Millimetre - Structural Consultants
5.72K subscribers
819 photos
42 videos
79 files
310 links
Engr Aung Myat Thu
Download Telegram
SSD - Structural Steel Designer - 2026 (Last Batch)
🚨Japan ကို BIM ပိုင်းနဲ့သွားဖို့
ပြင်ဆင်နေတဲ့သူတွေအတွက်ပါ …

BIM オペレーター (BIM Operator)
Project Based Learning Course လေး
Batch 04 Training တန်းလေးဖွင့်ပါမည်။

#Batch_04
#Revit
#project_base_training

🧑‍💻 BIM オペレーターOperator ရာထူးနဲ့
Engineer တစ်ယောက်အနေနဲ့ ပုံဆွဲတတ်ရုံ အပြင်….
Project တစ်ခုကို Management လုပ်နိုင်ချင်သူတွေ

🧑‍💻 siteက လာတဲ့ Problems တွေ Request တွေကို
BIM နဲ့ဖြေရှင်းပြီး Site ကိုsupport လုပ်ပေးနိုင်ချင်သူတွေ

🧑‍💻ဂျပန်မှာ #BIM_オペレーター နဲ့အလုပ်ရှာနေသူတွေ၊

🧑‍💻 self study လုပ်ပြီး ဆွဲကျင့်သော်လည်း လမ်းပျောက်နေသူတွေ၊ အလုပ်ထဲ ဘယ်လိုအသုံးပြုရလည်း မသိသေးသူတွေ

🧑‍💻ကျောင်းပြီးခါစ စာတွေ့ တွေကို software သုံးတက်ရုံမဟုတ်ဘဲ အလုပ်နဲ့စာချိတ်ဆက်ချင်သူတွေ
(ကျွန်တော် နားညည်းအောင် တောက်လျောက်လွတ်တဲ့ဒဏ်တော့ ခံရနိုင်ပါသည်)

🧑‍💻 မြန်မာကနေ ဂျပန်လာဖို့ကြိုးစားနေပြီး ဂျပန်ရောက်ရင် BIM လုပ်ဖို့ Planထားတဲ့ မြန်မာက အင်ယာညီကိုမောင်နှမတွေအတွက်…English version နဲ့သင် မှာမို့ ဂျပန်စာမရလည်း အဆင်ပြေပါသည်။

အထက်ပါလူတွေအတွက် သင့်လျော်ပါမည်။

***

အခုအတန်းကတော့ Revit အခြေခံလေးရှိထားဖို့တော့လိုအပ်ပါမည်၊ Modeling သီးသန့် အတန်းမဟုတ်ပဲ
Project တစ်ခုကို တာဝန်ယူနိုင်ဖို့ရည်ရွယ်တာပါ …

****
🚨ဘယ်လိုသင်မလည်းဆိုတော့ …
စီနီယာတစ်ယောက်နဲ့အတူတူ Work from Home
အလုပ်လုပ်နေသလိုမျိုး တက်ရမှာပါ။
ကျွန်တော်နဲ့အတူ လိုက်ဆွဲရပါမည်။

🚨 သင်တန်းချိန် camera ဖွင့်ထားရပါမည်- လိုက်ဆွဲဖို့ အချိန် ပေးပါမည်- သင်ပြီးသလောက်ဆွဲထားတာကို ပြန်စစ်ပါမည်(သဘောကောင်းရင်စာလိုက်မလုပ်ကြလို့ပါ)
Google Driveမှာ Homework Folder နဲ့ထပ်ရပါမည်၊

🚨သင်ထားတာတွေပြန်နွေးပြန်ကြည့်ဖို့၊
Zoom meeting video recording (၃) လပေးမည်။

****
Course Outline ကို first comment မှာကြည့်ပါ …

***ကျနော်၏ Course outline နှင့် မိမိတို့၏ လိုအပ်ချက်ကိုက်ညီမှသာတက်စေလိုပါသည် ***

***
🚨သင်တန်း ကာလ (၂လ)
အပတ်စဉ် Saturday & Sunday
9:30pm ~ 11:00pm (Japan Standard Time)
7:00 pm ~8:30 (Myanmar Standard Time)

***သင်တန်းကာလက ၂လ ကျော်သွားနိုင်ပါသည်၊
ကျနော် က သင်နေရင်း အားပါပြီး လွန်သွားတတ်လို့ပါ၊

📅သင်တန်းစဖွင့်မည့် ရက် -

11月7 日(土)
11လပိုင်း 07 ရက်

***
💰သင်တန်းကြေး

-Japan နှင့် အခြားပြည်ပ ကတက်သူများ-
ဂျပန်ယန်း 3သောင်း ¥ (or) USD 200

-မြန်မာမှ တက်သူများ- (၅) သိန်း ကျပ်
(မြန်မာပြည်တွင်းမှာ လက်ရှိနေထိုင်သူများသီးသန့်ပါ)

