မောင်သုတ 🧐
The extreme nature of collective madness from the common system....😀
စိတ်ပညာအရ ကွန်မြူနစ်ဝါဒ ဖြစ်တည်လာရခြင်း၏ အဓိကအခြေခံသဘောတရားများဟာ ဤကမ္ဘာမြေရှိ လူအဖွဲ့အစည်းအတွင်း ညိမျှမှုမရှိသော လူသားတို့၏ပကတိတန်ဖိုးများကို စိတ္တဇဆန်ဆန် ဖျက်စီးလိုသည့် သဘောတရားကိုသယ်ဆောင်လာသော ဝါဒတစ်ခု၏အနက်ကို ဆိုလို၏။ ဤပကတိတရားများ၏သဘောထားနှစ်ခုဟာ လူတို့၏စိတ်၌ဖြစ်တည်နေသည့် လိုအပ်ချက်စိတ်ဆန္ဒများကို စိတ်ကူးယဉ်ပုံဖော်ထားသော စိတ်ရောဂါနှင့် အတွင်းစိတ်၏ဖုံးဖိထားသောဒဏ်ရာများကို ကုစားရန်သကဲ့သို့ပင် လွှမ်းခြုံထား၏။ အထူးသဖြင့်အရပ်စကားနဲ့ပြောရရင် လက်တွေ့လူလောကအတွင်း လက်တွေ့ဆန်တဲ့ စံပြဝါဒနဲ့ မာခီယာဗယ်လီယန် စတဲ့ဒဿနိက အတွေးအခေါ်များကို ထိခိုက်သွားစေပါတယ်။ ဒါဟာလူအဖွဲ့အစည်းတစ်ရပ်လုံးကို သူတို့လိုရင်လိုသလို သတ်မှတ်ပြဌာန်နိုင်သည့် စံနှုန်းများကို လက်ခံရန်နဲ့ ဘုံအဖွဲ့အစည်းအပေါ် မှီခိုမှုပြုရသော မမြင်နိုင်သည့်သုခချမ်းသာများကို ညွန်ဆိုထား၏။ ဒါကြောင့် သူတို့၏ဒဿနိကများဟာ သမိုင်းဆိုင်ရာ ခေတ်အဆက်ဆက်အသုံးချခဲ့သော လူအဖွဲ့အစည်း၏ Ideologyများမှုန်ဝါးစေ၍ စုပေါင်းလမ်းကြောင်းဟုခေါ်သော ဘုံအမွေ့နှစ်သဘောတရားကို ဟန်ပြဆုပ်ကိုင်ကာ အာဏာဗဟို၌ခိုင်မြဲရေးအဖြစ်ပြောင်းလဲရန် အဆို့ပြုသဖြင့် သူတို့၏အယူအဆများဟာ စုပေါင်းရူးသွပ်ခြင်းနှင့် လူနည်းစုအပေါ်ကန့်သတ်သော A scary group of peopleတစ်ခုနဲ့ဘာမျှမကွာရှားလှသော ဝါဒတစ်ခုဖြစ်ပေ၏။
ဒီနေ့ခေတ်ကမ္ဘာပေါ်မှာတော့ ကွန်မြူနစ်ဝါဒ တိုးချဲ့ခြင်းရဲ့ ကြောက်စရာအကောင်းဆုံး အဓိကအချက်ကတော့ သူတို့ပြောနေကျဖြစ်သော အတန်းစားတိုက်ပွဲခေါ်တဲ့ ဘုံအစုစည်း၏ ဖောင်းပွနေတဲ့အာဏာအလွန်ကျွံယိမ်းယိုင်မှုဆိုးကျိုးပါပဲ။ သူတို့ဟာ စုပေါင်းအင်အားဟုခေါ်သော်လည်း တစ်ဦးချင်း၏ အခွင့်အရေးများ ရပိုင်ခွင့်များကို ရိုက်ချိုးတတ်၏။ ဒါကို စုပေါင်းအင်အားဟု၍လည်း ကြွားဝါးတတ်ကြ၏။ ဒီသုံးသပ်ချက်အရ သူတို့၏ စိတ်ရောဂါဆိုတာဟာ သူတို့လက်ခံတဲ့ဝါဒီအချင်းချင်း၌ပင် ရူးသွပ်ရုံတင်မက လူအများပါစုပေါင်းရူးသွပ်စေရန် ပုံစံခွက်တစ်ခုထဲ၌ စုပေါင်းကာ လူတို့၏ ရပိုင်ခွင့်များ၊ အခြေခံလူအခွင့်အရေးများကို စီစီညှပ်ကျေအောင် အပေါ်မှ ဖုံးအုပ်နင်းချေလိုက်ကြ၏။ ဒါဟာတစ်ဦးချင်း၏ ကိုယ်ပိုင်စွမ်းရည်ကိုလျှော့ချကာ စုပေါင်းဉာဏဆိုင်ရာဝိသေသလက္ခာဏာများ၏အဓိပ္ပာယ်များကို အားပေးသယောင်ဖြစ် ဤဉာဏ၏မဟာတန်ဖိုးများကို ဂရုမစိုက်နိုင်ဘဲ အာဏာအတွက်မိမိ၏ စိတ်ခံစားမှု၏ဆုတ်ယုတ်ခြင်းပင်ဖြစ်၏။ ကျွန်တော်တို့ လူအဖွဲ့အစည်းအတွက် ကွန်မြူနစ်ဝါဒရဲ့ အနှစ်ချုပ်သဘောတရားဆိုတာ မတူကွဲပြားတဲ့လူတို့ ယဉ်ကျေးမှုကို တားဆီးပြီး စိတ်၏မလုံခြုံမှုကို မခံစားနိုင်တဲ့အခါ စစ်ပွဲအဖြစ်ပေါက်ကွဲလာတဲ့ လူအများစု စုပေါင်းယိမ်းယိုင်သောရူးသွပ်နေတဲ့ ဘုံကမ္ဘာငယ်ကလေး တစ်ခုဖြစ်ကြောင်းသုံးသပ်အပ်သည်။
RAIDEN KT
Historian
#RAIDEN_KT #KyawThet #History

❤5👎1
Forwarded from Paper Poetry
မရှက်တမ်း၀န်ခံရရင်
ကျွန်တော် သက်လျာကို ဆုံးရှုံးရမှာကြောက်ပါတယ်။
အလံဖြူလည်းပြထားတယ်
ဒူးလည်းထောက်ထားပါတယ်
တက်ပဲနင်းနင်း
လည်ပဲစင်းစင်း
သက်လျာစိတ်ချမ်းသာရင်
ကျွန်တော်လည်း၀မ်းသာပါတယ်...
