Shwe Moe
51.3K subscribers
16K photos
3.32K videos
1.58K links
Shwe Moe— https://www.facebook.com/mashwemoe.2017?mibextid=LQQJ4d


မရွှေမိုး( ကိုရီးယား )— https://www.facebook.com/mashwemoekorea
Download Telegram
Forwarded from 
မန်ချက်စတာယူနိုက်တက် ဂန္တဝင်ကစားသမားများနှင့် သက်ဆိုင်သူများသို့ အိတ်ဖွင့်စာ -မြန်မာပြည်သူတို့၏ အသံကို နားထောင်ပေးပါ။
👍110🤣8💔6❤2🔥1
Forwarded from 
An Open Letter to Manchester United Legends and Stakeholders: Please Listen to the Voices of the People of Myanmar
❤69👍23🤣5👎1🔥1
အရေးပေါ်ရိက္ခာစုဆောင်းရန် ထုတ်ပြန်လာချက်များထဲတွင် ထိုင်းနိင်ငံပါ၀င်လာ .....

https://www.facebook.com/share/p/1FE9r5hhJS/
👍65👌32🤣5🔥1
🚨... ပိုလန်နိင်ငံ အာဏာသိမ်းမှုဖြစ်ပွား

#creditphoto

#MaShweMore_Korea_Telegram
😱100👍27👀6❤5🤣5😢4👏2💩2🥴2🖕2👌1
အိုဘယ့် ဂျပန်…။ 🇯🇵

ကျားဖြန့်တွေကို ဖမ်းပေးမလားမှတ်ပါတယ်..။ ငွေလွှဲရလွယ်အောင် လုပ်ပေးမယ်ဆိုပါလား ဂျပန်ရယ်။

ဂျပန်နိုင်ငံဆိုတာ စည်းကမ်းရှိတယ်၊ ဥပဒေလေးစားတယ်၊ တရားမျှတမှုကို တန်ဖိုးထားတယ်ဆိုပြီး ကမ္ဘာက လေးစားကြတဲ့နိုင်ငံ။

အခုတော့ မြန်မာနိုင်ငံကို FATF ရဲ့ ငွေကြေးဆိုင်ရာ Blacklist ကနေ ဖယ်ရှားပေးဖို့ ဂျပန်အစိုးရက ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းထွက်လာပြီ။

အောက်တိုဘာ ၃၀ ရက်က Reuters မှာပါလာပြီ။ The Japan Times မှာလည်း အောက်တိုဘာ ၃၁ ရက်က ပါလာတယ်။

အကြောင်းပြချက်က မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ရတာ၊ ငွေကြေးလွှဲပြောင်းရတာ ပိုလွယ်ကူစေပြီး စီးပွားရေးပြန်လည်နာလန်ထူလာဖို့တဲ့။

အမယ်မင်း…
သိပ်စေတနာကောင်းတာပဲနော်။ 🫢

———•

မြန်မာပြည်မှာ ကျားဖြန့်လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေ၊ တရားမဝင်ငွေကြေးကွန်ရက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်နေကြချိန်မှာ ဂျပန်က ငွေကြေးစစ်ဆေးမှုတွေ လျှော့ပေးဖို့ ကြိုးစားနေတာ။

မီးလောင်နေတဲ့အိမ်ကို မီးသတ်ကားလွှတ်ပေးမယ်ထင်တာ၊ ဓာတ်ဆီလောင်းဖို့ လုပ်နေတယ်။
မြန်မာပြည် ပြာကျစေချင်သလား ဂျပန်ရယ်။

———•

လက်ရှိ မြန်မာပြည်မှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစနစ်တွေ တကယ်တိုးတက်သွားပြီလား။

ကျားဖြန့်ကွန်ရက်တွေကို ထိထိရောက်ရောက် အရေးယူပြီးပြီလား။

တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို ထိန်းချုပ်နိုင်ပြီလား။

ဒါတွေ မရှင်းသေးဘဲ Blacklist က ဖယ်ရှားပေးဖို့ ကြိုးစားရင် အကျိုးအမြတ်ကို ဘယ်သူတွေရမလဲ။

သာမန်ပြည်သူတွေလား။ တရားဝင်စီးပွားရေးလုပ်ငန်းတွေလား။ ဒါမှမဟုတ် စစ်အာဏာနဲ့ နီးစပ်တဲ့ ငွေကြေးကွန်ရက်တွေပါ အကျိုးခံစားခွင့်ရသွားနိုင်သလား။

ဒီမေးခွန်းတွေကို ဖြေရှင်းဖို့လိုတယ်။

———•

ဂျပန်အစိုးရကို မေးချင်တာက—

မြန်မာပြည်သူတွေရဲ့ စီးပွားရေးအခက်အခဲကို ကူညီချင်တာလား၊ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ရတာ အဆင်ပြေချင်တာလား။

နှစ်ခုက လုံးဝ မတူဘူးနော်။

မြန်မာပြည်သူတွေ ငွေလွှဲရခက်တာ၊ စီးပွားရေးလုပ်ရခက်တာ အမှန်ပါ။

ဒါပေမဲ့ အဲဒီအခက်အခဲတွေကို ဖြေရှင်းပေးဖို့နဲ့ ငွေကြေးရာဇဝတ်မှုအန္တရာယ်တွေ မဖြေရှင်းရသေးတဲ့နိုင်ငံကို Blacklist က ဖယ်ရှားပေးဖို့ဆိုတာ တစ်ခြားစီပဲ။

