Telenor အား တာဝန်ခံမှုရှိစေရေး ကြိုးပမ်းခဲ့သည့် JAI ဥက္ကဋ္ဌ ဦးရဲလင်းမြင့် Magnitsky လူ့အခွင့်အရေးဆု ရရှိ
5 Nov 2026 By MPA
Justice and Accountability Initiative (JAI) အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ ဦးရဲလင်းမြင့်သည် လူ့အခွင့်အရေးအတွက် ဥပဒေပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် တာဝန်ခံမှုရရှိရေး ကြိုးပမ်းမှုများအတွက် ၂၀၂၆ ခုနှစ် Magnitsky လူ့အခွင့်အရေးဆုကို ရရှိခဲ့သည်။
ဦးရဲလင်းမြင့်သည် အဆိုပါဆုကို လာမည့် နိုဝင်ဘာ ၁၂ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ လက်ခံရယူမည်ဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14239/

👏12👍3🔥1😁1
MPA နံနက် ၇ နာရီသတင်း (၆ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
- မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရင် ထိုင်းစီးပွားရေး ရပ်တန့်သွားနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ သတိပေး
- လူထုခေါင်းဆောင်ကို ဒေါ်စုကြည်လို့ ခေါ်ဆိုပြီး သားနဲ့ဖုန်းပြောခွင့်ရတာကို ဘူးလက်ဝေဖန်
- မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ပေးရန် ဖိလစ်ပိုင်အစိုးရနှင့် အာဆီယံကို လန်ဒန်ရောက်မြန်မာများ တောင်းဆို
- စစ်ကောင်စီကို တော်လှန်နေတဲ့ ယောဒေသက တပ်ဖွဲ့တွေ တစ်ပေါင်းတစ်စည်းတည်းဖြစ်လာတော့မယ်
- လေပွေလှိုင်းနဲ့ တရုတ်ဘက်က လေစီးကြောင်းတွေကြောင့် နိုဝင်ဘာ ၉ရက်ကစ မြန်မာမှာ အခါလွန်မိုးများနိုင်
- အင်ဒိုနီးရှား ဒုသမ္မတရဲ့ ပညာအရည်အချင်းကို စုံစမ်းစစ်ဆေးဖို့ ပါတီတွေ ဆွေးနွေးနေ
အဲဒီလို နံနက်ခင်းအထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/0Rg-e-_bztI

YouTube
MPA 7 AM News Update | November 6, 2026
- မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ရင် ထိုင်းစီးပွားရေး ရပ်တန့်သွားနိုင်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူ သတိပေး
- လူထုခေါင်းဆောင်ကို ဒေါ်စုကြည်လို့ ခေါ်ဆိုပြီး သားနဲ့ဖုန်းပြောခွင့်ရတာကို ဘူးလက်ဝေဖန်
- မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ပေးရန် ဖိလစ်…

🔥5❤1👍1
လွယ်ယင်းတောင်ခြေတိုက်ပွဲတွင် DMOPDF တပ်ရင်း ၁၁၀၂ မှ အမျိုးသမီး ရဲဘော်တစ်ဦး ကျဆုံး
6 Nov 2026 By MPA
ရှမ်းတောင်-ကယား (ကရင်နီ) စစ်တိုင်း၊ နည်းဗျူဟာအမှတ် ၁၁ ၏ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ DMOPDF အမှတ် ၁၁၀၂ တပ်ရင်းမှ အမျိုးသမီးရဲဘော် အယ်ဗလင်းသည် နိုဝင်ဘာ ၂ ရက်က ဖြစ်ပွားခဲ့သည့် လွယ်ယင်းတောင်ခြေတိုက်ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြောင်း DMOPDF အမှတ် ၁၁၀၂ တပ်ရင်းက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်သည်။
ကျဆုံးခဲ့သည့် ရဲဘော် အယ်ဗလင်းသည် DMOPDF အမှတ် ၁၁၀၂ တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ပေးခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14242/

