𝑰 𝑬𝒓𝒓𝒐𝒓 - 𝒍𝒆𝒔𝒃𝒊𝒂𝒏 𝑹𝒆𝒗𝒊𝒆𝒘
18.9K subscribers
497 photos
6 videos
310 links
ရုပ်ရှင် (Review and Poster)
Download Telegram
Carol (2015) Bluray Update

IMDB: 7.3

age-gap relationship တွေကိုမှကြိုက်ပါတယ်ဆို တဲ့သူတွေအတွက် 3mm Patricia Highsmithe The price of Salt Novel ကိုပြန်လည်ရိုက်ကူးထားတဲ့ rating မြင့်ဇာတ်လမ်းကောင်းတစ်ကားပါ။

ဒီကားကိုဒါရိုက်တာ Todd Haynes ခေါင်းဆောင် ရိုက်ကူးထားပြီး မင်းသမီးကြီး Cate Blanchett, Rooney Mara တို့ပါဝင်ပါတယ်။

မင်းသမီးနှစ်ယောက်လုံး Oscar Nominations ဝင်ခဲ့ တာမို့လို့ သရုပ်ဆောင်ကိုတော့ အထူးတလည်ပြောပြစရာတောင်မလိုတော့ပါဘူး။

လူတိုင်းလူတိုင်းဘဝမှာ ကိုယ်တိုင်ရဲ့တည်ရှိမှုကို မေးခွန်းပြန်ထုတ်စေနိုင်တဲ့တစ်စုံတစ်ဦးကတော့ရှိစမြဲ

ဘာအကြောင်းပြချက်ကြီးကြီးမားမားမှမရှိပါပဲနဲ့ ဒီ တစ်ယောက်ကိုမှအဲလိုလိုတောင့်တနေမိတာမျိုး။

နားလည်မပေးနိုင်တဲ့ချစ်သူကောင်လေး ၊ ငြီးငွေ့ဖွယ် အလုပ်တို့ထဲပိတ်မိနေသူ အသက်၂ဝ သာရှိသေးတဲ့ မိန်းမငယ်လေးတစ်ဦးအတွက်တော့ ကယ်ရိုလ်ဆိုတဲ့ လူ ကုန်ထံအသိုင်းအဝိုင်းမှ သက်လတ်ပိုင်းအမျိုးသမီးက အဲ့လိုဖြစ်တည်မှုတစ်ခုဖြစ်လာခဲ့တယ်။

စူးရဲရဲအကြည့်၊ နီရဲရဲနှုတ်ခမ်းတို့နဲ့ ရင့်ကျက်တဲ့အလှ တရားပိုင်ရှင် ကယ်ရိုလ်နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီးကြီး Cate Blanchett ကအသံနဲ့တင် ဖမ်းစားနိုင်စွမ်းရှိတာမို့ကောင်လေးရောကောင်မလေး ပါလက်မလွှတ်သင့်ပါဘူး

1950s ခုနှစ်ပိုင်းတွေမှာ LGBTQ ဆက်ဆံရေးတွေ အပေါ်လူတွေရဲ့အမြင်၊ ခေါင်းစဉ်တပ်ခွင့်မရှိတဲ့ ဆက်ဆံရေးတစ်ခုအနေနဲ့ ဒီအမျိုးသမီးနှစ်ဦးအတွက် အဆုံးသတ်ရောကောင်းနိုင်ပါ့မလား ဒါတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြနော်

-
ချန်နယ်အရင်Joinရန် ➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️  နှိပ်ပါ

ဇာတ်လမ်းအညွှန်း ကွန်မန့်မှာဖတ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
❤32
Open Endings (2025) ဖီလစ်ပိုင်

ရည်းစားဟောင်းတွေ ဖြစ်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတဲ့ ကွီး ယား (Queer) အမျိုးသမီး လေးဦးရဲ့ ဘဝ၊ အချစ်၊ သံယောဇဉ်၊ ခင်မင်ရင်းနှီးမှု အကြောင်းကို ရိုက်ကူး ထားတဲ့ ဖိလစ်ပိုင် Drama ရုပ်ရှင်ဖြစ်ပါတယ်

