Dr. Naing Swe Oo
745 subscribers
3.04K photos
122 videos
130 links
Official channel of Dr. Naing Swe Oo
Download Telegram
❤4👍3💯3
(သုတကမ္ဘာဂျာနယ် အတွဲ (၉) အမှတ် (၂၅) တွင် ဖော်ပြပါရှိသော မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။)
မြန်မာ့အာကာသအိပ်မက် - ကြယ်တာရာများဆီသို့ ခြေလှမ်း စတင်ခြင်း
ဒေါက်တာနိုင်ဆွေဦး (သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့)
အကျဉ်းချုပ်
မြန်မာနိုင်ငံ၏ အာကာသအိပ်မက်သည် အာကာသယာဉ်မှူး စေလွှတ်ရေးနှင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေး သက်သက်သာမကဘဲ ရရှိလာမည့် အာကာသနည်းပညာနှင့် အချက်အလက်များကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး၊ မြို့ပြစီမံကိန်းနှင့် ကျေးလက်ဆက်သွယ်ရေးစသည့် ကဏ္ဍများတွင် လက်တွေ့အသုံးချ၍ မြေပြင်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ရေရှည်အမျိုးသားရေး မဟာဗျူဟာတစ်ရပ် ဖြစ်သည်။ လက်ရှိတွင် မြန်မာအာကာသအေဂျင်စီ (MSA) ၏ ကြိုးပမ်းမှုများနှင့်အတူ ရုရှားနိုင်ငံ Roscosmos၊ ဘယ်လာရုစ်နိုင်ငံတို့နှင့် ပူးပေါင်းကာ ကမ္ဘာမြေစောင့်ကြည့်ရေး၊ ဂြိုဟ်တုလမ်းညွှန်စနစ်၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး (COSPAS-SARSAT) နှင့် မြန်မာအာကာသယာဉ်မှူးလောင်းများ စိစစ်ရွေးချယ်လေ့ကျင့်ရေးတို့အတွက် နားလည်မှုစာချွန်လွှာများ အောင်မြင်စွာ လက်မှတ်ရေးထိုး အကောင်အထည်ဖော်နေပြီ ဖြစ်သည်။ အနာဂတ်တွင် နိုင်ငံတကာအခေါ်အဝေါ်များနှင့်အပြိုင် မြန်မာ့အမျိုးသားရေးလက္ခဏာကို ဖော်ဆောင်မည့် "Myanconaut" ဟု ဂုဏ်ယူစွာ ခေါ်ဆိုနိုင်သော မြန်မာနိုင်ငံသား အာကာသယာဉ်မှူးများ ပေါ်ထွက်လာရေးကို မျှော်မှန်းထားပြီး၊ ယင်းကြိုးပမ်းမှုများမှတစ်ဆင့် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေးနှင့် ပြည်သူ့အကျိုးပြုစနစ်များကို ပိုမိုလုံခြုံ၊ တိကျ၊ ခံနိုင်ရည်ရှိအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း အလေးအနက် တင်ပြထားပါသည်။
မြန်မာ့အာကာသအိပ်မက် - ကြယ်တာရာများဆီသို့ ခြေလှမ်း စတင်ခြင်း
“Astronaut လား၊ Cosmonaut လား၊ Taikonaut လား—မည်သို့ပင်ခေါ်တွင်ပါစေ၊ အာကာသနည်းပညာ၏ တန်ဖိုးသည် မြေကမ္ဘာပေါ်တွင် စတင်သည်။”
နိဒါန်း
အာကာသစူးစမ်းလေ့လာရေးနယ်ပယ်သည် လူသားတို့၏ သိလိုစိတ်နှင့် နည်းပညာစွမ်းရည်ကို စမ်းသပ်သည့် ကဏ္ဍတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အာကာသနည်းပညာ၏ အရေးပါမှုကို အာကာသယာဉ်မှူးတစ်ဦး လွှတ်တင်နိုင်ခြင်း သို့မဟုတ် ဂြိုဟ်တုတစ်စင်း ပိုင်ဆိုင်နိုင်ခြင်းတို့သာမက သဘာဝဘေးအန္တရာယ်ကို အချိန်မီသိရှိခြင်း၊ စိုက်ပျိုးရေးအချက်အလက်ကို တိကျစွာ စီမံခြင်း၊ ရာသီဥတုအန္တရာယ်ကို နားလည်ခြင်း၊ ဝေးလံဒေသများကို ဆက်သွယ်ပေးခြင်းနှင့် လူငယ်များ၏ သိပ္ပံနည်းပညာစွမ်းရည်ကို မြှင့်တင်ခြင်းစသည့် နယ်ပယ်များတွင်လည်း အာကာသဆိုင်ရာ နည်းပညာများကို ထိရောက် အကျိုးရှိစွာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အာကာသသုတေသနနှင့် ဂြိုဟ်တုနည်းပညာသည် ယခင်က အင်အားကြီးနိုင်ငံကြီးများ၏ သီးသန့်နယ်ပယ်တစ်ခု ဖြစ်ခဲ့သော်လည်း ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးလာမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများပါ ပါဝင်ဆောင်ရွက်လာကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည်လည်း မိမိကိုယ်ပိုင် ဂြိုဟ်တုနှင့် အာကာသနည်းပညာစနစ် ပိုင်ဆိုင်ရေးဆိုသည့် "မြန်မာ့အာကာသအိပ်မက်" ကို ပုံဖော်ရန် ကြိုးပမ်းခဲ့သည်မှာ ရာစုနှစ်တစ်ခု၏ လေးပုံတစ်ပုံနီးပါး ရှိလာခဲ့ပြီ ဖြစ်သည်။
