ရေးစရာတွေက အများကြီးပဲကွာ။
လောလောဆယ် ဂူအောင်း သိုင်းကျင့်နေတယ်။
ဘားမားရီဗျူး စာအုပ်၊ ဒီနှစ်စက ထွက်နိုင်မယ် မှန်းထားတာ။
အကြောင်း ကြောင်းကြောင့် ၊ ထွက်မလာနိုင်သေး။
အခုတော့ လူမျိုးစု လေ့လာချက်တွေ ကိုယ့်ဘာသာ assignment ပေးထားပြီး၊ ဖတ်နေ မှတ်နေ ရေးနေတယ်။
ရှမ်းပြည်တခွင် ပြဲပြဲစင်၊ သွားချင်သေးတယ်။
လောက်ကိုင်တို့ ပန်ဆန်းတို့မှာ လေးငါးခြောက်လ သွားနေ။
ဗဟိုရှမ်းအညာမှာ နှစ်လသုံးလ သွားနေ။
ဗမာကိစ္စက ငြီးငွေ့လာပြီ။
ဒါပေမယ့် ရွှေရိုးတို့ ရေးသလို၊ ဌာနေဗမာက ပိုရေးလို့ရတာတွေ ရှိတယ်။
ဗမာ့လူမှုဓလေ့မှာ ပုံစံသစ်နဲ့ တင်ပြစရာတွေ အများကြီး။
ဒါတွေ ထပ်လုပ်အုံးမယ်။
အေအိုင်ခေတ်မှာ၊ ရေးထားသမျှစာတွေ မဖြစ်မနေ ပုံနှိပ်ပြီး ချန်ခဲ့ရမယ် ဆိုတဲ့စိတ်က ပိုပြင်းထန်လာတယ်။
ဘားမားရီဗျူး ခေတ်ဟောင်းပိုင်းကို အပိုင်းလိုက် ဖတ်ချင်ကြသလားဗျိုး။ ထိလွယ်ရှလွယ်လေးတွေ ပါတတ်လို့၊ ခဏ သိမ်းထားခဲ့တာ။

❤8👍8
စာရေးဖို့ ကြိုးစားနေတဲ့ ချာတိတ်လေးများသို့ /
___________________________________
စာရေးဆရာဖြစ်ကြောင်း နိဿရည်းကောင်းတွေတော့ ပေးချင်တယ်။ ဒါပေမယ့် ကြိုပြောထားရမယ့် အရာရှိတယ်။ အဲဒါကတော့ ဒီတိုင်းပြည်က "စာရေးဆရာ လုပ်လို့ သိပ်ကောင်းတဲ့ တိုင်းပြည်မျိုး" တော့ မဟုတ်ဘူး။ ပြီးတော့ စာရေးဆရာ အလုပ်ဟာ မချမ်းသာနိုင်ဘူး။ ချမ်းသာချင်လို့၊ စာရေးဆရာ ဂုဏ်ပုဒ်ထပ်တိုးရင်း တခြားအခွင့်အလမ်းကို ခုတုံးလုပ်ပြီး ရှာရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်၊ တိုင်း(တိုင်း)ပြည်(တိုင်း)မှာ၊ စာပေပိုးပါတဲ့သူတွေ၊ အနုပညာပိုး ထုံတဲ့သူတွေ အမြောက်အမြားရှိတတ်တာကလား။
⦿ “ခရီးဆုံးထိ လျှောက်”
စာပေကို ဖန်တီးချင်တယ်။ အနုပညာတစ်ခုခုကို ဖန်တီးချင်တယ်။ ရူးချင်တယ်၊ သွပ်ချင်တယ်။ ရူးရမူးရတဲ့အလုပ်ကို လုပ်မှ၊ လူဖြစ်ကျိုးနပ်တယ်လို့ ခံစားရတဲ့သူတွေက တိုင်းပြည်တိုင်း၊ လူ့အဖွဲ့အစည်းတိုင်းမှာ ရှိတတ်တာ မဟုတ်လား။ စားရဖို့ချည်းသက်သက်ပဲ၊ ရှင်သန်နေရတာဟာ သေဖို့ကို ထမင်းစားပြီး ထိုင်စောင့်နေရတဲ့ အလုပ်မျိုး မဟုတ်လား။ ဒီတော့ကား - သမိုင်းမှာဖြစ်ဖြစ်၊ စမ်းချောင်းမှာဖြစ်ဖြစ် ကိုယ့်အနုလက်ရာ ချန်ထားခဲ့ချင်တယ်၊ ကျန်ရစ်လိုက်စေချင်တယ်ဆိုတာမျိုး ရှိကြပါတယ်။ ဒီလိုလူတွေထဲမှာ၊ စာရေးခြင်းအလေ့အထုံကို ချင်ခြင်းတက်သလို ဖြစ်တဲ့သူတွေလည်း ပါပါတယ်။ သို့သော်လည်း ဒီလိုလူမျိုး အယောက် တစ်သောင်းမှာ တစ်ယောက်သာ လက်တွေ့ အကောင်အထည်ဖော်နိုင်ကြတာမျိုးပါ။ ဒီလိုပဲ၊ တစ်သိန်းထဲက တစ်ယောက်ဟာ တစိုက်မတ်မတ် ဆက်လျှောက်နိုင်ကြတာမလား။ မြန်မာပြည်လို အထာမျိုးဆိုရင်တော့ တစ်သိန်းထဲက တစ်ယောက်တောင် ရှိမယ် မထင်ပါဘူး။ ရှိတဲ့ တစ်ယောက်ကလည်း လမ်းခုလတ်မှာ ပြတ်ကျန်နေခဲ့လို့၊ ခရီးဆုံးထိ မပေါက်တာ များတယ်။ ကိုလေးဖြူ ဆိုတဲ့ သီချင်းတစ်ပုဒ်လို "ခရီးဆုံးထိ လျှောက်" လို့၊ ကျုပ်တို့က ဆော်ဩတိုက်တွန်းရမယ် မဟုတ်လား။
⦿ “မျက်စိကို ဖွင့်၊ နားကို စွင့်”
စာရေးဆရာ စစ်စစ်တိုင်းလိုလိုမှာ၊ တွေ့ရလေ့ရှိတဲ့ အလေ့အထုံတစ်ခုတော့ ရှိတယ်။ အဲဒါကို အပြုအမူလို့ ပြောရမလား၊ သို့တည်းမဟုတ် အရည်အချင်းလို့ ဆိုရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို အလေ့အထုံလို့ ပြောရင်လည်း မှန်တယ်။ အပြုအမူလို့ ဆိုရင်လည်း ရနိုင်တယ်။ အရည်အချင်းလို့ ပြောရင်လည်း ဘောင်ဝင်ပါတယ်။
အဲဒါကတော့ - [Observation] လုပ်တတ်တာဖြစ်ပါတယ်။
Observation ကို အဘိဓာန်က ဒီလိုဖွင့်ပါတယ်။
[Observation is the act of paying close attention to someone or something using your senses to gather information] တဲ့။ ကျနော်ကတော့ Observation ဆိုတာကို "မျက်စိကို ဖွင့်၊ နားကို စွင့်" လို့ နားလည်တယ်။ တချို့က Observation ရဲ့ အနက်သဘောကို၊ "စပ်စုတာ" လို့ ဖွင့်ချင်ကြတယ်။ တကယ်တော့ Observation ဆိုတာ စပ်စုတာထက် အများကြီး ပိုတယ်။ စပ်စုတယ်ဆိုတာ ခပ်တိမ်တိမ်သဘောပဲ။ ခပ်နက်နက်ထိ သိချင်လို့ စူးစမ်းတာမျိုး မဟုတ်ဘူး။ Observation ဆိုတာကတော့ စပ်စုတာထက် အများကြီး ပိုတယ်။
⦿ “အမှုမဲ့ အမှတ်မဲ့ မနေနဲ့”
စာရေးဆရာတစ်ယောက်ဟာ တစ်စုံတစ်ခုကို ဟိုစပ်စပ် ဒီစပ်စပ် သိချင်ရုံနဲ့တော့၊ ဘယ်လိုလုပ် အကြောင်းအရာတစ်ခုခုကို ခိုင်ခိုင်မာမာ သိနိုင်မလဲ။ အကြောင်းအရာတစ်ခုခုကို ခြေခြေမြစ်မြစ် သိနားလည်ဖို့အတွက်ဆိုရင် စပ်စုရုံအဆင့်ထက် အများကြီးပိုသင့်တာပေါ့။ ဟိုစပ်စပ် ဒီစပ်စပ် သိချင်ရုံ အဆင့်နဲ့ မေးမြန်းစူးစမ်းတာမျိုးလည်း မဖြစ်သင့်ပါဘူး။ တကယ်တော့ ရည်ရွယ်ချက်တစ်ခုထားပြီးတော့ သိအောင်၊ နားလည်အောင် လေ့လာစူးစမ်းရပါတယ်။ ဒါကိုမှ Observation လို့ ခေါ်ပါတယ်။ အဲသည့်မှာ ကျုပ်က မြန်မာမှုပြုပြီးတော့ "မျက်စိကို ဖွင့်၊ နားကိုစွင့်" လို့ ပြောတာ နားရည်လည်စေချင်ပါတယ်။
တကယ်တော့ "မျက်စိကို ဖွင့်၊ နားကိုစွင့်" လို့ ပြောတာဟာ - "အမှုမဲ့ အမှတ်မဲ့ မနေနဲ့" လို့ တိုက်တွန်းလိုက်တာပါ။ အမှုမဲ့ အမှတ်မဲ့ မနေနဲ့။ သတိရှိရှိ၊ ဘေးဘီဝဲယာကို ကြည့်လို့ ဆိုလိုတာပါ။ လူအတော်များများက ကြည့်တော့ ကြည့်တယ်။ မမြင်ဘူး။ တချို့ကလည်း ကြည့်တော့ ကြည့်တယ်၊ ကိုယ်မြင်ချင်တာကိုပဲ ကွက်ပြီး မြင်တယ်။ ဘာလို့လဲဆိုတော့ "ဂတိ" ကပ်ပါလာတာကိုး။ ဂတိဆိုတာ အစွဲကို ပြောတာ။ လူဟာ မုန်းရင်လည်း စွဲတယ်၊ ချစ်ရင်လည်း စွဲတယ်၊ မသိရင်လည်း စွဲတယ်၊ ကြောက်ရင်လည်း စွဲတာပဲ။ ဒီတော့ ဂတိဆိုတဲ့ အစွဲကို ခွာပြီး၊ ကိုယ့်နံဘေးကို ကြည့်ရမယ်။ ကိုယ့်ရဲ့ ဘေးဘီဝဲယာကို ကြည့်ရမယ်။
အမှုမဲ့ အမှတ်မဲ့ မနေနဲ့လို့ ပြောတာ လွယ်တော့ လွယ်တယ်။ လက်တွေ့ခက်တယ်။ ဘာလို့လဲဆိုတော့ - သူ့မှာ သတိကပ်နေရတယ်။ သတိမကပ်ရင် လူဟာ မေ့မေ့ပျောက်ပျောက်ပဲ။ စာရေးဆရာတစ်ယောက်ရယ်လို့ ဖြစ်လာဖို့အတွက် အရေးအကြီးဆုံးသော ကိုယ်ရည်ကိုယ်သွေးတွေထဲက တစ်ခုဆိုရင်၊ "အမှတ်သညှာ ကြီးတာ" လို့ ကျနော် ပြောချင်တာပဲ။
⦿ “အတေး အမှတ် ရှိတာ၊ အမှတ်သညာ ကြီးတာ”

❤3
