MMsub Movie Ⓜ️
1.8K subscribers
601 photos
1 link
မြန်မာစာတန်းထိုး ဇာတ်ကားများ
Crd# all sub channel
Download Telegram
Forwarded from Url button maker
Fifty Shades Freed (2018)

Drama , Romance
IMDb: 4.6/10
**********
-
Forwarded from Url button maker
The Village (2004)

Drama , Mystery , Thriller
IMDb: 6.6/10
**********

အပြစ်ကင်းစင်မှုတွေနဲ့ ထုံမွှမ်းနေတဲ့ ချစ်စရာရွာလေး။ စကားပြောတာတောင် နူးနူးညံ့ညံ့နဲ့ ဂုဏ်တွေ ပကာသနတွေ ဘာမှမရှိတဲ့ရွာလေးပေါ့။ ဒီချစ်စရာရွာလေးမှာ သတ္တိ၊ဒေါသနဲ့ ရမ္မက်ကို ကိုယ်စားပြုနေတဲ့ အနီရောင်ကို အရောင်ဆိုးလို သတ်မှတ်ကြတယ်။ အနီရောင်ကို မြင်တာနဲ့ မြေမြှုပ်ပစ်ကြတယ်။ ဒီလိုလုပ်ရတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိနေပါသေးတယ်။ အနီဟာ သူတိုမပြောကြတဲ့ သတ္တဝါတွေကို ဆွဲဆောင်နိုင်လိုပါတဲ့။ ဒီလိုအေးချမ်းတဲ့ရွာလေးမှာ မကောင်းတဲ့ အချက်ဆိုလို သူတိုရွာဘေးက တောအုပ်ထဲက သူတိုမပြောကြတဲ့ သတ္တဝါတွေပဲရှိမယ်ထင်တယ်။ ရွာထဲက ကာလသားတွေမှာ သတ္တိပြစရာဆိုလို တောအုပ်ကို ကျောပေးပြီး အချိန်ဘယ်လောက်ကြာအောင် ရပ်နိုင်လဲဆိုတာကပဲ သူတိုအတွက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေတယ်။ ရွာလေးက အေးချမ်းတယ်ဆိုပေမဲ့ ဆေးဝါးအထောက်အပံ့မရှိ တခြားမြိုပြတွေနဲ့လည်း အဆက်အသွယ်မရှိလို ကုစရာဆေးဝါးမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ ရွာသူရွာသားတွေ ရှိနေတာပေါ့..
-
Forwarded from Url button maker
Flight (2021)

Action , Thriller
IMDb: 5.4/10
**********

ရန်ဗီးမနိုးသရားဟာ အိန္ဒိယရဲ့ နာမည်ကျော် လေယာဉ်တည်ဆောက်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Adityaraj Aviations ရဲ့ MD တစ်ယောက်ဖြစ်ပြီး လတ်တလောဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုတစ်ခုကြောင့် ကုမ္ပဏီဟာ ဘက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်မှုတွေ ကြုံနေရချိန်ဖြစ်ပါတယ်။ ဒီကိစ္စကို သူကိုယ်တိုင်စုံစမ်းမိချိန်မှာ ဈေးပေါပေါနဲ့ တင်သွင်းထားတဲ့အစိတ်အပိုင်းတွေကြောင့်ဆိုတာ သိရှိသွားပြီးနောက် သတင်းစာရှင်းလင်းပွဲအတွက် ကိုယ်ပိုင်လေယာဉ်နဲ့ ဒူဘိုင်းကိုထွက်လာခဲ့ပါတယ်။ လေယာဉ်ပေါ်ရောက်တဲ့ခဏ အရက်တစ်ခွက်နဲ့အတူ မှေးကနဲဖြစ်သွားပြီး သူပြန်နိုးလာတဲ့အချိန်မှာတော့ လေယာဉ်တစ်ခုလုံးဟာ ဖရိုဖရဲဖြစ်နေပြီး လေယာဉ်မယ်လေးနှစ်ယောက် သေဆုံးနေတာကို တွေ့လိုက်ရတဲ့အပြင်၊ ပြင်ပကမ္ဘာလောကကြီး တစ်ခုလုံးနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေပြီးတော့ လေယာဉ်ဟာ မောင်းသူမရှိပဲပျံသန်းနေတာကို တွေ့လိုက်ရတဲ့အခါ.. ဒီကိစ္စဟာ လေယာဉ်ပြန်ပေးမှုလား၊ ဒါမှမဟုတ် တစ်စုံတစ်ဦးက သူ့အပေါ်မလိုမုန်းထားမှုနဲ့ အကောက်ကြံခဲ့တာဖြစ်မလား..
-
Forwarded from Url button maker
Hero (2002)

