Japanese speaking (kaiwa)
10.4K subscribers
450 photos
3 videos
60 links
Let's explore something special for you together
Download Telegram
Hello. Class Announcement for October


⛩️Basic + N5 Intensive Class လေးက 2.10.2026(သောကြာနေ့) တွင် အတန်းစပါမည်။

🍀N4 Grammar Intensive Class for DECEMBER JLPT လေးက 5.10.2026(တနင်္လာနေ့) တွင် အတန်းစပါမည်။

Group Class ဆိုပေမယ့် အများဆုံး 10 ယောက်သာ လက်ခံသွားပါမှာဖြစ်ပါတယ်။

ဒါဆိုရင် အတန်းလေး‌ေတွကို စိတ်ဝင်စားသူတွေက ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီနော်။
❤5
N4 Grammar Intensive Class လေးရဲ့ သင်ခန်းစာ plan လေးပါ။

ဒီအတန်းမှာ လေ့ကျင့်တာတစ်ခုတည်းမဟုတ်ဘဲ

Grammar တွေကို တစ်ခေါက် ရှင်းပြပြီး၊ ပြန်နွှေးပြီးမှ လေ့ကျင့်ခန်းတွေ လုပ်ကြရမှာဖြစ်ပါတယ်။

ဒါကြောင့် N4 grammar မကြေသေးဘူးလို့ခံစားနေရသူတွေလည်း စာတူတူပြန်ကြည့်ရင်း လာ join လို့ရပါတယ်။

အတန်း သင်ကြားမှုအစီအစဉ်ကတော့


ပထမတစ်လမှာ
1. Shinkanzen Grammar ကိုအသုံးပြုပြီး Grammar လေးတွေ ပြန်လေ့လာကြပါမယ်။ ပြီးရင် လေ့ကျင့်ခန်းတွေလုပ်ကြမယ်။

2. 500文字語彙စာအုပ်နဲ့ JLPT မှာမေးနိုင်မယ့် N5/N4 grammar လေးတွေလေ့ကျင့်ကြမှာဖြစ်ပါတယ်။

ဒုတိလလမှာတော့ 合格できる စာအုပ်နဲ့ grammar တွေကို အချိန်မှတ်ပြီး လေ့ကျင့်ကြည့်ကြပါမယ်။
ရောနေ‌တာ၊မှားနေတာတွေကို ပြန်ရှင်းပြတာ၊ ပြန်လေ့လာတာတွေလုပ်ကြပါမယ်။

Grammar တင်မဟုတ်ဘဲ တခြားအပိုင်းတွေပါ လေ့ကျင့်ကြည့်ကြမှာဖြစ်ပါတယ်။

နောက်ဆုံး 3 ရက်မှာတော့ OQ သုံးစုံ လေ့ကျင့်ကြည့်ပါမယ်ဗျ။

ဒါဆို ဒီအတန်းလေးနဲ့ လေ့ကျင့်ချင်သူတွေက

ဒီ telegram link @Hinode510 လေးမှာ

🌟Join ချင်တဲ့ အတန်းလေး၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ။

Edit:အချိန်ကို7-9 pmပြောင်းထားပါတယ်။
❤6
Vocabulary of the day


⛩️汚職事件

おしょくじけん

အကျင့်ပျက်ခြစားမှု


⛩️マスコミ

သတင်းမီဒီယာ


⛩️睡眠剤

すいみんざい

အိပ်ဆေး
❤4
Useful for Speaking Japanese


ဘာလို့လဲဆိုတော့ ၊ အကြောင်းရင်းကတော့

⛩️なぜなら

⛩️なぜかというと

⛩️どうしてかというと

⛩️だって


① なぜなら — “ဘာလို့လဲဆိုတော့ / အကြောင်းကတော့”

ပုံစံ

A。なぜなら、Bからです。
A။ ဘာလို့လဲဆိုတော့ B ဖြစ်လို့ပါ။



1. 私(わたし)は日本(にほん)へ行(い)きたいです。なぜなら、日本(にほん)の文化(ぶんか)に興味(きょうみ)があるからです。
→ ကျွန်တော်/ကျွန်မ ဂျပန်ကို သွားချင်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်ယဉ်ကျေးမှုကို စိတ်ဝင်စားလို့ပါ။


2. この仕事(しごと)が好(す)きです。なぜなら、人(ひと)と話(はな)すことが楽(たの)しいからです。
→ ဒီအလုပ်ကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ လူတွေနဲ့ စကားပြောရတာ ပျော်စရာကောင်းလို့ပါ။


3. 毎日(まいにち)日本語(にほんご)を勉強(べんきょう)しています。なぜなら、上手(じょうず)になりたいからです。
→ နေ့တိုင်း ဂျပန်စာလေ့လာတယ်။ ဘာလို့လဲဆိုတော့ ကျွမ်းကျင်လာချင်လို့ပါ။



② なぜかというと — “ဘာလို့လဲဆိုတော့ / အကြောင်းပြချက်ကတော့”

なぜなら ထက် စကားပြောရာမှာ သဘာဝကျပြီး အကြောင်းပြချက်ကို ဆက်ရှင်းပြတဲ့အခါ အသုံးများပါတယ်။

1. 私(わたし)は朝(あさ)早(はや)く起(お)きるのが好(す)きです。なぜかというと、朝(あさ)は静(しず)かだからです。
→ မနက်စောစောထရတာ ကြိုက်တယ်။ ဘာလို့လဲဆိုတော့ မနက်ဆို တိတ်ဆိတ်လို့ပါ။


2. 電車(でんしゃ)で学校(がっこう)へ行(い)きます。なぜかというと、学校(がっこう)が駅(えき)の近(ちか)くにあるからです。
→ ရထားနဲ့ ကျောင်းသွားတယ်။ ဘာလို့လဲဆိုတော့ ကျောင်းက ဘူတာနားမှာရှိလို့ပါ။


3. 日本語(にほんご)をもっと話(はな)したいです。なぜかというと、日本人(にほんじん)と自然(しぜん)に話(はな)したいからです。
→ ဂျပန်စကားကို ပိုပြောချင်တယ်။ ဘာလို့လဲဆိုတော့ ဂျပန်လူတွေနဲ့ သဘာဝကျကျ ပြောချင်လို့ပါ။


③ どうしてかというと — “ဘာကြောင့်လဲဆိုတော့”

どうしてかというと = “ဘာကြောင့်လဲဆိုတော့…”
အကြောင်းပြချက်ကို အထူးရှင်းပြချင်တဲ့အခါ သုံးနိုင်ပါတယ်။

1. この店(みせ)によく来(き)ます。どうしてかというと、料理(りょうり)がおいしいからです。
→ ဒီဆိုင်ကို မကြာခဏလာတယ်။ ဘာကြောင့်လဲဆိုတော့ အစားအစာက အရသာရှိလို့ပါ။


2. 日本(にほん)で働(はたら)きたいです。どうしてかというと、日本語(にほんご)を使(つか)って仕事(しごと)がしたいからです。
→ ဂျပန်မှာ အလုပ်လုပ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဂျပန်စာကို အသုံးပြုပြီး အလုပ်လုပ်ချင်လို့ပါ။


3. この本(ほん)をおすすめします。どうしてかというと、分(わ)かりやすくて面白(おもしろ)いからです。
→ ဒီစာအုပ်ကို အကြံပြုချင်တယ်။ ဘာကြောင့်လဲဆိုတော့ နားလည်ရလွယ်ပြီး စိတ်ဝင်စားစရာကောင်းလို့ပါ။


④ だって — “ဘာလို့လဲဆိုတော့ / အကြောင်းကတော့”

