မောင်သုတ 🧐
9.14K subscribers
6.56K photos
222 videos
92 files
970 links
သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ

CB - @MgThuThaBot
February 9. 2022
Download Telegram
ငါ့အချစ်က
မင်းပြီးရင် မင်းပဲ။

-ပိုင်သစ်နွယ်
❤10❤‍🔥2
"ရိုးသားသော အေ့ဘ်"

အများသိတဲ့ရိုးသားသူ အေ့ဘ် ကလေးလေးတစ်ဦး၊
သူက အရမ်းဆင်းရဲတယ်၊
အများက လယ်သမားနဲ့ နပန်းသမားလို့ခေါ်ကြတယ်၊
တခါတံရံ လှေထိုးသားလုပ်တယ်၊
သူမှာ ချစ်ရသူတွေကိုဆုံးရှုံးခဲ့ရဖူးတယ်၊
သူမှာ ကျောင်းဆိုတဲ့ပညာရေးကိုတစ်နှစ်တောင်အပြည့်မတတ်ရတဲ့မူလတန်းကလေးဘဝ၊
သူကအားမလျှော့သူ ရှေ့နေပေါင်းချုပ်နဲ့ ကျမ်းစာတွေကို အလွတ်မှတ်နိုင်တယ်၊
သူကသမိုင်းမှာ ကျွန်တွေရဲ့သံကြိုးတွေကို သူဖြတ်တောက်တယ်၊
သမိုင်းကို သူက အသစ်ရေးတယ်၊
ထိုသူဟာ လင်းကွန်းဆိုတဲ့ နာမတစ်ခုနဲ့ကျော်ကြားတယ်၊
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထုဆစ်သူတို့အတွက် ရိုးသားသူ အေ့ဘ်လေးက
ထာဝရ နေမင်းတစ်စင်း ဖြစ်ပါလိမ့်မယ်။

-RAIDEN KT
Historian
#History #RAIDEN_KT #Kyawthet
❤8🔥1
အချစ်ရေ
မင်းကို လမင်းကြီးနဲ့
မလဲနိုင်ပါဘူးကွယ်

သဘာဝတရားကလည်း
ကျောက်သားဖွဲ့စည်းလို့
သိပ်သည်းလှချည်ရဲ့ ။

-မောင်ချောနွယ်
❤5
ရက်စက်လေခြင်း

ငါအရင်ချစ်ခဲ့တာလို့
ပြောရင် မင်းယုံမလားအသက်။
ဒီညကြယ်တွေ မကြွေစေချင်ဘူး။
ငါ့ဆုတောင်းတွေ ပြည့်သွားမှာထက်
မင်းချစ်တဲ့ ကြယ်တွေကြွေမှာကို
ငါပိုကြောက်တယ် အသက်။

မင်းသိလား အသက်
လူတစ်ယောက်မှာ သူသိပ်မြတ်နိုးရတဲ့
အရာတွေအများကြီးရှိလိမ့်မယ်။
ဒါပေမဲ့ သူအမြတ်နိုးဆုံးကတော့
တစ်ခုတည်းပဲ။ အင်း...
အဲ့လိုပဲပေါ့ ငါ့အသက်ရယ်
မင်းဟာလဲ ငါ့ရဲ့တစ်ခုတည်းသော
မြတ်နိုးရာပဲ။

ဒီအချိန်မင်းငိုနေမလား
ငါတွေးခဲ့သေးတယ် အသက်။
ငါ့ဒဏ်ရာကိုမှမထောက်
မင်းဘက်ကိုတွေးပေးခဲ့တယ်
အသက်ရေ။ မင်းကတော့
လုပ်ရက်တယ်...။

‌တစ်ခါတစ်လေ‌တော့
အနာလဲပေး ဆေးလဲပေးရင်
သိပ်ကောင်းမယ် အသက်။
အခုတော့အစိမ်းသက်သက်
ဒဏ်ရာတွေချည်းပါလား။
ရက်စက်လိုက်တာ အသက်ရယ်။