ဟုတ်ပါတယ်
ကျွန်တော်ကအဲသလောက်ကိုရူးရူးမိုက်မိုက်ချစ်တာပါ။
-သက္က

❤9
မနက်ခင်းတစ်စ
အားလုံးကို ငါ "မ" ကြည့်ပြီးပြီ
မျက်ရည်ဟာအလေးလံဆုံးပဲ ။
မိုးရေထဲ
တဖြည်းဖြည်းပျောက်ဆုံး
ကိုယ့်ကိုယ်ကိုယ်
လုံးလုံးရှာမတွေ့တော့ ။
-သားဦး
အားလုံးကို ငါ "မ" ကြည့်ပြီးပြီ
မျက်ရည်ဟာအလေးလံဆုံးပဲ ။
မိုးရေထဲ
တဖြည်းဖြည်းပျောက်ဆုံး
ကိုယ့်ကိုယ်ကိုယ်
လုံးလုံးရှာမတွေ့တော့ ။
-သားဦး
❤9
ရိုးသားခြင်းဟာ
ဘဝမှာအရတော့နည်းတယ်
ရေရှည်ခံတယ်
တသက်လုံးလိပ်ပြာလုံတယ်။
-မောင်သာချို
ဘဝမှာအရတော့နည်းတယ်
ရေရှည်ခံတယ်
တသက်လုံးလိပ်ပြာလုံတယ်။
-မောင်သာချို
❤17
မောင်သုတ 🧐
Photo
🍚 ထမင်းဆိုင်လေး ဖွင့်မလို့ပါ
ဆိုင်နာမည်က —
「အချစ်ဟာ ငါတို့နဲ့မသက်ဆိုင်」
လမ်းက —
「မဆုံသောလမ်း」
နေရာက —
「အတူရှိခဲ့တဲ့နေရာ」
ဆန်က —
「သူစိမ်းဆန်」
ဟင်းက —
「Can I be him (ဟင်း)」
အသားက —
「ရှုံးပြီးသား」
ထိုင်ရမယ့်ဝိုင်းက —
「မောင့်မျက်ရည်ဝိုင်း」
ဘာတွေထပ်ရသေးလဲဆိုတော့ —
「နောင်တ」
လာစားလို့ရမယ့်လူတွေက —
အရံလူတို့၊ ဒုတိယလူတို့၊ အစားထိုးလူတို့။
ဖွင့်ပေးမယ့်သီချင်းက —
「ဤသို့ပြုရနဲ့ မုန်း」
လိုက်ပွဲက —
「မင်းမချစ်တဲ့လူ」
ဆိုင်ကဝန်ထမ်းတွေက ဘာလုပ်တတ်လဲဆိုရင် —
ထားမသွားအောင် တောင်းပန်တတ်ပါတယ်၊
ချန်ခဲ့ရင် နေခဲ့တတ်ပါတယ်။
မီနူးစာအုပ်ထဲမှာလည်း —
「အမှတ်တရတွေများစွာရှိပါတယ်」
ထမင်းဖိုးကို ဘာငွေကြေးနဲ့ ပေးချေရမလဲဆိုရင် —
「မငိုကြေး」နဲ့ ပေးဆောင်ရမှာပါ။「မလှည့်စားကြေး」နဲ့ ပေးချေခြင်း လက်မခံပါ။
ဖျော်ရည်တွေကတော့ —
「မျက်ရည်」နဲ့ 「သံယောဇဉ်ကော်ဖီ」
Special Menu က
「အရမ်းချစ်တယ်၊ ထားမသွားဘူး」
ကံစမ်းမဲ ပရိုမိုးရှင်းဖောက်ပေးမှာက —
「လေထဲက အိမ်လေး」
📋 လတ်တလောမှာလို့မရသေးသော Menu များ
「အဆင်ပြေအောင်နေနော်」
「ကျန်းမာရေးလည်း ဂရုစိုက်」
「နောက်လူအပေါ်မှာလည်း သိပ်ပြီး မဆိုးနဲ့ဦး」
Mistake (Khun)
#broken_heart
#Angél_Alphá@mirror148
#AP4U

🤣20💔8😢4❤3😭2
မောင်သုတ 🧐
🍚 ထမင်းဆိုင်လေး ဖွင့်မလို့ပါ ဆိုင်နာမည်က — 「အချစ်ဟာ ငါတို့နဲ့မသက်ဆိုင်」 လမ်းက — 「မဆုံသောလမ်း」 နေရာက — 「အတူရှိခဲ့တဲ့နေရာ」 ဆန်က — 「သူစိမ်းဆန်」 ဟင်းက — 「Can I be him (ဟင်း)」 အသားက — 「ရှုံးပြီးသား」 ထိုင်ရမယ့်ဝိုင်းက — 「မောင့်မျက်ရည်ဝိုင်း」 ဘာတွေထပ်ရသေးလဲဆိုတော့…
ရယ်ရတယ်ပေါ့လေ ဟုတ်စ🤧🤒
ခွန်း
ခွန်း
🤣13
Forwarded from ကဗျာဗဟိုပြု စာပေကလပ်စည်း (A Poetry-Hub Literary Club) (𝔂𝓷)
ကဗျာစာစဉ်အမည် - ထားရစ်လေသူ
ကဗျာစာစဉ် - ၇
သံသရာမှာ တသက်တာမမေ့နိုင်တဲ့
အမှတ်တရတွေနဲ့ ချန်ထားခဲ့တဲ့
တစ်စုံတစ်ယောက်သောသူဆိုတာ
လူတိုင်းဘဝမှာ ရှိဖူးကြမှာပါ။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင်
ပြောပြဖြစ်မဲ့ စကားလုံးလေးတွေကိုရော
ရင်ထဲမှာ သိမ်းဆည်းထားဆဲမလား။