Action , Adventure , Drama
IMDb: 7.9/10
**********

ဒီဇာတ်လမ်းမှာ ချင်မင်းဆက်ကို တည်ထောင်တဲ့ Qin Shi Huang ရဲ့ ဆင့်ခေါ်မှုနဲ့ အမည်မရှိဓားသမား (သုည)ဟာ နန်းတွင်းကို ဝင်ရောက်ခစားခဲ့ပါတယ်။ နန်းတွင်းကို ဝင်ရောက်ပြီး ဘုရင်ကြီးနဲ့ စကားပြောခွင့်ရဖိုအတွက် သုညဟာ ဘုရင်ကြီးရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်နေတဲ့ လူစွမ်းကောင်းသုံးယောက်ကို နှိမ်နှင်းခဲ့ရတယ်လို ဆိုပါတယ်။ သာမန်လူဆိုရင် ခြေလှမ်းတရာအကွာလောက်မှာ နေရပေမယ့် သုညဟာ ဘုရင်ကြီးရဲ့ရန်သူတော်တွေကို သူဘယ်လိုနှိမ်နှင်းခဲ့တယ်ဆိုတာ ပြန်ပြောင်းပြောရင်း ဘုရင့်အနားကို တဖြည်းဖြည်းချင်း နီးကပ်ခွင့်ရခဲ့ပါတယ်။ ဒီအချိန်မှာ ဘုရင်ကြီးသိလာတာက သုညဟာလည်း သူ့ကိုလုပ်ကြံဖိုအတွက် အကွက်ချပြီး အနားကပ်ခွင့်ရအောင် ကြံခဲ့တယ်ဆိုတာပါပဲ။ ကယ်တော့ သုညဟာ ချင်ဘုရင်ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ ကျောက် (Zhao) နိုင်ငံသားတဦးဖြစ်ပြီး ချင်ဘုရင်ကို လက်စားချေခွင့်ရဖို စီမံကိန်းဆွဲကြံစည်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါကို ချင်ဘုရင်သိလိုက်တဲ့အချိန်မှာ သူ့အတွက် နောက်ကျနေပါပြီ.. သူ့ရဲ့သက်တော်စောင့်တပ်နဲ့ အလှမ်းဝေးပြီး သုညရဲ့ ဓားစွမ်းအရဆိုရင်..
-
Forwarded from Url button maker
She Devil (2014)

Comedy , Horror
IMDb: 5.4/10
**********

ဝမ် ဆိုတဲ့ကောင်လေးဟာ သူ့အမေပေးစားတဲ့ ကောင်မလေး ပလွိင်ဆိုတဲ့သူနဲ့ လက်ထပ်ခဲ့လိုက်ပါတယ်။ ကောင်မလေးကလဲချော ဝမ်ကလဲ နဂိုကမှလူရိုးသားလေးမို ချစ်ကျွမ်းဝင်သွားပြီး အစစအရာရာ ဂရုစိုက်ပေးပါတော့တယ်။ ဒါပေမဲ့ ဝမ် မသိလိုက်တာက သူ့ရဲ့မိန်းမဖြစ်တဲ့ ပလွိင်ဆီမှာ နက်နဲတဲ့လျှိဝှက်ချက်ကြီး ရှိနေတယ်ဆိုတာပါပဲ။ ဒါဟာ ဘာလဲဆိုတော့ ပလွိင်ရဲ့ကိုယ်ထဲမှာ တစ္ဆေသရဲတစ်ကောင်ဟာ ဝင်ရောက်ကပ်တွယ်နေတာပဲ ဖြစ်ပါတယ်။ ညညဆို ပလွိင်ရဲ့ကိုယ်ကိုအပိုင်စီးပြီးတော့ ဒီသရဲဟာ သောင်းကျန်းပါတော့တယ်။ ဒီပြဿနာကို ဝမ်ဟာ ဖြေရှင်းဖိုအတွက် ဘယ်လိုတွေနည်းလမ်းရှာမလဲ ကြုံလာတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ..
-
Forwarded from Url button maker
Noise (2025)