စာရေးဆရာဖြစ်လာမယ့်သူ တစ်ယောက်ဟာ (တနည်း) စာရေးဆရာ ဖြစ်နေတဲ့တစ်ယောက်ဟာ သာမန်သေးဖွဲသည်ဟူသော အမှုကိစ္စလေးကိုမှ၊ လျစ်လျူရှုတတ်တာမျိုး မရှိပါဘူး။ သူဟာ အသေးစိတ်ကို စိတ်ဝင်စားတတ်တယ်။ အဖြစ်အပျက်တွေ၊ အကြောင်းအရင်းတွေ၊ ဖြစ်စဉ်တွေရဲ့ မူလ အတိမ်အနက်ကို မှတ်သားတတ်တယ်။ ဒါ့အပြင် သူဟာ ကြောင်းကျိုး ဆက်စပ်မှုကို တွေးနေလိမ့်မယ်။ ပြီးတော့ သူ့ဦးနှောက်ထဲမှာ၊ ကွင်းဆက်တစ်ခုကို ချိတ်ဆက် တွေးခေါ်နေလိမ့်မယ်။ ပြင်ပက အာရုံတွေဟာ သာမန်လူတစ်ယောက်အဖို့တော့ - သာမန်ကာလျှံကာ အဖြစ်အပျက်သက်သက်မျှသာပါပဲ။ ဒါပေမယ့် စာရေးဆရာတစ်ယောက်ကတော့ အဲသည့်လို မဟုတ်ဘူး။ သူ့ရင်ဘတ်ထဲကို စူးစူးနစ်နစ် ထိုးစိုက်ဝင်ရောက်လာတဲ့ ကိစ္စမျိုးဖြစ်လာရင်၊ သူဟာ သေအထိ တစ်သက်လုံး အတေးအမှတ်ထားနိုင်တော့တာပါပဲ။ တခါတရံ အကြောင်းမတိုက်ဆိုင်လို့၊ သူဟာ မပြောတာ၊ မဖော်ပြတာမျိုးဖြစ်ကောင်းဖြစ်မယ်။ သို့သော်လည်း သူ့နှလုံးသားရဲ့ ဒေါင့်ချိုးတစ်နေရာမှာ သူ့နှလုံးသားထဲ ထိရှခဲ့ဖူးတဲ့ အဖြစ်အပျက်ဟာ - တစ်သက်တာပတ်လုံး တည်ရှိနေတတ်တယ်။ ဒါကို အမှတ်သညှာကြီးတယ်လို့ ဆိုရင်လည်း ရတယ်။ အတေးအမှတ်ထားနိုင်စွမ်းမြင့်တယ်လို့ ပြောရင်လည်း ရနိုင်ပါတယ်။
ဒါတွေဟာ ဘာတွေက လာလဲဆိုတော့ "ဘယ်အရာအပေါ်မှာ အမှုမဲ့ အမှတ်မဲ့ မနေတတ်တဲ့ အကျင့်" ကနေ စတင်တာလို့ ပြောနိုင်တယ်။ အမှုမဲ့ အမှတ်မဲ့ မနေတဲ့သူဟာ သတိရှိနေတယ်။ သတိကပ်နေတယ်။ သတိရဲ့နောက်မှာ ကြောင်းကျိုးဆင်ခြင်မှု လိုက်ပါလာတယ်။ ကြောင်းကျိုးဆင်ခြင်တယ်ဆိုတာဟာ စဉ်းစားတာပဲ၊ တွေးခေါ်တာပဲ။ ဒီလို စဉ်းစားနိုင်ဖို့၊ ဒီလို တွေးခေါ်နိုင်ဖို့ ဆိုတာ - အမှုမဲ့ အမှတ်မဲ့နေလို့ မရဘူး။ "သတိ မမူ၊ ဂူ မမြင်" တဲ့။ "သတိမူက မြူ မြင်" တဲ့။ ဒီတော့ သတိရှိနေတာလို့ ပြောရမယ်။ သတိကလည်း ဆရာတော် သံဃာတော်တွေ ဟောသလို၊ ဝိပဿနာ သတိမျိုး (ဖြစ်ပျက် မြင်-မုန်း-ဆုံးဖို့) ဆိုတဲ့ သတိမျိုး မဟုတ်ပါဘူး။ သာမန် အသွေးအသားထဲမှာ၊ နေ့စဉ် အသက်ရှင်သန်မှုမှာ စူးစူးစိုက်စိုက်၊ ရှာရှာဖွေဖွေ၊ အကင်းပါးပါးနဲ့ မျက်စိဖွင့်ထားခြင်း၊ နားစွင့်ထားခြင်း ဆိုတဲ့ သတိမျိုးပါ။
⦿ “ဂရုဓမ္မ ထားတတ်ခြင်း”
ဒါ့ကြောင့် စာရေးဆရာ တစ်ယောက်ရှေ့မှာ၊ အသေးအဖွဲရယ်လို့ အမှုကိစ္စတစ်ခုကိုတောင် တခါတရံ လျှော်ပေးလိုက်လို့ မရဘူး။ ဒါကို လေးလေးနက်နက် ပြုမူတာ၊ တုံ့ပြန်တာမျိုး လုပ်ရတဲ့သဘောရှိတယ်။ စာရေးဆရာတစ်ယောက်မှာ သူ့ပင်ကိုယ် ဗီဇမှာကိုက၊ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်အပေါ်မှာ မျက်စိကိုဖွင့် ၊ နားကို စွင့်ပြီး "ဂရုဓမ္မ" ထားတတ်တဲ့ ဉာဉ်လေး တစ်ခုရှိတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါဟာ စာရေးဆရာရယ်လို့ ဖြစ်လာမယ့်သူတွေရဲ့ ပင်ကိုယ်ဓလေ့ အဦးအစပါ။ လမ်းပေါ်မှာ ဖြတ်လျှောက်လာတဲ့ ခွေးတစ်ကောင်ကို ကားတစ်စင်းက တိုက်မိသလို ဖြစ်သွားတယ်ဆိုတာကိုတွေ့ရတဲ့ သူမှာ၊ သာမန်လူတစ်ယောက်အဖို့ ဒါက ဒီမှာတင် ပြီးလိုက်ပြီ ဆိုပေမယ့် - စာရေးဆရာ ဖြစ်လာမယ့်သူ တစ်ယောက်အဖို့ကတော့ သူ့ရဲ့ တနေ့တာ အတွေးထဲ အဲသည့်ဖြစ်ရပ်က တော်ရုံထွက်နိုင်မှာ မဟုတ်ဘူး။ သူဟာ နောက်ခံအကြောင်းတရားတွေ၊ ဆက်စပ်အကြောင်းအရင်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကို အစီအစဉ်တန်းအောင် တွေးခေါ်ခံစားနေလိမ့်မယ်။ ဒါပေမယ့် အဲဒါကို သူက တစ်စုံတစ်ယောက်ကို ထုတ်ပြောတာမျိုး လုပ်ချင်မှလုပ်မယ်၊ ထုတ်ပြီး ရေးတာမျိုးလည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် သူ့ရင်ထဲမှာ သိုထားမှာတော့ အမှန်ပဲ။
တကယ်တော့ စာရေးတယ်ဆိုတာကလည်း ဖန်ခွက်ထဲ ဖြည့်တဲ့ရေ - လျှံမကျ မချင်း ရေးလို့ ရတဲ့ အမျိုးမှ မဟုတ်တာ။ စာရေးဆရာတစ်ယောက် ရေးတဲ့ စာတိုင်းဟာ - ဖန်ခွက်ထဲမှာ ပြည့်ပြီးလို့ မဖြစ်မနေ လျှံထွက်လာလို့ ရေးရတဲ့ စာမျိုးချည်းပဲ။
ဒါကို စာရေးဆရာ မလုပ်ဖူးရင်၊ ဘယ်သိနိုင်မလဲ။
မင်းသေ့
၁၉ ၊ စက်တင်ဘာ၊ ၂၀၂၆

❤9
ပအိုဝ်း နှင့် စစ်
[စစ်ဘောင်ချဲ့ခြင်းဒဏ်ခံနေရသော ပအိုဝ်း]
__________
၁။ ပအိုဝ်း နိုင်ငံရေးဓလေ့ဟာ ဘယ်လိုဖြစ်တည်နေပါသလဲ။ “နိုင်ငံရေးဓလေ့ဆိုတာ ရှည်ကြာသောသမိုင်းကို ဖြတ်သန်းရင်း၊ လူအများ၏ စိတ်ထဲတွင် စူးစူးနစ်နစ် နေရာယူထားသော၊ ခါးသီးသည့် နိုင်ငံရေးအတွေ့အကြုံများ၏ ထင်ဟပ်ချက် ဖြစ်သည်” လို့၊ ဗြိတိသျှလူမျိုး လီယိုနတ်ဝု(ဖ်)ရဲ့ ကျမ်းကို ကိုးကားပြီး၊ (ဆရာ) ကျော်ဝင်းက “မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက်” (၁၉၄၈ - ၁၉၈၈) စာအုပ်မှာ ရေးသားဖော်ပြထားပါတယ်။ ပအိုဝ်းတွေရဲ့ တည်ဆဲနိုင်ငံရေးဓလေ့ကို ဆန်းစစ်ကြည့်တဲ့အခါ၊ ပအိုဝ်းတွေဖြတ်သန်းခဲ့တဲ့ ခါးသီးသော နိုင်ငံရေးအတွေ့အကြုံတွေကို ဘေးဖယ်ထားလို့ မရပါဘူး။ ပအိုဝ်းတွေဟာ ဘယ်လိုမျိုးသော ခါးသီးတဲ့ နိုင်ငံရေးအတွေ့အကြုံတွေ ရှိခဲ့ပါသလဲ။
⦿ ပအိုဝ်းလူဦးရေအရွေ့ သမိုင်း
၂။ ပအိုဝ်း လူဦးရေ အရွေ့သမိုင်း [Migration History] ကို အကြမ်းဖျင်းလေ့လာကြည့်ရင်၊ ပအိုဝ်းတွေဟာ မူလသထုံဒေသကနေ တရွေ့ရွေ့ ရွှေ့ပြောင်းခဲ့ရခြင်း၊ ရွှေ့ပြောင်းခံရခြင်းကြောင့် မူရင်းသထုံဒေသမှာတင် မဟုတ်ဘဲ၊ နေရာ ခပ်များများကို ပြန့်နှံ့ရောက်ရှိသွားကြပါတယ်။ အဲသည့်လို ရောက်ရှိသွားတဲ့နေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီအစပ်၊ ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကို တရွေ့ရွေ့ ပြန့်နှံ့သွားကြပါတယ်။ မူရင်း သထုံဒေသတစ်ဝိုက်နဲ့ နီးစပ်တဲ့ ကရင်ဒေသ၊ ပဲခူးဒေသနဲ့ မွန်ပြည်နယ်တို့မှာ ပအိုဝ်းတွေဟာ - ပအိုဝ်းအမှတ်သရုပ် သီးသီးသန့်သန့် ထူထောင်နိုင်မယ့် နေရာဧရိယာသီးသန့် ရရှိထားတာမျိုး ရှိမနေပါဘူး။ ယနေ့ပအိုဝ်းတွေကို ကြည့်ရင်၊ ရှေးပအိုဝ်းတွေနဲ့ မခြားနားတဲ့ ခါးသီးသောသမိုင်းအတွေ့အကြုံတချို့ကို ကြုံနေရဆဲပါ။ အဲဒါကတော့ - မိမိနေရပ်ဌာနကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်ကြရတဲ့ အတွေ့အကြုံဖြစ်ပါတယ်။ ပအိုဝ်းတွေဟာ မိမိတို့ရဲ့ ဇာတိပဝတ္တိဒေသကနေ ပျော်ပျော်ကြီး စွန့်ခွာရွှေ့ပြောင်းကြရတာတော့ ဟုတ်ဟန် မတူပါ။ ဘယ်သူမဆို မိမိတို့ ဇာတိရပ်ရွာမှာ မိမိတို့ အသိုက်အဝန်းနဲ့ မိမိတို့ အသိုက်အမြုံနဲ့ နွေးထွေးစည်းလုံးစွာ နေချင်ကြတာချည်းပဲလို့ ယုံကြည်ပါတယ်။ သို့သော်လည်း ပအိုဝ်းလူမျိုးတွေရဲ့ ခါးသီးသော အတွေ့အကြုံတွေထဲမှာ၊ မိမိတို့ ဇာတိဒေသကနေ အဓမ္မ ရွှေ့ပြောင်းခံရတဲ့၊ သို့မဟုတ် မဖြစ်မနေ ရွှေ့ပြောင်းကြရတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ပါတယ်။ ဒီလိုကြုံတွေ့မှုဟာ ရှေးပအိုဝ်းလူမျိုးတွေဆီမှာလည်း ရှိခဲ့တယ်။ လွတ်လပ်ပြီးခေတ်နောက်ပိုင်း၊ ယနေ့ ပအိုဝ်းလူမျိုးတွေဆီမှာလည်း အလားတူ ကြုံတွေ့ခဲ့ကြရပါတယ်။
⦿ စစ်၏ ခါးသီးသော အတွေ့အကြုံဆိုး
