👍20❤1😱1
■ ပြည်သူတစ်ဝက်နီးပါး၏စုဆောင်းငွေများ ထုတ်မရဖြစ်ခဲ့သည့် ဘဏ်အကျပ်အတည်းဖြစ်ပွားခဲ့ပြီးနောက် ပါရာဂွေးသမ္မတရာထူးမှ နုတ်ထွက်
ပါရာဂွေးလူဦးရေ၏တစ်ဝက်နီးပါး ၎င်းတို့၏စုဆောင်းငွေများကို ထုတ်မရဖြစ်စေခဲ့သည့် ဘဏ်အကျပ်အတည်းကြောင့် သမ္မတဆန်တီယာဂိုပီညာသည် ရာထူးမှ ချက်ချင်း နုတ်ထွက်သွားခဲ့ပြီး ဒေါသထွက်နေသောဆန္ဒပြပွဲတွင် ပါဝင်ရန် နိုဝင်ဘာ ၅ ရက်တွင် လူထောင်ချီ လမ်းပေါ်ထွက်လာခဲ့ကြသည်။
သမ္မတကို စွပ်စွဲပြစ်တင်မှု လုပ်ငန်းစဉ် ဆောင်ရွက်နေချိန်၌ ကွန်ဂရက်က ပီညာ၏နုတ်ထွက်မှုကို ဆိုင်းငံ့ထားလိုက်ရာ ပီညာသည် ယာယီအားဖြင့် သမ္မတအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်ရက်က ပီညာနှင့်ဆက်စပ်နေသော Ueno Bank ကို ဗဟိုဘဏ်၏ သိမ်းယူမှုကြောင့် ပင်စင်စားများအပါအဝင် လူသုံးသန်းခန့်၏အပ်ငွေများ ထုတ်မရဖြစ်စေခဲ့သည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းတွင် ဒေါသထွက်နေသော ဆန္ဒပြပွဲများပေါ် ပေါက်ခဲ့သည်။
#ပြည်သူတစ်ဝက်နီးပါး၏စုဆောင်းငွေများ #ဘဏ်အကျပ်အတည်း #ပါရာဂွေးသမ္မတရာထူးမှ နုတ်ထွက် #elevennews
■ Read more >>>>> https://news-eleven.com/article/316627
👍18❤8😱7
■ တတိယအကြိမ် အမျိုးသားလွှတ်တော်၊ လူငယ် ၊အမျိုးသမီး ၊ က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ တွေ့ဆုံဆွေးနွေး

တတိယအကြိမ် အမျိုးသားလွှတ်တော်၊ လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီနှင့် မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)တို့ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်နေ့တွင် အမျိုးသားလွှတ်တော် (l -18)အဆောက်အဦးရှိ လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ပထမဦးစွာ ဆွေးနွေးပွဲစတင်ကြောင်း ကြေညာပြီးသည့်နောက် လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်သိင်္ဂီဝင်းရွှေက နှုတ်ခွန်းဆက်အမှာစကားနှင့် ကော်မတီ၏လုပ်ငန်းဆောင်တာများကိုရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင်များက မိတ်ဆက်ခဲ့ကြပါသည်။

ထို့နောက်မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ တာဝန်ရှိသူများက လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကိစ္စရပ်များကို ကော်မတီမှတာဝန်ရှိသူများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ထိုသို့ တင်ပြဆွေးနွေးခဲ့သည့်အပေါ် ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့သည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ကြောင်း ကြေညာခဲ့ပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါ်သိင်္ဂီဝင်းရွှေ ၊အတွင်းရေးမှူး ဒေါ်ထားထားနုနှင့် ကော်မတီအဖွဲ့ဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)မှ ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်၊ အကြီးတန်းအကြံပေး ဦးစည်သူ ၊ ဒုတိယဥက္ကဋ္ဌ(၃) ဦးခန့်မင်းသျှင် ၊ အတွင်းရေးမှူး ဒေါ်ကြည်စင်ရွှေ ၊ စာရင်းစစ် ဦးအောင်ဆန်းဝင်း ၊ တွဲဖက်အတွင်းရေးမှူး ဦးဟန်ထွန်းဦး ၊ ရှမ်းပြည်နယ်ရုံးခွဲတာဝန်ခံ ဦးဉာဏ်ထိန်လင်း ၊ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင် ဦးအောင်မင်းပိုင်နှင့် ဦးသူမြတ်ထွန်း၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ အလုပ်အမှု‌ဆောင် ဒေါ်သီရိဆင့်၊ ဧရာဝတီတိုင်းဒေသကြီးအလုပ်အမှုဆောင် ဦးဖြိုးမင်းသက်တို့ တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံအား လူငယ် ၊အမျိုးသမီး ၊က‌လေးသူငယ်နှင့်သက်ကြီးရွယ်အိုအခွင့်အ‌ရေးဆိုင်ရာကော်မတီအဆောင်ရှေ့တွင် အတူတကွ မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသည်။

မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(MYDA)အနေဖြင့် လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ၊အမျိုးသမီးများ၏ ရသင့်ရထိုက်သည့် အခွင့်အလမ်းများနှင့်လူမှုဘဝလုံခြုံရေးလုပ်ငန်းစဉ်များ၊ ကလေးသူငယ်များ၏ ဘဝအခြေအနေများ နည်းမှန်လမ်းမှန် ဖွံ့ဖြိုးတိုးတက်လာ‌စေရေးနှင့် သက်ကြီးရွယ်အိုများအတွက် လုံခြုံနွေးထွေးသော လူ့ပတ်ဝန်းကျင်အသိုက်အမြုံအား တည်ဆောက်ပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာလွှတ်တော်ကော်မတီများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများ ၊အပြည်ပြည်ဆိုင်ရာလူငယ်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။

#elevennews #မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်း#MYDA
■ Website Link >>>> https://news-eleven.com/article/316628

■ Eleven Website:https://news-eleven.com
■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup
👍13❤11
👍13❤3
■ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အင်းတော်ကြီးအိုင်တွင် ရွှေတူးဖော်မှုများကြောင့် ပျက်စီးနေသည့် အခြေအနေများကို ထိန်းသိမ်းရန် ပြည်သူ့လွှတ်တော်၌ မေးမြန်း
ကချင်ပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အင်းတော်ကြီးအိုင်တွင် ရွှေတူးဖော်မှုများကြောင့် ပျက်စီးနေသည့်အခြေအနေကို ထိန်းသိမ်းရန် ပြည်သူ့လွှတ်တော်၌ မေးမြန်းခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၄ ရက်က ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြည်သူ့လွှတ်တော်၌ မေးမြန်းခဲ့ခြင်းဖြစ်သည်။
''အင်းတော်ကြီးနယ်မြေက အဓိကရွှေတူးတာကြောင့် အင်းက အတော်ကိုပျက်စီးသွားတယ်။ ပျက်စီးနေတာလည်း ဒီအတိုင်း ဆက်ထားလို့မှမရတာ။ ကျွန်တော်အပါအဝင် ဒေသခံ တိုင်းရင်းသား အားလုံးက ဝိုင်းထိန်းကြရမှာပဲ။ အဲဒါကြောင့် လွှတ်တော်မှာ မေးရတာ။ လွှတ်တော်ကတော့ လုံခြုံရေး အခြေအနေ လုပ်ဆောင်ခဲ့တဲ့အခြေအနေတွေကို ရှင်းလင်းပါတယ်'' ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသက်ပိုင်ထူးက ပြောကြားသည်။

■ Read more >>>>> https://news-eleven.com/article/316629
❤13👍12👏6
■ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် မကြာမီရရှိနိုင်ဟု ဒေါ်နယ်ထရန့်ဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ကိုယ်စားလှယ် ကီရီးလ် ဒီမစ်ထရီယက်ဗ်နှင့် နိုဝင်ဘာ ၅ ရက်က သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ် မကြာမီ ထွက်ပေါ်လာနိုင်ကြောင်း ပြောကြားလိုက်သည်။
ရုရှားကိုယ်စားလှယ် ဒီမစ်ထရီယက်ဗ်သည် အမေရိကန်သမ္မတကတော် မလာနီယာထရန့် စီစဉ်ကျင်းပသည့် အိမ်ဖြူတော်အခမ်းအနားသို့ ယူကရိန်းကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ခဲ့ပြီးနောက် ဒေါ်နယ်ထရန့်နှင့် သီးသန့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ထရန့်က ဒီမစ်ထရီယက်ဗ်နှင့် တွေ့ဆုံစဉ် မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ ရုရှားနှင့် ယူကရိန်းတို့ကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်ရရှိရန် နီးကပ်နေပြီဟုသာ ပြောကြားခဲ့သည်။ အမေရိကန်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ရုရှားနှင့် ယူကရိန်းတို့ကြား ဆွေးနွေးပွဲများကိုလည်း နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ အဘူဒါဘီမြို့တွင် ကျင်းပတော့မည်ဖြစ်သည်။
#ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး #သဘောတူညီချက် #မကြာမီရရှိနိုင်ဟု ဒေါ်နယ်ထရန့်ဆို #elevennews
■ Read more >>>>> https://news-eleven.com/article/31663
👍23👏9❤2