Horror , Thriller
IMDb: 5.8/10
**********

ဆောဂျူယောင်း နဲ့ ဆောဂျူဟီး တို ညီအစ်မနှစ်ယောက်ဟာ ကိုယ်ပိုင်တိုက်ခန်းလေး ဝယ်ယူနိုင်ခဲ့ပြီးနောက်မှာ အဲဒီတိုက်ခန်းလေးဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နေ့ကစပြီး တိုက်ခန်းတစ်နေရာကနေ အမည်မသိနိုင်တဲ့ ဆူညံသံတွေကို စတင်ကြားလာရပါတော့တယ်။ အဲဒီအချိန်မှာပဲ ညီမဖြစ်သူ ဂျူဟီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့အတွက် ဂျူယောင်းဟာ နယ်စက်ရုံလေးကနေ အလျင်စလိုပဲ တိုက်ခန်းဆီ ပြန်လာခဲ့ပြီး ဂျူဟီးရဲ့ချစ်သူ ဂီဟွန်း နဲ့အတူ ဂျူဟီးကို လိုက်ရှာတော့တာပေါ့။ တစ်ဖက်မှာလည်း ဆူညံသံတွေ အဆက်မပြတ်ကြားနေရတဲ့ အောက်ထပ်အိမ်က ဘတ်ဂွန်းဘယ် က အဲဒီဆူညံသံတွေက ဂျူယောင်းတို ညီအစ်မကြောင့်လိုထင်ပြီး သတ်မယ်လို ခြိမ်းခြောက်လာတဲ့အခါမှာတော့.. တကယ်ပဲ တိုက်ခန်းထဲက ဆူညံသံတွေရဲ့ အရင်းအမြစ်က ဘယ်ကလာတာဖြစ်မလဲ.. ဂျူဟီးကရော ဘာကြောင့် ပျောက်ဆုံးသွားတာဖြစ်မလဲဆိုတာ..
-
Forwarded from Url button maker
Satyameva Jayate (2018)

Action , Crime , Drama
IMDb: 5.7/10
**********

ဒီဇာတ်ကားထဲမှာ ရဲအရာရှိတွေကိုမှ မီးရှိသတ်တတ်တဲ့ လူသတ်သမားတစ်ဦးနဲ့ ရဲအရာရှိတစ်ဦးတိုကို တွေ့မြင်ရမှာပါ။ရဲအရာရှိ တော်တော်များများကို သဲလွန်စပေးပြီးသတ်တဲ့ လူသတ်သမားဟာဘာကြောင့်များ ခုလို သတ်ရတာလဲ.. ဒီအမှုကို ကိုင်တွယ်မယ့် ရဲအရာရှိဟာ လူသတ်သမားဆီက ဖုန်းခေါ်ဆိုမှုတစ်ခု ရရှိခဲ့ပါတယ်။ ရဲအရာရှိကို ယခုအမှုမှာ ဝင်မပါဖို တားမြစ်ခဲ့ပါတယ်။ တနေ့မှာတော့ လူသတ်သမားနဲ့ ရဲအရာရှိတို မျက်နှာချင်းဆိုင် တွေ့ခဲ့ကြပါတယ်။ လူသတ်သမားဘက်က သိနေပေမဲ့ ရဲအရာရှိကရော လူသတ်သမားဟာ ဘယ်သူဘယ်ဝါဆိုတာကို သိနေမလား.. ဘယ်သူက သားကောင်.. ဘယ်သူက မုဆိုးဖြစ်မလဲ.. ဘယ်သူက ခြေတစ်လှမ်းသာမလဲ.. ဘယ်သူက ခြေတစ်လှမ်း နောက်ကျမလဲ.. စသဖြင့် အပြိုင်အဆိုင် ယှဉ်ပြိုင်ရင်း လူသတ်မှုတွေ အများကြီး ဖြစ်ပြီးချိန်မှာတော့ လူသတ်သမားဟာ ဘယ်လိုအရာရှိမျိုးကိုမှ ရွေးချယ်သတ်တာလဲ.. သူ့သတ်ကွင်းထဲက ဘာဖြစ်လိုဒီစီပီကို ပ,ထုတ်ခဲ့တာလဲ.. ဘယ်လို အကြောင်းမျိုးတွေကြောင့်ခုလို ဆက်တိုက်သတ်နေရလဲဆိုတာ..
-
Forwarded from Url button maker
Satyameva Jayate 2 (2021)