ဒီတစ်ခါမှာတော့ အလွမ်းဓာတ်ခံစာစဉ်လေးမလို့ ကလောင်ကြီး/ငယ်မရွေး ပါဝင်ရေးသားကြဖို့
ဖိတ်ခေါ်လက်ကမ်းလိုက်ရပါတယ်ခင်ဗျာ...❤️🩹။
ကဗျာစာမူပိတ်သိမ်းချိန် - ၁၀ရက်နေ့ ည ၉နာရီ
ကဗျာစာစဉ်အတွက် ကဗျာစာမူများကို
@theartofdyingalive ဒီအကောင့်ဆီ
ပေးပို့နိုင်ပါပြီခင်ဗျ။
-ကဗျာဗဟိုပြု စာပေကလပ်စည်း
#poetry_series
#A_poetryhub
#literary_club
❤10
Forwarded from Paper Poetry
အကယ်၍
မင်းနဲ့သာ ဝေးခဲ့ရင်
မနက်ခင်းတိုင်း မေတ္တာပို့ဖြစ်တာတွေ
မလုပ်ဖြစ်တော့လောက်ဘူး။
အကို့မေတ္တာပေးချင်တာဆိုလို့
မင်းပဲရှိတာ...
နေ့လည်နေ့ခင်း
ကော်ဖီတစ်ခွက်နဲ့စာအုပ်တစ်အုပ်၊
မင်းသိပ်ကြိုက်တဲ့အပင်ရိပ်တွေအောက်မှာ
အကိုရှိနေလောက်မှာ
မင်းအငွေ့အသက်တွေ ရလိုရငြားပေါ့...
ညနေခင်းဆိုလည်း
မင်းနဲ့အတူ ကြည့်ခွင့်မလိုက်တဲ့
နေဝင်ဆည်းဆာ ကို
အကို တစ်ယောက်တည်း
ကြည့်ဖြစ်နေလောက်မှာ
မင်းထိုးပေးထားတဲ့
မာဖလာလေး နဲ့ အတူပေါ့။
ကမ္ဘာတစ်ဖက်စီ ရပ်နေလည်း
အကို့စိတ်ကို မင်းက
အာဏာသိမ်းထားပြီးသားပဲလေ။
ဒီကကောင်က
မင်းအပြုံးလေးတွေကို
အမှတ်ရနေတာနဲ့ပဲ
တော်လှန်ဖို့ကို မစဉ်းစားမိခဲ့။
-သက္က
မင်းနဲ့သာ ဝေးခဲ့ရင်
မနက်ခင်းတိုင်း မေတ္တာပို့ဖြစ်တာတွေ
မလုပ်ဖြစ်တော့လောက်ဘူး။
အကို့မေတ္တာပေးချင်တာဆိုလို့
မင်းပဲရှိတာ...
နေ့လည်နေ့ခင်း
ကော်ဖီတစ်ခွက်နဲ့စာအုပ်တစ်အုပ်၊
မင်းသိပ်ကြိုက်တဲ့အပင်ရိပ်တွေအောက်မှာ
အကိုရှိနေလောက်မှာ
မင်းအငွေ့အသက်တွေ ရလိုရငြားပေါ့...
ညနေခင်းဆိုလည်း
မင်းနဲ့အတူ ကြည့်ခွင့်မလိုက်တဲ့
နေဝင်ဆည်းဆာ ကို
အကို တစ်ယောက်တည်း
ကြည့်ဖြစ်နေလောက်မှာ
မင်းထိုးပေးထားတဲ့
မာဖလာလေး နဲ့ အတူပေါ့။
ကမ္ဘာတစ်ဖက်စီ ရပ်နေလည်း
အကို့စိတ်ကို မင်းက
အာဏာသိမ်းထားပြီးသားပဲလေ။
ဒီကကောင်က
မင်းအပြုံးလေးတွေကို
အမှတ်ရနေတာနဲ့ပဲ
တော်လှန်ဖို့ကို မစဉ်းစားမိခဲ့။
-သက္က
❤4
ပန်းမပွင့်တဲ့ ကမ္ဘာမှာ
ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ
သန်မာတယ်ဆိုတာလဲ
မင်းရှိမှ...။
-အောင်ချိမ့်
ဘယ်ပျားက ကြာကြာတောင့်ခံနိုင်မလဲ
သန်မာတယ်ဆိုတာလဲ
မင်းရှိမှ...။
-အောင်ချိမ့်
❤12🥰4
Forwarded from Paper Poetry
ချစ်ရသူသာ အနားရှိရင်
ကမ္ဘာစစ်ကြီးဟာလည်း
ရုပ်ရှင်ဇာတ်ကား သာသာပါပဲ။
လေတွေသန်လို့ မိုးတွေထန်နေလည်း
ကိုယ့်ရင်ခွင်ကို ခေါင်းတိုးလို့
ဝင်ပါ ကလေးငယ်။
ကမ္ဘာကြီးကို မကယ်တင်နိုင်တဲ့ကောင်၊
မင်းကိုတော့ လုံခြုံစေချင်ပါတယ်။
မင်းကုသ လို ရုပ်မျိုးနဲ့ကောင်လည်း
“ကိုကို” လို့ အခေါ်ခံရနိုင်တာပဲ။
ဒါဟာ သမိုင်းဆိုင်ရာ ရုပ်ဝါဒကို
အချစ်က အနိုင်ယူကြောင်းပေါ့။
ချစ်တတ်လွန်းပုံများ
တိုင်းပြည်အတွက် ချွေးတစ်စက်တောင်
မရင်းနိုင်တဲ့ကောင်က
ချစ်ရသူကို ခြင်ကိုက်တယ်ကြားတာနဲ့
"တိုင်းပြည်ကို ခြင်ကင်းစင်အောင်လုပ်ရမယ်" လို့
ကြီးကြီးကျယ်ကျယ် ထပြောတော့တာပဲ။

