Genius Doctor
997 subscribers
33 links
မြန်မာဘာသာပြန်
Download Telegram
၃၀၉၀။ ဒါ လက်စားချေတာ (၄)
 
“မစိုးရိမ်နဲ့, မင်းတို့လည်း မကြာခင် ယဲ့ဂျိုးနဲ့ ဆုံကြလိမ့်မယ်၊ မင်းတို့ ကာကွယ်ပေးချင်တဲ့ ဂျန်ဝုရှီလည်း မင်းတို့နဲ့ ဆုံကြလိမ့်မယ်... အိုး မဟုတ်သေးဘူး... သူ့ကိုတော့ လွယ်လွယ်နဲ့ မသေခိုင်းပါဘူး, တကယ်တော့, သူက ယဲ့ဂျိုး သူ့အသက်ကို စွန့်လွှတ်ပြီး ကာကွယ်ပေးခဲ့တဲ့ အမျိုးသမီးတယောက်လေ...”
 
“... ငါ သူ့ကို သေသေချာချာ ဂရုစိုက်ပေးရမှာပေါ့၊ သူ ချစ်တဲ့ မင်းတို့ အားလုံး သေတာကို မြင်ခိုင်းရမှာပေါ့၊ သူ့ကို ထာဝရ အနှိပ်စက်ခံအနေနဲ့ ထားပေးရမှာပေါ့၊ မင်းတို့ ရောက်လာတာ သူ နာကျင်ခံစားရတာကို တိုးမြှင့်ပေးမဲ့ လက်ဆောင်တွေပဲပေါ့”
 
ဖျက်ဆီးခြင်း နတ်ဘုရားက ယုတ်ယုတ်မာမာ ရယ်သည်။ ဟင်းလင်းပြင်ကို ချိုးဖောက်မည့် သူ့အစီအစဉ်က ဂျန်ဝုယောင်း သေသွားသဖြင့် ပျက်စီးသွားခဲ့သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက အမုန်းတရားဖြင့် ပြည့်နှက်နေသည်။ အဆပေါင်း ရာချီ၍ လက်စားချေလျှင်ပင် သူ ကျေနပ်အုံးမည် မဟုတ်။
 
“ရှီလေးကို ကောင်းကောင်း ကာကွယ်” ဖန်ဇိုက သူ့အပေါင်းအသင်းများကို ကြည့်သည်။ သူတို့အားလုံး၏ စိတ်ထဲမှာ ဖြေရှင်းချက် တခုတည်းသာ။
 
ကနေ့, သူတို့ မရှင်သန်လျှင်ပင်, သူတို့အားလုံး အတူတူ သေဆုံးကြမည်။
 
သူတို့အသက်များကို ပေးရလျှင်ပင် ဖျက်ဆီးခြင်း နတ်ဘုရားအား အောင်မြင်ခွင့် သူတို့ မပေးနိုင်။
 
ဖန်ဇို စကားပြောလိုက်သည်နှင့်, ဖေးယန်က ဂျန်ဝုရှီကို ပခုံးပေါ် ကောက်တင်၍ မြန်နိုင်သမျှ မြန်မြန် ခန်းမထဲမှ ပြေးထွက်သည်။
 
ဖေးယန်၏ ဒဏ်ရာက အပြည့်အဝ မကောင်းသေး။ သူတို့လေးယောက်တွင် တိုက်ခိုက်နိုင်ရည် အနည်းဆုံးက သူသာ။ သို့သော် သူက ချောင်းချူတို့ထက် သန်မာသေးသည်။ ဂျန်ဝုရှီကို အန္တရာယ်ရှိသော နေရာမှ ဆွဲခေါ်ထွက်ပြေးနိုင်သူက သူသာ အသင့်တော်ဆုံး ဖြစ်သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီအား သယ်မပြေးတာကို မြင်လျှင် လိုက်ဖမ်းလိုသည်။ သို့သော် ထိုခဏမှာ ချောင်းချူ, ဟွာယောင်းနှင့် ဖန်ဇိုက သူတို့၏ ဝိညာဉ်ကွင်းများကို ဆင့်ခေါ်၍ သူတို့၏ ကိုယ်ပိုင် ဝိညာဉ်များဖြင့် ပေါင်းစပ်လိုက်ကြသည်။
 
ယခင်တုန်းက, ထိပ်တန်းပညာရှင်များနှင့် သေရေးရှင်ရေးအတွက် သူတို့ တိုက်ခိုက်ခဲ့ကြတုန်းက, သူတို့၏ လက်စွပ်ဝိညာဉ်များနှင့်‌ ပေါင်းစပ်နိုင်ခဲ့ကြသဖြင့် သူတို့ အသက်ရှင်ခဲ့ကြခြင်း ဖြစ်သည်။ အခု သူတို့၏ ဝိညာဉ်များက အပြည့်အဝ ကုစားပြီး ဖြစ်ကြသည်။ နောက်ထပ် ပေါင်းစပ်လျှင် သူတို့၏ အင်အားကို အဆမတန် တိုးပွားလာစေနိုင်သည်။
 
သူတို့ ပတ်ပတ်လည်မှာ မျက်စိကျိန်းမတတ် အလင်းအော်ရာများ ထွက်လာကာ သူတို့၏ ဝိညာဉ်ကွင်းများ ပေါ်လာကြသည်။ သူတို့၏ စွမ်းအားကို လေထဲမှာ ဝေ့ခတ်နေတာကိုပင် မြင်နိုင်သည်။ သူတို့၏ ခန္ဓာကိုယ်များက ကြီးမားလာကာ ခန်းမထွက်ပေါက်ကို သူတို့ ပိတ်ဆို့ထားလိုက်ကြသည်။
 
“မင်းတို့က ကိုယ့်ကိုယ်ကို တယ် အထင်ကြီးကြတာကိုး” ဖျက်ဆီးခြင်း နတ်ဘုရားက ရယ်သည်။
 
သူတို့၏ လက်ရှိ အင်အားက သူတို့ကို ထိပ်တန်းဆယ်ယောက်ထဲ ထည့်ထားလို့ ရနေပြီဆိုတာ မငြင်းကွယ်နိုင်။ သူတို့ကို ယခင်က တိုက်ခိုက်ခဲ့ကြသည့် ထိပ်တန်းပညာရှင်များထက်ပင် သူတို့အင်အားက မြင့်မားလာကြသည်။ သို့သော် သူတို့၏ ရန်သူက လူသား မဟုတ်, နတ်ဘုရား တပါး ဖြစ်သည်။
 
မျက်စိတမှိတ်အတွင်းမှာ သူတို့အားလုံးကို ဖျက်ဆီးခြင်း နတ်ဘုရားက လွင့်ထွက်သွားစေခဲ့သည်။ သူတို့၏ ဝိညာဉ်စွမ်းအားဖြင့်သာ ကာကွယ်မထားလျှင်, သူတို့၏ အတွင်းအင်္ဂါများ ပျက်စီးသွားမှာ အသေအချာပင်။
 
သို့တိုင်, သူတို့ ကြမ်းပြင်ပေါ် လဲကျချိန်မှာ, သွေးများ အန်၍ အသားစများပင် ပါလာသည်။ သူတို့၏ အတွင်းအင်္ဂါများ ဒဏ်ရာ အပြင်းအထန် ရသွားကြသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီနောက်သို့ လိုက်ဖမ်းရန် လုပ်နေစဉ်မှာပင်, ချောင်းချူတို့က နောက်တကြိမ် ထရပ်၍ သူ့ထံ ပြေးဝင်လာကြသည်။ သူတို့၏ အသက်များကိုပင် ဂရုမစိုက်ကြ။
 
သူတို့ သုံးယောက်က ပိုးဖလံမျိုး မီးကို တိုးဆိုသလိုပင်, တိုက်ပွဲက အရာမထင်ဆိုတာ သိပင် သိသော်ငြား, နည်းနည်းလေးပင် အရှုံးပေးဖို့ မလိုလားကြ။ သူတို့ ဖျက်ဆီးခြင်း နတ်ဘုရားကို တခဏလေး ကြန့်ကြာအောင် နှောင့်ယှက်ထားနိုင်လျှင်ပင်, ဖေးယန်အား ဂျန်ဝုရှီကို ဝေးသထက် ဝေးသော နေရာသို့ ခေါ်ဆောင်သွားဖို့ အချိန်ကို ပေးနိုင်သည်။ ဒါဆို သူတို့အတွက် ထိုက်တန်၏။
❤7
၃၀၉၁။ သစ္စာဖောက်ခြင်း
 
သွေးများကား အနှံ့ပင်။ သေခြင်း ရနံ့ကား ခန်းမထဲ ပျံ့နှံ့သွား၏။
 
ဟန်ကျီဖေးနှင့် ဂျန်ဂုကား ကြိုးတုပ်ခံထားရသဖြင့် မလှုပ်ရှားနိုင်ကြ။ သူတို့ မျက်စိရှေ့တည့်တည့်မှာ သွေးလွှမ်းသော မြင်ကွင်းကို ကူကယ်ရာမဲ့စွာသာ ကြည့်နေကြရသည်။ သူတို့၏ ကလေးများလို ကြည့်ရှုစောင့်ရှောက်ခဲ့သော လူငယ်များက သူတို့၏ အသက်များကိုပင် ပဓာနမထားဘဲ ဖျက်ဆီးခြင်း နတ်ဘုရားကို ထွက်မသွားနိုင်အောင် ကြိုးစား တားဆီးနေကြသည်။
 
သူတို့ ဝိညာဉ်ချုပ်နှောင်ကြိုးကို ဖြတ်တောက်၍ ပြေးသွားကာ သူတို့အစား သူတို့သာ ထိုနာကျင်မှုကို ခံယူမိချင်ကြသည်။
 
ဂုယင်က လေးနက်သော အမူအရာဖြင့် ကြည့်သည်။ သူကား ဝိညာဉ်ခန္ဓာကိုယ်သာ ရှိသဖြင့် သွေးနံ့ လှိုင်နေတာကို မရနိုင်။ ချောင်းချူတို့ သုံးယောက် တဖြည်းဖြည်း သွေးများ ရွှဲနစ်၍ သူတို့ ခြေထောက်အောက်မှာ သွေးအိုင်ထွန်းနေတာကို သူ ကြည့်ရုံသာ တတ်နိုင်သည်။ သူ ပိုပိုပြီး ရှုပ်ထွေးသလို ခံစားလာရသည်။
 
ဂျန်ဝုရှီနှင့် ထိုလူငယ်များက နှစ်ပေါင်းများစွာ မိတ်ဆွေသံယောဇဉ်ဖြင့် ချည်နှောင်ထားမှန်း ဂုယင် သိထားတာ ကြာခဲ့ပြီ။ ထိုရင်းနှီးကျွမ်းဝင်ခြင်းက သူ့အတွက်တော့ အဆန်းတကြယ်ပင်။ ထိုရင်းနှီးကျွမ်းဝင်မှု မှန်သမျှကို သူ ငယ်စဉ်ကတည်းက လျစ်လျူရှူခံထားခဲ့ရသည်။ သွေးမိစ္ဆာနန်းတော်၏ သခင်လေးဆိုသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည့်တိုင် ထိုလို ရင်းနှီးကျွမ်းဝင်မှုကို သူ မရရှိခဲ့, မသိရှိခဲ့။
 
တကယ့်တကယ်တော့, သူက ဂုယီ ပျိုးထောင်ခဲ့သော ခွေးဆိုးတကောင်, လက်နက်တခု, ပွန်းရုပ်လေး တရုပ်မျှသာ။
 
သွေးမိစ္ဆာနန်းတော်မှာ သူ၏ ထူးဆန်းသော အခြေအနေကို သူ ကောင်းကောင်း သိသည်။ အကြီးအကဲများနှင့် တပည့်လက်သားများက သူ့အား လေးစားမှုကို ပြသ၍ သူ့ရှေ့မှာ ရိုကျိုး နာခံကြသော်ငြား, သူတို့မျက်လုံးများမှ အထင်အမြင်သေးမှုကို ဂုယင် မြင်ခဲ့သည်။
 
သူ့ အမြင်ကို မည်သူမျှ ဂရုမစိုက်, သို့မဟုတ် သူ သေသေရှင်ရှင် မည်သူမျှ ဂရုမစိုက်။ သွေးမိစ္ဆာနန်းတော်မှာ သူ၏ တခုတည်းသော ရည်ရွယ်ချက်က ရှက်စရာ ကိစ္စများကို ဂုယီကိုယ်စား လုပ်ပေးဖို့, ဂုယီ၏ ရန်သူများကို အမြစ်ဖြတ် သုတ်သင်ပေးဖို့သာ။
 
ဂုယီ၏ စကားက အရမ်း အေးစက်သည်။ သူ့နှလုံးသားကို ရေခဲ ဖြစ်သွားစေသည်အထိ အေးစက်ခဲ့၏။
 
သူ့အား နွေးထွေးစေသူက တဦးတည်းသာ ရှိခဲ့သည်။ ၎င်းက ဂုရှင်းယန်, အမည်ခံ ညီမလေး ဖြစ်သည်။ သို့သော် ဂုယီကို သတ်ပြီး ဂုရှင်းယန်ကို သူနှင့် အတူ အကျဉ်းချပြီးနောက်, ထိုနွေးထွေးမှုကို သူ မခံစားရတော့။ မထူးခြားမှု, အေးစက်မှုကိုသာ သူ ခံစားရတော့သည်။
 
ဂုရှင်းယန်က သူ့ကို မုန်းတီးသွားခဲ့သည်။
 
လောကတွင် သူ့အား ကြင်နာခဲ့သူ တဦးတည်းသော လူသည်လည်း အခု သူ့ကို လူတိုင်းလိုပင် မုန်းတီးသွားခဲ့သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ကို ဘာ့ကြောင့် ပြန်ခေါ်ခဲ့သလဲဆိုတာ ဂုယင် အင်မတန် ရှင်းလင်းစွာ သိသည်။ သူက ဖျက်ဆီးခြင်း နတ်ဘုရား ဖန်တီးထားသော ဝိညာဉ်တကောင်မျှသာ။ သူ၏ တည်ရှိနေခြင်းက ဖျက်ဆီးခြင်း နတ်ဘုရား၏ တောင်တောင်အီအီ အကြံအစည်ကို ဖြည့်ဆည်းပေးရုံမျှသာ။
 
သူ့ဘဝတခုလုံးက အေးစက်၍ ရယ်ရွှင်ဖွယ်ရာသာ။
 
သို့သော်ငြား ပါးစပ်မှ သွေးများ တရဟော စီးကျနေသည့် ချောင်းချူကို ဂုယင် မြင်သည်။ သူက နောက်တကြိမ် ဖျက်ဆီးခြင်း နတ်ဘုရားထံ ပြေးဝင်သွားသည်။ သူ့ဝိညာဉ်ထဲ တခုခုက နက်ရှိုင်းစွာ မွှေနှောက်သွားသလို သူ ခံစားရသည်။
 
ဒါ ထိုက်တန်ရဲ့လော။
 
မိတ်ဆွေတယောက်အတွက် သင့်အသက်ကို ပေးဆပ်ခြင်းက ထိုက်တန်ရဲ့လော။
 
အသက်ကို ပေးဆပ်ရသော်ငြား တုံ့ဆိုင်းခြင်း မရှိ, နောင်တ မရှိ, ဂျန်ဝုရှီ လွတ်မြောက်ရေးအတွက် အချိန်များများရစေလိုသော သာမန် စွဲလမ်းခြင်း တခုမျှသာ ။
 
ဒါ ထိုက်ရော ထိုက်တန်ရဲ့လော။
 
ဂုယင်ကား လုံးလုံး မစဉ်းစားတတ်တော့။
 
ဤလောကမှာ သူ့အတွက် သူတို့၏ အသက်ကို လိုလားစွာ ပေးမည့်သူကား မည်သူမျှ မရှိ။ ဂုရှင်းယန်သည်ပင် အသက်မပေးလို။
 
သူ့မှာ ခွေးတကောင်လို ဘဝမျိုး ရှိနေလျှင်ပင်, ရှင်သန်ဖို့ သူ အပြင်းအထန် ကြိုးစားအုံးမည်သာ။ သူ့ပတ်လည်မှ လူများ သေနေတာကို မျက်တောင် မခတ်ဘဲ သူ ကြည့်နေအုံးမည်သာ။
 
သူတို့၏ စိတ်ဆုံးဖြတ်ချက်ကို ဂုယင် နားမလည်။ သို့သော် သူ့အတွက်တော့ အကြောင်းပြချက် မရှိဘဲ သူတို့ကို မနာလိုသလို အားကျသလို ခံစားမိလာသည်။
 
သူတို့ ဘာလိုချင်သလဲ, သူတို့ ကာကွယ်ဖို့ ဘာက အရေးကြီးသလဲဆိုတာကို သူတို့ သိတာကို ဂုယင် အားကျမိသည်။
 
ထူးဆန်းသော ခံစားချက်က ဂုယင်၏ ဝိညာဉ်သို့ ဖြတ်သန်း၍ စီးဆင်းစ ပြုလာသည်။
❤7
၃၀၉၂။ အိပ်မက်လား ပုံရိပ်ယောင်လား (၁)
 
ဖျက်ဆီးခြင်း နတ်ဘုရားက ထိုသုံးယောက်ကို သတ်ဖို့ အလျင်မလို။ သူတို့ကို ထပ်တလဲလဲ သေမလို ဖြစ်သော နာကျင်မှုကို တွေ့ကြုံခံစားစေချင်သည်။
 