Action , Crime , Drama
IMDb: 3.3/10
**********

လောကကြီးရဲ့ မတရားမှုတွေက ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ။ ယှဉ်ပြိုင်တိုက်ခိုက်ချင်တဲ့ ကိုယ်တွေက အောက်ခြေ‌မှာ။ မကောင်းဆိုးရွား လူ့ရေပေါ်ဆီ အတ္တသမားတွေက ဟိုးအမြင့်မှာ။ လူတွေလေးစားယုံကြည်တဲ့ တရားဥပဒေကရော သူတိုကို အပြစ်ပေးနိုင်မှာတဲ့လား။ သူတို ပရောဂနဲ့ သေဆုံးသွားရတဲ့ အပြစ်မဲ့လူသားတွေရဲ့ သွေးတွေထဲက တချွင်ချွင်ကျလာတဲ့ ငွေသားတွေကိုသုံး၊ အသားတွေထဲကထွက်လာတဲ့ ဆီဦးထောပက်တွေစား၊ အရေခွံကနေထွက်လာတဲ့ ကတ္တီပါမွေ့ယာပေါ်ကျောခင်းလို သူတိုပျော်နေကြပြီ။ ရပ်ကြည့်နေတဲ့ ခင်ဗျားက မခံချင်ဒေါသနဲ့ ဆတ်ဆတ်ခါနေတုန်းမှာ တရားဥပဒေက မြောင်းကြားထဲမှာ ရေပုတ်တွေအောက် စုံးစုံးမြုပ်ပြီး နင်းပြားရဲ့ လည်ပင်းကို တက်နင်းဖို အိပ်မက်မက်နေလေရဲ့။ဒါဆို ခင်ဗျားဘာလုပ်မလဲ။ လောကကြီးကို တိုင်တည်ပြီး ငိုကြွေးနေမလား။ စကားပြန်မပြောတတ်တဲ့ လောကကြီးကိုပဲ လက်ခလယ်ထောင်ပြပြီး တစ်ကိုယ်တော် စွန့်စားခန်းဖွင့်မလား။ ဒီဇာတ်ကားမှာတော့ လောကကြီးရဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်ရဲ့ လောကအမှိက်တွေကို ကိုယ်ပိုင်လက်နဲ့ တစ်စစီလိုက်ကောက်လို ရှင်းပစ်နေပုံတွေကို ကြည့်ရမှာပါ..
-
Forwarded from Url button maker
Badla (2019)

Crime , Drama , Mystery
IMDb: 7.7/10
**********

တစ်နှစ်တာ Focus Business Person ဆုကိုရရှိထားတဲ့ စီးပွားရေးလုပ်ငန်းရှင်နိုင်နာဟာ လတ်တလောမှာ လူသတ်မှုတစ်ခုအတွက်သံသယရှိရသူအဖြစ် အကျယ်ချုပ်နဲ့ စောင့်ကြည့်ခံထားရပါတယ်။ဖြစ်ရပ်ကဟိုတယ်အခန်းထဲမှာ သူရယ်၊ ပူနွေးနွေးသတ်ခံထားရတဲ့ အလောင်းတစ်ခုရယ်နဲ့အခန်းဟာ ပိတ်မိနေခဲ့ပါတယ်။ ဒါကို နိုင်နာက သူမသတ်ဘူးလို ငြင်းဆိုနေတယ်။ ဒီအတွက် သူ့ရှေ့နေ ဂျင်မီဟာ အရမ်းတော်တဲ့ ရှေ့နေ ဂု(ပ်)တာကို ငှားရမ်းခဲ့ပါတယ်။ ရှေ့နေ ဂု(ပ်)တာဟာ သိပ်ကို တော်တဲ့ ရှေ့နေတစ်ယောက်ပါ။ အမှုမှန်ကို ဖော်ထုတ်တဲ့ နေရာမှာ ကျွမ်းကျင်သူပေါ့။ နိုင်နာရဲ့ ထွက်ဆိုချက်အရ”သေဆုံးသူနဲ့ အာဂျွန်းနဲ့ သူနဲ့ကို ဟိုတယ်ကို ချိန်းဆိုပြီစောင့်ခိုင်းပါတယ်တဲ့။ ဒါပေမဲ့…ငွေကို လာရောက်မယူဘဲ စာတိုတစ်စောင်ကို ပိုခဲ့ပါတယ်။ ဒါဟာ ထောင်ချောက်တစ်ခုပဲ ဆိုတာ အာဂျွန်းသိနေတော့ ထွက်ပြေးဖိုကြိုးစားရာမှာနိုင်နာဟာ တစ်စုံတစ်ခုနဲ့ ဦးခေါင်းကို ကိုင်ဆောင့်ခံရပြီး သတိလစ်သွားခဲ့ပါတယ်။ ပြန်ပြီး သတိလည်လာတော့ အာဂျွန်းဟာ ငွေတွေကြားမှာသေဆုံးနေခဲ့ပါပြီ” တဲ့..
-
Forwarded from Url button maker
Han Gong-ju (2014)