———•

ပြည်သူတွေကို ကူညီချင်ရင် ပြည်သူတွေဆီ အကူအညီ တကယ်ရောက်အောင် လုပ်ပေးလို့ရပါတယ်။

ပြည်သူတွေကို ကူညီဖို့ဆိုပြီး ငွေကြေးစစ်ဆေးမှုတွေ လျှော့ပေးမှရမယ်ဆိုတာတော့ အကြောင်းပြချက်ခိုင်မာဖို့ လိုတာပေါ့ ဂျပန်..။

———•

တကယ်တော့ FATF ကိုယ်တိုင်က လူသားချင်းစာနာမှုအကူအညီတွေ၊ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတွေရဲ့ တရားဝင်လုပ်ငန်းတွေ၊ ပြည်သူတွေရဲ့ တရားဝင်ငွေလွှဲမှုတွေ မထိခိုက်စေဖို့ အထူးသတိပေးထားတယ်။

FATF ရဲ့ စစ်ဆေးမှုတွေဟာ မြန်မာပြည်သူတွေအားလုံးကို အပြစ်ပေးဖို့ သတ်မှတ်ထားတာ မဟုတ်ဘူး။ စစ်အုပ်စုကို ကန့်သတ်ထားတာ။

စစ်အုပ်စုရဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ…။

FATF ကလည်း မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆက်ရှိနေပြီး တရားမဝင်ငွေကြေးစီးဆင်းမှုအန္တရာယ် ကြီးမားနေသေးတယ်လို့ ထောက်ပြထားတယ်။

အဲဒီအခြေအနေတွေကို မဖြေရှင်းရသေးဘဲ စစ်ဆေးမှုတွေ လျှော့ချဖို့ ဂျပန်က ကြိုးပမ်းတာကတော့ မေးခွန်းထုတ်စရာပဲ။

စာမေးပွဲမအောင်သေးတဲ့ ဂျပုကောင်ကို အောင်စာရင်းထဲ နာမည်ထည့်ပေးဖို့ ကြိုးစားနေသလို ဖြစ်မနေဘူးလား။

———•

အောက်တိုဘာ ၃၀ ရက် FATF ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ Blacklist ထဲမှာ ဆက်ရှိနေဆဲပါ။

ဂျပန်က ဖယ်ရှားပေးဖို့ ကြိုးစားနေတာနဲ့ FATF က သဘောတူပြီး ဖယ်ရှားလိုက်တာ မဟုတ်ပါဘူး။

အဲဒီကွာခြားချက်ကိုတော့ ရှင်းရှင်းလင်းလင်း သိထားဖို့လိုတယ်။

ကျမ အသည်းပေါက်နေတာက ဂျပန်အစိုးရရဲ့ ကြိုးပမ်းမှုကိုပါ။ ဂျပန်ပြည်သူတွေကို ဝေဖန်နေတာ မဟုတ်ပါဘူး။ ဂျပန်အစိုးရရဲ့ မူဝါဒကို မေးခွန်းထုတ်နေတာပါ။

ဂျပန်က ဒီလိုကြိုးပမ်းရတဲ့ အကြောင်းရင်းရှိရင်လည်း ပွင့်ပွင့်လင်းလင်း ရှင်းပြလေ…။

———•

အိုဘယ့် ဂျပန်ရေ…

စည်းကမ်းရှိတဲ့နိုင်ငံဆိုပြီး လေးစားထားတာ။ စည်းကမ်းတွေ လျှော့ပေးဖို့ ကိုယ်တိုင်ရှေ့ထွက်လာတော့လည်း အံ့ဩရတာပေါ့။

စီးပွားရေးအကျိုးအမြတ်ကို စဉ်းစားတာ နားလည်ပါတယ်။

ဒါပေမဲ့ ငွေကြေးစီးဆင်းမှု လွယ်ကူလာရုံနဲ့ ပြည်သူတွေရဲ့ဘဝ လွတ်လပ်လုံခြုံလာမှာ မဟုတ်ဘူး ဂျပန်ရဲ့..။

မြန်မာနိုင်ငံထဲ ငွေဝင်လာတယ်ဆိုတာနဲ့ မြန်မာပြည်သူတွေ အကျိုးခံစားရတယ်ဆိုတာလည်း မတူဘူး။

ငွေဝင်ရလွယ်ဖို့ထက် အဲဒီငွေ ဘယ်သူ့လက်ထဲရောက်မလဲဆိုတာ အရင်စစ်ဆေးသင့်တာ မဟုတ်ဘူးလား။

အန္တရာယ်တွေ လျော့သွားလို့ စည်းကမ်းလျှော့စေချင်တာလား။ စီးပွားရေးလုပ်ချင်လို့ စည်းကမ်းလျှော့ခိုင်းတာလား။

ဒီနှစ်ခုရဲ့ ကွာခြားချက်ကို ဂျပန်အစိုးရက ကောင်းကောင်းသိမယ် ထင်ပါတယ်။

သိသာလွန်းတယ် ဂျပန်ရယ်။ 🇯🇵

━━━━━━━━━━━━━━

ချစ်ခြင်းမေတ္တာဖြင့်—
မရွှေမိုး - ကိုရီးယား
November 2, 2026.

