Forwarded from
Media is too big
VIEW IN TELEGRAM
Nov-6th
ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာ အကြမ်းဖက်သောင်းကျန်းသူတွေကို တပ်မတော်က ယနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာထိထိရောက်ရောက်ချေမှုန်းခဲတဲ့ မြင်ကွင်း
👏👏👏👏👏
#TharSitt

👍30❤6👏3😁2
K S News
Photo
နိုင်ငံတော်သမ္မတနှင့်ဇနီး ဒီပါဝလီအထိမ်းအမှတ်အခမ်းအနား တက်ရောက်ချီးမြှင့်
နေပြည်တော်၊ နိုဝင်ဘာ ၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမျိုးသားဇာတ်ရုံ၌ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် နိုင်ငံတကာသံတမန်များ၊ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ဟိန္ဒူရိုးရာအစီအစဉ်များဖြင့် ကြိုဆိုခံခဲ့ရပြီး ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ဖွင့်လှစ်ပေးကာ ဟိန္ဒူရိုးရာအစားအသောက်ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ ဒီပါဝလီပွဲတော်သည် အလင်းရောင်က အမှောင်ကိုအောင်နိုင်ခြင်း၊ ကောင်းမြတ်မှုက မကောင်းမှုကို အနိုင်ယူခြင်းနှင့် အသိပညာက မသိနားမလည်မှုကို ဖယ်ရှားပေးခြင်းတို့ကို ကိုယ်စားပြုသည့် အဓိပ္ပာယ်ပြည့်ဝသော ပွဲတော်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံတွင် လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ မတူကွဲပြားသော်လည်း အပြန်အလှန်နားလည်လေးစားပြီး ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခြင်းသည် နိုင်ငံတော်၏ စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးအတွက် အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဘာသာရေးယုံကြည်ကိုးကွယ်မှုများကို အသိအမှတ်ပြုကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဘာသာတရားအသီးသီး၏ ကောင်းမြတ်သည့် သွန်သင်ဆုံးမမှုများကို လက်တွေ့ကျင့်သုံးကြရန်နှင့် မေတ္တာ၊ စေတနာ၊ သနားကြင်နာမှု၊ အမှန်တရားတို့ကို လက်ကိုင်ထားကာ ဘာသာဝင်အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်လေးစားမှုများ ပိုမိုခိုင်မာလာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့များနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ယဉ်ကျေးမှုအဖွဲ့တို့က ရိုးရာအကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။
#SittNaing

👍10❤3😨1
Forwarded from
နိုဝင်ဘာလ (၅)ရက်၊ယမန်နေ့က
ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး သို့
တက်ရောက်ကြသည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ။
📸WaiLinn

❤6👍3😨1