Crime , Drama
IMDb: 7.2/10
**********

အထက်တန်းကျောင်းသူလေး ဟန်ဂုံးဂျူကတော့ ကျောင်းစာသင်နှစ်တစ်ဝက်မှာ trauma ရစရာကိစ္စတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ဖိအားပေးမှုကြောင့် ကျောင်းပြောင်းလိုက်ရတယ်။ နေရာအသစ်ကို ရောက်တဲ့အခါမှာလည်း ဟန်ဂုံးဂျူတစ်ယောက် trauma တွေကြောင့် သာမန်လိုနေဖို ခက်ခဲနေခဲ့ပေမဲ့ ကံကောင်းစွာနဲ့ သီချင်းဆိုတဲ့နေရာမှာ ပါရမီပါတဲ့ ဟန်ဂုံးဂျူကို ချဉ်းကပ်လာတဲ့ သူငယ်ချင်းအသစ်တွေ ရှိလာခဲ့တယ်။ ဒါပေမဲ့ သာမန်လူတစ်ယောက်လို နေဖိုကြိုးစားနေတဲ့ ဟန်ဂုံးဂျူဟာ တစ်ခါတစ်လေမှာတော့ ကြောက်စိတ်တွေ ပြန်လည်လွှမ်းမိုးလာတာမျိုး ဖြစ်နေတာကို တွေ့ရတယ်။ ဟန်ဂုံးဂျူတစ်ယောက် အရင်ကျောင်းမှာ ဘာတွေကြုံတွေ့ခဲ့ရလို အဲဒီလိုဖြစ်နေရတာလဲ.. သူ့ရဲ့ trauma တွေကိုရော ကုစားသွားနိုင်မလား.. ဘယ်လိုကုစားသွားမလဲဆိုတာ..
-
Forwarded from Url button maker
Midway (1976)

Action , History , War
IMDb: 6.8/10
**********

ဒီဇာတ်ကားက ဒုတိယကမ္ဘာစစ်မှာ ပစိဖိတ်စစ်ပွဲရဲ့ စစ်ရေးချိန်ခွင်လျှာကို ပြောင်းလဲသွားစေတဲ့ မစ်ဝေးတိုက်ပွဲကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆လအကြာ ရေတပ်ဗိုလ်ချုပ်ကြီး နီမစ်ဇ် ဦးဆောင်တဲ့ အမေရိကန်ရေတပ်ဟာ အတော်လေးကိုမှ အခက်တွေ့နေခဲ့ရတာ ဖြစ်ပါတယ်။ အမေရိကန်ရေတပ်က လေယာဉ်တင်သင်္ဘောတွေကို မနည်းပြင်ဆင်နေရတယ်ဆိုတာကို ရိပ်စားမိတဲ့ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီး ယာမာမိုတိုက မစ်ဝေးကျွန်းကို လာရောက်တိုက်ခိုက်ဖို ခွင့်ပြုချက်ရယူလိုက်တယ်။ ရန်သူအင်အား ၂ ဆပိုများတဲ့၊ ကမ္ဘာ့အင်အားအကြီးဆုံး ရေတပ်ဘွဲကို ရထားတဲ့ ဂျပန်ဘုရင့်ရေတပ်မတော်ကို ဗိုလ်ချုပ်ကြီးနီမစ်ဇ် ဦးဆောင်တဲ့ အမေရိကန်ရေတပ်က ဘယ်လိုတွေ ချေမှုန်းမလဲဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်..
-
❤1
Forwarded from Url button maker
Crash Landing On You (2019)

Korean TVseries E01-E16 (Complete)
Adventure , Drama , Romance
IMDb: 8.7/10
**********

ယွန်းဆယ်ရီ ဆိုတဲ့ ကောင်မလေးဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး ကွင်းစ် လုပ်ငန်းစု ဥက္ကဌရဲ့သမီးအငယ်ဆုံးလေး ဖြစ်ပြီး မိမိ အရည်အချင်းကို မိမိသာ ယုံကြည်ပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို ကိုယ်တိုင်တည်ထောင်ပြီး အောင်မြင်အောင် လုပ်နိုင်သူ ဖြစ်ပါတယ်.. ယွန်းဆယ်ရီ ရဲ့လုပ်ငန်းကတော့ အားကစားပစ္စည်းများ ဖက်ရှင်ပစ္စည်းများဖြစ်ပြီး လုပ်ငန်းပိုင်းဆိုင်ရာ ပါးနပ်ကျွမ်းကျင်မှုနဲ့ စီမံခန့်ခွဲမှုမှာ တော်တဲ့အတွက် အလွန်အောင်မြင်နေသူ တစ်ဦးပါ.. ဒီအတိုင်းတာမှာပဲ ဖခင်ဖြစ်သူဟာ ငွေကြေးအမှု တစ်ခုကြောင့် ယာယီထိန်းသိမ်းခံနေရာကနေ ပြန်လွှတ်လာပြီး သူ့ပိုင်ဆိုင်မှု လုပ်ငန်းဥက္ကဌအဖြစ် သားသမီးတွေ အားလုံးထဲကမှ သမီးအငယ်ဆုံးလေး ယွန်းဆယ်ရီအား ပေးအပ်ခဲ့ပြန်ပါတယ်.. အောင်မြင်မှုတွေ ချမ်းသာမှုတွေ ဝန်းရံနေပြီဖြစ်တဲ့ ယွန်းဆယ်ရီတစ်ယောက် ဥက္ကဌရာထူးကို မယူမှီ တစ်ရက်အလိုမှာ သူမလုပ်ငန်းကထုတ်တဲ့ အပျော်စီးလှေထီး တစ်ခုအား စမ်းစီးပြရန် ပြုလုပ်တဲ့နေ့မှာပဲ ကံကြမ္မာက သူမဆီကို အလွဲတွေ စတင်ယူဆောင်လာခဲ့ပါတော့တယ်..
-
Forwarded from Url button maker
Midway (2019)

