မောင်သုတ 🧐
9.14K subscribers
6.56K photos
222 videos
92 files
970 links
သမိုင်း၊ သိပ္ပံ၊ စီးပွားရေး၊ စာပေ

CB - @MgThuThaBot
February 9. 2022
Download Telegram
🌻မိမိကိုယ်မိမိယုံကြည်မှု စိတ်ဓာတ် (Confidence Mindset)

📍စွမ်းရည်နှင့် အခွင့်အလမ်း ဘက်စုံ ပြည့်စုံနေပါစေဦး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု (Self-confidence) မရှိပါက မည်သည့် ကိစ္စကိုမျှ အကောင်အထည် မဖော်နိုင်ဘဲ ကျရှုံးရမည်။

📍ယုံကြည်မှုသည် အောင်မြင်မှု တည်ဆောက်ရာတွင် ပထမဆုံး အုတ်မြစ်ဖြစ်ပြီး၊ မိမိကိုယ်ကို ယုံကြည်သူသည်သာ အခြားသူများ၏ ယုံကြည်မှုကို ရယူနိုင်သည်။

📍နပိုလီယံ၏ ဂန္ထဝင် စကားဖြစ်သည့် “ငါ့အဘိဓာန်မှာ 'မဖြစ်နိုင်ဘူး' ဆိုတဲ့ စကားလုံး မရှိဘူး" ဆိုသည့် ကိုးကားချက်ဖြင့် ယုံကြည်မှု၏ စွမ်းအားကို မီးမောင်းထိုးပြထားသည်။

📍ဟင်နရီ ဖို့ဒ် (Henry Ford) ၏ သာဓကကိုပြရလျှင် မော်တော်ကား အင်ဂျင်ကို လူတိုင်းက မဖြစ်နိုင်ဟု လှောင်ပြောင်ချိန်တွင် မိမိ၏ စွမ်းရည်ပေါ် မယိမ်းမယိုင် ယုံကြည်ကာ Ford မော်တော်ကား အင်ပါယာကို စတင် ထူထောင်ခဲ့သည့် သမိုင်းဝင် ဖြစ်ရပ်ပင် ဖြစ်၏။

။
❤13
နွေတစ်ခေါက်

ရွက်ဝါလှိုင်လှိုင်၊ ကြွေကျမြိုင်လှ
ဂနိုင်တစ်ခွင်၊ ရွက်ကြွေပြင်သို့
အသင်တစ်နေ့၊ ကြုံတွေ့ရမည်။
ဖူးငုံတစ်ထွေ၊ စိမ်းဆွေတစ်‌သွင်
မြေပြင်တစ်လွင့်၊ ပျက်ဆင့်တစ်ဖုံ
လောကဘုံတွင်၊ ဝသုန်‌အခြေ
လေဆွယ်ရာသို့တည်း။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-လင်္ကာ
❤1👍1
Forwarded from Paper Poetry
"အချစ်နဲ့ဟေမာန်ဆောင်း"

၁။
ဆောင်းဟာ မြူတွေကြားမှာ
‎တိတ်ဆိတ်လှပနေဆဲ
‎ရွက်ခြောက်တွေကြွေ မြေမှာခလေသတဲ့
‎တရုတ်စကားပန်းသိပ်ကြိုက်တဲ့အချစ်ရေ
‎ကိုယ်မင်းကိုသတိရပါရဲ့။
‎
‎၂။
ဆောင်းရဲ့ အမှတ်တရတွေဟာ
‎နို၀င်ဘာလရဲ့ ၈ရက်မြောက်နေ့ကစလို့
‎အချစ်မွေးနေ့ ဒီဇင်ဘာအထိပေါ့။
‎
‎၃။
အအေးဒဏ်ကို အန်တုဖို့ ကော်ဖီတစ်ခွက်နဲ့အချစ်လက်တစ်စုံပဲလိုအပ်တယ်။
‎ကွဲအက်လာတဲ့ နှုတ်ခမ်းတွေကို
ကုစားဖို့တော့
‎အချစ်ရဲ့နှုတ်ခမ်းပါးလေးတွေကို
‎ကိုယ်တောင်းဆိုပါရ​စေ။
‎
‎၄။
တစ်မြို့စီမှာ ဆောင်းခိုနေကြတဲ့
ကိုယ်တို့နှစ်ယောက်အတွက်
ဆောင်းဟာညှာတာခဲ့ရင်
‎မင်းရှိတဲ့အရပ်စီတိုက်တဲ့မြောက်လေ
ကိုယ့်မေတ္တာတွေကြောင့်နွေးပါစေ။
‎
‎၅။
တစ်နေ့တော့ မင်းရှိရာမြို့လေးဆီ
‎ကိုယ်အရောက်လာခဲ့မယ်။
‎မင်းကိုယ်တိုင် ထိုးပေးထားတဲ့
မာဖလာလေးကို ပတ်ရင်း
မင်းလက်ကိုတွဲလို့
နယ်ရှစ်ခွင်မှိုင်းဆဲရာသီအလှကို အတူတူငေးမောကြည့်ချင်တယ်။
‎
‎-သက္က
❤4💔3
သီတင်းကျွတ်ခါ