၃။ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်ကာလမှာကတည်းက ပအိုဝ်းတွေ အခြေချနေထိုင်ရာ သထုံဒေသကို ဗမာတပ်တွေက ဝင်ရောက် ဖျက်ဆီး သိမ်းပိုက်ကြပါတယ်။ ဗမာတပ်တွေဟာ သထုံဒေသက မွန်နဲ့ ပအိုဝ်းတွေကို စစ်သားကောက်ယူစုဆောင်းပြီးတော့ - ယိုးဒယားကို စစ်တိုက်တာ အကြိမ်ပေါင်းများစွာ ရှိပါတယ်။ မြန်မာအင်ပါယာကို တည်ထောင်ခဲ့တဲ့ အနော်ရထာမင်းလက်ထက်၊ ဘုရင့်နောင်မင်းလက်ထက်နဲ့ အလောင်းမင်းတရားလက်ထက် အားလုံးမှာ သထုံဒေသကို အကြိမ်ကြိမ် စစ်ချီ နှောက်ယှက်ခဲ့ပါတယ်။ ပအိုဝ်းတို့ နေထိုင်ရာ သထုံဒေသဟာ ယိုးဒယားကို စစ်ချီတဲ့ အဓိက စစ်ရေးပင်မလမ်းကြောင်းကြီးပေါ်မှာ ရှိနေတာကြောင့်၊ ပအိုဝ်းတွေဟာ စစ်ဘေးစစ်ဒဏ်ကြောင့် ကောင်းစွာ နေထိုင်ရှင်သန်ခွင့်မရခဲ့ကြပါဘူး။ ဗမာတပ်တွေရဲ့ အနှောက်အယှက်ဒဏ်နဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတဲ့ဒဏ်တွေကို ခံကြရပါတယ်။ ဒါ့အပြင် ပအိုဝ်းတွေဟာ သထုံဒေသကနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကရင်နီဒေသနဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားတဲ့ကာလတွေမှာလည်း - မြန်မာစစ်တပ် အပါအဝင် ပဒေသရာဇ်စော်ဘွားတွေ၊ ပြန်ပေးဆွဲဓားပြဂိုဏ်းတွေ၊ ဘိန်းမှောင်ခိုဂိုဏ်းတွေရဲ့ နှိပ်စက်ညှင်းပန်းမှု၊ အနိုင်ကျင့်မှုတွေကို ခံစားခဲ့ကြရပါတယ်။ ပအိုဝ်းလူဦးရေ အရွေ့သမိုင်းကို လေ့လာကြည့်တဲ့အခါ၊ ပအိုဝ်းလူမျိုးတွေထံမှာ စစ်ဘေးစစ်ဒဏ်ရဲ့ ခါးသီးသော အတွေ့အကြုံဟာ - ပအိုဝ်းတွေရဲ့ အသွေးအသားထဲမှာ တိမ်မြှုပ်နစ်ဝင်နေတယ်လို့ တိတိကျကျ ပြောနိုင်ပါတယ်။ စစ်ဘေးစစ်ဒဏ်ကို နှစ်ပေါင်း ထောင်နဲ့ချီ တတိတိ ခံစားကြုံတွေ့ခဲ့ဖူးတဲ့ ပအိုဝ်းလူမျိုးဟာ - စစ်ကို လိုလိုလားလား လက်ယက်ခေါ်ဝံ့မှာလား…။
⦿ စစ်မီး အကူးမခံခဲ့သည့် ပအိုဝ်း

👍6
၄။ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ၊ စစ်ဘေးစစ်ဒဏ်ကို ကောင်းစွာ မခံစားခဲ့ရဖူးတဲ့ ဗမာအညာဒေသတွေဟာ စစ်ကို လှိုက်လှိုက်လှဲလှဲ လက်ယက်ခေါ်ဆောင်ခဲ့ပါတယ်။ အဲသည့်အချိန်မှာ၊ ရှမ်းတပ်နှစ်တပ် နဲ့ ပအိုဝ်းတပ် ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းဒေသ အများစုဟာ စစ်ကို ငြင်းဆန်ခဲ့ပါတယ်။ ရှမ်းနဲ့ ပအိုဝ်းတို့ဟာ မိမိတို့ ဒေသကို စစ်မီးမကူးဆက်စေရေးနဲ့ မြန်မာပြည် ပြည်တွင်းစစ်မီး - အဟပ်မခံမိဖို့ သတိကြီးစွာ ထားခဲ့ကြပါတယ်။ ၂၀၂၁ ခုနှစ်အပါအဝင်၊ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၄ - ၂၀၂၅ အထိ မြန်မာနိုင်ငံမှာ စစ်ဖြစ်မှ လူရာဝင်တဲ့အနေအထားအထိ၊ စစ်ဟာ ရေပန်းစားခဲ့ပါတယ်။ စစ်ကို ကြိုဆိုဖိတ်ခေါ်သူတို့ဟာ - လူအများကြားမှာ ရေပန်းစားပြီး၊ စစ်ကို ဟန့်တားသူ - စစ်ကို မလိုလားသူတို့ဟာ သွေးကြောင်သော၊ သတ္တိကြောင်သော၊ သူရဲဘောကြောင်သောသူများအဖြစ် ကဲ့ရဲ့ခြင်း ခံရပါတယ်။ အဲသည့်လို ကဲ့ရဲ့ခံရတဲ့ လူမျိုးတွေထဲမှာ ရှမ်းနဲ့ ပအိုဝ်းဟာ ထိပ်ဆုံးက ပါဝင်ခဲ့ကြရပါတယ်။ ပအိုဝ်းခေါင်းဆောင်တွေဟာ ဘာ့ကြောင့် မိမိတို့ ဒေသမှာ စစ်မီးကူးဆက်မှာ စိုးရိမ်သတိရှိခဲ့ကြရပါသလဲ။ အဲဒါဟာ - ပအိုဝ်းလူမျိုးတွေ ဖြတ်သန်းခဲ့တဲ့ ခါးသီးသော သမိုင်းအတွေ့အကြုံဆိုးတွေဆီကနေ လာတယ်လို့ ယူဆရပါတယ်။
⦿ ပအိုဝ်း လက်နက်ကိုင်ပဋိပက္ခ
၅။ တကယ်တော့ ပအိုဝ်းတွေဟာ သွေးကြောင်သော လူစားမျိုးတွေ မဟုတ်ပါဘူး။ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းရင်းသားလူမျိုးစုအသီးသီးက လက်နက်ကိုင်တော်လှန်ရေးတွေ စတင်ခဲ့ချိန်မှာ၊ ပအိုဝ်းတွေလည်း လက်နက်ကိုင်တော်လှန်ရေးသမိုင်းကို စတင်ခဲ့ အစပြုခဲ့ကြပါတယ်။ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးသမိုင်းတွေကို ကြည့်ရင်၊ မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ အလားတူသော - အကွဲအပြဲသမိုင်းတွေကို တွေ့ရပါတယ်။ အတော်များများသော လူမျိုးစုအကွဲအပြဲသမိုင်းတွေရဲ့ နောက်ကွယ်မှာ မြန်မာစစ်တပ်ရဲ့ ပယောဂ မကင်းဘူးလို့ ပြောနိုင်ပါတယ်။ သို့ပါသော်လည်း ပအိုဝ်းတွေရဲ့ ပအိုဝ်းဖြူ၊ ပအိုဝ်းနီ အကွဲအပြဲသမိုင်းကတော့ - ဗမာကွန်မြူနစ်တွေရဲ့ ပယောဂနဲ့၊ ဂိုဏ်းဂဏ အကွဲအပြဲသမိုင်း ဝင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှာ - ပအိုဝ်းတွေဟာ ရှမ်းပဒေသရာဇ်တော်လှန်ရေးကို စတင်ခဲ့ကြတယ်။ ထို့နောက် ဗမာစစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့တယ်။ ပအိုဝ်းတွေဟာ ရှမ်းတွေနဲ့လည်း စစ်တိုက်ခဲ့ဖူးတယ်၊ ကရင်နီတွေနဲ့လည်း စစ်တိုက်ခဲ့ဖူးတယ်၊ ဗမာတွေနဲ့လည်း စစ်ကို ဖက်ပြိုင်တိုက်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပအိုဝ်းတွေဟာ ပအိုဝ်းအချင်းချင်းလည်း အသေအကြေ တိုက်ခိုက်ခဲ့ဖူးပြန်ပါတယ်။ ခေတ်သစ်ပအိုဝ်းသမိုင်းကို လေ့လာကြည့်ရင် ပအိုဝ်းတွေဟာ စစ်နဲ့ ယဉ်ပါးခဲ့တဲ့ လူမျိုးတွေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း ပအိုဝ်းတွေဟာ စစ်ရဲ့ ဆိုးကျိုး အနိဋ္ဌာရုံကို သမိုင်းနှစ်ပေါင်း ရှည်ကြာစွာ သိမြင်ခဲ့တဲ့ လူမျိုးဖြစ်တာတွေ့ရပါတယ်။
⦿ စစ်ကို ကြောက်သလား
၆။ ရှေးပဒေသရာဇ်မင်းတွေ လက်ထက်ကတည်းက - စစ်ဘေးစစ်ဒဏ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ ထိုင်း-မြန်မာနယ်စပ်အသီးသီးကို တိမ်းရှောင် ခိုဝင် ပြန့်နှံ့သွားခဲ့ကြတဲ့ ပအိုဝ်းလူမျိုးတွေဟာ တည်ဆဲအခြေအနေမှာလည်း - စစ်ဘေးစစ်ဒဏ်နဲ့ ဝေးသောအခြေအနေမျိုးမှာ မရှိခဲ့ပါဘူး။ အခြေအနေမဟန်ရင်၊ ပအိုဝ်းဒေသကို ဘယ်အချိန်မဆို စစ်ရောက်လာနိုင်တဲ့ ဂယ်ပေါက်တွေဟာ နေရာအနှံ့အပြားမှာ ရှိနေပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း - အစောဆုံးနဲ့ အပြင်းထန်ဆုံး စစ်မီးတောက်လောင်ခဲ့တဲ့ ပအိုဝ်း-ကရင်နီအစပ် ၊ ဆီဆိုင်နဲ့ ပင်လောင်းဒေသတို့မှာ စစ်မီးကူးဆက်ဖို့ အလားအလာ အများဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၂၄ မှာလည်း ဆီဆိုင်ဒေသကို စစ်မီးပွားကျရောက်တဲ့ အခြေအနေအထိ ကြုံခဲ့ပါတယ်။ သို့သော်လည်း ယေဘုယျအားဖြင့် ပအိုဝ်းဒေသမှာ မြန်မာပြည် ပြည်တွင်းစစ်မီး ဟပ်ရုံလောက်သာ ရှိခဲ့ပြီး၊ စစ်မီး ကူးစက်လောင်ကျွမ်းခဲ့မှု မရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါဟာ ဘာ့ကြောင့်ပါလဲ။ ပအိုဝ်းဒေသက ပအိုဝ်းလက်နက်ကိုင်တပ်တွေဟာ စစ်ကို ကြောက်ရွံ့လို့လား၊ သူရဲဘောကြောင်လို့လား၊ သတ္တိမဲ့လို့လား….