မြန်မာ့အာကာသ ခရီးစဉ်နှင့် အနာဂတ် ရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံ၏ အာကာသအိပ်မက်သည် အာကာသယာဉ်မှူးတစ်ဦးကို အာကာသသို့ ပို့နိုင်ခြင်း၊ ကိုယ်ပိုင်ဂြိုဟ်တုတစ်စင်းကို လွှတ်တင်နိုင်ခြင်းတို့ဖြင့်သာ တိုင်းတာသင့်သည့် ရည်မှန်းချက်မဟုတ်ပါ။ ၎င်းသည် မြေပြင်ထိန်းချုပ်ရေးနှင့် အချက်အလက် စီမံခန့်ခွဲမှုစနစ်များ တည်ဆောက်ခြင်း၊ ကမ္ဘာမြေစောင့်ကြည့်ခြင်းမှ ရရှိသည့်အချက်အလက်များကို စိုက်ပျိုးရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးတွင် အသုံးချခြင်း၊ လူငယ်များ၏ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာစွမ်းရည်များကို မြှင့်တင်ခြင်း၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမျိုးသားစွမ်းရည်ကို တည်ဆောက်ခြင်းတို့ ပါဝင်သည့် ရေရှည်အမျိုးသားဖွံ့ဖြိုးရေး စီမံကိန်းတစ်ရပ်အဖြစ် လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် အာကာသကဏ္ဍ၏ ပထမဆုံးတန်ဖိုးမှာ အာကာသထဲသို့ သွားရောက်ခြင်းအပြင် ကမ္ဘာမြေကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေခြင်း ဖြစ်သည်။ ကမ္ဘာမြေစောင့်ကြည့်ရေး (Earth Observation) သည် အာကာသမှ ရုပ်ပုံ၊ ရေဒါ၊ အပူချိန်နှင့် အခြားအာရုံခံကိရိယာများမှ အချက်အလက်များကို ရယူ၍ မြေပြင်အခြေအနေကို စောင့်ကြည့်သည့် နည်းပညာဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုလမ်းညွှန်စနစ် (Global Navigation Satellite System—GNSS) သည် တည်နေရာ၊ အချိန်နှင့် လမ်းညွှန်မှုဆိုင်ရာ အချက်အလက်များ ပေးနိုင်သည်။
👍3❤1
ကမ္ဘာ့ကုလသမဂ္ဂ အာကာသရေးရာရုံး (UNOOSA) က ကမ္ဘာမြေစောင့်ကြည့်ရေးသည် ရုပ်ပိုင်းဆိုင်ရာကမ္ဘာနှင့် ပတ်သက်သော ဘက်မလိုက်သည့် အရေးကြီးအချက်အလက်များကို ကုန်ကျစရိတ်သက်သာစွာ ရရှိစေပြီး မူဝါဒချမှတ်သူများအတွက် လိုအပ်ချက်များ၊ ခေတ်ရေစီးကြောင်းများနှင့် ဖွံ့ဖြိုးရေးအစီအစဉ်များကို ပိုမိုကောင်းမွန်စွာ သတ်မှတ်နိုင်စေကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာ့အာကာသအိပ်မက်ကို “အာကာသထဲသို့ တက်ရောက်ရေး” တစ်ခုတည်းအဖြစ် မမြင်ဘဲ “အချက်အလက်များကို အများပြည်သူအကျိုးအတွက် ပြန်လည် အသုံးချနိုင်သည့် နိုင်ငံတော်စွမ်းရည် တည်ဆောက်ရေး” အဖြစ် ရှုမြင်သင့်သည်။
ဤအမြင်သည် အာကာသယာဉ်မှူးရည်မှန်းချက်ကို လျှော့ချခြင်းမဟုတ်ပါ။ တနည်းအားဖြင့် အာကာသယာဉ်မှူးတစ်ဦး ပေါ်ပေါက်လာနိုင်ရန် လိုအပ်သည့် အင်ဂျင်နီယာ၊ ဇီဝဆေးပညာ၊ Material Science၊ ဆော့ဖ်ဝဲ၊ ဆက်သွယ်ရေးနှင့် စီမံခန့်ခွဲမှုစွမ်းရည်များကို ယနေ့ကတည်းက မြေပြင်ပေါ်တွင် တည်ဆောက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဇူလိုင် ၂၇ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (MSA) မှ ဆောင်ရွက်ပြီးစီးခဲ့သော နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြပွဲ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံမှ ပထမဆုံး အာကာသယာဉ်မှူး တာဝန်ထမ်းဆောင်ရန် ပဏာမရွေးချယ်ခံထားရသည့် အာကာသ ယာဉ်မှူးလောင်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
တရားဝင် ထုတ်ပြန်ချက်များအရ MSA ၏ နည်းပညာစီမံကိန်းများနှင့် ပတ်သက်၍ မြေပြင်ထိန်းချုပ်ရေးစခန်း၊ Multi-Mission Operation Command and Control စနစ်၊ Earth Remote Sensing အသုံးချမှု၊ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေး၊ AI အသုံးချမှုနှင့် မြန်မာနိုင်ငံတစ်ဝန်း 3D မြေပုံဒေတာတို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သော အစိုးရရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင်လည်း နိုင်ငံတော်သမ္မတက အာကာသနည်းပညာ ကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော လမ်းပြမြေပုံများကို ထည့်သွင်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းပါ အဓိကအချက်များမှာ -
ပြည်တွင်း နည်းပညာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး - အာကာသပြတိုက် ဖွင့်လှစ်ခြင်း၊ လူငယ်များအတွက် အာကာသဆိုင်ရာ ပြိုင်ပွဲများကျင်းပခြင်းစသည့် လူထုပညာပေး အစီအစဉ်များမှသည် ဂြိုဟ်တုမြေပြင် ထိန်းချုပ်ရေးစခန်း တည်ဆောက်ခြင်းများအထိ ဆောင်ရွက်နိုင်ခဲ့ခြင်း။
လက်တွေ့ လူမှုစီးပွား အကျိုးပြုမှု - ဂြိုဟ်တုအချက်အလက်များနှင့် Artificial Intelligence (AI) နည်းပညာကို ပေါင်းစပ်၍ စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် မြေအသုံးချမှု စီမံခန့်ခွဲရေးတို့တွင် လက်တွေ့အသုံးချနိုင်ရန် ကြိုးပမ်းနေခြင်း။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု - ရုရှားနိုင်ငံနှင့် အစိုးရအချင်းချင်း သဘောတူညီချက် (G2G) ရေးထိုးထားသည့်အပြင် တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်တို့အပါအဝင် နိုင်ငံတကာ အာကာသအဖွဲ့အစည်းများနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်း။