だって က စကားပြောပုံစံ (casual) ဖြစ်ပြီး သူငယ်ချင်းတွေကြားမှာ အများကြီးသုံးပါတယ်။

1. A:どうして行(い)かないの?
B:だって、疲(つか)れているんだもん。
→ A: ဘာလို့ မသွားတာလဲ။
→ B: ဘာလို့လဲဆိုတော့ ပင်ပန်းနေလို့လေ။


2. A:どうして宿題(しゅくだい)をしないの?
B:だって、難(むずか)しいんだもん。
→ A: ဘာလို့ အိမ်စာမလုပ်တာလဲ။
→ B: ဘာလို့လဲဆိုတော့ ခက်တယ်လေ။


3. A:どうしてこの映画(えいが)が好(す)きなの?
B:だって、面白(おもしろ)いんだもん。
→ A: ဘာလို့ ဒီရုပ်ရှင်ကို ကြိုက်တာလဲ။
→ B: ဘာလို့လဲဆိုတော့ စိတ်ဝင်စားစရာကောင်းတယ်လေ။


အရေးကြီးတဲ့ Pattern:


A。なぜなら、Bからです。


A。なぜかというと、Bからです。


A。どうしてかというと、Bからです。


だって、Bんだもん。
❤22
愛していると言って!
(あいしているといって)

ချစ်တယ်လို့သာပြောလိုက်ပါ။

その言葉さえを聞けたら、
(そのことばさえをきけたら、)
အဲ့စကားလေးသာ ကြားရမယ်ဆိုရင်

この先
(このさき)
အခုကစပြီး တစ်ဘဝလုံး

それを頼りに
(それをたよりに)
အဲ့ဒီစကားလေးကို ယုံကြည်အားကိုးပြီး

生きていくから!
(いきていくから)
အသက်ရှင်သွားမှာမို့လို့ပါ။


စာလုပ်‌ေနရင်း ro မိသည်။
❤35🍓4😁1
Basic + N5 Intensive Video Class


Video class လေးပါ။

သင်ခန်းစာတင်မည့်ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ
8:00 pm

သင်တန်းကာလ - ၂လခွဲ

သင်တန်းကြေး - 150000 MMK


Rules for this class

⛩️တစ်ပတ်စာ အိမ်စာကို တစ်ပတ် အပြီးထပ်ပေးရပါမည်။

(အိမ်စာကို သုံးကြိမ်သာ ခွင့်ဖြင့် ပျက်ခွင့်ရှိပါမည်။)

⛩️တစ်ပတ်ခြား တစ်ခါ သောကြာနေ့ ည7ခွဲတွင် စာမေးစာဖြေလုပ်ရန် zoom meeting ရှိပါမည်။

(Zoom ခေါ်သည်ကို သုံးကြိမ်သာ ခွင့်ဖြင့် ပျက်ခွင့်ရှိပါမည်။)

🍀Basic + N5 level grammar, kanji, vocabulary, listening, reading များ အပြင်
N5 speaking activities တွေပါ ပူးတွဲလုပ်ရမှာမို့

စိတ်ဝင်စားပါက


ဒီ telegram link @Hinode510 လေးမှာ

🌟အတန်းအမည်၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ။


2.10.2026 (သောကြာနေ့) အတန်းလေး စမှာဖြစ်ပါတယ်။
❤10
N4 A2/B1 KAIWA Class for October


သင်တန်းချိန် - စနေ၊တနင်္ဂနွေ (7-9 pm)

သင်တန်းကာလ - တစ်လ

သင်တန်းကြေး - ငါးသောင်းကျပ်

သင်တန်းစမည့်ရက်- 3.10.2026 ( စနေနေ့)

စိတ်ဝင်စားပါက


ဒီ telegram link @Hinode510 လေးမှာ

🌟အတန်းအမည်၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ
❤8
Tips for Speaking


🍀🍀🍀

ဂျပန်စာလေ့လာသူတော်တော်များများဟာ တစ်ယောက်ယောက်က ဂျပန်လို မေးခွန်းမေးလိုက်တဲ့အခါ အဖြေကို သိပေမယ့် ချက်ချင်းမပြောနိုင်တာမျိုး ဖြစ်တတ်ကြပါတယ်။

「日本語(にほんご)が話(はな)せない」 ကြောင့် မဟုတ်ဘဲ

အများအားဖြင့်

ဦးနှောက်ထဲမှာ မြန်မာလို/မိခင်ဘာသာစကားလို စဉ်းစား → ဂျပန်လို ဘာသာပြန် → Grammar စစ် → မှန်မမှန်စဉ်းစား → ပြော နေတာကြောင့် အချိန်ကြာသွားတာပါ။

ဥပမာ

質問(しつもん):

⛩️「週末(しゅうまつ)は何(なに)をしましたか。」

အဖြေကို သိပေမယ့်

“Weekend မှာ ဘာလုပ်ခဲ့လဲ… Japanese လို ဘယ်လိုပြောရမလဲ… အတိတ်ပုံစံကို သုံးရမလား…”

လို့ စဉ်းစားနေရင်း ဖြေဖို့တိတ်သွားတာ ဖြစ်နိုင်ပါတယ်။

💡 ဒီပြဿနာကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့နည်းလမ်း ၅ ခု ရှိပါတယ်။


① အဖြေကို ဘာသာပြန်မနေဘဲ Japanese pattern နဲ့ တိုက်ရိုက်လေ့ကျင့်ပါ

⛩️「週末(しゅうまつ)は何(なに)をしましたか。」

→ 「映画(えいが)を見(み)ました。」

⛩️「昨日(きのう)は何(なに)をしましたか。」

→ 「友達(ともだち)とご飯(はん)を食(た)べました。」

မေးခွန်းတစ်ခုချင်းစီကို အဖြေ pattern တစ်ခုနဲ့ ချက်ချင်း ချိတ်ဆက် လေ့ကျင့်ပါ။

② Perfect sentence (ပြီးပြည့်စုံတဲ့အဖြေ) ဖြစ်အောင် မစောင့်ပါနဲ့

မှားမှာကြောက်လို့ မပြောတာထက် ရိုးရိုးရှင်းရှင်းနဲ့ အရင်စပြောပါ။

⛩️「どうして日本語(にほんご)を勉強(べんきょう)していますか。」

အရှည်ကြီးစဉ်းစားမနေဘဲ—

→ 「日本(にほん)で働(はたら)きたいからです。」

ဒါမှမဟုတ်—

→ 「日本語(にほんご)が好(す)きだからです。」

Short answer (အဖြေတို)→ နောက်မှ detail (အသေးစိတ်) ထပ်ထည့်ခြင်း ဆိုတဲ့အကျင့်လုပ်ပါ။


③ 3-Second Speaking Practice လုပ်ပါ

မေးခွန်းကြားပြီး 3 စက္ကန့်အတွင်း စပြောရမယ် ဆိုတဲ့ စည်းမျဉ်းထားပါ။

⛩️「趣味(しゅみ)は何(なん)ですか。」

3… 2… 1…

→ 「音楽(おんがく)を聞(き)くことです。」

အစမှာ အဖြေမပြည့်စုံလည်း ရပါတယ်။
ရည်ရွယ်ချက်က “စဉ်းစားပြီးမှပြော” ကနေ “‌ေမးခွန်းကြားတာနဲ့ပြော” ဖြစ်လာဖို့ပါ။

④ တစ်ယောက်တည်းနေရင်တောင် Japanese Self-Talk လုပ်ပါ

နေ့စဉ်လုပ်နေတဲ့အရာတွေကို Japanese လို ကိုယ့်ဘာသာပြောကြည့်ပါ။

⛩️「今(いま)、ご飯(はん)を食(た)べています。」

「これから勉強(べんきょう)します。」

「ちょっと疲(つか)れました。」

ဒီလိုလေ့ကျင့်တာက Japanese → Japanese တွေးတတ်လာဖို့ကို တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်။

⑤ “မသိရင်လည်း ပြောနိုင်တဲ့ စကားလုံး” တွေကို လေ့ကျင့်ပါ

ချက်ချင်းအဖြေမရတဲ့အခါ တိတ်မနေဘဲ—

「えっと……」
→ ဟို… / အင်း…

「そうですね……」
→ ဟုတ်ကဲ့… ဘယ်လိုပြောရမလဲ…

「ちょっと考(かんが)えます。」
→ နည်းနည်းစဉ်းစားပါရစေ။

「もう一度(いちど)お願(ねが)いします。」
→ တစ်ခါထပ်ပြောပေးပါ။

ဒီလို conversation survival phrases တွေကို ကျွမ်းကျင်အောင်လုပ်ထားရင် စကားပြောတဲ့အချိန်မှာ “တိတ်သွားတာ” ကို အများကြီးလျှော့ချနိုင်ပါတယ်။

