေ့ရသော်လည်း ကိုဗစ်မတိုင်မီ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲကဲ့သို့ လူပင်လယ်အလား စည်ကားနေသည်ကို မတွေ့ရပေ။
👍3❤2