ကိုယ်ပိုင် ဂြိုဟ်တုနှင့် အာကာသယာဉ်မှူး စီမံကိန်း - မကြာမီအချိန်အတွင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုကို တရုတ်နိုင်ငံနှင့် ပူးပေါင်းလွှတ်တင်နိုင်ရန် ပြင်ဆင်နေသကဲ့သို့ Nano Satellite နှင့် Micro Satellite များကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ခြင်း။ ထို့ပြင် မြန်မာအာကာသယာဉ်မှူးများ အာကာသခရီးစဉ်တွင် ပါဝင်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့် ပူးပေါင်း၍ အာကာသယာဉ်မှူးလောင်းများကို စိစစ်ရွေးချယ် လေ့ကျင့်ပေးနိုင်ရန် ဆောင်ရွက်နေခြင်း။
အာကာသနည်းပညာသည် ကုန်ကျစရိတ် များပြားပြီး အချိန်ယူ ဆောင်ရွက်ရသည့် ကဏ္ဍဖြစ်သော်လည်း နိုင်ငံ၏ ရေရှည်အနာဂတ်အတွက် မဖြစ်မနေ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင် အလေးအနက် ထည့်သွင်းပြောကြားခဲ့သည်။
အာကာသနည်းပညာဆိုင်ရာ လတ်တလောဖြစ်ပေါ်တိုးတက်မှုများ
(က) မြန်မာ-ရုရှား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှု
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အာကာသနှင့် ဂြိုဟ်တုနည်းပညာနယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင် အာကာသ ကော်ပိုရေးရှင်း (Roscosmos) တို့အကြား နားလည်မှုစာချွန်လွှာကို ဩဂုတ် ၁၈ ရက်က မော်စကိုမြို့ ကရင်မလင်နန်းတော်၌ လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာကို နှစ်ဖက်တာဝန်ရှိသူများက ပြည်ထောင်စု မ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ H.E. Mr.
👍2
Vladimir Vladimirovich Putin တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြခြင်းဖြစ်သည်။ နားလည်မှုစာချွန်လွှာအရ ဂြိုဟ်တုလမ်းညွှန်စနစ်၊ လူလိုက်ပါသော အာကာသခရီးစဉ်၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြု ရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) နှင့် ကမ္ဘာ့အနီး အာကာသအန္တရာယ် စောင့်ကြည့်သတိပေးရေးစနစ် စသည့် နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။
ဂြိုဟ်တုလမ်းညွှန်နည်းပညာကဏ္ဍတွင် သက်ဆိုင်ရာ တိုင်းတာလေ့လာရေး မြေပြင်စခန်းများ တည်ဆောက်ရေး နှင့် ဂြိုဟ်တုလမ်းညွှန်အချက်အလက်များကို မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင် လက်တွေ့အသုံးချနိုင်ရေးတို့ကို ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင် COSPAS-SARSAT စနစ်အတွက် မြေပြင်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ကာ အရေးပေါ်အချက်ပြမှုများကို ဂြိုဟ်တုများမှတစ်ဆင့် လက်ခံခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများထံ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင်ဒေသများ၌ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းဆိုင်ရာ အရေးပေါ်အခြေအနေများ ဖြစ်ပေါ်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်တိကျစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။
ကမ္ဘာ့အနီး အာကာသအန္တရာယ် စောင့်ကြည့်သတိပေးရေးကဏ္ဍတွင်လည်း အလင်းနှင့် အီလက်ထရောနစ် တယ်လီစကုပ်စခန်း တည်ဆောက်၍ အာကာသယာဉ်များ နီးကပ်လာမှုဆိုင်ရာ အန္တရာယ်၊ အာကာသအမှိုက်များ၏ ရွေ့လျားမှုနှင့် အာကာသပစ္စည်းများ ကမ္ဘာမြေပေါ်သို့ ပြန်လည်ကျရောက်နိုင်မှုတို့ကို စောင့်ကြည့်ခန့်မှန်းခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတေသန ပြုလုပ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်သည်။
ထူးခြားသည့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်အဖြစ် မြန်မာအာကာသယာဉ်မှူးများကို ရွေးချယ်လေ့ကျင့်ပေးရေးနှင့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ စေလွှတ်၍ သိပ္ပံသုတေသနနှင့် စမ်းသပ်မှုများ ဆောင်ရွက်နိုင်ရေး တို့ကိုလည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုနားလည်မှုစာချွန်လွှာသည် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အာကာသသိပ္ပံနှင့် အဆင့်မြင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးနိုင်မည့်အပြင် မြန်မာနိုင်ငံ၏ အာကာသနည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာကာသနည်းပညာကို လက်တွေ့ အသုံးချနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
