Millimetre - Structural Consultants
5.72K subscribers
820 photos
42 videos
79 files
311 links
Engr Aung Myat Thu
Download Telegram
Concrete Jacketing ဆိုတာ Global Retrofitting အကျိုးရနိုင်ဖို့ဆိုရင် .. (exception case အချို့ ကလွဲလို့) အခုပုံထဲကလိုမျိုး foundation အထိ ကြီးသွားရတာပါ ..
AIT က ဆရာတွေရဲ့ Seismic Retrofitting နဲ့သက်ဆိုင်တဲ့
research work တချို့ကိုစုစည်းပေးထားပါတယ် …

မြန်မာမှာလုပ်နိုင်တဲ့ method တွေလောက်ကိုပဲ ရွေးထားတာပါ
Advanced Control System နည်းလမ်းတွေ မပါဘူး ..

Structure Design Experience (၅) နှစ်အထက်ရှိရင်
ဒါမှမဟုတ် .. Master မှာ Research လုပ်ဖူးတာရှိရင်
ကောင်းကောင်းနားလည်နိုင်ပါတယ် …

အနည်းဆုံးတော့ … လုပ်လို့ရတာမရတာထက်
လုပ်ရတဲ့ framework တွေကို မြင်သွားမယ် …
Retrofitting Scheme တွေ idea ယူလို့ရမယ် …
My Podcast ... ၃ မိနစ်စာ short discussion လေးတွေလုပ်ထားပါတယ် ... ၅ မိနစ်ထက်ပိုပြီး အာရုံမစိုက်နိုင်သူတွေအတွက် ... https://youtube.com/playlist?list=PL9SPoaJfkNyWysVMlykb18afXG3uYUyte&si=TBZNOhfKL-LSEk4z
if you don't understand these, your analytical model will be meaningless.
MNBC 2025 ထွက်ပြီဆိုတော့ …
တွေးစရာလေးတွေ ရအောင်ရေးပါတယ်

‘’အစကောင်းပေမယ့် အနှောင်းသေချာဖို့လိုအပ်နေတဲ့ MNBC – 2020’’

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ကျနော်တို့နိုင်ငံနဲ့
Building Code ပြင်ဆင်ခဲ့ကြတာ သိပ်မကွာပါဘူး ..
1997-2003 ပတ်ချာလည်က မြစ်ဖျားခံလာခဲ့တာပါပဲ

ငလျင်ဒီဇိုင်းအတွက် အခြေခံ Code-based Design ကိုယူတာက
အစ UBC 85/ UBC 97 ကို အခြေခံကြတာချင်းလဲတူပါတယ် ..

first edition of seismic design standard for buildings ကိုကြည့်ရင်လဲ
ထိုင်းအတွက်က DPT-2009 မှာထွက်ခဲ့သလို မြန်မာအတွက်လဲ
MNBC-2012 က first edition ထွက်ခဲ့ပါတယ် ..

အိမ်နီးချင်း နိုင်ငံနှစ်ခုရဲ့ Building Code Development တွေကို
အတူယှဥ်တွဲချိန်ထိုးကြည့်တာ စိတ်ဝင်စားစရာတစ်ချို့တွေ့ရပါတယ်

၂၀၁၁ က တာချီလိတ်ဖက်က Mw 6.8 တာလေငလျင်လှုပ်တော့လည်း
ထိုင်းနိုင်ငံက Seismic Code ကို Update လုပ်ပြီး 2018 edition ထုတ်ခဲ့ပါတယ် …

မြန်မာဖက်ကလဲ အဲ့အချိန်ထိ နောက်မကျခဲ့သေးပါဘူး .. ပုဂံဘုရားတွေပြိုတဲ့
2016 ချောက်ငလျင် ပြီးတော့ MNBC-2016 (Provisional) ထွက်ခဲ့ပါတယ် ..
(ခက်တာက လူမညီကြတော့ သုံးတဲ့အဖွဲ့/ မသုံးတဲ့အဖွဲ့ ကွဲနေခဲ့ကြသေးတယ်)