#MaShweMoreKorea
#Morea

⸻
👍96🔥12❤10😁3👎2🤣2❤‍🔥1
🔥43🖕21💩9👎5🤮4👌2❤1
လက်ရှိ ကျမကိုယ်တိုင် သင်တန်းတက်ရင်း စာကျက်ရင်း နားလည်လာသမျှကို ခက်ခဲတဲ့နည်းပညာစကားလုံးများမသုံးဘဲ ရိုးရှင်းတဲ့ မြန်မာစကားနဲ့ ပြန်လည်မျှဝေတာဖြစ်ပါတယ်။

တကယ်တော့ AI က ဘာလုပ်နိုင်တယ်ဆိုတာ နားလည်မှ AI ကို ဘယ်လိုခိုင်းရမလဲဆိုတာ ပိုသိလာမယ်။ ကျမတို့ Post တွေရဲ့ ရည်ရွယ်ချက်က AI အကြောင်း သိရုံတင်မဟုတ်ဘဲ ကိုယ်တိုင် နားလည်ပြီး အသုံးချတတ်လာဖို့ပါ။


နည်းပညာသင်ယူခွင့် အကန့်အသတ်ရှိနေသေးတဲ့ ကျမရဲ့မွေးရပ်မြေ မြန်မာနိုင်ငံက လူငယ်တွေအတွက် AI ဆိုတာ အလှမ်းဝေးတဲ့အရာမဟုတ်ကြောင်း သိစေချင်ပါတယ်။ နားလည်ဖို့ နောက်ကျသွားတယ်ဆိုတာ မရှိသလို စတင်လေ့လာဖို့လည်း အထူးကျွမ်းကျင်သူဖြစ်နေဖို့ မလိုပါဘူး။ ကျမတို့ အတူတူ တစ်ပိုင်းချင်းစီ လေ့လာကြရအောင်ပါ။

#MaShweMoreKorea


https://www.facebook.com/share/p/1ZWzKkRwMY/?mibextid=wwXIfr
👍83❤28🍌2🤣1
❝ အာဏာရှင်ကြီးနဲ့ အာဏာရှင်လေး ❞

⬇️⬇️⬇️
👍45🤮16💔3👎1🔥1
❝ အာဏာရှင်ကြီးနဲ့ အာဏာရှင်လေး ❞

အာဏာရှင်ကြီးက အာဏာရှင်လေးနဲ့ လက်ဆွဲနှုတ်ဆက်ချင်နေပြီလား။

Same Same ပဲနော်။

တစ်ယောက်က ကမ္ဘာ့အင်အားကြီးနိုင်ငံကို ဦးဆောင်နေတယ်။ နောက်တစ်ယောက်က ကိုယ့်ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်တပ်ကို ဦးဆောင်ပြီး အာဏာသိမ်းခဲ့တယ်။

အာဏာရလာပုံ၊ အုပ်ချုပ်ပုံနဲ့ နိုင်ငံရေးစနစ်တွေတော့ မတူပါဘူး။

ဒါပေမဲ့ အခုတော့ အဲဒီနှစ်ဖက်ကြားမှာ ဆွေးနွေးပွဲတွေ ပြန်စနေပြီ။

အဲဒီဆွေးနွေးပွဲတွေက မြန်မာပြည်သူတွေအတွက် ဘာဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။

=====

မြန်မာ့အရေးကို ပြောတဲ့အခါ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုဆိုတဲ့ စကားလုံးတွေကို နိုင်ငံတကာက တော်တော်ချစ်ကြတယ်။

ချစ်လိုက်ကြတာမှ မိန့်ခွန်းထဲမှာဆို အဲဒီစကားလုံးတွေမပါရင် မိန့်ခွန်းတောင် မပြည့်စုံတော့သလိုပဲ။

ဒါပေမဲ့ တကယ်တမ်း အကျိုးစီးပွားဆွေးနွေးမယ့် စားပွဲဝိုင်းရောက်တော့ လူ့အခွင့်အရေးက ထိုင်ခုံမရတော့ဘူးထင်ပါရဲ့။

စားပွဲမှာ နေရာရသွားတာက စစ်
ခေါင်းဆောင် ဂျပုကောင်ပဲ။

ထိုင်ခုံစီစဉ်တဲ့သူ မှားတာလား။

ဒါမှမဟုတ် လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကပဲ အကျိုးစီးပွားမရှိတဲ့အချိန်မှာ ထုတ်သုံးဖို့ သိမ်းထားတဲ့ ပစ္စည်းဖြစ်သွားတာလား။

သိပ်တော့ နားမလည်နိုင်ဘူး။

=====

Reuters ရဲ့ အောက်တိုဘာ ၈ ရက် သတင်းအရ ထရမ့်အစိုးရဟာ မြန်မာစစ်အုပ်စုနဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေ ပြန်စနေပါပြီ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထောက်လှမ်းရေးနဲ့ သုတေသနရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Michael Vance ဟာ စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်မှာ နေပြည်တော်ကို သွားပြီး မင်းအောင်လှိုင်နဲ့ တွေ့ခဲ့တယ်။

အောက်တိုဘာလမှာလည်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နှစ်ဖက်အရာရှိတွေ ထပ်ဆွေးနွေးခဲ့ကြတယ်။

ကနဦးဆွေးနွေးမှုတွေရဲ့ အဓိကအကြောင်းအရာတွေကတော့ ဖမ်းဆီးခံထားရတဲ့ အမေရိကန်စီးပွားရေးသမား Adam Castillo လွတ်မြောက်ရေးနဲ့ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးတို့ ဖြစ်ပါသတဲ့..။

တိုကျိုဆွေးနွေးပွဲရဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ အတိအကျ မသိရသေးပါဘူး။

နောက်ထပ် စိတ်ဝင်စားစရာတစ်ခုက မြန်မာနိုင်ငံရဲ့ ရှားပါးမြေသတ္တုတွေပါပဲ။

=====

ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ်တဲ့။

ကောင်းပါ့ရှင့်…။

ဒါပေမဲ့ ကျားဖြန့်လုပ်ငန်းတွေ ဘယ်လိုရှင်သန်ခဲ့သလဲ၊ ဘယ်သူတွေက အကာအကွယ်ပေးခဲ့သလဲ၊ ဘယ်လိုအာဏာဆက်ဆံရေးတွေနဲ့ ကြီးထွားလာခဲ့သလဲဆိုတာကိုပါ မစစ်ဆေးဘူးဆိုရင် ဘယ်လိုလုပ် အမြစ်ပြတ်နိုင်မှာလဲ။

အိမ်ထဲမှာ ကြွက်တွေ တစ်အုပ်ကြီး ပေါက်နေတယ်။ ကြွက်တွေကို ဖမ်းမယ်ဆိုပြီး ကြွက်တစ်ကောင်ချင်း လိုက်ဖမ်းနေသလား..

