Min Zaw Lwin
9.43K subscribers
45.9K photos
6.52K videos
85 files
446 links
Download Telegram
မြန်မာ-လာအို တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

လာအိုနိုင်ငံသို ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲသည် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြိုရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို သွားရောက်လေ့လာခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို ရောက်ရှိစဉ် တက္ကသိုလ် နိုင်ငံရေးဌာနအကြီးအကဲ Major General Phanseng Bounphan က ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုခဲ့ကြပြီး တက္ကသိုလ်ဧည့်ခန်းမ၌ တက္ကသိုလ်၏ သမိုင်းကြောင်း၊ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးမှု၊ အာဆီယံနိုင်ငံအချိုနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

ထိုနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းခဲ့ပြီး မြန်မာ-လာအို တပ်မတော်နှစ်ရပ်အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေးတိုကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
#News
❤1
သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ပစ္စုပ္ပန်မျိုးဆက်တွင် တာဝန်ရှိကြောင်း နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့နံနက်ပိုင်းတွင် ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလှိုဏ်ဂူသိမ်တော်ကြီးနှင့် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေသို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက မိမိတို့နိုင်ငံ၏ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံများကို ဘိုးဘွားဘီဘင်များက တည်ဆောက်ထိန်းသိမ်းခဲ့ကြသကဲ့သို့အဆိုပါ သမိုင်းဝင်အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ပစ္စုပ္ပန်ကာလတွင် နေထိုင်ကြသည့် မိမိတိုမျိုးဆက်သစ်များတွင်လည်း တာဝန်ရှိကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။
#News
❤1
စာသင်ဆောင်များ တည်ဆောက်ရာတွင် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများအတွက် ဘေးကင်းလုံခြုံရေးကို ကြိုတင်ထည့်သွင်းတွက်ချက်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန်မှာကြား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ယနေ့မွန်းလွဲပိုင်းတွင် ခရီးစဉ်၌ လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များနယ်မြေအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံတော်သမ္မတက စာသင်ဆောင်များသည် လူအများအပြား စုဝေးအသုံးပြုကြသည့် အဆောက်အအုံများဖြစ်သဖြင့် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက ဘေးကင်းလုံခြုံစွာ ရွှေ့ပြောင်းနိုင်ရေး၊ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ အစီအမံများကို တည်ဆောက်ရေးလုပ်ငန်းများတွင် ကြိုတင်ထည့်သွင်းတွက်ချက် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါတယ်။
#News
❤1
ဒီပါဝလီပွဲတော်တွင် ဘာသာပေါင်းစုံ ချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ကြရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ရန်ကုန်မြိုရှိ အမျိုးသားဇာတ်ရုံ၌ ယနေ့ညနေက ကျင်းပသည့် ဟိန္ဒူဘာသာဝင်တို၏ ဒီပါဝလီပွဲတော်ဖွင့်ပွဲသို နိုင်ငံတော်သမ္မတ နှင့် ဇနီးတို တက်ရောက်ခဲ့ပြီး လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှု မတူကွဲပြားသူများအနေဖြင့် အပြန်အလှန်နားလည်လေးစားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက ဒီပါဝလီပွဲတော်သည် အမှောင်ကို အလင်းက အောင်နိုင်ခြင်း၊ မကောင်းမှုကို ကောင်းမှုက အောင်နိုင်ခြင်းတိုကို ကိုယ်စားပြုသည့် ပွဲတော်ဖြစ်ကြောင်း၊ အပြန်အလှန်ယုံကြည်မှု၊ သည်းခံခွင့်လွှတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတိုကို အခြေခံ၍ အတူတစ်ကွ စုပေါင်းနေထိုင်ကြရန် ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲတော်ကို မြန်မာ–အိန္ဒိယ ချစ်ကြည်ရေးအသင်း (MIFA) နှင့် မြန်မာနိုင်ငံရှိ ဟိန္ဒူမျိုးနွယ်စုများက ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးနှင့် ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးနှင့် လူမှုရေးအသင်းအဖွဲများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။
#News