အစောဆုံးအပ်နှံသူ (၁၀) ဦးကို Early Bird အနေနဲ့
Discount မြန်မာငွေ (၁) သိန်းသက်သာခွင့် ရယူနိုင်ရန်
Comment မှာ Early Bird လို့ရေးခဲ့ပြီး (၇၂) နာရီအတွင်း
Page Chatbox မှာ Registration လာလုပ်ထားရပါမယ် …

မီလီမီတာမှာ မည်သည့်သင်တန်းတက်ဖူးသည်ဖြစ်စေ
သင်တန်းသားဟောင်းများအခွင့်အရေးအနေနဲ့လည်း
Early Bird ရေးစရာမလိုပဲ Old Student လို့ရေးခဲ့ပါ
Discount မြန်မာငွေ (၁) သိန်းသက်သာခွင့်ရှိပါတယ်။

***
👨‍💻Software

Revit -2024 version နှင့်သင်မှာပါ။
သင်တန်းသားများက မိမိ အဆင်ပြေရာနှင့်တက်ပါ။
English version နဲ့ဘဲ သင်မှာပါ။
***

သင်ကြားမည့်ဆရာ
ကိုသောင်းဟန်စည် (BE-Civil, WYTU)
BIM-Coordinator (Japan)

Millimetre - Training & Design Group

#Project_Base_Class
#BIM
#revit
❤3
Contact Us:
❤4
Partial Isolation
တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ် …
Seismic Isolation ကို အဆောက်အဦတစ်လုံးလုပ်တာမျိုး
မဟုတ်ပဲ၊ အခန်းတစ်ခန်းစာပဲ လုပ်တဲ့ Case Study ပါ …
အဆောက်အဦတစ်ခုလုံးကို လုပ်ရင်စျေးကြီးမယ် ….
အခန်းတစ်ခန်းစာပဲ လုပ်ရင် သက်သာမယ်ပေါ့ …
Research Idea လေးကမိုက်တယ် …
ဒါပေမယ့် .. ဘယ်လို Modeling လုပ်မလဲ?
Building တစ်ခုလုံးထဲမှာ Room တစ်ခုထဲကိုပဲ
ဘယ်လိုကွက်ပြီး Isolation လုပ်မလဲ ?
သိချင်ရင်တော့ စာဖတ်ပါ …
မဝယ်ရပါဘူး .. open source ဖြစ်ပါတယ် …
Isolation System တွေအတွက် အရေးကြီးတဲ့
Pulse-like Ground Motion တွေနဲ့ လုပ်ပြထားတယ် ..
12.10.2026
Seismic Isolation Notes
Telegram Channel:
https://t.me/millimetretraining
Millimetre - Training & Design Group
❤8
ပညာရဲ့တန်ဖိုးကိုသိစေချင်ရုံပါပဲ …
စာမျက်နှာ ၁၀ မျက်နှာလောက်ပဲပါတဲ့
ဒီလို Paper တစ်စောင်ဟာ .. USD – 60
လက်ရှိမြန်မာငွေနဲ့ဆိုရင် ၂ သိန်းခွဲလောက်
ပေးဝယ်ပြီးမှ ဖတ်လို့ရပါတယ် …

ဒါပေမယ့် နိုင်ငံတကာမှာတော့
Institutional / University Access ရှိရင်
ကျောင်းသားဆိုရင် Free Access ရပါတယ် ..

ဒီ Paper လေးကတော့ ကျွန်တော်တို့
Free Access မရှိတဲ့အတွက် .. ဂျပန်က
အသိအင်ဂျင်နီယာကျောင်းသူလေးတစ်ယောက်ကို
အကူအညီတောင်းပြီးမှ ဖတ်ခွင့်ရပါတယ် …..