ငါလေ...မင်းကိုတခြားသူတွေထက်
ပိုချစ်ခဲ့တာ။ အရာရာတိုင်းထက်
မင်းကို တန်ဖိုးထားခဲ့တာ။ ငါ့အချိန်တွေ
အားလုံးကို မင်းဆီမှာပဲမြှုပ်နှံခဲ့တာ။
ငါ့လက်ကျန်ဘဝတစ်ခုလုံးကို မင်းနဲ့အတူ
ဖြတ်သန်းချင်ခဲ့တာ အသက်။
ငါဟာ အရူးပဲအသက်ရယ်။

စိတ်ပျက်တယ် အသက်။
ငါ့ကိုယ်ငါ စိတ်ပျက်တယ်။
ငါကလွဲရင် အရာအားလုံးကို
အလေးထားတဲ့ မင်းကိုချစ်ခဲ့မိလို့၊
အပြစ်တင်စကားတွေ ကြားထဲကမှ
မင်းကို ပြောင်းလဲပေးချင်ခဲ့လို့၊
ငါ့ကိုယ်ငါထက် မင်းကို
ပိုတန်ဖိုးထားခဲ့မိလို့...။
ငါ့ကိုယ်ငါ စိတ်ပျက်တယ်။
မင်းကိုတော့ မမုန်းပါဘူး
ဒါပေမဲ့ မချစ်ရဲတော့ပါ...။

-အံ့လွန်းပျို
❤‍🔥8👏1💔1
ကျွန်တော်တို့ဟာ ပြည်သူ့‌တွေကို ကာကွယ်‌ပေးနေတဲ့လူတစ်ဦးမဟုတ်ပေ။ ထိုသို့သော မောက်မာသည့်ဂုဏ်ပုဒ်မျိုးကိုလည်း ကျွန်တော်ဟာ တစ်ခါမျှ တောင်းဆိုခဲ့ခြင်းမရှိပါ။ ကျွန်တော်ဟာ ပြည်သူထဲမှ ပြည်သူတစ်ယောက်သာ ဖြစ်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ ထိုမျှသာ ဖြစ်ခဲ့ဖူးပြီး ထိုမျှသာ ဖြစ်လို၏။ ထိုထက်ပိုသော အရာတစ်ခုခု ဖြစ်သည်ဟု ကြုံးဝါးနေသူမည်သူ့ကိုမဆို ကျွန်ုပ်ရွံရှာ၏။

-Maximilien Robespierre
ပြင်သစ်တော်လှန်ရေး ခေါင်းဆောင်

#RAIDEN_KT #Kyawthet #History
❤9🍓2
ရာပေးလို့
ထောင်မပွားနိုင်သ၍တော့
ကျွန်တော့်ရဲ့ရည်းစားအနေနဲ့သာ
ရှိနေပေးပါ။

-ဒေါင်းနက်
😁4
Vlad the Impaler၏တိုင်းပြည်အတွင်း သူခိုးဂျပိုးနှင့် အကျင့်ပျက်ခြစားသူများကို သုတ်သင်ချိန်၌ ပြောခဲ့သောစကား

ငါ....ဒီလိုလုပ်ရတာက အကြောင်းရင်း (၂)ချက်ကြောင့်ပဲ။ ပထမတစ်ခုက ဒီလူတွေက တခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဖို့နဲ့ ဒုတိယတစ်ခုကတော့ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူကမှ ဆင်းရဲမွဲတေတာ သူတောင်းစားဖြစ်နေတာမျိုးကို မရှိစေဘဲ အားလုံးကို ညီတူညီမျှ ချမ်းသာကြွယ်ဝစေချင်လို့ပဲ။

