Japanese speaking (kaiwa)
10.4K subscribers
450 photos
3 videos
60 links
Let's explore something special for you together
Download Telegram
Debate Questions(ディベート)

1.

休(やす)みの日(ひ)は 家(いえ)で 過(す)ごすのと 出(で)かけるのと、どちらが 好(す)きですか。



> (ပိတ်ရက်မှာ အိမ်မှာနေတာနဲ့ အပြင်ထွက်တာ ဘယ်ဟာကို ပိုကြိုက်ပါသလဲ။)

Sample Answer

私は 家で 過ごすほう が 好きです。本(ほん)を 読(よ)んだり、映画(えいが)を 見(み)たりできるからです。



2.

休みの日は 一人(ひとり)で 過(す)ごしたいですか。それとも 家族(かぞく)や 友(とも)だちと 過ごしたいですか。



> (ပိတ်ရက်မှာ တစ်ယောက်တည်း နေချင်လား၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ နေချင်လား။)

Sample Answer

私は 家族と 過ごしたい です。いっしょに 食事(しょくじ)を したり、話(はな)したりすると 楽しいからです。



3.

休みの日は 勉強(べんきょう)したほうがいいですか。それとも ゆっくり 休(やす)んだほうがいいですか。



> (ပိတ်ရက်မှာ စာလေ့လာသင့်သလား၊ အေးအေးဆေးဆေး အနားယူသင့်သလား။)

Sample Answer



私は 少(すこ)し 勉強して、ゆっくり 休んだほうがいい と 思(おも)います。勉強も 大切(たいせつ)ですが、休むことも 必要(ひつよう)だからです。


မနက်စောစောလေးမှာ စကားပြောလေ့လေ့ကျင့်ကြည့်ကြပါဦးနော်။◉⁠‿⁠◉


နေ့တိုင်း ဒီလိုလေးတွေ တင်ပေးဖြစ်အောင်ကြိုးစားပေးပါ့မယ်။

မိနစံတို့လည်း လိုက်ပြီးလေ့ကျင့်ကြည့်ပါ။

✅Note စာအုပ်မှာ ရေးကြည့်ပြီး ပြောတာ၊

✅Telegram save message မှာ ကိုယ့်ဘာသာ အသံသွင်းပြီး ပြောကြည့်တာ၊

✅Video record နဲ့ လေ့ကျင့်တာ

3 မျိုးထဲက ကြိုက်ရာနဲ့လေ့ကျင့်ကြည့်ကြပါ။


ဒီလိုမျိုးလေးတွေကို တစ်ယောက်တည်း မဟုတ်ဘဲ အများနဲ့စကားပြောလေ့ကျင့်ချင်ရင်တော့ N4 A2/B1 Kaiwa Class လေး ရှိပါတယ်နော်။

Here's the class detail.

https://t.me/kaiwa_practice/681?single
❤17🥰3
Hello
July လအတွက် N4 speaking class again.

Class time - Wednesday and Thursday (7:00 - 9:00 PM)

Start date - 22.7.2026 (Wednesday)

End date - 13.8.2026 (Thursday )

Level - A2/B1 (N4 level )

Duration - 1 လ

Fee - 50000 MMK

Platform - Zoom

(သင်တန်းကြေး တိုးသွားရတဲ့အတွက် ごめんなさい。)

JLPT ဖြေမည့်သူများကတော့ နောက်တစ်ခါမှ join ကြပါနော်။ စာကို အဓိက လုပ်ကြပါ။

Class announcement 🍀🍀🍀

ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။

အဆုံးထိ တက်နိုင်သူများ၊ အဖွဲ့လိုက်လုပ်‌ေဆာင်နိုင်သူများ ဖြစ်ဖို့လိုပါသည်နော်။

သုံးကြိမ်အထက်ပျက်ပါက အတန်းကနေ ထုတ်ပယ်ပါမည်နော်။

လူဦးရေ သတ်မှတ်ထားတာပြည့်ရင် ဆက်လက်မခံတော့ပါဘူးနော်။

ဒါဆို かいわをいっしょにれんしゅうしましょう。
❤14
1. Crimes and Criminals


誘拐(ゆうかい) ပြန်ပေးဆွဲမှု
殺人(さつじん) လူသတ်မှု
ハイジャック လေယာဉ်ပြန်ပေးဆွဲမှု
強姦(ごうかん) မုဒိမ်းမှု
窃盗(せっとう) ခိုးမှု
ハッキング ကွန်ပျူတာဖောက်ထွင်းမှု
麻薬(まやく)の売買(ばいばい) မူးယစ်ဆေးရောင်းဝယ်မှု
密輸(みつゆ) မှောင်ခိုလုပ်မှု
器物損壊(きぶつそんかい) ပစ္စည်းဖျက်ဆီးမှု
恐喝(きょうかつ) ငွေညှစ်မှု
強盗(ごうとう) လက်နက်ဖြင့်လုယက်မှု
詐欺(さぎ) လိမ်လည်မှု
贈収賄(ぞうしゅうわい) လာဘ်ပေးလာဘ်ယူမှု
テロ行為(こうい) အကြမ်းဖက်မှု
窃盗(せっとう) ကားခိုးမှု
路上強盗(ろじょうごうとう) လမ်းပေါ်တွင်လုယက်မှု
ストーカー行為(こうい) နောက်ယောင်ခံလိုက်ခြင်း



---

2. What Happens to a Criminal

1.
 犯(はん)した
 ကျူးလွန်ခဲ့သည်


2.
 捜査(そうさ)した
 စုံစမ်းစစ်ဆေးခဲ့သည်


3.
 捕(つか)まった
 ဖမ်းမိခဲ့သည်


4.
 逮捕(たいほ)された
 အဖမ်းခံခဲ့သည်


5.
 取(と)り調(しら)べられた
 စစ်မေးခံခဲ့သည်


6.
 起訴(きそ)された
 တရားစွဲခံခဲ့သည်


7.
 裁判所(さいばんしょ)
 တရားရုံး


8.
 告発(こくはつ)された
 စွပ်စွဲခံခဲ့သည်


9.
 証人(しょうにん)
 သက်သေများ


10.
 陪審員(ばいしんいん)
 ဂျူရီအဖွဲ့


11.
 評決(ひょうけつ)
 စီရင်ချက်


12.
 証拠(しょうこ)
 သက်သေအထောက်အထား


13.
 無罪(むざい)になった
 အပြစ်မရှိဟု လွတ်မြောက်ခဲ့သည်


14.
 有罪(ゆうざい)
 အပြစ်ရှိသည်


15.
 裁判官(さいばんかん)/刑罰(けいばつ)
 တရားသူကြီး / ပြစ်ဒဏ်


16.
 判決(はんけつ)を言(い)い渡(わた)した
 ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်




---

Useful Vocabulary


犯罪(はんざい) ရာဇဝတ်မှု
犯人(はんにん) ရာဇဝတ်သား
警察(けいさつ) ရဲ
刑務所(けいむしょ) အကျဉ်းထောင်
裁判官(さいばんかん) တရားသူကြီး
陪審員(ばいしんいん) ဂျူရီအဖွဲ့
証拠(しょうこ) သက်သေ
証人(しょうにん) သက်သေခံသူ
有罪(ゆうざい) အပြစ်ရှိ
無罪(むざい) အပြစ်မရှိ
刑罰(けいばつ) ပြစ်ဒဏ်
判決(はんけつ) တရားစီရင်ချက်
❤18
⛩️ 義理の父母 

