Millimetre - Structural Consultants
5.72K subscribers
819 photos
42 videos
79 files
310 links
Engr Aung Myat Thu
Download Telegram
🎁 ဗဟုသုတဒါန 🎁

ဆရာကြီးဦးညီလှငယ်ရဲ့
Refresher Course and Field
Reference Manual for Inspectors & Site Engineers စာအုပ်လေးဟာ..

ကျောင်းဆင်းခါစ
Fresh Graduate လေးတွေကနေစပြီး
လုပ်ငန်းခွင်ထဲရောက်ခါစ Civil Engineer လေးတွေအထိ မဖြစ်မနေ ဖတ်ကြဖို့ စီနီယာတွေ ညွှန်းကြတဲ့ စာအုပ်ကောင်းတွေထဲက တစ်အုပ်ဖြစ်ပါတယ်။

တကယ်ဖတ်ရတဲ့ ...
Chapter က A to F ထိပါပဲ။
စာမျက်နှာ ၁၀၀ ကျော်ပဲရှိတော့ စာဖတ်ပျင်းတဲ့ကလေးတွေအတွက်၊
လိုရင်းတိုရှင်းသိချင်သူတွေ အတွက် ..
အဓိကအချက်တွေကိုပဲ Simplified
လုပ်ပြီး Note ထုတ်ပေးထားတဲ့ ..
စာအုပ်ကောင်းလေးပါပဲ။

📝
ဒီအခန်းတွေ အားလုံးကို ကျနော်နားလည်သလောက်
ပြန်ရှင်းပြထားပါတယ်။

#ChapterA
Structural Specifications for RC structures (pg.1-16)

Chapter A က Chapter B, C, D ကိုလေ့လာဖို့ intro ၀င်ထားတာပါ။ သူ့ရဲ့နောက်ဆက်တွဲ Deeply ဆက်လေ့လာရမှာက Arthur H.Nilson ရဲ့ Bond, Anchorage and Development Length အခန်းရှိမယ်။

#ChapterB
Ordinary & Seismic Detailings of RC structures (pg. 17-32)

Chapter B ကတော့ စာအုပ်ရဲ့ ဦးတည်သူတွေဖြစ်တဲ့ Site Engineer တွေရော Inspectors တွေရော မဖြစ်မနေ နားလည်အောင် ဖတ်ရမယ့်အခန်းပါ။ နောက်ဆက်တွဲလေ့လာရမှာက ACI-318-14 (Chapter 18- Earthquake Resistant Structures) ပါ။

#ChapterC
Inspection (pg. 33-70)
Chapter C ရဲ့ နောက်ဆက်တွဲလေ့လာသင့်တာကတော့ CQHP guidelines တွေပါ။

#ChapterD
Concrete Quality Control (pg.71-76)

Chapter D ရဲ့ မူရင်းဇစ်မြစ်ကတော့ PCA ကထုတ်တဲ့ Design & Control of Concrete Mixtures ရဲ့ CHAPTER 9- အခန်းပါ။ ဒါက YTU မှာ သင်ကြားတဲ့စာအုပ်လဲဖြစ်ပါတယ်။

#ChapterF
Soils & Foundations (pg.97-112)

Chapter F - ကတော့ ဖတ်ပေမယ့်လည်း နားလည်ရခက်တဲ့ အခန်းထင်ပါတယ်။
ဒီအခန်းကိုတော့ နားလည်လွယ်အောင် အခြေခံကစပြီး ရှင်းပြထားပါတယ်။ Soils & Foundation စိတ်၀င်စားတဲ့သူတွေ Deeply ဆက်လေ့လာချင်ရင်တော့ Braja M.Das ရဲ့ Principles of Foundation Engineering စာအုပ်ရှိပါတယ်။

#ChapterE – Steel Construction ကိုတော့ သီတင်းကျွတ်ပိတ်ရက်ပြီးရင် page မှာထပ်တင်ပေးသွားပါမယ်။