⦿ ပအိုဝ်းတို့၏ သမိုင်းသင်ခန်းစာ
၇။ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာတစ်ပြည်လုံးမှာ အကြီးကျယ်ဆုံးသော ပြည်တွင်းစစ်မီးနဲ့ ကြုံပေမယ့်၊ ပအိုဝ်းဒေသဟာ ပြည်တွင်းစစ်ထဲ မတိုးဝင်ခဲ့တာဟာ - ပအိုဝ်းလူမျိုးတွေ အနှစ်နှစ်အလလက ဖြတ်သန်းခဲ့တဲ့ ခါးသီးသော သမိုင်းအတွေ့အကြုံတွေရဲ့ သင်ခန်းစာကြောင့်လို့ ယူဆလို့ ရနိုင်ပါတယ်။ ပအိုဝ်းဒေသမှာ စစ်ဖြစ်တာနဲ့ စစ်မဖြစ်တာကို အကျိုး-အပြစ်ရယ်လို့ တွက်ချက်ကြည့်လိုက်ရင်၊ ပအိုဝ်းဒေသဟာ သူ့ဘာသာသူ အေးချမ်းတည်ငြိမ်စွာ နေထိုင်စားသောက် လုပ်ကိုင်နေရခြင်းဟာ - ကောင်းသော မင်္ဂလာတစ်ပါးလို့ ယူဆရနိုင်ပါတယ်။ စစ်ကြောင့်ရလာမယ့် အကျိုးအမြတ်ထက် စစ်ကြောင့် ပျက်စီးဆုတ်ယုတ်သွားမယ့် ပအိုဝ်းလူ့အဖွဲ့အစည်းဟာ ပိုပြီး သေချာနေပါတယ်။ ဒါ့ကြောင့် ပအိုဝ်းဒေသက ခေါင်းဆောင်တွေဟာ - မြန်မာတစ်ပြည်လုံးရဲ့ ပြည်တွင်းစစ်မီးကို ငြိမ်းသက်နိုင်အောင် မစွမ်းဆောင်နိုင်ပေမယ့်၊ မိမိတို့ ဒေသဟာ - ပြည်တွင်းစစ်ရဲ့ လောင်စာ အဖြစ်မခံဖို့ ကြိုးစားနိုင်ခဲ့တာတွေ့ရပါတယ်။
⦿ စစ်ဘောင်ကျယ်လာသော ပအိုဝ်းဒေသ

၈။ ပအိုဝ်းဒေသဟာ ပြည်တွင်းစစ်ရဲ့ လောင်စာ အဖြစ် မခံရပေမယ့်၊ ပအိုဝ်းဒေသဟာ မြန်မာပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုးကိုတော့ သွယ်ဝိုက် ရိုက်ခတ်ခံရပါတယ်။ အဲဒါကတော့ - ပအိုဝ်းဒေသမှာ စစ်မဖြစ်ပေမယ့်၊ လက်ရှိပအိုဝ်းဒေသဟာ စစ်ဘောင်ချဲ့ခြင်း ခံရလာတာပါ။ အထူးသဖြင့် စစ်မှုထမ်းဖို့ စစ်သားကောက်တာ၊ ပအိုဝ်းဒေသ စစ်အသုံးစရိတ် တိုးမြှင့်ဖို့အတွက် ပအိုဝ်းပြည်သူ ပုခုံးပေါ် အခွန်အတုတ်ဖိစီးလာတာ၊ ပအိုဝ်းဒေသမှာ ရှေးရိုးစွဲပအိုဝ်းအမျိုးသားရေးဝါဒီတွေ များပြားလာတာကြောင့် ပအိုဝ်းလူထုအကြား လွတ်လပ်ခွင့် ရေချိန် နိမ့်ပါးလာတာ၊ ပအိုဝ်းဒေသမှာ - ပညာအခြေပြု စီးပွားရေးလုပ်ငန်းတွေ မဖွံ့ဖြိုးတာကြောင့် ပအိုဝ်းပညာတတ်လူငယ်တွေ စွန့်ခွာထွက်ပြေးကုန်တာ၊ စစ်မှုထမ်းစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်လာလို့ ပအိုဝ်းလူငယ်မျိုးဆက်တွေ ပအိုဝ်းဒေသကို စွန့်ခွာကုန်ကြတာ၊ ဒါ့အပြင် ပအိုဝ်းလူ့အဖွဲ့အစည်းအတွက် လွတ်လပ်သော ရေခံမြေခံ နည်းပါးလာတာတွေဖြစ်လာပါတယ်။ ဒါတွေဟာ မြန်မာပြည်တွင်းစစ်ဒဏ်ရဲ့ ဘေးထွက်ဆိုးကျိုးကို ပအိုဝ်းဒေသက ခေါင်းဆောင်တွေလည်း အကာအကွယ်မပေးနိုင်ခဲ့ဘူးဆိုတာ ထင်ရှားသက်သေဖြစ်နေပါတယ်။ ပအိုဝ်းဒေသက ခေါင်းဆောင်တွေဟာ မိမိတို့ ပအိုဝ်းဒေသမှာ စစ်မီး အရောက်မခံပေမယ့် - မိမိတို့ စစ်အင်အားကို တောင့်တင်းအောင် ဖြည့်တင်းမှ၊ အမာကို အမာနဲ့ ကာနိုင်မှာလို့ ယူဆပြီး - ပအိုဝ်းဒေသမှာ စစ်ဘောင်ချဲ့နေတာကြောင့် - ပအိုဝ်းလူထုဟာ စစ်ဘောင်ကျယ်မှုဒဏ်ကို အလူးအလှိမ့် ခံစားနေရကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား…။
မင်းသေ့
၁၉ ၊ စက်တင်ဘာ ၊ ၂၀၂၆
မင်းသေ့
၁၉ ၊ စက်တင်ဘာ ၊ ၂၀၂၆
👍7❤1
ကျနော့်ရဲ့လောဘက
တစ်နေ့နဲ့ တစ်ရက်နဲ့ မတူပါဘူး။
တခါတရံ
သီချင်းတစ်ပုဒ်တည်းနဲ့
အာသာ ချင်ခြင်း ပြေတယ်။
တခါတရံ
ရေနွေးကြမ်းပူပူ တစ်ခွက်လောက်နဲ့
တင်းတိမ်ပါတယ်။
တခါတရံ
ကော်ဖီခါးတူးတူး တစ်ခွက်နဲ့လည်း
ကျေနပ်ချင် ကျေနပ်တာပဲ။
သိပ်အေးလွန်းရင်တော့၊
ဂျင်း တစ်လက်မလောက်ထုပြီး၊
ရေနွေးကျွက်ကျွက်ဆူ တစ်ခွက်ထဲ ပစ်ထည့်လိုက်တာပဲ။
တခါတရံ
သစ်ပင် တစ်ပင် စိုက်ပြီး
ကျနော့် လောဘကို ဇက်ပိုး သပ်တယ်။
တခါတရံ
၁၅ မိနစ်လောက် ဝင်လေထွက်လေမှတ်ရင်း
ပီတိခွန်အားရတယ်။
တခါတရံ
ဆောင်းပါးရှည် တစ်ပုဒ်ရေးပြီး
လောဘကို နိဂုံးချုပ်လိုက်တယ်။
တခါတရံ
စာကလေးတွေကို
ဆန်တစ်ဘူး အပြည့် ၊ ပက်ကျဲပြီးတော့
မိမိကိုယ်ကို အရှင်သခင်လို့
လောဘဇော သပ်လိုက်တာပဲ။
ကျနော့် ဒေါသက၊
အမြတ်တနိုး စိုက်ထားတဲ့ ပန်းပင်လေးပေါ်က
ဆိတ်တို့ကောင် တစ်ကောင်ကို၊
အတင်း အဓမ္မ ဒုတ်ထိုးခွာပြီး၊
ခပ်ဝေးဝေးကို အားနဲ့ လွှင့်ပစ်လိုက်တာပဲ။
မသိခြင်း မောဟရဲ့နဖူးမှာ၊
အမာရွတ်ကလေးနဲ့။
ကျနော့်မှာ အမှောင်မိုက် ဖုံးမိတာပါပဲ။

❤17👍7
ကြံ့ခိုင်ရေးပါတီ၏ အညမည ပစ္စယသတ္တိ
________________________________
၂၀၂၆ ၊ စက်တင်ဘာ ၊ ၂၃
မင်းသေ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ [USDP] အကြောင်း ရေးတော့မယ်ဆိုရင်၊ နဂိုမူလအစ ဖြစ်တည်လာရာ ရင်းမြစ်အယူအဆကို တူးဆွကြည့်ဖို့ လိုပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ [USDP] (တနည်း) ကြံ့ခိုင်ရေးပါတီဟာ ဘယ်လို အသွင်ပုံစံမျိုးနဲ့ ပေါ်ထွက်လာတဲ့ နိုင်ငံရေးပါတီမျိုးဖြစ်သလဲ။ ဒီမေးခွန်းကို ပို၍ နက်နက်ဖြေနိုင်ဖို့အတွက် - စစ်ခေါင်းဆောင်ဟောင်း အဖြစ် အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စဉ်းစားချက်တွေကို ထည့်သွင်း မတွက်ဆလို့ မဖြစ်နိုင်ပါဘူး။
• ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ - ကြံ့ခိုင်ရေးပါတီကို ဘယ်လို ပုံစံမျိုးနဲ့ မြင်တွေ့ချင်ခဲ့သလဲ။
• တနည်းအားဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ - ကြံ့ခိုင်ရေးပါတီကို ဘယ်လို ပါတီအင်စတီကျူးရှင်းမျိုးအဖြစ် အနာဂတ်အခင်းအကျင်းကို ထည့်တွက်စဉ်းစားခဲ့သလဲ။
• ကြံ့ခိုင်ရေးပါတီကရော - ဘယ်လောက်အထိ ခွန်စိုက်အားစိုက်ဖြစ်ဖြစ် နိုင်ငံရေးကစားကွင်းမှာ ဝင်ရောက်ခြယ်လှယ်ကြီးစိုးဖို့ ရည်မှန်းထားပါသလဲ။
ဒီမေးခွန်းတွေဟာ ခက်သလိုလိုနဲ့ အဖြေထုတ်ဖို့ လွယ်နေသလို၊ အဖြေထုတ်ဖို့ လွယ်မလိုလိုနဲ့ တကယ်ဖြေဖို့ ခက်နေတာတွေလည်း ရှိပါတယ်။
⦿ နောင်လာမယ့် ၂၀၅၀ အထိ
၁။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ - မြန်မာ့တပ်မတော်ကို ဗဟိုပြု စဉ်းစားချက်ပေါ်မှာ အခြေခံခဲ့ပါတယ်။ တပ်မတော် အင်အားရှိမှ၊ တိုင်းပြည် အင်အားရှိမယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တကယ်ယုံခဲ့တယ်လို့ ယူဆနိုင်စရာ အကြောင်းများစွာ ရှိပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စဉ်းစားချက် ဗဟိုအူတိုင်ဟာ မြန်မာ့တပ်မတော်အပေါ်မှာ အုတ်မြစ်တည်ထားတယ်လို့ ဆိုနိုင်မှာပါ။ တကယ်တော့ ကြံ့ခိုင်ရေးပါတီကို ဖွဲ့စည်းတည်ထောင်ဖို့ ဆိုတာဟာ - ကနဦးအစောပိုင်းကာလမှာကတည်းက မျှော်ရည်မှန်းချက် ရှိထားပြီးဖြစ်ပါတယ်။ ဆင့်ကဲဖြစ်စဉ်နည်းနဲ့ တရွေ့ရွေ့ချင်း အသွင်ပြောင်းတည်ဆောက်တဲ့နည်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သုံးခဲ့တယ်လို့ ယူဆပါတယ်။ လူမှုအရပ်ဘက် အသင်းအဖွဲ့အဖြစ်ကနေ ပါတီအဖြစ်၊ ပါတီအဖြစ်ကနေ အစိုးရအဖြစ်၊ အစိုးရအဖြစ်ကနေ တိုင်းရေးပြည်မှုကိစ္စတွေကို ဂါးဒီးယန်းအနေနဲ့ နှစ်ပေါင်းများစွာ ဆက်လက် အုပ်ထိန်းမယ့် အုပ်ချုပ်ခွင့်ရပါတီအဖြစ်။ အုပ်ချုပ်ခွင့်ရပါတီ ဆိုတာကို ruling party လို့ အနက်ဖွင့်နိုင်ပါတယ်။ ပိုပြီး တိတိကျကျ ညွှန်းဆိုရရင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ကြံ့ခိုင်ရေးပါတီကို ဘယ်အချိန်အထိ ruling party အဖြစ် မြင်ချင်ခဲ့တာလဲ။ နောင်လာမယ့် ၂၀၅၀ ခုနှစ်အထိပါ။
⦿ စာဖတ်သူကြီး၏ ဩဇာ