ချောင်းချူတို့ မလှုပ်ရှားနိုင်တော့မှ, သူတို့ပတ်ပတ်လည် ဝိုင်းနေသည့် သွေးအိုင်မှာ ဖျက်ဆီးခြင်း နတ်ဘုရားက ရပ်၍ သူတို့ကို မောက်မာစွာ ကြည့်သည်။ သူတို့ခန္ဓာကိုယ်များမှ ထက်ဝက်ကျော် အရိုးများ ကျိုးကြေသွားကြသည်။ သူတို့၏ အတွင်းအင်္ဂါများ နာကျင်မှုကား မချိမဆံ့ပင်။ သူတို့မှာ လက်ချောင်းတချောင်းပင် မြှောက်နိုင်သော အင်အား မရှိကြတော့။
 
သို့သော် သူတို့က ဖျက်ဆီးခြင်း နတ်ဘုရားကို အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပစ်ချင်သကဲ့သို့ ရန်လိုစွာ စိုက်ကြည့်နေကြတုန်းပင်။
 
“ငါ့ကို အဲသလိုမျိုး ကြည့်နေစရာ မလိုဘူး၊ မင်းတို့ကို လွယ်လွယ်ကူကူနဲ့ သတ်မပစ်ဘဲ အသက်ရှင်သန်ခွင့် ပေးထားတာပဲ အကြင်နာ များသွားပြီ၊ မစိုးရိမ်နဲ့, မင်းတို့ကို လွယ်လွယ်နဲ့ မသုတ်သင်ဘူး၊ မင်းတို့က ဂျန်ဝုရှီကို အသက်နဲ့ လဲပြီး ကာကွယ်ပေးနေချင်မှတော့, မင်းတို့က သူ့အတွက် အရမ်း အရေးပါသူတွေ ဖြစ်မှာ အသေအချာပဲပေါ့၊ ဒါ့ကြောင့် သူ့ကို ဖမ်းပြီးမှ သူ့ရှေ့မှာပဲ မင်းတို့ကို စိမ်ပြေနပြေ သတ်ပြပေးလိုက်မယ်လေ” ဖျက်ဆီးခြင်း နတ်ဘုရားက တဟားဟား ရယ်သည်။ သူ၏ ယုတ်မာရက်စက်မှုကို နည်းနည်းလေးမျှ ဖုံးကွယ်မထားတော့။
 
ချောင်းချူတို့ကား သွေးအိုင်ထဲ လဲကျနေကြပြီး မလှုပ်ရှားနိုင်ကြတော့။ သို့သော် သူတို့က ဖျက်ဆီးခြင်း နတ်ဘုရားသို့ ခုန်အုပ်ကာ သူ့ကို သတ်ဖြတ်ချင်စိတ်ကား တားမနိုင် ဆီးမရ။
 
သို့သော် သူတို့၏ လက်ရှိ အနေအထားဖြင့် သူတို့ကိုယ် သူတို့ သတ်သေဖို့ပင် အင်အား မရှိကြ။ ဖျက်ဆီးခြင်း နတ်ဘုရားကို သတ်ဖို့ကား ပြောနေစရာပင် မလို။ ဖျက်ဆီးခြင်း နတ်ဘုရားက သူတို့အား ဘာ့ကြောင့် အသက်ရှင်ခွင့်ပေးထားသလဲဆိုတာကို နောက်ဆုံးတွင် သူတို့ နားလည်သွားကြသည်။ သူတို့ကို သူ မသတ်နိုင်လို့ မဟုတ်။ အချိန်မကျသေးဟူ၍ သတ်မှတ်ထားသောကြောင့်သာ။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား ခန်းမထဲမှ ထွက်သွားသည်။ သူတို့ကို တချက်ပင် ပြန်မကြည့်။
 
ဖေးယန်က ဂျန်ဝုရှီကို ချီပိုး၍ တာတိုအပြေးသမားလို အရူးအမူး ပြေးသည်။ သို့ဖြင့် သူ့မျက်နှာမှ ပတ်တီးစကား လေအဟုန်ကြောင့် ပြေလျော့သွား၏။ မကျက်သေးသော ဒဏ်ရာများက ပြည်များ ယိုစိမ့်ထွက်လာတာကို မြင်နိုင်သည်။
 
သူ ပြေးနေရသဖြင့် လေက သန်းချီသော ဓားမြှောင်များလို သူ့မျက်နှာကို တပြိုင်နက် ထိုးစိုက်သလို ခံစားရသည်။ သို့သော် မရပ်ရဲ။ သူ ပြေးနေရင်း နောက်ကျောကို လှည့်ကြည့်သည်။
 
“ရှီလေး... မင်း တောင့်ခံထားရမယ်...” ဖေးယန်၏ အသံက လေထုကြောင့် ကြမ်းရှနေ၏။ ထို့ပြင် သူ မမြင်နိုင်။ ကံကောင်းတာက, ဝိညာဉ်ကွင်းကို သူ စုပ်ယူထားသဖြင့် သူ၏ ဝိညာဉ်အာရုံ ခံစားချက်က ကြီးမားစွာ မြင့်တက်လာခြင်းပင်။ သို့ဖြင့် သူ့ပတ်လည်မှ လေထု ဖိအား အပြောင်းအလဲကို သူ ခံစားနိုင်သည်။ ထို့ကြောင့် သူ မမြင်ရသော်လည်း အရေးမကြီးတော့။
 
ဂျန်ဝုရှီက တိတ်ဆိတ်နေသည်။ အိပ်ပျော်နေသလိုပင်။
 
ထိုခဏမှာ ဖေးယန်က ဂျန်ဝုရှီ မည်သို့ ဖြစ်နေသနည်းဆိုတာကို မမြင်နိုင်။ သူ မြင်ခဲ့လျှင်တော့ အံ့အားသင့် မှင်တက်သွားနိုင်သည်။
 
ဂျန်ဝုရှီ၏ မျက်လုံးများကား ပွင့်နေသည်။ သူ၏ ရွှေရောင်မျက်လုံးများက နေတစင်းလို ထွန်းလင်းတောက်ပလျက် ရှိသည်။ သို့သော်... သူ့မျက်လုံးများကို ပိတ်ဖုံးကာဆီးထားသော မြူလည်း ရှိနေ၏။ ထို့မြူက ထိုလင်းရောင်ခြည်ကို ပိတ်ဆို့ထားသည်။
 
သူ့မျက်လုံးများက ကန်းနေသည့် ဖေးယန်ထက် ပိုပြီး မှုန်မှိုင်းနေလေသည်။
 
ဂျန်ဝုရှီကား မြင်လည်း မမြင်နိုင်။ ကြားလည်း မကြားနိုင်။ သူ့ပတ်ဝန်းကျင်မှာ ဘာဖြစ်နေသလဲဆိုတာကိုလည်း သူ မသိ။
 
ဂျန်ဝုယောင်း ကိုယ့်ကိုယ်ကို ဖောက်ခွဲလိုက်သည့် ခဏမှာ, ဂျန်ဝုရှီ၏ စိတ်ဝိညာဉ်တခုလုံး ချက်ချင်းပင် ပြိုလဲကျသွားပုံ ရသည်။ ခန်းမထဲမှာ စွမ်းအားများ မျောလွင့်၍ သူ့ဝိညာဉ်ထဲ စီးဝင်လာလျှင် သူ့အသိစိတ်က ချက်ချင်း ပျောက်ရှသွားကာ ထူးဆန်းသော ပုံရိပ်ယောင်ထဲ ကျရောက်သွားခဲ့သည်။
 
ထို့ကြောင့် ချောင်းချူတို့တသိုက် ခန်းမထဲ ပြေးဝင်လာပြီး ထို့နောက် ဖြစ်ပျက်ခဲ့တာများကို ဂျန်ဝုရှီ မသိ။
 
သူ၏ အသိစိတ်အားလုံးက ထိုမြူထဲသို့ ကျရောက်သွားခဲ့သည်။
 
မြူထဲမှာ ရင်းနှီးကျွမ်းဝင်သော လူတယောက်ကို သူ ဝိုးတဝါး မြင်ရသည်။
❤8
၃၀၉၃။ အိပ်မက်လား ပုံရိပ်ယောင်လား (၂)
 
သွယ်လျသော ပုံရိပ်, သူ့အနားမှ အော်ရာ။ ကြည့်ရသရွေ့ မြူကို ဖယ်ရှားနိုင်သူက ထိုလူတဦးတည်းသာ။
 
ဂျန်ဝုရှီက ထိုပုံရိပ်ကို အာရုံစိုက် ကြည့်နေသည်။ သူ့နှလုံးသားက ကြေမွသွားသလို ခံစားရ၏။
 
ထိုပုံရိပ်ကို ဂျန်ဝုရှီက မျက်တောင်မခတ် အကြာကြီး စိုက်ကြည့်နေခဲ့သည်။ ထို့နောက်မှ ထိုပုံရိပ်က ပြုံးလာကာ လက်လှမ်းလာ၏။ ဂျန်ဝုရှီ ခြေထောက်များက သူ့စိတ်အလိုအတိုင်း ထိုပုံရိပ်ဆီ ရွေ့လျားသွားပုံ ရသည်။
 
“ဝုယောင်း” ဂျန်ဝုရှီက ရင်းနှီးကျွမ်းဝင်သော ထိုပုံရိပ်၏ ရင်ခွင်ထဲ ပစ်ဝင်သည်။ သို့သော် အံ့အားသင့်စရာက သူ့ခန္ဓာကိုယ်က ထိုပုံရိပ်ကို ဖြတ်ကျော်သွားခြင်းပင်။
 
ဂျန်ဝုရှီက အလွတ်ဖြစ်သွားသည့် သူ့လက်များကို စိုက်ကြည့်သည်။ ထို့နောက် သူ လှည့်ကြည့်လျှင် ဂျန်ဝုယောင်း သူ့အား နူးညံ့စွာ ပြုံးလျက် ကြည့်နေတာကို မြင်နိုင်သေးသည်သာ။
 
သူ့ချစ်သူကို သူ ထိကိုင်လို့ မရတော့...
 
ဂျန်ဝုရှီ၏ မျက်လုံးများမှာ တခါမှ မမြင်ဖူးသော မျှော်လင့်ချက်ကင်းမဲ့ခြင်းကို မြင်တွေ့ရသည်။
 
“ရှီလေး...” ဂျန်ဝုယောင်း၏ အသံက ဂျန်ဝုရှီနားထဲ ဝင်ရောက်လာသည်။ ထိုအသံက နူးညံ့သိမ်မွေ့၏။ တချိန်တည်းမှာ ဝမ်းနည်းဖွယ်အသံလည်း ဖြစ်သည်။
 
“ငါ ဒီမှာ အမြဲတမ်း ရှိနေမှာပါ၊ မင်းဘေးမှာ အမြဲတမ်း ရှိနေမှာပါ၊ မင်း ငါ့ကို မမေ့သရွေ့, ငါ မင်းရဲ့ ဝိညာဉ်ထဲမှာ ထာဝရ ရှိနေမှာပါ” ဂျန်ဝု‌ယောင်းက နူးညံ့စွာ ဆိုသည်။ သူ့မျက်နှာမှာကား ချိုမြိန်သော အပြုံးကိုသာ ပန်ဆင်ထား၏။
 
ဂျန်ဝုရှီက လက်သီး ဆုပ်လိုက်သည်။ သည်လို ရလဒ်မျိုးကို သူ လက်မခံနိုင်။
 
ဘာလို့ ဒီလိုမျိုး ဖြစ်သွားရသနည်း။
 
“ဝမ်းမနည်းပါနဲ့, မင်းမှာ လက်စမသတ်ရသေးတဲ့ ကိစ္စတွေ ရှိသေးတယ်၊ ငါ ဒီမှာ ရှိနေမှာပါ” ဂျန်ဝုယောင်းက အသာ မျက်မှောင်ကြုတ်သည်။ ဂျန်ဝုရှီ နာကျင်ခံစားရတာကို သူ သည်းမခံနိုင်။
 
ဂျန်ဝုရှီကို သူ့ရင်ခွင်ထဲ ပိုက်ပွေ့ထားချင်တာ ဆိုးဆိုးရွားရွားပင်။ သို့သော် ထိုအရာက ဖြစ်နိုင်ချေ မရှိတော့။
 
အစစ်အမှန် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲလိုက်ချိန်မှာ, သူ့ကို ဖက်ပွေ့ရမည့် ဖြစ်နိုင်ခြေမှန်သမျှကို သူ လက်လွှတ်ခဲ့ရသည်။
 
သို့သော် သူ နောင်တ မရပေ။
 
သူ့ကိုယ်ကို ဖောက်ခွဲလိုက်ချိန်မှာ အဆိုးဆုံးသော အရာများအတွက် သူ ပြင်ဆင်ထားပြီး ဖြစ်သည်။ သူ မျှော်လင့်မထားက ဖရိုဖရဲ ဝင်္ကပါမှာ သူ လေ့ကျင့်ခဲ့သောကြောင့် သူနှင့် ဂျန်ဝုရှီက ဤကမ္ဘာမှာ မရှိသင့်သော ဖရိုဖရဲ စွမ်းအင်ကို ရရှိထားကြသည်။ ထိုစွမ်းအင်က သူတို့အချင်းချင်း အနှောင်အဖွဲ့ဖြစ်လာကာ သူ့ကိုယ်ကို ဖောက်ခွဲလိုက်ချိန်မှာ ဂျန်ဝုရှီ၏ ဝိညာဉ်ထဲ သူ့ဝိညာဉ်ကို စုပ်ယူစေသော အကြောင်းရင်းကို ဖြစ်ပေါ်စေခဲ့သည်။
 
ထိုသို့သော နည်းဖြင့် ပျက်စီးသွားသော ဝိညာဉ်တချို့သာ ဒဏ်ရာတချို့ ကျန်ရစ်ခဲ့တော့သည်။
 
ထို့ကြောင့် ဂျန်ဝုယောင်းက အင်မတန် ပီတိဖြစ်သွား၏။
 
ပိုပြီး အရေးကြီးတာက, ဂျန်ဝုယောင်း၏ ဝိညာဉ်က ဂျန်ဝုရှီ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားချိန်မှာ, ဂျန်ဝုရှီ၏ ဝိညာဉ်မှာ အပြည့်အဝ မထုတ်လွှတ်ရသေးသော နတ်ဘုရားစွမ်းအားကို သူ ရုတ်တရက် တွေ့ရှိခဲ့သည်။ ချိတ်အများစုကို ဖြည်ထုတ်ပြီး ဖြစ်သည်။ သို့သော် ချိတ်ပိတ်ထားသော စွမ်းအားကား အများအပြား ကျန်သေး၏။
 
သို့ဖြင့် သူက ဖရိုဖရဲ စွမ်းအင်ကို အသုံးချလျက် ထိုနတ်ဘုရားစွမ်းအားကို နည်းနည်းချင်းစီ ဖြေလျော့ပေးသည်။
 
“ရှီလေး, ဝမ်းမနည်းပါနဲ့၊ မင်းဖိုးဖိုး, ဦးလေးနဲ့ မိဘတွေကို သတိရ၊ သူတို့ မင်းကို စောင့်နေကြတယ်၊ မင်း ဖျက်ဆီးခြင်း နတ်ဘုရားနဲ့ ဆက်ပြီး တိုက်ပွဲ ဝင်ရမယ်, ဒါမှ သူ သုံးလောကရဲ့ သွေးစတေးအခင်းအကျင်းကို ဆက်မလုပ်နိုင်တော့မှာ၊ ဒါပေမဲ့ သူက မင်း ဒါမှ မဟုတ် ငါနဲ့ နီးကပ်သူတိုင်းကို ဘယ်သူ့ကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး...” ဂျန်ဝုယောင်းက ဂျန်ဝုရှီနှင့် အတူတူ သူ တိုက်ပွဲဝင်နိုင်ဖို့ တောင့်တသည်။ ကံမကောင်းတာက...
 
သူ ချစ်ရသူများ၏ ပုံရိပ်များ ဂျန်ဝုရှီ၏ ခေါင်းထဲ ရုတ်တရက် တဖျတ်ဖျတ် ထင်ဟပ်လာကြသည်။ သူ မော့ကြည့်လိုက်၏။ သူ့မျက်လုံးများမှ စိတ်ဓာတ်ကျသော အရိပ်အငွေ့က ကင်းပျောက်သွား၏။
 
“သူတို့ကို ကာကွယ်ပါ, မင်း လုပ်နေကျအတိုင်း လုပ်ပါ, ငါ မင်းနဲ့ အတူတူ ရှိနေမယ်” ဂျန်ဝုယောင်းက ဂျန်ဝုရှီ၏ ခေါင်းလေးပေါ် သူ့လက်ကို တင်ထားသည်။ သူ ယခင်က အကြိမ်ပေါင်း မရေမတွက်နိုင် လုပ်ခဲ့သလိုမျိုးပင်။
❤6
၃၀၉၄။ အိပ်မက်လား ပုံရိပ်ယောင်လား (၃)
 
အနက်ရောင် အော်ရာက တဖြည်းဖြည်း ပျောက်ကွယ်လိုက်လာ၏။ ဂျန်ဝုရှီ၏ ဦးခေါင်းမှ စ၍ တကိုယ်လုံး လှုပ်ရှားလာသည်။ ရွှေရောင်အလင်းဖြင့် အစားထိုးလာသော အော်ရာကို သူ မြင်လာနိုင်သည်။
 
ဖေးယန်က ပြေးနေရင်း သန်မာသော အားတရပ် သူနှင့် နီးကပ်လာတာကို ရုတ်တရက် ခံစားမိသည်။
 
ထိုအားက သူနှင့် မရင်းနှီးသည် မဟုတ်။ ထိုအားကို နန်းတော်ထဲမှာ သူ ခံစားခဲ့ပြီး ဖြစ်သည်။
 
ထိုအား နီးကပ်လာတာက, ချောင်းချူတို့သုံးယောက် ကျဆုံးသွားပြီဆိုတာကို ညွှန်းဆိုသည်။ ဖေးယန်၏ နှလုံးသားက အရမ်း နာကျင်သွားသည်။ အသက်ရှူရပင် ခက်ခဲ၏။ သို့သော် သူ ပြေးနေတာကို မရပ်ရဲ။
 
သူ ခဏလောက်တော့ မျက်ရည် မကျအောင် ထိန်းထားနိုင်သည်။ သို့သော် ကြာရှည် မထိန်းနိုင်ခဲ့။ သူ ဆက်လက် ပြေးနေရင်း, သူ့မျက်နှာမှ မျက်ရည်များကို လေက ဖယ်ရှားသွားသဖြင့် မျက်ရည်ကား ထာဝရ ပျောက်ကွယ်သွားလေ၏။
 
မြန်စမ်း, ပိုပြီး မြန်စမ်း...
 
