FORD Myanmar Sales & Promotions
7 subscribers
823 photos
79 videos
109 links
Providing best transportation solutions to customers with best pricings and best products
Download Telegram
⛈မိုးတွင်း ကာလ မှာ သွားလာ နေရတဲ့ လမ်း ကြောင်းတွေဟာ နေ့စဉ်တိုင်း မ ချော မွေ့နိုင်ပါဘူး ။ ရာသီဥတုသာယာတဲ့ နေ့မှာ ဖြောင့်ဖြူး ပျော်ရွှင်စရာ ကောင်းတဲ့ ခရီးလမ်းဖြစ် စေ ပေမဲ့ မိုးရွာသွန်းတဲ့နေ့ တွေမှာ ရေလျှံနေတဲ့ လမ်းတွေထက်မှာ ဘေးအန္တရာယ်ကင်းကင်း မောင်းနှင်နိုင်ဖို့အတွက် ဘယ်လိုမောင်းသင့်သလဲဆိုတာ ခု တစ်ခေါက်မှာ လေ့လာကြည့်ကြရအောင်နော်..။

1️⃣ ပထမဆုံး အ နေနဲ့ ရေမြှုပ် နေတဲ့ လမ်းမှာ ကားစမောင်းရ တော့မယ်ဆိုရင် မိမိကားရဲ့ အရှိန်ကို လျှော့ချလိုက်တာ ဖြစ်ဖြစ် လုံးဝရပ်လိုက်တာ ဖြစ်ဖြစ် လုပ်ပါ။

2️⃣ ရေမြှုပ် နေတဲ့ လမ်းပေါ် မ ရောက်မီ ကားကို ရပ်လိုက်ပြီး နောက် Hazard lights (အချက်ပြစုံမီး) ဖွင့်ကာ လမ်းမ ပေါ်မှာ တင်ရှိနေတဲ့ ရေအနက်ကို မှန်းဆပြီး မိမိကား အမြင့် ရဲ့ အ ခြေ နေနဲ့ ဖြတ်လို့ ရ နိုင် မနိုင်ကို ချင့်ချိန်ပါ ။

3️⃣ အားလုံးစစ် ဆေးပြီးတဲ့ နောက်ကားအဲကွန်း (Car AirCon) ကိုလည်း ပိတ်ထားသင့်ပါတယ်။ ဒါမှသာ ရေထဲ ကားဖြတ် မောင်းချိန်မှာ အင်ဂျင်ခန်းထဲရှိ ပန်ကာ ကို ထိခိုက် ပျက်စီး စေမှု နည်းမှာ ဖြစ်ပါတယ် ။

4️⃣ ကားအတွင်းဘက်သို့ လေဝင် လေထွက် ကောင်းအောင် ကားပြတင်းမှန်ကို အနည်းငယ်ချပြီး ကားကို ဖြေးညင်းစွာ ဂရုစိုက် မောင်းပါ။ အနောက်ဘက် အိပ် ဇောပိုက် မှတဆင့် အင် ဂျင် ခန်း ရေမဝင်အောင် သတိထားပြီး မောင်းနှင်ပါ။

5️⃣ အထူးသဖြင် ရေမြုပ် ရေနက်တဲ့ လမ်းလယ်မှာ ကားကို မရပ်သင့်ပါ။ ရေက ကားရဲ့ အင်ဂျင်ဆီကို ရောက်ရှိသွားပြီး အင်ဂျင် အစိတ်အပိုင်းတွေကို ပျက်စီးစေနိုင်တဲ့ အတွက် ကြောင့်ပါ။

6️⃣ ရေဝပ်မှုနည်းတဲ့ လမ်းရဲ့ အမြင့်ပိုင်းကို ရောက်ပါက ကားအရှိန်တင်ပြီး မောင်းနှင် နိုင်ပါပြီ။ ဒီနေရာမှာ ရေထဲကနေ ဖြတ်လာတဲ့ ကားရဲ့ အခြေအနေကို ပြန်စစ်ဆေးဖို့ အကြုံပြုပါတယ်။

7️⃣ တကယ်လို့ ကားက ရေကြီးနေတဲ့ လမ်းမကို ဖြတ် မောင်းနှင် နေစဉ် စက်ရပ်သွားပါက အကူအညီအတွက် နီးစပ်ရာ Car Service Center ကို ဆက်သွယ်ပါ။ ဒါမှမဟုတ် မိမိကိုယ်တိုင် စစ်ဆေးပြုပြင်တတ်ပါက ကားရဲ့ ကာဘရိုက်တာ (Carburetor) နဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို စစ်ဆေးပါ။

8️⃣ လိုအပ်တာအားလုံးကို သေချာ စစ်ဆေး ပြုပြင်ပြီးရင်တော့ ပုံမှန်အတိုင်း ဘေးကင်းစွာ မောင်းနှင်နိုင်ပါပြီ။

