MPANews
✔
14.9K subscribers
29.9K photos
572 videos
85 files
18K links
နွေဦးတော်လှန်ရေးနှင့်ပတ်သက်သည့် သတင်းများကို ပြည်သူများသိရှိစေရန်တင်ပြပေးမည့် Channel တခုဖြစ်သည်။
Download Telegram
မင်းအောင်လှိုင်သေတွင်းမှ လွတ်မြောက်လာသည့် စစ်အုပ်စုဝင် တစ်လအတွင်း ၇၃ဦးရှိ

7 Nov 2026 By Ko Myo MPA

မင်းအောင်လှိုင် သေတွင်းမှ လွတ်မြောက်လာသည့် အလင်းဝင်နှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှုမှာ တစ် လအတွင်း ၇၃ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလအတွင်း အလင်းဝင်လာသူ ၁၂ဦးနှင့် စစ်သုံ့ပန်း ဖမ်းဆီးရမိမှု ၆၁ဦးရှိပြီး စစ်သုံ့ပန်း များထဲ၌ စစ်သား၅၆ဦးနှင့် ပြည်သူ့စစ် ၅ဦး ပါဝင်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14302/
👍7😁2
ဗိုလ်တထောင် ကွန်ကရစ်ပိုက်ထဲတွင် မသန်စွမ်းအမျိုးသားတစ်ဦး သေဆုံးပုပ်ပွနေ

7 Nov 2026 By Ko Myo MPA

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ကွန်ကရစ်ပိုက်ထဲတွင် မသန်စွမ်းအမျိုးသားတစ်ဦး သေဆုံးပုပ်ပွနေကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၊လင်းစဒေါင်းမှတ်တိုင်အနီးရှိ ကွန်ကရစ်ပိုက်ထဲတွင် သေဆုံးနေသည်မှာ ရက် အနည်းငယ်ကြာပြီဖြစ်သော အလောင်းကို နိုဝင်ဘာ၆ရက် နံနက်ပိုင်း၌ ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကိုပူတူးနှင့် ဘော်ဒါများ လူမှုကူညီရေးအသင်းက သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14305/
🔥6👍1
အိမ်ထဲမှာပါ မလုံခြုံတော့သည့် ရန်ကုန်ပြည်သူများ ကိုယ့်အန္တရာယ်ကိုယ် ကာကွယ်နေရ

7 Nov 2026 By Bywar Oo/ MPA

ရန်ကုန်မြို့တွင် အနုကြမ်းစီးမှု၊ လုယက်မှုနှင့် နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုများ ဖြစ်ပွားနေပြီး ပြည်သူများမှာ လမ်းပေါ်တွင်သာမက မိမိတို့နေအိမ်အတွင်း၌ပင် လုံခြုံမှုမရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် ပြည်သူများသည် မိမိတို့၏ အသက်အန္တရာယ်နှင့် ပစ္စည်းဥစ္စာလုံခြုံရေးအတွက် ကိုယ်တိုင်သတိထားကာကွယ်နေရသည့်အပြင် ရာဇဝတ်မှုများ ကြုံတွေ့ရပါက သက်ဆိုင်ရာအာဏာပိုင်များထံ အကူအညီတောင်းခံရန်ပင် စိုးရိမ်နေကြရကြောင်း မြို့ခံများက ပြောသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14309/
🔥8👍2
ထိုင်းလူမျိုးတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ရန်သူအဖြစ် သတ်မှတ်ဖို့ မလိုအပ်ပါ

7 Nov 2026 By Khaosod English

နိုဝင်ဘာ ၁ ရက်နေ့က ဘန်ကောက်မြို့တွင် ထင်ရှားသော မြန်မာတက်ကြွလှုပ်ရှားသူတစ်ဦးကို ထိုင်းလက်ယာစွန်း အမျိုးသားရေးဝါဒီများက ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သည့်ဖြစ်ရပ်သည် ထိုင်းနိုင်ငံ၏ လူမှုအသိုင်းအဝိုင်းအတွင်း မျက်နှာပြင်ပေါ်တွင် မမြင်ရသေးသည့် တင်းမာမှုများ မည်မျှပျော့ပြောင်းလွယ်ကူပြီး ထိလွယ်ရှလွယ်ဖြစ်နေကြောင်း ဖော်ထုတ်ပြသခဲ့သည်။