ဖေးယန်က ဂျန်ဝုရှီကို အမြန်ဆုံးဖြင့် အဝေးဆုံးသို့ ခေါ်သွားဖို့ လုံလောက်‌အောင် မသန်မာသဖြင့် သူ့ကိုယ်သူ ဆူပူမိသည်။
 
သူ မမြင်နိုင်။ သို့သော် ဖိအား သက်ရောက်လာတာကို သူ ခံစားနိုင်သည်။ သူ မည်မျှပင် မြန်မြန် ပြေးပါစေ, သူကိုယ်တိုင်နှင့် ထိုအားအကြား အကွာအဝေး လှမ်းသွားအောင် မတိုးမြှင့်နိုင်။
 
သူ့နောက်မှာ ထိုအားက နောက်ဆုံးမှာ ပေါ်လာသည်။ ထိုစဉ် ဖေးယန်၏ ခြေထောက်များ ရုတ်ချည်း ရပ်တန့်သွားလေ၏။
 
ချောက်ချားမတတ် တိတ်ဆိတ်သွားသည်။ ထိုအရာက သူ့အား ကြက်သီးမွေးညင်း ထစေ၏။
 
“မင်း မလွတ်မြောက်နိုင်ပါဘူး၊ လူသားတယောက်က နတ်ဘုရားနဲ့ ဘယ်လိုလုပ် ယှဉ်တိုက်နိုင်မှာလဲ” ဖျက်ဆီးခြင်း နတ်ဘုရားက ဖေးယန်ရှေ့မှာ ပေါ်လာ၏။ သူ၏ ချောမောသော မျက်နှာက အမုန်းကြောင့် ရှုံ့မဲ့နေသည်။ အကောင်းပြောစရာ တကွက်ပင် မကျန်တော့။
 
သူ၏ မူလရွှေရောင်မျက်လုံးများကား သွေးနီရောင် ပေါက်လာသဖြင့် တိုင်းတပါးသားနှင့်ပင် တူသွားသည်။ သူက ဂျန်ဝုရှီကို သိမ်းကြုံးကြည့်သည်။ သူ၏ အသတ်အဖြတ် စိတ်ဆန္ဒက အင်မတန် ပြင်းထန်နေတာ ထင်ရှား၏။
 
“နတ်ဘုရားလား, ဘာ နတ်ဘုရားလဲ, ဒီလိုဟာတွေ ငါ မယုံဘူး” ဖေးယန်က သက်ပြင်းနက်နက် ရှိုက်သည်။ သူ မည်သို့မျှ မပြေးနိုင်တော့သဖြင့် စိတ်ကို ဖြေလျော့ချထားလိုက်တော့သည်။ သူက ဂျန်ဝုရှီကို ဂရုတစိုက် ချသည်။ သူ့ရှေ့မှ အရာကို သူ မမြင်နိုင်သော်ငြား, ဂျန်ဝုရှီရှေ့မှာ သူ ကာကွယ်လျက် ရပ်သည်။
 
“နတ်ဘုရားတွေ အားလုံး ခင်ဗျားလို လောဘရမက်ကြီးပြီး ရက်စက်ကြရင်, ဒါဆို လူတွေက သူတို့အပေါ် ယုံကြည်ချက်ထားတာကို ရပ်တန့်ပစ်ရုံတင်မကဘူး, သူတို့ကို သတ်ပစ်ဖို့တောင် ဝန်လေးကြမှာ မဟုတ်ဘူး” ဖေးယန်က သူ့ကိုယ်သူ ရယ်မောလိုက်သည်။
 
“အာ, မင်းက အတော့်ကို မကျေမနပ် ဖြစ်နေတာပါလား၊ ကိစ္စမရှိပါဘူးလေ, မင်းလည်း မင့်မိတ်ဆွေတွေလို ကံကြမ္မာမျိုးနဲ့ သိပ်မကြာခင် တွေ့တော့မှာပဲကိုး၊ လှုပ်လည်း မလှုပ်နိုင်, စကားလည်း မပြောနိုင်တဲ့ ကံကြမ္မာပေါ့၊ ခုခံတာက အချည်းနှီးပဲ၊ အခု ဂျန်ဝုရှီကို လက်လွှဲလိုက်၊ မင်းကို နာကျင်တာ အနည်းဆုံးဖြစ်အောင် လုပ်ပေးမယ်” ဖျက်ဆီးခြင်း နတ်ဘုရားက ထိုနေရာမှာ ရပ်၍ တဝက်တပျက် ပြုံးသည်။ သူ့သားကောင်က မည်သည့် နေရာသို့မျှ မပြေးနိုင်တော့။ သူ့သားကောင်ကို သတ်ဖို့ သူ အလျင်မလို။
 
သူ့သားကောင်က မျှော်လင့်ချက်ကင်းမဲ့ခြင်းဆိုသော အလေးတုံးဖြင့် ဖိကြိတ်ခံရတာကို သူ ကျေကျေနပ်နပ်ကြီး ကြည့်ချင်သည်။
 
“အိပ်မက် မက်နေလိုက်” ဖေးယန်က ရန်လိုစွာ အော်ဟစ်လိုက်သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက အေးစက်စက်ဖြင့် ပြောသည် “လူသား အရူးတွေ... အမြဲတမ်း သူတို့ကိုယ်ကို သူတို့ အထင်ကြီးကြတယ်”
 
ဖျက်ဆီးခြင်း နတ်ဘုရားက ထိုသို့ ပြောပြီးသည်နှင့် ရွှေရောင် အလင်းလုံးက သူ့လက်များမှ ပြေးထွက်၍ ဖေးယန်ထံ လျှပ်စီးလို ပြေးဝင်သွားသည်။
 
ဖေးယန်က မမြင်နိုင်သော်လည်း သူ့ဆီ အန္တရာယ် လာနေတာကို ခံစားနိုင်သည်။ သို့သော် တိုက်ချက်က မြန်လွန်းသဖြင့် မည်သို့မျှ သူ မရှောင်တိမ်းနိုင်တော့။
 
ဖေးယန်က သူ့အဆုံးသတ်နှင့် တွေ့ဖို့ သူ့ကိုယ်သူ အားတင်းထားစဉ်, ထိုအားက ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။
❤6
၃၀၉၅။ နတ်ဘုရားတပါးကို သတ်ခြင်း (၁)
 
ထိုခဏမှာ, သူ့ရှေ့တွင် ရင်းနှီး မရင်းနှီးသော အားနှစ်ရပ် တပြိုင်နက် ပေါ်လာသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ တိုက်ချက် ပျံ့နှံ့သွားသည်နှင့် မကြာခင်မှာပင်, သူ့ရှေ့မှ ၎င်းအားအကြွင်းအကျန်ကို အံ့အားသင့်ဖွယ်ကောင်းစွာ နူးညံ့သိမ်မွေ့သော မြူအဖြစ် ဖေးယန် ခံစားမိသည်။
 
“ယန်အာ, နောက်ဆုတ်လိုက်ပါ” အေးစက်သော်လည်း ရင်းနှီးကျွမ်းဝင်သော အသံက ဖေးယန်အား တုန်ယင်စေသည်။
 
ဖေးယန်က ဘာကိုမျှ မမြင်နိုင်။ သို့သော် ထိုအမှောင်ထုထဲမှာ ပြင်းပြသော ပျော်ရွှင်မှုကို သူ ခံစားရသည်။
 
“ရှီလေး”
 
ထိုရင်းနှီးသော အသံက ဂျန်ဝုရှီထံမှ လာတာ ရှင်းသည်။
 
သူ ကောင်းသွားပြီလော။
 
ဂျန်ဝုရှီက ဖေးယန်ရှေ့မှာ ရပ်သည်။ အရေးကြီးသော အခိုက်အတန့်မှာ ဖျက်ဆီးခြင်း နတ်ဘုရား၏ တိုက်ခိုက်မှုက ပျောက်ကွယ်သွား၏။
 
ဂျန်ဝုရှီ၏ တကိုယ်လုံးကို ရွှေရောင်အော်ရာများဖြင့် ရစ်သိုင်းနေသည်။ ၎င်းက မျက်စိကျိန်းမတတ် တောက်ပသည်လည်း မဟုတ်။ ကြီးမားသည်လည်း မဟုတ်။ သို့သော် ၎င်းက အရမ်း သိပ်သည်း၍ မည်သူမျှ လျစ်လျူရှူလို့ မရအောင် ညှို့ငင်နိုင်စွမ်း ရှိသည်။
 
ဂျန်ဝုရှီနောက်မှာ ရပ်နေရင်း, သူ့စွမ်းအင်၏ သက်ရောက်မှုကြောင့် ဖေးယန်က ချက်ချင်း တည်ငြိမ်သွား၏။ သူ၏ နာကျင်မှုနှင့် မသက်မသာ ဖြစ်မှု အားလုံး ပျောက်ကွယ်သွားသည်။
 
“နင်တို့ လုပ်ဆောင်ခဲ့တဲ့ အရာအားလုံးအတွက် ကျေးဇူးပါ” ဂျန်ဝုရှီက ဖေးယန်ကို ပြန်လှည့်ကြည့်၍ ဖျော့တော့စွာ ပြုံးသည်။
 
မှန်ပေ၏, သူကာကွယ်ပေးရမည့် လူများ သူ့မှာ ရှိနေသေးသည်။ သူက မည်သို့ သည်လောက် လွယ်လွယ်ကူကူဖြင့် ရှုံးမတဲ့နည်း။
 
ဖေးယန်က သူ့နှလုံးသားမှ လာသည့် အပြုံးကို မပြုံးဘဲ မနေနိုင်။
 
ဂျန်ဝုရှီနှင့် မျက်နှာချင်းဆိုင်မှာ ရပ်နေသည့် ဖျက်ဆီးခြင်း နတ်ဘုရား၏ အမူအရာက ဂျန်ဝုရှီကို မြင်သည်နှင့် ပြောင်းလဲသွားသည်။
 
သူက နတ်ဘုရားတပါး ဖြစ်သည်။ နတ်ဘုရားစွမ်းအားအဆင့်နှင့် သူ ကျွမ်းဝင်၏။ အစောနက ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း ခန်းမတွင်းသို့ ဝင်လာတုန်းက, သူတို့ သန်မာလာတာကို သူ ခံစားမိသည်။ သူတို့မှာ ဖရိုဖရဲ စွမ်းအင် ရှိနေလျှင်ပင်, မည်သည့် ဖိအားကိုမျှ သူ မခံစားခဲ့ရ။
 
သို့သော် သည်တကြိမ် သူ့ရှေ့မှာ ဂျန်ဝုရှီ ပေါ်လာတော့, ဘာ့ကြောင့် ဖိအား ခံစားရသလဲဆိုတာကို သူ မသိ။
 
သန့်စင်သော ထိုနတ်ဘုရားစွမ်းအားက, နူးညံ့သိမ်မွေ့၍ ထိုစွမ်းအားဖြင့် တွေ့ထိလွှမ်းခြုံခံရသူတိုင်းကို မနာကျင်စေသလို ထင်ရသည်။ သို့သော် ဖျက်ဆီးခြင်း နတ်ဘုရားအဖို့, ထိုစွမ်းအားက အလွန်အမင်း သည်းမခံနိုင်သော နူးညံ့သိမ်မွေ့မှု ဖြစ်နေလေ၏။
 
“မင်းစွမ်းအား... ဘာလို့ သန်မာလာတာလဲ” ဖျက်ဆီးခြင်း နတ်ဘုရားက တုန်လှုပ်ဟန်ဖြင့် ဂျန်ဝုရှီကို စိုက်ကြည့်သည်။ ဂျန်ဝုရှီက ဂျန်ဝုယောင်း သေသွားသည့်နောက် စိတ်ဓာတ်အကျကြီး ကျမသွားသည့်အပြင် စွမ်းအားပါ မထင်မှတ်ထားလောက်သည့် အဆင့်အထိ တိုးတက်လာတာကို သူ မယုံကြည်နိုင်။
 
ထိုစွမ်းအားက ဟိုး နှစ်ပေါင်းများစွာက သူ မြင်ခဲ့ဖူးသော မဟာနတ်ဘုရားကို ပြန်ပြောင်း သတိရစေသည်။
 
သို့သော် ဒါ မည်သို့ ဖြစ်နိုင်မည်နည်း။
 
ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရားကို ဖြည်းညင်းစွာ လှည့်ကြည့်လာသည်။ သူ့မျက်လုံးများက သူ(မ)၏ ရွှေရောင် မျက်လုံးများနှင့် ဆုံမိချိန်မှာ, ထိုမျက်လုံးများမှာ အမုန်းတရားကို မတွေ့ရ။ သို့သော် အေးဆေး၍ တည်ငြိမ်ပြီး ထူးမခြားနားဟန်ကိုသာ တွေ့ရသည်။
 
“နတ်ဘုရားတပါးကို သတ်ဖို့” ဂျန်ဝုရှီက အတန်ငယ် မေးမော့၍ ဖျက်ဆီးခြင်း နတ်ဘုရားကို အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
 
“ရှင်က နတ်ဘုရားဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့တယ်၊ ဒါပေမဲ့ ရှင်က နတ်ဘုရားဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မသင့်တော်ဘူး၊ သုံးလောကမှာ နတ်ဘုရားတပါး ပျောက်သွားရုံလေးပါပဲလေ၊ ကနေ့ နတ်ဘုရားတပါးကို သတ်တာ ဘယ်လိုအရသာလဲဆိုတာ စမ်းသပ်ကြည့်ရမယ်” ဂျန်ဝုရှီက အရေးမပါသည့်အလား ပြောသည်။ သူ့လေသံက မည်သည့် ခံစားချက်ကိုမျှ သစ္စာမဖောက်သွား။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီကို တိတ်ဆိတ်စွာ ကြည့်သည်။ သူ့ရှေ့မှ ဂျန်ဝုရှီက သူ နောက်ဆုံး မြင်ခဲ့သော စိတ်ဓာတ်အကျကြီး ကျနေသော သူ မဟုတ်တော့။ စိတ်ဓာတ်ကျခြင်းမှ ပြန်လည် နိုးထလာပုံပင်။ အခု သူ့ဟန်ပန်အမူအရာ အုပ်စိုးသူလို ယုံကြည်ချက် အပြည့်ပင်။ အသစ်ရရှိထားသော သူ့စွမ်းအားနှင့်ဆိုလျှင် ဖျက်ဆီးခြင်း နတ်ဘုရားကား တခါမှ မခံစားရဖူးသော ဖိအားကို ခံစားလာရသည်။
 
“နတ်ဘုရားတပါးကို သတ်ဖို့လား၊ အခုထိ မင်း ဘယ်လို ရှင်သန်အောင် ရုန်းကန်ရမလဲဆိုတာတောင် မင်း သိလို့လား၊ မင်း ငါ့ကို ဘယ်လိုနည်းနဲ့ သတ်နိုင်မှာမို့လို့, ဟားဟားဟား” ဖျက်ဆီးခြင်း နတ်ဘုရားက မသက်မသာ ခံစားနေရသော်ငြား ရဲစိတ်ရဲမာန်မွေးကာ ထိုခံစားချက်ကို ဖယ်ရှားနိုင်လို နိုင်ငြား ဟားတိုက် ရယ်မောလိုက်သည်။
❤6🔥1
၃၀၉၆။ နတ်ဘုရားတပါးကို သတ်ခြင်း (၂)
 
ဂျန်ဝုရှီက ဟားတိုက် ရယ်မောနေသည့် ဖျက်ဆီးခြင်း နတ်ဘုရားကို မတုန်မလှုပ် ကြည့်သည်။
 
“ဒါ ယဲ့ဂျိုးပဲ၊ မင်းကို ခုထက်ထိ အသက်ရှင်အောင် ကူညီပေးခဲ့တာ ယဲ့ဂျိုးပဲ၊ ဒါပေမဲ့ မင်းကို ကယ်တင်ဖို့ ကြိုးစားရင်း သူ သေသွားတာ ရှက်စရာကောင်းလိုက်တာ...”
 