ကြွက်ဝင်တဲ့အပေါက်ကိုတော့ ပန်းကုံးစွပ်ပြီး ဧည့်ခံထားနေတာလား။

အဲဒီနည်းနဲ့ ကြွက်ကုန်မကုန်တော့ မသိဘူး။ ပန်းကုံးရောင်းတဲ့သူတော့ အလုပ်ဖြစ်လောက်တယ်။

=====

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းမယ်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ တိုက်ဖျက်မယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်မယ်။

စီးပွားရေးအခွင့်အလမ်းတွေ ရှာမယ်။

ဘာဘာ ညာညာ…

စကားလုံးတွေကတော့ လှလိုက်တာ။နားထောင်ရတာ တော်တော်ကို သာယာတယ်။ ဒါပေမဲ့ အဲဒီစကားလုံးတွေရဲ့ နောက်မှာ မြန်မာပြည်သူတွေရဲ့ အသက်တွေ၊ လွတ်လပ်ခွင့်တွေ ဘယ်နေရာမှာ ရှိနေသလဲ။

ရာဇဝတ်ကွန်ရက်တွေကို နှိမ်နင်းမယ်ဆိုပြီး အဲဒီကွန်ရက်တွေ ရှင်သန်နိုင်အောင် အကာအကွယ်ပေးနေတဲ့ အာဏာဆက်ဆံရေးတွေကို မစစ်ဆေးဘူးဆိုရင်တော့ အိမ်ရှင်းတယ်ဆိုပြီး ဖုန်တွေကို ကော်ဇောအောက် ထိုးထည့်သလိုပဲ ဖြစ်နေမှာပေါ့။

အိမ်ကတော့ သန့်ရှင်းသွားတယ်။

ကော်ဇောအောက်မှာတော့ အမှိုက်ပုံကြီး။

ဧည့်သည်လာရင် ကော်ဇောပေါ်မှာ ထိုင်ခိုင်းလိုက်ရုံပဲ။

ဪ… သံတမန်ရေးဆိုတာလည်း တော်တော်အလုပ်ဖြစ်တဲ့ အိမ်သန့်ရှင်းရေးနည်းလမ်းတစ်မျိုးပဲနော်။

=====

သံတမန်ရေးမှာ ရန်သူနဲ့လည်း စကားပြောရတယ်ဆိုတာ ကျမတို့ နားလည်ပါတယ်။

တွေ့ဆုံဆွေးနွေးတိုင်း မဟာမိတ်ဖြစ်သွားတာ မဟုတ်ဘူးလေ။

ဒါပေမဲ့ စစ်ခေါင်းဆောင်နဲ့ စားပွဲတစ်ဝိုင်းတည်း ထိုင်နိုင်တာကိုပဲ သံတမန်ရေးအောင်မြင်မှုကြီးတစ်ခုလို မမြင်စေချင်ဘူး။

စားပွဲတစ်လုံး၊ ထိုင်ခုံနှစ်လုံးနဲ့ ဓာတ်ပုံတစ်ပုံရဖို့အတွက်တော့ နိုင်ငံတကာသံတမန်ရေးဆိုတာ သိပ်မလိုလောက်ပါဘူး။

အောင်မြင်မှုဆိုတာ ဓာတ်ပုံထဲမှာ ဘယ်သူ့ဘေး ဘယ်သူထိုင်သလဲဆိုတာနဲ့ တိုင်းတာရတာ မဟုတ်ဘူး။

အဲဒီစားပွဲဝိုင်းကနေ ပြည်သူတွေအတွက် ဘာရလာသလဲဆိုတာနဲ့ တိုင်းတာရမှာ။

ဓာတ်ပုံထဲမှာတော့ လူကြီးတွေ ပြုံးနိုင်ကြပါတယ်။

ဒါပေမဲ့ ဗုံးခိုကျင်းထဲမှာ ပုန်းနေရတဲ့ ကလေးတွေကတော့ အဲဒီအပြုံးတွေရဲ့ အကျိုးကျေးဇူးကို ဘယ်တော့ခံစားရမှာလဲ။

=====

ကျမတို့ မေးချင်တာ ရှင်းရှင်းလေးပါ။

ပြည်သူတွေ ပိုလုံခြုံလာသလား။

လေကြောင်းတိုက်ခိုက်မှုတွေ လျော့နည်းသွားသလား။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာသလား။

စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ အခြေအနေကောင်းလာသလား။

ဒါမှမဟုတ် စစ်ခေါင်းဆောင်အတွက်ပဲ နိုင်ငံတကာဧည့်ခန်းတံခါး ပြန်ပွင့်လာတာလား။

ဒီမေးခွန်းတွေအတွက် အဖြေတွေ လိုပါတယ်။

စားပွဲဝိုင်းတစ်ခု ဖြစ်လာတာကိုတော့ မြင်ရပြီ။
👍56❤18❤‍🔥5😁4🤣2😢1
အဲဒီစားပွဲဝိုင်းကနေ ပြည်သူတွေအတွက် ဘယ်လိုအကျိုးရလဒ်တွေ ထွက်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်။