ထိုတင်းမာမှုများအနက် အချို့သော ရှေးရိုးစွဲထိုင်းလူမျိုးများက ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် ခန့်မှန်းခြေ မြန်မာလုပ်သား ၃ ဒသမ ၃၃ သန်းကို အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်နေကြခြင်းဖြစ်သည်။ ထို့ထက်ဆိုးသည်မှာ အဆိုပါလုပ်သားများက ထိုင်းနိုင်ငံကိုပင် သိမ်းပိုက်တော့မည်ဟု ယူဆနေကြခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14312/
👍5😁4
အလှူငွေအရှုပ်တော်ပုံဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် ထိုင်းပရဟိတမင်းသမီး ဘွန်း တောင်းပန်၊ တာဝန်ယူမည်ဟုဆို

7 Nov 2026 By Khaosod/Thairath/Thai PBS

ထိုင်းနိုင်ငံတွင် ပြည်သူများ၏ အလှူငွေများ အလွဲသုံးစားပြုလုပ်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် နာမည်ကျော်ပရဟိတမင်းသမီး ဘွန်း ပနတ်ဒါက ၎င်းအပေါ် ယုံကြည်အားကိုးခဲ့သူများကို စိတ်ပျက်စေခဲ့သည့်အတွက် တောင်းပန်ကြောင်းနှင့် ဖြစ်ပေါ်လာသည့်အခြေအနေများအတွက် တာဝန်ယူသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက် ယနေ့နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

ထိုင်းအလှမယ်ဟောင်းနှင့် ရုပ်ရှင်သရုပ်ဆောင် ဘွန်း ပနတ်ဒါ ဝေါင်ဖူဒီ (Panadda Wongphudee) ကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ဘန်ကောက်မြို့ရှိ နေအိမ်အနီးတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး တစ်ညလုံး စစ်ဆေးမေးမြန်းခဲ့ပြီးနောက် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် ရာဇဝတ်တရားရုံးသို့ ချုပ်မိန့်တောင်းခံရန် ပို့ဆောင်လိုက်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14315/
👍7🔥3❤1
MPA နေ့လယ် ၁၂ နာရီသတင်း(၇ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
- ဘာသာတရား အဆုံးအမကို လက်တွေ့ကျင့်သုံးဖို့ ပြောတဲ့ စစ်ရာဇဝတ်သား မင်းအောင်လှိုင်
- ကိုယ့်အားကိုယ်ကိုးနေရတဲ့ ရန်ကုန်ပြည်သူတွေ အိမ်ထဲနေရင်းတောင် အသက်အန္တရာယ်စိုးရိမ်နေရ
- မဆလခေတ်ကို ပြန်အသက်သွင်းနေတဲ့ စစ်ကောင်စီ လူသုံးကုန်တင်သွင်းတာတောင် ဖမ်းဆီး
- မန္တလေးမှာ လူ ၃ ဦးသတ်ပြီး ဆိုင် ၂ ဆိုင် ဓားပြတိုက်သူ ထွက်ပြေးလွတ်မြောက်နေ
- ကလေး ၁၉၀ ဦးကို အစာငတ်ခံသတ်ခဲ့တဲ့ ကင်ညာဘာသာရေးခေါင်းဆောင် ထောင်ဒဏ်နှစ် ၂၀၀ ချမှတ်ခံရ

အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

ရုပ်သံအပြည့်အစုံကြည်ရန် - https://youtu.be/AvzAO7uqsxA
🔥4👍2❤1
အထည်ချုပ်စက်ရုံ ၁၇ရုံထက်မနည်း ယခုနှစ်အတွင်း ပိတ်သိမ်းရန်ရှိ၊ နာလန်ထရန် ခက်မည်

7 Nov 2026 By Ko Myo / MPA

ယခုနှစ်အတွင်း အစိုးရတု ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံ ပိတ်သိမ်းရန် တင်ပြထားသည့် အထည်ချုပ် စက်ရုံ ၁၇ရုံထက်မနည်းရှိနေကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ ISP-Myanmar ၏ ထုတ်ပြန် သည်။