ぎりのふぼ

ယောက္ခထီး၊ ယောက္ခမ


⛩️ 義父  ぎふ 
ယောက္ခထီး

⛩️ 義母  ぎぼ 
ယောက္ခမ

⛩️ お婿さん  おむこさん  
သားမက်


⛩️ お嫁さん  およめさん 
ချွေးမ
❤17
August N4 A2/B1 Speaking Class
[ZOOM CLASS]


သင်တန်းရက် - ဗုဒ္ဓဟူး၊ ကြာသပတေး

အတန်းချိန် - 7:00 pm-9:00 pm

သင်တန်းကာလ - 1 လ

သင်တန်းကြေး - 50000 MMK

5.8.2026(ဗုဒ္ဓဟူးနေ့) တွင် အတန်းစပါမည်။


ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။

အဆုံးထိ တက်နိုင်သူများ၊ အဖွဲ့လိုက်လုပ်‌ေဆာင်နိုင်သူများ ဖြစ်ဖို့လိုပါသည်နော်။

သုံးကြိမ်အထက်ပျက်ပါက အတန်းကနေ ထုတ်ပယ်ပါမည်နော်။

လူဦးရေ သတ်မှတ်ထားတာမို့ တက်မယ်ဆို မြန်မြန်လေး လာအပ်ဖို့ အကြံပြုချင်ပါတယ်။

ဒါဆို

かいわをいっしょにれんしゅうしましょう。
❤13🐳1
5 sentences about daily routine (毎日の生活)


① Morning Routine

Japanese:

毎朝(まいあさ)六時(ろくじ)に起(お)きて、顔(かお)を洗(あら)って歯(は)を磨(みが)いたあとで朝(あさ)ご飯(はん)を食(た)べてから学校(がっこう)や会社(かいしゃ)へ行(い)きます。



မနက်တိုင်း ၆ နာရီမှာထပြီး မျက်နှာသစ်၊ သွားတိုက်ပြီး မနက်စာစားကာ ကျောင်း (သို့) အလုပ်ကို သွားပါတယ်။



学校(がっこう)や会社(かいしゃ)から帰(かえ)ってきたら、少(すこ)し休(やす)んでから宿題(しゅくだい)をしたり、日本語(にほんご)の漢字(かんじ)や文法(ぶんぽう)を勉強(べんきょう)したりします。


ကျောင်း (သို့) အလုပ်ကပြန်ရောက်ရင် ခဏနားပြီး အိမ်စာလုပ်တာ၊ ဂျပန်စာကန်ဂျီနဲ့ သဒ္ဒါလေ့လာတာတွေ လုပ်ပါတယ်။


③ Evening Routine


夜(よる)は家族(かぞく)と一緒(いっしょ)に晩(ばん)ご飯(はん)を食(た)べながら今日(きょう)の出来事(できごと)について話(はな)して、そのあとお風呂(ふろ)に入(はい)ります。


ညဘက်မှာ မိသားစုနဲ့အတူ ညစာစားရင်း ဒီနေ့ဖြစ်ခဲ့တဲ့အကြောင်းတွေကို ပြောဆိုပြီး အဲဒီနောက် ရေချိုးပါတယ်။



日本語(にほんご)がもっと上手(じょうず)になりたいので、毎日(まいにち)時間(じかん)があるときは日本語(にほんご)の本(ほん)を読(よ)んだり、ポッドキャストを聞(き)いたりして勉強(べんきょう)しています。


ဂျပန်စာ ပိုတော်ချင်လို့ နေ့တိုင်း အချိန်ရှိတဲ့အခါ ဂျပန်စာအုပ်ဖတ်ပြီး Podcast နားထောင်ရင်း လေ့လာပါတယ်။


⑤ Before Going to Bed



寝(ね)る前(まえ)に明日(あした)の予(よてい)を確認(かくにん)して、目覚(めざ)まし時計(どけい)をセットしてから、できるだけ早(はや)く寝(ね)るようにしています。


အိပ်ခါနီးမှာ မနက်ဖြန်ရဲ့ အစီအစဉ်ကို စစ်ဆေးပြီး နာရီနှိုးစက်ချိန်ထားကာ တတ်နိုင်သမျှ စောစောအိပ်ဖို့ ကြိုးစားပါတယ်။


August N4 A2/B1 Speaking Class
[ZOOM CLASS] လေးလည်း ရှိပါတယ်နော်။
အတန်းအကြောင်းလေး သေချာ သိချင်ပါက
👇👇👇

https://t.me/kaiwa_practice/686
❤18
August N4 A2/B1 Speaking Class
[ZOOM CLASS] လေး ရှိပါတယ်နော်။

⛩️အတန်းချိန် - ဗုဒ္ဓဟူး၊ ကြာသပတေး (7:00-9:00 pm )

⛩️သင်တန်းကြေး- 50000 MMK

✅အတန်းသင်ရိုး‌ေလးကတော့
irodori+ own curriculum ပါရှင့်။

✅Listening+ Speaking များများလုပ်ရပါတယ်။ အပတ်တိုင်း presentation ပြောရတာတွေ၊ မေးခွန်းတိုတွေ ဆွေးနွေးရတာ၊ speaking game လေးတွေ ပါပါတယ်။

✅Project အနေနဲ့ Presentation video 2 ခု ထပ်ရမှာဖြစ်ပြီး

✅သင်တန်းကာလ အတွင်း Tasks တွေ ပြီးမြောက်သူကို certificate လေးလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

5.8.2026(ဗုဒ္ဓဟူးနေ့) တွင် အတန်းစပါမည်။


ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။
❤15🍓2
汗 (あせ) — ချွေး


汗 (あせ / ase): ချွေး

汗をかく (あせをかく / ase o kaku): ချွေးထွက်သည်

冷や汗 (ひやあせ / hiyaase): ချွေးစေး

汁 (しる) — အရည် / ဟင်းရည်


汁 (しる / shiru): အရည် / ဟင်းရည်

味噌汁 (みそしる / misoshiru): မိဆိုဟင်းရည်

果汁 (かじゅう / kajū): သစ်သီးရည်

出汁 (だし / dashi): ဂျပန်ဟင်းခတ်ငါးပြုတ်ရည်
❤26
"အလုပ်များနေတယ်၊ အချိန်မရှိဘူး"၊ "ဒီနေ့ မအားဘူး" ဆိုတာတွေကို ဘယ်လိုပြောကြမလဲ???


1. わたしは いま いそがしいですから、いけません。
(私は今忙しいですから、行けません。)

အခု ကျွန်မ/ကျွန်တော် အလုပ်များနေလို့ မသွားနိုင်ဘူး။


2. わたしは いま とても いそがしいですから、じかんが ありません。
(私は今とても忙しいですから、時間がありません。)

အခု ကျွန်မ/ကျွန်တော် အရမ်းအလုပ်များနေလို့ အချိန်မရှိဘူး။


3. きょうは からだの ちょうしが よくないですから、やすみます。
(今日は体の調子が良くないですから、休みます。)

ဒီနေ့ ကိုယ်လက်မသက်မသာဖြစ်‌ေနလို့ အနားယူမယ်။


4. きょうは つごうが わるいですから、いけません。
(今日は都合が悪いですから、行けません。)

ဒီနေ့ အဆင်မပြေလို့ မသွားနိုင်ဘူး။

5. きょうは ようじが あるから、いけません。
(今日は用事があるから、行けません。)

ဒီနေ့ ကိစ္စရှိလို့ မသွားနိုင်ဘူး။


6. きょうは ともだちと やくそくが あるから、いけません。
(今日は友達と約束があるから、行けません。)