Action , History , War
IMDb: 6.7/10
**********

ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။ ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲစေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ်ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြိုကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။ ဒါကို ထောက်လှမ်းရေးအဖွဲနဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာပါပဲ..
-
Forwarded from Url button maker
Tabby McTat (2024)

Animation , Family
IMDb: 7.3/10
**********

တေးဂီတဝါသနာပါတဲ့ ကြောင်လေးဖြစ်တဲ့ တက်ဘီ မက်တက်နဲ့ သူ့ရဲ့သူငယ်ချင်း ဖရက်ဒ်ဆိုတဲ့ လမ်းဘေးဂီတသမားတစ်ဦးတိုရဲ့ ဘဝအကြောင်းလေးပါပဲ။ တက်ဘီဟာ ဖရက်ဒ်နဲ့အတူ လမ်းပေါ်မှာ သီချင်းဆိုရင်း ပရိသတ်ကို ဖျော်ဖြေပေးပြီး၊ သူတိုရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကြည်နူးစရာလေးပါပဲ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် တက်ဘီနဲ့ ဖရက်ဒ်တို ခွဲခွာသွားရပြီး၊ တက်ဘီဟာ ဆော့ခ်စ်ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တွေ့ဆုံပြီး သူ့ဘဝလေးဟာ ပြောင်းလဲသွားပါတယ်..
-
Forwarded from Url button maker
Elio (2025)

Animation , Drama , Fantasy
IMDb: 6.8/10
**********

အယ်လီယိုဟာ မိဘနှစ်ပါး သေဆုံးသွားလို အဒေါ် ဖြစ်သူနဲ့အတူ နေထိုင်ရတဲ့ ဂျစ်ကန်ကန် ကလေးဆိုးလေးတစ်ယောက်ပါ။ တစ်ယောက်တည်း အိမ်မှာထားခဲ့လို မဖြစ်သေးတဲ့ အရွယ်ဖြစ်တာကြောင့် သူ့ရဲ့အဒေါ်ဟာ အယ်လီယိုကို သူအလုပ်လုပ်တဲ့ အာကာသပတ်လမ်းစိစစ်ရေးဌာနကို အမြဲခေါ်သွားပါတယ်။ ဒီလိုနဲ့ အယ်လီယိုဟာ အာကာသဆိုင်ရာတွေကို စွဲလမ်းလာခဲ့တယ်။ အထူးသဖြင့် အာကာသထဲမှာ ဂြိုဟ်သားတွေ ရှိလားဆိုတဲ့အချက်ပေါ့။ တစ်နေ့တော့ ဌာနမှာ အာကာသထဲကနေ အချက်ပြမှုတစ်ခု ရလာခဲ့တယ်လို ဝန်ထမ်းတစ်ယောက်က ဆိုလာတယ်။ ဒါပေမဲ့လည်း ဂြိုဟ်သားရူးတစ်ယောက်ရဲ့ မဲပြာပုဆိုးတွေကို ဘယ်သူမှ မယုံကြတော့ဘူး။ ဒါကို တိတ်တိတ်လေး ခိုးကြည့်နေတဲ့ အယ်လီယိုက မြင်သွားပြီး ဘယ်သူမှ မရှိတဲ့အချိန်မှာ တစ်ဖက်ကို အကြောင်းပြန်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ တကယ်ပဲ အာကာသထဲကနေ ဂြိုဟ်သားတွေက ဆက်သွယ်နေတာလားဆိုတာ..
-
Forwarded from Url button maker
Hitman Agent 47 (2015)