=====

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက နိုဝင်ဘာ ၂ ရက် Reuters သတင်းပါပဲ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မဟာဗျူဟာစာတမ်းမှာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုရေးနဲ့အတူ ရှားပါးမြေသတ္တုတွေကို လက်လှမ်းမီနိုင်မယ့် အခွင့်အလမ်းတွေ၊ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေကိုပါ ထည့်သွင်းထားတယ်။

၂၀၃၀ ပြည့်နှစ်မှာ ရေရှည်ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိနိုင်ဖို့ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ကြိုးပမ်းမယ်လို့လည်း ဆိုထားတယ်။

အမေရိကန်ကုမ္ပဏီတွေအတွက် ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိတဲ့ စီးပွားရေးသဘောတူညီချက် အနည်းဆုံး သုံးခု ရရှိရေးဆိုတဲ့ ရည်မှန်းချက်လည်း ပါဝင်တယ်။


အမယ်မင်း… သတ္တုတွေလည်း ပါသကိုး။ စီးပွားရေးသဘောတူညီချက်တွေလည်း ပါသကိုး။

ငြိမ်းချမ်းရေးနဲ့ စီးပွားရေးကို တစ်ခါတည်း ချိတ်ဆက်ထားတာပေါ့။

စီးပွားရေးအကျိုးအမြတ်နဲ့ ငြိမ်းချမ်းရေးကို တွဲစဉ်းစားတာက သူ့ဟာသူ အမှားမဟုတ်ပါဘူး။

ဒါပေမဲ့ ငြိမ်းချမ်းရေးက သတ္တုတွေဆီ သွားဖို့ လမ်းဖြစ်နေမလား၊ သတ္တုတွေက ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်လာမလားဆိုတာကတော့ မေးဖို့လိုတယ်။

=====

ဒင်းတို့က မြန်မာမြေအောက်က သတ္တုတွေကိုပဲ စိတ်ဝင်စားတာလား။

မြေပေါ်မှာ အသက်ရှင်နေတဲ့ လူတွေကိုရော စိတ်ဝင်စားကြရဲ့လား။

မြန်မာပြည်မြေပုံကို ဖြန့်ကြည့်တဲ့အခါ မြေအောက်မှာ ဘာရှိသလဲဆိုတာကိုပဲ မြင်နေတာလား။

မြေပေါ်မှာ ဘယ်သူတွေ သေနေသလဲဆိုတာကိုရော မြင်ကြရဲ့လား။

မြေအောက်မှာ ရှားပါးမြေသတ္တုတွေရှိတယ်။

မြေပေါ်မှာတော့ စစ်ဘေးရှောင်နေတဲ့ မိသားစုတွေရှိတယ်။

မြေအောက်က သတ္တုတွေကို ထုတ်ယူဖို့ စီမံကိန်းတွေ ရေးဆွဲနိုင်ကြတယ်။

မြေပေါ်က လူတွေ လုံခြုံစွာ အသက်ရှင်နိုင်ဖို့အတွက်ရော ဘယ်လိုအစီအစဉ်တွေ ရှိသလဲ။

သတ္တုတူးဖို့အတွက်တော့ လမ်းရှာတတ်ပြီး လူတွေ လွတ်မြောက်ဖို့ကျ လမ်းပျောက်နေကြရင် သိပ်တော့ မဟုတ်သေးဘူးနော်။

သတ္တုတစ်တန်ရဲ့ တန်ဖိုးကို တွက်ချက်နိုင်တဲ့ အစိုးရတစ်ရပ်ဟာ ဗုံးတစ်လုံးအောက်မှာ သေဆုံးသွားတဲ့ ကလေးတစ်ယောက်ရဲ့ အသက်တန်ဖိုးကိုလည်း ထည့်တွက်နိုင်သင့်တာပေါ့။

=====

လူ့အခွင့်အရေးဆိုတာ မိန့်ခွန်းပြောချိန်မှာ ရှေ့ဆုံးတန်းက ထိုင်ရပြီး အကျိုးစီးပွားဆွေးနွေးချိန်ကျမှ “ခဏ အပြင်မှာစောင့်ပေးပါ” အပြောခံရတဲ့ ဧည့်သည်တစ်ယောက်လို ဖြစ်နေလို့ မရဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ “ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားပြီး ကျားဖြန့်လုပ်ငန်းတွေကို ကိုင်တွယ်ရေး၊ စီးပွားရေးလုပ်ငန်းတွေအတွက် အခြေအနေကောင်းတွေ ဖန်တီးရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်လာရေးတို့ကို ဦးတည်ထားတယ်” သတဲ့။

ကောင်းပါတယ်။

ဒါပေမဲ့ စကားပြောတာနဲ့ ပြဿနာပြေလည်သွားတာ မဟုတ်သလို ဆွေးနွေးပွဲရှိလာတာနဲ့ ပြည်သူတွေ လုံခြုံသွားတာလည်း မဟုတ်ပါဘူး။

စားပွဲပေါ်မှာ ငြိမ်းချမ်းရေးဆိုတဲ့ စာရွက်တစ်ရွက်တင်ထားရုံနဲ့ စစ်မြေပြင်မှာ ဗုံးတွေ ရပ်သွားမှာ မဟုတ်ဘူး။

=====

Reuters သတင်းထဲမှာ အမေရိကန်ဟာ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဆက်နွှယ်တဲ့ လုပ်ငန်းတချို့အပေါ် ဘဏ္ဍာရေးပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထားရှိနေသေးသတဲ့