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ အပြီးပိတ်လိုက်ရသည့် စက်ရုံ ၁၄၃ ရုံနှင့် ယာယီရပ်နားလိုက်သော စက်ရုံ ၆၃ ရုံ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း၌ တရုတ်လုပ် ငန်းရှင်များ ပိုင်ဆိုင်သော စက်ရုံအများအပြား ဝင်ရောက်လာခြင်းကြောင့် အရေအတွက်အရ လျော့ မသွားခဲ့သော်လည်း ယခုအခါ ပြည်ပအမှာ လျော့ကျလာပြီး တရုတ်အထည်ချုပ်စက်ရုံများလည်း ပိတ်သိမ်းလာရကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14319/၏
👍7🔥4
ရန်ကုန် လမ်းများပေါ် အဓမ္မ ပြန်ပေးဆွဲခံရသူ တစ်လအတွင်း ၅၁ဦးထက်မနည်းရှိ

7 Nov 2026 By Ko Myo /MPA

ရန်ကုန်မြို့လမ်းများပေါ် ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ တစ်လအတွင်း ၅၁ဦးထက်မနည်းရှိကြောင်း သိရသည်။

ယင်း၅၁ဦးမှာ အောက်တိုဘာအတွင်း ရန်ကုန်မြို့စည်ပင်သာယာနယ်နိမိတ် လမ်းမများပေါ် ရှိနေစဉ် စစ်အုပ်စုဝင်တို့က အရပ်ကား ၊စစ်ကား၊ရဲကားနှင့် လူနာတင်ယာဉ်တို့ဖြင့် ပြန်ပေးဆွဲခြင်းဖြစ်ပြီး ၈ဦး ပြန်လွတ်လာကြောင်း ရန်ကုန်ကို စောင့်ကြည့်နေသည့် Rangoon Scout Network- RSN က သ တင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14322/
🔥5😁2❤1💔1
အိန္ဒိယနှင့် စစ်ကောင်စီတို့ ပထမဆုံး ကြည်း၊ ရေ၊ လေ သုံးတပ်ပေါင်း စစ်ရေးလေ့ကျင့်

7 Nov 2026 By DD India

အိန္ဒိယနှင့် စစ်ကောင်စီတပ်တို့သည် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် သုံးတပ်ပေါင်း လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၆ ရက်အထိ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

RAHAT MITRA ဟု အမည်ပေးထားသည့် အဆိုပါ ပူးတွဲလေ့ကျင့်မှုတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့မှ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်ဝင်တပ်ဖွဲ့ဝင် စုစုပေါင်း ၃၀၀ ကျော် ပါဝင်ခဲ့ကြောင်း အိန္ဒိယအစိုးရ၏ Press Information Bureau (PIB) က နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14325/
🤬9❤4🔥1
ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ပျက်ကွက်ပါက မြန်မာကို ပိုမိုပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်နိုင်ကြောင်း FATF သတိပေး

7 Nov 2026 By South China Mourning Post

ငွေကြေးခဝါချမှုနှင့် အွန်လိုင်းငွေလိမ်လည်မှုများကို တိုက်ဖျက်ရေးဆိုင်ရာ လုပ်ဆောင်ချက်များတွင် သိသာထင်ရှားသည့် တိုးတက်မှုမရှိပါက မြန်မာနိုင်ငံအပေါ် ပိုမိုပြင်းထန်သည့် ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုများ စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတကာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) က သတိပေးထားသည်။

အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည့် FATF ၏ နောက်ဆုံးကြေညာချက်အရ မြန်မာနိုင်ငံသည် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့မှုကို တားဆီးရေးဆိုင်ရာ လိုအပ်ချက်များတွင် တိုးတက်မှုမပြနိုင်ပါက နောက်ထပ်တန်ပြန်အရေးယူမှုများ (Countermeasures) ကို စဉ်းစားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14328/
👏9👍1😁1
လှိုင်တွင် စစ်မှုထမ်းအတွက် အိမ်ပေါ်တက် လူဆွဲနေသဖြင့် လူငယ်များ ကိုယ့်အိမ်ကိုယ် မအိပ်ရဲ