ဒါပါပဲ .. ပညာဆိုတာ …
အခမဲ့ မဟုတ်ဘူး (or) ဈေးမပေါဘူး
ဆိုတာလေး သတိကပ်မိစေချင်ရုံပါပဲ …
Engr. Millimetre
❤11
သူများနိုင်ငံတွေက Code တွေ Update လုပ်ပုံကိုသိဖို့ပါ .. လက်တစ်ဝါးစာ လူ ၁၀ ယောက်/၂၅ ယောက်လောက်နဲ့လုပ်တာမဟုတ်ပါဘူး .
❤4
Company Name: Hillman Land Company
Position: Junior Structure Designer
Location: Head Office, Yangon
Key Responsibilities
• Structural Analysis & Design:
• Foundation & Geotechnical Integration:
❤3
Junior Designer များအတွက် (၂)
ကျနော်ကတော့ ETABS ကို
Analysis အတွက်ကူဖို့ပဲသုံးပါတယ် ...
Design ပိုင်းကိုတော့ မိမိဘာသာလုပ်ပါတယ် ..
ဥပမာ - အလွယ်ဆုံးကိစ္စလေးဖြစ်တဲ့
First stirrup (or) First tie ကွင်းတွေဟာ
s/2 spacing မှာ ရှိသင့်တယ်ဆိုတာမျိုးကို
ETABS က Detailing မလုပ်ပေးနိုင်ပါဘူး ...
(Engineer ကမိမိဘာသာမိမိသိထားရပါမယ်)
Grid line တစ်ခုထဲမှာ ဆုံနေတဲ့
Beam ၂ ခုရဲ့ steel တွေဟာ ..
16mm ဖြစ်လိုက်၊ 20mm ဖြစ်လိုက်
Top bar ချင်းအတူတူ တဖက်က
3-16mm တဖက်က 4-18mm ပေးရင်
Construction မှာ ခက်ခဲတယ်ဆိုတာမျိုးကို
ETABS က လူလိုနားမလည်နိုင်ပါဘူး ...
(Engineer ကမိမိဘာသာမိမိသိထားရပါမယ်)
Building မှာ Steel Main Beam တွေကို
100mmx75 mm လောက်ထိသေးသုံးရင်
Connection design မှာ bolt တွေအရမ်း
too close ဖြစ်ပြီး pass မဖြစ်နိုင်ဘူးဆိုတာ
ETABS က ကြိုတင်နားမလည်နိုင်ပါဘူး ...
(Engineer ကမိမိဘာသာမိမိသိထားရပါမယ်)
Model မှာ Pin support တပ်ထားပေးမယ့်
အပြင်မှာ Soil Test စမ်းလား/ မစမ်းလား ..
မြေကြီးက ကောင်းလား/ ဆိုးနေလားဆိုတာ
Settlement ကထင်တာထက်ပိုဖြစ်နိုင်လားဆိုတာ ..
ETABS က ကြိုတင်နားမလည်နိုင်ပါဘူး ...
(Engineer ကမိမိဘာသာမိမိသိထားရပါမယ်)
Level down တာတွေက စပြီးတော့
Sunshade လေးတွေထွက်တာမျိုး ...
Composite Cladding တွေလုပ်မှာမျိုး ...
Eave Projection တွေ ထွက်တာမျိုး ..
Stair riser ဝေရာမှာ တထစ်လောက်လိုရင်
Plain concrete နဲ့လောင်းပြီးဖန်တီးယူတာမျိုး ..
အစရှိတဲ့ Architectural Requirement တွေကို
ETABS ထဲမှာ လက်တွေ့နဲ့ အသေးစိတ်တူအောင်
လုပ်လို့မရပါဘူး၊ သူက Drawing software မဟုတ်ဘူး
(Engineer ကမိမိဘာသာမိမိသိထားရပါမယ်)
ETABS နဲ့အစအဆုံးအကုန်ရမယ်ထင်နေရင်
အတွေးမှားနေပြီလို့သာပြောပါရစေ ..
Aung Myat Thu
Millimetre-Training & Design Group
With good engineering judgment,
you can produce on the back of an envelope
that which otherwise cannot produce
with a ton of computer output.
Anonymous Circa, 1974
❤9
🎁 ဗဟုသုတဒါန 🎁

ဆရာကြီးဦးညီလှငယ်ရဲ့
Refresher Course and Field
Reference Manual for Inspectors & Site Engineers စာအုပ်လေးဟာ..

ကျောင်းဆင်းခါစ
Fresh Graduate လေးတွေကနေစပြီး
လုပ်ငန်းခွင်ထဲရောက်ခါစ Civil Engineer လေးတွေအထိ မဖြစ်မနေ ဖတ်ကြဖို့ စီနီယာတွေ ညွှန်းကြတဲ့ စာအုပ်ကောင်းတွေထဲက တစ်အုပ်ဖြစ်ပါတယ်။

တကယ်ဖတ်ရတဲ့ ...
Chapter က A to F ထိပါပဲ။
စာမျက်နှာ ၁၀၀ ကျော်ပဲရှိတော့ စာဖတ်ပျင်းတဲ့ကလေးတွေအတွက်၊
လိုရင်းတိုရှင်းသိချင်သူတွေ အတွက် ..
အဓိကအချက်တွေကိုပဲ Simplified
လုပ်ပြီး Note ထုတ်ပေးထားတဲ့ ..
စာအုပ်ကောင်းလေးပါပဲ။