ဒါပေမဲ့ ထရမ့်အစိုးရက မြန်မာနိုင်ငံသားတချို့နဲ့ ကုမ္ပဏီတချို့ကိုတော့ ပိတ်ဆို့အရေးယူမှုစာရင်းကနေ ဖယ်ပေးနေပြီနော်..။

တစ်ဖက်မှာ အရေးယူမှုတွေ ဆက်ထားတယ်။ နောက်တစ်ဖက်မှာ ဆွေးနွေးမှုတွေ ပြန်စတယ်။

စီးပွားရေးအခွင့်အလမ်းတွေလည်း ရှာတယ်။ ဒီမူဝါဒတွေအားလုံးက ဘယ်လိုအတူတကွ အလုပ်လုပ်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မြင်ရဖို့လိုတယ်။

ထရမ့် စောင် ပြိတ္တာကြီးက တံခါးတစ်ပေါက်မှာ ပိတ်ထားသည်ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ပြီး နောက်တံခါးကနေ ဧည့်သည်လက်ခံနေတာ..။

=====

အမေရိကန်ရဲ့ နာမည်ကောင်းဆိုတာ သမ္မတတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဆုချလို့ရတဲ့အရာ မဟုတ်ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာဆိုတာ ဘာပြောခဲ့သလဲဆိုတာထက် ဘာလုပ်ခဲ့သလဲဆိုတာကို ကြည့်ပြီး တည်ဆောက်ရတာပါ။

အာဏာရှင်ကြီးနဲ့ အာဏာရှင်လေး။အရွယ်အစားတော့ ကွာပါတယ်။ အာဏာရလာပုံ၊ အုပ်ချုပ်ပုံနဲ့ နိုင်ငံရေးစနစ်ချင်းလည်း မတူပါဘူး။

ဒါပေမဲ့ လူ့အခွင့်အရေးနဲ့ အကျိုးစီးပွား နှစ်ခုယှဉ်လာတဲ့အခါ ဘယ်ဘက်ကို ဦးစားပေးကြမလဲဆိုတာတော့ စောင့်ကြည့်ဖို့ လိုနေပြီ။

Same Same လားဆိုတာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကပဲ အဖြေပေးလိမ့်မယ်။

=====

ကျမတို့ လိုချင်တာ မြန်မာပြည်သူတွေအတွက် လှလှပပ စကားပြောပေးဖို့လောက် မဟုတ်ပါဘူး။

ဆုံးဖြတ်ချက်ချတဲ့အခါ ပြည်သူ့အသက်တွေကိုပါ ထည့်တွက်ပေးဖို့ပါ။

အကျိုးစီးပွားတွက်တဲ့ စာရင်းမှာ ရှားပါးမြေသတ္တုက တစ်ကြောင်း၊ ကုန်သွယ်ရေးက တစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုက တစ်ကြောင်း ပါနေပြီး လူ့အသက်ကျ အောက်ခြေမှတ်စုတောင် မပါဘူးဆိုရင်တော့—

အဲဒီစားပွဲဝိုင်းကို ငြိမ်းချမ်းရေးဆွေးနွေးပွဲလို့ ခေါင်းစဉ်တပ်ဖို့ ကျမတို့အတွက် ခက်လိမ့်မယ်။

နောက်ဆုံးတော့ မေးခွန်းက တစ်ခုပဲ။
👍56❤10😁3😢1🤣1🍌1
မြန်မာနိုင်ငံကို ကယ်တင်ဖို့ ဆွေးနွေးနေကြတာလား။ မြန်မာနိုင်ငံကနေ ဘာရနိုင်မလဲဆိုတာ ဆွေးနွေးနေကြတာလား။

နှစ်ခုကြားက ကွာခြားချက်ကို မြန်မာပြည်သူတွေ မသိလောက်ဘူးလို့တော့ မထင်ပါနဲ့။

=====

ထရမ့်…

လူ့အခွင့်အရေးဟာ ကိုယ့်အကျိုးစီးပွားမရှိတဲ့အချိန်မှ ပြောနိုင်စကားလုံးဖြစ်သွားပြီဆိုရင်— အဲဒါ လူ့အခွင့်အရေး မဟုတ်တော့ဘူးထရမ့်.. နင့် အခွင့်အရေး နင်လုပ်နေတာပဲ..။

အဲတာ..
နင့် အကျိုးစီးပွားအတွက် အသုံးချတဲ့ ကြော်ငြာစာသားပဲ ဖြစ်သွားပြီ။

━━━━━━━━━━━━━━
ချစ်ခြင်းမေတ္တာဖြင့်—
မရွှေမိုး-ကိုရီးယား
November 3, 2026.
#MaShweMoreKorea
#Morea

သတင်းအရင်းအမြစ်များ (References)

1. Reuters — October 8, 2026
“US opens direct talks with Myanmar’s generals, reversing years of isolation.”
1. Reuters — October 16, 2026
“US holds more secret talks with Myanmar’s military-backed rulers in Tokyo, sources say.”
1. Reuters — November 2, 2026
“US strategy links Myanmar peace talks to rare-earth access.”
👍102❤15😁2😢2👌2🤣1
Breaking New ..

