Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
မြိတ်မြို့ နှစ်ကျိပ်ရှစ်ဆူဘုရား အပူဇော်ခံထားသည့်မြင်ကွင်း

Dawei Watch| နိုဝင်ဘာလ ၂၃

၉၆ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲအတွက် ဘုရားများကို မြိတ်မြို့ အမှတ် ၁ ကျောင်းလမ်းရှိ ဈေးဆိုင်တန်းများနေရာတွင် အပူဇော်ခံထားရှိသည်ကို တွေ့ရသည်။

ယနေ့ည (နိုဝင်ဘာလ ၂၃ ရက်) အပူဇော်ခံထားသည်မှာ ငါးရက်မြောက်ဖြစ်ပြီး နိုဝင်ဘာလလ ၂၄ ရက် တန်ဆောင်မုန်းလပြည့်ညတွင် မြို့အတွင်းလှည့်လည်ကာ အပူဇော်ခံမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်များက နှစ်ကျိပ်ရှစ်ဆူဘုရားများကို ဘုရားငါးဆူကွင်းတွင် အပူဇော်ခံခဲ့သော်လည်း ယခုနှစ်တွင်မူ အမှတ် ၁ ကျောင်းလမ်းရှိ ဈေးဆိုင်တန်းများနေရာတွင် အပူဇော်ခံထားခြင်းဖြစ်သည်။
❤5👍2
လောင်းလုံးမှာ ယားနာဖြစ်နေတဲ့ ကျေးရွာတွေကို ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမယ်

DaweiWatch | ရုပ်သံ

တောင်ပြိုပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ရှိ ကျေးရွာတိုင်းနီးပါး ယားယံရောဂါခံစားကြရတာပါ။

https://youtu.be/gdIfcHl4NMs
❤5👍2🔥1
စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ ပုလောမှာ လူနေအိမ်တွေပျက်စီး

DaweiWatch | ရုပ်သံ

ဒါ့အပြင် စစ်အာဏာရှင်တပ်ဟာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပါတယ်။

https://youtu.be/WW1ChlIT9V0
🤬3😢2🔥1
စစ်ဘေးရှောင်ကျန်းမာရေး ကြိုတင်ကာကွယ်ဖို့ အစီအမံ ၅ ရပ်

Dawei Watch| Infographic V

စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူအများစုဝေးနေထိုင်ရတဲ့နေရာတွေမှာ သန့်ရှင်းသောရေ၊ အိမ်သာနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုံလောက်မှုမရှိရင် ကူးစက်ရောဂါပြန့်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

ဒါကြောင့် အစီအမံတွေကြိုတင်ချထားဖို့ လိုအပ်ပါတယ်။
👍3❤1🔥1
ကွမ်းသမလေးရဲ့ စစ်သည်တော်

အပိုင်း (၆)

ကျမလည်း အမေ့လက်ကိုဆွဲပြီး သွားလေသူ ဘီလုံးနှင့် ကျမ၏ ဖြူလေးတို့ ဆောက်ပေးထားသည့် ဗုံးခိုကျင်းဆီ ပြေး၏။ ရဲဘော်များက အိမ်နောက်က သစ်တိုပင်ကြီးအောက် ဝင်ပြေးသွားတာ တွေ့လိုက်ရသည်။ ဗုံးခိုကျင်းထဲ ရောက်တော့ အမေက ရင်ဘတ်ကို ဖိပြီး မေး၏။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141148/
👍3❤1🔥1
မြိတ်မှာ လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ရာကျော် စျေးထပ်တက်

DaweiWatch | ရုပ်သံ

မီတာခက လတိုင်းတက်နေတာပါ။

https://youtu.be/72WnMIZeG4w
❤2🔥2
ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ

အမျိုးသမီးနဲ့ တွဲနေတဲ့ မြန်မာအမျိုးသားဟာ အခန်းကနေ အိတ်ကိုထမ်းပြီး အမှိုက်ပုံမှာ အကြိမ်ကြိမ်သွားရောက် စွန့်ပစ်ခဲ့တာကို CCTV မှာ တွေ့ရှိလို့ ရဲတပ်ဖွဲ့ ဖမ်းဆီးထားပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/24/11/2026/141169/
❤2😱2😢2
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး ထပ်တက်

Dawei Watch | နိုဝင်ဘာ ၂၄

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး ထပ်တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၃၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၇ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းလည်း ထပ်တက်လာပြီး ၆၆၀ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
😱3❤1👍1🔥1