ဗုဒ္ဓမြတ်စွာ
ပြန်ကြွလာ
ကြိုကာမီးထွန်း အလင်းကျွန်း။

ရဟန်းသံဃာ
လှူဖွယ်ရာ
သဒ္ဓါစိတ်ထွန်း သင်္ကန်းဆွမ်း။

လူကြီးမိဘ
ကန်တော့ရ
စေတနာစွန်း ကုသိုလ်ဝန်း။

သီတင်းကျွတ်ကား
ရည်မှန်းထား
ပေါများချီးမွမ်း ကောင်းမှုယွန်း။

နိုင်ငံတစ်ဝှမ်း
စိတ်တို့လန်း
ကျန်းမာရည်ညွှန်း မေတ္တာသွန်း။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-‌သံပေါက်
❤25
Forwarded from Paper Poetry
"အကွာအဝေးတံတိုင်း"
‎
‎အကွာအဝေး ဆိုတာ
‎မြေပုံပေါ်မှာတိုင်းတာလို့ရပေမဲ့…
‎မင်းကို လွမ်းနေရတဲ့ ညတွေကိုတော့
‎ဘယ်လိုအတိုင်းအတာနဲ့ တိုင်းတာရမလဲ အသက်...
‎
‎တစ်ခါတလေ
‎မင်းနဲ့ စကားမပြောရတဲ့ အချိန်တွေမှာ
‎ငါဟာ မင်းကိုလွမ်းနေတာလား၊

‎ဒါမှမဟုတ် မင်းနဲ့
အတူရှိခွင့်ရမယ့်
‎ညလေးတစ်ညကိုပဲ
‎လွမ်းနေတာလားဆိုတာတောင်
‎မခွဲခြားတတ်တော့ဘူး။
‎
‎ချစ်ခြင်းမေတ္တာမှာ
‎အခက်ခဲဆုံး အရာဆိုတာ
‎တစ်ယောက်ကိုတစ်ယောက်
‎မချစ်တော့တာ မဟုတ်ဘူး၊
‎ချစ်နေကြရဲ့သားနဲ့ တစ်ယောက်ကို
‎တစ်ယောက်လွမ်းနေရတဲ့
အကွာအဝေးတံတိုင်းတွေပဲ။
‎
‎-သက္က
❤6
ဆီမီးခွက်လေးကို ရေထဲမျှောမယ်။
‌မီးပုံးပျံလေးကို
ကောင်းကင်ပေါ် လွှတ်တင်မယ်။
အိမ်ရဲ့နေရာတိုင်းမှာ
ဖယောင်းတိုင်တွေ ထွန်းမယ်။
ငါတောင်းသမျှ ဆုတောင်းတိုင်းဟာ
မင်းနဲ့နီးစပ်ရပါစေပေါ့။

-အံ့လွန်းပျို
၂၉ရက်၊ ၉လ၊ ၂၀၂၅

ဗျောက်အိုးသံညံလို့
ယမ်းငွေ့ရံတဲ့ညမျိုးမှာ
ဖယောင်းတိုင်လေးရဲ့ မီးရောင်အောက်
မင်းတောင်းတတဲ့ဆုဟာ
ကိုယ်ပဲဖြစ်ပါရစေ။