ဒီနေ့ သူငယ်ချင်းနဲ့ ချိန်းထားတာရှိလို့ မသွားနိုင်ဘူး။


7. きょうは たいせつな ことが あるから、いそがしいです。
(今日は大切なことがあるから、忙しいです。)

ဒီနေ့ အရေးကြီးတဲ့ကိစ္စရှိလို့ အလုပ်များနေတယ်။


8. きょうは だいじな ことが あるから、あとで れんらくします。
(今日は大事なことがあるから、後で連絡します。)

ဒီနေ့ အရေးကြီးတဲ့ကိစ္စရှိလို့ နောက်မှ ဆက်သွယ်လိုက်မယ်။


9. いま しごとちゅうですから、あとで へんしんします。
(今、仕事中ですから、後で返信します。)

အခု အလုပ်လုပ်နေတုန်းမို့ နောက်မှ စာပြန်မယ်။


10. すみません。いま じかんが ないので、また こんど おねがいします。
(すみません。今、時間がないので、また今度お願いします。)

တောင်းပန်ပါတယ်။ အခု အချိန်မရှိသေးလို့ နောက်တစ်ခါမှ လုပ်ပေးပါနော်။
❤35🥰2
「料(りょう)・金(きん)・費(ひ)」တို့ရဲ့ ကွာခြားချက်

ဂျပန်ဘာသာမှာ 料・金・費 သုံးခုစလုံးက "ငွေ၊ အခ‌ေကြး‌ေငွ၊ စရိတ်" ဆိုတဲ့ အဓိပ္ပာယ်နဲ့ဆိုင်ပေမယ့် အသုံးပြုပုံ မတူကြပါဘူး။

━━━━━━━━━━━━━━━

🔹 ① 料(りょう) = ဝန်ဆောင်မှုအတွက် အခကြေးငွေ/ အသုံးပြုခ

• 入場料(にゅうじょうりょう)– ဝင်ကြေး
• 授業料(じゅぎょうりょう)– ကျောင်းလခ
• 利用料(りようりょう)– အသုံးပြုခ
• 手数料(てすうりょう)– ဝန်ဆောင်ခ
• 送料(そうりょう)– ပို့ဆောင်ခ
• 駐車料(ちゅうしゃりょう)– ကားရပ်နားခ
• 宿泊料(しゅくはくりょう)– တည်းခိုခ
• 診療料(しんりょうりょう)– ဆေးကုသခ
• 入館料(にゅうかんりょう)– ပြတိုက်/အဆောက်အဦးဝင်ကြေး
• 受講料(じゅこうりょう)– သင်တန်းကြေး

💡 မှတ်ရန် – 料 က ဝန်ဆောင်မှုတစ်ခုကို အသုံးပြုတဲ့အတွက် ပေးရတဲ့ "အခကြေးငွေ" ဖြစ်ပါတယ်။

━━━━━━━━━━━━━━━

🔹 ② 金(きん/かね) = ငွေ၊ ပေးရသောငွေပမာဏ

• お金(おかね)– ငွေ
• 料金(りょうきん)– အခကြေးငွေ
• 税金(ぜいきん)– အခွန်
• 罰金(ばっきん)– ဒဏ်ငွေ
• 年金(ねんきん)– ပင်စင်
• 賃金(ちんぎん)– လုပ်အားခ
• 給料(きゅうりょう)– လစာ
• 現金(げんきん)– ငွေသား
• 保証金(ほしょうきん)– အာမခံငွေ
• 頭金(あたまきん)– စပေါ်ငွေ

💡 မှတ်ရန် – 金 က "ငွေ" သို့မဟုတ် "ပေးရတဲ့ ငွေပမာဏ" ကို ရည်ညွှန်းပါတယ်။

━━━━━━━━━━━━━━━

🔹 ③ 費(ひ) = ကုန်ကျစရိတ် / အသုံးစရိတ်

• 学費(がくひ)– ပညာသင်စရိတ်
• 交通費(こうつうひ)– သွားလာစရိတ်
• 生活費(せいかつひ)– နေထိုင်စားသောက်စရိတ်
• 医療費(いりょうひ)– ဆေးကုသစရိတ်
• 食費(しょくひ)– စားသောက်စရိတ်
• 光熱費(こうねつひ)– မီး၊ ရေ၊ ဂက်စ်စရိတ်
• 通信費(つうしんひ)– ဖုန်း/အင်တာနက်စရိတ်
• 旅費(りょひ)– ခရီးစရိတ်
• 経費(けいひ)– လုပ်ငန်းကုန်ကျစရိတ်
• 引っ越し費用(ひっこしひよう)– အိမ်ပြောင်းစရိတ်

💡 မှတ်ရန် – 費 က "ကုန်ကျစရိတ်" ကို အဓိက ဖော်ပြပါတယ်။

━━━━━━━━━━━━━━━

🌸 အလွယ်မှတ်နည်း

✅ 料(りょう) → ဝန်ဆောင်မှုအတွက် "အခကြေးငွေ"
ဥပမာ – 入場料・送料・授業料

✅ 金(きん) → ငွေ / ငွေပမာဏ
ဥပမာ – 税金・料金・罰金

✅ 費(ひ) → ကုန်ကျစရိတ်
ဥပမာ – 学費・交通費・生活費

━━━━━━━━━━━━━━━

📝 ဥပမာ

① 入場料は五百円です。
(にゅうじょうりょう は ごひゃくえん です。)
➡️ ဝင်ကြေးက ယန်း ၅၀၀ ဖြစ်ပါတယ်။

② 今月の電気料金は高かったです。
(こんげつ の でんきりょうきん は たかかった です。)
➡️ ဒီလ လျှပ်စစ်ခက ဈေးကြီးခဲ့တယ်။

③ 毎月交通費がかかります。
(まいつき こうつうひ が かかります。)
➡️ လစဉ် သွားလာစရိတ် ကုန်ကျပါတယ်။

④ 大学の学費を払いました。
(だいがく の がくひ を はらいました。)
➡️ တက္ကသိုလ်ကျောင်းလခကို ပေးပြီးပါပြီ။

⑤ 送料は無料です。
(そうりょう は むりょう です。)
➡️ ပို့ဆောင်ခ အခမဲ့ဖြစ်ပါတယ်။

🌟 Vocabulary
• 無料(むりょう)= အခမဲ့
• 有料(ゆうりょう)= အခကြေး ငွေပေးရခြင်း။
❤38🐳2
All about Japan


🚦 「青信号(あおしんごう)」ဆိုတာ ဘာကြောင့် Green Light ကို “Blue” လို့ခေါ်တာလဲ?