၎င်းအပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ၏ ညွှန်ကြားရေးမှူးချုပ် Mr. Dmitry Vladimirovich Bakanov က ဩဂုတ် ၁၉ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံကာ -
မြန်မာ–ရုရှားအကြား ကမ္ဘာမြေစောင့်ကြည့်လေ့လာရေး (ERS) ဂြိုဟ်တုဓာတ်ပုံ ဒေတာရယူရေး ပူးပေါင်းဆောင်ရွက်နေမှုများ အာကာသယာဉ်မှူး ရွေးချယ်လေ့ကျင့်ရေး၊
COSPAS-SARSAT၊ One Way Station နှင့် ASPOS စနစ်များ ပူးပေါင်း အကောင်အထည်ဖော်ရေး၊
Rassvet အနိမ့်ပျံဆက်သွယ်ရေးဂြိုဟ်တုစနစ်နှင့် နာနိုဂြိုဟ်တု တည်ဆောက် လွှတ်တင်ရေးအပါအဝင် အာကာသနည်းပညာနှင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြကြောင်း လေ့လာ တွေ့ရှိရသည်။
(ခ) မြန်မာ-ဘယ်လာရုစ် အာကာနည်းပညာ ပူးပေါင်းဆောင်ရွက်မှု
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich နှင့် ဩဂုတ် ၂၁ ရက်က မင့်စ်မြို့ရှိ ဘယ်လာရုစ်ပညာရေးဝန်ကြီးဌာန၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ပညာရေး၊ သိပ္ပံနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က ဘယ်လာရုစ်နိုင်ငံ၏ သိပ္ပံနှင့် အာကာသနည်းပညာ၊ ဂြိုဟ်တုအသုံးချမှုဆိုင်ရာ တိုးတက်မှုများကို ရည်ညွှန်း၍ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလဲလှယ်ရန်ရှိကြောင်း ပြောကြားခဲ့သည်။
👍2
ထို့ပြင် ဘယ်လာရုစ်နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဘာသာရပ်များ၊ မောင်းသူမဲ့ လေယာဉ်တည်ဆောက်ရေး၊ ဂြိုဟ်တုအသေးစားများ တည်ဆောက်ရေးနှင့် ဂြိုဟ်တုနည်းပညာကို စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးချရေးတို့၌ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့နိုင်ရန် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးကိုလည်း ဆွေးနွေးခဲ့သည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးကလည်း ဝန်ကြီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များတွင် အဏုမြူနှင့် အာကာသနည်းပညာဆိုင်ရာ ဘာသာရပ်များ သင်ကြားပေးလျက်ရှိသည့်အခြေအနေ၊ နည်းပညာကျောင်းများနှင့် သက်မွေးပညာကောလိပ်များ ဖွင့်လှစ်ထားရှိမှုတို့ကို ရှင်းလင်းပြောကြားကာ ဘယ်လာရုစ်ဘက်မှ တာဝန်ရှိသူများအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။
စာရေးသူအနေဖြင့်လည်း နိုင်ငံတော်သမ္မတ၏ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံများသို့ ၂၀၂၆ ခုနှစ် ဩဂုတ်လက သွားရောက်သည့် တရားဝင်ခရီးစဉ်တွင် လိုက်ပါခွင့်ရရှိခဲ့ပြီး နိုင်ငံတော်တွင် အာကာသနည်းပညာ ဖွံ့ဖြိုးရေး လုပ်ဆောင်နေမှုများအား လေ့လာခွင့် ရရှိခဲ့ပါသည်။
အာကာသနည်းပညာမှ ရရှိနိုင်သည့်အကျိုးကျေးဇူးများ
(က) သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး မြန်မာနိုင်ငံသည် ကမ်းရိုးတန်း၊ မြစ်ဝှမ်း၊ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်း ပူပြင်းခြောက်သွေ့သောဒေသနှင့် တောင်တန်းဒေသများ ပါဝင်သည့် ပထဝီအနေအထားကွဲပြားသော နိုင်ငံဖြစ်ပါသည်။ ထို့ကြောင့် ရေကြီးခြင်း၊ မုန်တိုင်းဖြစ်ပွါးခြင်း၊ မိုးခေါင်ခြင်း၊ မြေပြိုခြင်းနှင့် အပူချိန်မြင့်တက်ခြင်းတို့၏ သက်ရောက်မှုများသည် ဒေသအလိုက် မတူညီမှုများ ရှိနိုင်ပါသည်။ World Bank ၏ Myanmar Climate Change Knowledge Portal သည် CMIP6 ရာသီဥတုမော်ဒယ်များကို အသုံးပြု၍ ရာသီဥတုပြောင်းလဲမှု၏ အလားအလာများ၊ မော်ဒယ်များအကြား မသေချာမှုနှင့် ရာသီအလိုက် အန္တရာယ်များကို လေ့လာနိုင်စေသည်။ ၎င်းတွင် ဖော်ပြထားသည့် အချက်အလက်များအရ အပူချိန်အပြောင်းအလဲသည် အများအားဖြင့် ပိုမိုရှင်းလင်းသော်လည်း မိုးရွာသွန်းမှုသည် ဒေသအလိုက် ပိုမိုမတည်ငြိမ်ပြီး ခန့်မှန်းရခက်ခဲပါသည်။
ထိုအခြေအနေတွင် ဂြိုဟ်တုပုံရိပ်သည် ကယ်ဆယ်ရေးအဖွဲ့များအတွက် ၎င်းတို့ မရောက်ရှိနိုင်သေးသော နေရာများ၏ အခြေအနေကို အမြန်သိရှိစေသည်။ အထူးသဖြင့် Synthetic Aperture Radar (SAR) သည် မိုးတိမ်နှင့် ညအမှောင်အခြေအနေများတွင်ပင် မြေပြင်ပြောင်းလဲမှုကို စောင့်ကြည့်နိုင်သောကြောင့် ရေကြီးမှုနှင့် မြေပြိုမှုဆိုင်ရာ မြေပုံရေးဆွဲရာတွင် အထောက်အကူပြုနိုင်သည်။ သို့သော် ဂြိုဟ်တုပုံရိပ်တစ်ခုတည်းကို ဆုံးဖြတ်ချက်၏ တစ်ခုတည်းသော အခြေခံအဖြစ် မသုံးသင့်ပါ။ လုပ်ဆောင်သင့်သည့် အကောင်းဆုံးလုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