-Vlad the Impaler

#RAIDEN_KT #Kyawthet #History
❤10🍓1
Forwarded from Paper Poetry
သက်တမ်း
‎
‎ကိုယ်မင်းကိုချစ်တဲ့အချစ်တွေ
‎ဘယ်အချိန်မှာ စတင်ခဲ့တာလည်း
‎မင်းသိလား...
‎
‎Chopinရဲ့လက်သံတွေလို
‎မင်းအသံလေးကိုစကြားတဲ့
‎ညနေလေးမှာကိုယ်ရင်ခုန်မိခဲ့တယ်။
‎
‎Vango ရဲ့ "The Starry Night"
ပန်းချီထဲကလို
‎လှပတဲ့ ညလေးမှာ
‎မင်းကိုရူးရူးမူးမူးချစ်မိခဲ့တာ။
‎
‎Shakespeare ရဲ့ အချစ်ကဗျာတွေလို
‎နက်ရှိုင်းတဲ့ မင်းရဲ့မျက်ဝန်းတွေကို
‎စိုက်ကြည့်မိတဲ့ အချိန်လေးမှာပဲ
‎ကိုယ့်ဘဝတစ်ခုလုံး
မင်းဆီမှာ သက်ဆင်းခဲ့ရ။
‎
‎အဲဒီအနုပညာတွေအားလုံး ပေါင်းစပ်ပြီး
‎ဖြစ်တည်တဲ့ "ဂျူး"ဆိုတဲ့ ကမ္ဘာလေးထဲမှာပဲ ကိုယ့်အချစ်တွေရဲ့ သက်တမ်းကို
‎ထာဝရဆုံးထိ ဖြစ်တည်ချင်တယ်
‎ကလေးမရယ်။
‎
‎-သက္က
❤7💔1
အမေရိကန်ပြည်‌ထောင်စုအတွက်ကောင်းမွန်သော သာဓကတစ်ခုကိုပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏လွတ်လပ်ရေးကြေညာစာတမ်းပါ လူပြောသူပြောများလှသည့် လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော စာသားအပေါ် လူတိုင်းအတွက် သိသိသာသာအဓိပ္ပာယ်ဖွင့်ဆိုထားသည့် လူကြိုက်များသောစကားလုံးလှလှတစ်ခုမျှသာဖြစ်သည်။
ထိုစာသားကို စတင်ရေးသားခဲ့စဉ်က ၎င်းတွင် ကန့်သတ်ချက်ရှိသော နိုင်ငံရေးဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှုသာ ရှိခဲ့သည်။ ဒီနိုင်ငံ၌တော်လှန်ပုန်ကန်ခဲ့ကြသည့် ကိုလိုနီအခြေချနေထိုင်သူများ၏ စိတ်ထဲ၌ ရှိခဲ့သည့်စိတ်ရင်းအမှန်တကယ်မှာ ၎င်းတို့သည်လည်း ပင်လယ်တစ်ဖက်ကမ်းရှိ သွေးရင်းသားရင်း အင်္ဂလိပ်လူမျိုးများနည်းတူ အဆင့်အတန်းရှိသော အင်္ဂလိပ်လူမျိုးများဖြစ်သည်ဟု အခိုင်အမာဆိုလိုခြင်းမျှသာ ဖြစ်သည်။
၎င်းသည် အခြေခံအားဖြင့် ပါတီစွဲ အုပ်စုစွဲဆိုင်ရာစစ်ပွဲကြေငြာစာတမ်းတွင် ထိရောက်သော နှုတ်တိုက်ပြောဆိုမှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် နီဂရိုးများနှင့် အင်ဒီယန်းလူမျိုးများအပေါ် အထက်ပါ လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော ကြေငြာချက်ကို ကျင့်သုံးရန် အတွေးသည် ၎င်းတို့၏ ခေါင်းထဲသို့ ဘယ်သောအခါမှ ဝင်ရောက်လာခြင်း မရှိပေ။

-Lothrop Stoddard

#RAIDEN_KT #Kyawthet
❤5
ငါ့ကဗျာထဲမှာ မင်းပါရင်
ပါလိမ့်မယ်။ဒါပေမဲ့ မင်းက
ငါ့ကဗျာမဟုတ်ဘူး။
ငါကဗျာကို ချစ်သလို
ကဗျာကသာ ငါ့ကိုချစ်ပါစေ။