青(あお) = အပြာရောင် / ရှေးရိုးအသုံးအနှုန်းအရ အစိမ်းရောင်ပါ ပါဝင်နိုင်တဲ့ အရောင်အုပ်စု

緑(みどり) = အစိမ်းရောင်

信号(しんごう) = မီးပွိုင့် / အချက်ပြမီး

👉 青信号(あおしんごう) = မီးပွိုင့်အစိမ်း


ဂျပန်ဘာသာစကားမှာ ရှေးယခင်က 青(あお) ဆိုတဲ့စကားလုံးကို ယနေ့ခေတ်လို “အပြာရောင်တစ်မျိုးတည်း” အတွက်ပဲ မသုံးခဲ့ပါဘူး။ အစိမ်းရောင်အရာတွေကိုလည်း 青 လို့ ခေါ်တဲ့အသုံးအနှုန်းတွေ ရှိခဲ့ပါတယ်။

ဥပမာ—
青葉(あおば) 🍃 — အစိမ်းရောင်သစ်ရွက်

青りんご(あおりんご) 🍏 — အစိမ်းရောင်ပန်းသီး

青信号(あおしんごう) 🚦 — မီးပွိုင့်အစိမ်း

ဥပမာဝါကျ

青信号(あおしんごう)になったら、渡(わた)ってください。
➡️ မီးပွိုင့်အစိမ်းဖြစ်သွားရင် လမ်းဖြတ်ကူးပါ။


💡 မှတ်ရန်: ယနေ့ခေတ်မှာ 緑(みどり)= အစိမ်း လို့ သုံးပေမယ့် 青信号(あおしんごう) ကတော့ ရှေးကတည်းက အမြဲတမ်းသုံးလာတဲ့ သတ်မှတ်အသုံးအနှုန်းဖြစ်လို့ “green light” ကို 青 လို့ ပြောနေဆဲပါ။
❤17
All about Japan


神社(じんじゃ) နဲ့ お寺(おてら) ကို လေ့လာရအောင်

🇯🇵 神社(じんじゃ) vs お寺(おてら)

1. 神社(じんじゃ) — ရှင်တိုဘုရားကျောင်း

神社(じんじゃ) = Shinto Shrine
ဂျပန်ရိုးရာ 神道(しんとう) နဲ့ ဆက်နွယ်တဲ့ ဝတ်ပြုရာနေရာပါ။

神(かみ) = နတ် / ဘုရားသခင်

社(しゃ) = ဝတ်ပြုရာနေရာ၊ shrine


神社 မှာ 神様(かみさま) ကို ဝတ်ပြုကြပါတယ်။

2. お寺(おてら) — ဗုဒ္ဓဘာသာဘုရားကျောင်း

お寺(おてら) = Buddhist Temple
仏教(ぶっきょう) = ဗုဒ္ဓဘာသာ

お寺 မှာ 仏様(ほとけさま)၊ ဗုဒ္ဓဘာသာဆိုင်ရာ ရုပ်ပွားတော်တွေကို ဝတ်ပြုကြပါတယ်။


---

⛩️ 神社 မှာတွေ့ရတဲ့ အရာများ

鳥居(とりい)

Torii gate — 神社 ရဲ့ ဝင်ပေါက်မှာ တွေ့ရတဲ့ အနီရောင်/သစ်သားတံခါးပုံစံ အဆောက်အအုံ။

鳥居(とりい)をくぐります。
➡️ Torii တံခါးအောက်ကနေ ဖြတ်ဝင်ပါတယ်။

手水舎(ちょうずや)

လက်နဲ့ ပါးစပ်ကို သန့်စင်ဖို့ ရေရှိတဲ့နေရာ။

手(て)を洗(あら)います。
➡️ လက်ကို ဆေးကြောပါတယ်။

賽銭箱(さいせんばこ)

ဝတ်ပြုတဲ့အခါ အလှူငွေထည့်တဲ့ သေတ္တာ။

お賽銭(さいせん)を入(い)れます。
➡️ အလှူငွေ ထည့်ပါတယ်။

鈴(すず)

ဝတ်ပြုတဲ့အခါ ခေါင်းလောင်းတီးဖို့ အသုံးပြုပါတယ်။

お守り(おまもり)

ကံကောင်းစေဖို့၊ ကာကွယ်ပေးဖို့ ယုံကြည်ပြီး ဆောင်ထားတဲ့ အဆောင်။

お守(まも)りを買(か)いました。
➡️ အဆောင်ဝယ်ခဲ့ပါတယ်။

絵馬(えま)

ဆုတောင်းချက် ရေးပြီး ချိတ်ထားတဲ့ သစ်သားပြား။

絵馬(えま)に願(ねが)いを書(か)きます。
➡️ 絵馬 ပေါ်မှာ ဆုတောင်းချက်ရေးပါတယ်။


---

🏯 お寺 မှာတွေ့ရတဲ့ အရာများ

山門(さんもん)

ဘုရားကျောင်းရဲ့ အဓိကဝင်ပေါက်။

本堂(ほんどう)

ဘုရားကျောင်းရဲ့ အဓိကဝတ်ပြုရာ အဆောက်အအုံ။

仏像(ぶつぞう)

ဗုဒ္ဓရုပ်ပွားတော် / ဗုဒ္ဓဘာသာရုပ်တု။

お線香(おせんこう)

အမွှေးတိုင်။

お線香(せんこう)をあげます。
➡️ အမွှေးတိုင် ထွန်း/ပူဇော်ပါတယ်။

お墓(おはか)

သင်္ချိုင်း / အုတ်ဂူ။

お寺 တွေမှာ သင်္ချိုင်းနဲ့ ဆက်နွယ်မှုလည်း ရှိတတ်ပါတယ်။


---

🙏 神社 မှာ ဘယ်လိုဆုတောင်းလဲ?

အခြေခံအားဖြင့်—

二礼二拍手一礼(にれい にかくしゅ いちれい)

1. 二礼(にれい) → နှစ်ကြိမ် ဦးညွှတ်


2. 二拍手(にかくしゅ) → လက်နှစ်ကြိမ်တီး


3. ဆုတောင်း


4. 一礼(いちれい) → နောက်ဆုံးတစ်ကြိမ် ဦးညွှတ်



ဥပမာ—

神様(かみさま)にお願(ねが)いをします。
➡️ 神様 ကို ဆုတောင်းပါတယ်။


---

🔔 神社 နဲ့ お寺 ဘယ်လိုခွဲမလဲ?

神社(じんじゃ) お寺(おてら)

神道(しんとう) 仏教(ぶっきょう)
神様(かみさま) 仏様(ほとけさま)
⛩️ 鳥居(とりい) 🏯 山門(さんもん)
神主(かんぬし) 僧侶(そうりょ)
お守り お線香
絵馬 仏像


⭐ အလွယ်မှတ်နည်း

⛩️ 鳥居 → 神社(じんじゃ)
🏯 山門 → お寺(おてら)

ဒါပေမယ့် ဘယ်နေရာမဆို 100% ဒီလိုပဲဆိုတာတော့ မဟုတ်ပါဘူး။ ဂျပန်မှာ Shinto နဲ့ Buddhism တို့ သမိုင်းတစ်လျှောက် အပြန်အလှန်ဆက်နွယ်လာတာကြောင့် အချို့နေရာတွေမှာ နှစ်မျိုးလုံးရဲ့ လက္ခဏာတွေ တွေ့နိုင်ပါတယ်။

📚 အရေးကြီး Vocabulary

神社(じんじゃ) — ရှင်တိုဘုရားကျောင်း

お寺(おてら) — ဗုဒ္ဓဘာသာဘုရားကျောင်း

神道(しんとう) — ရှင်တိုဘာသာ

仏教(ぶっきょう) — ဗုဒ္ဓဘာသာ

神様(かみさま) — နတ် / ဘုရား

仏様(ほとけさま) — ဗုဒ္ဓ / မြတ်စွာဘုရား

鳥居(とりい) — 神社 ဝင်ပေါက်

お守り(おまもり) — အဆောင်

絵馬(えま) — ဆုတောင်းရေးတဲ့ သစ်သားပြား

お賽銭(おさいせん) — အလှူငွေ

参拝(さんぱい) — ဘုရားကျောင်း/神社 သို့ သွားရောက်ဝတ်ပြုခြင်း

お参り(おまいり) — သွားရောက်ဝတ်ပြုခြင်း

御朱印(ごしゅいん) — 神社/お寺 မှာ ရရှိနိုင်တဲ့ အမှတ်တံဆိပ်နဲ့ စာရေးမှတ်တမ်း

神主(かんぬし) — 神社 ရဲ့ ဘာသာရေးဝန်ထမ်း

僧侶(そうりょ) — ဗုဒ္ဓဘာသာဘုန်းကြီး


参拝(さんぱい) ဆိုတဲ့စကားလုံးက နှစ်မျိုးလုံးမှာ သုံးလို့ရတာကို အထူးမှတ်ထားပါ။
❤17
All about Japan