သာမန် Drama တွေနဲ့ မတူဘဲ Queer Community ကြားက စစ်မှန်တဲ့ သံယောဇဉ်၊ ရည်းစားဟောင်း အဖြစ်ကနေ သူငယ်ချင်းကောင်းအဖြစ် ကူးပြောင်း သွားပုံနဲ့ Chosen Family ရဲ့ အဓိပ္ပာယ်ကို လှပစွာ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းကတော့ အသက် ၃ဝ အရွယ်သို့ ရောက်ရှိလာကြပြီဖြစ်တဲ့ ကွီးယား (Queer) အမျိုးသမီး လေး ဦးအကြောင်းကနေ စတင်ထားတာပါ။

သူတို့ လေးဦး ဟာ အတိတ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ခဲ့ကြဖူးတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပေမဲယ့် လက်ရှိမှာတော့ အပြန်အလှန် ယုံကြည်အားကိုးရဆုံးသော အရင်းနှီးဆုံး သူငယ်ချင်းတွေအဖြစ် ရပ်တည်နေကြပါတယ်။

သူတို့ လေးဦးဟာ လူကြီးဘဝရဲ့ အခက်အခဲတွေ၊ အလုပ်အကိုင်နဲ့ ဘဝအပြောင်းအလဲတွေ၊ အချစ်ရေး ဒဏ်ရာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ရချိန်မှာ... သွေးသားတော်စပ်ခြင်း မဟုတ်ဘဲ ကိုယ်တိုင်ရွေးချယ်ထားတဲ့ မိသားစု သံယောဇဉ်နဲ့ တစ် ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ကျော်ဖြတ်ကြပါတော့တယ်။

အတိတ်က နာကျင်မှုတွေ၊ အနာဂတ်ရဲ့ မရေရာမှုတွေကြားမှာ သူတို့ရဲ့ ခင်းမင်မှုနဲ့ အချစ်ရေး ဇာတ်လမ်းတွေဟာ ဘယ်လိုမျိုး အဆုံးမသတ်နိုင်တဲ့ သံယောဇဉ်တွေနဲ့ ဆက်လက်စီးဆင်းသွားမလဲဆိုတာ ကို ရှုစားရမှာ
ဖြစ်ပါတယ်။

-
ချန်နယ်အရင်Joinရန်➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️  နှိပ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
❤15
Tango at Dawn (2026) (Korea)

"အရာရာ ပြီးပြည့်စုံမနေလည်း အဆင်ပြေပါတယ်" ဆိုတဲ့ မက်ဆေ့ချ်လေးနဲ့အတူ လူသားတွေကြားက ရှုပ်ထွေးနက်နဲတဲ့ ဆက်ဆံရေးကို တန်ဂိုအကနဲ့ ဥပစာနှိုင်း ဖော်ကျူးထားတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လတ်တလောက လူကြိုက်များသွားတဲ့ The Journey to Gyeong-ju ထဲက မင်းသမီး Lee Yeon နဲ့ 4minute အဖွဲ့ဝင် Kwon So-Hyun တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့...

ယုံကြည်ထားခဲ့တဲ့ သူငယ်ချင်းရဲ့ သစ္စာဖောက်မှုကြောင့် ရှိသမျှပိုက်ဆံ အကုန် ဆုံးပြီး နေစားငြိမ်းတဲ့ စက်ရုံတစ်ရုံမှာ အလုပ်ဝင်ဖြစ်ခဲ့တဲ့ ဂျန်ဂျီဝန်း (Lee Yeon)...

သူနဲ့ အတူနေရတဲ့ အခန်းဖော်ကတော့ ရှင်းဂျူဟီး (Kwon So-Hyun) ပါ။ သူငယ်ချင်းဆီကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကြောင့် လူတွေကို မယုံကြည်နိုင်ဖြစ်နေတဲ့ ဂျီဝန်းနဲ့မတူဘဲ ဂျူဟီးကတော့ လူတွေကို အပြည့်အဝ ယုံကြည်တတ်တယ်။ အားနာတတ်တယ်။ သူကိုယ်တိုင်ပဲ တာဝန်ယူချင်တဲ့သူမျိုးပေါ့။

ဒါကြောင့်လည်း ဟန်ဗြောဆိုတဲ့ မိန်းကလေး အစပျိုးလိုက်တဲ့ လုပ်ငန်းခွင် မတော်တဆမှုမှာ ပါဝင်ပတ်သက်မိပြီး ဂျူဟီးပဲ အစအဆုံး ခေါင်းခံရဖို့ ဖြစ်လာခဲ့ပါတော့တယ်။

ဒီလို ဖိစီးမှုတွေကြားမှာ ဂျူဟီးအတွက် တစ်ခုတည်းသော စိတ်ထွက်ပေါက်ကတော့ သူ အရမ်း ချစ်နှစ်သက်ရတဲ့ တန်ဂိုအကပါ။ တန်ဂိုတစ်ပုဒ် ပြီးဆုံးတဲ့အထိပဲ သူနဲ့အတူ ကပေးပါလို့ ဂျူဟီးက အခန်းဖော် ဂျီဝန်းကို တောင်းဆိုလိုက်တဲ့အခါမှာတော့...