7 Nov 2026 By Ko Myo MPA

ရန်ကုန်မြို့၊လှိုင်မြို့နယ်တွင် စစ်မှုထမ်းအတွက် အိမ်ပေါ်တက် ဖမ်းဆီးနေသဖြင့် လူငယ်များ ကိုယ့် အိမ်ကိုယ် မအိပ်ရဲတော့ကြောင်း သိရသည်။

မကြာမီ လှိုင်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြောင်းလဲခန့်အပ်တော့မည်ဖြစ်ရာ နောက်ဆုံးငွေရှာခြင်းအဖြစ် နိုဝင်ဘာ ပထမပတ်မှ စတင်၍ စစ်မှုထမ်းအကျုံးဝင်လူငယ်များအား ညအချိန် အိမ်ပေါ်တက်၍ ဖမ်းဆီးခြင်းကို လက်ရှိရာထူးပြုတ်ကာနီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးတို့ ပေါင်းကာ လုပ်ဆောင်နေကြောင်း လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14331/
🤬5🔥3👍1
သေနတ်၂လက်နှင့် အလင်းဝင်လာသည့်ရဲ၂ဦးကို ကျပ်သိန်း၅၀စီ တောင်သာPDF ချီးမြှင့်

7 Nov 2026 By Ko Myo / MPA

သေနတ်၂လက်နှင့် အလင်းဝင်လာသည့် ရဲ၂ဦးကို ကျပ်သိန်း၅၀စီ ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း Taung Tha People Defense Force(TTA-PDF) ထံက သိရသည်။

နိုဝင်ဘာ၆ရက်တွင် ရဲတပ်ရင်း၅(မှော်ဘီ)မှ အပတ်စဉ် ၃၇၉ဆင်း ရဲ၂ဦးသည် Tik Tok မှ ဆက်သွယ် ကာ အလင်းဝင်လာခြင်းဖြစ်ကြောင်း TTA-PDF က ယနေ့(နိုဝင်ဘာ၇ရက်)သတင်းထုတ်ပြန်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14334/
👍8❤2🔥1👏1
MPA ည ၇ နာရီသတင်း(၇ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)

- ဒေသတွင်းအထိ ကျယ်ပြန့်လာတဲ့ မြန်မာ့အကျပ်အတည်းအတွက် EU က ယူရိုသန်း ၅၀ ကျော်အပြင် ၁၆ သန်း ထပ်ကူမယ်
- ထိုင်းကန့်ကွက်တဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းနဲ့ အခွန်မဆောင်ရင် ပြည်ပထွက်ခွင့်ပိတ်မယ်လို့ စစ်ကောင်စီခြိမ်းခြောက်
- ကုလကိုယ်စားပြုခွင့်ရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီ တရုတ်ရဲ့ ကိုယ်စားပြုခွင့်ရမှုကို အထူးချီးကျူး
- အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံးနေချိန် အထည်ချုပ်စက်ရုံ ၁၇ ရုံ ထပ်ပိတ်တော့မယ်
- အမေရိကန်ပါဝင်တဲ့ သုံးနိုင်ငံ ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲ နီးလာချိန် ကိယက်ဗ်ကို ရုရှား အကြီးစားတိုက်ခိုက်

အဲဒီလို တစ်နေ့တာ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

ရုပ်သံအပြည့်အစုံကြည့်ရန် - https://youtu.be/QDK6yc4IRTM
👍10🔥2
MPA နံနက် ၇ နာရီသတင်း(၈ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)