お茶(おちゃ)・紅茶(こうちゃ)

🍵 お茶(おちゃ)の歴史(れきし)

လက်ဖက်ရည်ရဲ့ သမိုင်း

お茶(ちゃ)は、何千年(なんぜんねん)も前(まえ)に、中国(ちゅうごく)で生(う)まれたと言(い)われています。
→ လက်ဖက်ရည်ဟာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက တရုတ်နိုင်ငံမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်။

昔(むかし)の中国(ちゅうごく)には、お茶(ちゃ)について有名(ゆうめい)な伝説(でんせつ)があります。
→ ရှေးခေတ်တရုတ်နိုင်ငံမှာ လက်ဖက်ရည်နဲ့ပတ်သက်တဲ့ နာမည်ကြီးဒဏ္ဍာရီတစ်ခုရှိပါတယ်။

神農(しんのう)という人物(じんぶつ)が、お湯(ゆ)に茶(ちゃ)の葉(は)が落(お)ちたことから、お茶(ちゃ)を発見(はっけん)したと言(い)われています。
→ 神農(Shennong) ဆိုတဲ့ပုဂ္ဂိုလ်က ရေနွေးထဲကို လက်ဖက်ရွက်ကျသွားရာကနေ လက်ဖက်ရည်ကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒဏ္ဍာရီအရ ဆိုပါတယ်။

🇯🇵 日本(にほん)にお茶(ちゃ)が伝(つた)わる

ဂျပန်ကို လက်ဖက်ရည်ရောက်လာခြင်း

中国(ちゅうごく)で発達(はったつ)したお茶(ちゃ)の文化(ぶんか)は、後(あと)に日本(にほん)にも伝(つた)わりました。

→ တရုတ်နိုင်ငံမှာ ဖွံ့ဖြိုးလာတဲ့ လက်ဖက်ရည်ယဉ်ကျေးမှုဟာ နောက်ပိုင်းမှာ ဂျပန်နိုင်ငံကိုလည်း ရောက်ရှိလာပါတယ်။

特(とく)に、仏教(ぶっきょう)の僧侶(そうりょ)たちがお茶(ちゃ)を日本(にほん)に伝(つた)えるのに重要(じゅうよう)な役割(やくわり)を果(は)たしました。

→ အထူးသဖြင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက လက်ဖက်ရည်ကို ဂျပန်နိုင်ငံသို့ ယူဆောင်လာရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

その後(ご)、日本(にほん)では茶道(さどう)という独特(どくとく)なお茶(ちゃ)の文化(ぶんか)が発達(はったつ)しました。

→ အဲဒီနောက် ဂျပန်မှာ 茶道(さどう) ဆိုတဲ့ ထူးခြားတဲ့ လက်ဖက်ရည်ယဉ်ကျေးမှု ဖွံ့ဖြိုးလာခဲ့ပါတယ်။


---

☕ 紅茶(こうちゃ)の歴史(れきし)

Black tea ရဲ့ သမိုင်း

紅茶(こうちゃ)も、もともとは中国(ちゅうごく)で作(つく)られたお茶(ちゃ)の一(ひと)つです。

→ Black tea လည်း မူလက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လက်ဖက်ရည်အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

その後(ご)、紅茶(こうちゃ)はヨーロッパにも広(ひろ)がり、特(とく)にイギリスで人気(にんき)が高(たか)くなりました。

→ နောက်ပိုင်းမှာ Black tea ဟာ ဥရောပကိုလည်း ပျံ့နှံ့သွားပြီး အထူးသဖြင့် အင်္ဂလန်မှာ လူကြိုက်များလာပါတယ်။

イギリスでは、午後(ごご)に紅茶(こうちゃ)を楽(たの)しむ「アフタヌーンティー」という文化(ぶんか)も有名(ゆうめい)です。

→ အင်္ဂလန်မှာ နေ့လယ်ပိုင်း Black tea သောက်ရင်း အစားအစာလေးတွေနဲ့ ပျော်ရွှင်စွာ အချိန်ဖြုန်းတဲ့ Afternoon Tea ယဉ်ကျေးမှုလည်း နာမည်ကြီးပါတယ်။


---

🤔 お茶(おちゃ)の面白(おもしろ)い事実(じじつ)

လက်ဖက်ရည်နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်များ

① 緑茶(りょくちゃ)と紅茶(こうちゃ)は同(おな)じ植物(しょくぶつ)から作(つく)られます。

→ Green tea နဲ့ Black tea ဟာ တူညီတဲ့ အပင်ကနေ ပြုလုပ်ထားတာပါ။

違(ちが)いは、茶葉(ちゃば)の加工方法(かこうほうほう)です。
→ ကွာခြားတာကတော့ လက်ဖက်ရွက်ကို ဘယ်လိုပြုပြင်ထုတ်လုပ်သလဲ ဆိုတာပါ။


---

② 日本(にほん)で「お茶(ちゃ)」と言(い)うと?

日本(にほん)で「お茶(ちゃ)」と言(い)うと、緑茶(りょくちゃ)を意味(いみ)することが多(おお)いです。

→ ဂျပန်မှာ お茶 လို့ပြောရင် Green tea ကို ဆိုလိုတာများပါတယ်။

紅茶(こうちゃ)を飲(の)みたいときは、「紅茶(こうちゃ)」と言(い)います。

→ Black tea သောက်ချင်ရင်တော့ 紅茶(こうちゃ) လို့ ပြောပါတယ်။


---

③ 抹茶(まっちゃ)は普通(ふつう)の緑茶(りょくちゃ)と少(すこ)し違(ちが)います。

抹茶(まっちゃ)は、茶葉(ちゃば)を細(こま)かい粉(こな)にして、その粉(こな)をお湯(ゆ)に混(ま)ぜて飲(の)みます。

→ Matcha က လက်ဖက်ရွက်ကို အမှုန့်ကြိတ်ပြီး အဲဒီအမှုန့်ကို ရေနွေးနဲ့ ဖျော်ပြီး သောက်တာပါ။


---

④ 「茶道(さどう)」は、ただお茶(ちゃ)を飲(の)むだけではありません。

茶道(さどう)では、お茶(ちゃ)の飲(の)み方(かた)だけではなく、礼儀(れいぎ)や相手(あいて)への思(おも)いやりも大切(たいせつ)にします。

→ 茶道 (さどう) မှာ လက်ဖက်ရည်သောက်နည်းတစ်ခုတည်းမဟုတ်ဘဲ ယဉ်ကျေးမှု၊ အမူအကျင့်နဲ့ တစ်ဖက်လူအပေါ် ထားရှိတဲ့ ဂရုစိုက်မှု ကိုလည်း အရေးကြီးတယ်လို့ ယူဆပါတယ်။