အေးစက်တဲ့ အရုဏ်ဦးလို ဘဝထဲမှာ နေရောင်ခြည်နွေးနွေးလေးသဖွယ် အဖော်ပြုပေးတဲ့ တန်ဂိုအကကို သူတို့နှစ်ဦး ခြေလှမ်းတွေ ညှိယူရင်း ဆုံးခန်းတိုင်အောင် ကနိုင်ကြပါ့မလား...

လုပ်ငန်းခွင် မတော်တဆမှု ပြဿနာကရော ဘယ်လိုပုံစံနဲ့ အဆုံးသတ်သွားမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေး ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။

-
ချန်နယ်အရင်Joinရန်➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️  နှိပ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
❤4👍1
Love Me Tender (2025)

ဒီကားက ၂၀၂၅ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုအများကြီးရရှိခဲ့တဲ့ ပြင်သစ်ဒရာမာရုပ်ရှင်ဖြစ်ပါတယ်။ စာရေးဆရာမ Constance Debré ရဲ့ ၂၀၂၀ ခုနှစ်ထွက် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ရှေ့နေဟောင်းတစ်ဦးဖြစ်သူ Clémence (Vicky Krieps) ဟာ သူ့ရဲ့စာရေးဆရာမ ဘဝသစ်ကို စတင်ဖို့နဲ့
သူ့ရဲ့ စစ်မှန်တဲ့သဘာဝအတိုင်း နေထိုင်ဖို့အတွက် အိမ်ထောင်ရေးကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးတွေနဲ့
စတင်တွဲခဲ့ပါတယ်။

ဒါပေမဲ့ ခင်ပွန်းဟောင်းဖြစ်သူ Laurent က Clémence ရဲ့ လိင်စိတ်ခံယူမှုနဲ့ ဘဝရွေးချယ်မှုတွေကို
အကြောင်းပြပြီး သားငယ်လေး Paul ရဲ့ ကလေးအုပ်ထိန်းခွင့်ကို တစ်ဦးတည်းရယူဖို့ တရားရုံးမှာ
လျှောက်ထားလာခဲ့ပါတယ်။

ဒီဇာတ်လမ်းဟာ မိခင်တစ်ယောက်အပေါ် လူ့အဖွဲ့အစည်းရဲ့ မျှော်လင့်ချက်တွေ၊
မိသားစုတရားရုံးစနစ်အတွင်းက ဖိအားတွေ၊ မိခင်တစ်ယောက်ရဲ့မေတ္တာနဲ့ ရုန်းကန်ရမှုတွေကို
လေးနက်စွာ ပုံဖော်ထားပါတယ်။

၇၈ ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Un Certain Regard အပိုင်းမှာ ရွေးချယ်ခံရပြီး Queer Palm ဆုအတွက် ဆန်ကာတင်သွင်းခံခဲ့ရပါတယ်။ မင်းသမီး Vicky Krieps ရဲ့ ပီပြင်လှတဲ့သရုပ်ဆောင်မှု၊ စိတ်ခံစားချက်နဲ့အတူ ပညာသားပါပါရိုက်ကူးထားမှုကို ချီးကျူးထားကြပါတယ်။

လူကြီးရေးရာအိမ်ထောင်ရေး/ဆက်ဆံရေး အကြောင်းအရာတွေ၊ စိတ်ခံစားမှုဆိုင်ရာ ပြင်းထန်တဲ့အခန်းတွေနဲ့ LGBTQ+ အကြောင်းအရာတွေ ပါဝင်တာကြောင့် အသက် ၁၇ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့ သင့်တော်ပါတယ်။

-
ချန်နယ်အရင်Joinရန်➡️  နှိပ်ပါ

ပြီးမှ ဗွီဒီယိုကြည့်ရန် 
➡️  နှိပ်ပါ

Main Channel
Please open Telegram to view this post
VIEW IN TELEGRAM
❤4