💔13🔥2
အင်းစိန် ဖော့ကန်အနီးနေထိုင်သူ အသက် ၂၈ နှစ်အရွယ် ကိုအောင်မြင့်မြတ် ၁၀ ရက်နီးပါး အဆက်အသွယ်ပျက် ပျောက်ဆုံးနေ
6 Nov 2026 By MPA
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ဖော့ကန်အနီးတွင် နေထိုင်သည့် အသက် ၂၈ နှစ်အရွယ် ကိုအောင်မြင့်မြတ်သည် အောက်တိုဘာ ၂၇ ရက်က နေအိမ်မှ အပြင်ခဏသွားမည်ဟု ပြောဆိုထွက်ခွာသွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ၁၀ ရက်နီးပါး ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကိုအောင်မြင့်မြတ်သည် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဇနီးဖြစ်သူကို အပြင်ခဏသွားမည်ဟု ပြောဆိုကာ နေအိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14245/

🔥6💔1
ဘရာဇီး U-20 ဘောလုံးပွဲတွင် အကြီးအကျယ်ရန်ပွဲဖြစ်ပွားကာ အနီကတ် ၅၃ ကတ်အထိ ပြသခဲ့ရပြီး ကမ္ဘာ့ စံချိန်သစ်တင်
6 Nov 2026 By Reuters
ဘရာဇီးနိုင်ငံ မီနတ်စ်ဂျရိုက်စ်ပြည်နယ်တွင် ကျင်းပသည့် အသက် ၂၀ နှစ်အောက် ဘောလုံးပွဲတစ်ပွဲ၌ အကြီးအကျယ် ရန်ပွဲဖြစ်ပွားခဲ့ရာ ဒိုင်လူကြီးက အနီကတ် ၅၃ ကတ်အထိ ပြသခဲ့ရပြီး ဘောလုံးပွဲတစ်ပွဲအတွင်း အနီကတ်အများဆုံးပြသမှု စံချိန်သစ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါရန်ပွဲသည် တနင်္ဂနွေနေ့က Uberlândia နှင့် Mamoré အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်ချန်ပီယံရှစ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14248/

🔥4😁2
NUG က ထုတ်ပေးမည့်အထောက်အထား စာရွက်စာတမ်း ထိုင်းရောက်မြန်မာ ၂၂ သိန်းနီးပါး လိုလား
6 Nov 2026 By MPA
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပေးမည့် အထောက်အထားစာရွက်စာတမ်းကို လိုလားသူ ၂၂ သိန်းနီးပါးရှိလာပြီဖြစ်ကြောင်း အဆိုပါစစ်တမ်းကို ဦးဆောင်ကောက်ယူနေသည့် MMWRCCT အဖွဲ့က ယနေ့ နိုဝင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။
MMWRCCT ၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၅ ရက် ညပိုင်းအထိ စစ်တမ်းတွင် ပါဝင်ဖြေဆိုသူ စုစုပေါင်း ၂,၁၈၈,၀၃၅ ဦးရှိပြီး ယင်းတို့အနက် NUG က ထုတ်ပေးမည့် အထောက်အထားစာရွက်စာတမ်းကို လိုလားသူ ၂,၁၈၇,၁၄၁ ဦးနှင့် မလိုလားသူ ၈၉၄ ဦးဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14251/

❤11👍2🔥1😁1
.ကောလင်းဆေးရုံဗုံးကြဲမှုကို NUG ရှုတ်ချ၊ တာဝန်ရှိသူတွေကို အရေးယူမည်ဟု NUG ထပ်မံကတိပြု
6 Nov 2026 By MPA
ကောလင်းဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွက် တာဝန်ရှိသူများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက် ယနေ့တွင် ထပ်မံကတိပြုထုတ်ပြန်ကြေညာသည်။
နိုဝင်ဘာ ၅ ရက်စွဲဖြင့် ထုတ်ပြန်သည့် အဆိုပါကြေညာချက်တွင် နိုဝင်ဘာ ၄ ရက် ညပိုင်းက စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ လျှော်ဖြူကုန်းကျေးရွာရှိ ပြည်သူ့ဆေးရုံကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျန်းမာရေးဝန်ထမ်း ၂ ဦး ကျဆုံးပြီး အခြားကျန်းမာရေးဝန်ထမ်း ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14254/

👍7🔥3❤1
မြန်မာ့နွေဦးကို လက်တွေ့ကျသော ကူညီမှုများ တောင်ကိုရီးယား ပေးရန် SCEF တောင်းဆို
6 Nov 2026 By Ko Myo / MPA
တောင်ကိုရီးယားနိုင်ငံအနေနှင့် နွေဦးတော်လှန်ရေးကို နိုင်ငံရေးအရ ထောက်ခံမှုပေးရုံသာမက လက်တွေ့ကျသော အားပေးကူညီမှုများလည်း ဆောင်ရွက်စေလိုကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကိုယ်စားလှယ်အဖွဲ့က တောင်းဆိုလိုက်သည်။
နိုဝင်ဘာ၅ရက်တွင် SCEF ကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားအမျိုးသားလွတ်တော် အမတ်များနှင့် တွေ့ဆုံ၍ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြရာ၌ အထက်ပါအတိုင်း ထည့်သွင်းပြောသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14257/