ဂြိုဟ်တုအချက်အလက်များဖြင့် အန္တရာယ်ရှိနိုင်သော နေရာများကို အမြန်ခွဲခြားခြင်း။
မြေပြင်အဖွဲ့များဖြင့် အခြေအနေကို အတည်ပြုခြင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့များထံ လုပ်ဆောင်နိုင်သည့် သတင်းအချက်အလက်အဖြစ် ပြန်လည်ဖြန့်ဝေခြင်း။
ကယ်ဆယ်ရေးအပြီး ပြန်လည်ထူထောင်ရေးနှင့် ထိခိုက်မှုအကဲဖြတ်ခြင်းကို ဂြိုဟ်တု နည်းပညာအသုံးပြ၍ ထပ်မံစောင့်ကြည့်ခြင်း။
UNOOSA ၏ UN-SPIDER အစီအစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစက်ဝန်းတစ်လျှောက် အာကာသအခြေပြုသတင်းအချက်အလက် အသုံးချနိုင်ရန် နည်းပညာအကူအညီ၊ လေ့ကျင့်ရေးနှင့် အဖွဲ့အစည်း စွမ်းရည်တည်ဆောက်မှုများ ပေးရန် ရည်ရွယ်ထားသည်။ ဤအတွေ့အကြုံနှင့် ချိတ်ဆက်နိုင်ခြင်းသည် မြန်မာ့အာကာသအစီအစဉ်၏ အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။
(ခ) စိုက်ပျိုးရေးနှင့် စားရေရိက္ခာလုံခြုံရေး အာကာသနည်းပညာ၏ လူထုအကျိုးပြုတန်ဖိုးကို တိုင်းတာရာတွင် စိုက်ပျိုးရေးသည် အရေးကြီးဆုံးနယ်ပယ်များထဲမှ တစ်ခုဖြစ်သည်။ FAO နှင့် UNOOSA တို့၏ ၂၀၂၅ ခုနှစ် ပူးတွဲထုတ်ဝေစာတမ်းတွင် ဂြိုဟ်တုပုံရိပ်၊ GNSS နှင့် အခြား Geospatial နည်းပညာများသည် သီးနှံကျန်းမာရေး စောင့်ကြည့်ခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း၊ ရာသီဥတုခန့်မှန်းခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းတို့တွင် အသုံးဝင်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စပါးစိုက်ပျိုးရေးကို လေ့လာသည့် Peer-reviewed သုတေသနတစ်ခုတွင် Sentinel-1၊ Landsat-8 နှင့် PALSAR-2 ဒေတာများကို ပေါင်းစပ်အသုံးပြု၍ နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးမြေ၊ စိုက်ပျိုးရာသီနှင့် စပါးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းခဲ့သည်။ ထိုလေ့လာမှုသည် ဂြိုဟ်တုမှ ရရှိသော အချက်အလက်များကို မြေပြင်စစ်ဆေးမှုနှင့် အစိုးရစာရင်းအင်းများနှင့် နှိုင်းယှဉ်သုံးသပ်ရန် အရေးကြီးကြောင်း ပြသနေပါသည်။ လက်တွေ့တွင် ဂြိုဟ်တုဒေတာကို အောက်ပါနည်းလမ်းများဖြင့် အသုံးချနိုင်သည်။
👍2❤1
သီးနှံအမျိုးအစားနှင့် စိုက်ဧရိယာမြေပုံများက နိုင်ငံအဆင့် စိုက်ပျိုးရေးစာရင်းအင်းကို ပိုမိုတိကျစေနိုင်သည်။ ရေကြီးမှုနှင့် မိုးခေါင်မှုကို စောင့်ကြည့်ခြင်းက ထိခိုက်နိုင်သော ဒေသများကို အချိန်မီ သတ်မှတ်နိုင်စေသည်။ သီးနှံကျန်းမာရေးနှင့် ရေလိုအပ်ချက်ကို ခွဲခြမ်းခြင်းက ရေသွင်းမှုနှင့် သွင်းအားစုများကို ပိုမိုထိရောက်စွာ စီမံနိုင်စေသည်။ ထို့အပြင် ရိတ်သိမ်းမှုခန့်မှန်းချက်များသည် စားရေရိက္ခာလုံခြုံရေးနှင့် ဈေးကွက် စီမံကိန်းများအတွက် အထောက်အကူပြုနိုင်သည်။ မုန်တိုင်း သို့မဟုတ် ရေကြီးပြီးနောက် ပျက်စီးမှုအကဲဖြတ်ခြင်းက ကူညီထောက်ပံ့မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဦးစားပေး စီမံနိုင်စေသည်။ AI ကို ဂြိုဟ်တုဒေတာနှင့် ပေါင်းစပ်ခြင်းသည် အလားအလာရှိသော်လည်း AI မော်ဒယ်များသည် သတင်းအချက်အလက်များ၏ အရည်အသွေးနှင့် မြေပြင်အတည်ပြုချက်အပေါ် မှီခိုနေကြောင်း သတိပြုရမည်။ မော်ဒယ်၏ ရလဒ်သည် အမှန်တရား၏ အစားထိုးမဟုတ်ဘဲ ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုသည့် ကိရိယာဖြစ်သည်။
(ဂ) မြို့ပြစီမံကိန်း၊ သစ်တော၊ ရေနှင့် ဆက်သွယ်ရေး
အချိန်ကာလ အပိုင်းအခြား သတ်မှတ် ရိုက်ကူးထားသည့် ဂြိုဟ်တုပုံရိပ်များသည် သစ်တောဖုံးလွှမ်းမှု၊ မြို့ပြတိုးချဲ့မှု၊ မြစ်ကြောင်းပြောင်းလဲမှုနှင့် ရေကန်အရွယ်အစားတို့ကို ဆက်တိုက်စောင့်ကြည့်နိုင်စေသည်။ ထိုအချက်အလက်များကို လူဦးရေ၊ လမ်း၊ တံတား၊ ဆေးရုံနှင့် ကျောင်းစသည့် အချက်အလက်များနှင့် ပေါင်းစပ်လျှင် မည်သည့်နေရာသည် အန္တရာယ် ပိုမိုခံနိုင်ရည်နည်းသနည်းကို ပိုမိုတိကျစွာ ခွဲခြားနိုင်သည်။
GNSS သည် လမ်းညွှန်မှုအတွက်သာ မဟုတ်ပါ။ ကယ်ဆယ်ရေးအဖွဲ့များ၏ တည်နေရာမျှဝေမှု၊ လယ်ယာမြေတိုင်းတာမှု၊ အခြေခံအဆောက်အအုံတည်နေရာသတ်မှတ်မှု၊ ကုန်စည်ပို့ဆောင်ရေးနှင့် ရေကြီးဒေသနယ်နိမိတ် သတ်မှတ်ခြင်းတို့တွင်လည်း အသုံးဝင်သည်။ UNOOSA နှင့် International Committee on GNSS တို့က Civil positioning, Navigation, Timing နှင့် တန်ဖိုးမြှင့်ဝန်ဆောင်မှုများအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အလေးပေးထားသည်။