“ရှင့်ရဲ့ စွမ်းရည်တွေက နွမ်းလျလာပြီပဲ” ဂျန်ဝုရှီက သူ့ကို ကြားဖြတ် ပြောလိုက်၏။ သူ့အား ဆက်ပြောခွင့် မပေးတော့။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား မှင်တက်သွားသည်။ ဂျန်ဝုရှီက ခုလိုမျိုး တုံ့ပြန်လာမည်ဟူ၍ သူ ထင်မှတ်မထား။ သူ၏ တည်ငြိမ်အေးဆေးမှုက ယဲ့ဂျိုး သေသွားတာက သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိဆိုတာကို ပြညွှန်းနေသလိုပင်။
 
“ယဲ့ဂျိုး သေသွားတဲ့ အတွက် မင်း ဘယ်လိုမှ မခံစားရဘူးလား၊ အာ... မင်းက တကယ့်ကို နှလုံးသား အေးစက်တာပဲ” ဖျက်ဆီးခြင်း နတ်ဘုရားက တခွိခွိ ရယ်မော၏။
 
ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်၍ အရေးမပါဟန်ဖြင့် ပြောသည် “ရှင် ပြောသမျှ အရာတိုင်းက ငါ့ကို ထိခိုက်နာကျင်စေဖို့ ကြိုးစားတာချည်းပဲ၊ ရှင် ဘာအကြောင်းကို ပြောချင်တာလဲ၊ ဝုယောင်း သေသွားတာကို ပြောချင်တာလား၊ ဒါမှ မဟုတ် ငါ့မိတ်ဆွေတွေကို ရှင် နာကျင်အောင် လုပ်ခဲ့တာကို ပြောချင်တာလား၊ ဒါမှ မဟုတ်... ဖြစ်နိုင်တာက ငါ ချစ်ရသူတွေကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်ချင်တာလား”
 
ဂျန်ဝုရှီ၏ တည်ငြိမ်သော လေသံက ဖျက်ဆီးခြင်း နတ်ဘုရား၏ အစီအစဉ် မှန်သမျှကို ဖျက်ဆီးသွားသည်။ ဂျန်ဝုရှီ ပြောနေပုံက သူနှင့် မသက်ဆိုင်သော အရာများကို ပြောနေသလိုပင်။
 
ဂျန်ဝုရှီ၏ ပြုမူပြောဆိုပုံက ဖျက်ဆီးခြင်း နတ်ဘုရား တကယ်ပင် မျှော်လင့်မထားသော အရာပင်။
 
တည်ငြိမ်၏။
 
အလွန့်အလွန် တည်ငြိမ်၏။
 
သူ မည်မျှပင် ဂျန်ဝုရှီကို စိတ်တိုအောင် လုပ်ပါစေ, သူ မည်သို့မျှ တုံ့ပြန်လာမည် မဟုတ်မှန်း ဖျက်ဆီးခြင်း နတ်ဘုရား သဘောပေါက်သွား၏။ ဂျန်ဝုရှီက ရေခဲတုံးကြီး ဖြစ်သွားသလိုပင်။ သူက အရာရာတိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ ကြည့်နေပြီလော။
 
“တကယ့်ကို အေးစက်တာပဲ” ဖျက်ဆီးခြင်း နတ်ဘုရားက မျက်မှောင်ကြုတ်၍ အံကြိတ်သည်။
 
ဒါက သူ လိုချင်သော ရလဒ် မဟုတ်။ သူက ဂျန်ဝုရှီကို အဆုံးသတ်မရှိသော နာကျင်မှုထဲ နစ်မြုပ်သွားစေချင်သည်။ အရာရာတိုင်းကို ထူးမခြားနားဟန် ဖြစ်မသွားစေလို။
 
ဂျန်ဝုရှီက စကားမပြောတော့ဘဲ လက်ကို မြှောက်၍ သူ့နားဆံမှ သစ်မျက်နှာမျက်နှာဖုံး ဆွဲသီးကို ဖယ်ရှားလိုက်သည်။
 
သစ်မျက်နှာ မျက်နှာဖုံးကို နားဆွဲသီးအဖြစ် ရုပ်ဖျက်ထားသည်။ သေးငယ်၍ ထိလျှင် အေးစက်၏။ ဂျန်ဝုရှီက ထိုအရာကို လက်ဖဝါးထဲ ထည့်လိုက်သည်။ ၎င်းက နွေးထွေး၍ နူးညံ့သော ငွေရောင်အလင်းကို ထုတ်လွှတ်၍ လက်ရာသေသပ်သော မျက်နှာဖုံးအဖြစ်သို့ ပြောင်းသွား၏။
 
ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရားကို ထူးမခြားနားဟန်ဖြင့် ဆက်ကြည့်နေပြီး ထိုမျက်နှာဖုံးကို တပ်လိုက်သည်။
 
“အနိုင်ရသူက ဘုရင်ပဲ၊ ဒါက သုံးလောကမှာ ရှင် ချမှတ်ထားတဲ့ စည်းမျဉ်း... ကောင်းပြီလေ, ဒါဆိုလည်း ကနေ့ ဘယ်သူ အနိုင်ရမလဲ ကြည့်ကြတာပေါ့”
 
သစ်မျက်နှာ မျက်နှာဖုံးက ဂျန်ဝုရှီ၏ ကိုယ်ပိုင် ရွှေရောင် အော်ရာဖြင့် ပေါင်းစည်းကာ အလင်းတန်းတခုတည်း ဖြစ်၍ သူ့ခန္ဓာကိုယ် တခုလုံးကို ဖုံးလွှမ်းသွားသည်။ အလင်း လျော့ကျသွားချိန်မှာ, ဂျန်ဝုရှီက ရွှေရောင် ဖျော့ဖျော့ ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဖြစ်သည်။ ထိုချပ်ဝတ်မှာ ငွေတံဆိပ်တခုကို ထွင်းထုထားသည်။ ထိုတံဆိပ်က တဖျပ်ဖျပ် လင်းလက်နေသဖြင့် ဖျော့တော့စွာ မြင်နိုင်သည်။
 
ဂျန်ဝုရှီ၏ နောက်ဘက်မှာ ရွှေရောင် တောင်ပံတစုံ ရုတ်ချည်း ထွက်ပေါ်လာ၏။
 
ထိုအတောင်ပံများကို ရွှေမီးလျှံများ လွှမ်းခြုံထားသည်။
 
သန်မာသော နတ်ဘုရားစွမ်းအားကို ထက်ဝန်းကျင် ပတ်ပတ်လည်မှ ခံစားနိုင်သည်။ ဖျက်ဆီးခြင်း နတ်ဘုရားကား သစ်မျက်နှာမျက်နှာဖုံးကို ဂျန်ဝုရှီ ဝတ်ဆင်တာကို မြင်လျှင် မျက်လုံး ပြူးသွား၏။
 
၎င်းက ဂျန်ဝုယောင်း၏ တန်ဖိုးအကြီးဆုံးသော လက်နက်များတွင် အရေးအပါဆုံး တခု ဖြစ်သည်။
 
“စကား အေးအေးဆေးဆေး ပြောတာ တော်လောက်ရောပေါ့ရှင်” ဂျန်ဝုရှီက အချိန်ဆွဲဖို့ စိတ်မဝင်စား။ သူက စကားပင် မဆုံးသေးဘဲ ဖျက်ဆီးခြင်း နတ်ဘုရားသို့ ပြေးဝင်သွားလေသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီ၏ ရုတ်တရက် အပြောင်းအလဲကြောင့် မည်သို့ တုံ့ပြန်ရမှန်းပင် မသိသေး။ ထိုစဉ် သူ့ဆီ ဂျန်ဝုရှီက ပြေးဝင်လာလျှင် မရပ်တန့်နိုင်သော အင်အားတရပ်ကို သူ ခံစားလိုက်ရ၏။
 
“ဂျန်ဝုရှီ, အရမ်း မောက်မာမနေနဲ့” ဖျက်ဆီးခြင်း နတ်ဘုရားက အော်ဟစ်ပြီးနောက် ရွှေရောင် မီးလျှံက ရုတ်ချည်း သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။
🔥6❤2
၃၀၉၇။ နတ်ဘုရားတပါးကို သတ်ခြင်း (၃)
 
စွမ်းအားနှစ်ခုက လေအလယ်မှာ တိုက်မိကြသည်။ အမြင့်ဆုံး လွှမ်းမိုးအုပ်စိုးမှုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ကြသော နဂါးနှစ်ကောင်လို သူတို့ တိုက်ခိုက်ကြလေ၏။
 
ဂျန်ဝုရှီ၏ ခန္ဓာကိုယ်က တလိပ်လိပ် ထိုးတက်လာသော စွမ်းအားကြောင့် ရွှေရောင်ဖျော့ဖျော့ အလင်းဖြင့် တောက်ပနေ၏။ ဖျက်ဆီးခြင်း နတ်ဘုရား၏ ခန္ဓာကိုယ်က ရွှေရောင်တောက်တောက် မီးလျှံဖြင့် လောင်းကျွမ်းနေ၏။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား ဂျန်ဝုရှီ၏ စွမ်းအားက သူနှင့် ယှဉ်ပြိုင်နိုင်တာကို လုံးလုံး မယုံကြည်နိုင်။ သို့မဟုတ် လုံးလုံး လက်မခံနိုင်။
 
တကယ်တော့, ဖျက်ဆီးခြင်း နတ်ဘုရားက သုံးလောက၏ နတ်ဘုရားတဆူ ဖြစ်သည်။ သူက သုံးလောကကို ဖန်ဆင်းခဲ့သည်။ သုံးလောကက သူ စိုးမိုးရာ ဌာန ဖြစ်သည်။ ဂျန်ဝုရှီက ထိုစိုးမိုးရာဌာန၏ တစိတ်တပိုင်းသာ။ သို့သော် ဂျန်ဝုရှီက တခြား‌လောကမှ လာခဲ့သည်။ သူ့စွမ်းအားက သုံးလောကမှာ နေစဉ် ချိတ်ပိတ်ခံထားရသည်။ ထို့ကြောင့် သူ မည်မျှ စွမ်းအားကြီးသလဲဆိုတာ သိနိုင်မည့် နည်းလမ်း မရှိ။
 
ထို့ကြောင့်ပင် ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီကို တိုက်ခိုက်ရဲခြင်း ဖြစ်သည်။ အစောပိုင်း ခန်းမထဲမှာတုန်းက ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းက သူ့ကို တိုက်ခိုက်လာခဲ့လျှင်, သူတို့၏ စွမ်းအားကို ပေါင်းစည်းလျှင်ပင်, သူ လွယ်လွယ်ကူကူ အနိုင်ယူနိုင်၏။ သို့သော် အခု သူ ရင်ဆိုင်နေရသည့် ဂျန်ဝုရှီက လုံးလုံးလျားလျား မတူတော့။ အပြောင်းအလဲ မြန်ချက်က သူသည်ပင် မည်သို့မျှ ပြင်ဆင်ချိန် မရလိုက်။
 
ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရားအား စဉ်းစားတွေးတောချိန်ကို မပေးဘဲ ပြင်းပြင်းထန်ထန် ပြေးဝင် တိုက်ခိုက်၏။ သူ့ခန္ဓာကိုယ်မှ ရွှေရောင် အရိပ်ကိုသာ နောက်မှာ ချန်ထားရစ်သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ကိုယ်သူ သတ္တိမွေးရုံသာ တတ်နိုင်သည်။ သူက ကျယ်လောင်စွာ အော်ဟစ်၍ ထိပ်တိုက် ရင်ဆိုင်၏။
 
သည်တိုက်ပွဲက သေခြင်းနှင့် အရမ်း နီးသော တိုက်ပွဲ ဖြစ်သည်။ နှစ်ဖက်စလုံးက သန်မာ၍ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော ရွှေရောင် အလင်းတန်းများကား ကြည့်ရှုသူများအား မျက်လုံးများကိုပင် ကန်းစေနိုင်သည်။
 
ထိုစဉ်အတွင်း ဖေးယန်ကို ရွှေရောင် စွမ်းအင်ကွင်းဖြင့် လွှမ်းခြုံထားပြီး ထိခိုက်မှု မရှိရလေအောင် ကာကွယ်ပေးထား၏။
 
ဂျန်ဝုရှီက တိုက်ပွဲ မစတင်ခင် ထိုကဲ့သို့ လုပ်ပေးခဲ့သည်။ တိုက်ပွဲအတွင်း မြေစာပင် မဖြစ်စေရန် ကန့်သတ်ပေးထားခြင်းပင်။
 
အားစက်ကွင်းက ဖေးယန်ကို ကာကွယ်ပေးထားသည်။ သို့သော် သူ့အနားမှ အရာများကို ခံစားနိုင်သော စွမ်းရည်ကိုလည်း ပိတ်ပင်ထား၏။ သူ မမြင်နိုင်သေး။ ထို့ကြောင့် တိုက်ပွဲမှ နားကွဲလုမတတ် ပေါက်ကွဲသံများကိုသာ နားစွင့်ထားရသည်။ သူ ထွက်ရပ်၍ ဂျန်ဝုရှီအား ကူညီချင်သည်။ သို့သော် သူ လှုပ်ရှားဖို့ စတင်သည်နှင့် ဆင်ခြင်တုံတရား ပေါ်လာကာ ရပ်တန့်၍ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့သာ ချ၍ ရပ်နေမိသည်။
 
သူ့စွမ်းအားလောက်ဖြင့် နတ်ဘုရားနှစ်ယောက်ကြားမှ တိုက်ပွဲကို လွှမ်းမိုးနိုင်သော နည်းလမ်း မရှိမှန်း သူ သိသည်။ ထိုခဏမှာ သူ့ဘဝမှာ ပထမဆုံးအကြိမ် အနေဖြင့် ဂျန်ဝုရှီ အနိုင်ရရှိပါစေကြောင်းနှင့် ဒုက္ခများအားလုံးကို အဆုံးသတ်ပေးနိုင်ပါစေကြောင်း သူ ဆုတောင်းမိလေ၏။
 
ဖေးယန် ဆုတောင်းပြီးသည့်နောက် သူ့ဦးခေါင်းထက်မှ ရောင်ခြည်စက်ဝန်းလေးတခု ထွက်ပေါ်လာကာ ဂျန်ဝုရှီထံ ရုတ်တရက် ဦးတည်သွားလေသည်။
 
ပြင်းထန်သော တိုက်ပွဲအတွင်းမှာ သေးငယ်သော ရောင်ခြည်စက်ဝန်းလေး ဂျန်ဝုရှီ၏ ခန္ဓာကိုယ်နှင့် ရောနှောပေါင်းစပ်သွားတာကို မည်သူမျှ သတိမပြုမိကြချေ။
 
သည်တိုက်ပွဲက ယခင် ဖြစ်ဖူးသော တခြားတိုက်ပွဲများနှင့် မတူ။ နှစ်ဖက်စလုံး၏ စွမ်းအားက သုံးလောကမှာ အရာရာတိုင်းထက် ကျော်လွန်နေသည်။ တိုက်ပွဲက ပေါက်ကွဲမှုကို ဖြစ်စေပြီး ထွတ်မြတ်မြို့တော်အနှံ့ လှိုင်းဂယက် ထန်သွားစေသည်။ ထိုပေါက်ကွဲသံကြောင့် နေရာတိုင်းမှ လူများ ယိမ်းယိုင်သွားကြသည်။
 
သူတို့ခြေထောက်အောက်မှ မြေထုက တုန်ခါသည်။ လူတိုင်း သူတို့၏ အိမ်များမှ ထွက်လာကြကာ လမ်းမကြီးမှာ စုစည်း၍ ပေါက်ကွဲသံဖြင့် ဆူညံနေသော ဘုရားကျောင်းသို့ လှမ်းမျှော်ကြည့်ကြသည်။ ဘုရားကျောင်းက နေမင်း၏ ဝါးမျိုမှုကို ခံရတော့မယောင်ပင်။
 
ဘုရားကျောင်းတခုလုံးကား တရှိန်ရှိန်တလက်လက် ဖြစ်နေသည့် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံခံထားရသည်။
🔥5❤3
၃၀၉၈။ နတ်ဘုရားတပါးကို သတ်ခြင်း (၄)
 
ဘုရားကျောင်းမှ မျက်စိကျိန်းစေသော အလင်းက ပိုမို ကြီးထွားလင်းလက်လာကာ မကြာခင်မှာပင် ထွတ်မြတ်မြို့တော်တခုလုံးကို လွှမ်းခြုံသွားလေ၏။
 
ထိပ်တန်းဆယ်ယောက် ရွေးချယ်ပွဲ ပြီးသွားပြီးနောက် ရက်အနည်းငယ်မျှသာ ကျော်သေးသည်။ ထွတ်မြတ်မြို့တော်နှင့် နီးသူများကား ထွက်ခွာသွားနှင့်ကြလေပြီ။ ကျန်ရစ်ခဲ့သူများကား ရွှေရောင်အလင်းအောက်မှာ အလွန် အားနည်းတာကို ခံစားကြရသည်။ မည်မျှပင် သန်မာပါစေ, တိုက်ပွဲမှ ထွက်လာသော အင်အားနှင့် နှိုင်းယှဉ်လျှင် မည်သူမဆို နိမ့်ကျသွားကြတာကို ခံစားကြရသည်။
 
သူတို့၏ ဝိညာဉ်စွမ်းအားက မသိရသော အင်အားတချို့ကြောင့် လှုံ့ဆော်ခံရပုံ ဖြစ်လာပြီး သူတို့၏ ခန္ဓာကိုယ်အတွင်းမှာ အဆက်မပြတ် တလိပ်လိပ် ထလာသည်။
 
ပိုင်မိုနှင့် နန်ဂုန်းလေ့က လမ်းပေါ်သို့ တက်လာပြီးနောက် သူတို့ရှေ့မှ ထူးဆန်းသော မြင်ကွင်းကို တွေ့လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံး လုံးလုံး မှင်တက်သွားကြ၏။
 
“ဘာဖြစ်နေတာလဲ” ပိုင်မိုက အဆက်မပြတ် ချဲ့ကားလာပြီး ထွတ်မြတ်မြို့တော်တခုလုံးကို ဖုံးအုပ်သွားသည့် အလင်းလှိုင်းလုံးကို ကြည့်ပြီး မေးသည်။
 
“ငါလည်း မသိဘူး” နန်ဂုန်းလေ့၏ မျက်နှာက အတန်ငယ် ဖြူရော်သွား၏။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းက တော်ဝင်ဘုရားကျောင်းမှာ မွှေနှောက်၍ သွေးပင်လယ်ဖြစ်စေနေပြီဆိုသည့် သတင်းကို သူ အစောနကမှ ရရှိခဲ့သည်။ သူ ထိုသတင်းကို ချောင်းချူတို့အား ပို့ပေးချိန်မှာ, သူတို့လည်း ချက်ချင်းပင် တော်ဝင်ဘုရားကျောင်းသို့ ပြေးသွားကြလေ၏။
 