❤7🔥2👍1
MPA နေ့လယ် ၁၂ နာရီသတင်း (၆ ရက်၊ နိုဝင်ဘာ၊ ၂၀၂၆)
- NUG၊ SCEF တို့နဲ့ ပူးပေါင်းဖို့ ကုလကို သံအမတ်ကြီး တိုက်တွန်း
- တိုက်ပွဲဇုန်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ဟန်ပြလုပ်ဖို့ ပြင်လာတဲ့ စစ်ကောင်စီ
- ထိုင်းမှာ ဗေဒင်ဟော၊ နတ်ကတော်လုပ်တဲ့ မြန်မာအမျိုးသား ခွင့်ပြုချက်မရှိလို့ ဖမ်းခံရ
- Telenor ကို တရားစွဲဆိုမှု ဦးဆောင်ခဲ့သူ ဦးရဲလင်းမြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆု ရရှိ
- ကမ္ဘာ့ အစားအသောက်နဲ့ ဆေးဝါးသိုလှောင်မှုကို ခြိမ်းခြောက်လာတဲ့ ဆိုက်ဘာတိုက်ခိုက်မှု
အဲဒီလို နေ့လယ်ခင်းထိ အထူးခြားဆုံးဖြစ်ခဲ့တဲ့ ပြည်တွင်း/ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။
သတင်းအပြည့်အစုံ ကြည့်ရှုရန် >>> https://youtu.be/tZnXKpWhtTc

MPA 12 PM News Update | November 6, 2026
- NUG၊ SCEF တို့နဲ့ ပူးပေါင်းဖို့ ကုလကို သံအမတ်ကြီး တိုက်တွန်း
- တိုက်ပွဲဇုန်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ဟန်ပြလုပ်ဖို့ ပြင်လာတဲ့ စစ်ကောင်စီ
- ထိုင်းမှာ ဗေဒင်ဟော၊ နတ်ကတော်လုပ်တဲ့ မြန်မာအမျိုးသား ခွင့်ပြုချက်မရှိလို့ ဖမ်းခံရ
- Telenor ကို တရားစွဲဆိုမှု ဦးဆောင်ခဲ့သူ…

❤5👍3🔥2
UN ရုံးရှေ့ ဆန္ဒပြစဉ် တိုက်ခိုက်ခံခဲ့ရသည့် Bright Future ခေါင်းဆောင်၏ မွေးဖွားမှုအထောက်အထား ထိုင်းအာဏာပိုင်များ ပယ်ဖျက်
6 Nov 2026 By MGR Online
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် Bright Future အဖွဲ့ခေါင်းဆောင် ဗီရာ ဆဲန်ထောင်၏ မွေးဖွားကြောင်းထောက်ခံလက်မှတ်ကို ကန်ချနဘူရီခရိုင်အာဏာပိုင်များက ပယ်ဖျက်လိုက်ကြောင်း သိရသည်။
ဗီရာဆဲန်ထောင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် CI (Certificate of Identity) စနစ်ကို ဖျက်သိမ်းပေးရန်နှင့် ပန်းရောင်ကတ်တစ်မျိုးတည်းဖြင့် အထောက်အထားပြုနိုင်ရေး တောင်းဆိုဆန္ဒပြခဲ့သူဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14272/