စပိန်လွှတ်တော်ပြုလုပ်နေချိန် စပိန်ရဲတပ်ဖွဲ့မှ လွှတ်တော်ထဲကို ၀င်ရောက်စီးနင်းပြီး မတရားဥပဒေပြု အရာရှိများကို ဖမ်းဆီး။

#MaShweMore_Korea_Telegram
👏103😱29❤3😁2🤣1
သူလေး ဆိုးနေတာ

#MaShweMore_Korea_Telegram
😁118🤣4❤3👎1
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် ထရမ့်ရှုံးသွားပြီး ဒီမိုကရက်များ အနိုင်ရတဲ့အတွက် အီရန်နိုင်ငံ၌ IRGC အဖွဲ့ အောင်ပွဲခံနေကြပြီ ဘာလို့လဲဆို နောက် ၂ နှစ်အတွက် ထရမ့်ကြီး စိတ်ချမ်းသာစရာ သိပ်မရှိတော့လို့ပဲ။

#MaShweMore_Korea_Telegram
👍103👏23😁6❤2🤣2💩1
❝ ထရမ့်ကို ဘာကြောင့် ကျောခိုင်းခဲ့ကြသလဲ ❞
၂၀၂၄ ခုနှစ်မှာ သူတို့ ထရမ့်ကို မဲပေးခဲ့ကြတယ်။ နှစ်နှစ်အကြာ ၂၀၂၆ ခုနှစ်မှာတော့ အဲဒီလူတွေထဲက တချို့ဟာ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီကို ကျောခိုင်းပြီး ဒီမိုကရက်တစ်ပါတီဘက် မဲပေးခဲ့ကြပြီ..။
Associated Press ရဲ့ မဲဆန္ဒရှင်တစ်သိန်းကျော်ကို လေ့လာထားတဲ့ စစ်တမ်းအရ အသက် ၃၀ အောက် လူငယ် ၇၀ ရာခိုင်နှုန်းခန့်က ဒီမိုကရက်တစ်ပါတီကို မဲပေးခဲ့ကြတယ်။
———•
နှစ်နှစ်အတွင်း ဘာတွေများ ပြောင်းလဲသွားခဲ့တာလဲ။
၂၀၂၄ ခုနှစ်မှာ ထရမ့်ကို မဲပေးခဲ့သူအားလုံးဟာ MAGA (Make America Great Again) အမာခံတွေ မဟုတ်ကြဘူး။
တချို့က ထရမ့်ကို ချစ်လို့ မဟုတ်ဘဲ သူပေးခဲ့တဲ့ ကတိတွေကို ယုံလို့ မဲပေးခဲ့ကြတာ။
ကုန်ဈေးနှုန်းကျမယ်။ စီးပွားရေးကောင်းမယ်။ အလုပ်အကိုင်တွေ ပေါများမယ်။ နယ်စပ်လုံခြုံရေး တင်းကျပ်မယ်။ အမေရိကန်အကျိုးစီးပွားကို ဦးစားပေးမယ်။
အထူးသဖြင့် အမေရိကန်ကို စစ်ပွဲအသစ်တွေထဲ မဆွဲသွင်းဘူးဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိခဲ့တယ်။
ကတိတွေကတော့ နားထောင်လို့ကောင်းပါပေ့။
———•
ဒါပေမဲ့ နှစ်နှစ်အကြာမှာ ပြည်သူတွေ ရင်ဆိုင်နေရတာက အီရန်စစ်ပွဲ၊ အကောက်ခွန်မူဝါဒနဲ့ မသက်သာသေးတဲ့ လူနေမှုစရိတ်တွေ..။
အမေရိကန်ကို ပြန်လည်ကြီးကျယ်ခမ်းနားစေမယ်ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဓာတ်ဆီဈေးနဲ့ အိမ်ထောင်စုအသုံးစရိတ်တွေကပါ ကြီးကျယ်ခမ်းနားနေကြတော့တာပေါ့။
America First ဆိုတာ အမေရိကန်ပြည်သူတွေရဲ့ စားဝတ်နေရေးကို ပထမဦးစားပေးမယ်လို့ ထင်ခဲ့ကြတာ။
အခုတော့ အီရန်စစ်ပွဲက ရှေ့ရောက်နေတယ်..။
———•
နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒီမိုကရက်တစ်ပါတီဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီ။
Reuters ရဲ့ နိုဝင်ဘာ ၄ ရက် သတင်းအရ ဒီမိုကရက်တွေဟာ အထက်လွှတ်တော်မှာ အနည်းဆုံး ၅၄ နေရာ ရရှိခဲ့ပြီး အောက်လွှတ်တော်မှာလည်း အမတ်နေရာ အနည်းဆုံး ၃၀ ထပ်တိုးရရှိခဲ့တယ်။
Texas လို ရီပတ်ဘလီကန်တွေ အစဉ်အလာအားကောင်းတဲ့ ပြည်နယ်မှာတောင် ၃၈ နှစ်အတွင်း ပထမဆုံး ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရွေးကောက်ခံခဲ့ရတယ်။
ဒီလောက်ဖြစ်သွားတော့ ရှုံးရတဲ့အကြောင်းရင်းကို ရှာကြပြီပေါ့။
———•
ဒုတိယသမ္မတ JD Vance ကိုယ်တိုင်က ရီပတ်ဘလီကန်ပါတီ ရှုံးနိမ့်ရတဲ့ အဓိကအကြောင်းရင်းဟာ အီရန်စစ်ပွဲဖြစ်တယ်လို့ ထောက်ပြတယ်။
ABC News စစ်တမ်းအရ မဲဆန္ဒရှင် ၃၄ ရာခိုင်နှုန်းက အီရန်စစ်ပွဲဟာ သူတို့ရဲ့ မဲပေးဆုံးဖြတ်ချက်အတွက် အလွန်အရေးကြီးခဲ့တယ်လို့ ဖြေကြားထားတယ်။