သူနှင့် ပိုင်မိုလည်း သူတို့နှင့် အတူ သွားချင်ကြသည်။ သို့သော် သူတို့ ငြင်းဆိုခံကြရသည်။ သူတို့က အသေခံ၍ သွားတိုက်ခိုက်မှာ ဖြစ်သည်။ ပိုင်မိုနှင့် နန်ဂုန်းလေ့သာ သူတို့နှင့် အတူ သွားလျှင် သေဖို့လည်း ကျိန်းသေလိမ့်မည်။
 
သူတို့က ပိုင်မိုနှင့် နန်ဂုန်းလေ့ကို ညွှန်ကြားခဲ့ကြသည်။ သူတို့ သေသွားလျှင် ချက်ချင်း ထွတ်မြတ် မြို့တော်မှ ထွက်သွားကြရန်နှင့် ရောင်းရူကိုပါ ခေါ်၍ သူတို့ အသက်ရှင်သန်နိုင်သော အခွင့်အရေး ရှိနိုင်သည့် အောက်ဘုံသို့ သွားကြရန် ညွှန်ကြားထားခဲ့ကြသည်။
 
“ဖန်ဇိုနဲ့ တခြားလူတွေ အဆင်ပြေမယ်လို့ မင်း ထင်လား” ပိုင်မိုကား မသက်မသာ ခံစားလာရသည်။ သူ့စွမ်းအားနှင့် ပတ်သက်၍ သူ အမြဲတမ်း ယုံကြည်ချက် ရှိသလို ခံစားခဲ့ရသည်။ သို့သော် ထိုအလင်းအောက်တွင် သူကား လုံးဝ အားနည်း၍ စွမ်းအားမဲ့သလိုသာ ခံစားရလေသည်။
 
ထိုအလင်းက စွမ်းအားမှန်သမျှ၏ အထက်မှာ ရှိသော စွမ်းအားတမျိုး ဖြစ်သည်။ သူတို့ တောင့်ခံနိုင်မည်ဟူ၍ စဉ်းစားကြလျှင် ၎င်းက ရယ်ဖွယ်ရာသာ ဖြစ်လိမ့်မည်။
 
ပိုင်မိုနှင့် နန်ဂုန်းလေ့က ချဲ့ကားလာသော ထိုအလင်းမှ အတော်လေး အလှမ်းဝေးသော နေရာမှာ ရှိကြသည်။ သို့တိုင် ထိုစွမ်းအားကို သူတို့ ခံစားနိုင်ကြ၏။ ထိုလို စွမ်းအားမျိုးနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ မည်သူမျှ စဉ်းစားပင် စဉ်းစားရဲကြမည် မဟုတ်။
 
ထိုစွမ်းအားက စကားလုံးဖြင့် ဖော်မပြနိုင်သော အကြောက်တရားကို သွတ်သွင်း၍ လူများအား မထိန်းချုပ်နိုင်စွာ တုန်ယင်ချောက်ချားစေသည်။
 
“ငါ မသိဘူး၊ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ်, ရောင်းရူနဲ့ အတူ ငါတို့ အချိန်မရွေး ထွက်သွားကြရမယ်” နန်ဂုန်းလေ့က မျက်မှောင်ကြုတ်၍ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားသည်။
 
“သူတို့ အဆင်ပြေဖို့ ငါ မျှော်လင့်တယ်” ပိုင်မိုက အံကြိတ်သည်။ ထိုခဏမှာ သူ အားနည်းတာကို မုန်းတီးမိသည်။ သို့သော် သူ့စွမ်းအားက နှစ်ဆ ခုန်တက်သွားလျှင်ပင်, ဘာမှ ထူးခြားလာမှာ မဟုတ်မှန်း သူသည်လည်း သိပေသည်။
 
ရွှေရောင်အလင်းက မြို့တော်အနှံ့ ပြန့်ကားလာတုန်းပင်။ ပညာရှင်ဆိုသူများ အားလုံး သူတို့ကိုယ်တိုင် မယုံကြည်နိုင်သော အခြေအနေသို့ ဆိုက်ရောက်သွားတာကို တွေ့ရှိကြသည်။
 
ရွှေရောင်အလင်းမှာ တစုံတခု ပါလာသည်။ ၎င်းက သူတို့နှင့် ထိမိချိန်မှာ, သူတို့အား ဆူပွက်စေ၍ သူတို့၏ စွမ်းအားကို တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ အထွတ်အထိပ်သို့ တွန်းတင်သွားလေ၏။
 
ထိုရုတ်တရက် အပြောင်းအလဲကို သူတို့ လိုက်မမီကြ။ ပိုပြီး အံ့အားသင့်ဖွယ်ကောင်းတာက, ထိုအလင်းအောက်မှာ စွမ်းအားတိုးလာခြင်းက မြှောက်ကိန်းအတိုင်း ဖြစ်သွားခြင်းပင်။
❤6
၃၀၉၉။ နတ်ဘုရားတပါးကို သတ်ခြင်း (၅)
 
၎င်းက ရှက်စရာပင်...
 
သူတို့၏ အင်အား ရုတ်တရက် တိုးတက်လာသဖြင့် သူတို့ မပျော်ရသေးခင်မှာပင်, သူတို့၏ စွမ်းအားက ၎င်း၏ အထွတ်အထိပ်သို့ ရောက်ပြီးသည်နှင့် မကြာခင်မှာပင် ထိုစွမ်းအားကို သူတို့၏ ခန္ဓာကိုယ်မှ ဆွဲနှုတ်သွားလေ၏။
 
တယောက်ပြီး တယောက် သူတို့၏ စွမ်းအားများ သူတို့၏ ခန္ဓာကိုယ်မှ ထွက်လာကာ အလင်းလုံးအဖြစ် ဘုရားကျောင်းသို့ ဦးတည်သွားသည်။
 
ချက်ချင်းပင် သူတို့၏ ပီတိဖြစ်ခြင်းက ထိန်းချုပ်မရသော ကြောက်ခြင်းသို့ ပြောင်းလဲသွားသည်။ သူတို့ကား ကြောက်လန့်တကြား အော်ဟစ်၍ အလင်းကို ရှောင်ဖယ်ဖို့ ကြိုးစားကြသည်။ သို့သော် သူတို့၏ အင်အားကို သူတို့၏ ခန္ဓာကိုယ်မှ ဆက်တိုက် နှုတ်ယူသွားတာကိုသာ ခံရပြီး ဖြစ်နိုင်သမျှ မြန်မြန် ထွက်ပြေးဖို့ သူတို့၏ ခြေနှစ်ချောင်းကိုသာ အားကိုးကြရတော့သည်။
 
သို့သော် သူတို့ကား ပြန့်ကားလာသည့် အလင်းလောက် မြန်အောင် မပြေးနိုင်ကြချေ။ သူတို့ကား မည်သို့မျှ တုံ့ပြန်ချိန် မရလိုက်ဘဲ အိပ်မက်ဆိုးကို သယ်ဆောင်လာသော ရွှေရောင်အလင်း ဝါးမျိုတာကိုသာ ခံကြရတော့သည်။
 
ပိုင်မိုနှင့် နန်ဂုန်းလေ့က အလင်းမှ အလှမ်းဝေးကြသေးသည်။ သို့သော် ထိုအလင်းအတွင်းသို့ ရောက်သွားသူများ၏ နာနာကျင်ကျင် အော်ဟစ်သံကို သူတို့ ကြားကြရသဖြင့် အန္တရာယ်ကြီးတာကို သူတို့ ခံစားမိကြသည်။ သူတို့နှစ်ယောက်လုံး သူတို့၏ စွမ်းအားများ မြင့်တက်လာတာကို ခံစားကြရသဖြင့် တချိန်တည်းမှာပင် ထွတ်မြတ်မြို့တော်မှ ထွက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
 
…
 
တော်ဝင်ဘုရားကျောင်းအတွင်းမှာ ဂျန်ဝုရှီနှင့် ဖျက်ဆီးခြင်း နတ်ဘုရားက အပြင်းအထန် တိုက်ခိုက်နေကြသည်။ ထိုတိုက်ပွဲက မြေပြင်ကို တုန်ခါစေသည်။ တိုက်ချက်တိုင်း ဝုန်းဒိုင်းကြဲလျက် ဆူညံပွက်လောရိုက်စေသည်။ လှပစွာ တန်ဆာဆင်ထားသော ဘုရားကျောင်းအတွင်းမှ အဆောက်အဦးများစွာလည်း တိုက်ပွဲအားကို မခံနိုင်သဖြင့် ပြိုကျပျက်စီး၍ အုတ်ကျိုးအုတ်ပဲ့များသာ ဖြစ်သွားကြသည်။
 
ဖုန်မှုန့်များ ပြာမှုန့်များကား နေရာတိုင်းမှာ လွင့်စင်လျက် ရှိသည်။ အချိန်တခဏလေးဖြင့် တချိန်တုန်းက မနှိုင်းယှဉ်သာအောင် လှပခဲ့သော ဘုရားကျောင်းကား အပျက်အစီး တိုက်ပွဲကွင်းပြင် ဖြစ်သွားလေ၏။
 
ခန်းမကြီးကား ပြိုကျလုဆဲဆဲ ဖြစ်လာသည်။ အစောင့်များက သူတို့အသက်သေမှာ ကြောက်သွားသဖြင့် ထိတ်လန့်ကာ ဟန်ကျီဖေးနှင့် ဂျန်ဂုကို ထိန်းချုပ်ထားတာကို မေ့လျော့သွားကြသည်။ သူတို့အသက်ကို ကယ်တင်ဖို့, သူတို့က ဟန်ကျီဖေးနှင့် ဂျန်ဂုကို ကြိုးဖြေ၍ ခန်းမကြီးမှ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးကြလေ၏။
 
သူတို့ဘာသာဆို မလွတ်မြောက်နိုင်သော ဟန်ကျီဖေးနှင့် ဂျန်ဂုက ထွက်ပြေးလွတ်မြောက်ဖို့ အလျင်မလိုကြ။ သူတို့က ချက်ချင်းပင် ချောင်းချူတို့ သုံးယောက်ကို ကောက်မ၍ ခန်းမကြီးမှ ထွက်သွားနိုင်ကြသည်။ သူတို့ ထွက်သွားချိန်မှာပင် ခန်းမကြီးတခုလုံး ပြိုလဲကျသွား၏။
 
သို့သော်ငြား ဆိုးရွားစွာ ဒဏ်ရာရထားသော ဖန်မင်းကို မည်သူမျှ ဂရုမစိုက်ကြ။ သူက ခန်းမကြီးထဲမှာ ထိုင်၍ သူ့အပေါ် ပြိုကျလာသော ခန်းမကြီးကို မျှော်လင့်ချက် ပျက်သုဉ်းကာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
 
ဝုန်းဆိုသော အသံကျယ်ကြီးနှင့် အတူ ခန်းမကြီးကား အကျိုးအပဲ့ပုံကြီး ဖြစ်သွားကာ ဖန်မင်းကို ဝိညာဉ်နှင့် တကွ မြှပ်နှံလိုက်လေ၏။
 
ဟန်ကျီဖေးနှင့် တခြားလူများ ခန်းမထဲမှ ထွက်လာချိန်မှာ, သူတို့အား စောင့်မျှော်နေသည့် မြင်ကွင်းကြောင့် သူတို့ တုန်လှုပ်သွားကြသည်။
 
ရွှေရောင်အလင်းတန်း ဖြတ်ကျော်သွားသည့်နောက် တခါတုန်းက ကြွယ်ဝချမ်းသာသော မြို့တော်ကား မတည်ရှိတော့ဘဲ မြေရိုင်းမြေကောနှင့်သာ တူတော့သည်။ သူတို့၏ အိမ်များမှ ထွက်လာကြသူများလည်း အခု မြေပြင်မှာ အလောင်းကောင်များ ဖြစ်သွားကြသည်။ သူတို့၏ မျက်နှာများကား နာကျင်မှုကြောင့် ရှုံ့တွသွားကြသည်။ သူတို့၏ စွမ်းအားများသည်လည်း သူတို့၏ ခန္ဓာကိုယ်မှ ဆွဲနှုတ်ခံရကာ ရွှေရောင်အလင်းတန်း၏ စုပ်ယူတာကို ခံလိုက်ကြရသည်။
 
“ဒါ ဘာလဲ” ဂျန်ဂုက ဖန်ဇိုနှင့် ချောင်းချူကို လက်တဖက်တချက်မှာ ထောက်မပေးထားရင်း သူ့ရှေ့မှ အစုလိုက် သေဆုံး၍ ပျက်စီးသွားတာကို ကြည့်ရင်း မေးလိုက်သည်။
❤7
၃၁၀၀။ နတ်ဘုရားတပါးကို သတ်ခြင်း (၆)
 
ဟန်ကျီဖေး သောကရောက်သွား၏။ ဟွာယောင်းကို သူ ကျောပိုးထားသည်။ ဟွာယောင်း၏ သွေးများဖြင့် သူ့အဝတ်အစားများ ရွှဲနစ်နေသည်။ ၎င်းက သူ့အား အေးစက်စက် ခံစားရစေသည်။ ဟန်ကျီဖေးအား သောကရောက်စေတာက အစောင့်များ၏ ထူးဆန်းသော အခြေအနေ ဖြစ်သည်။
 
“ငါ သေချာ မသိဘူး, ဒါပေမဲ့ တခုခု ဆိုးရွားတာ ဖြစ်တော့မှန်း ငါ ခံစားနေရပြီ” ဟန်ကျီဖေး၏ နှလုံးက အလျင်အမြန် ခုန်လာပြီး မသက်မသာ ခံစားလာရ၏။
 
တခဏအတွင်းမှာပင် အစောင့်များက သူတို့မျက်စိရှေ့မှာပင် အလောင်းကောင်များ ဖြစ်သွားကြလေ၏။ သူတို့၏ အင်အားနှင့် အစွမ်းမှန်သမျှ သူတို့ခန္ဓာကိုယ်မှ ရွှေရောင်အလင်း၏ စုပ်ယူတာ ခံကြရသည်။ နာကျင်စွာ အော်ဟစ်သံပါ တွဲလျက် ဖြစ်ပေါ်လာသည်။
 
ဟန်ကျီဖေး၏ မသက်မသာ ဖြစ်မှုက ချက်ချင်း အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ သူ၏ ဝိညာဉ်စွမ်းအားက ရုတ်ချည်း ထိုးတက်လာတာကို သူ ခံစားရသည်။ ထိုအရာက သူ့အား မပျော်ရွှင်စေ။ ထိုအစား ကြောက်ရွံ့ခြင်းသာ ဖြစ်လာ၏။
 
“ဒါ ကြောက်စရာ အရမ်းကောင်းတယ်၊ ဒါ ပေါင်းစည်းသန္ဓေ မန္တာန်ပဲ” ဟန်ကျီဖေး မျက်နှာပျက်ယွင်းလျက် ပြောသည်။
 
သူက ထွတ်မြတ်အမျိုးသမီးဂိုဏ်းမှ ထွတ်မြတ်သူတော်စင်မ ဖြစ်ခဲ့သည်။ ယခင် သူတော်စင်မနှစ်ဦးက ဖျက်ဆီးခြင်း နတ်ဘုရားအနားမှာ ခစားခဲ့ကြသည်။ ထိုစဉ်တုန်းက ဖျက်ဆီးခြင်း နတ်ဘုရား၏ အစီအစဉ်ကို ဟန်ကျီဖေး ရှာမတွေ့ခဲ့လျှင်, အထက်ဘုံမှ စောစီးစွာ ထွက်ပြေးမိမည် မဟုတ်။ သို့ဆိုပါက သူသည်လည်း ယခင် သူတော်စင်မ နှစ်ယောက်လို ဖျက်ဆီးခြင်း နတ်ဘုရားထံသို့ ပို့လွှတ်ခံရမည်သာ ဖြစ်သည်။
 
မည်သို့ပင် ဖြစ်စေ, သူ ငယ်ငယ်လေးကတည်းက ဖျက်ဆီးခြင်း နတ်ဘုရားအား ခစားဖို့ သင်ကြားခံခဲ့ရသည်။ ထို့ကြောင့် နှစ်များစွာ သူနှင့် ဆက်သွယ်ခဲ့ရသည်။ ထို့ကြောင့် သူ့လျှို့ဝှက်ချက် များစွာကို သူ နားလည်ခဲ့သည်။
 
ထိုစဉ်တုန်းက သူက ရက်စက်သော ဆရာသခင်ဟူ၍သာ တွေးခဲ့သည်။ လောကကြီးကို ဖျက်ဆီးချင်သော ဖျက်ဆီးခြင်း နတ်ဘုရားဟူ၍ မထင်ခဲ့။
 
“ပေါင်းစည်းသန္ဓေ မန္တာန်လား၊ အဲဒါ ဘာလဲ” ဂျန်ဂုက မျက်မှောင်ကြုတ်သည်။ ဟန်ကျီဖေးလို သူသည်လည်း မသက်မသာ ခံစားလာရ၏။
 
ဟန်ကျီဖေးက အလွန်ပင် မသက်မသာ ဖြစ်လာ၏။ သူက သူ့ဝိညာဉ်စွမ်းအင်ကို သူ့ခန္ဓာကိုယ်အတွင်းမှာ ဆက်တိုက် ပြောင်းရွှေ့ပစ်သည်။ မန္တာန်ကို တန်ပြန်တိုက်ခိုက်ဖို့ သူ ကြိုးစားသည်။ သို့သော် မည်သို့မျှ အရာမထင်။
 
“ဒါက မန္တာန်လမ်းကြောင်းမှာ ရှိတဲ့ လူတိုင်းရဲ့ ဝိညာဉ်စွမ်းအားနဲ့ အသက်အင်အားကို ဆွဲနှုတ်ယူတဲ့ ဖျက်ဆီးခြင်း နတ်ဘုရားရဲ့ မန္တာန်တမျိုးပဲ၊ အဲမန္တာန်နဲ့ စွမ်းအားတွေကို ဖျက်ဆီးခြင်း နတ်ဘုရား စုပ်ယူလို့ ရအောင် ပို့ဆောင်‌ပေးတယ်၊ ဒါကို သူ သုံးနေပြီဆိုတော့, ဆိုလိုတာက ရှီလေး ပြန်ကောင်းလာပြီး သူ့ကို ဖိအားပေးနေပြီဆိုတဲ့ သဘောပဲ”
 
“မင်းပြောသလိုဆို, လူတိုင်းရဲ့ စွမ်းအားက ဖျက်ဆီးခြင်း နတ်ဘုရားရဲ့ အစိတ်အပိုင်း ဖြစ်သွားမယ်၊ ဒါဆို ရှီလေးအတွက် အန္တရာယ်ကြီးပြီပေါ့” ဂျန်ဂုက ခေါင်းယမ်းသည်။ သူ့သမီး ပြန်ကောင်းလာသဖြင့် ပျော်ရမည့် အစား ထိုသတင်းကြောင့် သူ အင်မတန် စိုးရိမ်ပူပန်လာသည်။
 
ဟန်ကျီဖေး တိတ်ကျသွား၏။ မန္တာန်ကို သူ သိသော်ငြား, ထိုမန္တာန်ကို မည်သို့ ချိုးဖျက်ရမည်မှန်း သူ မသိ။
 
ထိုခဏမှာ သူတို့၏ ဝိညာဉ်စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိလာတာကို သူတို့ ခံစားရသည်။ သူတို့၏ ခန္ဓာကိုယ်များကို သူတို့ မထိန်းချုပ်နိုင်ကြတော့။ ထို့ပြင် သူတို့၏ ခြေထောက်များက မြေပြင်မှာ စွဲမြဲသွားကြသည်။ တလက်မလေးပင် မလှုပ်ရှားနိုင်ကြတော့။
 
သိပ်မကြာခင် သူတို့သည်လည်း ထိုအစောင့်များလို မြေပြင်မှာ အလောင်းကောင်များ ဖြစ်သွားကြလိမ့်မည်။
 
ကြောက်ရွံ့ခြင်းနှင့် အကူအညီမဲ့ခြင်းက သူတို့နှလုံးသားများမှာ မင်းမူသွားသည်။ သူတို့ဆီ လာတော့မည့် သေခြင်းကို သူတို့ စောင့်ဆိုင်းနေကြရုံသာ တတ်နိုင်တော့သည်။
 
သို့သော်ငြား...
 