🤬5🔥4❤1
စိတ်ကျန်းမာရေးဆေးရုံအုပ်နှင့် အပေါင်းအပါအချို့ ဆေးဝါးနှင့် ဘတ်ဂျက်အလွဲသုံးစားပြုလုပ်ပြီး လူနာများကို အနိုင်ကျင့်နှိပ်စက်နေ
6 Nov 2026 By MPA
ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေးဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး ဒေါ်ခင်သန်းမွန်အပါအဝင် တာဝန်ရှိသူအချို့က ဆေးရုံဘတ်ဂျက်နှင့် လူနာများအတွက် လှူဒါန်းထားသည့် အလှူငွေများကို အလွဲသုံးစားပြုလုပ်နေသည့်အပြင် လူနာများအတွက် လိုအပ်သည့် ဆေးဝါးများ မပေးခြင်း၊ အစားအသောက် လုံလောက်စွာ မကျွေးခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်းနှင့် ကိုယ်ထိလက်ရောက် နှိပ်စက်ခြင်းများ ရှိနေကြောင်း ဆေးရုံနှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
“ဆေးရုံအုပ်ကြီး ဒေါ်ခင်သန်းမွန်က ဆေးရုံအတွက် ချပေးထားတဲ့ ဘတ်ဂျက်တွေကို အလွဲသုံးစားလုပ်နေတာကြောင့် လူနာတွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေ မရှိတော့ပါဘူး။ အချို့လူနာတွေဆိုရင် အာဟာရချို့တဲ့ပြီး သေဆုံးရတဲ့အထိ ဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14260/

🤬10❤2🔥2
အီရတ်တွင် အိမ်အကူလုပ်နေသည့် မြန်မာအမျိုးသမီးများ နှိပ်စက်ခံနေရပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုနှင့် လုပ်ခလစာမရမှုများ ကြုံတွေ့နေရဟုဆို
6 Nov 2026 By MPA
အီရတ်နိုင်ငံတွင် အိမ်အကူအလုပ်ဖြင့် သွားရောက်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးများသည် အေးဂျင့်ရုံးအတွင်း ကိုယ်ထိလက်ရောက်ရိုက်နှက်နှိပ်စက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်းနှင့် လုပ်ခလစာမရရှိခြင်းတို့အပြင် အလုပ်စာချုပ်သက်တမ်းပြည့်သော်လည်း နေရပ်ပြန်ခွင့်မရသည့် အခြေအနေများ ကြုံတွေ့နေရကြောင်း အဆိုပါရုံးအကြောင်း သိရှိသူတစ်ဦးက MPA သို့ ပြောသည်။
နိုဝင်ဘာ ၄ ရက်တွင် MPA သို့ ဆက်သွယ်ပြောကြားသူက အီရတ်နိုင်ငံရှိ အေးဂျင့်ရုံးတစ်ခုတွင် မြန်မာအမျိုးသမီးများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ ဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်များနှင့်ပတ်သက်သည့် သက်သေအထောက်အထားများလည်း ရှိကြောင်း ပြောသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14263/

🤬6😁1
FDI ပြန်ဝင်လာရေး စစ်ကောင်စီ ကြိုးပမ်းနေစဉ် ကမ္ဘာ့ကုမ္ပဏီကြီး Unilever ၂၀၂၇ တွင် မြန်မာမှ ထွက်ခွာမည်
6 Nov 2026 By Reuters
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များ ပြန်လည်ဝင်ရောက်လာရေး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကြိုးပမ်းနေချိန်တွင် ကမ္ဘာ့ထိပ်တန်း လူသုံးကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေးကုမ္ပဏီကြီး Unilever က မြန်မာနိုင်ငံရှိ ဖက်စပ်လုပ်ငန်းမှ ၎င်း၏အစုရှယ်ယာများကို ရောင်းချပြီး ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် အခြေစိုက်သည့် Unilever က မြန်မာနိုင်ငံရှိ Unilever EAC Myanmar Company Limited (UEMCL) တွင် ပိုင်ဆိုင်ထားသော အစုရှယ်ယာများကို ပြည်တွင်းဖက်စပ်လုပ်ငန်းမိတ်ဖက် Europe and Asia Commercial Company Limited (EAC) နှင့် ဆက်နွယ်သည့် Centig Holding Company Limited ထံ ရောင်းချရန် သဘောတူထားကြောင်း နိုဝင်ဘာ ၅ ရက်တွင် Reuters သတင်းဌာနကို အတည်ပြုပြောကြားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14266/

👏5🔥4👍2
အပြည်ပြည်ဆိုင်ရာဥပဒေကို နင်းချေနေသည့် စစ်အုပ်စုအား လျှော့မတွက်ရန် သံအမတ်ကြီး သတိပေး
6 Nov 2026 By MPA
စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာဥပဒေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်စော်ကားမှုအပေါ် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လျှော့မတွက်ရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သတိပေးလိုက်သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ)၏ အစီရင်ခံစာနှင့် ပတ်သက် ပြီးနိုဝင်ဘာ၅ရက်က ကျင်းပသည့် ကုလလသမဂ္ဂအစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာမြန် မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့သလို အတည်ပြုပြီးသည့် အချက်အလက်များအရ စစ်အုပ်စု သတ်ဖြတ်ခြင်း ကို ခံထားရသည့် ပြည်သူ ၈,၆၀၀ကျော် ရှိပြီဖြစ်ကြောင်းလည်း ဆိုသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14269/