၂။ ကြံ့ခိုင်ရေးပါတီ [USDP] ဟာ - “ကမန်းကတန်း စုဖွဲ့လေ့ကျင့်ပေးခံရပြီး ပေါ်ထွက်လာတဲ့ ပါတီမျိုး” မဟုတ်ပါဘူး။ ကြံ့ခိုင်ရေးပါတီဟာ ပါလီမန်ဒီမိုကရေစီခေတ်မှာ ပေါ်ခဲ့ဖူးတဲ့ လူမှုလှုပ်ရှားမှုတစ်ခုရဲ့ သမိုင်းအမွေနဲ့ ဆက်သွယ်ခဲ့တယ်။ ထို့နောက် လူမှုအရပ်ဘက်အသင်းအနေနဲ့ စစ်ဘက် - အရပ်ဘက်အကြား ဆက်ဆံရေးကွင်းပြင်တစ်ခုဖြစ်အောင် အရပ်ဘက်အဖွဲ့အစည်း အသွင်နဲ့ စုဖွဲ့ အခြေတည်လာခဲ့တယ်။ ထို့နောက် ချိန်သားကိုက်မယ့်ကာလမှာ၊ ချက်ချင်းလက်ငင်း နိုင်ငံရေးပါတီတစ်ခုအဖြစ်ကို အသွင်ပြောင်းဖွဲ့စည်းခဲ့တယ်။ ထို့နောက် သိပ်မကြာခင်မှာပဲ၊ အုပ်ချုပ်ခွင့်ရ အရပ်သားပါတီအသွင်အနေနဲ့ ပုံပြောင်းဖြစ်တည်လာခဲ့တယ်။ ဒါ့အပြင် ၂၀၁၀ ကနေ ၂၀၅၀ ခုနှစ်အထိ - ကြံ့ခိုင်ရေးပါတီဟာ မိမိကိုယ်ကို ruling party အဖြစ် ရပ်တည်ရှင်သန်ဖို့၊ ကာယကံမြောက် အားထုတ်လာတဲ့ ဝိသေသလက္ခဏာတွေကို အထင်အရှားတွေ့နေရပါတယ်။ ဒါတွေဟာ ဘယ်အထိုင်က လာသလဲ။
• မုချ ဧကန် စင်စစ် လာရာ ရေသောက်မြစ်ဟာ -
• ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမြော်အမြင်ဆီက ဆင်းသက်ပါတယ်။
ပရိုဒီမိုကရေစီအင်အားစုတွေအကြား “စာဖတ်သူကြီး” လို့၊ နာမည်ပြောင်နဲ့ ပညတ်ခံရတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ - ဒေါ်အောင်ဆန်းစုကြည်လို လူထုထိပ်သီးခေါင်းဆောင်မျိုးကတောင် အထင်မသေးဝံ့တဲ့လူ တစ်ယောက်ဖြစ်ပါတယ်။ “အန်ကယ်ရှင့်…” ဆိုပြီး၊ အစချီထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူ စာတစ်စောင်ကို၊ မြန်မာပြည်သူလူထုက မေ့လောက်သေးမယ်လို့ မထင်ပါဘူး။ ၂၀၁၀ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ ကြံ့ခိုင်ရေးပါတီကို “ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နောင် နှစ်ပေါင်း (၄၀) လောက်အထိ၊ ruling party အဖြစ် လေးနက်သော ရည်ရွယ်ချက်ထားခဲ့တယ်” တိကျသော စစ်ဘက်ရင်းမြစ်ကနေ၊ နားလည်ခွင့်ရခဲ့ပါတယ်။ လက်ရှိ တည်ဆဲကာလမှာ၊ ကြံ့ခိုင်ရေးပါတီရဲ့ လှုပ်ရှားမှု သွင်ပြင်တွေဟာ - ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းကျဲကျဲ၊ အုပ်စုအား တောင့်တောင့်နဲ့ လှမ်းချီနေတဲ့ အုပ်စုအင်အားကို အထင်အရှားပြသနေပါတယ်။
⦿ တပ်ဗဟိုပြု စဉ်းစားချက်

❤1
၃။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပြောင်းလဲလာတဲ့ ကမ္ဘာ့အခင်းအကျင်းကို ဆုပ်မိကိုင်မိရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံလို တတိယနိုင်ငံငယ်လေးအဖို့၊ စစ်ဘက်အုပ်ချုပ်ရေးနဲ့ ထင်ထင်ပေါ်ပေါ် မသွားသင့်တော့ဘူးလို့ ယူဆခဲ့ဟန်ရှိပါတယ်။ သို့သော်လည်း မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ၊ ခိုင်မာကျစ်လစ်တဲ့ မြန်မာ့တပ်မတော်လို - စစ်တပ်အင်စတီကျူးရှင်းရဲ့ ထိန်းချုပ်မှု မရှိရင်၊ တိုင်းပြည်ဟာ ဗြဲလရမ်းကြီးဖြစ်သွားမယ်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စဉ်းစားခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဟာ - တိုင်းပြည်အုပ်ချုပ်ရေးအပေါ်မှာ အစဉ်တစိုက် အုပ်စီးထိန်းချုပ်ထားနိုင်မှသာ - တည်ငြိမ်အေးချမ်းတဲ့ တိုင်းပြည်အဖြစ် ရှိနေမယ်လို့၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ယုံကြည်ခဲ့ဟန်တူပါတယ်။ ဒါ့ကြောင့်လည်း တပ်ဗဟိုပြု စဉ်းစားချက်အပေါ်မှာ အခြေပြုပြီး၊ ပေါ်လာရတဲ့ နိုင်ငံရေးအခင်းအကျင်း (တနည်း) မူဘောင် / စနစ်တွေကို စနစ်တကျ တည်ဆောက်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒီလို စဉ်းစားချက်အထိုင်ရဲ့ ရလဒ်ဟာ - ကြံ့ခိုင်ရေးပါတီရဲ့ ဖြစ်ထွန်းပေါ်ပေါက်မှုကို ကျေးဇူးပြုနေပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ - ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်အကြားမှာ - တပ်နဲ့ ပူးတုံခွာတုံရှိတယ်လို့ ထင်ခဲ့ရပေမယ့်၊ တပ်ဟာ ပါတီကို အစဉ်တစိုက် ownership ယူဖို့ အားထုတ်ခဲ့တာတွေ့ရပါတယ်။ ကြံ့ခိုင်ရေးပါတီအတွင်းမှာ ဘယ်လိုပဲ ဖွဲ့စည်းပုံအပြောင်းအလဲ၊ ခေါင်းဆောင်အပြောင်းအလဲမျိုး ရှိခဲ့သည်ဖြစ်စေ၊ ကြံ့ခိုင်ရေးပါတီဟာ - တပ်က စစ်ဗိုလ်ချုပ်ခေါင်းဆောင်တွေ ownership အပြည့်အဝ ကိုင်ထားတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်တာ ထင်ရှားလာပါတယ်။ ကမ္ဘာပေါ်မှာ စစ်အုပ်ချုပ်ရေး ခေတ်မစားတော့တာကို၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြိုတင် တွက်ဆနိုင်ခဲ့တယ်လို့ နားလည်ရပါတယ်။ ဒါ့ကြောင့် အရပ်ဘက် အသွင်နဲ့၊ တပ်ထိန်းချုပ်မှုအောက်က လွတ်ထွက်မသွားသော အုပ်ချုပ်ရေးစနစ်တစ်ခု ရဖို့ - တဆင့်ချင်း၊ တဖြည်းဖြည်းချင်း၊ တရွေ့ရွေ့ချင်း၊ တလှမ်းချင်း ချဲ့ထွင်တည်ဆောင်လာတာတွေ့ရပါတယ်။
⦿ စစ်ဘက်အုပ်ချုပ်ရေးမှ --- /
၄။ စစ်အုပ်ချုပ်ရေးဟာ ကမ္ဘာကြီးမှာ ရေပန်းမစားတော့ပါဘူး။ ဒါ့အပြင် လွတ်လပ်ခွင့်နဲ့ တကိုယ်တော်ဝါဒ ကြီးထွားကျယ်ပြန့်လာတဲ့ လူ့အဖွဲ့အစည်းမျိုးမှာ၊ စစ်အုပ်ချုပ်ရေးဟာ ဖန်စီ မဖြစ်တော့ပါဘူး။ ဒါ့အပြင် စစ်ဘက်က တိုက်ရိုက်အုပ်ချုပ်တာဟာ - ကြီးမားတဲ့ အဖိုးအခတွေ ပေးရပါတယ်။ အထူးသဖြင့် ဂုဏ်သိက္ခာပါ။ အုပ်ချုပ်သူအစိုးရဟာ - ပြည်သူလူထုအကြားမှာ “ရွံကြောက်ကြီးသဖွယ်” ထင်မြင်ခံလာရတာပါ။ တစ်ဖက်မှာလည်း နိုင်ငံတကာဇာတ်ခုံမှာ လူထုတရားဝင်မှုကို ပြနိုင်တဲ့ အစိုးရတစ်ရပ် မဟုတ်လို့၊ လူရာမဝင်တာမျိုးတွေ ရှိလာပါတယ်။ စစ်ဘက်အုပ်ချုပ်ရေးဟာ ၂၁ ရာစုမှာ - မျက်နှာမွဲအစိုးရစနစ်အဖြစ် ပုံပေါ်လာရပါတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေးအရ ကစားနိုင်ဖို့ အကန့်အသတ်ရှိပါတယ်။ တရားဝင်မှု အကန့်အသတ်တွေလည်း ပုံစံမျိုးစုံနဲ့ ကြုံရပါတယ်။ ဒါ့ကြောင့် အရပ်သားခေါင်း ဆောင်းထားတဲ့၊ တပ်က ဂါးဒီးယန်းလုပ်နိုင်မယ့် ကြားခံ အင်စတီကျူးရှင်းတစ်ခု လိုလာပါတယ်။ ဒီ့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြီးအမှူးပြုခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ - ၂၀၁၀ ကနေ စပြီး၊ အရေးပါတဲ့ အင်စတီကျူးရှင်းတစ်ခုအဖြစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အတိအကျ ပေါ်လာပါတော့တယ်။
⦿ တည်ဆဲ ကြံ့ခိုင်ရေးပါတီ
၅။ ကျနော်တို့ အနေနဲ့ ကြံ့ခိုင်ရေးပါတီကို “စစ်တပ်ရဲ့ နိုင်ငံရေးပါတီ” တစ်ခုဖြစ်တယ်လို့၊ ခပ်ရှင်းရှင်း သတ်မှတ်လိုက်ပြီး ယူဆလက်ခံထားလို့တော့ မရနိုင်ပါဘူး။ လက်တွေ့ မြေပြင်နဲ့၊ လက်တွေ့ အခင်းအကျင်းမှာ ကြံ့ခိုင်ရေးပါတီရဲ့ အခန်းကဏ္ဍဟာ - ကျနော်တို့ ထင်ထားတာထက် ပိုနေပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေးလားရာကို တွက်ဆဖို့အတွက် ကြိုက်ကြိုက် / မကြိုက်ကြိုက်၊ ကြံ့ခိုင်ရေးပါတီရဲ့ ရွေ့လျားဖြစ်တည်ဖြတ်သန်းလာမှုကို စိတ်ဝင်တစားလေ့လာကြရပါမယ်။
မင်းသေ့
၂၃၊ စက်တင်ဘာ၊ ၂၀၂၆

❤6👍1
ကျွန်း နှင့် ကိုင်းနှင့် ၊ တပ်နှင့် ကြံ့နှင့်