-အံ့လွန်းပျို
🍓8
Forwarded from Paper Poetry
"မြတ်နိုးရာ မြတ်နိုးကြောင်း"
‎
‎ကျုပ် ခန္ဓာကိုယ်က သွေးကြောတွေကို
‎ခင်ဗျား ဆံနွယ်လေးတွေနဲ့
‎အစားထိုးပစ်ချင်တယ် ရမလား သက်လျာ...။
‎
‎သုံးလွန်းတင်တဲ့ကြိုးက ဘာမှန်းမသိပေမဲ့
‎ကျုပ်ရင်ကို ရစ်ပတ်နှောင်ဖွဲ့နေတာကတော့ ကြိုးမဟုတ်ပါဘူး၊
အသက်ရဲ့ ဆံနွယ်တွေပါ။
‎
‎ဒါဟာ… ကျုပ်ရဲ့
မြတ်နိုးရာမြတ်နိုးကြောင်း ပါပဲ၊
ကာလာမပါတဲ့ ဆံနွယ်နက်နက်လေးတွေဆို ကျုပ်က သိပ်သဘောကျတာ။
‎
‎ဒီလို သက်လျာ့ရဲ့
ဆံနွယ်တွေကိုဆိုရင်တော့...
ကျုပ်က တကယ်ကို ရူးရူးမူးမူးပေါ့ဗျာ။
‎
‎-သက္က
❤10
ရေးတော့ရေးမယ်လို့
စဉ်းစားမိတယ်
လူကခနတာ ငိုင်သွားတယ်

ငါ့ခေါင်းထဲမှာ
ကဗျာကို သံကွန်ချာအုပ်ပြီး
ဖမ်းရသလိုမျိုး
မောင်ချောနွယ်လို
ကဗျာကို လှံကိုင်ပြီး
အလစ်ထိုးဖို့
စောင့်နေတဲ့စစ်သားလိုမျိုး

ရှန်ဂရီလာ
နာဠာဂီရိဆင်
သာမာဝတီ
ဂျက်လန်ဒန်
ပီကာဆို
ပါပီယွန်
မောင်ချောနွယ်အတု
မောင်သာနိုး

အကုန်လုံးငါ့ခေါင်းထဲမှာ
ချာချာလည်တဲ့ကြေးစည်လို
ဘာလိုလိုနဲ့ ခုနစ်မိနစ်ကျော်ပြီ
သက်ပြင်းမောကြီးတစ်ချက်
အေးလေ
အေး ....နောက်နေ့မှပေါ့
ကဗျာရေ
ရန်သူကဗျာရေ
မိတ်ဆွေက‌ဗျာရေ...အခွင့်သာမှပေါ့ ။



-အမောင်သျှင်
ကျူးလစ်စတိုရီ
❤7
အေးစက်စက် လေပြည်တစ်ချက်မှာ
ငါ့စိတ်ဝိညာဉ် လွင့်ပြယ်ပါစေ။
နွေးဓာတ်ထွက် ရောင်ခြည်နုမှာ
ငါ့အသက်နှလုံး ပျောက်ကွယ်ပါစေ။
မှေးစက်လျက် ချစ်တဲ့သူရေ
ဒီဘဝမှာ ငါလိုလူနဲ့ လွဲပါစေ။

-အံ့လွန်းပျို
❤6
မဟုတ်မမှန်၊ ဧကန်လိမ်ခြင်း
မုသားတွင်းတွင်၊ အဆင်းမက
နှလုံးဉာဉ်ပင် ရွံရှာသွင်။
လိမ်လည်လှည့်ခြင်း၊ ကင်းစေသော်ဝ်။
အဟုတ်မမှား၊ ‌ရိုးသားတတ်မှု
ဖြူစင်ပြုက၊ နှိုင်း‌တုလျှံထက်
လေးနက်စိတ်လျှင် မြတ်နိုးမင်။
ဖြောင့်မတ်စင်ခြင်း၊ သင်းစေသော်ဝ်။