❤6🔥3👍2
မြန်မာအလုပ်သမားများ လုပ်ခ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပို့ခိုင်းမှုနှင့် CI ထုတ်ပေးရေးအတွက် လစာမှတ်တမ်းတောင်းခံမှုကို ထိုင်းအစိုးရ ကန့်ကွက်မည်
6 Nov 2026 By MPA
ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မြန်မာအလုပ်သမားများအတွက် CI (Certificate of Identity) ထုတ်ပေးရေးစင်တာများကို ဖျက်သိမ်းမည်မဟုတ်သော်လည်း မြန်မာအလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ ပြန်လည်လွှဲပို့ခိုင်းခြင်းနှင့် CI စာရွက်စာတမ်းထုတ်ပေးရာတွင် လုပ်ခလစာမှတ်တမ်းများကို နောက်ကြောင်းပြန် ၃ လမှ ၆ လအထိ တောင်းယူစစ်ဆေးခြင်းတို့ကို ထိုင်းအစိုးရက တရားဝင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီး ဂျူလဖန် အမ်အိုရမ်ဝီဝပ် (Julaphan Amornvivat) က ပြောကြားသည်။
ထိုင်းအလုပ်သမားဝန်ကြီးက မြန်မာအလုပ်သမားများ၏ လုပ်ခလစာတစ်စိတ်တစ်ပိုင်းကို မြန်မာနိုင်ငံရှိ မိသားစုများထံ ပြန်လည်လွှဲပို့ရန် သတ်မှတ်ထားခြင်းနှင့် CI စာရွက်စာတမ်းထုတ်ပေးရေးအတွက် လုပ်ခလစာမှတ်တမ်းများကို လပေါင်းများစွာ နောက်ကြောင်းပြန်တောင်းခံနေခြင်းတို့အပေါ် ထိုင်းအစိုးရအနေဖြင့် သဘောမတူကြောင်း ပြောဆိုခဲ့သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14275/

👍3🔥2👏2
စစ်ရာဇဝတ်ကောင်များကို သေဒဏ်သာ ချမှတ်ရမည်ဟု ဒေါက်တာဇော်ဝေစိုးပြော
6 Nov 2026 By MPA
ကောလင်းမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျန်းမာရေးဝန်ထမ်းများ သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆရာဝန်၊ သူနာပြုများကို သတ်ဖြတ်သူများသည် စစ်ရာဇဝတ်ကောင်များဖြစ်ပြီး သေဒဏ်သာ ချမှတ်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။
“ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ဆရာဝန်၊ သူနာပြုကို သတ်တဲ့သူ စစ်ရာဇဝတ်ကောင် သေဒဏ်ပဲ၊ စစ်ရာဇဝတ်ကောင်နဲ့ ဘယ်သူကမှ စကားပြောနေမှာမဟုတ်ဘူး။ စစ်ရာဇဝတ်ကောင် သေဒဏ်ပဲ” ဟု ဒေါက်တာဇော်ဝေစိုးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14281/

👍10🔥2👏2❤1
စစ်ကောင်စီ၏ အရပ်သားသတ်ဖြတ်မှုများကို မျက်ကွယ်မပြုဘဲ ထိုင်းနှင့် အာဆီယံက ဖိအားပေးရန် ကန်နာဝီ တောင်းဆို
6 Nov 2026 By MPA
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အရပ်သားများအပေါ် သတ်ဖြတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် ကျူးလွန်နေသည့် အခြေအနေကို မျက်ကွယ်ပြုကာ စစ်အာဏာရှိသူများနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်နေခြင်းမပြုသင့်ဘဲ ထိုင်းအစိုးရနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီအပေါ် ဖိအားပေးရန် လိုအပ်ကြောင်း ထိုင်းလွှတ်တော်အမတ်ဟောင်း ကန်နာဝီ ဆွတ်ဘ်ဆန် (Kannavee Suebsang) က တိုက်တွန်းပြောဆိုသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုမှ ၂၀၂၆ ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အရပ်သားသတ်ဖြတ်မှုနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကို မှတ်တမ်းတင်ထားသည့် ဗီဒီယိုတစ်ခုကို လက်ခံရရှိခဲ့ပြီး ယင်းဗီဒီယိုတွင် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်မှုများ၊ ကျေးရွာများကို တိုက်ခိုက်မှုများနှင့် လေကြောင်းမှ ဗုံးကြဲမှုများကြောင့် အရပ်သားများ အသက်ဆုံးရှုံးနေရသည့် အခြေအနေကို တွေ့မြင်ရကြောင်း ကန်နာဝီက နိုဝင်ဘာ ၆ ရက်တွင် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ရေးသားထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/he

