■ နေရပ်စွန့်ခွာသူ သန်း ၉၀ နီးပါးသည် ပြင်းထန်သော ရာသီဥတုအန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု UNHCR ထုတ်ပြန်


နေရပ်စွန့်ခွာသူ သန်း ၉၀ နီးပါးသည် ပြင်းထန်သော ရာသီဥတု အန္တရာယ်များကို ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ (UNHCR) အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ကမ္ဘာ၏နေရပ်ရွှေ့ပြောင်း လေးပုံသုံးပုံသည် ရာသီဥတုနှင့်ဆက်နွှယ်နေသော ဘေးအန္တရာယ်များနှင့် ပြင်းပြင်းထန်ထန်ထိတွေ့နေသောနိုင်ငံများတွင် နေထိုင်နေကြသည်ဟု နိုဝင်ဘာ ၆ ရက်တွင် ကုလသမဂ္ဂက ပြောကြားခဲ့ပြီး သူတို့ကို အကာအကွယ်ပေးရေး အလျင်အမြန် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။

သတင်း အပြည့်အစုံ ဖတ်ရှုရန် - - - >>> https://news-eleven.com/article/316636
Ref:AFP
#UNHCR #နေရပ်စွန့်ခွာသူ #ရာသီဥတု
#news #media #elevennews

■
😢6❤3😱3
❤6👍2😱1
■ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ၇၅ သိန်းမှ သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ယစ်မျိုးခွန်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်း

အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် ၇၅ သိန်းမှ သိန်း ၂၅၀ အထိ အခွန်ဆောင်ရမည့်အချက်ပါဝင်သော ယစ်မျိုးခွန်ဥပဒေကြမ်းကို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းကြောင်း သိရသည်။

နိုဝင်ဘာ ၆ ရက်က ပြုလုပ်သော တတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အရေးပေါ်အစည်းအဝေး(၁/၂၀၂၆) ပထမနေ့အစီအစဉ်တွင် ဥပဒေကြမ်းကော်မတီက ရန်ကုန်တိုင်းဒေသကြီး ယစ်မျိုးခွန်ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းခြင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းတွင် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်နှင့် ချက်လုပ်ခွင့်လိုင်စင်အတွက် အခွန်ကောက်ခံရာတွင် ထုတ်လုပ်မှုဂါလန် တစ်ရက်လျင် ဂါလန် ၅၀ မှ ဂါလန် ၅၀၀ အတွက် ငွေကျပ် ၇၅ သိန်း၊ ဂါလန် ၅၀၀ မှ ဂါလန် ၁၀၀၀ အတွက် ငွေကျပ် သိန်း ၁၅၀ နှင့် ဂါလန်တစ်ထောင်နှင့်အထက်ကို ငွေကျပ် သိန်း ၂၅၀ ကောက်ခံရန် ဖော်ပြထားသည်။

ထို့ပြင် အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်သာရှိပြီး ချက်လုပ်ခွင့်မရှိသည့်လိုင်စင်အတွက် ငွေကျပ်သိန်း ၂၀၊ ဝိုင်အရက်များထုတ်လုပ်ခွင့်လိုင်စင်အတွက် ငွေကျပ်ငါးသိန်း၊ ပြည်ပမှ တင်သွင်းလာသော နိုင်ငံခြားအရက်ပြင်းကို ပေါင်းစပ်ခွင့်၊ ရောနှောခွင့်၊ အနံ့ထည့်ခွင့်နှင့် အရောင်ဆိုးခွင့်လိုင်စင်အတွက် ငွေကျပ် သိန်း ၂၀ အခွန်ကောက်ရန် ဥပဒေကြမ်းတွင် ပါရှိသည်။

ဆက်လက်ပြီး အရက်ပြန်ပါဝင်သည့် ဆေးဝါးများကို မြန်မာ့ဆေးဆရာများက ထုတ်လုပ်ခွင့်၊ ပိုင်ဆိုင်ခွင့်နှင့်ရောင်းချခွင့်လိုင်စင်အတွက် ငွေကျပ် တစ်သိန်းနှင့် နိုင်ငံခြားအရက်ပြင်းထုတ်လုက်ရန်၊ ပေါင်းစပ်ရန်၊ ရောနှောရန်၊ အရောင်ဆိုးရန်၊ အနံ့ထည့်ရန်နှင့် ပုလင်းသွပ်ရန်၊ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့်နှင့် လိုင်စင်ရရောင်းချသူများကိုသာ လက်ကားရောင်းချခွင့်လိုင်စင်အတွက် အခွန်ကို ငွေကျပ်သိန်းတစ်ရာ ကောက်ခံရန် ဥပဒေကြမ်းတွင်ပါရှိသည်။