_____________________________
“ကြံ့ခိုင်ရေးပါတီ၏ အညမည ပစ္စယသတ္တိ” လို့ သုံးနှုန်းရခြင်း အနက်သဘောရှိပါတယ်။ အဲဒါကတော့ ကြံ့ခိုင်ရေးပါတီဟာ မြန်မာစစ်တပ်နဲ့ အပြန်အလှန် အမှီအတည်ပြုပြီး၊ “ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ” ကျေးဇူးပြု ရပ်တည်လျှောက်လှမ်းနေတယ်ဆိုတာကို ဆိုလိုခြင်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ - အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ အစဉ်တစိုက် ပါဝင်နေနိုင်ဖို့အတွက်၊ ကြံ့ခိုင်ရေးပါတီကို အသုံးချတယ်။ ကြံ့ခိုင်ရေးပါတီသည်လည်း၊ အုပ်ချုပ်ခွင့်ရပါတီအဖြစ် ရပ်တည်ဖို့အတွက် မြန်မာစစ်တပ်ကို မှီခိုအားကိုးရတယ်။ မြန်မာစစ်တပ်ခေါင်းဆောင် တစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံ့ခိုင်ရေးပါတီကို၊ ရည်ရွယ်ချက်ရှိရှိ ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ကြံ့ခိုင်ရေးပါတီကို ဖန်တီးလိုက်တယ်။ ကြံ့ခိုင်ရေးပါတီက မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးအာဏာ မြဲမြံတည်တံ့မှုကို ပြန်လည် အထောက်အပံ့ပေးရတယ်။ ဒါဟာ အပြန်အလှန် အမှီသဟဲပြု ရပ်ခံနေကြခြင်းသဘောဖြစ်ပါတယ်။
⦿ တပ်ဗျူရိုကရက်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ - မြန်မာစစ်တပ်ရဲ့ တပ်အင်အားကို တဖြည်းဖြည်း တိုးချဲ့ခဲ့တယ်။ မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်းပုံဟာ - ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ တဖြည်းဖြည်းနဲ့ ကျယ်ကားလာခဲ့ပါတယ်။ မြန်မာစစ်တပ်ကို ချဲ့ထွင်တဲ့အခါမှာ၊ “အရေအတွက်မှသည် အရည်အချင်းဆီသို့” ဆိုတဲ့ ချဉ်းကပ်မှုမျိုးနဲ့ ချဲ့ကားလာတာကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ စစ်အစိုးရတွေရဲ့ အုပ်ချုပ်ပုံနည်းနာကို ကြည့်ရင်၊ ဗျူရိုကရေစီယန္တရားထဲမှာ စစ်တပ်ယူနီဖောင်းချွတ် စစ်ဗိုလ်တွေကို ထည့်သွင်းပြီး၊ စစ်ဘောင်ချဲ့ခဲ့တာကို တွေ့ရပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးရယ်လို့ ပီပီပြင်ပြင်ဖြစ်လာအောင်၊ အုပ်ချုပ်ရေးယန္တရားကိုလည်း စစ်ဗိုလ်တွေနဲ့ အစားထိုးခြင်းဖြစ်ပါတယ်။
⦿ မျိုးဆက်ဟောင်းကို ဘယ်ထဲ ထိုးထည့်မလဲ
မြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံက တဖြည်းဖြည်းကျယ်လာတော့ - စစ်ဗိုလ်အရေအတွက် များပြားလွန်းလာတဲ့အခါ မျိုးဆက်သစ် မျိုးဆက်ဟောင်းကိစ္စ ပေါ်လာတယ်လို့ ယူဆရပါတယ်။ စစ်တက္ကသိုလ်ကနေ ဆင်းလာတဲ့ အသစ်စက်စက် - သွေးသစ်လောင်း စစ်ဗိုလ်နဲ့ မျိုးဆက်ဟောင်းထဲ တဖြည်းဖြည်း ရောက်လာတဲ့ ဗိုလ်မှူး၊ ဗိုလ်ချုပ်တွေပါ။ အသစ်လာရင် အဟောင်းက ဖယ်ပေးရရိုး ထုံးစံ ရှိပါတယ်။ ဒါ့အပြင် လက်နက်အားဖြင့် တရားဝင် အကြမ်းဖက်ခွင့်ကို ရရှိထားတဲ့ လက်နက်ကိုင်တပ်တွေမှာ၊ “မတစ်ထောင်သား”တွေကို အုပ်ချုပ် ကွပ်ကဲရတာဖြစ်လို့၊ အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ မြန်မာစစ်တပ်ဟာ - နိုင်ငံ့ရဲ့ အုပ်ချုပ်ရေးကို လက်နက်မိုးပြီး ရယူထားတာကြောင့် ခေတ်နဲ့အညီ လိုက်ပါ စီးမျောနိုင်ဖို့လည်း လိုနေပါတယ်။ ဒါ့ကြောင့် စစ်တပ်ထဲက သွေးဟောင်းတွေကို အညင်သာဆုံးနည်းနဲ့ ဘယ်လိုမျိုး ဖောက်ထုတ်အသွင်ပြောင်းမလဲ ဆိုတဲ့ စဉ်းစားချက် ရှိလာရပါတယ်။
⦿ တပ်ဒေါက်တိုင် အလို့ငှာ
တဖက်မှာလည်း စစ်မှုထမ်းဟောင်းတွေကို သမာရိုးကျအတိုင်းပဲ၊ အငြိမ်းစားပေးလိုက်တယ်ဆိုရင် တစ်ဖက်မှာ လုပ်အားတွေ ပြုန်းတီးတာ၊ တပ်ထောက်ခံရေးအင်အားစုအတွက် အမာခံအဖြစ် မကျန်ခဲ့မှာလည်း စိုးရိမ်စရာ ရှိလာပါတယ်။ ဒါ့အပြင် တပ်အဝန်းအဝိုင်းနဲ့အပတ်အသက် ထိစပ်ထားပြီး၊ တပ်ရဲ့ အာဏာတည်မြဲရေးအတွက် ဒေါက်တိုင်ဖြစ်နေဖို့အတွက် စစ်ဘက်ဟောင်း အရာရှိတွေက တာဝန်ယူဖို့လည်း လိုနေပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ - အရပ်ဘက် ဗျူရိုကရေစီယန္တရားထဲကို အရပ်ဝတ်ပြောင်း စစ်ဗိုလ်တွေကို ထိုးသွင်းပြီး တပ်ဘောင်ကို ချဲ့ဖို့၊ စစ်ဘောင်ကို ချဲ့ဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရပါတယ်။
⦿ မျက်နှာကျက်စိမ်း
၁၉၈၈ နောက်ပိုင်း၊ ကနဦးကာလတွေမှာတော့ တိုင်းပြည်ရဲ့ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးနဲ့ စစ်အုပ်ချုပ်ရေးအလို့ငှာ ဗျူရိုကရေစီယန္တရားထဲ စစ်မျက်နှာကျက်တွေ တပ်လိုက်တာပါပဲ။ သို့သော်လည်း နအဖအစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်းမှာတော့ - စစ်တက္ကသိုလ်ဆင်း စစ်ဗိုလ်သွေးသစ် အရေအတွက်က ပို၍ ပို၍ များလာတယ်။ မျိုးဆက်ဟောင်းနေရာမှာ မျိုးဆက်သစ်ကို အစားထိုးရတော့မယ်။ မျိုးဆက်ဟောင်းနေရာမှာ မျိုးဆက်သစ်ကို အစားထိုးဖို့က လွယ်ပေမယ့်၊ စစ်တပ်ထဲမှာ မျိုးဆက်ဟောင်းကို ဖယ်ဖို့ကတော့ ခက်တယ်။ ဒီတော့ ဘယ်လို ဖယ်မလဲ။ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားပေးလိုက်တဲ့ သမားရိုးကျ နည်းနဲ့ မရနိုင်တော့ပါဘူး။ သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားပေးလိုက်တဲ့အခါမှာလည်း၊ အငြိမ်းစား စစ်ဗိုလ်ဟောင်းဟာ - တပ်ကို အကျိုးပြုဖို့ လိုနေပြန်ပါတယ်။ စစ်မှုထမ်းဟောင်းအဖွဲ့တွေရယ်လို့ ဖွဲ့ပြီး၊ ထောက်လှမ်းရေးအဖွဲ့အစည်းလိုလို - ရပ်ရွာ ရပ်မိရပ်ဖလိုလို ရပ်တည်ခိုင်းလိုက်ခြင်းကလည်း တပ်အတွက် သိပ်အင်အားမဖြစ်ပါဘူး။ ဒီတော့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေ စိတ်မလေအောင် ဘယ်လိုကွင်းပြင်ထဲ မောင်းထဲ အသုံးချမလဲ။
⦿ ကြံ့ခိုင်ရေးပါတီ၏ အခန်းကဏ္ဍ

ကြံ့ခိုင်ရေးပါတီဟာ - မြန်မာစစ်တပ်ရဲ့ Proxy party တစ်ခုထက် ပိုပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ပိုင် နိုင်ငံရေးပါတီတစ်ခုထက်လည်း ပိုလွန်ပါတယ်။ ကြံ့ခိုင်ရေးပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ဖန်တီးထားတဲ့ သာမန်နိုင်ငံရေးပါတီတစ်ခုထက် ပိုလာတယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ တဖြည်းဖြည်းနဲ့ တပ်အင်စတီကျူးရှင်းအတွက် အရပ်ဘက်လုပ်ငန်းကိုင်ငန်းတွေကို ဝင်လုပ်ပေးရတဲ့ အင်စတီကျူးရှင်းတစ်ခုလို ဖြစ်လာနေပါတယ်။ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးအာဏာကို - တပ်ထဲကနေ နိုင်ငံရေးနယ်ထဲကို လွှဲပြောင်းပေးနိုင်ဖို့အတွက် ကြံ့ခိုင်ရေးပါတီဟာ transition mechanism တစ်ခုဖြစ်လာပါတယ်။ ဒါ့အပြင် မျိုးဆက်အလိုက် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို နေရာချထား၊ စီမံခန့်ခွဲဖို့အတွက် အသုံးတည့်လာတဲ့ အခန်းကဏ္ဍမှာ၊ ကြံ့ခိုင်ရေးပါတီက ရောက်လာပါတယ်။ စစ်တပ်ထဲမှာ သွေးသစ်နဲ့ အစားထိုးပြီး၊ သွေးဟောင်းတွေကို နိုင်ငံရေးပါတီထဲ ပို့ပြီး၊ စစ်တပ်ရဲ့ အုပ်ထိန်းမှု ဩဇာကို နိုင်ငံရေးနယ်ထဲ ရွှေ့ပြောင်းဖို့ အသုံးချလာတဲ့ပုံစံ ဖြစ်လာပါတယ်။ ဒါ့အပြင် စစ်သားတွေကို ကျည်တွေ၊ လက်နက်တွေနဲ့ပဲ၊ မကစားစေဘဲနဲ့ စကားလုံး / ဝေါဟာရတွေနဲ့ အကျွမ်းတဝင် ကစားတတ်အောင် လေ့ကျင့်ပေးတဲ့ ကစားကွင်းအဖြစ်၊ ကြံ့ခိုင်ရေးပါတီက ပုံပေါ်လာပါတယ်။
⦿ အခြေခံ ယူဆချက် (၃) ရပ်
ဒါ့ကြောင့် ကြံ့ခိုင်ရေးပါတီကို သရုပ်ခွဲ စိစစ်တဲ့အခါမှာ အခြေခံ အချက် (၃) ချက်ပေါ်လာပါတယ်။
အဲဒါတွေကတော့ ….