⭐ အဓိကမှတ်ထားရမယ့်အချက်

「日本語(にほんご)を知(し)っている」≠「日本語(にほんご)がすぐ話(はな)せる」

ဂျပန်စာကို သိတာနဲ့ ချက်ချင်းပြောနိုင်တာက မတူပါဘူး။


Knowledge → Practice → Automatic Response

ဆိုတဲ့အဆင့်နဲ့ သွားရပါတယ်။

✨✨✨
အထူးသဖြင့် “အဖြေမှန်မှ ပြောမယ်” ဆိုတဲ့အတွေးကို လျှော့ပြီး “အရင်ဆုံး စပြောမယ်” ဆိုတဲ့အလေ့အကျင့်ကို တည်ဆောက်တာက အရေးကြီးဆုံးပါ။


ဒါဆို ဒီနည်းလမ်းလေးတွေကို လက်တွေ့အသုံးချပြီး စကားပြောလေးကို လေ့ကျင့်ကြည့်ကြပါနော်။


⛩️⛩️⛩️

ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ
စကားပြောဖော်‌ေလး‌ေတွနဲ့ အတူတူလေ့ကျင့်ချင်တယ်ဆိုလည်း
မနက်ဖြန် စတော့မယ့် စကား‌ေပြာအတန်းလေး လာအပ်လို့ရပါသေးတယ်။

အတန်းအသေးစိတ်လေးကတော့

N4 A2/B1 KAIWA Class for October

သင်တန်းချိန် - စနေ၊တနင်္ဂနွေ (7-9 pm)

သင်တန်းကာလ - တစ်လ

သင်တန်းကြေး - ငါးသောင်းကျပ်

သင်တန်းစမည့်ရက်- 3.10.2026 ( စနေနေ့)

စိတ်ဝင်စားပါက


ဒီ telegram link @Hinode510 လေးမှာ

🌟အတန်းအမည်၊
🌟အမည်
🌟ဖုန်းနံပါတ်
🌟Email
🌟Fb acc
🌟နေရပ်လိပ်စာ တို့ ပို့ပေးပြီး အတန်းလာအပ်လို့ရပါပြီ
❤12
🇯🇵 တစ်ယောက်တည်းနေရင်တောင် Japanese Self-Talk လုပ်နိုင်တဲ့ နည်းလမ်း ၅ မျိုး
① လက်ရှိလုပ်နေတဲ့အရာကို Japanese လို ပြောပါ

⛩️「今(いま)、何(なに)をしている?」

ကိုယ်လုပ်နေတဲ့အရာကို ချက်ချင်း Japanese လို ပြောပါ။

「今(いま)、ご飯(はん)を食(た)べています。」
→ အခု ထမင်းစားနေတယ်။

「お茶(ちゃ)を飲(の)んでいます。」
→ လက်ဖက်ရည်သောက်နေတယ်။

「これから勉強(べんきょう)します。」
→ အခုကစပြီး စာလေ့လာမယ်။


👉 ရည်ရွယ်ချက်: ဦးနှောက်က မြန်မာလိုစဉ်းစားပြီးမှ Japanese လို ဘာသာပြန်တဲ့အကျင့်ကို လျှော့ချရန်။

② ကိုယ့်ကိုယ်ကို မေးခွန်းမေးပြီး ကိုယ်တိုင်ဖြေပါ

⛩️「自分(じぶん)に質問(しつもん)する」

တစ်ယောက်တည်းရှိလည်း conversation လို လေ့ကျင့်နိုင်ပါတယ်။

⛩️Q: 「今日(きょう)は何(なに)をしましたか。」

A: 「朝(あさ)、日本語(にほんご)を勉強(べんきょう)しました。」

⛩️Q: 「明日(あした)は何(なに)をしますか。
A: 「友達(ともだち)と会(あ)います。」

မေးခွန်း ၅ ခု → အဖြေ ၅ ခုကို နေ့တိုင်းလုပ်ပါ။

③ အရာဝတ္ထုတွေကို ကြည့်ပြီး Japanese လို ဖော်ပြပါ

「見(み)たものを説明(せつめい)する」

အခန်းထဲမှာရှိတဲ့ အရာတွေကို ကြည့်ပြီး Japanese လို ပြောပါ။

⛩️「これは私(わたし)のスマホです。」

「机(つくえ)の上(うえ)に本(ほん)があります。」

「窓(まど)の近(ちか)くに椅子(いす)があります。」

နောက်ပိုင်းမှာ အရောင်၊ အရွယ်အစား၊ နေရာ၊ လုပ်ဆောင်ချက် တွေ ထပ်ထည့်ပါ။

「この本(ほん)は新(あたら)しくて、面白(おもしろ)そうです。」

④ ဒီနေ့ဖြစ်ခဲ့တာကို Japanese လို ပြန်ပြောပါ

「今日(きょう)の出来事(できごと)」

ညအိပ်ခါနီး ဒီနေ့ကို 1–2 မိနစ်အတွင်း Japanese လို ပြန်ပြောပါ။

「今日(きょう)は7時(しちじ)に起(お)きました。」

「朝(あさ)ご飯(はん)を食(た)べてから、勉強(べんきょう)しました。」

「午後(ごご)は少(すこ)し疲(つか)れました。」

👉 Grammar မပြည့်စုံလည်း ရပါတယ်။ ဖြစ်ရပ်တွေကို ဆက်တိုက်ပြောနိုင်ဖို့ အာရုံစိုက်ပါ။

⑤ 「場面(ばめん)を想像(そうぞう)する」

တကယ်လူနဲ့တွေ့နေသလို အခြေအနေတစ်ခုကို စိတ်ကူးပြီး ပြောပါ။

ဥပမာ — Restaurant

「すみません。これをお願(ねが)いします。」

ဥပမာ — သူငယ်ချင်းနဲ့တွေ့တဲ့အခါ

「久(ひさ)しぶりですね。元気(げんき)でしたか。」

ဥပမာ — ဆရာက မေးတဲ့အခါ

「はい、分(わ)かりました。」

👉 Situation → Japanese sentence → အသံထွက်ပြော ဆိုတဲ့ပုံစံနဲ့ လေ့ကျင့်ပါ။

⑥ နေ့တိုင်း အကြောင်းအရာတစ်ခု၊ ခေါင်းစဉ်တစ်ခုကို ရွေးပြီး “ကျွန်တော်/ကျွန်မ ဘယ်လိုထင်လဲ + ဘာကြောင့်လဲ” ဆိုတာ ပြောပါ။


ကိုယ့်အမြင်နဲ့ အကြောင်းပြချက်ကို Japanese လို ပြောပါ

「自分(じぶん)の意見(いけん)を話(はな)す」


ဥပမာ — ⛩️⛩️⛩️日本語(にほんご)の勉強(べんきょう)

「日本語(にほんご)は難(むずか)しいと思(おも)います。でも、面白(おもしろ)いです。いろいろな日本語(にほんご)を話(はな)せるようになりたいからです。」

→ ဂျပန်စာက ခက်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂျပန်စကားအမျိုးမျိုး ပြောနိုင်လာချင်လို့ပါ။

လေ့ကျင့်ပုံ:

Topic → Opinion → Reason → Example

「私は~と思います。」
「なぜなら、~からです。」
「例えば、~。」

ဒီနည်းလမ်းက စကားလုံးတစ်လုံးချင်းစဉ်းစားတာထက် Japanese လို အတွေးကို ဆက်တိုက်ဖော်ပြနိုင်အောင် ကူညီပေးပါတယ်။