- အိန္ဒိယနဲ့ စစ်ကောင်စီကြား ပထမဆုံးစစ်ရေးပူးပေါင်းမှုကနေ ဘယ်အဆင့်ထိ မြှင့်လာနိုင်သလဲ။
- FATF ရဲ့ နောက်ထပ်ဘဏ္ဍာရေးအရေးယူမှု ခြိမ်းခြောက်ချက်ကြောင့် မြန်မာ့ငွေကြေးနဲ့ စီးပွားရေး ထိခိုက်နိုင်
- အိမ်ပေါ်တက် ပေါ်တာဆွဲမှုကြား လူငယ်တွေ ကိုယ့်အိမ်ကိုယ်တောင် မအိပ်ရဲတော့
- စစ်တိုက်မရပ်ဘဲ ကရင်ပြည်နယ်နေ့မှာ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးစကား ဆိုလာပြန်တဲ့ မင်းအောင်လှိုင်
- ရန်ကုန်နဲ့ နေပြည်တော်အပါအဝင် တောင်ပိုင်းဒေသနဲ့ ရှမ်းတောင်မှာ မိုးကြိုးမုန်တိုင်း သတိပြုဖို့လို
- ၂၀၂၈ သမ္မတပြိုင်ပွဲအတွက် ထရမ့်အရိပ်အောက်ကထွက်ပြီး ကိုယ်ပိုင်နိုင်ငံရေးလမ်းကြောင်း ဖောက်လာတဲ့ ဂျေဒီဗန့်

အဲဒီလို မနက်ခင်းအထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

သတင်းအပြည့်အစုံဖတ်ရန် - https://youtu.be/S2VmdrlBxH0
🔥4
AA က မူးယစ်ဆေးဝါးရောင်းဝယ်နေဟု စစ်ကောင်စီထံမှ လက်နက်အထောက်အပံ့ယူထားသည့် ARSA စွပ်စွဲ

8 Nov 2026 By MPA

အာရက္ခတပ်တော် (AA) သည် မြန်မာနိုင်ငံအနီးရှိ ကျွန်းများနှင့် ကမ်းရိုးတန်းဒေသများမှတစ်ဆင့် ယာဘမူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်နေသည်ဟု စစ်ကောင်စီထံမှ လက်နက်အထောက်အပံ့ရယူထားသည့် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) က စွပ်စွဲပြောဆိုထားသည်။

ARSA သည် နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အာရက္ခတပ်တော်အပေါ် ယင်းသို့ စွပ်စွဲထားခြင်းဖြစ်ပြီး အဆိုပါစွပ်စွဲချက်ကို သီးခြားအတည်ပြုနိုင်သည့် အထောက်အထားများကိုမူ လက်ရှိအချိန်အထိ မတွေ့ရသေးပေ။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14337/
🔥2👏2🖕2
မြန်မာပြည်ရှိ တော်လှန်ရေးနယ်မြေများတွင် Starlink ပိတ်ပါက အရပ်သားများ၏ လေကြောင်းရန်သတိပေးစနစ် ထိခိုက်နိုင်ဟု အီတလီသတင်းဌာနဖော်ပြ

8 Nov 2026 By MPA

မြန်မာနိုင်ငံရှိ စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများတွင် Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုများ ပိတ်သိမ်းကန့်သတ်ခံရပါက အရပ်သားများအတွက် အရေးပါသည့် လေကြောင်းရန် ကြိုတင်သတိပေးစနစ်များ ထိခိုက်နိုင်ကြောင်း အီတလီသတင်းဌာန IL Foglio က နိုဝင်ဘာ ၇ ရက်တွင် ဖော်ပြသည်။

SpaceX ကုမ္ပဏီအမှုဆောင်အရာရှိချုပ် အီလွန်မတ်စ်သည် ယူကရိန်းနိုင်ငံတွင်သာမက မြန်မာနိုင်ငံရှိ စစ်ကောင်စီဆန့်ကျင်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများတွင်လည်း Starlink အင်တာနက်ဆက်သွယ်မှုများကို ကန့်သတ်ထားကြောင်း IL Foglio က ရေးသားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14341/
🔥4👍2
၁၀၂၇ စစ်ဆင်ရေးကာလ လားရှိုးထောင်မှ ထွက်ပြေးလွတ်မြောက်လာသည့် နိုင်ကျဉ်းများ အထောက်အထားမရှိ၍ အခက်အခဲများကြုံနေရ

8 Nov 2026 By MPA

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးအကျဉ်းထောင်မှ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသားများသည် ရှမ်းမြောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ထိန်းချုပ်နယ်မြေများတွင် နေထိုင်ရင်း အထောက်အထားစာရွက်စာတမ်း မရှိခြင်းကြောင့် သွားလာရေး၊ အလုပ်အကိုင်နှင့် နေထိုင်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း လွတ်မြောက်လာသူများထံမှ သိရသည်။