• (၁) ကြံ့ခိုင်ရေးပါတီကို [Elite transition mechanism] အဖြစ် တွေ့ရတယ်။
• (၂) ကြံ့ခိုင်ရေးပါတီကို [Elite recycling mechanism] အဖြစ်လည်း တွေ့ရတယ်။
• (၃) ကြံ့ခိုင်ရေးပါတီကို [Political learning mechanism] အဖြစ် တွေ့ရတယ်။
⦿ အယူအဆ (၁) ။ ။
ကြံ့ခိုင်ရေးပါတီကို [Elite transition mechanism] အဖြစ် ယူဆရခြင်း အကြောင်းရှိပါတယ်။ တနည်းအားဖြင့် ဒီနေရာမှာ [transition] ဆိုတဲ့ အသုံးအနှုန်းကို မသုံးချင်လည်း၊ [reallocation] လို့ ခေါ်ရင်လည်း ရနိုင်ပါတယ်။ တည်ဆဲ စစ်ဗိုလ်အီလစ်တွေကို၊ အရပ်သားနိုင်ငံရေးအီလစ်တွေအဖြစ် နေရာပြန်လည် ချထားပေးတဲ့ ဖြစ်စဉ် တစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ ဒီနေရာမှာ မြန်မာစစ်တပ်ဟာ ကြံ့ခိုင်ရေးပါတီကို “မျိုးဆက်အလိုက် ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို နေရာချထားဖို့ ကွင်းပြင်တစ်ခုလို အသုံးချလာတာ၊ တနည်းအားဖြင့်၊ မျိုးဆက်ဟောင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကို (ကလန်ကဆန် မပြုစေဘဲ) ညင်သာ သိမ်မွေ့စွာ စီမံခန့်ခွဲဖို့အတွက်၊ ကြံ့ခိုင်ရေးပါတီဟာ မြန်မာစစ်တပ်အတွက် အသုံးတည့်လာတာလို့ ယူဆနိုင်ပါတယ်။ တာဝန်ထမ်းဆောင်ဆဲ ၊ တည်ဆဲ စစ်ဗိုလ်ချုပ်တွေအနေနဲ့ တပ်ထဲက ထွက်ရင် - ဘုန်းကြီးလူထွက်ဖြစ်သလို၊ လောကီအရေးကိစ္စတွေနဲ့ အပ်အပ်စပ်စပ် မဖြစ်တာ၊ အံ့မဝင်တာ၊ ဗုံမဝင် ဆုံမဝင်ဖြစ်လာတာကို ကြုံရတတ်လေ့ရှိပါတယ်။ တစ်သက်လုံး စစ်တပ်ထဲမှာ သေနတ်ကိုင်ပြီး စစ်မှုထမ်းလုပ်လာတော့ - အရပ်ဘက်မှာ ဘယ်လို ဝင်ဆန့်နေထိုင်ရမလဲဆိုတာ - အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ များသောအားဖြင့် ကြုံရလေ့ရှိတဲ့ လက္ခဏာပါ။ ဒါကို အထိုက်အသင့်အားဖြင့် နေရာချထားစီမံခန့်ခွဲနိုင်ဖို့အတွက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်ကျေးရွာအလိုက်၊ တိုင်းအလိုက် / ပြည်အလိုက် ဖြန့်ခွဲတည်ရှိနေတဲ့ ကြံ့ခိုင်ရေးပါတီဟာ ကွင်းပြင်တစ်ခုဖြစ်လာပါတယ်။
တစ်ဖက်မှာလည်း ပါတီကနေ တစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အပါအဝင် ပြည်ထောင်စုလွှတ်တော်၊ အစိုးရအဖွဲ့၊ ဝန်ကြီးအဖွဲ့နဲ့ ပါတီခေါင်းဆောင်မှုနေရာတွေမှာ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေ ပါဝင် ခြေဆန့်ခွင့်ရတဲ့ အခွင့်အလမ်း ရှိတာမို့၊ တပ်ထဲမှာ အနားပေးခံလိုက်ရပေမယ့် တခြားနေရာမှာလည်း အသုံးဝင်သေးတယ်ဆိုတဲ့ စိတ်ခံစားမှု ရရှိတာမို့၊ တပ်ထွက် စစ်မှုထမ်းဟောင်း စစ်ဗိုလ်ချုပ်တွေ စိတ်လေလွင့်စရာ အကြောင်းသိပ်မရှိတော့ပါဘူး။ အရပ်ဘက်မှာလည်း လုပ်စရာတွေ ရှိနေတယ်၊ အရပ်ဘက်မှာလည်း ကန်စရာ ကွင်းရှိနေပါတယ်။ ဒါ့ကြောင့် တစ်ဖက်မှာလည်း အနားပေးခံလိုက်ရတဲ့ မျိုးဆက်ဟောင်း စစ်ဗိုလ်တွေအတွက် - ပျားရည်နဲ့ ဝမ်းချခံရသလို၊ ကျေသပ်ရင်သပ်နဲ့ အနားပေးခံရလို ဖြစ်လို့ ခုသာခံသာရှိတယ်လို့ ဆိုနိုင်ပါတယ်။
⦿ အယူအဆ (၂) ။ ။
ကြံ့ခိုင်ရေးပါတီကို [Elite recycling mechanism] အဖြစ် ယူဆရတဲ့ အကြောင်းရင်း ရှိပါတယ်။ အဲဒါကတော့ - စစ်မှုထမ်းဟောင်းတွေကလည်း စစ်တပ်ထဲမှာ မရှိတော့ပေမယ့်၊ တစ်ဖက်တစ်လမ်းကနေ စစ်တပ်ကို အကျိုးပြုနေဖို့ ဖြစ်ပါတယ်။ အဲသည့်လို တပ်အတွက် အကျိုးဖြစ်ဖို့ ဆိုရင် - တည်ဆဲ စစ်တပ်အီလစ်အလွှာကို ဖွဲ့စည်းပုံတစ်ခုထဲ ထည့်လိုက်ပြီး၊ ကွန်ယက်ဖြန့်ကျက် တည်ဆောက် - ခွဲဖြန့်ထားဖို့ လိုပါတယ်။ အဲသည့်အတွက် အရပ်ဘက် နိုင်ငံရေးအခင်းအကျင်းမှာ ခြေဆန့် တာဝန်ပေးထားလိုက်ခြင်းအားဖြင့်၊ တစ်ဖက်တစ်လမ်းကနေ စစ်တပ်ရဲ့ အကျိုးစီးပွားကို အထောက်အကူဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ တစ်ဖက်က ကြည့်ရင်လည်း၊ တစ်သက်လုံး မြန်မာ့တပ်မတော်ထဲမှာ စစ်သားလုပ်လာတဲ့သူဟာ - တစ်စုံတစ်ရာအားဖြင့် မျိုးချစ်စိတ်၊ အမျိုးသားရေးစိတ် ရှိတယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူများအပိုင်းမှာ ပါတဲ့ “အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ” ဆိုတဲ့ ကိစ္စမှာ၊ စစ်ယူနီဖောင်းချွတ် စစ်သားဟောင်းကြီးတွေ ကြောင်းကျိုးညီညီ ပါဝင်ဆင်နွှဲနိုင်မယ့် အခြေခံ အိုင်ဒီယော်လိုဂျီတစ်ခုဖြစ်လာပါတယ်။ မြန်မာစစ်တပ် ကိုယ်၌က မြန်မာအမျိုးသားရေးဝါဒကို အခြေခံပြီး တည်ဆောက်ထားတာဖြစ်တာကြောင့်၊ အမျိုးသားရေးစိတ်နဲ့ နိုင်ငံ့အရေးအရာတွေမှာ ဝင်ရောက်ပါဝင်ဖို့အတွက် ခိုင်မာတဲ့ လော့ဂျစ်ဖြစ်လာပါတယ်။ စစ်တပ်က အနားယူလိုက်ပေမယ့်၊ အရပ်ဘက်မှာလည်း ထိုက်သင့်တဲ့ ဂုဏ်ပုဒ်တပ်နိုင်တဲ့ လူမှုဂုဏ်ဒြပ်တစ်ခုဖြစ်လို့ - အရပ်ဘက်ပြောင်း စစ်ဗိုလ်ဟာ - အထိုက်အသင့် ကျေနပ်နိုင်စရာ ရှိပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း စစ်ယူနီဖောင်းဝတ်မထားသော စစ်တပ်ကလူတွေနဲ့ လူ့အဖွဲ့အစည်းကို အုပ်စီးထားဖို့၊ မြန်မာစစ်တပ်က အခွင့်အလမ်း ကျယ်လာပါတယ်။
• တပ်ရဲ့ ဩဇာကို ဖြန့်ကျက်ဖို့၊
• တပ်ထောက်ခံရေးအင်အားစုကို ချဲ့ထွင်ဖို့၊
• တပ်အုပ်ချုပ်ရေးကို လက်ခံနေစေဖို့၊
• တပ်ရဲ့ အုပ်ထိန်းသူ အယူအဆကို လက်တွေ့ကျင့်သုံးဖို့၊
• တပ်ဟာ အမျိုးသားနိုင်ငံရေးမှာ ဆက်လက်ပါဝင်ဖို့၊
• တပ်ဟာ အုပ်ချုပ်သူလူတန်းစားအလွှာမှာ ဆက်ရှိနေဖို့၊
• တပ်ရဲ့ ဩဇာတိက္ကမဟာ လူ့အဖွဲ့အစည်းထံ အခြေအမြစ်ကနေ သက်ရောက်ဖို့…
ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့၊ မြန်မာစစ်တပ်ဟာ တဖြည်းဖြည်း နယ်ချဲ့လာတာတွေ့ရပါတယ်။ ဒါဟာ တစ်ဖက်က ကြည့်ရင်၊ မြန်မာပြည်အနေနဲ့ ဘယ်လိုမျိုး စစ်ဘောင်အတွင်းကို သွတ်သွင်းတည်ဆောက်ခံထားရတယ်ဆိုတာကို စနစ်ပိုင်းအရ လေ့လာနိုင်မယ့် ပုံစံတစ်ခုလည်းဖြစ်နိုင်ပါတယ်။
⦿ အယူအဆ (၃) ။ ။
ကြံ့ခိုင်ရေးပါတီကို [Political learning mechanism] အဖြစ် ယူဆရခြင်း အကြောင်းရင်း ရှိပါတယ်။ ကျနော့်ကို ရှစ်လေးလုံး လူထုဒီမိုကရေစီလှုပ်ရှားမှုကာလအတွင်းမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ဦးက ပြောခဲ့ဖူးပါတယ်။ အဲဒါကတော့ မြန်မာပြည်ဟာ “စစ်သားတွေက နိုင်ငံရေးသမား လုပ်ပြီး၊ နိုင်ငံရေးသမားတွေက စစ်သား လုပ်နေကြတယ်” လို့ ပြောခဲ့ဖူးပါတယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ၊ နိုင်ငံရေးသမားတွေ စစ်သားလုပ်လာတဲ့ အခင်းအကျင်းကို အကျယ်ပြန့်ဆုံးတွေ့ရပါတယ်။ အရပ်ဘက်နိုင်ငံရေးသမားတွေဟာ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ပြီး၊ စစ်သား လုပ်တာ၊ စစ်ခေါင်းဆောင် လုပ်လာကြတာပါ။ တစ်ဖက်မှာလည်း မြန်မာစစ်တပ်ထဲက စစ်ဗိုလ်တွေ၊ စစ်ခေါင်းဆောင်တွေက နိုင်ငံရေးသမား အလုပ်တွေကို တိုးချဲ့ လုပ်လာကြတာတွေ့ရပါတယ်။
၂၀၁၀ နောက်ပိုင်း အခင်းအကျင်းမှာ စစ်သားတွေ နိုင်ငံရေးလုပ်လာကြောင်း တဖြည်းဖြည်းနဲ့ ပိုမိုသိသာနေပါတယ်။ စစ်သားတွေ နိုင်ငံရေးလုပ်ဖို့၊ စစ်ဗိုလ်တွေ နိုင်ငံရေးလုပ်ဖို့အတွက် - ကစားရမယ့် Play ground ကတော့ ကြံ့ခိုင်ရေးပါတီပဲဖြစ်ပါတယ်။ စစ်သားတွေဟာ လက်နက်နဲ့၊ ကျည်ဆန်နဲ့ အကျွမ်းတဝင်ဖြစ်လာရာကနေ - စကားလုံးတွေ၊ ဒိုင်ယာလော့ခ်တွေ၊ ဆွေးနွေးငြင်းခုန်မှုတွေနဲ့ အကျွမ်းတဝင်ဖြစ်လာပါတယ်။ စစ်သားဘဝမှာ သေနတ်ကို ကျင်လည်စွာ အသုံးချနိုင်သလောက်၊ နိုင်ငံရေးကွင်းပြင်ထဲမှာ စကားလုံးတွေကို ကျင်လည်စွာ အသုံးချနိုင်လာကြပါတယ်။ စစ်သားတွေရဲ့ စွမ်းရည်ကို အမာကနေ အနုဆီကို ကူးပြောင်းပြီး ပြောင်းလဲ သင်ယူခိုင်းဖို့ ကြံ့ခိုင်ရေးပါတီနဲ့ လွှတ်တော်အခင်းအကျင်းဟာ - ကျယ်ပြန့်တဲ့လေ့ကျင့်ကွင်းဖြစ်လာတာပါ။