ပါချုပ်ဆရာတော်ဘုရားကြီး အကြားအာရုံမရတော့ဘူးဆိုတာ တွေ့လိုက်ရ။ 2023 နောက်ပိုင်းကတည်း က အသံကအက်ကွဲပီး အထွက်နည်းလာတယ်။ အရင်လိုမဟုတ်။ ဆရာတော်ကြီးက တရားဆက်ဟောလိုတဲ့ ဆန္ဒရှိသေးဟန်တူတယ်။
ဒီနှစ်တွေထဲ ဆရာတော်ကြီးကို ဝေဖန်တာတို့ စိန်ခေါ် တာတို့တွေ ရှိခဲ့သေးတယ်။ အထူးသဖြင့်တော့ ပင်လယ်သမုဒ္ဒရာဒီရေတက်တာ ကျောက်တုံးကြောင့် မဟုတ်ဖူး ဘာညာပေါ့လေ။
ဆရာတော်ကြီးက တရားဟောရင်း ကျမ်းဂန်လာအဆိုကို ဖွင့်ဆိုရှင်းပြချက်တွေများတယ်။ တရား ဟောတဲ့အခါမှာလည်း စာတွေထဲတော့ ဒီလိုပါတယ်၊ ဒီလိုတွေ့တယ် ဒီလိုပြောတယ်ဆိုပီး ထည့်ပြောလေ့ရှိတယ်။
ကျမ်းဂန်တွေဆိုတာကလည်း ဘယ်တုန်းက ဘယ်သူတွေရေးပီး ဘယ်လောက်မှန်မယ်ဆိုတာ အတိအကျ သက်သေထူရခက်တယ်။ ထေရဝါဒရဲ့ သဘောကိုက ရှေ့ကထေကြီးဝါကြီးတွေ ထားရစ်ခဲ့တဲ့ သွင်သင်ချက်မှန်သမျှတွေကို လက်ဆင့်ကမ်းယူရတဲ့ သဘော ရှိတယ်။
ဘုရားဟော မဟုတ်တဲ့တရားတွေဆိုပီး ပါကောင်းပါနိုင်သပေါ့။ အသံထွက်ကို စကားလုံး စာလုံးအဖြစ် အသွင်းပြောင်းပီး စာအဖြစ်ရေးတဲ့အခါ အဓိပ္ပါယ် ကောက်ကူမှုလွဲတာ၊ ပိုပိုသာသာဖြစ်သွားတာလည်း ရှိနိုင်တယ်။ မပယ်စကောင်းဘူး။ စစ်ယူရမယ်ဆိုတဲ့ သဘောထင်ပါရဲ့။
ထားတော့…။
ဆရာတော်ဘုရားကြီးသည်လည်း လူသားစစ်စစ် ပါဘဲ။ သဗ္ဗေညုတဉာဏ်တော်ရထားတာ မဟုတ် လို့ အလုံးစုံကို သိမြင်တော်မူမယ် မဟုတ်။ အဲ့လောက် နားလည်ရင် တရားနာတတ်သွားမယ်။ lecture လိုက်တတ်သွားမယ်ဆို ပို မှန်မယ်။
ဥပမာပြောရရင် တရားတစ်ပုဒ်မှာ လူတိုင်းမှာ ကိုယ်ငွေ့ရှိတယ်၊ နတ်တွေက လူတွေရဲ့ ကိုယ့်ငွေ့ကို မခံနိုင်စသဖြင့်ဟောတယ်။
ဆိုလိုတာက နနတ်တွေ လူတွေမှာ ထွက်တဲ့ ကိုယ်ငွေ့ရှိတယ်ပေါ့။ ဒါပေမယ့် ဆက်ဟောတဲ့အထဲမှာ ခုခေတ် အဆောက်ဦးကြီးတွေမှာ အလိုလျှောက်ပွင့်တဲ့တံခါးတွေက ကိုယ့်ငွေ့ကို အာရုံခံတာဆိုပီး ဟောတယ်။
Motion sensor တပ်ထားတဲ့ auto door တွေကို ပြောတာနေမယ်ဆိုပီး စိတ်ထဲသိလိုက်တယ်။ Motion sensor ဆိုတာ လှုပ်ရှားမှုအာရုံခံကိရိယာ။ အရိပ် ပေါ် လို့ တံခါးပွင့်တာ။ ကိုယ့်ငွေ့ကြောင့် မဟုတ်ပါဘူးဆိုပီး စိတ်ထဲက ငြင်းမိ။ ဒီတစ်ခါတော့ ဆရာတော် ကြီးလွဲပြီထင်ပါရဲ့ပေါ့။
ဒါပေမယ့် motion sensor အကြောင်းရှာပီး ဆက်ဖတ်ကြည့်တော့
PIR (Passive Infrared) Sensor: ခန္ဓာကိုယ်မှ ထွက်ရှိသည့် အပူလှိုင်း (Infrared Radiation) ပြောင်းလဲမှုကို တိုင်းတာ၍ အာရုံခံတဲ့ စနစ်။
Ultrasonic Sensor: လူသားတို့ နားမကြားနိုင်သော အသံလှိုင်း (Ultrasonic Waves) များကို ထုတ်လွှတ်ပြီး ပြန်လာသည့် အသံလှိုင်း ပြောင်းလဲမှုကို ကြည့်၍ လှုပ်ရှားမှုကို အာရုံခံတဲ့စနစ်။
Microwave Sensor: ရေဒီယို လှိုင်းတိုများ ထုတ်လွှတ်၍ အာရုံခံနိုင်ပြီး အတားအဆီး (နံရံ) များကိုပင် ဖောက်ထွင်း အာရုံခံနိုင်သည့် စနစ်။
Dual Technology Sensor: PIR နှင့် Microwave နည်းပညာ ၂ ခုလုံးကို ပေါင်းစပ်ထားတဲ့ စနစ်… စသဖြင့် စသဖြင့် ရှိတယ်တဲ့။