#DrivingTips #Flood #Ford #FordMyanmar
↕️ ငယ်ရွယ်သူများဟာ အသက်ကြီးသူများထက် ကားကို အရှိန်တင် ပို မောင်းတတ်ကြပြီး ကားတစ်စီးနဲ့ တစ်စီးကြား အကွာ အ ဝေးကိုလည်း ကပ်ပီး မောင်း လေ့ရှိပါတယ်။ မြို့ထဲ လမ်းများ ပေါ်မှာ သင့်ကားကို အရှိန်နဲ့ မောင်းနှင်လေ၊ ရှေ့ကားနဲ့ မတော်တဆ ထိခိုက်နိုင် ချေများ လေဖြစ်ပါတယ် ။

🍀 ထိခိုက်မှု ကြောင့် နောက်ဆက်တွဲ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်လာနိုင်ချေများတာမို့ မိမိရဲ့ကားကို တက်နိုင်သ လောက် အရှိန် လျော့မောင်းနှင်ပြီး ရှေ့ကားနဲ့ အကွာ အ ဝေးကိုလည်း 2 or 3 Seconds အကွာအဝေးအအတိုင်း လိုက်နာပြီး မောင်းနှင် သင့်ပါတယ် ။

#DrivingTips #Slowdown #FordMyanmar
On-road / Off-road မောင်းနှင်တဲ့အခါမှာ ဆီစားသက်သာမယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ် 💡

🟦 ဆီစားသက်သာမယ့် အင်ဂျင်စွမ်းဆောင်ရည်
ကားစဝယ်ကတည်းက အင်ဂျင်စွမ်းဆောင်ရည်ကို ကြည့်ရပါမယ်။ Ford Everest နှင့် Ford Ranger တွေမှာ တပ်ဆင်ထားတဲ့ Bi-Turbo အင်ဂျင်ဟာဆိုရင် ရုန်းအားကောင်းပြီး ၁၀၀ ကီလိုမီတာကို ၆.၉ လီတာပဲ ကုန်တဲ့အထိ ဆီစားနှုန်း အလွန်သက်သာပါတယ်။

🟦 မလိုအပ်တဲ့ အလေးချိန်များ
ကားထဲမှာ အလေးချိန်များတဲ့ အသုံးအဆောင်တွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မရှိပါစေနဲ့။ ကားအလေးချိန် ပေါ့ပါးလေလေ၊ အင်ဂျင်က ဝန်မပိဘဲ ဆီစားသက်သာလေလေပဲဖြစ်ပါတယ်။

🟦 သတိပြုရမယ့် လေခုခံမှု
Roof cage တွေ၊ Roof top tent တွေကို အသုံးမပြုတဲ့အချိန်မှာ ဖြုတ်ထားပေးခြင်းဖြင့် မောင်းနှင်တဲ့အခါ လေခုခံမှု (Aerodynamic drag) ကိုလျော့စေပြီး ဆီစားသက်သာစေပါတယ်။

🟦 အရှိန်မှန်မှန်မောင်းနှင်ခြင်း
လီဗာကို ရုတ်တရက် ပြင်းပြင်းနင်းပြီး အရှိန်တင်တာ၊ ဘရိတ်ကို အကြမ်းပတမ်းနင်းပြီး အရှိန်လျှော့တာတွေက ဆီစားနှုန်းကို ၃၀% အထိ ပိုများစေနိုင်တာကြောင့် ပုံမှန်အရှိန်နဲ့ မှန်မှန်လေးမောင်းနှင်ခြင်းက အကောင်းဆုံးပါပဲ။

🟦 တာယာလေပေါင်ကို ဂရုစိုက်ခြင်း
On-road မှာ လေပေါင်မှန်အောင် ဖြည့်မောင်းပြီး Off-road မှာတော့ လိုအပ်သလို လေပေါင်လျှော့ပြီး မောင်းပါ။ On-road ပဲ အမောင်းများရင်တော့ All-terrain တာယာတွေထက် Factory တာယာတွေက ဆီစားပိုသက်သာစေပါတယ်။

🟦 ပုံမှန် Service စစ်ဆေးခြင်း
ဥပမာ Air Filter ပိတ်နေတာမျိုးက ကိုယ်မသိလိုက်ဘဲ ဆီစားနှုန်းကို ပိုများစေတတ်တာကြောင့် ကားကို ပုံမှန် Service စစ်ဆေးဖို့ မမေ့ပါနဲ့။

🟦 Aircon နှင့် မှန်အဖွင့်အပိတ်
အရှိန်နှေးနှေးမောင်းနေရင် Aircon ပိတ်ပြီး မှန်ဖွင့်မောင်းကာ အရှိန်မြန်မြန်မောင်းရင်တော့ မှန်ပိတ်ပြီး Airconဖွင့်ပါ။ မှန်ဖွင့်မောင်းရင် လေတိုးပြီး ဆီပိုစားတတ်ပါတယ်။

🟦 ခရီးလမ်းကြောင်းကို ကြိုစီစဉ်ခြင်း
မလိုအပ်ဘဲ လမ်းကြောင်းတွေမပတ်မိအောင် ခရီးစတည်းက လမ်းကြောင်းကြိုဆွဲထားတာမျိုးက အချိန်ရော ဆီဖိုးပါ သက်သာစေပါတယ် ✨

#Ford #FordMyanmar #FuelEfficiency #DrivingTips #OnRoad #OffRoad