-အံ့လွန်းပျို
၂၇ရက်၊ ၁၀လ၊ ၂၀၂၆
❤14🥰1
မေတ္တာတွေ ပေးမကုန်အောင်ရှိလဲ
ယူမဲ့သူမရှိရင် အလကားပဲမလို့
အပေါ်စားထင်တာ
မင်းမှန်ပါတယ် ခင်ရေ...။

-အံ့လွန်းပျို
❤10
မင်းဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာမယ့်အစား ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်?
❤5
မောင်သုတ 🧐
မင်းဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာမယ့်အစား ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်?
မင်းဟာ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာမယ့်အစား ကွန်မြူနစ်တစ်ယောက်ဖြစ်ခဲ့တယ်?

Keke Geladzeဆိုတဲ့အမျိုးသမီးတစ်ဦးဟာ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဇက် စတာလင်ရဲ့ မိခင်အဖြစ်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ သူမဟာ ခရစ်ယာန်ဘာသာရေးကိုင်းရှိုင်းတဲ့ မိသားစုကနေဆင်းသက်လာသူဖြစ်တာကြောင့် သူမရဲ့ သားဖြစ်သူ စတာလင်အတွက် မျှော်လင့်ချက်များစွာရှိတဲ့မိခင်တစ်ဦးလည်းဖြစ်တယ်။ သူမရဲ့ ရည်မှန်းချက်တွေဟာ သူမရဲ့သားစတာလင်ကို နောင်တွင်ဂျော်ဂျီယာဩသဒေါက်စ်ချာ့ခ်ျရဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာဖို့ သူမကအများကြီးမျှော်မှန်းထားခဲ့တယ်။ ဒါကြောင့် သူမရဲ့သား ဘာသာရေးကျောင်းကို တက်နိုင်ဖို့ သူမအနေနဲ့ အများကြီးရုန်းကန် ခဲ့ရတယ်။ စတာလင်ဟာလည်း မိခင်ရဲ့ဆန္ဒအလျောက် ဘာသာရေးကျောင်းကို တက်ရောက်ဖို့သူဟာဆုံဖြတ်ချက်ချခဲ့တယ်။ သို့သော် အချိန်တွေကုန်လွန်လာတဲ့အခါ စတာလင်ဟာ ဘာသာရေးထက် သူရဲ့ခေါင်းထဲမှာ တော်လှန်ရေး အတွေးတွေက တစ်စနဲ့တစ်စ များများလာပြီး နောက်ဆုံးမှာ ဘာသာရေးကျောင်းတော်ကထွက်ပြီး သူမိခင်ရဲ့ မျှော်လင့်ချက်တွေနဲ့ အရမ်းကွဲပြားခြားနားတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်တယ်။ ဒါက လက်ဝဲပစ္စည်းမဲ့လူတန်းစားတွေရဲ့တော်လှန်းရေးစိတ်ဓါတ်ပါပဲ။ စတာလင်ရဲ့ ရွေးချယ်မှုတွေဟာသူမိခင်အတွက်တော့ သူမနောက်ဆုံး ဘဝ‌နေဝင်ချိန်အထိ အမြဲတမ်းဝမ်းနည်းနေခဲ့တယ်ဆိုတာ သူသိနေပေမယ့် မ‌ဖြည့်ဆီးပေးနိုင်ခဲ့တာကြောင့် သူဘဝမှာ သူမိခင်နဲ့ ပတ်သက်ရင်အမြဲတမ်းနောင်တနဲ့ စိတ်မလုံခဲ့ပေ။

၁၉၃၅ခုနှစ်တွင်စတာလင်ဟာမိခင်နှင့်နောက်ဆုံးတွေ့ဆုံမှုမှာ နောက်ဆုံးပြောခဲ့သောစကား

စတာလင်
အမေ... အမေမှတ်မိလား...?ကျွန်တော်တို့ကို အရင်ကရုရှားဇာဘုရင်ကဘယ်လိုနှိပ်စက်ခဲ့လဲဆိုတာကို‌ ပေါ့။ ဒါပေမယ့်အခုကျွန်‌တော်က ဇာဘုရင်လိုမျိုးဖြစ်နေပြီလေ။