ဒီလိုလိုက်ဖတ်ကြည့်တော့လည်း ဆရာတော်ကြီး ဟောတာ လွဲလှသည်တော့ မဟုတ်လို့ နားလည်ရပြန်တယ်။ တချို့တရားတွေက ဖြည့်ပီးနာရမယ်။ စစ်ပီးနာရမယ်ဆိုတဲ့ သဘောလို့ ယူရမယ်ထင်တယ်။ lecture လိုက်တယ်လို့ သဘော ထားသူအတွက်ကတော့ စာ ဆက်ဖတ်ပေါ့။
ပင်လယ် သမုဒ္ဒရာဒီရေတက်တာကျတာ ကျောက် တုံးကြီးကြောင့် မဟုတ်။
ဒီရေ တက်ခြင်းနှင့် ကျခြင်းသည် အဓိကအားဖြင့် လ (Moon) နှင့် နေ (Sun) တို့၏ ဆွဲအား (Gravitational Force) ကြောင့်လည်း ကောင်း၊ ကမ္ဘာ့မိမိဝင်ရိုးပေါ်တွင် လည်ပတ်မှုကြောင့် ဖြစ်ပေါ်လာသည့် ဗဟိုခွာအား (Centrifugal Force) ကြောင့်လည်းကောင်း ဖြစ်ပေါ်ရခြင်း ဖြစ်ပါသည် ဆိုပီး သင်ထား သိထားတဲ့လူအတွက်တော့ ဆရာတော်ကြီး လွဲဘီဆိုပီး စိန်ခေါ်လိုက်မယ်လို့ အတွေးဝင်သလား မသိ။
ဒါပေမယ့် စင်္ကြာဝဠာ solar system မှာ လကို ဖယ် လိုက်ရင် ဒီရေမတက်တော့ဘူးပေါ့။ ဒါဆို လ က ဘာနဲ့ ဖွဲ့စည်းထားတာလဲ။ ဖွဲအိတ် ဖွဲလုံး၊ သဲအိတ်သဲတုံးကြီးလား။ ကျောက်သားမပါဘူးလားဆိုပီး မေးချင်စရာ။ ကဲ… ထားတော့။ ကိုယ့်ဖာသာ ဆင်ချင်ဆန်းစစ်ပေါ့။
စာရှည်လာလို့ နိဂုံးချုပ်ရရင် ဆရာတော်ဘုရားကြီးသည်လည်း လူသားစစ်စစ် ပါဘဲ။ သဗ္ဗေညုတဉာဏ်တော်ရထားတာ မဟုတ်။ သူပြောဟောသမျှ မှန်တယ်။ လိုက်မှတ်ကြ၊ လိုက်နာကြလို့ ပြောနေတာလည်း မဟုတ်။ ဒီလောက်တရားပြ တရား ဟောပေးနိုင်ရင်ဘဲ ကျေးဇူးကြီးလှပါပြီ။
တချို့တရားတွေက ဖြည့်ပီးနာရမယ်။ စစ်ပီးနာရမယ်။ lecture လိုက်တယ်လို့ သဘောထားသူအတွက်ကတော့ စာ ဆက်ဖတ်ပေါ့။ အဲ့ဒါ ပိုအဆင် ပြေမယ်။
ဘာသာတရားမရှိ တွေးခေါ်မျှော်မြင်ခြင်းသာ ပကတိဆိုတဲ့ အတွေးခေါ်ပညာရှင်ကြီး “ ဆော့ကရေးတီး” ကတော့ ငါဘာမှ မသိသေးဘူးဆိုတာဘဲငါသိတယ် တဲ့။
တချို့လူတွေကဘာသာ တရား ကိုင်းရှိုင်းသူမဟုတ်ပေမယ့်လည်း တရားသဘောနဲ့ အညီနေထိုင် ကျင့်သုံးတွေးခေါ်တတ် ကြတာမျိုးရယ်။
#ရွာပြင်ရောက်လူတစ်ယောက်ရဲ့အတွေးများ

❤14
ငါသာလျှင်တော် သူမတော်ဟု
လူတော်ထင်ပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည်
နစ်လျက်နေပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
သူ့ကိုငါငြိုး ငါ့သူငြိုးနှင့်
အငြိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
ညည်း၍မပြီး ငြူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လို့ နောင်အဖို့
နိုးကြထကြမြန်မာတို့
သားမြေးတို့အတွက်ကြိုးစားစို့.....
▪️မင်းသုဝဏ်(မြန်မာတို့အတွက်)
#reviewsbybenevolent
#poem
လူတော်ထင်ပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည်
နစ်လျက်နေပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
သူ့ကိုငါငြိုး ငါ့သူငြိုးနှင့်
အငြိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမလဲ.....