Website Link - - - >>> https://news-eleven.com/article/316638
#အရက်ချက်စက်ရုံ #ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် #news #media #elevennews #ယစ်မျိုးခွန်ဥပဒေ

■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
❤6👍4😱1
■ အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့ (ERIA) ၏ ဒုတိယအကြိမ် အရှေ့အာရှမီဒီယာဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့ပြီး Eleven Media Group မှ အကြီးတန်းအယ်ဒီတာဖြစ်သူ ကိုအောင်မင်းသန့် တက်ရောက်သတင်းရယူ

အာဆီယံနှင့် အရှေ့အာရှ စီးပွားရေးသုတေသနအဖွဲ့ (ERIA) ၏ ဒုတိယအကြိမ် အရှေ့အာရှမီဒီယာဆွေးနွေးပွဲ (2nd East Asia Media Caucus) ဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင် ကျင်းပခဲ့ပြီး Eleven Media Group မှ အကြီးတန်းအယ်ဒီတာဖြစ်သူ ကိုအောင်မင်းသန့် တက်ရောက်သတင်းရယူခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို “အာဆီယံ စွမ်းအင်လုံခြုံရေးမြှင့်တင်ခြင်းနှင့် စိမ်းလန်းသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ရှေ့ဆက်အကောင်အထည်ဖော်ခြင်း” အမည်ဖြင့် ဂျာကာတာမြို့ Sentral Senayn II တာဝါ ၁၅ လွှာရှိ ERIA ရုံးချုပ်တွင်ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ERIA အဖွဲ့ဝင်နိုင်ငံများမှ မီဒီယာကိုယ်စားပြု ၁၇ ဦးနှင့် ဂျာကာတာအခြေစိုက် ဒေသခံဂျာနယ်လစ် ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး တက်ရောက်သတင်းယူခွင့်ရရှိခဲ့သည်။





သတင်း အပြည့်အစုံ ဖတ်ရှုရန် - - - >>> https://news-eleven.com/article/316
👍9👏1
■ အကျဉ်းသားများကို မိသားစုနှင့်ဖုန်းပြောခွင့်ပေးရန် အကျဉ်းဦးစီးဌာနကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆွေးနွေး

အကျဉ်းသားများကို မိသားစုနှင့်ဖုန်းပြောခွင့်ပေးရန် အကျဉ်းဦးစီးဌာနကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်ဟု ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ​ပြောကြားသည်။

နိုဝင်ဘာ ၅ ရက်ကကျင်းပသည့် ပြည်​ထောင်စုလွှတ်​တော်အစည်းအ​ဝေးတွင်
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင်ပါရှိသည့် အကျဉ်းဦးစီးဌာန၏ အကြံပြုချက်များအပေါ် ဆွေးနွေးရာတွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ထိုသို့ဆွေးနွေးခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာအရ မြန်မာနိုင်ငံတွင်အကျဉ်းထောင်ပေါင်း ၄၆ ခု၊ အချုပ်ထောင် ၂၀၊ ရဲဘက်စခန်း ၄၈ ခု၊ သက်မွေးပညာအတက်သင်စခန်း ၃၀၊ ကုန်ထုတ်စခန်း ၁၈ ခုနှင့် အကျဉ်းသားပေါင်း ၈၇၃၅၄ ဦးရှိသည်ဟုသိရကြောင်း၊ ကော်မရှင်၏ အကြံပြုချက်ထဲတွင် အကျဉ်းထောင်လက်စွဲကို ပြုပြင်သင့်သည်ဟု မပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် နယ်ဆင်မင်ဒဲလား Rule ရှိကြောင်း၊ ကုလသမဂ္ဂ၏ နယ်ဆင်မင်ဒဲလား Rule အရ အကျဉ်းသားများသည် မိသားစုနှင့်တွေ့ဆုံခွင့်၊ ဖုန်းဆက်ခွင့်၊ ဆက်သွယ်ခွင့်ရှိရမည်ဟုပါရှိကြောင်း၊ မြန်မာနိုင်ငံသည်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သဖြင့် ကုလသမဂ္ဂကထုတ်ပြန်ထားသည့် Rule များကို လိုက်နာသင့်သည်ဟုမြင်ကြောင်း၊ မြန်မာနိုင်ငံ၏ အကျဉ်းထောင်လက်စွဲမှာတောအကျဉ်းသားသည် ဖုန်းဆက်ခွင့်မရှိကြောင်း၊ ကမ္ဘာပေါ်တွင် ၁၉၃ နိုင်ငံအနက် ၁၈၃ နိုင်ငံတွင် ဖုန်းဆက်ခွင့်ရှိပြီး ၁၀ နိုင်ငံသာဖုန်းဆက်ခွင့်မရှိကြောင်း၊ ဥပမာအားဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့၌ပင် အကျဉ်းသားသည် ဖုန်းဆက်ခွင့်ရှိကြောင်း၊ ရုရှားနိုင်ငံတွင် နှစ် ၂၀ ထောင်ကျနေသူသည် ၁၀ နှစ်ပြည့်သည့်အခါ စည်းကမ်းလိုက်နာသည်ဆိုပါက ဖုန်းဆက်ခွင့်ရှိကြောင်း၊ တရုတ်နိုင်ငံတွင်လည်း နိုင်ငံတော်တို့ပုန်ကန်မှု၊ ခွဲထွက်ရေးကိစ္စမျိုးမှလွဲပြီး ဖုန်းဆက်ခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဆွေးနွေးပြောကြားသည်။

"နောက်တစ်ခါ ကနေဒါလို နိုင်ငံမျိုးမှာဆိုရင် ပထမဦးဆုံးသူပြစ်မှုတစ်ခုခုကြောင့် ထောင်ကျသွားတယ်ဆိုရင် ထောင်ကိုရောက်ရောက်ချင်း ၁၅ မိနစ်သူ့မိသားစုကို ဖုန်းပြောခွင့်ရှိတယ်။ သူပြောမှာပေါ့။ ငါတော့ဘယ်ထောင်ရောက်နေပြီ။ ငါ့ကိုခြင်ထောင်လေး၊ စောင်လေးလာပို့ပါ။ ငါးပိကြော်လေးလာပို့ပါ စသည်ဖြင့် ဒီလိုလေးဖုန်းဆက်ခွင့်ရှိတယ်။ အဲဒါဟာ အတုယူသင့်တဲ့အချက်လို့ ကျွန်တော်မြင်တယ်။ ဒါတွေကိုလူ့အခွင့်အရေးကော်မရှင်က ထောက်ပြသင့်တယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးကော်မတီဆိုသော်လည်း ကျွန်တော်တို့ကော်မတီသည် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့အတွက်ကြောင့်မို့ ပြည်သူ့လွှတ်တော်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတယ်။ ကော်မရှင်ကြီးကတော့ လွတ်လပ်တဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ်ဒါတွေကို ထောက်ပြသင့်တယ်လို့မြင်တယ်။ ထိုင်းမှာဆိုရင် ကိုဗစ် ၁၉ ပြီးတဲ့အချိန်ကစပြီးတော့ အကျဉ်းသားနဲ့ မိသားစုကို video call ခေါ်ခွင့်ပေးတယ်။ ဒါဟာအင်မတန်ကောင်းတယ်။ မြစ်ကြီးနားကထောင်ကျနေတဲ့သူက အင်းစိန်ကိုလာဖို့ကတော်တော်ခက်တယ်။ တော်တော်ခက်တဲ့အခါကြတော့ သူ video call လေးနဲ့ခေါ်ခွင့်ရမယ်ဆိုရင် အင်မတန်ကောင်းတယ်။ ဒါဟာ ကုလသမဂ္ဂကလည်း ပြဋ္ဌာန်းထားတယ်။ ၁၉၃ မှာ ၁၀ နိုင်ငံပဲ ဖုန်းပြောလို့မရတာ။ အဲဒီ ၁၀ နိုင်ငံထဲမှာ ကျွန်တော်တို့မြန်မာနိုင်ငံပါတယ်။ ကျွန်တော်တို့က ဒါတွေကိုဖြေလျော့ပေးလိုက်လို့ရှိရင် နိုင်ငံတကာကလည်းဟာမြန်မာပြည်မှာတော့ လူ့အခွင့်အရေးနဲ့ပြည့်ဝတဲ့ လုပ်ငန်းတွေလုပ်နေပြီလို့ ကျွန်တော်တို့ပြောလို့ရတယ်'' ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်က ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏သားဖြစ်သူနှင့်ဖုန်းပြောခွင့်ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ထောင်နှစ်ရှည်ကြနေသော်လည်း ယခုကဲ့သို့ဖုန်းပြောခွင့်ရခြင်းသည် ကောင်းသည့်လက္ခဏာဖြစ်ကြောင်း၊ သို့သော်အကျဉ်းထောင်လက်စွဲတွင် အကျဉ်းသားသည် ဖုန်းဆက်ခွင့်မရှိကြောင်း၊ သို့သော်လည်း ဖုန်းဆက်ခွင့်ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း(၈)တွင် အားလုံးသည်တန်းတူညီမျှရှိရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ဖုန်းဆက်ခွင့်ရပြီး ကျန်သည့်အကျဉ်းသားများ ဖုန်းဆက်ခွင့်မရပါက လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ထောက်ပြသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောကြားသည်။
👍9😢1
ဒေါ်အောင်ဆန်းစုကြည်အား ​၎င်း၏သားဖြစ်သူနှင့်ပတ်သက်၍ နိုင်ငံခြား​ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရာတွင် နိုင်ငံတော်သည် ဒေါ်အောင်ဆန်းစုကြည်အား လူသားချင်းစာနာထောက်ထားမှုကို အလေး ထားသောအားဖြင့်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) လုပ်ငန်းစဉ် များအရလည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ အခွင့်အာဏာအတွင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသော အထူးကိစ္စရပ်အနေဖြင့်လည်းကောင်း အကျဉ်းသူ ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းနှင့် ​၂၀၂၆ ခုနှစ် ​အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခွဲမှ ၂ နာရီ ၅၀ မိနစ်အထိ လန်ဒန်မြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် စကားပြောကြေးနန်းဖြင့် ကောင်စစ်ဆိုင်ရာ ဆက်သွယ်ပြောဆိုခွင့်​​ပေးခဲ့​ကြောင်း ​ဖော်ပြထားသည်။