သူတို့အတွက် သေရေးရှင်ရေးတမျှ ဖြစ်နေချိန်မှာ ရွှေရောင် အလင်းစက်ဝိုင်း ပေါ်လာပြီး သူတို့နှစ်ယောက်ကို ဝိုင်းပတ်သွားသည်။ ချောင်းချူတို့လည်း အပါအဝင်ပင်။
❤9
အပိုင်းတစ်ရာ ပြည့်သွားပြန်ပြီပေါ့။ ပြီးဖို့ ၂၃ပိုင်းပဲ ကျန်ပါတော့တယ်။ နောက်ဆုံး တစ်ပိုင်းကို စတင်ခြင်းတစ်နှစ်တာ စာစဉ်တုန်းကလို အရောင်းတင်ပါ့မယ်။ မြည်းကြည့်လို့ အစပ်အဟပ် တည့်ရင် ကြိုက်ဈေးပေးပြီး ဝယ်ပေါ့နော်။ စာဖတ်သူများ ဆန္ဒပါ။ ဘေးကင်းလို့ ရန်ကွာကြပါစေ...
❤8
Genius Doctor pinned «၃၁၀၁ ၃၁၀၂ ၃၁၀၃ ၃၁၀၄ ၃၁၀၅ ၃၁၀၆ ၃၁၀၇ ၃၁၀၈ ၃၁၀၉ ၃၁၁၀ ၃၁၁၁ ၃၁၁၂ ၃၁၁၃ ၃၁၁၄ ၃၁၁၅ ၃၁၁၆ ၃၁၁၇ ၃၁၁၈ ၃၁၁၉ ၃၁၂၀ ၃၁၂၁ ၃၁၂၂ ၃၁၂၃»
၃၁၀၁။ နတ်ဘုရားတပါးကို သတ်ခြင်း (၇)
 
ရွှေရောင် အလင်းစက်ဝိုင်းနှစ်ခု သူတို့ကို ဝိုင်းပတ်သွားပြီးနောက်, သူတို့၏ ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ်များ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကို သူတို့ ခံစားမိကြသည်။ ထိုစက်ဝိုင်းများက ပြင်ပအင်အားများမှ ကာကွယ်ပေးထားသည်။
 
“ဒီစွမ်းအား...” ဂျန်ဂုက သူတို့အား ဝိုင်းပတ်ထားသော ရွှေရောင် စက်ဝိုင်းကို ကြည့်သည်။ ၎င်းက သူတို့၏ ခန္ဓာနှင့် ဝိညာဉ်စွမ်းအားသို့ ငြိမ်းချမ်းမှုကို ယူဆောင်ပေးလာသည်။ ထို့ပြင် ထိုအလင်းစက်ဝိုင်းက ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကိုလည်း ယူဆောင်ပေးလာ၏။
 
“ဒါ ရှီလေးပဲ” ဟန်ကျီဖေးက သူတို့သမီးဆီမှ ရင်းနှီးကျွမ်းဝင်သော အငွေ့အသက်ကို ခံစားမိလျှင် ဆို့နင်သွားသည်။ တိုက်ပွဲပြင်းထန်သော်ငြား, သူတို့ကို သူ သတိတရဖြင့် ကာကွယ်ပေးဖို့ သူ့စွမ်းအားကို ဖဲ့ပေးခဲ့သည်။
 
“ရှီလေး ဒီတိုက်ပွဲကို အောင်မြင်ဖို့ မျှော်လင့်တယ်၊ သူ ဘေးကင်းကင်းနဲ့ ပြန်လာဖို့ပဲ ငါ ဆုတောင်းတယ်” ဂျန်ဂုက စိုးရိမ်တကြီး ဆိုသည်။ သူ့နှလုံးသားက သူ့သမီးအတွက် စိုးရိမ်ပူပန်ခြင်းဖြင့် ပြည့်နှက်သွားသည်။
 
သူတို့သမီးက ဒုက္ခများစွာကို ရင်ဆိုင် ကျော်ဖြတ်ခဲ့ရသည်။ သူ့ကို ကူညီဖို့ သူတို့မှာ လုံလောက်စွာ မသန်မာ။ ဖျက်ဆီးခြင်း နတ်ဘုရားကို သူ အောင်မြင်ဖို့ သူတို့ ဆုတောင်းကြရုံသာ တတ်နိုင်ကြသည်။
 
…
 
တိုက်ပွဲမှာ ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအားက တိုးမြင့်လာသည်။ ဂျန်ဝုရှီနှင့် ရင်ဆိုင်တိုက်ခိုက်လျှင်, သူ့ စွမ်းအားက လျော့ပါးမသွားသည့်အပြင်, တိုးပွားလာပုံ ရသည်။ သို့ဖြင့် သူ့မျက်နှာက ပို၍ပင် ရူးသွပ်လာ၏။
 
“ဂျန်ဝုရှီ, မင်း ငါ့ကို မနိုင်ပါဘူး၊ ပေါင်းစည်းသန္ဓေမန္တာန်ကို အသုံးချလိုက်ရင်, ငါပဲ သန်မာလာမှာ၊ မင်းမိတ်ဆွေတွေ, မင်းချစ်သူတွေ အကုန်လုံးရဲ့ စွမ်းအားက အခု မင်းကို ဖျက်ဆီးမဲ့ ငါ့စွမ်းအားရဲ့ အစိတ်အပို်ငး ဖြစ်လာပြီ” ဖျက်ဆီးခြင်း နတ်ဘုရားက သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် စူးရဲစွာ ကြည့်ပြီး ပြောသည်။
 
ဂျန်ဝုရှီက အင်မတန် စွမ်းအားကြီးတာကို သူ ဝန်ခံသည်။ သို့သော်...
 
ဒါက သူ့တိုက်ပွဲကွင်းပြင် ဖြစ်သည်။
 
သူက သုံးလောက၏ သွေးစတေး အစီအစဉ်ကို လက်လွှတ်ခဲ့ရပြီး ဖြစ်သည်။ ဂျန်ဝုယောင်း မရှိတော့သဖြင့် ဟင်းလင်းပြင်ကို သူ မချိုးဖောက်နိုင်သော်လည်း, သုံးလောကမှ လူတိုင်း၏ စွမ်းအားကို သူ စုပ်ယူဝါးမျိုနိုင်သည်။ သို့ဆိုပါက သူသည် လူတိုင်း ကြောက်ရွံ့ရသော တစုံတယောက် ဖြစ်လာလိမ့်မည်။
 
ဂျန်ဝုရှီက ယုတ်မာသော ဖျက်ဆီးခြင်း နတ်ဘုရားကို အေးစက်စွာ ကြည့်သည်။ တိုက်ပွဲအလယ်မှာ ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအား မြင့်တက်လာတာကို ရှင်းလင်းစွာ သူ ခံစားမိသည်။ သူ ပြောသော စကားသည် အခြေအနေက ဆိုးရွားပြင်းထန်နေပြီဆိုတာကို သူ့အား ပိုလို့ပင် ရှင်းလင်းစေသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ အကြံအစည်ကို သူ တွေးမိသဖြင့် ဟန်ကျီဖေးနှင့် တခြားလူများကို ကာကွယ်ဖို့ သူ့စွမ်းအားကို ပို့လွှတ်ခဲ့သည်။ သို့သော် သူ့စွမ်းအားက လျော့နည်းလိုက်လာ၏။ လူများကို ကာကွယ်ဖို့ အတိုင်းအတာ တခုသာ ရသည်။ သူတို့ တော်ဝင်မြို့တော်မှ ထွက်သွားလျှင် သူတို့ကို ဆက်လက် ကာကွယ်ပေးနိုင်မလား, ဂျန်ဝုရှီ မသေချာ။
 
ဖျက်ဆီးခြင်း နတ်ဘုရားကို ရပ်တန့်အောင် လုပ်ရမည်။
 
သူ့မန္တာန် သုံးလောကတခုလုံးသို့ မရောက်ခင် ဖျက်ဆီးခြင်း နတ်ဘုရားကို ရပ်တန့်အောင် လုပ်ရမည်။
 
ဂျန်ဝုရှီက သက်ပြင်း နက်နက် ရှိုက်၍ နောက်တကြိမ် ဖျက်ဆီးခြင်း နတ်ဘုရားကို တိုက်ခိုက်၏။
 
တိုက်ပွဲက အဆုံးသတ် တိုက်ပွဲ ဖြစ်သည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအားက မြင့်တက်လာနေဆဲပင်။ ပတ်ပတ်လည်မှ စွမ်းအားများ အားလုံး ရောက်လာသည်။ ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီကို နှိမ်နင်းဖို့ ထိုစွမ်းအားကို အသုံးပြုသည်။ သို့ဖြင့် တဖက်သတ် တိုက်ပွဲ ဖြစ်သွား၏။
 
ဂျန်ဝုရှီ၏ စွမ်းအားက အကြီးအကျယ် တိုးတက်လာခဲ့သည်။ သို့သော်ငြား နောက်ထပ် တိုးတက်မလာ။ စွမ်းအား ပိုပို တိုးလာသည့် ဖျက်ဆီးခြင်း နတ်ဘုရားနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ ဂျန်ဝုရှီအတွက် ခက်ခဲလာ၏။
❤7
၃၁၀၂။ အဆုံးသတ် (၁)
 
ငါ ရှုံးလို့ မရဘူး...
 
ဂျန်ဝုရှီ၏ မျက်လုံးများမှာ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားတာကို တွေ့နိုင်သည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ တရိပ်ရိပ် တိုးတက်လာသည့် စွမ်းအားနှင့် ရင်ဆိုင်ပင် ရင်ဆိုင်ရသော်ငြား, ကြောက်ရွံခြင်း သို့မဟုတ် နောက်ဆုတ်လိုခြင်းကို နည်းနည်းလေးပင် မတွေ့ရ။
 
(ရှီလေး, မင်း တယောက်တည်း တိုက်ပွဲ မဝင်ရပါဘူးကွာ)
 
ရင်းနှီးကျွမ်းဝင်သော အသံက သူ့ဝိညာဉ်မှ ရုတ်တရက် ပျံ့လွင့်တက်လာသည်။
 
ခဏလောက် မှင်တက် တိတ်ဆိတ်ပြီးနောက်, ပုံရိပ်တခုက ဂျန်ဝုရှီနောက်မှာ ပေါ်လာသည်။ ထိုပုံရိပ်က နွေးထွေးခြင်း မရှိ, သို့မဟုတ် ရင်းနှီးကျွမ်းဝင်သော ခံစားချက်ကို မပေး။ သို့တိုင် သူ့အား ငြိမ်းချမ်းမှုကိုတော့ ယူဆောင်ပေးတုန်းပင်။
 
(မင်း တိုက်ခိုက်နေတုန်း, မင်းဘေးမှာ ငါတို့လည်း ရှိနေကြတယ်” ထိုပုံရိပ်က သူ့ကို ကျောဘက်မှ ဖက်၍ ဂျန်ဝုရှီ၏ ဖြန့်ကားထားသော လက်များကို ကိုင်လိုက်သည်။ ၎င်းက သူ့စွမ်းအားကို တိုးမြှင့်ပေးသကဲ့သို့ပင်။
 
သူတို့လက်များ ထိတွေ့သွားသည့် ခဏမှာပင်, မျက်စိကျိန်းမတတ် ငွေရောင်အလင်းက အရပ်လေးမျက်နှာမှ လာ၍ ဂျန်ဝုရှီ၏ ခန္ဓာကိုယ်ထဲ တိုက်ရိုက် တိုးဝင်သွားသည်။
 
အလင်းလုံးတိုင်း စွမ်းအား အနည်းငယ်စီ ပါဝင်သည်။ သို့သော် အရေအတွက် များပြားစွာ ရောက်ရှိလာပြီး ဂျန်ဝုရှီ၏ ခန္ဓာကိုယ်အတွင်းသို့ အလင်းလုံး တခုချင်းစီတိုင်း စွမ်းအား ဖြည့်သွင်းပေးသွားသဖြင့် ဂျန်ဝုရှီ၏ စွမ်းအားအဆင့် ကြီးထွားလာတာကို သူ(မ) ခံစားမိသည်။
 
(နတ်ဘုရားတွေ တည်ရှိနေတာ ယုံကြည်မှုကြောင့်ပဲ၊ မင်း ကာကွယ်ပေးခဲ့တဲ့ လူတွေက အခု မင်းကို ပြန် ကာကွယ်ပေးလိမ့်မယ်။) ဂျန်ဝုယောင်းက ပြုံးသည်။ ထို့နောက် သူ့ပုံရိပ်က ဝါး၍ အလင်းလုံးကြီးအသွင် ပြောင်းကာ ဂျန်ဝုရှီခန္ဓာကိုယ်ထဲ နောက်တကြိမ် ဝင်ရောက်၍ ရောနှောပေါင်းစပ်သွားလေ၏။
 
ထိုသို့ ဖြစ်ပျက်နေစဉ်, အောက်ဘုံမှာ...
 
မရေမတွက်နိုင်သော လူများ အုပ်စုလိုက် စုဝေးနေကြသည်။ ဂျန်ရှန်း, ဂျန်ချင်း, ချူလင်းယွဲ့, လေ့ချန်, မိုချင်းယွမ်, ပိုင်ယွမ်ရှန်း....
 
ရူလင်း စစ်သားများလည်း မရေမတွက်နိုင်, သံမဏိသွေးစစ်တပ်လည်း မရေမတွက်နိုင် စုဝေးနေကြ၏။
 
သူတို့အားလုံး စုဝေးနေကြသည့် ထိုခဏမှာ, သူတို့ထဲမှ လူတယောက်က သူ့ခန္ဓာကိုယ်ကို တောက်ပသော ‌ရောင်ခြည်စက်ဝန်းတခု လွှမ်းခြုံလာသည်။ သူကား ထန်ကျဲ။
 
ထန်ကျဲက ရုတ်တရက် သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည်လည်း တဆတ်ဆတ် တုန်ရီလာ၏။ သူ စတင်၍ စကားပြောသည်။ သို့သော် ထိုစကားသံက ဂျန်ဝုယောင်းထံမှ လာသော စကားသံ ဖြစ်သည်။
 
(ရှီလေးက မင်းတို့ကို လိုအပ်နေပြီ, မင်းတို့ရဲ့ ယုံကြည်မှုကို သူ့ဆီ ပို့ပေးကြပါ။)
 
ထိုစကားက ထိုလူများဆီ ဂျန်ဝုယောင်း ပို့ပေးသော အဆုံးသတ် စကားပင်။
 
ထန်ကျဲက ဂျန်ဝုယောင်း၏ သွေးတစက်ကို အသုံးပြုခဲ့ဖူးသည်။ ဂျန်ဝုယောင်း ကိုယ့်ကိုယ်ကို ဖောက်ခွဲပြီးနောက်, ထိုသွေးစက်က သူ့ဝိညာဉ်နှင့် ဆက်သွယ်ဖို့ နောက်ဆုံး ဆက်ကြိုး ဖြစ်ခဲ့သည်။ သူက ထိုဆက်ကြိုးကို အသုံးပြု၍ သူ၏ အဆုံးသတ် ဆန္ဒသံကို ပို့ပေးခဲ့သည်။
 
သူတို့၏ ယုံကြည်မှု...
 