ညည်း၍မပြီး ငြူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လို့ နောင်အဖို့
နိုးကြထကြမြန်မာတို့
သားမြေးတို့အတွက်ကြိုးစားစို့.....
▪️မင်းသုဝဏ်(မြန်မာတို့အတွက်)
#reviewsbybenevolent
#poem
❤18
ခွင့်လွတ်ပါ ...
လေထဲဆောက်ခဲ့မိတဲ့
အိမ်တွေအတွက်
တိမ်တွေကို အားနာရပါတယ် ။
-မောင်ခက်လူ
လေထဲဆောက်ခဲ့မိတဲ့
အိမ်တွေအတွက်
တိမ်တွေကို အားနာရပါတယ် ။
-မောင်ခက်လူ
❤16
ငယ်ငယ်က ဆရာတစ်ယောက်က သင်ဖူးတယ်။
Error ဆိုတာ ဘာလဲတဲ့။
တစ်တန်းလုံးက ဖြေတယ် " အမှား "တဲ့။
ဆရာက ပြောတယ် "မဟုတ်ဘူး"
ERROR ဆိုတာ "သွေဖယ်မှု" တဲ့။
ဘယ်လိုသွေဖယ်တာလဲ ဆိုတော့
အမှန်တရားကနေ သွေဖယ်သွားတာတဲ့။
*††**††*
(#အတွေးဒဿနစာစုလေးဖြစ်လို့သေချာဖတ်လေတန်ဖိုးရှိလေပါ👌)
လူမှန်နေရာမှန်
_______ Credit (Error)
"Hello… ဆရာ…
8+8=2 Then, 8=1လို့ ဆရာပြောခဲ့တယ်နော်။
ဒီဒဿနလေးနဲ့ ပတ်သတ်ပြီး အကျယ်ရှင်းပြပေးနိုင်မလား”
သင်္ချာ equation တွေမှာ ဘယ်ဘက်အခြမ်းမှာ သိကိန်းကို ထားတတ်ပြီး ညာဘက်အခြမ်းမှာ မသိကိန်းကို ထားကြတယ်။
ဥပမာ -2a - 5 = 15ဆိုပါစို့ ။
ဒါဆိုရင် a တန်ဖိုးက 10 ရမယ် ။
လောကဒဿနအရ ဘယ်ဘက်က အကြောင်းတရားဆိုရင် ညာဘက်က အကျိုးတရားပဲ။
(ပစ္စည်းခိုး) = (ထောင်ကျ)
Cause က ပစ္စည်းခိုးတာ ။ Effect က ထောင်ကျတာ ။
Cause ကိုသိပြီး effect ကိုမသိရင် ကြိုတင်ခန့်မှန်းတယ်။ Effect ကိုသိပြီး cause ကို မသိရင် ပြန်ပြောင်းသုံးသပ်ရတယ်။
တွေးစရာနှစ်ခုက-
ဒီလို cause လုပ်ရင် ဘယ်လို effect ဖြစ်လာမှာလဲ။
ဒီလို effect ရတာ ဘယ်လို cause ကြောင့်လဲ။
8+8=16 ရသင့်ရဲ့သားနဲ့ ဘာလို့ 2 ရနေတာလဲ။
အဖြေကသာ 2 သေချာရင် symbol 8 ဟာ value 8 မဟုတ်တော့လို့ပဲ။
ဥပမာ-မျက်လှည့်တွေမှာ လူတစ်ယောက်ကို နှစ်ပိုင်း ဖြတ်ပြတယ်။ လူက မသေဘူး ။ နှစ်ပိုင်းဖြတ်တာသေချာရင် လူသေရမယ်။ လူမသေတာ သေချာရင် နှစ်ပိုင်းမဖြတ်ဘူး။ နှစ်ပိုင်းဖြတ်တယ်လို့ ထင်အောင် လှည့်စားခံရတာပဲ။
မင်းသိထားခဲ့တဲ့ 8 က
5 နဲ့မြှောက်ရင် 40 ရမယ့် 8
2 နဲ့ပေါင်း ရင် 10 ဖြစ်သွားမယ့် 8
အခုမင်းမြင်နေရတဲ့ 8 က အဲ့လိုမဟုတ်တော့ဘူး။
8 ကို 8 လို့ တရားသေမြင်ချင်နေတဲ့ မင်းကို ပုခုံးပုတ်ပြီး သတိပေးလိုက်တာပဲ။ ဒါမင်းသိထားတဲ့ value 8 မဟုတ်ဘူး။ အခြား symbol a,b,c,d တို့လိုပဲ 8 ဆိုတဲ့ symbol တစ်ခုသာဖြစ်တယ်။
သင်္ကေတတွေက အစစ်အမှန်မဟုတ်ဘူး။
သူငယ်ချင်းဆိုတဲ့ ဝေါဟာရလေး ခေါ်လိုက်ရုံနဲ့ သူငယ်ချင်းအစစ်၊ သူငယ်ချင်းသဘောတရားအမှန် ဖြစ်မသွားဘူး။
အဲ့ဒီလိုပဲ သူတို့ကိုယ်သူတို့ 8 လို့ ကြွေးကြော်နေတဲ့ ဂဏန်းနှစ်လုံး သူတို့ချင်းပေါင်းလိုက်တဲ့အခါ 16 ဖြစ်မလာပဲ အဖြေက 10 ဖြစ်နေတဲ့အခါ ။ အဲ့ဒါရှစ်မဟုတ်တဲ့ ရှစ်တွေ ။တန်ဖိုး အနှုတ်ပြနေတဲ့ ဂဏန်းတွေပဲ။
ဒီလိုပဲ ဆရာဝန် မဟုတ်တဲ့ ဆရာဝန်တွေ ရှိတယ်။
ကျောင်းဆရာ မဟုတ်တဲ့ ကျောင်းဆရာတွေ ရှိတယ်။
နိုင်ငံတခုမှာ ဘာလို့ ရလဒ်တွေ ကမောက်ကမဖြစ်နေလဲ ဆိုရင် လူမှန်နေရာမှန်မရှိလို့ပဲ။ ၈ မဟုတ်တဲ့ ၈ ငါးလုံးကို ပေါင်းပြီး ရလဒ် ၄၀ လိုချင်လို့ဘယ်ဖြစ်ပါ့မလဲ။
စာသင်ကျောင်းတွေမှာ ဆရာအစစ်တွေဖြစ်မှ၊
တရားရုံးတွေမှာ တရားသူကြီးအစစ်တွေဖြစ်မှ၊
ဆေးရုံတွေမှာ ဆရာဝန်အစစ်တွေဖြစ်မှ၊
နောက်ဆုံး သူတောင်းစားတောင် သူတောင်းစားအစစ်တွေဖြစ်မှသာ တိကျတဲ့ ရလဒ်တွေထွက်လာမှာ။
လိုချင်တဲ့ရလဒ်ရဖို့ ပေါင်းစပ်နေတဲ့ ကိန်းတွေဟာ သိကိန်းတွေဖြစ်မှရမယ်။
လူတစ်ရာရဲ့ ကျန်းမာရေးကိစ္စကို ပြေလည်ဖို့ ဆရာဝန် ငါးယောက်လိုရင် အဲ့ဒီ ဆရာဝန်ငါးယောက်လုံးဟာ ဆရာဝန်အစစ်ဖြစ်မှ ရမယ်။
ကျောင်းသား ၁၀၀၀ အတွက် ဆရာ ၁၂ ယောက်လိုတယ်ဆိုရင် အဲ့ဒီ ၁၂ ယောက်လုံးဟာ ဆရာအစစ်တွေဖြစ်မှရမယ်။
လူမှန်နေရာမှန်ဖြစ်မှသာ equation တွေက ပြေလည်တော့မှာပေါ့ ”
#credit_to_owner_with_respect
#ballpointpenart

👏7❤5🔥1🍓1