#အကျဉ်းသားများ #မိသားစုနှင့်ဖုန်းပြောခွင့် #အကျဉ်းဦးစီးဌာန#elevennews
Website Link >>>> https://news-eleven.com/article/316637

■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍12❤2😱1
■ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပ

■ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်ကြရန် လွန်စွာအရေးကြီးကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အားပေးဂုဏ်ပြုကြောင်း နိုင်ငံတော်သမ္မတပြောကြား



မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ပြည်ထောင်စု ဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာ စိုးဝင်း၊ ဦးတင်ဦးလွင်၊ ဦးမျိုးသန့်၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီး များနှင့် သံရုံးအကြီးအကဲများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စု များ၊ ဟိန္ဒူရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဟိန္ဒူရိုးရာ ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနား မင်္ဂလာမုခ်ဦးကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Shri Abhay Thakur နှင့်တာဝန်ရှိသူများ၊ ဟိန္ဒူ မျိုးနွယ်စုဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဟိန္ဒူရိုးရာ ကဘူးများမှုတ်ခြင်း၊ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့အား ဟိန္ဒူရိုးရာ ဆီမီးနံ့သာဖြင့် ကြိုဆိုကာ ဟိန္ဒူရိုးရာတစ်ခုဖြစ်သည့် မွန်မြတ်ပြီးမင်္ဂလာရှိသော ဟိန္ဒူရိုးရာ Pur Kumbham (ပုရ်ဏကုမ္ဘမ်)ဖြင့် ဆုတောင်းကြိုဆို ဂါရဝပြုပြီးနောက် နိုင်ငံတော်သမ္မတက ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့တူ ပြဇာတ်ခန်းမ၌ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိခြင်း၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီးတို့က မင်္ဂလာဂုဏ်ပြုပုဝါနှင့် မင်္ဂလာဂုဏ်ပြုပန်းကုံးကို ဂါရဝပြုဆင်မြန်းပေးခြင်း၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီးတို့က အမှတ်တရလက်ဆောင်ပစ္စည်းကို နေရာအရောက် ဂါရဝပြု ပေးအပ်ခြင်း၊ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည် ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတက ဟိန္ဒူရိုးရာ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ပြောကြားရာတွင် ယနေ့ ကျင်းပသည့် ဒီပါဝလီပွဲတော် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာပြီး ဒီပါဝလီပွဲတော်ကိုဆင်နွှဲကြသည့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြသော ဟိန္ဒူဘာသာဝင်များနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီပါဝလီနေ့ကို ဆင်နွှဲကြသည့် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေဟု ဆုမွန်ကောင်း တောင်းအပ်ကြောင်း၊ ယနေ့ကျင်းပသည့် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ် ထားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သကဲ့သို့ အလင်းရောင်က အမှောင်ကို အောင်နိုင်ခြင်း၊ ကောင်းမြတ်သည့်အရာက မကောင်းမှုကိုအနိုင်ယူခြင်းနှင့် အသိပညာကမသိနားမလည်မှုကို ဖယ်ရှားပေးခြင်းတို့ကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ပြည့်ဝသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါကြောင်း ပြောကြားသည်။