အဆိုပါနိုင်ငံရေးအကျဉ်းသားများသည် စစ်ကောင်စီထိန်းချုပ်နယ်မြေများတွင် ဆက်လက်နေထိုင်ရန် အခက်အခဲရှိသဖြင့် EAO ထိန်းချုပ်နယ်မြေများသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14344/
❤2👍2🔥2
MPA နေ့လယ် ၁၂ နာရီသတင်း(၈ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)

- စစ်ကောင်စီအထောက်အပံ့ယူထားတဲ့ ARSA က AA မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်လို့ စွပ်စွဲ
- ယူကရိန်းနည်းတူ မြန်မာ့တော်လှန်ရေးနယ်မြေတွေမှာပါ Starlink ကန့်သတ်ခံနေရတယ်လို့ အီတလီသတင်းဌာနဖော်ပြ
- အာဏာမသိမ်းခင် အိမ်ငှားဘဝကနေ သိန်းသောင်းချီ ချမ်းသာလာတဲ့ ပြင်ဦးလွင်က ရပ်ကွက်အုပ်ကြီး
- လားရှိုးထောင်ဖောက်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အထောက်အထားမရှိလို့ အခက်အခဲကြုံနေ
- ပါရာဂွေးသမ္မတဟောင်း အာဏာအလွဲသုံးစားမှု သံသယနဲ့ နေအိမ်အကျယ်ချုပ်ချခံထားရ

အဲဒီလို နေ့လယ်ခင်းအထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

ရုပ်သံအပြည့်အစုံကြည့်ရန် - https://youtu.be/wkxn69t82SE
❤1🔥1
MOU သက်တမ်းတိုးရန် နယ်စပ်ပြန်ဝင်ရမည့် မြန်မာလုပ်သားများ စစ်မှုထမ်းအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ဟု AAC ကိုရဲမင်း သတိပေး

8 Nov 2026 By MPA

ထိုင်းနိုင်ငံတွင် MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် သက်တမ်းတိုးရန် နယ်စပ်မှတစ်ဆင့် အဝင်အထွက်ပြုလုပ်ရမည့် အစီအစဉ်သည် စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူမှုနှင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိကြောင်း AAC ကိုရဲမင်းက နိုဝင်ဘာ ၇ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ သတိပေးထားသည်။

နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်ဝင်ရောက်ရမည့် လုပ်သားများအတွက် အလုပ်ပြန်ဝင်နိုင်ရေးထက် စစ်မှုထမ်းခေါ်ယူခံရနိုင်ခြင်းက ပိုမိုစိုးရိမ်စရာဖြစ်နေကြောင်း ၎င်းက ထောက်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14347/
👍1😁1
နေ့ခင်းကြောင်တောင် ဘုန်းကြီးကျောင်းဆောင်ရှေ့တွင် အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်ဟု ဆရာတော်တစ်ပါး စွပ်စွဲခံရ

8 Nov 2026 By Khaosod English

ထိုင်းနိုင်ငံတောင်ပိုင်း၊ နခွန်စီသမ္မရတ်ခရိုင်တွင် ဆရာတော်တစ်ပါးသည် နေ့ခင်းကြောင်တောင် ဘုန်းကြီးကျောင်းဆောင်ရှေ့၌ အမျိုးသမီးတစ်ဦးနှင့် လိင်ဆက်ဆံခဲ့သည်ဟု ဒေသခံများက စွပ်စွဲထားပြီး သက်ဆိုင်ရာ သာသနာရေးအဖွဲ့အစည်းများအနေဖြင့် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။

နိုဝင်ဘာ ၈ ရက်တွင် Khaosod English သတင်းဌာန၏ ဖော်ပြချက်အရ မောင်းမြို့နယ်နှင့် ပါ့ဖနန်မြို့နယ်ကြားရှိ ဒေသခံတစ်ဦးက အဆိုပါဆရာတော်၏ မဖွယ်မရာပြုမူမှုဟု ယူဆရသည့် ဗီဒီယိုမှတ်တမ်းကို သတင်းမီဒီယာများထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14350/
👍1😁1