📝
ဒီအခန်းတွေ အားလုံးကို ကျနော်နားလည်သလောက်
ပြန်ရှင်းပြထားပါတယ်။

#ChapterA
Structural Specifications for RC structures (pg.1-16)

Chapter A က Chapter B, C, D ကိုလေ့လာဖို့ intro ၀င်ထားတာပါ။ သူ့ရဲ့နောက်ဆက်တွဲ Deeply ဆက်လေ့လာရမှာက Arthur H.Nilson ရဲ့ Bond, Anchorage and Development Length အခန်းရှိမယ်။

#ChapterB
Ordinary & Seismic Detailings of RC structures (pg. 17-32)

Chapter B ကတော့ စာအုပ်ရဲ့ ဦးတည်သူတွေဖြစ်တဲ့ Site Engineer တွေရော Inspectors တွေရော မဖြစ်မနေ နားလည်အောင် ဖတ်ရမယ့်အခန်းပါ။ နောက်ဆက်တွဲလေ့လာရမှာက ACI-318-14 (Chapter 18- Earthquake Resistant Structures) ပါ။

#ChapterC
Inspection (pg. 33-70)
Chapter C ရဲ့ နောက်ဆက်တွဲလေ့လာသင့်တာကတော့ CQHP guidelines တွေပါ။

#ChapterD
Concrete Quality Control (pg.71-76)

Chapter D ရဲ့ မူရင်းဇစ်မြစ်ကတော့ PCA ကထုတ်တဲ့ Design & Control of Concrete Mixtures ရဲ့ CHAPTER 9- အခန်းပါ။ ဒါက YTU မှာ သင်ကြားတဲ့စာအုပ်လဲဖြစ်ပါတယ်။

#ChapterF
Soils & Foundations (pg.97-112)

Chapter F - ကတော့ ဖတ်ပေမယ့်လည်း နားလည်ရခက်တဲ့ အခန်းထင်ပါတယ်။
ဒီအခန်းကိုတော့ နားလည်လွယ်အောင် အခြေခံကစပြီး ရှင်းပြထားပါတယ်။ Soils & Foundation စိတ်၀င်စားတဲ့သူတွေ Deeply ဆက်လေ့လာချင်ရင်တော့ Braja M.Das ရဲ့ Principles of Foundation Engineering စာအုပ်ရှိပါတယ်။

#ChapterE – Steel Construction ကိုတော့ သီတင်းကျွတ်ပိတ်ရက်ပြီးရင် page မှာထပ်တင်ပေးသွားပါမယ်။

🔎
မှတ်မှတ်ရရ ပထမဆုံးလစာရတဲ့ ရက်မှာ MES(Taunggyi) ကိုရောက်သွားတော့ ဆရာဦးရဲခေါင်က ကိုယ့်၀င်ငွေရဲ့ 10 % ကိုပညာရပ်မှာ ပြန်ပြီး ရင်းနှီးမြုပ်နှံဖို့ guideline ပေးခဲ့တယ်။

အဲ့ဒီနေ့မှာပဲ
ကျနော်အင်ဂျင်နီယာအဖြစ်
ပထမဆုံးရတဲ့ လစာနဲ့ ၀ယ်ဖြစ်ခဲ့တာ
ဒီ Refresher Course စာအုပ်လေးပါပဲ။

🔎
ဒီစာအုပ်ရဲ့ Preface မှာ ဆရာဦးညီလှငယ် က ဒီစာအုပ်ဖြစ်လာဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းထည့်ရေးထားတဲ့ Ma Nan Kay Zar Wint ဆိုတဲ့နာမည်လေးတွေ့ပါမယ်။

၂၀၁၄ တုန်းက မနန်းကေဇာ၀င့် ကိုယ်တိုင်
ကျနော်တို့ တောင်ကြီးမှာ အမြင့်ဆုံးဖြစ်တဲ့ ၁၈ ထပ် project ရဲ့ Bored Pile Foundation ကို Structural Inspection လာရင်းနဲ့ တောင်ကြီး (MES) က young engineer တွေကို ဒီစာအုပ်လေးရဲ့ Chapter A နဲ့ B အပိုင်း လာသင်ပေးခဲ့ဖူးပါတယ်။