မြန်မာနိုင်ငံတွင် မြို့ပြနှင့် ကျေးလက်၊ လွင်ပြင်နှင့် တောင်တန်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းသောဒေသနှင့် ဝေးလံသောဒေသတို့အကြား ဆက်သွယ်ရေး အခွင့်အလမ်းကွာဟမှု ရှိနေသည်။
International Telecommunication Union (ITU) ၏ ဖော်ပြချက်များအရ ဂြိုဟ်တုဆက်သွယ်ရေးသည် ကျယ်ပြန့်သော ဧရိယာများကို လွှမ်းခြုံနိုင်ပြီး ဝေးလံသော ကျေးလက်ဒေသများတွင် ဆက်သွယ်ရေးပေးနိုင်သည်။ မြေပြင်ဆက်သွယ်ရေး ကွန်ရက်များကို ငလျင် သို့မဟုတ် ရေလွှမ်းမိုးမှုက ပျက်စီးသည့်အခါ ဂြိုဟ်တုစနစ်များသည် ပိုမိုခံနိုင်ရည်ရှိနိုင်သည်။ ထိုစနစ်များကို တယ်လီမက်ဒီစင်၊ ကျောင်းများအတွက် အွန်လိုင်း သင်ကြားရေးနှင့် အရေးပေါ်ဆက်သွယ်ရေးတို့တွင် အသုံးချနိုင်သည်။
ဤအကျိုးကျေးဇူးများ ရရှိရန် စက်ပစ္စည်းကုန်ကျစရိတ်၊ လျှပ်စစ်ဓာတ်အား၊ ပြုပြင်ထိန်းသိမ်းမှု၊ အင်တာနက်ဝန်ဆောင်မှုနှင့် ဒေတာလုံခြုံရေးတို့ကို တစ်ပြိုင်နက် ဖြေရှင်းရမည်။ ဂြိုဟ်တုတစ်စင်းတည်းသည် “ဒစ်ဂျစ်တယ်ကွာဟချက်” ကို အလိုအလျောက် မဖြေရှင်းနိုင်ပါ။ လူသားစွမ်းရည်၊ ဒေသခံဝန်ဆောင်မှုနှင့် အများပြည်သူအသုံးပြုနိုင်သည့် အချက်အလက်စနစ်များနှင့် တွဲဖက်မှသာ အကျိုးပြည့်ဝမည်ဖြစ်သည်။
အမည်နာမများ၏ နောက်ကွယ် ("The Nauts")
အနာဂတ်တွင် မြန်မာနိုင်ငံသားတစ်ဦး အာကာသသို့ အမှန်တကယ် ရောက်ရှိသွားချိန်တွင် သူ့ကို မည်သို့ ကမ္ဘာက ခေါ်ဝေါ်ကြမည်နည်းဆိုသည့် မေးခွန်းမှာ စိတ်ဝင်စားဖွယ် ဖြစ်လာသည်။ ကမ္ဘာ့အာကာသ သမိုင်းတွင် အာကာသယာဉ်မှူးများကို ခေါ်ဝေါ်သည့် နောက်ဆက်တွဲ "naut" ဆိုသည့် စကားလုံးသည် ဂရိစကားလုံး nautes (ရွက်လွှင့်သူ / သင်္ဘောသား) မှ ဆင်းသက်လာခြင်း ဖြစ်သည်။ နိုင်ငံနှင့် အေဂျင်စီအလိုက် သုံးစွဲပုံများမှာ အောက်ပါအတိုင်း ကွဲပြားကြသည် -
Astronaut (အက်စထရိုနော့) - အမေရိကန် (NASA)၊ ဥရောပ (ESA) နှင့် ဂျပန် (JAXA) တို့ သုံးစွဲကြသည်။ ဂရိစကားလုံး Astro (ကြယ်) နှင့် ပေါင်းစပ်ထားပြီး "ကြယ်စင်များဆီ ရွက်လွှင့်သူ" ဟု အဓိပ္ပာယ်ရသည်။
Cosmonaut (ကော့စမိုနော့) - ရုရှား (Roscosmos) အာကာသယာဉ်မှူးများကို ခေါ်ဆိုသည်။ ဂရိစကားလုံး Kosmos (စကြဝဠာ) မှ ဆင်းသက်လာပြီး "စကြဝဠာအတွင်း ရွက်လွှင့်သူ" ဟု ဆိုလိုသည်။
Taikonaut (တိုင်ကိုနော့) - တရုတ်နိုင်ငံ (CNSA) ၏ အာကာသယာဉ်မှူးများ ဖြစ်ကြသည်။ တရုတ်စကားလုံး Tàikōng (အာကာသ) ကို အခြေခံထားပြီး "အာကာသထဲ ရွက်လွှင့်သူ" ဟု အဓိပ္ပာယ်ရသည်။
Vyomanaut (ဗြိုမာနော့) - အိန္ဒိယနိုင်ငံ၏ Gaganyaan အစီအစဉ်အတွက် သင်္သကရိုက်ဘာသာစကား Vyoma (ကောင်းကင်/အာကာသ) ကို အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်သည်။
Spationaut (စပါရှင်နော့) - ပြင်သစ်နိုင်ငံတွင် သုံးစွဲသည့် အာကာသယာဉ်မှူး အခေါ်အဝေါ် ဖြစ်သည်။
မြန်မာ့အာကာသ အိပ်မက်နှင့် "Myanconaut"
👍3
အနာဂတ်တွင် မြန်မာနိုင်ငံအနေဖြင့် အာကာသအတွင်းသို့ လူသားစေလွှတ်နိုင်ခဲ့ပါက အာကာသယာဉ်မှူးများအား မည်သို့ခေါ်ဝေါ်မည်နည်း။ နိုင်ငံတကာ အာကာသစခန်း (ISS) သို့ သွားရောက်ရာတွင် အမေရိကန်ယာဉ်ဖြင့် သွားပါက Astronaut၊ ရုရှားယာဉ်ဖြင့် သွားပါက Cosmonaut ဟု ခေါ်ဝေါ်လေ့ရှိကြသော်လည်း မြန်မာနိုင်ငံ၏ ကိုယ်ပိုင်အမှတ်သင်္ကေတနှင့် အမျိုးသားရေး လက္ခဏာကို ဖော်ပြနိုင်ရန် "Myanconaut" (မြန်မာ + နော့) ဟူသော အခေါ်အဝေါ်သည် ဆန်းသစ်၍ စိတ်ဓာတ်တက်ကြွဖွယ် အမည်တစ်ခု ဖြစ်လာပေလိမ့်မည်။
“အိပ်မက်ကြီးကြီးမက်ဖို့ မည်သည့်အခါမျှ နောက်မကျပါ။ ယနေ့ စတင်လွှတ်တင်လိုက်သည့် သေးငယ်သော ဂြိုဟ်တုလေးသည် မနက်ဖြန်တွင် လူသားများ လိုက်ပါပါဝင်မည့် အာကာသယာဉ်များအတွက် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာနိုင်ပါသည်။”