ဒါပေမဲ့ လူနေမှုစရိတ်ကို အဲဒီလိုသတ်မှတ်သူက ၄၉ ရာခိုင်နှုန်း၊ အစိုးရအကျင့်ပျက်ခြစားမှုကို အရေးကြီးတယ်လို့ သတ်မှတ်သူက ၅၅ ရာခိုင်နှုန်း ရှိနေပြန်တယ်။
ကြည့်ရတာ စစ်ပွဲတစ်ခုတည်းကြောင့် မဟုတ်ဘူး။
ပြည်သူတွေမှာ မကျေနပ်စရာ အကြောင်းရင်းတွေ စုံနေတဲ့သဘောပဲ။
———•
အဲဒီကြားထဲ Jeffrey Epstein ရဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကွန်ရက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ထရမ့်အပေါ် စွပ်စွဲချက်တွေနဲ့ အစိုးရရဲ့ သတင်းအချက်အလက် ထုတ်ပြန်မှုအပေါ် မေးခွန်းတွေကလည်း မပြီးသေးဘူး။
အောက်တိုဘာ ၂၆ ရက်မှာ အောက်လွှတ်တော် တရားစီရင်ရေးကော်မတီရဲ့ ဒီမိုကရက်အဖွဲ့က ထရမ့်နဲ့ Epstein တို့ရဲ့ ဆက်နွှယ်မှုအပေါ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်။ စွပ်စွဲချက်တွေကိုတော့ တရားရုံးက အပြစ်ရှိကြောင်း အတည်ပြုထားတာ မဟုတ်သေးဘူး။
အခု လွှတ်တော်နှစ်ရပ်စလုံးကို ဒီမိုကရက်တွေ ထိန်းချုပ်နိုင်တော့ အဲဒီကိစ္စတွေအပါအဝင် ထရမ့်မိသားစုရဲ့ စီးပွားရေးအကျိုးစီးပွားတွေကိုပါ စုံစမ်းဖို့ ပြင်ဆင်နေကြပြီ။
ထရမ့်ဘက်ကတော့ အမှားလုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အမေရိကန်ကို ကြီးကျယ်ခမ်းနားအောင် လုပ်ပေးမယ်ဆိုသူအတွက် အခုတော့ ဖြေရှင်းရမယ့် မေးခွန်းစာရင်းကပါ ကြီးကျယ်ခမ်းနားလာတဲ့ပုံပါပဲ..။
———•
တကယ်တော့ ဒီမိုကရက်တွေကို မဲပေးသူတိုင်းဒီမိုကရက်တွေကို ချစ်လို့ မဟုတ်ဘူး။ ထရမ့်ကို မုန်းလို့လည်းမဟုတ်ဘူး..။
ထရန့်ရဲ့ ကတိတွေနဲ့ လက်တွေ့အခြေအနေကြားက ကွာချက်က ဟက်တက်ကွဲသွားလို့..။
ဒါပေမဲ့ ဒီမိုကရက်တွေ အနိုင်ရသွားတာနဲ့ ပြည်သူတွေရဲ့ ပြဿနာတွေ ပြေလည်သွားပြီလို့တော့ မဆိုနိုင်သေးဘူး။
လွှတ်တော်အာဏာကို ပြန်ရထားတဲ့ ဒီမိုကရက်တွေအတွက်လည်း အခုမှ တာဝန်စတာပါ။
ဒီမိုကရေစီမှာ မဲတစ်မဲဟာ တစ်သက်တာသစ္စာခံလက်မှတ် မဟုတ်ဘူး။
အာဏာမရခင် ပြည်သူတွေရဲ့ မဲကို လိုချင်လို့ ချိုချိုသာသာ ကတိတွေပေးခဲ့သမျှ အာဏာရပြီးနောက် လက်တွေ့လုပ်ရပ်တွေနဲ့ တိုင်းတာခံရမှာပဲ။
မဲဆန္ဒရှင်တွေက နိုင်ငံရေးသမားတွေရဲ့ ပိုင်ဆိုင်မှုမှ မဟုတ်တာ။
မဲတောင်းတုန်းက ပြည်သူကို အရင်ဆုံးဆိုပြီး အာဏာရတော့ ပြည်သူ့စားဝတ်နေရေးကို နောက်ဆုံးထားမိရင် နောက်ရွေးကောက်ပွဲမှာ ပြည်သူကလည်း ကိုယ့်ပါတီကို နောက်ဆုံးထားသွားနိုင်တယ်။
အခုတော့ အမေရိကန်ကို ကြီးကျယ်ခမ်းနားအောင် လုပ်ပေးမယ့်ကတိတွေထဲက ဘာတွေ တကယ်ဖြစ်လာခဲ့သလဲဆိုတာ ပြန်တွက်ကြည့်ဖို့ အချိန်ရောက်လာပြီထင်ပါရဲ့..။
ဒါနဲ့ စကားမစပ်…
ဂျပု မအလကို လက်ဆွဲနှုတ်ဆက်တဲ့ နိုင်ငံရေးသမားတွေ လလလလ တွေဖြစ်ကုန်တာ တိုက်ဆိုင်မှုမြန်းလား…😏
━━━━━━━━━━━━━━
❤67👍23💩2🤣1
ချစ်ခြင်းမေတ္တာဖြင့်— မရွှေမိုး - ကိုရီးယား November 5, 2026.
#MaShweMoreKorea #Morea ⸻
သတင်းအရင်းအမြစ်များ
Reuters, Nov 4–5, 2026 — US Midterm Election Results
Associated Press, Nov 4–5, 2026 — AP Voter Poll
ABC News, Nov 4, 2026 — JD Vance, Iran War and Voter Poll
U.S. House Judiciary Committee Democrats, Oct 26, 2026 — Epstein-related Report
Reuters / Associated Press, Nov 5, 2026 — Planned Congressional Investigations
❤52👍17🔥4🤣1