🔎
မှတ်မှတ်ရရ ပထမဆုံးလစာရတဲ့ ရက်မှာ MES(Taunggyi) ကိုရောက်သွားတော့ ဆရာဦးရဲခေါင်က ကိုယ့်၀င်ငွေရဲ့ 10 % ကိုပညာရပ်မှာ ပြန်ပြီး ရင်းနှီးမြုပ်နှံဖို့ guideline ပေးခဲ့တယ်။

အဲ့ဒီနေ့မှာပဲ
ကျနော်အင်ဂျင်နီယာအဖြစ်
ပထမဆုံးရတဲ့ လစာနဲ့ ၀ယ်ဖြစ်ခဲ့တာ
ဒီ Refresher Course စာအုပ်လေးပါပဲ။

🔎
ဒီစာအုပ်ရဲ့ Preface မှာ ဆရာဦးညီလှငယ် က ဒီစာအုပ်ဖြစ်လာဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းထည့်ရေးထားတဲ့ Ma Nan Kay Zar Wint ဆိုတဲ့နာမည်လေးတွေ့ပါမယ်။

၂၀၁၄ တုန်းက မနန်းကေဇာ၀င့် ကိုယ်တိုင်
ကျနော်တို့ တောင်ကြီးမှာ အမြင့်ဆုံးဖြစ်တဲ့ ၁၈ ထပ် project ရဲ့ Bored Pile Foundation ကို Structural Inspection လာရင်းနဲ့ တောင်ကြီး (MES) က young engineer တွေကို ဒီစာအုပ်လေးရဲ့ Chapter A နဲ့ B အပိုင်း လာသင်ပေးခဲ့ဖူးပါတယ်။

ဂုဏ်ယူစွာနဲ့ အမျိုးစပ်ရရင် Pioneer - Structural Design Group က ‘မနန်း’ ဆိုတာ ကျနော်တို့ရဲ့ TU တောင်ကြီး + မိတ္ထီလာ ကျောင်းဆင်းတစ်ယောက်ပါ။ 😊

📚
အေးသာယာ/တောင်ကြီး (GIT/GTC/ TU) ကျောင်းဆင်း ကျောင်းသားဟောင်းတွေ စုစည်းပြီး TU-Taunggyi က 2016-2017 (4BE, 5BE) ကျောင်းသားကျောင်းသူတွေကို တစ်ယောက်တစ်အုပ်စီ ၁၈ သိန်းဖိုးတိတိ လှူဒါန်းဖြစ်ခဲ့ကြတာလဲ
ဒီစာအုပ်နဲ့ပတ်သက်တဲ့အမှတ်တရတစ်ခုပါပဲ။

အဲ့ဒီလို စာအုပ်တွေ လှူတဲ့နေ့က စီနီယာတစ်ယောက်က ပြောခဲ့ပါတယ်။

“စာအုပ်တွေတော့ လက်ထဲရောက်အောင် လှူပြီးပြီ .. ကလေးတွေနားလည်ဖို့လဲ ကိုအောင်မြတ်သူကပဲ တာ၀န်ယူပြီး ဆက်ရှင်းပြပေးပါအုံး” တဲ့။ အဲ့ဒီကတည်းက ကျနော့်စိတ်ထဲမှာ စီနီယာကပေးတဲ့ တာ၀န်ရှိနေခဲ့တယ်။

ကျောင်းပြီး ၄ နှစ်လောက်နေမှ
ဒီစာအုပ်ထဲက အကြောင်းအရာ
အကုန်လုံးကို ဥာဏ်မှီလာတာပါ။

Covid 19 ကာလအတွင်း
အိမ်တွင်းပုန်း လေ့လာလိုသူများ
Facebook playlist ရှာရမလွယ်ရင်
Youtube မှာ အသစ်ပြန်တင်ထားပါတယ်

📹 Playlist Link : You-Tube
millimetretaunggyi@gmail.com
https://www.youtube.com/channel/UCIo8QplZ6mSZBykErkmhw7g

မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ။
Aung Myat Thu (SYE)
Millimetre - Training & Design Group

❤21