ဂုဏ်ယူစွာနဲ့ အမျိုးစပ်ရရင် Pioneer - Structural Design Group က ‘မနန်း’ ဆိုတာ ကျနော်တို့ရဲ့ TU တောင်ကြီး + မိတ္ထီလာ ကျောင်းဆင်းတစ်ယောက်ပါ။ 😊

📚
အေးသာယာ/တောင်ကြီး (GIT/GTC/ TU) ကျောင်းဆင်း ကျောင်းသားဟောင်းတွေ စုစည်းပြီး TU-Taunggyi က 2016-2017 (4BE, 5BE) ကျောင်းသားကျောင်းသူတွေကို တစ်ယောက်တစ်အုပ်စီ ၁၈ သိန်းဖိုးတိတိ လှူဒါန်းဖြစ်ခဲ့ကြတာလဲ
ဒီစာအုပ်နဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုပါပဲ။

အဲ့ဒီလို စာအုပ်တွေ လှူတဲ့နေ့က စီနီယာတစ်ယောက်က ပြောခဲ့ပါတယ်။

“စာအုပ်တွေတော့ လက်ထဲရောက်အောင် လှူပြီးပြီ .. ကလေးတွေနားလည်ဖို့လဲ ကိုအောင်မြတ်သူကပဲ တာ၀န်ယူပြီး ဆက်ရှင်းပြပေးပါအုံး” တဲ့။ အဲ့ဒီကတည်းက ကျနော့်စိတ်ထဲမှာ စီနီယာကပေးတဲ့ တာ၀န်ရှိနေခဲ့တယ်။

ကျောင်းပြီး ၄ နှစ်လောက်နေမှ
ဒီစာအုပ်ထဲက အကြောင်းအရာ
အကုန်လုံးကို ဥာဏ်မှီလာတာပါ။

Covid 19 ကာလအတွင်း
အိမ်တွင်းပုန်း လေ့လာလိုသူများ
Facebook playlist ရှာရမလွယ်ရင်
Youtube မှာ အသစ်ပြန်တင်ထားပါတယ်

📹 Playlist Link : You-Tube
millimetretaunggyi@gmail.com
https://www.youtube.com/channel/UCIo8QplZ6mSZBykErkmhw7g

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ။
Aung Myat Thu (SYE)
Millimetre - Training & Design Group
❤21
1940s ကတည်းက စသုံးလာတဲ့ Conventional Design ကို 2040 s လောက်ကျရင်တော့ တစ်ခေတ်ပြောင်းသင့်ပါပြီ
❤2
သီတင်းကျွတ်ပိတ်ရက် ၃ ရက်မှာ
အခမဲ့သင်တန်းလေးတစ်ခုလုပ်မလို့ပါ ..
Structure ပိုင်းကအမြဲပြောဖြစ်နေလို့
မပြောဖြစ်တဲ့ QA/QC အပိုင်းလေးလဲပြောချင်တယ်
နောက်ပြီး အင်ဂျင်နီယာကနေ လုပ်ငန်းရှင်တစ်ဦးဖြစ်ဖို့
လိုအပ်တဲ့ mindset လေးတွေပြောဖို့လျာထားပါတယ်
(1) Inspector (QA/QC engineer)
(2) Engineer x Entrepreneur
(3) Engineer x Ai
Group ကြို join ထားဖို့
Facebook Page Chatbox မှာ Engineer Identity (or)
Student Identity တစ်ခုခုပို့ထားခဲ့ပါ …
20th October မှာ စာရင်းပိတ်ပါမယ် ..
23-24-25 October 2026 သင်ပါမယ် ..
7 pm to 8 pm (YGN-time) ⏰
Register in page chatbox
Limited Seat - 100 engineers
Register Fees
Civil Engineer - 30000 mmk
Student Engineer - Free of Charge (FOC)
❤17
3 Days Training with Millimetre - Engineering !
❤11
ဒီနှစ် “သီတင်းကျွတ်လက်ဆောင်” ပါ …
Video + PPT လိုချင်တဲ့သူတွေက .. အောက်က
Drive Link ထဲဝင်ပြီး‌တော့ .. Request လုပ်လိုက်ပါ ..
၂၄ နာရီအတွင်း Access ဝင်ခွင့်ပေးထားပါမယ် ...
Request to this drive >>
https://drive.google.com/.../1cSxgQyJz9amDL06FYGOZqGm9Qkg..
❤37
ဒီည မြန်မာစံတော်ချိန် (၈) နာရီပါ ..
ဆယ်ကျော်သက်တွေနဲ့ စကားစမြည်ပေါ့ ..
Panelist တစ်ယောက်အနေနဲ့ ပါဝင်ဆွေးနွေးပါမယ်
❤11