ထရမ့်၏ ကိုယ်လုံးတီးရွှေရုပ်တုကို ဥရောပပါလီမန်တွင် ပြသ၊ ‘လိမ္မော်ရောင်ကပ်ဘေး’ ဟု အမည်ပေး
ဆာမန် ရှာဖစ် | USA TODAY
ပြင်သစ်နိုင်ငံ၊ စထရာ့စ်ဘူးမြို့ရှိ ဥရောပပါလီမန်အဆောက်အအုံတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်လုံးတီးရွှေရုပ်တုတစ်ခုကို အောက်တိုဘာ ၆ ရက်တွင် ထုတ်ဖော်ပြသခဲ့သည်။
ဒိန်းမတ်ပန်းပုဆရာ ယန်းစ် ဂါလ်ရှော့တ် ဖန်တီးထားသည့် အမြင့်ရှစ်ပေရှိ အဆိုပါရုပ်တုကို “The Orange Plague” (လိမ္မော်ရောင်ကပ်ဘေး) ဟု အမည်ပေးထားသည်။ ရုပ်တုတစ်ခုလုံးကို ၂၃ ကာရက်ရွှေပါးလွှာပြားများဖြင့် ရွှေချထားသည်။
ရုပ်တုတွင် ထရမ့်သည် အားအင်ချည့်နဲ့နေသော အမျိုးသားတစ်ဦး၏ ပခုံးပေါ်၌ ထိုင်နေပြီး လက်တစ်ဖက်တွင် ဂေါက်ရိုက်တံနှင့် ကမ္ဘာလုံးပုံဘောလုံးကို ကိုင်ထားကာ အခြားလက်တစ်ဖက်တွင် ချိန်ခွင်တစ်ခုကို ကိုင်ထားသည်။
ရုပ်တုအောက်ခံတွင် “မတရားမှု၏ဘုရင်” ဟု ရည်ညွှန်းထားသူ၏ စာသားကိုလည်း ရေးထိုးထားသည်။
“ကျွန်ုပ်သည် လူတစ်ဦး၏ ကျောပေါ်တွင် ထိုင်နေသည်။ ကျွန်ုပ်၏ ဝန်ထုပ်ဝန်ပိုးကြောင့် သူသည် နစ်မြုပ်လျက်ရှိသည်။ သူ့ကို ကူညီရန် ကျွန်ုပ် ဘာမဆိုလုပ်ပေးမည်။ သို့သော် သူ့ကျောပေါ်မှ ဆင်းပေးရန်တော့ မဟုတ်” ဟူ၍ ဖြစ်သည်။
ရာသီဥတုမူဝါဒများကို သရော်ဝေဖန်သည့် ရုပ်တု
ဂါလ်ရှော့တ်က အဆိုပါရုပ်တုသည် ထရမ့်နှင့် အမေရိကန်၏ မူဝါဒများကို သရော်ဝေဖန်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို ထိခိုက်စေခြင်း၊ ယခင်က ရရှိထားသည့် တိုးတက်မှုများကို နောက်ပြန်ဆုတ်စေခြင်းနှင့် သက်ဆိုင်ရာ သိပ္ပံဆိုင်ရာ အချက်အလက်များကို ဖျက်ဆီးခြင်းတို့ကို ဝေဖန်ထားသည်။
ထို့ပြင် အခြားနိုင်ငံများ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ရပ်တန့်စေရန် အာဏာနှင့် စီးပွားရေးဖိအားများ အသုံးပြုနေခြင်းသည် ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို အားနည်းစေကြောင်း ၎င်းက ဆိုသည်။
အကောက်ခွန်တိုးမြှင့်ကောက်ခံခြင်း၊ ရန်ပုံငွေဖြတ်တောက်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ကို စိုးရိမ်သဖြင့် နိုင်ငံများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် ထရမ့်၏ မူဝါဒများအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုရန် တွန့်ဆုတ်နေကြကြောင်းလည်း ဂါလ်ရှော့တ်က ပြောကြားခဲ့သည်။
၎င်း၏ ပြောကြားချက်အရ အဆိုပါရုပ်တုကို ဟန်းစ် ခရစ်ရှန် အန်ဒါဆင်၏ “ဧကရာဇ်၏ အဝတ်သစ်” ပုံပြင်မှ စိတ်ကူးရယူဖန်တီးထားခြင်းဖြစ်သည်။ ပန်းပုဆရာက အင်အားကြီးသူများ၏ ဝန်ထုပ်ဝန်ပိုးကို အခြားသူများက မည်မျှကြာကြာ ဆက်လက်ထမ်းပိုးပေးနေကြမည်နည်းဟူသည့် မေးခွန်းကိုလည်း ရုပ်တုမှတစ်ဆင့် ထုတ်ဖော်ထားသည်။
“ဒီရုပ်တုဟာ အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကမ္ဘာကြီးကို လွှမ်းမိုးချုပ်ကိုင်ပြီး သူတို့လိုချင်တဲ့ပုံစံအတိုင်း ပြောင်းလဲဖို့ ကြိုးပမ်းနေမှုကို ရည်ညွှန်းပါတယ်။ ထရမ့်ဟာ ဒီဖြစ်စဉ်ကို ကိုယ်စားပြုတဲ့ ထင်ရှားတဲ့ သင်္ကေတတစ်ခုပါ။ တစ်ခါတလေ သရော်စာက နိုင်ငံရေးစကားတွေနဲ့ ဖော်ပြလို့မရတဲ့ အကြောင်းအရာတွေကို ထိထိရောက်ရောက် ပြောပြနိုင်ပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။
ရုပ်တုကို ဖန်တီးရခြင်း၏ ရည်ရွယ်ချက်မှာ ရာသီဥတုကပ်ဘေးကို တားဆီးရန် ကမ္ဘာကြီးတွင် ကျန်ရှိနေသည့် အခွင့်အရေးများကို ထိခိုက်စေသော လုပ်ရပ်များအကြောင်း အများပြည်သူ ဆွေးနွေးလာစေရန်နှင့် ထရမ့်၏ မူဝါဒများကို မည်သို့တုံ့ပြန်သင့်သည်ဆိုသည့် အကြောင်းအရာကို အလေးအနက် ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်းလည်း ဂါလ်ရှော့တ်က ပြောကြားခဲ့သည်။
အငြင်းပွားဖွယ်ရာ အဆိုပါရုပ်တုကို ဒိန်းမတ်နိုင်ငံရေးသမားနှင့် ဥရောပပါလီမန်အမတ် ပါး ကလော်ဆင်က စီစဉ်ကျင်းပသည့် သုံးရက်ကြာပြပွဲတွင် ပြသထားသည်။ ပြပွဲလာရောက်သူများကိုလည်း ရုပ်တု၏ အသေးစားပုံစံများ အခမဲ့ဝေငှပေးလျက်ရှိသည်။