私 လည်း ဒီနည်းလမ်းနဲ့ နေ့တိုင်းလေ့ကျင့်လေ့ရှိပါတယ်။ တကယ်အဆင်ပြေပါတယ်။


အနှစ်ချုပ်ရရင်

🇯🇵
Japanese Self-Talk လေ့ကျင့်နည်း ၆ မျိုး


⛩️လက်ရှိလုပ်နေတဲ့အရာကို ပြောပါ
「今(いま)、何(なに)をしている?」

⛩️ကိုယ့်ကိုယ်ကို မေးခွန်းမေးပြီး ကိုယ်တိုင်ဖြေပါ
「自分(じぶん)に質問(しつもん)する」

⛩️မြင်တွေ့ရတဲ့ အရာတွေကို Japanese လို ဖော်ပြပါ
「見(み)たものを説明(せつめい)する」

⛩️ဒီနေ့ဖြစ်ခဲ့တာတွေကို ပြန်ပြောပါ
「今日(きょう)の出来事(できごと)」

⛩️အခြေအနေတစ်ခုကို စိတ်ကူးပြီး Role-play လုပ်ပါ
「場面(ばめん)を想像(そうぞう)する」

⛩️အကြောင်းအရာတစ်ခုရွေးပြီး ကိုယ့်အမြင် + အကြောင်းပြချက်ကို ပြောပါ
「自分(じぶん)の意見(いけん)を話(はな)す」

အရေးကြီးဆုံးက စာကြောင်းမှန်အောင် စဉ်းစားနေရင်း တိတ်မနေပါနဲ့။ “မှားလည်း ပြောမယ်” ဆိုတဲ့အကျင့်က ဂျပန်စကားပြောကို တိုးတက်စေပါတယ်။
❤22
Anime ကြည့်တာက ဂျပန်စကားပြောကို တကယ်တိုးတက်စေနိုင်လား။



Anime ကြည့်တာတစ်ခုတည်းနဲ့ ဂျပန်စကားပြော တန်းပြီးတိုးတက်လာတာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် နည်းမှန်မှန်သုံးရင် Listening နဲ့ Speaking အတွက် အရမ်းအသုံးဝင်ပါတယ်။

🇯🇵 Anime ကြည့်ပြီး ဂျပန်စကားပြောတိုးတက်စေမယ့် နည်းလမ်း ၃ ခု

① ကြည့်ရုံမကြည့်ဘဲ “Shadowing” လုပ်ပါ

ဇာတ်ကောင်ပြောတဲ့ စာကြောင်းကို နားထောင်ပြီး ခဏရပ် → ကိုယ်တိုင်လိုက်ပြောပါ။

ဥပမာ—

> ちょっと待(ま)って!
ခဏစောင့်ဦး!


ကြားပြီးတာနဲ့ အသံ၊ အမြန်နှုန်း၊ intonation ကို လိုက်တုပြောပါ။


② ကြိုက်တဲ့ စာကြောင်းတွေကို “Speaking Phrases” အဖြစ်စုပါ 📝

တစ်ပိုင်းမှာ စာကြောင်း 3–5 ကြောင်းလောက်ပဲ ရွေးပါ။

ဥပမာ—

本当(ほんとう)?
တကယ်လား။


どういう意味(いみ)?
ဘာအဓိပ္ပာယ်လဲ။


ちょっと待(ま)って。
ခဏစောင့်ဦး။



ပြီးရင် Anime ထဲမှာကြားတာနဲ့ မပြီးဘဲ ကိုယ့်နေ့စဉ်ဘဝမှာ သုံးကြည့်ပါ။


③ ဇာတ်ကွက်၊ဇာတ်‌ေကြာင်းကို ကိုယ့်စကားနဲ့ ပြန်ပြောပါ 🎤

Episode တစ်ပိုင်းကြည့်ပြီး

⛩️⛩️ 「今日(きょう)は何(なに)がありましたか。」


ကိုယ့်ကိုယ်ကို မေးပြီး Japanese နဲ့ ပြန်ပြောပါ။

ဥပမာ

今日(きょう)は〇〇さんが学校(がっこう)へ行(い)きました。
友達(ともだち)と話(はな)しました。
そのあと、〇〇が起(お)こりました。


ဒီအဆင့်က Speaking တိုးတက်ဖို့ အရေးကြီးဆုံးပါ။

Anime ကို အပန်းဖြေစရာအ‌ေနနဲ့ ကြည့်တဲ့အရာ အဖြစ်ပဲမထားဘဲ နားထောင် → လိုက်ပြော → အသုံးချ → ပြန်ပြော ဆိုတဲ့ cycle လုပ်ပါ။

👉 Anime 30 မိနစ်ကြည့်တာထက် 10 မိနစ်ကြည့်ပြီး 10 မိနစ်လိုက်ပြောတာက Speaking အတွက် ပိုထိရောက်ပါတယ်။


ဂျပန်စကားပြောလေ့ကျင့်ဖို့ဆိုရင် စကားပြောတာများပြီး နေ့စဉ်ဘဝသုံး Japanese ပါတဲ့ Anime တွေကိုရွေးတာ ပိုကောင်းပါတယ်။

🇯🇵 Beginner–Intermediate အတွက် Recommended Anime


⛩️ちびまる子(こ)ちゃん

→ နေ့စဉ်ဘဝ၊ ကျောင်း၊ မိသားစုအကြောင်း စကားပြောတာများလို့ Beginner အတွက်ကောင်းပါတယ်။

⛩️ドラえもん

→ နေ့စဉ်သုံးစကားလုံးနဲ့ ရိုးရှင်းတဲ့ conversation တွေ လေ့လာလို့ကောင်းပါတယ်။

⛩️あたしンち

→ မိသားစုနဲ့ နေ့စဉ်ဘဝမှာသုံးတဲ့ Japanese ကို လေ့လာဖို့ အရမ်းကောင်းပါတယ်။

⛩️クレヨンしんちゃん

→ Casual Japanese၊ reaction နဲ့ everyday expressions တွေ အများကြီးရပါတယ်။
⚠️ တချို့စကားတွေက အရမ်း casual ဖြစ်လို့ တကယ့်ဘဝမှာ သုံးတဲ့အခါ အခြေအနေကို သတိထားပါ။

⛩️君(きみ)に届(とど)け
→ ကျောင်း၊ သူငယ်ချင်း၊ social conversation တွေ လေ့လာဖို့ကောင်းပါတယ်။

⭐ Speaking အတွက် အထူးရွေးမယ်ဆိုရင်

Beginner:
🥇 ドラえもん
🥈 ちびまる子ちゃん
🥉 あたしンち

N4–N3:
🥇 君に届け
🥈 あたしンち
🥉 クレヨンしんちゃん

အရေးကြီးတာက Anime ကို “ကြည့်ပြီးပြီး” ဆိုပြီးဒီတိုင်း မထားပါနဲ့။

Episode တစ်ပိုင်းကနေ စာကြောင်း 3–5 ကြောင်းရွေး → Shadowing လုပ် → ကိုယ်ပိုင် sentence အသစ်ပြန်လုပ် ပါ။ ဒီလိုလုပ်မှ Speaking မှာ တကယ်အသုံးဝင်လာပါလိမ့်မယ်။
❤29🍓1
🇯🇵✨ Japanese General Speaking Class (A2–B1) ✨🇯🇵

🗣️ ဂျပန်လို နားလည်ရုံမက ယုံကြည်မှုရှိရှိနဲ့ သွက်သွက်လက်လက် ပြောတတ်ချင်ပါသလား။

Grammar နဲ့ Vocabulary တွေ လေ့လာထားပေမဲ့ လက်တွေ့စကားပြောတဲ့အခါ ဘယ်လိုပြောရမလဲ စဉ်းစားနေရဆဲလား။

ဒါဆိုရင် ဒီ Japanese General Speaking Class လေးက သင့်အတွက်ပါ။ 🌸

စာအုပ်ထဲမှာ လေ့လာထားတဲ့ ဂျပန်စာတွေကို လက်တွေ့အသုံးချပြီး ကိုယ်တိုင်စဉ်းစားပြောဆိုတတ်ဖို့၊ မေးခွန်းတွေကို သဘာဝကျကျ ပြန်ဖြေတတ်ဖို့နဲ့ စကားပြောရာမှာ ယုံကြည်မှုရှိလာဖို့ အဓိကထား လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