---

🌱 Tea vocabulary



お茶 おちゃ လက်ဖက်ရည် / Tea
緑茶 りょくちゃ Green tea
紅茶 こうちゃ Black tea
抹茶 まっちゃ Matcha
麦茶 むぎちゃ Barley tea
ほうじ茶 ほうじちゃ Roasted green tea
茶葉 ちゃば လက်ဖက်ရွက်
茶道 さどう ဂျပန်လက်ဖက်ရည်အခမ်းအနား/ယဉ်ကျေးမှု
茶碗 ちゃわん လက်ဖက်ရည်/ထမင်းပန်းကန်
砂糖 さとう သကြား
ミルク ミルク နို့
❤14
September N4 A2/B1 Speaking Class
[ZOOM CLASS] လေး ရှိပါတယ်နော်။

⛩️အတန်းချိန် - ဗုဒ္ဓဟူး၊ ကြာသပတေး (7:00-9:00 pm )

⛩️သင်တန်းကြေး- 50000 MMK

✅အတန်းသင်ရိုး‌ေလးကတော့
irodori+ own curriculum ပါရှင့်။

✅Listening+ Speaking များများလုပ်ရပါတယ်။ အပတ်တိုင်း presentation ပြောရတာတွေ၊ မေးခွန်းတိုတွေ ဆွေးနွေးရတာ၊ speaking game လေးတွေ ပါပါတယ်။

✅Project အနေနဲ့ Presentation video 2 ခု ထပ်ရမှာဖြစ်ပြီး

✅သင်တန်းကာလ အတွင်း Tasks တွေ ပြီးမြောက်သူကို certificate လေးလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

9.9.2026(ဗုဒ္ဓဟူးနေ့) တွင် အတန်းစပါမည်။


ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။
❤9
🇯🇵 ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ဂျပန်၌ ကျင်းပမည့် ပွဲတော်များနှင့် Events

ဂျပန်နိုင်ငံတွင် စက်တင်ဘာလသည် နွေရာသီမှ ဆောင်းဦးသို့ ကူးပြောင်းသည့်ကာလ ဖြစ်သောကြောင့် ရိုးရာပွဲတော်များ၊ အားကစားပွဲများ၊ အစားအသောက်ပွဲများနှင့် အားလပ်ရက်များစွာ ရှိပါသည်။ အောက်တွင် အလွန်နာမည်ကြီးသော ပွဲများနှင့် ဒေသတွင်းတွင် လူသိများသော ပွဲများ ကို Japanese furigana နှင့် Myanmar translation ဖြင့် ဖော်ပြထားပါသည်။


---

1. おわら風(かぜ)の盆(ぼん)

Owara Kaze no Bon

📍 富山県(とやまけん)・八尾(やつお)
📅 9月1日〜3日ごろ

人気度:★★★★☆ とても有名(ゆうめい)

🇯🇵 日本語

おわら風(かぜ)の盆(ぼん)は、富山県(とやまけん)八尾(やつお)で行(おこな)われる伝統的(でんとうてき)なお祭(まつ)りです。人々(ひとびと)は、音楽(おんがく)に合(あ)わせて、静(しず)かで美(うつく)しい踊(おど)りを踊(おど)ります。

🇲🇲 မြန်မာဘာသာ

Owara Kaze no Bon သည် Toyama ခရိုင်၊ Yatsuo ဒေသတွင် ကျင်းပသော ရိုးရာပွဲတော်ဖြစ်ပါသည်။ လူများသည် ဂီတနှင့်အတူ တိတ်ဆိတ်လှပသော ရိုးရာအကများကို ကကြပါသည်။ ထူးခြားသော ရိုးရာပွဲတော်တစ်ခုအဖြစ် လူသိများပါသည်။




---

2. 角館(かくのだて)祭(まつ)りのやま行事(ぎょうじ)

Kakunodate Matsuri no Yama Gyōji

📍 秋田県(あきたけん)
📅 9月7日〜9日ごろ

人気度:★★★☆☆ 地元(じもと)では有名(ゆうめい)

🇯🇵 日本語

このお祭(まつ)りでは、大(おお)きくて美(うつく)しい山車(だし)が町(まち)の中(なか)を進(すす)みます。地域(ちいき)の伝統(でんとう)を感(かん)じることができるお祭(まつ)りです。

🇲🇲 မြန်မာဘာသာ

ဤပွဲတော်တွင် ကြီးမားပြီး လှပသော ရိုးရာအလှယာဉ်များ(山車) ကို မြို့အတွင်း လှည့်လည်သွားလာစေပါသည်။ ဒေသခံရိုးရာယဉ်ကျေးမှုကို ခံစားနိုင်သော ပွဲတော်တစ်ခုဖြစ်ပါသည်။




---

3. 烏相撲(からすずもう)

Karasu Sumo

📍 京都(きょうと)・上賀茂神社(かみがもじんじゃ)
📅 9月9日ごろ

人気度:★★☆☆☆ あまり知ら(し)れていない

🇯🇵 日本語

烏相撲(からすずもう)は、京都(きょうと)の上賀茂神社(かみがもじんじゃ)で行(おこな)われる珍(めずら)しい伝統行事(でんとうぎょうじ)です。

🇲🇲 မြန်မာဘာသာ

Karasu Sumo သည် Kyoto ရှိ Kamigamo Shrine တွင် ကျင်းပသော ထူးခြားသည့် ရိုးရာအခမ်းအနားတစ်ခုဖြစ်ပါသည်။ နိုင်ငံတကာခရီးသွားများအကြား အလွန်နာမည်ကြီးခြင်းမရှိသော်လည်း ဂျပန်ရိုးရာယဉ်ကျေးမှုအရ အရေးပါသော ပွဲတစ်ခုဖြစ်သည်။




---

4. 札幌(さっぽろ)オータムフェスト

Sapporo Autumn Fest

📍 北海道(ほっかいどう)・札幌(さっぽろ)
📅 9月11日〜10月上旬(じょうじゅん)ごろ

人気度:★★★★★ とても人気(にんき)がある

🇯🇵 日本語

札幌(さっぽろ)オータムフェストは、北海道(ほっかいどう)の食(た)べ物(もの)を楽(たの)しむことができる大(おお)きなイベントです。海産物(かいさんぶつ)、ラーメン、肉料理(にくりょうり)など、いろいろな料理(りょうり)があります。

🇲🇲 မြန်မာဘာသာ

Sapporo Autumn Fest သည် Hokkaido ဒေသ၏ အစားအသောက်များကို စားသုံးခံစားနိုင်သော နာမည်ကြီး Food Festival ဖြစ်ပါသည်။ ပင်လယ်စာ၊ Ramen နှင့် အသားဟင်းအမျိုးမျိုးကို စားသုံးနိုင်ပါသည်။




---

5. 大相撲(おおずもう)秋場所(あきばしょ)

Grand Sumo Autumn Tournament

📍 東京(とうきょう)・両国(りょうごく)
📅 9月13日〜27日ごろ

人気度:★★★★★ とても有名(ゆうめい)

🇯🇵 日本語

大相撲(おおずもう)秋場所(あきばしょ)は、東京(とうきょう)で行(おこな)われる大相撲(おおずもう)の大会(たいかい)です。日本(にほん)の伝統的(でんとうてき)なスポーツを見(み)ることができます。

🇲🇲 မြန်မာဘာသာ

Grand Sumo Autumn Tournament သည် Tokyo တွင် ကျင်းပသော Sumo ပြိုင်ပွဲကြီးဖြစ်ပါသည်။ ဂျပန်နိုင်ငံ၏ အရေးကြီးပြီး နာမည်ကြီးသော ရိုးရာအားကစားဖြစ်သည့် Sumo ကို ကြည့်ရှုနိုင်ပါသည်။




