ထားဝယ်တန်ဆောင်တိုင်ဘုရားလှည့်ပွဲည မြင်ကွင်းများ
Dawei Watch | ဓာတ်ပုံသတင်း
ထားဝယ်ဒေသ၏ အထင်ကရ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီလှည့်လည်အပူဇော်ခံပွဲကို ယနေ့ အဖိတ်နေ့ (နိုဝင်ဘာလ ၂၃ ရက်) ညနေ ၅ နာရီမှစ၍ ထားဝယ်မြို့တွင် ကျင်းပနေသည်။
ရပ်ကွက်၊ ကျေးရွာ အသီးသီးက ပင့်ဆောင်ပူဇော်ထားသော နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ကိုယ်စားရုပ်ပွား၊ စေတီများနှင့် ဝသုန္ဒြေနတ်မင်းတို့ကို ကနုတ်တံကဲ၊ လျှပ်စစ်မီး၊ ပန်းများဖြင့် အလှဆင်ထားသော လှည်းများဖြင့် ပင့်ဆောင်ကာ ထားဝယ်မြို့အတွင်း တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်အထိ ညလုံးပေါက်အပူဇော်ခံမည်ဖြစ်သည်။
ဘုရားလှည့်လည်မည့်လမ်းကြောင်းကိုလည်း ယခင်နှစ်များထက် နှစ်လမ်းတိုးချဲ့လှည့်လည်မည်ဖြစ်သည် ။
လမ်းတလျှောက်တွင် ဘုရားဖူးရန် စောင့်ဆိုင်းနေသူများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းလှူသူများကို တွေ့ရသည်။
မြို့တွင်းဘုရားဖူးများအပြင် ရပ်ဝေးဘုရားဖူးအချို့တွေ့ရသော်လည်း ကိုဗစ်မတိုင်မီ ကျင်းပပြုလုပ်သည့် တန်ဆောင်တိုင်ပွဲကဲ့သို့ လူပင်လယ်အလား စည်ကားနေသည်ကို မတွေ့ရပေ။

👍3❤2