-အံ့လွန်းပျို
🍓5
Forwarded from Paper Poetry
အမှတ်တရမြူဝေ.pdf
1.5 MB
ကျွန်တော့်(သက္က)ရဲ့ ပထမဆုံး ဝတ္ထုတိုလေးတစ်ပုဒ်ဖြစ်တဲ့"[အမှတ်တရမြူဝေ]"၀တ္ထုကို ဒီ Channel လေး မှာ တင်ပေးလိုက်ပါတယ်။ အချိန်အနည်းငယ်လေးပေးပြီး ဖတ်ရှုပေးကြပါဦးခင်ဗျာ။ ပထမဆုံး၀တ္ထုဖြစ်သည့်အလျောက် စာရေးသူ(သက္က)၏ လိုအပ်ချက်များ စာဖတ်သူတို့ရဲ့ အမြင်များကိုလည်း ကော်မန့် မှာ ဝေဖန်အကြံပြုပေးသွားကြပါဦး။

#သက္က #[အမှတ်တရမြူဝေ] #ဝတ္ထုတို
❤10
Media is too big
VIEW IN TELEGRAM
"ကိုယ် ဘယ်လောက်ပဲ သန်မာနေပါစေ၊ မင်းဘေးက မင်းချစ်တဲ့သူကိုတော့ မယှဉ်နိုင်ပါဘူးကွာ။"🥺

video စာသား နှင့် author - Khun(AP)
#creatorsearchinsights #စာတိုfeeling
#angél_alphá
#Mirror_Myanmar
#crd_video
❤5💔3
ရန်ကုန်မိုး

အုံမိုင်းလို့​ဝေရီ
မန်းမြေသာ ပြေးနမ်းချင်သည်
စိုစွတ်လွန်း ဗွက်စီ

                              Tanaka Bishou
                               5/7/2026

#Taninekha
#poem
❤7
အနာတွေ တဖြည်းဖြည်း
ပျောက်စပြုလာပါပြီ။ ခင်ဗျားတို့
ပြောသလို သွေးသံရဲရဲမဟုတ်ပေမဲ့
အမာရွတ်ကတော့သေရာပါပဲ
မဟုတ်လား။တစ်ခါတစ်လေ‌လဲ
သွေးမထွက်တဲ့ ဒဏ်ရာတွေက
ပိုနာကျင်ရပါတယ်။

-အံ့လွန်းပျို
၂၂၊ ၆၊ ၂၅
❤9
"တောမြိုင်ခြေက အေးရိပ်မြုံ"

တိတ်ဆိတ်ငြိမ်းမြ၊ အရိပ်ဆင်၍၊
ကြည်လင်အေးမြ၊ စမ်းရေကျလျက်၊
လှပဆန်းကြယ်၊ တောင်ကွယ်တောကြား၊
သူတို့သွားရောက်၊ လမ်းတစ်လျှောက်ဝယ်၊
ပန်းပေါက်စုံစီ၊ ပွင့်ကြသည်တည့်။

သူတို့အိမ်ဝယ်၊ ရယ်သံလွင်လွင်၊
နွေးထွေးကြင်နာ၊ မေတ္တာမီးရောင်၊
တောက်ပြောင်ပူနွေး၊ ချစ်ခြင်းဆေးကြောင့်၊
ဝေးလည်းမကွာ၊ နီးသလိုပင်၊
ရင်မှာအေးချမ်း၊ ပျော်ရွှင်ဝမ်းမြောက်၊
ရောက်လေရာဝယ်၊ ဆည်းဆာလည်းလှ၊
အရုဏ်လည်းသာ၊ ကမ္ဘာတစ်ခု၊
တည်ဆောက်မှုကြောင့်၊ နုပျိုလှပ၊
သူတို့ဘဝသည်၊ မြိန်မြလှပါဘိ။

-သွန်းရောင်
❤3
ငါမျက်စိဖွင့်လိုက်ရင် နံဘေးမှာ
မင်းရှိနေမယ်။ ငါ့လက်တွေအေးနေရင်
မင်းလက်နွေးနွေးကို ဆုပ်ကိုင်ထားမယ်။
မျက်လုံးချင်းဆုံတဲ့အခါ မင်းမျက်လုံးတွေ
သိပ်လှကြောင်း ငါပြောပါဦးမယ်။
နောင်ဘဝပေါ့ ဒီဘဝတော့
ထားလိုက်ပါတော့လေ...။

-အံ့လွန်းပျို
၁၂၊ ၁၀၊ ၂၅
❤4