📚 သင်တန်းမှာ ဘာတွေ လေ့ကျင့်ကြမလဲ။

✅ Topic-based Speaking Practice (၆) ခု

🔹 ကိုယ့်အကြောင်း၊ နေ့စဉ်ဘဝနှင့် အလေ့အကျင့်များ

🔹 ရာသီဥတုနှင့် မိုးလေဝသ၊ ဈေးဝယ်ထွက်ခြင်း

🔹 အစားအစာများနှင့်ပတ်သက်သော စကားပြောများ

🔹 စားသောက်ဆိုင်မှာ အစားအစာ မှာယူခြင်း

🔹 နေရာများ၊ လမ်းမေးခြင်းနှင့် လမ်းညွှန်ခြင်း

🔹 ကျန်းမာရေးနှင့်ပတ်သက်သော စကားပြောများ

🎯 Practical Projects (၂) ခု

💡 ဒီသင်တန်းမှာ လေ့ကျင့်ရမယ့်အရာတွေကတော့…

🗣️ ဂျပန်လို ပိုမိုသွက်လက်စွာ ပြောဆိုခြင်း

💬 မေးခွန်းတွေကို စဉ်းစားပြီး သဘာဝကျကျ ပြန်ဖြေခြင်း

🤝 Pair Work, Group Discussion, Role-play နဲ့ Speaking Games များမှတစ်ဆင့် လက်တွေ့ပြောဆိုလေ့ကျင့်ခြင်း

🌱 အမှားလုပ်မှာ မကြောက်ဘဲ ဂျပန်လို ယုံကြည်မှုရှိရှိ ပြောဆိုတတ်လာခြင်း

━━━━━━━━━━━━━━━━━━

📌 သင်တန်းအချက်အလက်များ

🎓 သင်တန်းအဆင့်: Japanese A2–B1

💻 သင်တန်းပုံစံ: Online

⏳ သင်တန်းကာလ: ၄ ပတ် (စုစုပေါင်း ၁၆ နာရီ)

💰 သင်တန်းကြေး: ၅၀,၀၀၀ ကျပ်

👥 သင်တန်းသားဦးရေ: တစ်တန်းလျှင် ၄–၆ ဦးသာ လက်ခံပါမယ်။

🌸 အဆင်ပြေတဲ့ အချိန်ကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

🌅 Class 1 — Weekday Class

🗓️ တနင်္လာနေ့နှင့် ကြာသပတေးနေ့

⏰ ည ၇:၀၀ မှ ၉:၀၀ အထိ

📅 စတင်မည့်ရက် — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

🌞 Class 2 — Weekend Class

🗓️ စနေနေ့နှင့် တနင်္ဂနွေနေ့

⏰ မနက် ၉:၀၀ မှ ၁၁:၀၀ အထိ

📅 စတင်မည့်ရက် — ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်

━━━━━━━━━━━━━━━━━━

📩 စာရင်းပေးသွင်းရန်

Telegram မှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

👉 Telegram: @Hinode510

စာရင်းပေးသွင်းရာမှာ အောက်ပါအချက်အလက်များ ပေးပို့ပေးပါ။

🌟 တက်ရောက်လိုသည့်အတန်း (Weekday / Weekend)

🌟 အမည်

🌟 ဖုန်းနံပါတ်

🌟 Email

🌟 Facebook Account

🌟 နေရပ်လိပ်စာ


ဂျပန်စာကို လေ့လာထားရုံနဲ့ မရပ်တန့်ဘဲ လက်တွေ့အသုံးချတတ်ဖို့ အတူတူ လေ့ကျင့်ကြရအောင်။ 💕
❤9
🇯🇵✨ Japanese N4 — From Grammar to Speaking Class ✨🇯🇵

📚 Grammar တွေ သိထားပေမဲ့ ဂျပန်လို ဝါကျဖွဲ့ပြီး ပြောတဲ့အခါ အခက်အခဲရှိနေသေးလား။

Grammar Form တွေကို မှတ်မိပေမဲ့ ဘယ်အခြေအနေမှာ ဘယ်လိုအသုံးချရမလဲ မသေချာဖြစ်နေပါသလား။

ဒါဆိုရင် From Grammar to Speaking Class က သင့်အတွက် အထူးသင့်တော်ပါတယ်။ 🌸

ဒီအတန်းမှာ Grammar ကို ရှင်းပြရုံနဲ့ မရပ်ဘဲ ကိုယ်တိုင်ဝါကျဖွဲ့ခြင်း၊ မေးခွန်းဖြေခြင်း၊ Pair Speaking နဲ့ လက်တွေ့စကားပြောလေ့ကျင့်ခြင်းတွေကို အဆင့်ဆင့် ပြုလုပ်သွားမှာပါ။

📖 သင်တန်းမှာ ဘာတွေ သင်ယူရမလဲ။

✅ N4 Grammar ကို လက်တွေ့စကားပြောရာမှာ အသုံးချခြင်း

🔹 အချိန်နဲ့ လုပ်ဆောင်ချက်အစီအစဉ်တွေကို သဘာဝကျကျ ပြောဆိုခြင်း

🔹 ကိုယ်တွေ့အတွေ့အကြုံတွေကို ရှင်းလင်းစွာ ပြောပြခြင်း

🔹 အနာဂတ်အစီအစဉ်နဲ့ ရည်ရွယ်ချက်တွေကို ဖော်ပြခြင်း

🔹 ခွင့်ပြုချက်၊ လိုအပ်ချက်နဲ့ စည်းကမ်းတွေကို ပြောဆိုခြင်း

🔹 အကြံဉာဏ်ပေးခြင်းနဲ့ ခန့်မှန်းပြောဆိုခြင်း

🔹 နေ့စဉ်ဘဝမှာ အသုံးများတဲ့ Grammar Pattern တွေကို လက်တွေ့အသုံးချခြင်း

💡 သင်ကြားပုံ

✨ Grammar Form တွေကို မြန်မာလို ရှင်းလင်းလွယ်ကူစွာ သင်ကြားခြင်း

✨ ဥပမာဝါကျများနဲ့ Sentence Building လေ့ကျင့်ခြင်း

✨ Question & Answer Practice

✨ Pair Speaking & Role-play

✨ Grammar-based Speaking Challenges

🎯 ဒီအတန်းပြီးဆုံးတဲ့အခါ…

Grammar ကို သိရုံသာမက ကိုယ်တိုင်ဝါကျဖွဲ့နိုင်ပြီး မှန်ကန်တဲ့ Grammar အသုံးပြုကာ ဂျပန်လို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်လာမှာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━

📌 သင်တန်းအချက်အလက်များ

🎓 သင်တန်းအဆင့်: Japanese N4

⏳ သင်တန်းကာလ: ၁ လ

🗓️ သင်တန်းရက်: အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့

⏰ အချိန်: ည ၇:၀၀ မှ ၉:၀၀ အထိ

📚 စုစုပေါင်းသင်တန်းချိန်: ၁၆ နာရီ (၈ ကြိမ်)

💻 သင်တန်းပုံစံ: [Online ]

💰 သင်တန်းကြေး: [50000 MMK]

👥 သင်တန်းသားဦးရေ: [4-6 ဦး]

📅 စတင်မည့်ရက်: [3.11.2026]

━━━━━━━━━━━━━━━━━━

📩 အခုဘဲ စာရင်းပေးသွင်းလိုက်ပါ။

Telegram မှတစ်ဆင့် ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါတယ်။

👉 Telegram: @Hinode510

စာရင်းပေးသွင်းရန် အောက်ပါအချက်အလက်များ ပေးပို့ပေးပါ။

🌟 တက်ရောက်လိုသည့်အတန်း

🌟 အမည်

🌟 ဖုန်းနံပါတ်

🌟 Email

🌟 Facebook Account

🌟 နေရပ်လိပ်စာ

🇯🇵 Understand the Grammar. Build Your Sentences. Speak Japanese. 🌸

Grammar ကို မှတ်မိရုံနဲ့ မရပ်ဘဲ လက်တွေ့စကားပြောရာမှာ ယုံကြည်မှုရှိရှိ အသုံးချနိုင်ဖို့ အတူတူ လေ့ကျင့်ကြရအောင်။ 💕
❤4
Classes Available