မိခင်
အင်း... နင်သာဘုန်းတော်ကြီး ဖြစ်လာခဲ့ရင် ပိုကောင်းမှာပါပဲ။
-RAIDEN KT
Historian
#RAIDEN_KT #KyawThet #History
❤8
Forwarded from Paper Poetry
"မောင့် မမသက်လျာ"

မမသက်လျာ...
မမ ကအသက်ရှည်ဆေးလားဗျာ။
လူတွေကပြောကြတယ်
တစ်ခါပြုံးရင် အသက်တစ်ရက်
ပိုရှည်တယ်တဲ့။
မမ ကိုငေးကြည့်ပြီးအမြဲတမ်းပြုံးနေတတ်တဲ့ မောင် ကတော့
ဒီတစ်သက် မသေဆုံးနိုင်တော့ဘူး
ထင်ပါရဲ့ဗျာ...

-သက္က
❤9🥰2😭1
ရေကိုလိုအပ်တဲ့ ကြာဖူးလေးလို
ပန်းဝတ်ရည်ကိုလိုအပ်တဲ့
လိပ်ပြာငယ်လေးလို
လက်နက်ကိုလိုအပ်တဲ့
အာဏာရူးတွေလိုပေါ့ အချစ်ရယ်...။
ကိုယ်ဟာလဲမင်းမရှိရင် ဗလာနတ္ထိပါပဲ။

-အံ့လွန်းပျို
❤15🥰2💘2
ငါ့ရင်ခွင်ဟာ မင်းအတွက်
မှန်တစ်ချပ်ဖြစ်ပါရစေ။
မေတ္တာတွေအစား
ဥပေက္ခာတွေ ပေးခဲ့လို့
ရင်ကွဲရတဲ့အဖြစ်မျိုးတော့
မရောက်ပါရစေနဲ့ အသက်ရေ...။

-အံ့လွန်းပျို
❤15
This media is not supported in your browser
VIEW IN TELEGRAM
❤14
ကိုယ့်ဘဝထဲက လူတွေ
ထွက်သွားမယ်ဆိုတာသိပေမဲ့
ဒီလောက်စောမယ်မှန်းသိရင်
နောင်တတွေ ဘယ်ရှိခဲ့မလဲ။

-အံ့လွန်းပျို
❤19
မနက်နိုးလာရင်
နေရောင်ခြည်နုနုအစား
မင်းမျက်နှာလေးကို မြင်ရမဲ့
နေ့ရက်တွေကို
ငါမျှော်လင့်‌နေပါတယ်...။

-အံ့လွန်းပျို
❤8🥰2
ကံခေခြင်း


ကိုယ့်ကိုလက်ဆွဲနှုတ်ဆက်မဲ့လူမှာ
လက်ကပါမလာ။

ကိုယ့်ကိုလက်တွဲခေါ်မဲ့လူမှာလည်း
လက်ကမရှိ။

ကိုယ့်ကိုလက်တွဲဖြုတ်မဲ့လူမှာတော့
လက်တွေကပြည့်လို့။

ဆရာကမကြိုက်သေးဘူးလား
ကဗျာက မျက်ဖြူ ဆိုက်နေပြီ။

-အောင်ခိုင်မြတ်
❤9🥰1
Forwarded from Paper Poetry
"သဘာဝတရား၏ စစ်လျော်ကြေး"

ကံတရားရက်စက်ခဲ့တဲ့
ချစ်လျက်နဲ့ ဝေးကွာနေရခြင်းဆိုတဲ့
စစ်ပွဲကြီးမှာ
သဘာဝတရားကြီးက စစ်လျော်ကြေးပေးတဲ့အခါ...