---

6. 敬老(けいろう)の日(ひ)

Keirō no Hi – လူကြီးများကို လေးစားဂုဏ်ပြုသောနေ့

📅 2026年9月21日(月曜日)
📍 日本全国(にほんぜんこく)

人気度:★★★★★ 国民的(こくみんてき)な祝日(しゅくじつ)

🇯🇵 日本語

敬老(けいろう)の日(ひ)は、お年寄(としよ)りを大切(たいせつ)にし、長(なが)い人生(じんせい)に感謝(かんしゃ)する日(ひ)です。家族(かぞく)でおじいさんやおばあさんに感謝(かんしゃ)を伝(つた)える人(ひと)も多(おお)いです。

🇲🇲 မြန်မာဘာသာ

敬老の日(Keirō no Hi) သည် အသက်ကြီးသူများကို လေးစားဂုဏ်ပြုသော ဂျပန်အမျိုးသားအားလပ်ရက်ဖြစ်ပါသည်။ မိသားစုများက အဘိုးအဘွားများနှင့် အသက်ကြီးသူများကို ကျေးဇူးတင်ကြောင်း ဖော်ပြလေ့ရှိကြပါသည်။




---

7. 岸和田(きしわだ)だんじり祭(まつ)り

Kishiwada Danjiri Matsuri

📍 大阪府(おおさかふ)・岸和田市(きしわだし)
📅 9月19日〜20日ごろ

人気度:★★★★★ とても人気(にんき)がある

🇯🇵 日本語

岸和田(きしわだ)だんじり祭(まつ)りは、大阪(おおさか)の有名(ゆうめい)なお祭(まつ)りです。大(おお)きなだんじりを町(まち)の中(なか)で引(ひ)っぱり、多(おお)くの人(ひと)が参加(さんか)します。

🇲🇲 မြန်မာဘာသာ

Kishiwada Danjiri Matsuri သည် Osaka ရှိ အလွန်နာမည်ကြီးသော ရိုးရာပွဲတော်တစ်ခုဖြစ်ပါသည်။ ကြီးမားသော だんじり(ရိုးရာအလှယာဉ်) များကို လူအများက ဆွဲယူကာ မြို့အတွင်း လှည့်လည်ကြပါသည်။




---

8. シルバーウィーク

Silver Week

📅 2026年9月19日〜23日ごろ
📍 日本全国(にほんぜんこく)

人気度:★★★★★

🇯🇵 日本語

シルバーウィークは、9月(くがつ)の祝日(しゅくじつ)が続(つづ)く大型連休(おおがたれんきゅう)です。多(おお)くの人(ひと)が旅行(りょこう)をしたり、家族(かぞく)と過(す)ごしたりします。

🇲🇲 မြန်မာဘာသာ

Silver Week သည် စက်တင်ဘာလတွင် အားလပ်ရက်များ ဆက်တိုက်ကျရောက်သည့် အားလပ်ရက်ရှည်ကာလဖြစ်ပါသည်။ လူအများသည် ခရီးသွားခြင်း၊ မိသားစုနှင့်အတူ အချိန်ဖြုန်းခြင်းတို့ ပြုလုပ်ကြပါသည်။

2026 ခုနှစ်တွင် September 19–23 ဝန်းကျင်သည် အားလပ်ရက်ရှည် ဖြစ်လာနိုင်သောကြောင့် အထူးစည်ကားမည်ဟု ခန့်မှန်းထားပါသည်။


---

9. 秋分(しゅうぶん)の日(ひ)

Shūbun no Hi – ဆောင်းဦးရာသီ Equinox Day

📅 2026年9月23日(水曜日)
📍 日本全国(にほんぜんこく)

人気度:★★★★★ 国民的(こくみんてき)な祝日(しゅくじつ)
❤5👍1
🇯🇵 日本語

秋分(しゅうぶん)の日(ひ)は、昼(ひる)と夜(よる)の長(なが)さがほぼ同(おな)じになる時期(じき)の祝日(しゅくじつ)です。自然(しぜん)や先祖(せんぞ)に感謝(かんしゃ)する日(ひ)でもあります。

🇲🇲 မြန်မာဘာသာ

秋分の日(Shūbun no Hi) သည် နေ့နှင့်ည အချိန်အလျား နီးပါးတူညီသည့် ကာလနှင့် ဆက်စပ်သော အမျိုးသားအားလပ်ရက်ဖြစ်ပါသည်။ သဘာဝနှင့် ဘိုးဘွားများကို ကျေးဇူးတင်ဂုဏ်ပြုသည့်နေ့လည်း ဖြစ်ပါသည်။




---

10. 中秋(ちゅうしゅう)の名月(めいげつ)

Chūshū no Meigetsu – ဆောင်းဦးလပြည့်ည

📅 2026年9月25日ごろ

人気度:★★★★☆

🇯🇵 日本語

中秋(ちゅうしゅう)の名月(めいげつ)は、美(うつく)しい月(つき)を楽(たの)しむ日本(にほん)の伝統的(でんとうてき)な行事(ぎょうじ)です。月見(つきみ)をして、お団子(だんご)などを食(た)べることがあります。

🇲🇲 မြန်မာဘာသာ

中秋の名月 သည် လှပသော ဆောင်းဦးလကို ကြည့်ရှုခံစားသည့် ဂျပန်ရိုးရာအခမ်းအနားဖြစ်ပါသည်။ လူများသည် 月見(つきみ)— လကြည့်ခြင်း ပြုလုပ်ပြီး 団子(だんご) ကဲ့သို့သော အစားအစာများကို စားသုံးလေ့ရှိပါသည်။




---

⭐ September 2026 တွင် အထူးနာမည်ကြီးသော Events များ

Japanese Event Popularity

大相撲(おおずもう)秋場所(あきばしょ) Sumo Tournament ⭐⭐⭐⭐⭐
岸和田(きしわだ)だんじり祭(まつ)り Danjiri Festival ⭐⭐⭐⭐⭐
札幌(さっぽろ)オータムフェスト Food Festival ⭐⭐⭐⭐⭐
シルバーウィーク Long Holiday ⭐⭐⭐⭐⭐
おわら風(かぜ)の盆(ぼん) Traditional Dance Festival ⭐⭐⭐⭐
中秋(ちゅうしゅう)の名月(めいげつ) Moon Viewing ⭐⭐⭐⭐
烏相撲(からすずもう) Traditional Ritual ⭐⭐


စက်တင်ဘာလမှာ ရိုးရာပွဲတော်၊ အစားအသောက်၊ Sumo၊ အားလပ်ရက်၊ လကြည့်ပွဲ စသည့် အမျိုးမျိုးသော Japanese culture ကို လေ့လာနိုင်သော လဖြစ်ပါသည်။
❤11
September N4 A2/B1 Speaking Class
[ZOOM CLASS] လေး ရှိပါတယ်နော်။

သင်တန်းရက် - ဗုဒ္ဓဟူး၊ ကြာသပတေး

အတန်းချိန် - 7:00 pm-9:00 pm

သင်တန်းကာလ - 1 လ

သင်တန်းကြေး - 50000 MMK


✅အတန်းသင်ရိုး‌ေလးကတော့
irodori+ own curriculum ပါရှင့်။

✅Listening+ Speaking များများလုပ်ရပါတယ်။ အပတ်တိုင်း presentation ပြောရတာတွေ၊ မေးခွန်းတိုတွေ ဆွေးနွေးရတာ၊ speaking game လေးတွေ ပါပါတယ်။