Action , Crime , Thriller
IMDb: 5.7/10
**********

အေးဂျင့်47 ဟာ မျိုးဗီဇပြုပြင်ထားတဲ့ အဆင့်မြင့် ကြေးစားလူသတ်သမား တစ်ယောက်ဖြစ်ပြီး သူဟာ သာမန်ကြေးစား လူသတ်သမားထက် ပိုမိုတဲ့ စွမ်းအင်တွေရှိပြီး သူ့ကို အလွယ်တကူ သတ်ဖြတ်လို မရပါဘူး။ သူ့ဦးခေါင်းနောက်စေ့မှာ သူ့ကိုယ်ပိုင်နံပတ် ၄၇ ဆိုတာပါရှိပြီး အဲဒီနေရာကို ဖျက်ဆီးပစ်နိုင်မှာသာ အေးဂျင့် 47 လိုမျိုး ဗီဇပြင်အဆင့်မြင့် ကြေးစားလူသတ်သမားတွေကို သတ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ ဇာတ်ကားစစချင်းမှာ အေးဂျင့် 47 ဟာ ကောင်မလေး တစ်ယောက်ကို ရှာဖွေပါတယ်။ အဲဒီကောင်မလေးဟာ ဥရောပတိုက်ကဖြစ်ပြီး အဲဒီကောင်မလေး နောက်ကို အေးဂျင့် 47 လိုက်နေချိန်မှာ အေးဂျင့် 47 နောက်ကိုလည်း အခြားသူတွေက လိုက်နေပါတယ်။ အေးဂျင့် 47 လိုက်ရှာနေတဲ့ ကောင်မလေးကတော့ ကတ်တီးယား ဆိုတဲ့ ကောင်မလေးပဲ ဖြစ်ပါတယ်။ အဲဒီကောင်မလေးဟာ ဘေးကြုံခါနီးမှာ သူ့ဘေးကို ကြိုမြင်နိုင်တဲ့ အစွမ်းရှိပြီး အေးဂျင့် 47 သူဆီ လာနေတာကို ကြိုသိလိုက်တာနဲ့ ခြေရာဖျောက်ထွက်ပြေးပါတယ်။ အေးဂျင့်47 ကို ခြေရာဖျောက် ပြေးလာတဲ့ ကတ်တီးယား မြေအောက်ဘူတာရုံအရောက်မှာ ဂျွန်စမစ်ဆိုတဲ့ လူတစ်ယောက် သူ့ဆီချည်းကပ်လာပြီး စကားပြောဖို ကြိုးစားချိန်မှာ..
-
Forwarded from Url button maker
Hitman Agent Jun (2020)

Action , Comedy
IMDb: 6.4/10
**********

ဂင်ဘုံဂျွန်ဆိုတဲ့ ကောင်လေးဟာ မိဘ ၂ ပါးနဲ့အတူ ကားမတော်တဆမှုမှာ ပါဝင်ခဲ့ပေမယ့် သူတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ထူးခြားတဲ့ ကလေးတစ်ယောက်ပါ.. ဒီလိုထူးခြားမှုတွေကြောင့် တစ်နေ့တော့ နိုင်ငံရဲ့လျှိဝှက်လုပ်ကြံသူအေးဂျင့်တွေ မွေးထုတ်ပေးတဲ့အဖွဲရဲ့ခေါင်းဆောင်က ဂင်ဘုံဂျွန်ကို မိဘမဲ့ဂေဟာကနေ ခေါ်ဆောင်သွားခဲ့ပါတယ်.. အဲ့လိုကနေ ဂင်ဘုံဂျွန်တယောက် အေးဂျင့်ဂျွန်အဖြစ်နဲ့ လုပ်ကြံသူအဖွဲရဲ့ Ace တစ်ယောက်ဖြစ်လာခဲ့ပါတယ်.. ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ အေးဂျင့်အလုပ်ကို ငြီးငွေ့လာတဲ့ ဂျွန်က အဲ့လောကကနေ ကိုယ်ယောင်ဖျောက်ပြီး ဂင်ဆူယော့အဖြစ်နဲ့ သူဝါသနာပါတဲ့ ကာတွန်းတွေရေးဆွဲရင်း မိသားစုဘဝလေးတစ်ခု ထူထောင်ခဲ့ပါတယ်.. ၁၅ နှစ်အကြာမှာ သူ့ရဲ့ကာတွန်းရုပ်ပြဖြစ်တဲ့ လုပ်ကြံသူအေးဂျင့်ဘဝဇာတ်ကြောင်းကာတွန်းက နာမည်ကြီးလာခဲ့ပြီး လူဆိုးဂိုဏ်းတွေနဲ့ အစိုးရဘက်က ဂျွန် အသက်ရှင်မှန်းသိတဲ့အခါမှာတော့.. အေးချမ်းတဲ့ဘဝမှာ ကိုယ်ယောင်ဖျောက်နေတဲ့ အေးဂျင့်ဂျွန်တယောက် ဒီလောကအရိပ်မည်းလက်ထဲက လွတ်မြောက်နိုင်ပါ့မလားဆိုတာ..
-
Forwarded from Url button maker
Made In Bali (2025)