လေပြေလေညင်းလေးတွေက
မင်းရဲ့ ရနံ့လေးတွေကို သယ်ဆောင်ပေးလာတယ်။
ငှက်ကလေးတွေကလည်း
မင်းရဲ့သတင်းတွေကို လာရောက်ပို့ဆောင်ရှာတယ်။

ညအခါ ကြယ်လေးတွေကို မေးမိပါရဲ့။
မင်းရဲ့အပြုံးလေးတွေဟာ
အရင်လို လှနေဆဲလား...
အရင်အတိုင်း လှနေမြဲလားလို့။

တိမ်တွေကတော့ ပြောရှာပါတယ်။
မင်းလည်း ငါ့လို
လေနှင်ရာ လွင့်မျောနိုင်တဲ့ တစ်နေ့နေ့မှာ

အချစ်ရေ...
မင်းရှိရာအရပ်ဆီ
ငါ ရောက်လာနိုင်မှာပါတဲ့။

-သက္က
❤3🥰2
စကား

မဟုတ်မမှန်
သူဆိုပြန်
သူ့ဉာဏ်တိမ်နည်း ပြောဆိုမြဲ။

ရန်တိုက်ခံငြင်း
စကားကျင်း
သတင်းဖြန့်လည်း ပါးစပ်ပဲ။

ဣ‌န္ဒြေအရှက်
မထိန်းလျက်
နားထက်ညံဆဲ သူ့နှုတ်ရဲ။

သူများမကောင်း
သူဆုတောင်း
အလောင်းနှယ်ရွဲ စိတ်ဓာတ်မွဲ။

နှုတ်စည်းစောင့်ပါ
လုံခြုံစွာ
သာယာဆိုနွှဲ နားမှာစွဲ။

ရာစု-၂၁ရာစု
ရေးသူ-အံ့လွန်းပျို
အမျိုးအစား-‌သံပေါက်
❤11
Forwarded from Paper Poetry
ချစ်ရတာ ပင်ပန်းသလားဆိုရင်
ကျွန်တော်ဖြေရခက်တယ်
မဂျူးသက်လျာကို ရဲ့...

မိုးလင်းကနေမိုးချုပ်အထိ
မင်းအကြောင်း​တွေးနေရတာတွေ၊
ဆူးဘဲညှိနေမလား ခလုတ်ဘဲထိနေမလား စိတ်ပူနေရတာတွေ၊

ကမ္ဘာကြီးပျက်စီးနေရင်တောင်မင်းရှိတဲ့အရပ်လေးမှာပဲ
နေသာပါစေ လေပြေအေးပါစေ လို့​ဆုတောင်းပေးနေရတာတွေ

ဒါတွေကပင်ပန်းတာတော့
မဟုတ်ဘူးဗျ ဒါတွေကကြည်နူးရတာဗျ။
ချစ်ရသူအတွက်
တွေးပူပေးနေရတာက ပြေးမကူပေးနိုင်တဲ့
အကွာဝေးတွေမှာဆိုရင် သိပ်ကိုအရေးပါတာ...

-သက္က
❤5
ကဗျာသစ္စာ


ကဗျာရည်ချင်း၊ လက်ရာထင်းကာ
အဆင်းကာရန်၊ ကလောင်ဟန်နှင့်
တန်ဆာဆင်ယင်၊ ကျွန်ုပ်ဉာဉ်သည်
ယှဉ်တုမရှိ၊ နှိုင်းမဲ့ဘိနှယ်
နတ္ထိဘဝင်၊ ဂုဏ်အလင်္ကာ
ကြင်အင်လေးစား၊ ရိုးရာများကို
အံ့ဓားကလောင်၊ နရီဆောင်ကြဥ်း
အောင်စည်ယွန်းစဥ်၊ ဂန္ထဝင်ပန်း
တမ်းတလိုက လှမ်းစေသော်ဝ်။

- အံ့လွန်းပျို

လူ့လောကဝယ်၊ လက်ရာကြွယ်လို့
ရေးဖွယ်မှတ်စ၊ ဘဝချင်းပြိုင်
နိုင်လိုစိတ်ထား၊ မသိုအားလျက်
ရိုးသားတည်ကြည်၊ ဖြောင့်ချည်ဟန်ဖြင့်
ဂုဏ်တင့်ချင်မိ၊ အသိစိတ်၌
ငြိသွယ်ခိုက်တွင်၊ မီးမြှိုက်စည်းကား
မရှိထားဘဲ၊ လမ်းမှားမရောက်
လမ်းမှန်‌ဖောက်၍၊ ဆိပ်တောက်ကင်းဝေး
ရင်၌နွေးသော၊ လောကတခွင်
ထင်ကျန်ဆေးစက်ဖြစ်ချင်သော်ဝ်။

- လိပ်ပြာ
❤1