တက်ရောက်နိုင်မယ့် အတန်းသစ်လေးတွေပါ။


⛩️Japanese General Speaking Class (N4, A2/B1 LEVEL)

https://t.me/kaiwa_practice/723

အတန်းသစ်လေး👇👇👇

⛩️JAPANESE N4 level -
From Grammar to Speaking Class

https://t.me/kaiwa_practice/724

ဒီ Grammar to Speaking Class လေးကို N5 level လေးတွေ တက်ချင်ပါက

Sat, Sun -နေ့လယ် 1:30- 3:30 အချိန် ရပါမယ်။
11 လပိုင်း ပထမအပတ်စမှာ ဖြစ်ပါတယ်။

လာစာရင်းပေးပြီး အပ်နိုင်ပါတယ်။

သတ်မှတ်လူဦးရေ ပြည့်မှတော့ ဖွင့်ဖြစ်ပါမယ်နော်။

JAPANESE N5 level -
From Grammar to Speaking Class
❤4
ミャンマーのティーディンジュッ祭(まつ)り

သီတင်းကျွတ်ပွဲတော်အကြောင်း ဂျပန်လို လေ့လာကြမယ် 🇯🇵
📚 Today's Lesson
✅ Reading Practice
✅ Vocabulary
✅ Useful Phrases
✅ Speaking & Discussion

━━━━━━━━━━━━━━

📖 Part 1:読(よ)んでみよう!
Reading Practice


🇯🇵 ミャンマーのティーディンジュッ祭(まつ)り

ミャンマーには、ティーディンジュッ祭(まつ)りという大切(たいせつ)な伝統行事(でんとうぎょうじ)があります。

🇲🇲 မြန်မာနိုင်ငံမှာ သီတင်းကျွတ်ပွဲတော်လို့ခေါ်တဲ့ အရေးကြီးတဲ့ ရိုးရာပွဲတော်တစ်ခု ရှိပါတယ်။

毎年(まいとし)、主(おも)に10月(がつ)ごろに行(おこな)われ、雨安居(うあんご)が終(お)わることを祝(いわ)います。

🇲🇲 နှစ်စဉ် အများအားဖြင့် အောက်တိုဘာလဝန်းကျင်မှာ ကျင်းပပြီး ဝါတွင်းကာလ ပြီးဆုံးခြင်းကို ဂုဏ်ပြုကြပါတယ်။

この祭(まつ)りは、「光(ひかり)の祭(まつ)り」とも呼(よ)ばれています。

🇲🇲 ဒီပွဲတော်ကို “အလင်းရောင်ပွဲတော်” လို့လည်း ခေါ်ကြပါတယ်။

人々(ひとびと)は家(いえ)や通(とお)り、お寺(てら)などに明(あ)かりやろうそくを飾(かざ)します。

🇲🇲 လူတွေက အိမ်တွေ၊ လမ်းတွေ၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီတွေမှာ မီးအလှဆင်ပြီး ဖယောင်းတိုင်တွေ ထွန်းညှိကြပါတယ်။

また、両親(りょうしん)や祖父母(そふぼ)、先生(せんせい)など、年上(としうえ)の人(ひと)に感謝(かんしゃ)の気持(きも)ちを伝(つた)えます。

🇲🇲 ဒါ့အပြင် မိဘ၊ အဘိုးအဘွား၊ ဆရာ/ဆရာမ စတဲ့ အသက်ကြီးသူတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြကြပါတယ်။

ティーディンジュッ祭(まつ)りは、家族(かぞく)と過(す)ごし、感謝(かんしゃ)の気持(きも)ちを伝(つた)える大切(たいせつ)な機会(きかい)です。

🇲🇲 သီတင်းကျွတ်ပွဲတော်ဟာ မိသားစုနဲ့ အချိန်ဖြုန်းပြီး ကျေးဇူးတင်စိတ်ကို ဖော်ပြနိုင်တဲ့ အရေးကြီးတဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

━━━━━━━━━━━━━━

📝
Part 2:Vocabulary(単語・たんご)


1. 伝統行事(でんとうぎょうじ) — ရိုးရာပွဲတော်

2. 祭(まつ)り — ပွဲတော်

3. 光(ひかり) — အလင်းရောင်

4. ろうそく — ဖယောင်းတိုင်

5. 明(あ)かり — မီးရောင်

6. 灯(ひ)をともす — မီးထွန်းညှိသည်

7. 仏教(ぶっきょう) — ဗုဒ္ဓဘာသာ

8. 感謝(かんしゃ)する — ကျေးဇူးတင်သည်

9. 敬(うやま)う — ရိုသေသည်

10. 謝(あやま)る — တောင်းပန်သည်

11. 両親(りょうしん) — မိဘနှစ်ပါး

12. 祖父母(そふぼ) — အဘိုးအဘွား

13. 贈(おく)り物(もの) — လက်ဆောင်

14. 家族(かぞく) — မိသားစု

15. 伝統(でんとう) — ရိုးရာဓလေ့

━━━━━━━━━━━━━━

💬 Part 3:Useful Phrases(အသုံးဝင်သော စကားစုများ)


① 〜ごろに行(おこな)われます。

🇲🇲 ... ဝန်းကျင်မှာ ကျင်းပပါတယ်။

例(れい):10月(がつ)ごろに行(おこな)われます。

🇲🇲 အောက်တိုဘာလဝန်းကျင်မှာ ကျင်းပပါတယ်။

② 〜ことで知(し)られています。

🇲🇲 ... ကြောင့် လူသိများပါတယ်။

例(れい):きれいな明(あ)かりで知(し)られています。

🇲🇲 လှပတဲ့ မီးအလှဆင်မှုတွေကြောင့် လူသိများပါတယ်။

③ 〜に 感謝(かんしゃ)の気持(きも)ちを伝(つた)えます。

🇲🇲 ... ကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

例(れい):両親(りょうしん)に感謝(かんしゃ)の気持(きも)ちを伝(つた)えます。

🇲🇲 မိဘတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြပါတယ်။

④ 私(わたし)にとって、〜は大切(たいせつ)です。

🇲🇲 ကျွန်တော့်/ကျွန်မအတွက် ... က အရေးကြီးပါတယ်။

例(れい):私(わたし)にとって、家族(かぞく)は大切(たいせつ)です。
🇲🇲 ကျွန်တော့်/ကျွန်မအတွက် မိသားစုက အရေးကြီးပါတယ်။

⑤ 〜と思(おも)います。
🇲🇲 ... လို့ ထင်ပါတယ်။

例(れい):伝統(でんとう)を守(まも)ることは大切(たいせつ)だと思(おも)います。

🇲🇲 ရိုးရာဓလေ့တွေကို ထိန်းသိမ်းဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

━━━━━━━━━━━━━━

🗣️ Part 4:Speaking & Discussion


次(つぎ)の質問(しつもん)に、日本語(にほんご)で答(こた)えてみましょう!

အောက်ပါမေးခွန်းတွေကို ဂျပန်လို ဖြေကြည့်ရအောင်။

1. ミャンマーのティーディンジュッ祭(まつ)りは、いつ行(おこな)われますか。

🇲🇲 မြန်မာနိုင်ငံမှာ သီတင်းကျွတ်ပွဲတော်ကို ဘယ်အချိန်မှာ ကျင်းပပါသလဲ။

2. ティーディンジュッ祭(まつ)りには、何(なに)をしますか。

🇲🇲 သီတင်းကျွတ်ပွဲတော်မှာ ဘာတွေလုပ်ကြပါသလဲ။

3. あなたは毎年(まいとし)、祭(まつ)りの日(ひ)に何(なに)をしますか。

🇲🇲 သင်က နှစ်တိုင်း သီတင်းကျွတ်နေ့မှာ ဘာတွေလုပ်ပါသလဲ။

4. 子(こ)どものころ、祭(まつ)りで何(なに)をするのが好(す)きでしたか。

🇲🇲 ငယ်ငယ်တုန်းက ပွဲတော်မှာ ဘာလုပ်ရတာကို ကြိုက်ခဲ့ပါသလဲ။

5. あなたにとって、ティーディンジュッ祭(まつ)りの一番(いちばん)大切(たいせつ)なところは何(なん)ですか。

🇲🇲 သင့်အတွက် သီတင်းကျွတ်ပွဲတော်မှာ အရေးအကြီးဆုံးက ဘာပါလဲ။

6. 外国人(がいこくじん)にミャンマーのティーディンジュッ祭(まつ)りを紹介(しょうかい)するとしたら、何(なに)を伝(つた)えたいですか。

🇲🇲 နိုင်ငံခြားသားတစ်ယောက်ကို မြန်မာ့သီတင်းကျွတ်ပွဲတော်အကြောင်း မိတ်ဆက်ပေးမယ်ဆိုရင် ဘာပြောပြချင်ပါသလဲ။

━━━━━━━━━━━━━━

🎯
Challenge:1分間(いっぷんかん)スピーキング


「私(わたし)の国(くに)のティーディンジュッ祭(まつ)り」というテーマで、1分間(いっぷんかん)話(はな)してみましょう!