👍2
ဒီပါဝလီဟူသည့် အမည်သည် ပါဠိဘာသာစကားဖြစ်သည့် “ဒီပ” နှင့် “အာဝလီ” ဟူသည့် စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ဆီမီးအလင်းရောင်များ တန်းစီ လျက် အဆန်းတကြယ်အသွယ်သွယ် စီခြယ်ထွန်းညှိပူဇော်ခြင်းဟု အဓိပ္ပာယ်ရ ကြောင်း၊ ထို့ကြောင့် ဒီပါဝလီပွဲတော်ကို အလင်းရောင်ပွဲတော် (Festival of Lights) ဟုလည်း ခေါ် ဆိုကြသည်ဟု မှတ်သားမိကြောင်း၊ ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီပွဲတော် ကျင်းပသည့်ကာလသည် မိမိတို့ ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များကျင်းပသည့် ကာလလည်းဖြစ်သကဲ့သို့ အသွင်သဏ္ဌာန်ချင်းလည်း တူညီကြောင်း၊ ဗုဒ္ဓဘာသာဝင်များ သည် သီတင်းကျွတ်ပွဲတော်တွင် အသက်အရွယ်ကြီးရင့်သူများကို ကန်တော့ခြင်း၊ ဆီမီး များထွန်းညှိခြင်းဖြင့် ပျော်ရွှင်စွာဆင်နွှဲကြသကဲ့သို့ ဟိန္ဒူဘာသာဝင်များကလည်း တစ်ဦးနှင့် တစ်ဦးချစ်ခင်ရင်းနှီးမှုဖြင့် မုန့်ချိုများကို ပျော်ရွှင်စွာ ဝေငှလှူဒါန်းကြသည့် ချစ်စရာဓလေ့ကို တွေ့မြင်နိုင်ကြောင်း၊ ပွဲတော်တစ်ခုချင်းစီ၏ ဘာသာရေးဆိုင်ရာအနှစ်သာရနှင့် ထုံးတမ်းအစဉ်အလာများ မတူညီကြသော်လည်း အလင်းရောင်၊ မေတ္တာတရား၊ ကောင်းမြတ်သည့် စိတ်ထား နှင့် အချင်းချင်းချစ်ခင်ရင်းနှီးစွာ နေထိုင်ရေးဟူသည့် လူမှုဘဝအတွက် အကျိုးရှိသည့် တန်ဖိုးများကို တွေ့မြင်နိုင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာသာသနာပေါင်းစုံ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပေါင်းစုံတို့ အတူတကွမှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ မတူကွဲပြားသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုအစဉ်အလာများကို အပြန် အလှန် နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံတော်အတွင်းရှိ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုများနှင့် စပ်လျဉ်းပြီး အသိအမှတ်ပြုမှု၊ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း၊ အထူးသဖြင့် အခန်း (၈)၊ ပုဒ်မ ၃၆၂ မှာ “နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများဟူ၍ အသိအမှတ်ပြု သည်”ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့အပြင် ပုဒ်မ ၃၆၃ တွင်လည်း နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက် မည်” ဟုလည်း ထပ်မံပြဋ္ဌာန်းထားကြောင်း၊ ပုဒ်မ ၃၄ နှင့် ပုဒ်မ ၃၅၄ တို့တွင်လည်း ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ် စွာဆောင်ရွက်ပိုင်ခွင့်တို့နှင့် သက်ဆိုင်သည့်ပြဋ္ဌာန်းချက်များပါဝင်ကြောင်း ပြောကြားသည်။