တပ်ထဲမှာ တစ်သွေး-တစ်သံ-တစ်မိန့်နဲ့ လိုက်ပါ လုပ်ဆောင်ကြရတယ်။ အထွန့်တက်ခွင့် မရှိဘူး။ ပြန်လှန် ငြင်းခုန်ဖို့ အခွင့်မရှိဘူး။ အထက်အမိန့်နဲ့ အသက်ရှင်ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့၊ တပ်ထဲမှာ ဒိုင်ယာလော့ခ်ယဉ်ကျေးမှု မရှိဘူး။ စကားလုံးတွေကို တိတိကျကျ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းပဲ သုံးခွင့် ရှိတယ်။ စကားလုံးတွေကို ဆင်တူကြောင်းကွဲ၊ အရောင်စုံ၊ အနက်စုံအောင် သိုင်းဝိုင်းသုံးစွဲလို့ မရဘူး။ နိုင်ငံရေးပါတီနဲ့ လွှတ်တော်အခင်းအကျင်းကတော့ - စကားလုံးတွေနဲ့ အလုပ်လုပ်ကြရတာပါ။ အချင်းချင်း တိုင်ပင်လို့ ရတယ်၊ နှီးနှောခွင့် ရှိတယ်။ ဆွေးနွေးလို့ ရတယ်၊ ငြင်းခုန်ခွင့် ရှိတယ်။ ပြန်လှန် မေးခွန်းထုတ်လို့ ရတယ်။ မိမိအယူအဆ ရှုဒေါင့်ကို တင်ပြလို့ ရတယ်။ စစ်တပ်ထဲက အမိန့်ပေးဓလေ့ဟာ နိုင်ငံရေးပါတီထဲမှာတော့ ဆွေးနွေးတိုင်ပင်တဲ့ဓလေ့အဖြစ် အသွင်ပြောင်းလာပါတယ်။
စစ်သားတွေဟာ - တစ်သွေး၊ တစ်သံ၊ တစ်မိန့် - ယဉ်ကျေးမှုထဲကနေ ဝိုင်းဝန်း ဆွေးနွေးအဖြေထုတ်လို့ ရတဲ့ ဒိုင်ယာလော့ခ် ယဉ်ကျေးမှုထဲကို ဝင်လာကြတာပါ။ စစ်သားတွေဟာ ဘယ်လောက်အထိ ဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကို ယုံကြည်ကြသလဲဆိုတာကတော့ - ပုံသေပုံမ - ပြောလို့ မရနိုင်ပါ။ သို့သော်လည်း ညှိနှိုင်းတာ၊ ဆွေးနွေးတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ရွေးကောက်တာ၊ စုဖွဲ့တာ၊ သိုင်းဝိုင်းလှုပ်ရှားတာ --- ဆိုတဲ့ နိုင်ငံရေးအမူအကျင့်တွေကို ထိတွေ့လာကြပါတယ်။ ဒါဟာ တဖက်က ကြည့်ရင် political socialization အဖြစ် စစ်သားတွေကို ထိတွေ့ လေ့ကျင့်ပေးနေတဲ့ အနေအထားမျိုးပါ။
⦿ ကောက်ချက်။

စစ်တပ်ဟာ ဒါတွေ လုပ်နေပြီလို့၊ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ ဒါ့အပြင် “စစ်တပ်ဟာ ဒါတွေ လုပ်နေတယ်” လို့၊ ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း တင်ပြချင်ပါတယ်။ မြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ မြန်မာ့စစ်ရေးအခင်းအကျင်းကို ကြည့်ရင် “သူ့သဘော သူဆောင်နေတဲ့ အခြင်းအရာ” တွေကို ဒုလိုက်ဒေးလိုက် တွေ့နေရပါတယ်။ သူ့အလုပ် သူလုပ်၊ ကိုယ့်အလုပ် ကိုယ်လုပ်နေပြီး - သူ့သဘော၊ သူဆောင််၊ ကိုယ့်သဘော ကိုယ်ဆောင်နေကြတာဖြစ်ပါတယ်။ အားလုံးဟာ - ကိုယ့်အုပ်စုနဲ့ ကိုယ့်ဘာသာ၊ ကိုယ်လုပ်စရာရှိတာတွေ၊ ကိုယ်လုပ်ရမယ့်အလုပ်တွေကို ကိုယ့်ဘာသာ လုပ်နေကြပါတယ်။
မြန်မာပြည်မှာ တံတိုင်းတွေကို ဖြိုဖို့ ခက်ပါတယ်။ တံတားတွေကို ထိုးဖို့ ခက်ပါတယ်။ မြန်မာစစ်တပ်ဟာ ကြံ့ခိုင်ရေးပါတီနဲ့ ဤသို့ ဤပုံ အပြန်အလှန် ကျေးဇူးပြု ထောက်ပံ့မှီတည်နေတာဟာ - လိုရင်း မျှော်ရည်ချက် ရှိပါတယ်။ အဲဒါကတော့ - ၂၀၅၀ လောက်အထိ မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးပြင်ဆင်မှုပါ။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီရဲ့ နှစ်ရှည်စီမံကိန်းတစ်ခုဖြစ်တဲ့ ၂၀၅၀ ခုနှစ်လောက်အထိ၊ ruling party အဖြစ် လျှောက်လှမ်းတည်ဆောက်နေတဲ့ ခြေလှမ်းတွေဖြစ်ပါတယ်။
ဒီလျှောက်လမ်းတွေကို လှမ်းတဲ့အခါ၊ မြန်မာစစ်တပ်ဟာ - သမားရိုးကျအတိုင်း လက်နက်နဲ့ အုပ်စီး ထိန်းချုပ်ပြီး၊ အုပ်ချုပ်ရေးအာဏာကို အတင်းအကျပ် ဆုပ်ကိုင်ထားတာထက် - ရာဇပရိယာယ်ကို သုံးပြီး နိုင်ငံရေးနည်းအားဖြင့် တိုင်းပြည်ကို တစ်ဖက်ကနေ ထိန်းချုပ် ကွပ်ကဲနိုင်အောင် ကြံဆောင်နေခြင်းဖြစ်ကြောင်း၊ နားလည်သဘောပေါက်ကြဖို့ တင်ပြလိုက်ရပါတယ် ခင်ဗျား…
မင်းသေ့
၂၃ ၊ စက်တင်ဘာ၊ ၂၀၂၆

သိပ်မကြာခင်က၊ ကျနော် လေးစားရသော စာရေးဆရာ ၊ ပညာရှင် (ဆရာ) ကျော်ဦးက "စာရေးဆရာ တစ်ယောက်မှာ၊ ဖြတ်သန်းမှု အတွေ့အကြုံဟာ အင်မတန် အရေးပါကြောင်း" မှတ်ချက်ပေးတာ၊ ရေးတာတွေ့ရပါတယ်။
ကျနော်က ဒီစာမှာ၊ အဲသည့်အကြောင်း ဆက်စပ် ဆွေးနွေးချင်ပါတယ်။
၁။ ကျနော် ဆယ်ကျော်သက်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ၊ စာဂျပိုး အရူးအမူးဖြစ်ချိန်တုန်းက အတွေ့အကြုံနဲ့ ဖြတ်သန်းမှုကိစ္စကို သိပ်ကြီးကြီးမားမား ခေါင်းထဲ မထည့်ခဲ့ပါဘူး။ လေ့လာမှု ကျကျနန ဖြစ်ရေး၊ ဆည်းပူးမှု တစိုက်မတ်မတ် ရှိရေးနဲ့ စူးစမ်းမှု စွဲစွဲမြဲမြဲ ရှိစေရေးတို့ကိုသာ အဓိက ဇောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အသက် ၂၁ နှစ်၊ တက္ကသိုလ်ကျောင်းကနေ ဘွဲ့ရပြီး၊ တကယ့်လောကထဲကို ခြေစုံရပ် တိုးဝင်ချိန်မှာတော့ - ဖြတ်သန်းမှု အတွေ့အကြုံဆိုတာ အင်မတန်မှ တန်ဖိုးကြီးကြောင်း ပိုနားလည်လာရပါတယ်။ အထူးသဖြင့် စာရေးဆရာ ဖြစ်ဖို့၊ ပြင်းပြတဲ့ ရည်ရွယ်ချက်နဲ့ စာတွေ လေ့ကျင့်ရေးခဲ့ချိန်မှာ - အတွေ့အကြုံဖြတ်သန်းမှု ရှိပြီး ရေးတဲ့ စာနဲ့ အတွေ့အကြုံ ဖြတ်သန်းမှု မရှိဘဲ "သညာသိ"လောက်နဲ့ ရေးတဲ့ စာဟာ အင်မတန် ကွာခြားကြောင်း ပိုပြီး နားလည်လာရပါတယ်။ ဒါ့အပြင် အတွေ့အကြုံလို့ ပြောရင်တောင်မှ၊ သမားရိုးကျ ကြုံရိုးတွေ့စဉ် ဖြတ်သန်းမှုမျိုးနဲ့ ကြမ်းတမ်းကျပ်တည်းတဲ့ ခရီးကြမ်းကို ဖြတ်လျှောက်ခဲ့ရတဲ့ အတွေ့အကြုံတွေမှာတောင်မှ မတူခြားနားကြောင်း ပိုပြီး နားလည်လာရပါတယ်။ တက္ကသိုလ်ကျောင်းပြီးစဉ် အရွယ်မှာကတည်းက၊ နိုင်ငံရေးဖြစ်စဉ်ထဲကို တိုးဝင်ဖြတ်သန်းခဲ့တဲ့ ကျနော့်အဖို့ သာမန်တည်ငြိမ်မှုရှိတုန်းက ဖြတ်သန်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ရှေ့ပိုင်း ကာလတွေနဲ့ ခပ်ကြမ်းကြမ်း အကဲဆတ်ဆတ် အန္တရာယ်ကြီးကြီး ဖြတ်သန်းခဲ့ရတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ကာလတွေတောင် မတူခြားနားမှု ကြီးစွာ ရှိတယ်လို့ နားလည်လာပါတယ်။ သာမန် သမားရိုးကျ ဖြစ်စဉ်ထဲ ဖြတ်တဲ့ အတွေ့အကြုံမျိုးမှာ နှစ်ကာလ ဆယ်နဲ့ချီ ကြုံတာနဲ့၊ ခပ်ကြမ်းကြမ်း ကာလတွေကို ဖြတ်တဲ့ တစ်နှစ်၊ နှစ်နှစ်ကာလဟာ အတော်ကြီး ခြားနားသိသာတယ်လို့ ယူဆရပါတယ်။ ကျနော် ဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံတွေဟာ - ၂၀၂၁ ခုနှစ် ဖြတ်သန်းမှုကို ကြုံခဲ့ပြီးမှ၊ ပိုပြီး အင်္ဂါရပ် စုံလာတယ်လို့ ခံစားလာရပါတယ်။ အတွေ့အကြုံဖြတ်သန်းမှုဆိုတာကလည်း - စူးစိုက်စွာ လေ့လာအားထုတ်မှုလိုပဲ အင်မတန်မှ တန်ဖိုးကြီးတဲ့ အခြင်းအရာလို့ ကျနော် တဖြည်းဖြည်းနားလည်လာပါတယ်။ သိမှုဟာ တွေ့ကြုံဖြတ်သန်းတဲ့ လက်တွေ့မပါဘဲ၊ အပြည့်အဝ နားမလည်နိုင်ဘူးဆိုတာ ပိုသိလာပါတယ်။ ဗုဒ္ဓစာပေတွေထဲမှာ ခပ်များများ တွေ့ရလေ့ရှိတဲ့ "သညာသိ" နဲ့ "ပညာသိ" ကို၊ ပိုင်းပိုင်းခြားခြား နားလည်လာပါတယ်။
၂။ စာရေးဆရာတစ်ယောက်အဖို့၊ ဘဝဖြတ်သန်းမှု စုံလေလေ - ပိုကောင်းလေလေလို့ နားလည်လာပါတယ်။ ဆယ်ကျော်သက်အရွယ်တုန်းက အင်မတန် အားကျခဲ့ရတဲ့ *ဂျက်လန်ဒန် ဆိုရင်၊ ဆိုးတေ-ပေမိုက်-လေလွင့်ပြီး ဘဝစုံခဲ့တဲ့သူပါ။ သူဟာ ရုတ်တရက် စာပေလမ်းကြောင်းကြီးပေါ် ချိုးကွေ့ ဝင်လာပြီးနောက်ပိုင်း၊ သူ မရည်ရွယ်ဘဲ ဘဝပေးအခြေအနေအရ ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေဟာ စာပေထုတ်လုပ်မှုအတွက် ကြီးစွာသော အထောက်အပံ့ကို ပေးခဲ့ပါတယ်။ စာရေးဆရာ တစ်ယောက်မှာ၊ ဆိုးဝါးသော ဘဝရိုက်ခတ်ချက်တွေ ဖြစ်စေ၊ ညင်သာသောဘဝစည်းစိမ်တွေဖြစ်စေ - ဒါဟာ ဖြတ်သန်းမှု အတွေ့အကြုံတွေအဖြစ် တန်ဖိုးဝင်လာကြောင်း နားလည်လာပါတယ်။ တခါတရံလည်း ကျနော့် စိတ်ထဲမှာ တွေးမိတာတွေ ရှိပါတယ်။ တချို့သော အရာတွေဟာ သိဖို့ လေ့လာရတာထက်၊ သိဖို့ ဖြတ်သန်းတိုးဝင်လိုက်ကြရတာပဲ...လို့ ထင်ပါတယ်။ ဒါ့ကြောင့် ကျနော့်အနေနဲ့ စာရေးဆရာ တစ်ယောက်မှာ ဖြတ်သန်းမှု အတွေ့အကြုံတွေ များပြား၊ ကြီးရင့်လေလေ - စာပေအတွက် အထောက်အပံ့ကောင်းဖြစ်လေလေလို့ နားလည်လာပါတယ်။ တခါတရံ ကျနော်တို့ဟာ ကိုယ်မဖြတ်သန်းဖူးဘဲနဲ့ "ကြားဖူးနားဝနဲ့ ရေးလို့ကောင်းတဲ့ အရာတွေ" ရှိနိုင်ပေမယ့်၊ ဘဝအတွေးအခေါ်တွေနဲ့ပတ်သက်ပြီးဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ရင်ပဲ ဖြစ်ဖြစ်၊ လောကကြီးနဲ့ သက်ဆိုင်ရင်ပဲ ဖြစ်ဖြစ် - ဖတ်မှတ်လေ့လာမှုမျိုးလောက်နဲ့ မတင်းတိမ်ဘဲ၊ ကိုယ်တွေ့ ဖြတ်သန်း ကြုံကြိုက်လိုက်မှ၊ နဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ဖြတ်သန်းလိုက်မှ - ကောင်းကောင်းကြီး သဘောပေါက် နားလည်ပြီး၊ ရေးအားရှိသွားတယ် ဆိုတာ - လက်တွေ့ သိလာကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား....
မင်းသေ့
၂၅ ၊ စက်တင်ဘာ၊ ၂၀၂၆

❤11👍8