🇲🇲 “ကျွန်တော့်/ကျွန်မနိုင်ငံရဲ့ သီတင်းကျွတ်ပွဲတော်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျပန်လို ၁ မိနစ်ခန့် ပြောကြည့်ပါ။

✅ いつ行(おこな)われるか — ဘယ်အချိန်မှာ ကျင်းပသလဲ။

✅ どんなことをするか — ဘာတွေလုပ်ကြသလဲ။

✅ どんな意味(いみ)があるか — ဘယ်လိုအဓိပ္ပာယ်ရှိသလဲ။

✅ 自分(じぶん)の経験(けいけん) — ကိုယ်ပိုင်အတွေ့အကြုံ။

✅ 自分(じぶん)の意見(いけん) — ကိုယ့်အမြင်။

🌸 日本語(にほんご)を学(まな)びながら、ミャンマーの文化(ぶんか)も日本語(にほんご)で紹介(しょうかい)できるようになりましょう!

ဂျပန်စာလေ့လာရင်း မြန်မာ့ယဉ်ကျေးမှုကိုလည်း ဂျပန်လို မိတ်ဆက်ပြောပြနိုင်အောင် လေ့ကျင့်ကြရအောင်။ 🇲🇲❤️🇯🇵

#日本語学習 #JapaneseLearning
#ミャンマー文化 #သီတင်းကျွတ် #JapaneseSpeaking
❤32
Day 1 နမူနာလေးပါ ဖော်ပြပေးလိုက်ပါတယ်။

🇯🇵✨ Japanese N4 — From Grammar to Speaking ✨

📚 Grammar သိရုံနဲ့ မရပ်ဘဲ ဂျပန်လို ကိုယ်တိုင်ပြောတတ်ချင်ပါသလား။

ဒီအတန်းမှာ Grammar ကို လက်တွေ့စကားပြောရာမှာ အသုံးချနိုင်ဖို့ အဓိကထား လေ့ကျင့်သွားမှာပါ။

🗣️ ဒီအတန်းလေးမှာ ဘာတွေလေ့ကျင့်ရမလဲ။

- Grammar-based Speaking — Grammar ကို အသုံးချပြီး စကားပြောခြင်း

- Sentence Building — ဝါကျတည်ဆောက်ခြင်း

- Question & Answer Drills — မေးခွန်းမေးခြင်း၊ အဖြေပြန်ခြင်း

- Pair Speaking & Role-play — အတွဲလိုက် စကားပြောလေ့ကျင့်ခြင်း

- Real-life Conversations — လက်တွေ့ဘဝသုံး စကားပြောခြင်း

- Speaking Challenges


📌 Class Information

🎓 Level: N4
⏳ Duration: 1 Month (8 Classes)
🗓️ Days: Tuesday & Wednesday
⏰ Time: 7:00–9:00 PM
💻 Online Class
💰 Fee: 50,000 MMK
👥 Limited to 4–6 students
📅 Starting Date: 3 November 2026
စိတ်ဝင်စားပါက
📩 Register via Telegram: @Hinode510 မှာ လာရောက်စာရင်းပေးနိုင်ပါပြီ။

Grammar ကို သိရုံနဲ့ မရပ်ဘဲ ဂျပန်လို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ အတူတူ လေ့ကျင့်ကြရအောင်။ 🇯🇵🌸
❤7
Grammar တွေကို သိတယ်။

ဒါပေမယ့် စကားပြောရင် ထည့်မသုံးဖြစ်ဘူး။

Grammar နဲ့ စကားပြော နှစ်ခုလုံး အတူတူ တိုးတက်ချင်တယ် ဆိုသူများအတွက်


N5 level Speaking Class
(From Grammar to Speaking)

N4 level Speaking Class
(From Grammar to Speaking)

ဒီအတန်းလေးမှာ N5/N4 grammar လေးတွေ ပြန်နွှေးကြမယ်။

grammar 1 ခုစီအတွက် စကားပြော tasks တွေ အများကြီး လုပ်ကြမယ်။

စာကြောင်းတည်ဆောက်တာ၊ presentation လုပ်တာ၊ မေးခွန်းတိုလေးတွေ ဖြေကြတာ စသဖြင့်။

Grammar - Speaking ‌နှစ်ခုထဲဆိုတာထက် နေ့စဉ်စကားပြောနဲ့ပါ ချိတ်ဆက်ပြီး ရုပ်ရှင်အကြောင်းပြောတာ၊ အလုပ်အကြောင်းပြောတာ၊ ဈေးဝယ်တာ စသဖြင့် ချိတ်ဆက်ပြီး လေ့ကျင့်ရမယ်။
စာတွေဖတ်ရမယ်။ အများကြီးနားထောင်ပြီး အများကြီး ပြောရမယ်။


ကဲ ဒါဆိုရင် နှစ်မကုန်ခင်လေးမှာ စကားပြောတိုးတက်ချင်သူများအတွက်

N5 level Speaking Class
(From Grammar to Speaking)

Starting Date - 7.11.2026 (Sat)
Class Date - Saturday, Sunday
Class time - နေ့လယ် 1:30-3:30
Class duration - 1 လ
Class Fee - 50000 MMK
Platform - Zoom


N4 level Speaking Class
(From Grammar to Speaking)

Starting Date - 3.11.2026 (TUE)
Class Date - အင်္ဂါ၊ ဗုဒ္ဓဟူး
Class time - ည 7:30-9:30
Class duration - 1 လ
Class Fee - 50000 MMK
Platform - Zoom



စိတ်ဝင်စားပါက
📩 Register via Telegram:

@Hinode510 မှာ လာရောက်စာရင်းပေးနိုင်ပါပြီ။

Grammar ကို သိရုံနဲ့ မရပ်ဘဲ ဂျပန်လို ယုံကြည်မှုရှိရှိ ပြောဆိုနိုင်ဖို့ အတူတူ လေ့ကျင့်ကြရအောင်။ 🇯🇵🌸
❤4
🇯🇵 なぜ日本語(にほんご)が上手(じょうず)なのに、話(はな)せない人(ひと)が多(おお)いの?