MNBC 2020 အထိကတော့ သိပ်မကွာသေးပေမယ့် 2020 နောက်ပိုင်းမှာ
ChatGPT (AI) တွေပေါ်လာသလို ကမ္ဘာကြီးရဲ့ပြောင်းလဲမှုတွေက မြန်ဆန်ပါတယ်
ကျနော်တို့နိုင်ငံအနေနဲ့က ၅ နှစ်ရပ်တန့်လိုက်တာထက် ခေတ်နောက်ပြန်သွားတာပါ
စတာချင်းမကွာခဲ့ကြပေမယ့် … ၁၅ နှစ်ကြာတဲ့အခါမှာပြန်ကြည့်တော့ ကွာသွားခဲ့ပါပြီ ..

အခုလက်ရှိ ငလျင်ကြီးပြီးတော့လဲ ထိုင်းမှာလဲ Code Development တွေလုပ်နေပါတယ် ..
ပွင့်လင်းမြင်သာမှုရှိတာတစ်ခုကို အားကျမိတာက အဲ့ဒီလို National Level ရှိတဲ့
Building Code Development အသစ်လုပ်ကြအထဲမှာ ထိုင်းနိုင်ငံက အင်ဂျင်နီယာတွေသာမက
နိုင်ငံတကာက မာစတာကျောင်းသားတွေအထိပါ လေ့လာခွင့်ပေးတာပါပဲ …
ဒါမှလဲ Generation Gap မဖြစ်မှာ မဟုတ်ပါလား …

စာရှည်သွားပြီဖြစ်လို့ နောက်မှဆက်ရေးပါမယ် …
အတွေးအမြင်တစ်ခုရမယ်လို့မျှော်လင့်ပါတယ် ..
ဘယ်လောက်နောက်ကျသွားလဲသိချင်ရင်တော့
2018 က paper လေးတစ်စောင်တင်ပေးထားပါမယ်
https://drive.google.com/drive/folders/1RR4PnF5MLw-7Kc5XKsnF1bj6SsMGjQT4?usp=sharing


အခု MNBC 2025 အထိ သေချာမပြောထားသေးတဲ့
(1) Infill wall effect
(2) soil-structure interaction effect
(3) Intentionally added stiffness (Stair) Effect
(4) Cracked section effect (ပြောထားပေမယ့် မလုပ်ကြ)
(5) Structural Analysis (RSA and NLTHS)
ဒါတွေကို 2018 ကတည်းက ပြောခဲ့ကြပြီးပြီဆိုတာကို တွေ့ရပါမယ် …
ဖတ်ကြည့်ပါ … ဆွေးနွေးချင်တာရှိရင် (cb စာမပို့ပဲ) gmail ပို့လို့ရပါတယ် …


The first seismic regulation in Thailand was issued in 1997 and followed by the design standard which has been published since 2009.

However, most structural engineers in Thailand are not
familiar with time history analysis and still prefer the RSA
procedure to analyze and design of tall buildings. Hence, the
design of shear resistance in structural walls is not safe if the conventional RSA procedure is used.

Engr Aung Myat Thu
Millimetre – Structural Consultants
engr.millimetre@gmail.com
Structure Design project တစ်ခုရှိလို ့ ETABS + CAD-Drawing လုပ်ကူနိုင်တဲ့သူရှိမလား ... ၁၅ ရက် အချိန်ပေးနိုင်ဖို့လိုပါမယ် .. WFH ဆိုပေမယ့် (Full Time + OT night) လုပ်နိုင်ရပါမယ် . .
ဒါတွေ မသိပဲ .. seismic design လုပ်နေကြရင် Structural Engineer မဖြစ်လာပဲ .. soft-ware user ပဲဖြစ်နေပါဦးမယ် ...
The Intent of Structural Design is to
ensure public safety,
minimize damage to built environment,
help preserve continuity of life activities