ဂါလ်ရှော့တ်က ဥရောပ၏ မူဝါဒဆုံးဖြတ်ချက်များ ချမှတ်သူများအနေဖြင့် အဆိုပါပြပွဲအပေါ် မည်သို့တုံ့ပြန်ကြမည်ကို စိတ်ဝင်တစား စောင့်မျှော်နေကြောင်း ပြောကြားခဲ့သည်။
Nude gold statue of Trump 'Orange Plague' unveiled
Saman Shafiq
USA TODAY
A gold statue of President Donald Trump fully naked can now been seen in the European Parliament building in Strasbourg, France.
Titled "The Orange Plague" and unveiled on Tuesday, Oct. 6, the eight-foot installation covered entirely in 23-karat gold leaf, designed by Danish sculptor Jens Galschiøt shows the president holding a golf club and a world-shaped ball in one hand and a set of scales in the other as he sits on the shoulders of a frail man.
"The sculpture is a satirical out-cry against Trump and the U.S. assault on the green transition and the rule-based world order," the artist said.
Inscribed on the base is a proclamation, signed by the “The King of Injustice," that reads: "I am sitting on the back of a man. He is sinking under my burden. I will do anything to help him. Except stepping down from his back."

👍1
“The sculpture is not directed against the European Parliament, Quite the opposite," Galschiøt said in a statement. "It is about the attempts by the great powers to dominate, control and reshape the world according to their own interests. Trump is an extreme and very visible symbol of this development. I have made him naked and covered him in gold because sometimes satire can say things that political language cannot."
Sculpture addresses 'elephant in the room'
Galschiøt, in a newsletter, said the statue is inspired by Hans Christian Andersen’s "The Emperor’s New Clothes" and "raises a simple question: How long will we allow ourselves to carry the powerful on our backs?"
The sculptor, on his website, said that U.S. president was chosen as the subject because of his actions "undermining the climate efforts, rolling back hard-won progress, and even destroying the scientific data that documents it."
"Worse yet, he is using power and economic pressure to discourage other nations from pursuing green initiatives — thereby weakening the global fight against climate change," Galschiøt said. "Nations as well as NGOs are afraid to openly raise the subject on how to deal with Trump and his policies, fearing tariffs, fund-cuts, deportations or the like."
Galschiøt added the sculpture "has been made to address 'the elephant in the room' and start a necessary debate of how the US is destroying the world's only chance to counter the climate catastrophe and a debate on how stand up against him."
The "controversial sculpture" was unveiled as part of a three-day exhibition hosted by Danish politician MEP Per Clausen and Galschiøt said, "we are all very excited to see how the exhibition is received by the decision makers of Europe."
The artist is also giving out miniature-sculptures for free to those who attend the exhibitions where "The Orange Plague" is presented.