ဘာကြောင့် ဂျပန်စာတော်ပေမဲ့ စကားမပြောနိုင်တဲ့သူတွေ များနေရတာလဲ။

日本語(にほんご)を何年(なんねん)も勉強(べんきょう)しているのに、日本人(にほんじん)と話(はな)す機会(きかい)があると、なかなか言葉(ことば)が出(で)てこない。

文法(ぶんぽう)も知(し)っているし、漢字(かんじ)も読(よ)める。語彙(ごい)もたくさん覚(おぼ)えている。それなのに、どうして話(はな)せないのでしょうか。

実(じつ)は、その理由(りゆう)はいくつかあります。

① インプットばかりで、アウトプットが足(た)りない。

教科書(きょうかしょ)を読(よ)んだり、単語(たんご)を覚(おぼ)えたりすることは大切(たいせつ)です。しかし、知識(ちしき)を増(ふ)やすだけでは、自然(しぜん)に話(はな)せるようにはなりません。

覚(おぼ)えた言葉(ことば)や文法(ぶんぽう)を、実際(じっさい)に使(つか)う練習(れんしゅう)が必要(ひつよう)です。

② 間違(まちが)えることを怖(こわ)がっている。

「文法(ぶんぽう)が間違(まちが)っていたらどうしよう」
「発音(はつおん)がおかしかったら恥(は)ずかしい」

そう考(かんが)えていると、なかなか話(はな)し始(はじ)めることができません。

でも、間違(まちが)えることも学習(がくしゅう)の一部(いちぶ)です。最初(さいしょ)から完璧(かんぺき)に話(はな)せる人(ひと)はいません。

③ 日本語(にほんご)を頭(あたま)の中(なか)で翻訳(ほんやく)している。

母語(ぼご)で考(かんが)えてから、日本語(にほんご)に翻訳(ほんやく)して話(はな)そうとすると、時間(じかん)がかかってしまいます。

簡単(かんたん)な表現(ひょうげん)から、日本語(にほんご)で考(かんが)えて伝(つた)える練習(れんしゅう)をしてみましょう。

④ 自分(じぶん)で文章(ぶんしょう)を作(つく)る練習(れんしゅう)が少(すく)ない。

単語(たんご)や文法(ぶんぽう)の意味(いみ)を知(し)っていることと、それを使(つか)って自分(じぶん)の考(かんが)えを伝(つた)えることは別(べつ)の能力(のうりょく)です。

質問(しつもん)に答(こた)えたり、自分(じぶん)の意見(いけん)を話(はな)したり、日常生活(にちじょうせいかつ)について説明(せつめい)したりする練習(れんしゅう)が大切(たいせつ)です。

🌱 では、どうすれば話(はな)せるようになるのでしょうか。

✔ 毎日(まいにち)、5分(ふん)でも日本語(にほんご)で独(ひと)り言(ごと)を言(い)ってみる。

✔ 覚(おぼ)えた単語(たんご)を使(つか)って、自分(じぶん)で文(ぶん)を作(つく)る。

✔ 毎日(まいにち)、簡単(かんたん)な質問(しつもん)に日本語(にほんご)で答(こた)える。

✔ 音声(おんせい)を聞(き)いて、まねして話(はな)す。

✔ 間違(まちが)いを恐(おそ)れず、実際(じっさい)に日本語(にほんご)を使(つか)ってみる。

最後(さいご)に、一番(いちばん)伝(つた)えたいこと。

日本語(にほんご)が話(はな)せるようになるためには、日本語(にほんご)について勉強(べんきょう)するだけでなく、日本語(にほんご)を使(つか)うことが必要(ひつよう)です。

知(し)っている日本語(にほんご)を、使(つか)える日本語(にほんご)に変(か)えていきましょう。

勉強(べんきょう)するだけで終(お)わらない。実際(じっさい)に使(つか)ってみよう! 🌸

---


ဘာကြောင့် ဂျပန်စာကို နှစ်ပေါင်းများစွာ လေ့လာထားပေမဲ့ ဂျပန်လူမျိုးတွေနဲ့ စကားပြောရမယ့်အခွင့်အရေး ကြုံလာတဲ့အခါ စကားလုံးတွေ ထွက်မလာတာမျိုး ဖြစ်ရတာလဲ။

Grammar တွေလည်း သိတယ်။ Kanji တွေလည်း ဖတ်တတ်တယ်။ Vocabulary တွေလည်း အများကြီး မှတ်ထားတယ်။ ဒါပေမဲ့ ဘာကြောင့် စကားမပြောနိုင်သေးတာလဲ။

တကယ်တော့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။

၁။ လက်ခံလေ့လာမှု (Input) များပြီး ကိုယ်တိုင်အသုံးပြုမှု (Output) နည်းနေခြင်း။

စာအုပ်ဖတ်တာ၊ စကားလုံးမှတ်တာတွေက အရေးကြီးပါတယ်။ ဒါပေမဲ့ အသိပညာတွေ တိုးပွားလာရုံနဲ့ သဘာဝကျကျ စကားပြောတတ်လာမှာ မဟုတ်ပါဘူး။

သင်ယူထားတဲ့ စကားလုံးနဲ့ Grammar တွေကို လက်တွေ့အသုံးပြုဖို့ လေ့ကျင့်ဖို့ လိုအပ်ပါတယ်။

၂။ အမှားလုပ်မိမှာကို ကြောက်နေခြင်း။

Grammar မှားသွားရင် ဘယ်လိုလုပ်မလဲ၊ အသံထွက်မှားရင် ရှက်စရာကောင်းမလားဆိုတဲ့ အတွေးတွေကြောင့် စကားစပြောဖို့ တွန့်ဆုတ်နေတတ်ပါတယ်။

ဒါပေမဲ့ အမှားလုပ်ခြင်းဟာ သင်ယူမှုရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အစကတည်းက အပြည့်အဝ ပြောတတ်တဲ့သူဆိုတာ မရှိပါဘူး။

၃။ ဦးနှောက်ထဲမှာ ဘာသာပြန်ပြီးမှ ပြောနေခြင်း။

ကိုယ့်မိခင်ဘာသာစကားနဲ့ အရင်စဉ်းစားပြီးမှ ဂျပန်လို ဘာသာပြန်ပြောဖို့ ကြိုးစားတဲ့အခါ အချိန်ကြာသွားတတ်ပါတယ်။

ရိုးရှင်းတဲ့ အသုံးအနှုန်းလေးတွေကနေစပြီး ဂျပန်လို စဉ်းစားပြီး ပြောနိုင်အောင် လေ့ကျင့်ကြည့်ပါ။

၄။ ကိုယ်တိုင်ဝါကျဖွဲ့ပြီး ပြောဆိုလေ့ကျင့်မှု နည်းနေခြင်း။

စကားလုံးနဲ့ Grammar ရဲ့ အဓိပ္ပာယ်ကို သိထားခြင်းနဲ့ အဲဒီအရာတွေကို အသုံးပြုပြီး ကိုယ့်အတွေးအမြင်ကို ပြောပြနိုင်ခြင်းဟာ မတူညီတဲ့ စွမ်းရည်နှစ်ခုပါ။

မေးခွန်းတွေကို ဖြေဆိုခြင်း၊ ကိုယ့်အမြင်ကို ပြောပြခြင်း၊ နေ့စဉ်ဘဝအကြောင်း ရှင်းပြခြင်းတွေကို လေ့ကျင့်ဖို့ လိုပါတယ်။

ဒါဆို ဘယ်လိုလေ့ကျင့်သင့်လဲ။

- နေ့တိုင်း ၅ မိနစ်လောက် ဂျပန်လို တစ်ယောက်တည်း စကားပြောကြည့်ပါ။
- မှတ်ထားတဲ့ Vocabulary တွေကို အသုံးပြုပြီး ကိုယ်တိုင်ဝါကျဖွဲ့ပါ။
- နေ့တိုင်း ရိုးရှင်းတဲ့ မေးခွန်းတွေကို ဂျပန်လို ဖြေကြည့်ပါ။
- အသံဖိုင်တွေ နားထောင်ပြီး လိုက်ပြောပါ။
- အမှားလုပ်မိမှာ မကြောက်ဘဲ လက်တွေ့အသုံးပြုကြည့်ပါ။

နောက်ဆုံးမှာ အရေးကြီးဆုံး ပြောချင်တာကတော့...

ဂျပန်လို စကားပြောတတ်လာဖို့အတွက် ဂျပန်စာအကြောင်းကို လေ့လာရုံနဲ့ မလုံလောက်ပါဘူး။ ဂျပန်ဘာသာစကားကို ကိုယ်တိုင်အသုံးပြုဖို့လည်း လိုအပ်ပါတယ်။

သိထားတဲ့ ဂျပန်စာတွေကို လက်တွေ့အသုံးချနိုင်တဲ့ ဂျပန်စာအဖြစ် ပြောင်းလဲကြရအောင်။

စာလေ့လာရုံနဲ့ မရပ်လိုက်ပါနဲ့။ လက်တွေ့အသုံးပြုကြည့်ပါ။ 🌸

#日本語学習 #日本語会話 #SpeakingPractice #JapaneseLearning #ဂျပန်စာလေ့လာကြမယ်
❤18🍓2🥰1