Cosmonaut၊ Astronaut သို့မဟုတ် Myanconaut ဟူ၍ အမည်နာမများ ကွဲပြားနိုင်သော်လည်း ယင်းတို့အားလုံး၏ နောက်ကွယ်တွင် တူညီသော စိတ်ဝိညာဉ်တစ်ခုရှိသည်။ ယင်းမှာ "မသိသေးသော ကမ္ဘာသစ်များကို ရှာဖွေစူးစမ်းလိုသည့် လူသားတို့၏ မကွယ်နိုင်သော စူးစမ်းလိုစိတ်" ပင် ဖြစ်သည်။ Myanconaut ဆိုသည့် စကားလုံးသည် လက်ရှိအဘိဓာန်များတွင် မရှိသေးသော်လည်း မြန်မာလူငယ်တို့၏ ကန့်သတ်ချက်မရှိသော ရည်မှန်းချက်များနှင့် အနာဂတ်၏ နယ်ပယ်သစ်များကို ကိုယ်စားပြုနေသည်။ အနာဂတ်တစ်နေ့နေ့တွင် မြန်မာနိုင်ငံအလံကို လက်မောင်းတွင် ဂုဏ်ယူစွာ တပ်ဆင်ထားသည့် မြန်မာအာကာသယာဉ်မှူးတစ်ဦး အာကာသစခန်းမှနေ၍ မိခင်ကမ္ဘာကြီးကို လှမ်းမျှော်ကြည့်ရှုနိုင်မည့် သမိုင်းဝင်နေ့ရက်ကို ကျွန်ုပ်တို့အားလုံး မျှော်လင့်စောင့်ကြိုလျက်ရှိပါသည်။
နိဂုံး
တရားဝင်ပြောကြားချက်များအရ ၂၀၂၈ ခုနှစ်တွင် မြန်မာနိုင်ငံသားတစ်ဦးသည် အာကာသသို့ သွားရောက်နိုင်ပါက သူ့ကို Astronaut ဟု ခေါ်မည်လား၊ Cosmonaut ဟု ခေါ်မည်လား၊ သို့မဟုတ် Myanconaut ဟု ခေါ်မည်လား ဆိုသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ခုဖြစ်သည်။ သို့သော် ထိုအမည်များထက် ပိုမိုအရေးကြီးသည်မှာ အာကာသနည်းပညာကို နိုင်ငံတော် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ ထိရောက်စွာ အသုံးချမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ ဂြိုဟ်တုတစ်စင်းသည် မုန်တိုင်းကို တားဆီးမပေးနိုင်ပါ။ သို့သော် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်း၊ ရေကြီးနိုင်သည့်ဒေသနှင့် ထိခိုက်လွယ်သည့် လူဦးရေကို ပိုမိုမြန်ဆန်စွာ သိရှိစေနိုင်သည်။ ဂြိုဟ်တုတစ်စင်းသည် လယ်သမားတို့ ကိုယ်စား ဆုံးဖြတ်မပေးနိုင်ပါ။ သို့သော် ရေလိုအပ်သည့် လယ်ကွင်း၊ မိုးခေါင်မှုသက်ရောက်သည့် နေရာနှင့် သီးနှံပျက်စီးမှုကို ပိုမိုတိကျစွာ ပြသနိုင်သည်။ ထို့ကြောင့် မြန်မာ့အာကာသအိပ်မက်သည် အာကာသထဲသို့ တက်သွားခြင်းနှင့်အတူ မြေပြင်ပေါ်ရှိ လူသားဘဝကို ပိုမိုလုံခြုံ၊ ပိုမိုတိကျပြီး ပိုမိုမျှတစေရန် ပြန်လည်အကျိုးပြုနိုင်မှသာ အဓိပ္ပာယ်ပြည့်စုံမည်ဖြစ်သည်။ အမည်က Astronaut ဖြစ်စေ၊ Cosmonaut ဖြစ်စေ၊ Taikonaut ဖြစ်စေ၊ Myanconaut ဖြစ်စေ—အာကာသစူးစမ်းလိုစိတ်သည် လူသားအားလုံး၏ တူညီသော စိတ်ဝိညာဉ်ဖြစ်သည်။ မြန်မာ့အနာဂတ်အတွက် အရေးကြီးဆုံးမှာ ထိုစိတ်ဝိညာဉ်ကို အချက်အလက်များ၊ ကာကွယ်ရေး၊ လုံခြုံရေး၊ ပညာရေး၊ ငြိမ်းချမ်းရေးနှင့် ပြည်သူ့အကျိုးပြုနည်းပညာအဖြစ် ပြောင်းလဲနိုင်ခြင်းပင် ဖြစ်ကြောင်း ရေးသားဖော်ပြအပ်ပါသည်။
“အာကာသနည်းပညာ၏ တန်ဖိုးသည် အာကာသထဲတွင်သာ မရှိဘဲ မြေပြင်ပေါ်ရှိ လူသားဘဝကို ပိုမိုလုံခြုံ၊ ပိုမိုတိကျပြီး ပိုမိုခံနိုင်ရည်ရှိစေရန် ပြန်လည်အကျိုးပြုနိုင်ခြင်းတွင် ရှိသည်။”
👍3❤1
👍5❤1
သတင်းထုတ်ပြန်ချက်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက်
(၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၊ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ကျင်းပသည့် (၁၁) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးကို တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လေဟွိုင်ချုံးတို့ လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
(၁၁)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် (၅) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်ခြင်းတို့အပေါ် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု ငါးနှစ်တာလုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇)၏ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည် ဖော်မှု အစီရင်ခံစာနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၆) ဖြင့် အဖွဲ့ဝင် နိုင်ငံများသို့ ထောက်ပံ့ပေးအပ်သည့် စီမံကိန်းများစာရင်းတို့ကို ဖြန့်ဝေခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေး၌ ဒေသအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ အရေးပါမှုနှင့် ဆယ်စုနှစ်တာကာလအတွင်း ဖြစ်ပေါ်တိုးတက်မှုများကို ဂုဏ်ပြု ပြောကြားခဲ့ပြီး အဖွဲ့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်းလုံခြုံရေး၊ စားနပ်ရိက္ခာ၊ ရေနှင့် စွမ်းအင် ဖူလုံမှု၊ ခေတ်မီစိုက်ပျိုးရေး၊ ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပြည်သူအချင်းချင်း အပြန်အလှန်ထိတွေ့ဆက်ဆံရေး စသည့်နယ်ပယ် များတွင် အလေးအနက်ထား ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြု ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးကာလအတွင်း ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား အစဉ်အလာအရ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာစေရေး၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုယန္တရားတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုအထူးရန်ပုံငွေမှ စီမံကိန်း (၁၄၀)ခု၊ စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ (၄၀.၄၆) သန်းကျော်ကို ရရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။