ထို့ကြောင့် မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကို လည်း အနှစ်သာရရှိရှိ ကျင်းပဆောင်ရွက်သွားကြရန် လွန်စွာအရေးကြီးကြောင်းနှင့် နိုင်ငံတော်အနေဖြင့် အားပေးဂုဏ်ပြုပါကြောင်းကို ပြောကြားလိုကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘာသာတရား အသီးသီး၏ ယုံကြည်ကိုးကွယ်မှု၊ ဘာသာရေးထုံးတမ်း အစဉ်အလာနှင့် ပွဲတော်များကို အပြန်အလှန် နားလည်လေးစားခြင်းသည် လူမှုအသိုက်အဝန်းအတွင်း ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရာတွင် အရေးပါသည့် အခြေခံတန်ဖိုးတစ်ခုဖြစ်ကြောင်း၊ မိမိတို့အားလုံးအနေဖြင့် မိမိတို့ကိုးကွယ်ရာ ဘာသာတရား အသီးသီး၏ ကောင်းမြတ်သည့် သွန်သင်ဆုံးမမှုများကို လက်တွေ့ဘဝတွင် ကျင့်သုံးကြရန်လိုအပ်ကြောင်း၊ ဒီပါဝလီပွဲတော်၏ အနှစ်သာရကိုလည်း အလေးထား စဉ်းစားစေလိုကြောင်း၊ ဆီမီး တစ်ခွက်ထွန်းညှိလိုက်ခြင်းသည် ပတ်ဝန်းကျင်တစ်ခုကို အလင်းရောင်ပေးနိုင်သကဲ့သို့ လူတစ်ဦးချင်းစီ၏ စိတ်နှလုံးထဲတွင် မေတ္တာ၊ စေတနာ၊ သနားကြင်နာမှုနှင့် အမှန် တရားကို လက်ကိုင်ထားနိုင်ခြင်းသည်လည်း မိမိတို့၏မိသားစု၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် အလင်းရောင်တစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း၊ ဒီပါဝလီပွဲတော်၏ အလင်းရောင်နှင့်အတူ မိမိတို့အားလုံး၏ စိတ်နှလုံးထဲတွင် ကောင်းမြတ်သည့် အတွေးအခေါ်များ၊ မေတ္တာတရားနှင့် ငြိမ်းချမ်းရေး စိတ်ဓာတ်များ ပိုမိုထွန်းလင်းတောက်ပလာကြပါစေ၊ ဘာသာတရားအသီးသီးကို ကိုးကွယ်ယုံကြည်ကြ သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည် လေးစားမှုများ ပိုမိုခိုင်မာ လာပြီး တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းသာယာဝပြောသည့် လူမှုအသိုက်အဝန်းတစ်ရပ်ကို အတူတကွတည်ဆောက်နိုင်ကြပါစေ၊ မိမိတို့ မှီတင်းနေထိုင်ရာ မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ကောင်းရာကောင်းကျိုး၊ ကြီးပွားရာ ကြီးပွားကြောင်းနှင့် တိုးတက်ရာ တိုးတက်ကြောင်းတို့ကို သစ္စာရှိရှိ တာဝန်သိသိဖြင့် စိတ်တူ ကိုယ်တူ ပူးပေါင်းဆောင်ရွက်နိုင်ကြပါစေရန် ဆန္ဒပြုဆုမွန်ကောင်းတောင်းလိုက်ကြောင်းဖြင့် နိုင်ငံတော်သမ္မတက ပြောကြားသည်။
❤1👍1
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဒီပါဝလီအထိမ်း အမှတ်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟိန္ဒူဘာသာရေး ဗဟိုအဖွဲ့ချုပ်ဥက္ကဋ္ဌ တို့က အမှတ်တရစကားနှင့် ဆုတောင်းမေတ္တာပို့ ကျေးဇူးတင် စကားများ အသီးသီးပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများ အား ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှယဉ်ကျေးမှုအဖွဲ့၊ အိန္ဒိယရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့က ဟိန္ဒူလူမျိုးစုများ၏ ရိုးရာအကများ၊ တေးသီချင်းများ၊ တေးသရုပ်ဖော်အကအလှများ၊ ဟိန္ဒူရိုးရာယဉ် ကျေးမှု အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ထိုသို့ ဖျော်ဖြေမှုများအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် ဇနီး တို့သည် ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်း ပေးအပ်ချီးမြှင့်ခဲ့ကာ အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊အဖွဲ့ဝင်နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာသူ များသည် ဒီပါဝလီ အထိမ်းအမှတ်အခမ်းအနားအထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

Website Link - - - >>> https://news-eleven.com/article/316640
#ဒီပါဝလီ #ဟိန္ဒူ #နိုင်ငံတော်သမ္မတ #news #media #elevennews

■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍2❤1