ထိုစကားများက ဂျန်ရှန်းနှင့် တခြားလူများအား ခဏလောက် မှင်တက်စေသည်။ ထို့နောက် သူတို့ ရုတ်တရက် အသိ ရှင်းသွားကြသည်။
 
သူတို့ ချက်ချင်းပင် လူတိုင်းကို စုဝေးစေကြသည်။ သို့သော် သူတို့၏ ယုံကြည်မှုကို မည်သို့ ပို့ပေးရမလဲ, သူတို့ မသိကြ။ ခဏကြာပြီးနောက် သူတို့ ဆုတောင်းကြသည်, ဂျန်ဝုရှီ အနိုင်ရပါစေကြောင်း ဆုဆောင်းစကား ဆိုကြသည်။ သူတို့၏ ဦးခေါင်းမှ အလင်းလုံးလေးများ ပေါ်ထွက်၍ ကောင်းကင်သို့ မျောလွင့်တက်သွားတော့မှ သူတို့ နောက်ဆုံးမှာ နားလည်သွားကြသည်။
 
ဒါ... ဒါက ဂျန်ဝုယောင်း ပြောသည့် ယုံကြည်မှုစွမ်းအားပဲ။
 
သို့ဖြင့် သူတို့၏ ဆုတောင်းစွမ်းအား, သူတို့၏ ယုံကြည်မှု စွမ်းအားကို ဂျန်ဝုရှီထံ သယ်ဆောင်သွားလိမ့်မည်။
 
အထက်ဘုံ၏ စည်းလုံးမှုက ခဏအတွင်း လူတိုင်းအား စုစည်းစေသည်။ စုစည်းဖို့ စစ်သားများနှင့် ရူလင်းစစ်တပ်၏ အမြန်ဆုံး မြင်းများကို အသုံးပြုကြသည်။
 
သိပ်မကြာလိုက်ဘဲ အောက်ဘုံမှ လူတိုင်းကား သူတို့ ဘာပဲ လုပ်နေပါစေ, အရာအားလုံးကို ဘေးချိတ်ထား၍ ဒူးထောက်၍သော်၎င်း သို့မဟုတ် မတ်တပ်ရပ်လျက်သော်၎င်း သူတို့၏ ယုံကြည်မှုကို ဆုတောင်းခြင်းမှ တဆင့် ပို့‌ဆောင်ကြလေသည်။
 
မရေမတွက်နိုင်သော ဆုတောင်းစွမ်းအားက ပေါင်းစည်းကာ ကောင်းကင်ထဲ တိုးဝင်၍ တိမ်များကို ဖောက်ထွင်းကာ အထက်ဘုံသို့ တိုက်ရိုက် ဦးတည်သွားလေ၏။
❤7
၃၁၀၃။ အဆုံးသတ် (၂)
 
တပြိုင်နက်တည်းမှာပင်, ပင်လယ်ဝိညာဉ်မြို့တော်မှာ, ယဲ့ဂုနှင့် လူတိုင်းလည်း ဂျန်ဝုယောင်း၏ နောက်ဆုံး‌သော ဆန္ဒပြုသံကို ခံစားကြရသည်။ ထိုဆန္ဒပြုသံ၏ စောင်းပါးရိပ်ခြည်ကို သူတို့ သိကြသဖြင့် နှလုံးသားများ ကွဲကြေမတတ် သူတို့ ခံစားကြရသည်။ သို့သော် လောလောဆယ်မှာတော့, သူတို့၏ စိတ်ပျက်ဝမ်းနည်းခြင်းကို ဘေးချိတ်ထားကာ အမှောင်နိုင်ငံသားများ, တစ္ဆေစစ်သည်တော်များနှင့် မြို့တော်အတွင်းမှ လူတိုင်း သူတို့၏ ယုံကြည်မှုကို ပို့လွှတ်ဖို့ စတင် ဆုတောင်းကြသည်။
 
သူတို့ကို ဂျန်ဝုယောင်းက ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ သူတို့ တ‌ယောက်ချင်းစီတိုင်းမှာ ဂျန်ဝုယောင်း၏ ဝိညာဉ်အစိတ်ပိုင်း ပါရှိသည်။ သူတို့၏ ဆုတောင်းချက်က တခြားလူများ၏ ဆုတောင်းချက်ထက် ပိုပြီး လေးလံ၏။ သူတို့က ဂျန်ဝုယောင်း၏ နတ်ဘုရားစွမ်းအား တစိတ်တပိုင်းကို သယ်ဆောင်ထားကြသည်။ သို့ဖြင့် သူတို့အားလုံးက တခြားလူများထက် ဆုတောင်းချက် ပိုမို အားသာသည်။
 
ပင်လယ်ဝိညာဉ်မြို့တော်နှင့် သိပ်မဝေးသော သေမင်းပင်လယ်မှာ နေထိုင်ကြသည့် ပင်လယ်လိပ်ပြာသားရဲများသည်လည်း သူတို့အပေါ် ဖြစ်လာမည့် အန္တရာယ်ကို ခံစားမိကြ၏။ သူတို့၏ တမူထူးခြားသော နည်းလမ်းဖြင့် သူတို့က အော်မြည်ကာ ဆုတောင်းလျှင် မကြာခင်မှာပင် ပင်လယ်မှ အလင်းလုံးများ စုစည်း၍ ထွတ်မြတ်မြို့တော်ဆီ စတင်၍ ပျံသန်းသွားကြသည်။
 
တစ္ဆေလောက, ဝိညာဉ်လောက... မရေမတွက်နိုင်သော ယုံကြည်မှုအင်အားက အာကာသကို ဖြတ်ကျော်၍ ပျံသန်းသွားကြသည်။
 
၎င်းက ကောင်းမြတ်သော ယုံကြည်မှု စွမ်းအား ဖြစ်သည်။
 
ထို့ပြင် သူတို့ဘဝမှာ သူတို့၏ ယုံကြည်မှု စွမ်းအင်လည်း ဖြစ်သည်။
 
ဖျက်ဆီးခြင်းနတ်ဘုရား၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာသည်။ သူ့မန္တာန်မှ စုပ်ယူအားက ဂျန်ဝုရှီအား နှိမ်နင်းဖို့ လက်နက်တခု ဖြစ်သည်။
 
သို့သော် ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီကို ငရဲသို့ ပို့ပေးတော့မည်ဟူ၍ စဉ်းစားလိုက်သည့် ခဏမှာပင်...
 
နွေးထွေးသော အလင်းများက ကောင်းကင်ယံမှာ တဖျတ်ဖျတ် ပေါ်လာကာ ဂျန်ဝုရှီ၏ ခန္ဓာကိုယ်သို့ ဦးတည် ပျံသန်းသွားကြကာ ပေါင်းစည်းသွားကြလေ၏။
 
အလင်းလုံးများက နေရာပေါင်းစုံမှ လာကြကာ မုန်တိုင်းတခုနှယ် ဂျန်ဝုရှီအပေါ်သို့ ရွာသွန်းချလာသည်။
 
ထိုအလင်းလုံးများက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်အတွင်းသို့ နစ်မြုပ်ဝင်ရောက်သွားပြီး အလင်းလုံးများ ဝင်ရောက်တိုင်း ဂျန်ဝုရှီ၏ နတ်ဘုရားစွမ်းအား မြင့်တက်လာတာကို မြင်လျှင် ဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်လုံးကား အောက်ခံပန်းကန်ပြားလို ပြူးကျယ်သွားသည်။
 
သူ့စွမ်းအားက အစောနကလေးကမှ ဖျက်ဆီးခြင်း နတ်ဘုရားကြောင့် ကုန်ခမ်းလိုက်လာသည်။ အခုတော့ သူ့ကို လွှမ်းမိုးအုပ်စိုးလာကာ ခြိမ်းခြောက်လာလေပြီ။
 
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ၊ ဂျန်ဝုရှီ, မင်း ဘာလုပ်လိုက်တာလဲကွ” ဖျက်ဆီးခြင်း နတ်ဘုရားကား လက်မခံနိုင်စွာ အော်ဟစ်ကြိမ်းမောင်းသည်။ သူ့ရှေ့မှာ ဘာဖြစ်သွားသနည်း, သူ နားမလည်နိုင်။
 
ဂျန်ဝုရှီက ဤကမ္ဘာမှ မဟုတ်။ သူ မည်မျှပင် စွမ်းအားကောင်းပါစေ, ဤကမ္ဘာမှ စွမ်းအားကို သူ စုပ်ယူနိုင်တာ မဖြစ်သင့်။
 
သို့သော် ဖျက်ဆီးခြင်း နတ်ဘုရား၏ ယုံကြည်ချက်က သူ့ရှေ့တည့်တည့်မှ ဖြစ်ရပ်ကြောင့် ကြေမွပျက်စီးသွားရသည်။
 
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ။
 
ဂျန်ဝုရှီက ဤကမ္ဘာမှ စွမ်းအားကို မည်သို့ ယူနိုင်ရသနည်း။
 
ဒါ မဖြစ်နိုင်။
 
သို့သော်ငြား မဖြစ်နိုင်တာက ဖြစ်လာခဲ့သည်။ ဂျန်ဝုရှီ၏ စွမ်းအားက ရုတ်ချည်း တိုးမြင့်လာသည်။
 
ထိုအလင်းလုံးများ ဆက်တိုက် ရောက်လာကာ ဂျန်ဝုရှီ၏ စွမ်းအားကို ပေါင်းစပ်ပေးကြသည်။ သူ့ကို အဆင့်သစ်သို့ ပို့ဆောင်ပေးသည်။
 
“ငါ လုပ်ခဲ့တဲ့ အရာတွေက, ရှင့်ကိုယ်ရှင် နတ်ဘုရားလို့ သမုတ်ပြီး, လုပ်ပေးဖို့ မထိုက်တန်ဘူးလို့ ရှင် သတ်မှတ်ထားခဲ့တဲ့ အရာတွေပဲ” ဂျန်ဝုရှီ၏ ခန္ဓာကိုယ်က နွေးထွေးသော နူးညံ့သော စွမ်းအားဖြင့် ပြည့်နှက်လာ၏။ ထိုစွမ်းအားက သူ ကျေးဇူးပြုထားခဲ့သူများထံမှ လာခြင်းပင်။ သူတို့၏ အကူအညီနှင့် အထောက်အပံ့အားလုံးက ဖျက်ဆီးခြင်း နတ်ဘုရားကို သူ အနိုင်ယူဖို့ အကူအညီ ဖြစ်လာခဲ့သည်။
❤8
၃၁၀၄။ အဆုံးသတ် (၃)
 
၎င်းက သုံးလောကမှာ အဆုံးသတ် တိုက်ပွဲ ဖြစ်လိမ့်မည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဘဝများကို ထည့်မတွက်။ လူသားများကို ပေါင်းပင်များလို ဆက်ဆံသည်။ ဂျန်ဝုရှီက ကမ္ဘာပေါ်မှာ လူသားဆန်မှုကို ကာကွယ်ဖို့ အမြဲတမ်း ကြိုးစားခဲ့သည်။
 
အခု ကမ္ဘာကြီးက တူညီသော အနေအထားဖြင့် သူတို့အား ပေးသလို ပြန်ပေးဆပ်၏။
 
ဂျန်ဝုယောင်းက ကမ္ဘာမှ ထွက်ခွာသွားတာ ဖြစ်ကောင်း ဖြစ်မည်။ သို့သော် သူက အဆုံးသတ် အသက်ရှူလေကို အသုံးချ၍ တိုက်ပွဲအရေးကြီးပုံကို လူတိုင်းအား ပြောပြသွားခဲ့သည်။
 
၎င်းက ဂျန်ဝုရှီအတွက် သူ၏ နောက်ဆုံးသော လက်ဆောင် ဖြစ်သည်။
 
သူတို့အား အရာအားလုံးကို ပေးဆပ်ဖို့ပင်။
 
“မဖြစ်နိုင်တာ, ငါက နတ်ဘုရား, ငါက ဒီကမ္ဘာရဲ့ နတ်ဘုရား, မင်း ငါ့ကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက ရူးသွပ်သွားကာ စွမ်းအား ပိုမို ရရှိဖို့ ပေါင်းစပ်သန္ဓေ မန္တာန်ကို ဆက် အသုံးပြုသည်။
 
သို့သော် ယခင်က ခြိမ်းခြောက်မှုကို ခံစားခဲ့ကြရသော လူများအားလုံး ထွက်ပြေးသွားကြသည်။
 
ရွှေရောင်အလင်းဖြင့် အစားသုံး မခံရသေးသော ထိုလူများအားလုံး လွတ်မြောက်ဖို့ သူတို့၏ ဝိညာဉ်စွမ်းအားကို အကုန် သုံး၍ ပြေးကြသည်။
 
ထွတ်မြတ်မြို့‌တော်၏ အနီးမှာ အဆုံးသတ်မထင်သော တောအုပ်တခု ရှိ၏။ ထိုတောအုပ်က ထွတ်မြတ်မြို့တော်၏ နယ်ခြားတခုအဖြစ် မြို့တော်ကို ဝိုင်းပတ်ထားသည်။ လူများကား ထွက်ပြေးလွတ်မြောက်ပြီးနောက်, မန္တာန်က အလျင်အမြန် ချဲ့ကားလိုက်လာ၏။ သို့သော် ၎င်းက အချိန် လိုအပ်သေးသည်။ အခြေခံအနေဖြင့် လူများကို ဖမ်းဆီးဖို့ လိုအပ်သေးသည်။
 
တဖက်မှာတော့, ဂျန်ဝုရှီ လက်ခံရရှိသော ယုံကြည်မှု စွမ်းအားက လူများ၏ ကိုယ်ပိုင်ဆန္ဒဖြင့် လွတ်လပ်စွာ ပေးအပ်ခြင်း ဖြစ်သည်။ ထိုစွမ်းအားကို ရရှိဖို့ ဂျန်ဝုရှီအနေဖြင့် တိုက်ခိုက်စရာလည်း မလို, လုယက်စရာလည်း မလို။ သူ လိုအပ်တာက သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာတာကို လက်ခံပေးရုံသာ။
 
၎င်းက အဆုံးသတ် အကျိုးရလဒ်ကို ဆုံးဖြတ်ရာမှာ အချက်အချာ ဖြစ်လိမ့်မည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအား တိုးလာခြင်းက စတင်၍ နှေးကွေးလာသည်။ ထိုစဉ် ဂျန်ဝုရှီ၏ စွမ်းအားက အလျင်အမြန် တိုးလာ၏။ သန့်စင်သော နွေးထွေးသော ယုံကြည်မှု စွမ်းအားက သူ့စွမ်းအား၏ ပင်မရင်းမြစ် ဖြစ်သည်။
 
ဂျန်ဝုရှီ၏ တိုက်ချက်က ပိုပြီး ပြင်းထန်လာ၏။ ဖျက်ဆီးခြင်း နတ်ဘုရားကား အားနည်းသထက် အားနည်းလိုက်လာ၏။ တရစပ် တိုက်ချက်များအောက်မှာ ပိုပြီး ပျော့ကွက်ဟာကွက်များ ဖြစ်ပေါ်လာသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားအား နှိမ်နင်းတော့မည့် နောက်ဆုံးအချိန်ကား ရောက်ရှိလာလေပြီ။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ နှစ်ပေါင်း သောင်းချီ၍ သူ တည်ဆောက်ယူခဲ့သော မောက်မာဝင့်ကြွားခြင်းက လုံးလုံး ဖျက်ဆီးခံလိုက်ရသည်။ ပထမဆုံးအနေဖြင့် သူ၏ ရွှေရောင်မျက်လုံးများမှာ ကြောက်ရွံ့ခြင်းကို ပြသလာသည်။ သူက ဂျန်ဝုရှီကို စိုက်ကြည့်သည်။ ဤကမ္ဘာမှ မဟုတ်သော တစုံတယောက်လက်ထဲမှာ သူ ရှုံးနိမ့်သွားတာကို မယုံကြည်နိုင် ဖြစ်ရသည်။
 
သူ့အကြံအစည်တွင် ပွန်းရုပ်တခုလို အမြဲတမ်း သတ်မှတ်ခဲ့သော တစုံတယောက်ထံမှာ သူ ရှုံးနိမ့်သွားတာကို မယုံကြည်နိုင်။
 
ဂျန်ဝုရှီက ရှုံးနိမ့်သွားသော ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်လိုက်၏။ သူ့မျက်နှာတပြင်လုံးကား ကြောက်ရွံ့မှုကြောင့် ကယောက်ကယက် ဖြစ်နေသည်။ သို့သော် ဂျန်ဝုရှီ၏ မျက်နှာမှာတော့ ပျော်ရွှင်မှုကို တစိုးတစိမျှ မတွေ့ရ။
 
အနိုင်ရသော်ငြား ပျော်စရာ မရှိ၊ စိတ်လှုပ်ရှားစရာ မရှိ၊ တည်ငြိမ်မှု သီးသန့်သာ ရှိသည်။
 
“ဒါကို ငါ မယုံနိုင်ဘူး၊ ဒါကို ငါ မယုံနိုင်ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက နောက်တကြိမ် ထရပ်သည်။ သို့သော် သူ့ရုပ်သွင်က အတန်ငယ် ဝေဝါးလာသည်။ သူကား ဂျန်ဝုရှီ၏ တိုက်ချက်ကြောင့် အလွန်အမင်း အားနည်းသွားသည်။ ပေါင်းစပ်သန္ဓေ မန္တာန်သည်လည်း သူ့ထံမှ ဆုတ်ခွာသွားသဖြင့် သူကား ပိုလို့ပင် အားနည်းသွားရသည်။
 
“ငါ့ကို မင်း ဘယ်လိုလုပ် နိုင်သွားတာလဲ၊ ဒါ ဘာသဘောလဲ” ဖျက်ဆီးခြင်း နတ်ဘုရားက ဝမ်းနည်းကြေကွဲစွာ တအီအီ ငိုကြွေး၏။
 
ဂျန်ဝုရှီက သူ့ကို အမြင့်ဆုံး ပလ္လင်ပေါ်မှ နွံထဲအထိ တွန်းချခဲ့သည်။ ထိုခဏမှာ သူ နှစ်များစွာ တည်ဆောက်ခဲ့သော မာနက သူ၏ ညစ်ပတ်သော အလိုကြီးသော ဝိညာဉ်နှင့် အတူ ဖျက်ဆီးခံလိုက်ရသည်။
 