👏8🔥2❤1😁1
PDF ပစ်ခတ်ခံရပြီးနောက် ဟန်လင်းရွာအခြေစိုက် စစ်သားများ စခန်းအပြင် မထွက်ရဲတော့
6 Nov 2026 By Ko Myo / MPA
PDF တို့၏ ပစ်ခတ်ခြင်းခံရပြီးနောက် ဝက်လက်မြို့နယ်၊ ဟန်လင်းရွာအခြေစိုက် စစ်သားများ စခန်းပြင်ပသို့ မထွက်ရဲတော့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းရွာအထိုင်စခန်းက စစ်သားများသည် နိုဝင်ဘာ ၄ ရက်၊ည ၈ နာရီခန့်တွင် စစ်ဘေးရှောင်တဲများဆီမှ ရိက္ခာလုယက်ရန် ထွက်လာစဉ် PDF ကင်းလှည့်တပ်စိတ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားတစ်ဦး သေဆုံးကာ MA3 သေနတ်တစ်လက် သိမ်းဆည်းရမိ ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်၂ တပ်ရင်းက သတင်းထုတ်ပြန်ထားသည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14284/

👏10🔥2❤1👍1🥰1😁1
ထောင်မှ ပြန်ထွက်လာသော NLD ဝန်ကြီးကို ခြေချုပ်ထပ်ချကာ မန္တလေးတိုင်းအစိုးရတုကြောက်ကြောင်း သက်သေပြ
6 Nov 2026 By Ko Myo / MPA
မန္တလေးတိုင်း NLD ဝန်ကြီး ဦးဇာနည်အောင်ကို ကျပ်သိန်း ၁၀၀ အာမခံ ၂ ဦးဖြင့် တစ်နှစ် ခြေချုပ်အမိန့် ချမှတ်ခဲ့သည်။
ခြေချုပ်ခံဝန်ဥပဒေ ၅(၁)(စ)(ဆ) ဖြင့် တရားစွဲခံရသည့် ပြည်သူရွေးကောက်ခံ မန္တလေးတိုင်း လျှပ်စစ် ၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်ကို မဟာအောင်မြေမြို့နယ်တရားရုံးက ကျပ်သိန်း ၁၀၀ အာမခံနှစ်ဦးက ခံဝန်ထိုးကာ တနှစ်အတွင်းကောင်းမွန်စွာနေထိုင်ရန် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> https://mpanews.info/headline/14287/

❤6🔥5👍3
ဘာသာတရားအသီးသီး၏ သွန်သင်ဆုံးမမှုများကို ကျင့်သုံးရန် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများပါမချန် ဗုံးကြဲနေသည့် မင်းအောင်လှိုင်ပြော
6 Nov 2026 By MPA
ဘုန်းကြီးကျောင်းနှင့် ဘုရားကျောင်းများပါမချန် ဗုံးကြဲနေသည့် မင်းအောင်လှိုင်က ဘာသာတရားအသီးသီး၏ ကောင်းမြတ်သည့် သွန်သင်ဆုံးမမှုများကို လက်တွေ့ဘဝတွင် ကျင့်သုံးကြရန် ဟိန္ဒူမျိုးနွယ်စုများ စုပေါင်းကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားတွင်ပြောကြားခဲ့သည်။
ယနေ့ နိုဝင်ဘာ ၆ ရက်တွင် ကျင်းပသည့် ဒီပါဝလီအထိမ်းအမှတ် အခမ်းအနား၌ မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနှင့် ယဉ်ကျေးမှုပေါင်းစုံရှိသည့် နိုင်ငံဖြစ်ပြီး မတူညီသည့် လူမျိုး၊ ဘာသာနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအကြား အပြန်အလှန် နားလည်လေးစားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြရန် ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံဖတ်ရန် - https://mpanews.info/headline/14290/

😁6🔥2