✅Project အနေနဲ့ Presentation video 2 ခု ထပ်ရမှာဖြစ်ပြီး

✅သင်တန်းကာလ အတွင်း Tasks တွေ ပြီးမြောက်သူကို certificate လေးလည်း ပေးအပ်သွားမှာဖြစ်ပါတယ်။

မနက်ဖြန် 9.9.2026(ဗုဒ္ဓဟူးနေ့) တွင် အတန်းစပါမည်။


ဒါဆိုရင် အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပါနော်။

ဒီနေ့ နောက်ဆုံး အတန်း‌ေလး လာအပ်လို့ရပါသေးတယ်နော်(⁠✷⁠‿⁠✷⁠)
❤15
မိနစံ ဒီလထဲမှာ
ငါးရက်တာ Japanese speaking basic (A1-A2 Level ) ZOOM CLASS ကို ပညာဒါန လေး လာဖို့ရှိပါမယ်။
ဒါ့အပြင် တခြားသင်တန်းလေးတွေ ထပ်ဖွင့်ဖို့စီစဉ်နေတာကြောင့် ဘယ်အတန်းလေး‌ေတွ တက်ချင်ကြလဲ တစ်ချက် ရွေးပေးကြည့်ပါနော်။
Final Results
41%
Basic + N5 Intensive Zoom , Group Class 2 လခွဲ - 5000 MMK For basic + 50000 MMK per month
29%
N4 Intensive Class 2 လခွဲ - 55000 MMK per month
18%
N5 Grammar Intensive Class for DECEMBER JLPT -2လ - 50000 MMK Per Month
53%
N4 Grammar Intensive Class for DECEMBER JLPT -2လ - 50000 MMK Per Month
⛩️Basic + N5 Intensive Class နဲ့
⛩️N4 Intensive Class နှစ်ခုထဲက တစ်ခု နဲ့

🍀N5 Grammar Intesive Class For December JLPT နဲ့

🍀N4 Grammar Intesive Class For December JLPT တို့ နှစ်ခုထဲက တစ်ခု


စုစုပေါင်း အတန်း နှစ်တန်းပဲ ရွေးဖွင့်သွားမှာမို့ ကိုယ်တက်ချင်ကြတဲ့ နှစ်တန်းလေး ရွေးပေးကြပါနော်ဗျ။

အောက်မှာ အတန်းလေးတွေအကြောင်း အသေးစိတ် ရှင်းပြထားပါတယ်။

⛩️ Basic + N5 Intensive Class (Zoom, Group Class )

သင်တန်းချိန် - သောကြာ၊ စနေ၊ တနင်္ဂနွေ (ည 6:30-8:30 pm)

သင်တန်းကာလ - ၂လခွဲ

သင်တန်းကြေး - 5000 MMK for Basic + 50000 MMK per month

Platform - Zoom Class

Target Lesson - Basic ( hiragana, katakana) + N5 Level (Grammar, Vocabulary, Kanji, Listening, Reading)
Bonus - N5 level Speaking Activities +3 JLPT Old Questions


⛩️ N4 Intensive Class (Zoom, Group Class )

သင်တန်းချိန် - သောကြာ၊ စနေ၊ တနင်္ဂနွေ (ည 6:30-8:30 pm)

သင်တန်းကာလ - ၂လ

သင်တန်းကြေး - 55000 MMK per month

Platform - Zoom Class

Target Lesson - N4 Level (Grammar, Vocabulary, Kanji, Listening, Reading)
Bonus - N4 level Speaking Activities + 3 JLPT Old Questions

အချိန်အကန့်အသတ်အရ ဒီအတန်းနှစ်ခုထဲက တစ်ခုပဲ ဖွင့်ဖြစ်ပါမယ်ဗျ။


🍀N5 Grammar Intesive Class For December JLPT

သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ (ည 6:30-8:30 pm)

သင်တန်းကာလ - ၂လ

သင်တန်းကြေး - 50000 MMK per month

Platform - Zoom Class

Target Lesson - N5 Level JLPT Practice for Grammar + Bonus ( 5 FULL JLPT OQ Practice)


🍀N4 Grammar Intesive Class For December JLPT

သင်တန်းချိန် - တနင်္လာ၊ အင်္ဂါ (ည 6:30-8:30 pm)

သင်တန်းကာလ - ၂လ

သင်တန်းကြေး - 50000 MMK per month

Platform - Zoom Class

Target Lesson - N4 Level JLPT Practice for Grammar + Bonus ( 5 FULL JLPT OQ Practice)

အချိန်အကန့်အသတ်အရ ဒီအတန်းနှစ်ခုထဲက တစ်ခုပဲ ဖွင့်ဖြစ်ပါမယ်ဗျ။

အပေါ်က poll ထဲမှာ ကိုယ်တက်ချင်တဲ့ အတန်းနှစ်တန်းကိုရွေးပေးကြပါနော်။ အများဆုံး vote ရတဲ့အတန်းနှစ်တန်းကို ဖွင့်မှာ ဖြစ်ပါတယ်ဗျ။

Poll link ပါဗျ။

https://t.me/kaiwa_practice/705

ဒီအပတ် ကြာသပတေးနေ့မှာ အများဆုံး vote ရတဲ့အတန်းနှစ်တန်းကို အတန်းစ‌ေလျှာက်ဖို့ ထပ်‌ေကြညာပေးပါ့မယ်ဗျ။


ဒါ့အပြင် တစ်ယောက်အတန်းလေးတွေ တက်ချင်သူများက နေ့ဘက်အတန်းချိန်လေးတွေ ရပါတယ်။ အတန်းလေးကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 မှာလာစုံစမ်းနိုင်ပါတယ်ဗျ။

One on One Classes (တစ်ယောက်တည်း သီးသန့် zoom class များ)


⛩️Basic + N5 Intensive Class - ၂ လခွဲ - တစ်ပတ်သုံးရက်(အချိန်ညှိနှိုင်း) - 120000 MMK per Month


⛩️N4 Intensive Class -၂ လ- တစ်ပတ်သုံးရက်(အချိန်ညှိနှိုင်း) - 180000 MMK per Month
(Edit: ဈေးနှုန်းလေးပြင်ထားပါတယ်နော်။)

🍀N5 Grammar Intesive Class For December JLPT -၂ လ- တစ်ပတ်နှစ်ရက်(အချိန်ညှိနှိုင်း) - 100000 MMK per Month


🍀N4 Grammar Intesive Class For December JLPT - ၂ လ- တစ်ပတ်နှစ်ရက်(အချိန်ညှိနှိုင်း) - 130000 MMK per Month

သင်ကြားမည့်စာတွေကတော့ အပေါ်က group class နဲ့တူတူပါပဲဗျ။


ဒါဆို 2026 မကုန်ခင်လေးမှာ better version of me. ဖြစ်အောင် တူတူကြိုးစားကြရအောင်ဗျ။
❤5
Vocabulary of the day


もも(桃・もも) မှာ အဓိပ္ပါယ် ၂ မျိုးရှိပါတယ်။

1. 桃(もも) 🍑 — မက်မွန်သီး
桃(もも)を食(た)べます。
မက်မွန်သီး စားတယ်။


2. もも(腿・もも) — ပေါင် / ခြေထောက်အပေါ်ပိုင်း
ももが痛(いた)いです。
ပေါင်နာတယ်။
❤17