Drama , Romance
IMDb: 7.2/10
**********

Made နဲ့ Niluh က ငယ်ငယ်ကတည်းကခင်ခဲ့ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး Niluh က Made အပေါ် သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။ ဒါပေမဲ့ Made မှာ သူတိုရုပ်သေးဆရာ မိသားစုတွေရဲ့ ရိုးရာအရ ငယ်ငယ်လေးကတည်းက စေ့စပ်ထားတဲ့ Putu ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိပြီး အဲဒီကောင်မလေးကတော့ Made အပေါ် Niluh လောက် ဂရုစိုက်ကြင်နာမှုမရှိခဲ့ဘူး။ Niluh ရဲ့ ခံစားချက်တွေကို သတိမထားမိခဲ့တဲ့ Made တစ်ယောက် နောက်ဆုံးမှ Niluh သူ့ကိုသဘောကျနေမှန်း သိလာရတဲ့အခါ သူသံယောဇဉ်တွယ်နေတဲ့ မိန်းကလေးနှစ်ယောက်ကြား သူ့ရဲ့နှလုံးသားက ဘယ်သူ့ကို ရွေးချယ်သွားမလဲဆိုတာ..
-
Forwarded from Url button maker
The Truth Beneath (2016)

Crime , Drama , Thriller
IMDb: 6.8/10
**********

လွှတ်​တော်ကိုယ်စားလှယ်ဖြစ်ဖို အ​ထွေထွေ​ရွေး​ကောက်ပွဲမှာ ဝင်ပြိုင်တဲ့ ဂင်ဂျုံချန်း နဲ့ ငယ်စဥ်ကတည်းက သမ္မတက​တော်ဖြစ်ဖို အိပ်မက်ရှိခဲ့တဲ့ ဂင်​ယောင်းဟုံး တိုရဲ့သမီးဖြစ်သူ ဂင်မင်ဂျင် ဟာ မဲဆွယ်ပွဲ ပထမဆုံး​နေ့မှာပဲ ပျောက်ဆုံးသွားပါ​​တော့တယ်။ မင်ဂျင်က အရင်ကလည်း အိမ်ကထွက်​ပြေးဖူးတာမို ဂျုံချန်းက သမီးဖြစ်သူကို လိုက်မရှာဘဲ မဲဆွယ်ပွဲကိုပဲ အာရုံစိုက်​နေခဲ့ပေမဲ့ ယောင်းဟုံးက​တော့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ပြီး သမီးဖြစ်သူကို လိုက်ရှာ​ရင်း မင်ဂျင်နဲ့ ​နောက်ဆုံးအတူရှိခဲ့တဲ့သူဟာ ချွဲမီအို ဆိုတဲ့ သူငယ်ချင်းဖြစ်​​ကြောင်း သိသွားပါတော့တယ်။ ဂင်ဂျုံချန်းက​တော့ သူ့ပြိုင်ဘက် ကိုယ်စားလှယ်​လောင်းရဲ့ လုပ်ရပ်ဆိုပြီး စွပ်စွဲကာ ပြည်သူတွေရဲ့ ​ထောက်ခံနှုန်းတက်လာ​အောင် လုပ်​နေတဲ့အချိန် ယောင်းဟုံးကလည်း ချွဲမီအိုက တရားခံဆိုတာကို သက်​သေပြဖို အ​ကြောင်းစုံလိုက်စုံစမ်းပါ​တော့တယ်။ အာဏာအားပြိုင်မှုနဲ့ သူ့လူကိုယ့်လူ မသဲကွဲတဲ့ နိုင်ငံ​ရေး​လောကထဲ ဂင်​ယောင်းဟုံးတစ်​ယောက် သမီးဖြစ်သူကို ပြန်ရှာ​တွေ့နိုင်ပါ့မလား..
-
Forwarded from Url button maker
Akkenam (2025)

Action , Thriller
IMDb: 5.8/10
**********

အင်ဒီရာဆိုတဲ့ကောင်မလေးက ခရီးဆောင်ကားမောင်းသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ဘဝဟာ အကျဉ်းသားဟောင်း ပန်ဒီယန်နဲ့ ဆက်စပ်နေမယ်ဆိုတာ သူမ မသိခဲ့ပါဘူး။ သူမရဲ့ဘဝ အကျဉ်းသားဟောင်း ပန်နီယန်နဲ့ ဆုံတွေ့ပြီးနောက် ရင်ဆိုင်ရမဲ့အန္တရာယ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီဇာတ်လမ်းမှာ သူတိုနှစ်ဦးရဲ့ အတိတ်ကလွန်ခဲ့သည့် အမှတ်တရများ၊ လျှိဝှက်ချက်များနှင့် ရှုပ်ထွေးမှုများကို ပေါင်းစပ်ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ သူတိုအချင်းချင်းအချိတ်အဆက်ရှိမှု၊ နည်းပညာကောင်းမွန်မှု၊ လှုပ်ရှားမှုအတွေ့အကြုံတွေကိုသုံးပြီး ဇာတ်လမ်းကိုစိတ်လှုပ်ရှားမှု အပြည့်အဝပေးနိုင်ခဲ့ပါတယ်။ သူတိုနှစ်ယောက်အတူ လျှိဝှက်ချက်တွေကို ဖြေရှင်းရင်းနဲ့ အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ..
-