*********
Press Release

Union Minister for Ministry of National Planning, Investment and Foreign Economic Relations attends the 11th Mekong-Lancang Cooperation Foreign Ministers’ Meeting in Beijing, China
(4 November 2026)
At the official invitation of Mr.
❤1👍1
Wang Yi, Member of Political Bureau of CPC Central Committee and Minister of Foreign Affairs, the Co-Chair of the Mekong-Lancang Cooperation (MLC), Union Minister for National Planning, Investment and Foreign Economic Relations, U Aung Kyaw Hoe attended the 11th Mekong-Lancang Cooperation Foreign Ministers’ Meeting which was held on 4 November 2026 in Beijing, China.
The 11th Mekong-Lancang Cooperation Foreign Ministers’ Meeting was co-chaired by Mr. Wang Yi, Minister of Foreign Affairs of China and Mr. Sihasak Phuangketkeow, Deputy Prime Minister and Minister of Foreign Affairs of the Kingdom of Thailand and attended by the Heads of Delegations of the MLC member countries, Mr. Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, Mr. Thongsavan Phomvihane, Deputy Prime Minister and Minister of Foreign Affairs of Lao People’s Democratic Republic and Mr. Le Hoai Trung, Minister of Foreign Affairs of the Socialist Republic of Viet Nam.
During the 11th Mekong-Lancang Cooperation Foreign Ministers’ Meeting, the Ministers exchanged views on the progress and future direction of the Mekong-Lancang Cooperation, as well as preparation for the 5th MLC Leaders’ Meeting. Moreover, the Progress report of the Year 2025 on implementing the Five-Year Plan of Action on Mekong-Lancang Cooperation (2023-2027) and the List of Projects supported by MLC Special Fund 2026 were also circulated as the outcome documents of the meeting.
At the Meeting, the Union Minister stated the importance of Mekong-Lancang Cooperation in the region as well as the significant progress made over the past decade. In his discussion, he also suggested enhanced cooperation in the areas of economic integration, law enforcement and regional security, food-water-and-energy security nexus, smart agriculture, water resource management, environment and disaster management and people-to-people exchange for the future course of the Mekong-Lancang Cooperation.
The Union Minister held bilateral meeting with Mr. Wang Yi, Minister of Foreign Affairs of China which was held on the sidelines of the meeting and the two sides cordially exchanged views on further enhancing the existing traditional bonds of friendship and matters related to bilateral relations and cooperation.
The Mekong–Lancang Cooperation (MLC) is a sub-regional cooperation mechanism which was established in 2016 with the aim to contribute to the socio-economic development of the people in the region. Myanmar has received a total of (140) special fund projects with a total fund amount of over (40.46) million USD.

Ministry of Foreign Affairs
Nay Pyi Taw
Dated, 4 November 2026
*******
👍1
👍2❤1