“ရှင် ခုထက်ထိ နားမလည်သေးဘူးလား” ဂျန်ဝုရှီက အေးစက်စွာ ပြောသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက အံကြိတ်၍ မေးသည် “နားလည်ရမှာလား”
❤7
၃၁၀၅။ အဆုံးသတ် (၄)
 
“လောကကြီးက ရှင် သူတို့ကို ပေးခဲ့တဲ့ အတိုင်း ပြန်ပေးတာပဲ” ဂျန်ဝုရှီက တုံးတိတိ ပြောသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက နှာရှုံ့သည် “ဒီလောကကြီးလား၊ ငါက ဒီလောကရဲ့ နတ်ဘုရားပဲ၊ ငါ့စိတ်တိုင်းကျ ငါ လုပ်မှာပေါ့၊ ဒီလောကက အရာရာတိုင်းကို ငါ ဖန်တီးပေးခဲ့တာ၊ ငါ သတ်ချင်ရင် သတ်မှာပေါ့၊ ဒါ့အတွက် ဘယ်သူမှ ငါ့ကို ဘာမှ မလုပ်နိုင်ဘူး, ဟားဟားဟား”
 
သူ့အဖို့, သူ ဖန်ဆင်းပေးခဲ့သော လောကကြီးက သူ့ကို စွန့်ပစ်သွားခြင်းသည် ရယ်ဖွယ်ရာပင်။
 
ဂျန်ဝုရှီက ထိုအကောင်၏ ခေါင်းမာချက်ကြောင့် မှင်တက်မိသည်။ ထိုခဏမှာ ထိုအကောင်အတွက် သူ ဝမ်းနည်းသလိုပင် ခံစားမိ၏။
 
“ငါက နတ်ဘုရား၊ ငါက နတ်ဘုရား” သူက ဟစ်အော်သည်။ ထိုဟစ်အော်ချက်က နတ်ဘုရားတပါးအနေဖြင့် သူ၏ နောက်ဆုံး ဂုဏ်သိက္ခာကို ကိုယ်စားပြုသော နည်းလမ်းပင်။
 
သို့သော်ငြား, သူ၏ လမ်းလွဲသော မာနက သူ့အတွက် ဂျန်ဝုရှီကို ပိုလို့ပင် ဝမ်းနည်းစေသည်။
 
နတ်ဘုရားများက အရာရာတိုင်းကို ဖန်တီးပေးသည်ကား မှန်၏။ သို့သော် သူတို့ အရာရာတိုင်းကို မထိန်းချုပ်နိုင်ကြ။ လောကထဲမှ သက်ရှိတိုင်းက လွတ်လပ်သော စိတ်ဖြင့် မွေးဖွားလာကြသည်။ ထိုခဏမှ စ၍ သူတို့၏ ခံစားချက်များ, မျှော်လင့်ချက်များနှင့် ရည်မှန်းချက်များကို နတ်ဘုရားများက ကျားစေ့များလို ဘယ်တော့မှ အသုံးမချကြရပေ။
 
ဂျန်ဝုရှီ၏ နောက်ကျောမှ အတောင်ပံများက အသာအယာ ခတ်လျက် သူ့ကို လေထဲမှာ တန့်စေသည်။
 
တဖက်မှာ ဖျက်ဆီးခြင်း နတ်ဘုရားက ပျံသန်းဖို့ အင်အားကို ဆုံးရှုံးသွား၏။ သူက ဂျန်ဝုရှီကို အမုန်းဖြင့် ကြည့်ရုံသာ တတ်နိုင်သည်။
 
“ရှင့်လို နတ်ဘုရားဆိုရင်တော့, နတ်ဘုရား မရှိတာ ပိုလို့တောင် ကောင်းအုံးမယ်” ဂျန်ဝုရှီက အလင်းဓားကို မြှောက်၍ သူ့ခန္ဓာကိုယ်မှ အင်အားမှန်သမျှကို စုစည်းလိုက်သည်။
 
သူ ဓားကို လွှဲရမ်းလိုက်သည်။
 
သုံးလောကမှ ယုံကြည်မှုဖြင့် အစွမ်းမြှင့်တင်ထားသော ထိုဓားချက်က ဖျက်ဆီးခြင်း နတ်ဘုရား၏ ချက်ကို ထိုးဖောက်သွားသည်။ ကောင်းကင်အပြစ်ပေး မိုးကြိုးလိုပင်။
 
ချက်ချင်းပင်...
 
ဖျက်ဆီးခြင်း နတ်ဘုရားက မခံမရပ်နိုင် နာကျင်သွားသည်။ မယုံကြည်နိုင်သဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားသည်။ သို့သော် သူကား ကောင်းကင်သို့ ပြန်တက်ဖို့ စွမ်းအား မရှိတော့။
 
သူ့ရှေ့မှ အရာရာတိုင်း ဝေဝါးလိုက်လာသည်။ သူ အလွန် မုန်းတီးသော ဂျန်ဝုရှီပါ အပါအဝင်ပင်။
 
သူ ရုတ်တရက် လဲပြိုကျသွား၏။ နှစ်ပေါင်း သောင်းချီသော မှတ်ဉာဏ်များက တဖျတ်ဖျတ် ပေါ်လာ၏။
 
အလွန့်အလွန် ကြာမြင့်ခဲ့သော အချိန်တုန်းက, သူက ဖျက်ဆီးခြင်းကို တာဝန်ယူထားရသည်။ သုံးလောကကို ကောင်းကင်မှ နေ၍ ငုံ့ကြည့်ခဲ့သည်။ သုံး‌လောကလူသားတို့၏ ရူးနှမ်းမှုနှင့် မသိနိုးနားမှုကို သူ ပျက်ရယ်ပြုခဲ့သည်။ သို့သော် အလင်းနတ်ဘုရားက သူ့ကို ပြစ်တင်ကြိမ်းမောင်းခဲ့၏။
 
သူတို့၏ အမြင့်နေရာမှ, ထိုလူများ သူတို့အတွက် ဘုရားကျောင်းများ တည်ဆောက်ပေးတာကို မြင်နိုင်ကြသည်။
 
သူတို့ ဖန်ဆင်းပေးခဲ့သော လူသားများက ထိုဘုရားကျောင်းများအတွင်းမှာ ဒူးထောက်၍ ဆုတောင်း၍ ကမ်းလှမ်းခဲ့ကြသည် (ပူဇော်ပသခဲ့ကြသည်)။ သူတို့နတ်ဘုရားများ၏ ကြင်နာမှုနှင့် စေတနာကို ထိုလူသားများက ပြန်လည် ပေးဆပ်ကြသည်။
 
တချိန်တည်းမှာပင် ဖျက်ဆီးခြင်း နတ်ဘုရားက အသိရှိဖို့ ရုန်းကန်နေ၏။
 
ဘုရားကျောင်းများမှာ ဝတ်ပြုသူများမှ သူ မြင်တွေ့ခဲ့ရသည့် အရာက, သူတို့၏ ဦးခေါင်းများမှ အလင်းစက်များ ပေါင်းစည်း၍ နတ်ဘုရားဘုံဗိမာန်သို့ ပျံသန်းလာကြသည်။ ထိုအလင်းစက်များက နတ်ဘုရားများအတွက် အာဟာရ ဖြစ်လာခဲ့သည်။
 
ဒါဆို... ဒါကိုး...
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ နှုတ်ခမ်းမှာ ခါးသီးသော အပြုံးတခု ဖြစ်တည်သွား၏။
 
သူ ဘာကို လျစ်လျူရှူခဲ့သလဲ, ဘာ့ကြောင့် သူ ရှုံးသွားခဲ့သလဲဆိုတာ နောက်ဆုံးတွင် သူ နားလည်သွားသည်။
 
၎င်းက ယုံကြည်ခြင်း စွမ်းအားပင်။
 
နတ်ဘုရားများက လူသားများကို ဖန်ဆင်းပေးခဲ့သည်။ လူသားများက သူတို့အား ယုံကြည်မြတ်နိုးမှုကို ပြန်လည် ပေးအပ်ကြသည်။ ထိုအရာက နတ်ဘုရားများ အဆင့်မြင့်တက်ဖို့ အကူအညီကောင်း တခု ဖြစ်သည်။
 
အဆုံးမှာတော့ ဖျက်ဆီးခြင်း နတ်ဘုရား ရှုံးနိမ့်သွားခဲ့သည်။
 
သူကား ဂျန်ဝုရှီ တယောက်တည်း၏ လက်မှာသာ ရှုံးနိမ့်သွားခဲ့သည် မဟုတ်။ တကယ်တော့ သူ စွန့်ပစ်ထားခဲ့သော ဝိညာဉ်များ၏ လက်ထဲမှာလည်း ရှုံးနိမ့်သွားခဲ့ရသည်။
 
သူ လျစ်လျူရှူထားခဲ့သော ယုံကြည်မှုသည်ပင် သူ့အား ကျရှုံးစေသော အရာ ဖြစ်လာခဲ့သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား တဖြည်းဖြည်း အားနည်းလိုက်လာ၏။ နောက်ဆုံးတွင် သူ မျက်လုံး မှိတ်သွားသည်။ သူ့ခန္ဓာကိုယ်မှ အလင်းမှုန်များ ယိုစိမ့်ထွက်လာ၏။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်က သူ ဖန်တီးခဲ့သော မြေသို့ပင် ပြန်သွားရလေသည်။
❤6
၃၁၀၆။ အဆုံးသတ် (၅)
 
ဂျန်ဝုရှီက ဖြည်းညင်းစွာ မြေပြင်သို့ ဆင်းသက်လာကာ ဖျက်ဆီးခြင်း နတ်ဘုရား၏ ပျောက်ကွယ်သွားသော ခန္ဓာကိုယ်ကို ကြည့်သည်။ သစ်မျက်နှာ မျက်နှာဖုံးက ပြန်လည် ရုပ်သိမ်း၍ နားဆွဲသီး ဖြစ်ကာ သူ့လက်ဖဝါးထဲ ရောက်လာသည်။
 
ဂျန်ဝုရှီက ထိုနားဆွဲသီးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ အရေပြားထဲ နစ်ဝင်သွားသည်အထိပင်။ သို့သော် မည်သည့် နာကျင်မှုကိုမျှ သူ မခံစားရ။
 
တော်ဝင်မြို့တော်ကို လွှမ်းခြုံထားသော ရွှေရောင်အလင်းသည်လည်း ဝေးလွင့် ပျောက်ကွယ်သွားသည်။ သူကား ပျော်ရွှင်မှုကို မခံစားရ။
 
သူ အနိုင်ရခဲ့သည်။ သို့သော် ပျော်ရွှင်မှုကို မည်သို့မျှ မခံစားရ။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား သေသွားလေပြီ။ သုံးလောကကို ကယ်တင်ပြီးလေပြီ။
 
သို့သော် သူ လုံးဝ အစားထိုးမရသော သူ့ချစ်သူကို ဆုံးရှုံးခဲ့ရသည်။
 
“ငါ နိုင်သွားပြီ, ငါတို့ နိုင်သွားကြပြီ” သူ လက်သီး ပြန်ဖြည်၍ သူ့သွေးများ စွန်းထင်းနေသော်လည်း လှပဆဲဖြစ်သော သစ်မျက်နှာ မျက်နှာဖုံးကို ကြည့်လိုက်သည်။
 
နွေးသော မျက်ရည်စများ မျက်နှာမှ တဆင့် လက်ဖဝါးပေါ်သို့ စီးကျ၍ သူ့သွေးဖြင့် ရောနှောပေါင်းစပ်သွားသည်။ သူကား နာကျင်ရ ဝမ်းနည်းရသည်။
 
“ငါ... ငါ အခု ငိုရမှာလား” သူ တီးတိုးပြောသည်။ မည်သူ့ကိုမှ ပြောသည် မဟုတ်။ မျက်ရည်များက တပေါက်ပေါက် ကျဆင်းလာ၏။ သူ မျှော်လင့်ချက်မဲ့ရပြီပေါ့။
 
သူ အနိုင်ရခဲ့သည်။ သို့သော် သူ့ကို ဘယ်တော့မှ ပြန်မရနိုင်တော့။
 
ဒါက သူ လိုချင်သော အနိုင်ရလဒ် မဟုတ်ပေ။
 
ဂျန်ဝုရှီကား ကလေးငယ်တယောက်လို မြေပြင်မှာ ကူကယ်ရာမဲ့ဟန်ဖြင့် ဆောင့်ကြောင့် ထိုင်၍ ရှိုက်ကြီးတငင် ငိုကြွေးသည်။ သို့သော် ဖိအားက သူ့ခံစားချက်ကို ဆို့နင်စေသဖြင့် ဘာသံမျှ ထွက်မလာ။
 
သူ တိုက်ခိုက်နေချိန်မှာ, ဝမ်းနည်းခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းကို ခံစားရန် အခန်းကဏ္ဍ မရှိခဲ့။
 
တိုက်ပွဲ ပြီးသည့် အခုချိန်မှာ သူ နာကျင်ခံစားရတာကို နှစ်သိမ့်ပေးမည့်သူကား ဘယ်မှာနည်း။
 
သူ တိုက်ပွဲ နိုင်ကောင်း နိုင်မည်။ သို့သော် သူ့နှလုံးသားက အပေါက်ကြီး ဖြစ်သွားတာကိုသာ ခံစားရသည်။ ၎င်းကား သူ တခါမှ မခံစားရဖူးသည့် နာကျင်လွန်းသော ဒဏ်ရာပင်။
 
အပျက်အစီးများ အလယ်တွင် ဖေးယန်က အန္တရာယ် မရှိတော့တာကို ခံစားမိသည်။ ဂျန်ဝုရှီနှင့် ဖျက်ဆီးခြင်း နတ်ဘုရားကြား စကား အသွားအလာ တခုလုံးကို သူ ကြားသဖြင့် တိုက်ပွဲ ပြီးဆုံးသွားမှန်း သူ သိသည်။ သို့သော်...
 
ရှီလေး ဘယ်မှာနည်း။
 
ဖေးယန်က လှည့်ပတ်၍ စတင် ရှာဖွေသည်။ နောက်ဆုံး ဂျန်ဝုရှီကို သူ ခံစားမိလေ၏။
 
သူကား မြေပြင်မှာ ဆောင့်ကြောင့်ထိုင်၍ တရှုံ့ရှုံ့ဖြင့် တိတ်တဆိတ် ငိုကြွေးနေပါတကား...
 
“ရှီလေး...” ဖေးယန်က ခေါ်သည်။ ထို့နောက် ဘာပြောရမှန်း မသိတော့။
 
ချစ်ရသူကို ဆုံးရှုံးရသဖြင့် ဂျန်ဝုရှီ၏ နာကျင်မှုကို မည်သူမျှ နားမလည်နိုင်။ ဖေးယန်လည်း အတူတူပင်။
 
ဖေးယန်ကား စကား ဆက်မပြော။ သူက ဂျန်ဝုရှီ နောက်ဘက်မှာ ဆောင့်ကြောင့် ထိုင်၍ သူ့ကို သိုင်းဖက်၍ သူ့ကိုယ်ပိုင် နည်းလမ်းဖြင့် နှစ်သိမ့်ပေးသည်။
 
ဟန်ကျီဖေးနှင့် ဂျန်ဂုလည်း အခင်းဖြစ်ရာသို့ အပြေးအလွှား ရောက်လာကြသည်။ အဝေးမှပင် ဖေးယန်က ဂျန်ဝုရှီအား နှစ််သိမ့်၍ ဖက်ထားတာကို သူတို့ မြင်နိုင်ကြသည်။
 
ဂျန်ဝုရှီ အနိုင်ရသွားသော်လည်း သည်တိုက်ပွဲမှာ ဂျန်ဝုယောင်းကို ဆုံးရှုံးရတာကို သူတို့ မြင်သဖြင့် သူတို့နှစ်ယောက်လုံး၏ နှလုံးသားများ လေးလံသွားကြ၏။
 
သုံးလောကသည် ဂျန်ဝုရှီကြောင့် အချုပ်အနှောင်မှ လွတ်မြောက်သွားသည်။ သို့သော် သူကား ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် မရှိသော ထိုနတ်ဆိုးများနှင့် အတူ ထာဝရ ရှင်သန်သွားရမည်။
 
သူတို့နှစ်ယောက် အချင်းချင်း ကြည့်၍ တိတ်ဆိတ်စွာ ဂျန်ဝုရှီထံ လျှောက်သွားကြသည်။ ဟန်ကျီဖေးက ဟွာယောင်းကို တဖက်မှာ ထား၍ ဂျန်ဝုရှီကိုလည်း ပွေ့ဖက်ပေးသည်။
 
“မငိုပါနဲ့ ကလေးရယ်... ဝုယောင်းက မင်း ဒီလို ဖြစ်နေတာကို မြင်ချင်မှာ မဟုတ်ဘူး” ဟန်ကျီဖေးက သူ၏ နာကျင်မှုကို ဘေးချိတ်ထားကာ သူ့သမီးကို ပွေ့ပိုက်သည်။ သူ မည်သို့ပင် ပြောပြော, လတ်တလောမှာ မည်သို့မျှ အသုံးမဝင်မှန်းလည်း သူ သိသည်။
 
ဂျန်ဝုရှီက အစားထိုးမရသော ချစ်ရသူကို ဆုံးရှုံးခဲ့ရသည် မဟုတ်လော။
 
ဂျန်ဂုက လက်သီးကျစ်ကျစ် ဆုပ်၍ ရပ်နေ၏။ မည်သို့ ပြောရမှန်း သူ မသိ။ အခြေအနေကို ထုတ်ဖော်ပြောပြနိုင်သော စကားလုံး ဤကမ္ဘာမှာ မရှိတော့သယောင်ပင်။
😭4❤3